← Chapters

အခန်း (၂၅၀)

Vol. 17 Ch. 250

အခန်း (၂၅၀)

Vol. 17 Ch. 250

အကယ်၍ လူတစ်ယောက်က တောင်ထိပ်ပေါ်၌ ရပ်နေမည်ဆိုလျှင် ထိုလူကို လှမ်းမမြင်နိုင်ပေ။ အထွဋ်အမြတ်တောင်ထိပ်၏ ခြေရင်းတွေ ရပ်နေရင်း မုန့်ချီကတော့ ကြီးကျယ်ခမ်းနားသည့် တောင်ထိပ်ကြီး၏ပုံသဏ္ဍာန်ကိုသာ မြင်တွေ့ရသည်။

ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်သော်လည်း ဝင်ပေါက်ကို မတွေ့ရပေ။ သို့သော် သူကတော့ စိုးရိမ်နေခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သံသရာ တာဝန်ပြီးဆုံးသွားပြီး (၈)ရက်မြောက်နေ့တွင် ပင်မကမ္ဘာကြီးသို့ ပြန်ရန် ထွက်သွားကြရမည် ဖြစ်သည်။

"ငါတို့က တောင်ပေါ်ကို တက်ကြမလား.."

နေဖောက်သက်တန့်ဓားကို ကိုင်ထားသော ကျန်းကျိဝေက ရန်သူများ၏ အလစ်ချောင်း တိုက်ခိုက်မှုကို သတိထားနေရင်း ပြောလိုက်သည်။

သူမက ဗုဒ္ဓနှင့် ဗောဓိတဗ္ပများ နေထိုင်သော သာမန်အထွဋ်အမြတ်တောင်ထိပ်ကို မကြောက်ပေ။ သို့သော် အထွဋ်အမြတ်တောင်ထိပ်ကို မဟာတန်ခိုးရှင်များက တိုက်ခိုက်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယခုအချိန်တွင် မည်ကဲ့သို့ဖြစ်နေပြီဖြစ်ကြောင်း သူမလည်း မသိခဲ့ပေ။

ထိုနေရာက အတော်လေးကို အန္တရာယ်များနိုင်၏။ သူတို့အားလုံးက မုန့်ချီကို တစ်ပြိုင်နက်တည်း စိုက်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင်တော့ မုန့်ချီတစ်ယောက်တည်းကသာ အထွဋ်အမြတ်တောင်ထိပ်အကြောင်းကို သိနေသည်။

မုန့်ချီက လက်ထဲတွင် လဲ့ယင်ကျောင်းဆောင်ကြီးဟူသော ဆိုင်းဘုတ်ကို ပိုက်ထားပြီး တီးတိုးဓားနှင့် သွေးကြောဓားတို့ကိုတော့ နောက်ကျောတွင် ချိတ်ထားသည်။ သူက ညာလက်ထဲတွင် ခရမ်းသေမင်းဓားကို ကိုင်ထားပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။

"တောင်ပေါ်ကိုတက်ကြစို့.."

မီတာ(၃၀၀၀)ခန့် လျှောက်လာပြီးနောက် တောင်တန်းကိုဖြတ်၍ စီးဆင်းနေသော မြစ်တစ်စင်းကို မြင်လိုက်ရပြီး ထိုမြစ်က မီတာ(၈၀၀၀)ခန့် အကျယ်ရှိသည်။ ရေစီးက အလွန်လျင်မြန်ပြီး လှိုင်းလုံးကြီးများ ထွက်ပေါ်နေခဲ့၏။

"ဟိုမှာ တံတားတစ်စင်းရှိတယ်.."

လော်ရှန်းကျိက သစ်သားတစ်ပြားတည်း ထိုးထားသော တံတားတစ်ခုကို မြင်လိုက်ရသည်။ ထိုတံတားပေါ်တွင်တော့ ဆိုင်းဘုတ်တစ်ခုရှိ၏။

"ကောင်းကင်တိမ်တိုက် ဖြတ်ကျော်ခြင်း "

သူက စကားကို ဆက်မပြောနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုပြီးတော့ တံတားက တစ်ဝက်တပျက် ပျက်စီးသွားခြင်းကြောင့်ဖြစ်၏။ တံတား၏ တစ်ခြားတစ်ဝက်က အကောင်းအတိုင်း ရှိနေသေးသော်လည်း တစ်ဖက်ကမ်းသို့ ရောက်ရန် မီတာ(၂၅၀၀)ခန့် လိုနေသေးသည်။ ပို၍ဆိုးသည်မှာ သူတို့၏ကိုယ်ဖော့ပညာက တစ်ဖက်ကမ်းသို့ ပျံသန်းသွားရန် မလုံလောက်ပေ။

"ငါတို့က သစ်လုံးတွေကို ရေထဲပစ်ချပြီး ခုန်သွားရမှာလား။ ဒါမှမဟုတ် ရေကူးသွားရမှာလား…"

ကျန်းကျိဝေက မုန့်ချီကို အကြံဉာဏ်တောင်းသလို မေးလိုက်၏။ သူတို့က မပျံသန်းနိုင်သည့်အတွက် ရွေးချယ်စရာ (၂)ခုတည်းသာ ရှိသည်။

မုန့်ချီက ခေါင်းခါပြလိုက်၏။

"ကျမ်းစာတွေအရဆိုရင် ဒီမြစ်က ထူးဆန်းနေတယ်ဆိုတော့ ငါတို့က သတိထားသင့်တယ်။ အရင်ဆုံး သစ်လုံးတစ်လုံးနဲ့ စမ်းသပ်ကြည့်ကြတာပေါ့…"

သူတို့အားလုံးက သူ့စကားကို ထောက်ခံလိုက်ကြသည်။ ချီကျန်းရန်က ပျက်စီးနေသော သစ်လုံးတစ်ခုကို ယူလိုက်ပြီး မြစ်ထဲသို့ လှမ်းပစ်လိုက်၏။ ရွှေတုံးတစ်တုံးနှင့် ကျောက်တုံးတစ်တုံးကဲ့သို့ ထိုသစ်လုံးက မြစ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။

သူတို့အားလုံးက အလွန်အံ့အားသင့်စွာ အချင်းချင်း ကြည့်လိုက်မိကြ၏။ ထိုသို့ဆိုလျှင် သူတို့က မည်သို့ဖြတ်ကျော်သွားမည်နည်း။ အကယ်၍ သူတို့ကသာ မြစ်ထဲသို့ ခုန်ချလိုက်မည်ဆိုလျှင် မြစ်အောက်ခြေသို့ နစ်မြုပ်သွားနိုင်သည်။ သူတို့က တစ်ဖက်ကို ဖြတ်ကျော်၍ ကူးရန်ပင်မလွယ်လှပေ။

မုန့်ချီက ထိုရလဒ်ကို ကြိုတင်သိထားခဲ့၏။ သူက ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါတို့က ဒါကိုသုံးကြမယ်..။ ဒါက ဗုဒ္ဓရဲ့အမွေအနှစ်ပစ္စည်းဆိုမှတော့ ဒီမြစ်ကိုကူးဖို့ ငါတို့ကို ကူညီပေးနိုင်တယ်…"

သူက စကားပြောနေရင်း ထိုဆိုင်းဘုတ်ကို မြစ်ထဲသို့ ပစ်ချလိုက်သည်။ ထိုအချိန်တွင် မြစ်ထဲ၌ လှိုင်းလုံးများ ထွက်ပေါ်လာသော်လည်း ဆိုင်းဘုတ်က နစ်မြုပ်သွားခဲ့ခြင်း မရှိချေ။

"ဒါက ငါတို့(၅)ယောက်လုံးကို သယ်နိုင်ပါ့မလား…"

လော်ရှန်းကျိက မေးလိုက်၏။ အကယ်၍ သူတို့ကသာ ကျောချင်းကပ်၍ ရပ်မည်ဆိုလျှင် ထိုဆိုင်းဘုတ်ငယ်လေးက သူတို့အားလုံးကို တင်နိုင်သည်။

မုန့်ချီက အလေးအနက် ပြောလိုက်၏။

"ဗုဒ္ဓက သတ္တဝါတွေအားလုံးအပေါ် မေတ္တာရှိပါတယ်။ ကျွန်တော်တို့ဆိုရင်တော့ ပြောမနေနဲ့တော့ပေါ့…"

သူအရင်ဆုံး ဆိုင်းဘုတ်ပေါ်သို့တက်လိုက်သည်။ သို့သော် ထိုဆိုင်းဘုတ်က ကျောက်တုံးကြီးပမာ ဖြစ်နေပြီး လုံးဝနစ်မြုပ်သွားခြင်း မရှိချေ။ ထို့နောက် ရွမ်ယုရှုက မုန့်ချီကို ကျောပေး၍ တက်လိုက်သည်။ ကျန်းကျိဝေကတော့ သူမနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။ ကျန်းကျိဝေ၏နောက်တွင်တော့ ချီကျန်းရန်က သူမကိုကျောပေး၍ ရပ်လိုက်ပြန်သည်။

နောက်ဆုံးတစ်ယောက်ကတော့ လော်ရှန်းကျိဖြစ်၏။ သူက ဆိုင်းဘုတ်၏အစွန်တွင် ရပ်နေပြီး ချီကျန်းရန်ကို သေချာကိုင်ထားခဲ့သည်။ ဆိုင်းဘုတ်က သူတို့အားလုံးကို သယ်ဆောင်ထားရသော်လည်း နစ်မြုပ်သွားခြင်း မရှိသေးပေ။ ထိုအခါ လော်ရှန်းကျိက သူ၏ချီစွမ်းအင်များအားလုံးကို ထုတ်လွှတ်ပြီး ဆိုင်းဘုတ်ကို အဝေးသို့ တွန်းပို့လိုက်၏။

ဆိုင်းဘုတ်က ကမ်းမှ ထွက်ခွာလာသည့်အချိန်တွင် မုန့်ချီက လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော အညစ်အကြေးများအားလုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။

နောက်ဆုံးကျန်နေသည့် သွေးကြောမှတ်ကလည်း အလိုလို စုစည်းလာပြီး ပါးစပ်တံခါးက အလိုလို ပွင့်လာခဲ့သည်။ သူ၏နှလုံးခုန်သံကပင် မြန်ဆန်လာခဲ့၏။ သူ၏နှလုံးက လတ်ဆတ်သောသွေးများကို ချောချောမွေ့မွေ့ ပို့ဆောင်နိုင်သည့်အတွက် သူ၏အဆုတ်ထဲတွင်ရှိနေသော အညစ်အကြေးများကို အပြင်သို့ ဖယ်ထုတ်လိုက်သည်။

ထို့နောက် သူတို့က နှာခေါင်းတံခါးနှင့် ပါးစပ်တံခါးဆီသို့ စုစည်းသွားကြသည်။ သူ၏အသည်းထဲတွင်လည်း စွမ်းအားများ ပြည့်နှက်လာပြီး ကျောက်ကပ်ထဲတွင် စိတ်ဝိညာဉ်စွမ်းအားများ ရှိလာသည်။ နှလုံးထဲတွင်တော့ လတ်ဆတ်သော လေလှိုင်းများ ရောက်လာခဲ့၏။ သူ၏နှလုံးက ရောက်လာသောသွေးများကို ဆက်တိုက်လှည့်ပတ်ပေးနေပြီး အညစ်အကြေးများကို ရှင်းထုတ်နေခဲ့၏။

မုန့်ချီက ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ လှည့်ပတ်နေရင်း အခြေခံအဆင့်ကို ရောက်လာသည်။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ကမ္ဘာငယ်လေးကလည်း တဖြည်းဖြည်း ပုံသဏ္ဍာန် ပေါ်လာခဲ့၏။ ကိုယ်တွင်းအင်္ဂါများကလည်း စတင်ပေါင်းစည်းလာကြသည်။ ထို့ပြင် ဗိုက်အောက်ပိုင်း၌ ရှိနေသော သွေးကြောမှတ်နှစ်ခုကလည်း ပွင့်လာသလို ထင်မှတ်ရပြီး အလွန်များပြားစွာ စိတ်ဝိညာဉ်စွမ်းအားများ၊ ချီစွမ်းအားများ ရောက်လာခဲ့သည်။

ကိုယ်တွင်းကမ္ဘာကြီးက အခြေခံအဆင့်ကို ရောက်နေပြီဖြစ်သည့်အတွက် သူ၏အတွင်းအားနှင့် ချီစွမ်းအင် လျှို့ဝှက်အခန်းနှစ်ခုက တစ်ပြိုင်နက်တည်း ပွင့်လာခဲ့၏။ အရေးကြီးဆုံးအရာကတော့ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကြောင့် သူက အဆင့်တူပညာရှင်များထက် ပို၍စွမ်းအားများနေသည်။

မုန့်ချီက လူသားပုံသဏ္ဍာန် မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ဖြစ်လာခဲ့၏။ ရွှေရောင်အလင်းတန်းများကလည်း အက်ကွဲသံများ ထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အညစ်အကြေးများကို တစ်စုံတစ်ယောက်က သန့်စင်ပေးနေသလို ထင်မှတ်ရသည်။

ပျံသန်းနေသော ငှက်မကောင်းဆိုးဝါး၏ မီးတောက်များနှင့် လောင်ကျွမ်းခံခဲ့ရသည့် အတွက် သူက ရွှေခေါင်းလောင်း အကာအကွယ်အဆင့်(၆)ကို ပြည့်စုံလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် ယခုတော့ လုံးဝကိုအောင်မြင်သွားခဲ့၏။ သူက ယခင်တုန်းကထက် ပို၍အစွမ်းထက်လာခဲ့သည်။

သူ၏လည်ပင်းနှင့် မျက်ခုံးမှလွဲလျှင် မွေးရာပါတံခါး(၉)ပေါက်၊ ဒန်တျန်နှင့် ဦးခေါင်းတို့ကတော့ သူ၏အားနည်းချက်များ မဟုတ်တော့ပေ။ တဖြည်းဖြည်းနှင့် အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကလည်း အသက်ဝင်လာခဲ့သည်။

သူက ထိုအရာကို စုစည်းနေသည့်အချိန်တွင် သူ၏နားတံခါးကလည်း အသံတိုးတိုးလေးကိုပင် ကြားနေရ၏။ သူက နောက်ပြန်လှည့်ကြည့်လိုက်ရာ မြစ်ထဲတွင် လွင့်မျောနေသော ခန္ဓာကိုယ်(၅)ခုကို တွေ့လိုက်ရသည်။ ထိုအရာက သူတို့၏အလောင်းများ ဖြစ်နေသည့်အတွက် သူလည်း အလွန်အံ့သြသွားခဲ့၏။

"ဘယ်လို.."

လော်ရှန်းကျိနှင့် ချီကျန်းရန်တို့ကလည်း အံ့ဩမှင်တက်သွားမိကြသည်။

ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကလည်း အလွန်ရှုပ်ထွေးနေကြ၏။ တစ်ချိန်တည်းတွင် သူတို့က ခန္ဓာကိုယ်နှင့် စွမ်းအားများ တိုးတက်မှုကို ပြည့်ပြည့်ဝဝခံစားမိနေကြသည်။

မုန့်ချီက သူတို့ကို အပြုံးနှင့် ပြောလိုက်၏။

"ဂုဏ်ယူပါတယ်.. ။ ငါတို့အားလုံးက သာမန်ခန္ဓာကိုယ်တွေကို ဖယ်ရှားနိုင်ခဲ့ပြီ…"

စွမ်းအားတိုးတက်မှုက အလွန်သိသာထင်ရှားသည်။ သို့သော် အနည်းငယ်သာ ဖြစ်၏။ အရေးကြီးဆုံးအရာကတော့ သူတို့၏ သာမန်ခန္ဓာကိုယ်များကို စွန့်ပစ်လိုက်သည့်အတွက် သူတို့၏ပင်မဝိညာဉ်က ခန္ဓာကိုယ်နှင့် ပေါင်းစည်းလာပြီး ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ မြင့်တက်လာခဲ့သည်။

အကယ်၍ သူတို့ကသာ အတားအဆီး(၈၁)မျိုးကို ကျော်လွန်ပြီး ထိုမြစ်ကိုသာ ဖြတ်ကျော်နိုင်မည်ဆိုလျှင် သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက ဓမ္မကာရအဆင့် ပညာရှင်များနှင့် တူညီနေပါလိမ့်မည်။

ထိုသို့ဆိုရာတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမြင့်ဆုံးဖြစ်သော ချီကျန်းရန်နှင့် လော်ရှန်းကျိတို့ကပင် ကြီးမားသော ပြောင်းလဲမှုများ ပေါ်လာကြ၏။ ယခုတော့ သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်အများစုထက်ပင် ပို၍အစွမ်းထက်နေကြသည်။

သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြှင့်တင်ရန်အတွက် မုန့်ချီက အရိုးအကြောပြောင်းကျမ်းကို လေ့ကျင့်ခဲ့သည်။ သို့သော် ယခုတော့ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက လုံးဝကို ပြောင်းလဲသွားပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူက ထိုအရာကို ဆက်လေ့ကျင့်စရာ မလိုတော့ပေ။

အလွန်စွမ်းရည်မြင့်မားသော ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကတော့ ပို၍ပင် ထူးချွန်လာပြီး သူတို့၏ခန္ဓာကိုယ်ကလည်း ပို၍သန်မာလာသည်။ မုန့်ချီတို့အားလုံးက သာမန်ခန္ဓာကိုယ်ကိုသာ ပစ်မှတ်ထားနိုင်သော အထူးနည်းလမ်းများနှင့် ပစ္စည်းများကို ခံနိုင်ရည်ရှိလာပါလိမ့်မည်။

ပုံမှန်အားဖြင့်ပြောရလျှင် လူတစ်ယောက်က ဓမ္မကာရအဆင့်သို့ ရောက်သွားသည့် အချိန်တွင် သူ၏သာမန်ခန္ဓာကိုယ်ကို စွန့်ပစ်နိုင်သည်။ ယခုတော့ သူတို့က သာမန်ခန္ဓာကိုယ်များကို အလွယ်တကူ စွန့်ပစ်နိုင်သည့်အတွက် ဤခရီးစဉ်က တန်သွားပြီဟု ဆိုနိုင်၏။

သူတို့က သာမန်ခန္ဓာကိုယ်များကို တိုက်တိုက်ဆိုင်ဆိုင် ဖယ်ရှားနိုင်ခဲ့သော်လည်း ဓမ္မကာရအဆင့် ပညာရှင်များကဲ့သို့ အစွမ်းမထက်နိုင်သေးပေ။ ထိုသို့ဆိုရာတွင် သူတို့အားလုံးက အတော်လေး အစွမ်းထက်နေ၏။ ထို့ပြင် သူတို့က ဓမ္မကာရအဆင့်ကို ရောက်ရှိရန် အခွင့်အရေး ရှိနေသေးပြီး အနာဂတ်တွင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်နိုင်စွမ်း ရှိနေသေးသည်။

သူတို့၏ခန္ဓာကိုယ်များက တိုးတက်မှုများရှိလာသော်လည်း သူတို့ကတော့ ဆက်၍လေ့ကျင့်ရဦးမည်ဖြစ်သည်။ သို့သော် သူတို့က ခန္ဓာကိုယ်အဟောင်းကို စွန့်ပစ်လိုက်သည့်အတွက် တစ်ဝက်ကြိုးစားရုံနှင့် နှစ်ဆခန့် အကျိုးရလဒ်များ ရနိုင်၏။

ထိုအရာက အထွဋ်အမြတ်တောင်ထိပ်ကို သွားချင်နေခဲ့သည့် မုန့်ချီတို့ ရှာဖွေနေသော အကျိုးအမြတ်များဖြစ်၏။ သူတို့က သာမန်ခန္ဓာကိုယ်ကို ဆုံးရှုံးလိုက်ရသည့်အတွက် ဤခရီးစဉ်က တန်သွားပါပြီ။ အကယ်၍ ရှေ့တွင် ရှိနေသော ခရီးလမ်းက အန္တရာယ်များမည်ဆိုလျှင်ပင် သူတို့ကတော့ တစ်နေရာရာတွင် ပုန်းနေ၍ရနိုင်သည်။

ယခုသူတို့က သာမန်ခန္ဓာကိုယ်များကို ဖယ်ရှားလိုက်သည့်အတွက် လောဘကြီးမနေတော့ပေ။ ကျန်းကျိဝေကလည်း ချက်ချင်းနားလည်သွားပြီး ရေထဲတွင် မျောနေသော မုန့်ချီ၊ ကျန်းကျိဝေတို့ကို လက်ညှိုးထိုးပြလိုက်၏။ သူမက အပြုံးနှင့် ပြောလိုက်သည်။

"အဲဒါကနင်၊ ဟိုဟာက ငါပဲ…."

“ငါ့ခန္ဓာကိုယ်က ဟိုမှာ…”

ရွမ်ယုရှုကလည်း ရှားရှားပါးပါးအပြုံးလေးတစ်ခု ပြုံးလိုက်သည့်အတွက် သူတို့၏ရင်ထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။

ချီကျန်းရန်နှင့် လော်ရှန်းကျိတို့က သူတို့၏စကားကို နားမလည်နိုင်သော်လည်း ပြုံးနေကြ၏။ သူတို့က သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် ယခင်တုန်းကထက် ပို၍အစွမ်းထက်လာကြောင်း သိနေကြသည်။

"ငါက တံခါး(၇)ပေါက်ပွင့်သွားပြီ။ ကိုယ်တွင်းကမ္ဘာကြီးကလည်း စပြီးပုံသဏ္ဍာန်ပေါ်နေပြီ။ ငါက အတွင်းအားနဲ့ ပင်မဝိညာဉ်ကိုလည်း ဖွင့်နိုင်ခဲ့ပြီ…" မုန့်ချီက သူ၏တိုးတက်မှုနှင့် ပတ်သက်ပြီး အကြမ်းဖျင်း ရှင်းပြလိုက်သည်။ ထိုသို့ဆိုလျှင် ရန်သူများနှင့် တိုက်ခိုက်ရာ၌ အချင်းချင်း နားလည်မှုရှိရှိ ပေါင်းစပ်တိုက်ခိုက်နိုင်ပါလိမ့်မည်။

ကျန်းကျိဝေကလည်း ခေါင်းညိတ်ပြလိုက်၏။

"ငါကတော့ သွေးကြောမှတ်တွေအားလုံးကို သန့်စင်ပြီးသွားပြီ။ ငါက တံခါး(၉)ပေါက်အဆင့်ကို ဖွင့်ဖို့ပဲ ကျန်တော့တယ်…"

တံခါး(၉)ပေါက်ပွင့်သွားပြီဆိုလျှင် သူမက အနန္တဓားသိုင်းကို နှစ်ကြိမ်အသုံးပြုနိုင်ပြီး စုဝူမင်ကဲ့သို့ အစွမ်းထက်လာပါလိမ့်မည်။

"ငါလည်း မုန့်ချီနဲ့ အခြေအနေအတူတူပဲ…"

ရွမ်ယုရှုက အကြမ်းဖျင်း ပြောပြလိုက်၏။

"ငါကတော့ ပါးစပ်တံခါးဖွင့်ဖို့ ခြေတစ်လှမ်း လိုသေးတယ်။ ဒါပေမဲ့ စိမ်းပြာနှင်းမုန်တိုင်းသိုင်းကွက်ကိုတော့ အောင်မြင်သွားပြီ…"

ချီကျန်းရန်ကလည်း သူ၏အခြေအနေကို တခြားလူများသိအောင် ဝေမျှပေးလိုက်သည်။ သို့သော် ခန္ဓာကိုယ်တိုးတက်မှုနှင့် ပတ်သက်သော အချက်အလက်များကိုတော့ ထိန်ချန်ထားသည်။

လော်ရှန်းကျိကလည်း အပြုံးနှင့် ပြောလိုက်သည်။

"ငါရဲ့ ကိုယ်တွင်းကမ္ဘာကြီးနဲ့ အပြင်ကမ္ဘာကြီးရဲ့ ပတ်သက်မှုတွေက ပိုပြီးတော့ ပြင်းထန်လာပြီ။ ပြီးတော့ ငါ့ရဲ့စိတ်ဆန္ဒကလည်း သဘာဝတရားကြီးအပေါ် နည်းနည်းလေးသက်ရောက်နေပြီ…"

ဝေကျင်းအဆင့် သိုင်းကွက်တစ်ခုက သဘာဝတရားကြီးကို သက်ရောက်စေမည်ဆိုလျှင် ဓားဆန္ဒ၊ လက်သီးဆန္ဒနှင့် ပညာရှင်တစ်ယောက်၏ စိတ်ဆန္ဒက လိုက်လျောညီထွေ လှုပ်ရှားတုံ့ပြန်ပါလိမ့်မည်။

ဝေကျင်းအဆင့် ပညာရှင်တစ်ယောက်က ကမ္ဘာကြီးကို ပြောင်းလဲလိုက်သည့်အချိန်တွင် အတွင်းကမ္ဘာကြီးကလည်း အပြင်ဖက်သို့ ထွက်ပေါ်လာနိုင်ပြီး ပြင်ပကမ္ဘာကြီးနှင့် ပေါင်းစပ်သွားနိုင်သည်။ ထို့နောက် သဘာဝတရားကြီးနှင့် ဆက်သွယ်သွားမည်ဖြစ်၏။

သို့သော် မတူညီသော ကိုယ်တွင်းကမ္ဘာကြီးများပေါ် မူတည်ပြီး မတူညီသော အနှစ်သာရများ၊ နိယာမများကို အာရုံခံနိုင်သည်။ ထို့ကြောင့် သူတို့ဆီတွင် မတူညီသော ဝေကျင်းအဆင့်သိုင်းကွက်များ ရှိနေကြခြင်း ဖြစ်၏။

ဥပမာအနေနှင့်ပြောရလျှင် တစ်ချို့က လေနှင့်မိုးကိုဆင့်ခေါ်နိုင်ပြီး တစ်ချို့က မိုးကြိုးနှင့်လျှပ်စီးကို ဆင့်ခေါ်နိုင်သည်။ တစ်ချို့ကတော့ အကျိုးတရားနှင့် အကြောင်းတရားကို အသုံးပြုနိုင်ပြီး တစ်ချို့ကတော့ လူသားနှင့်နှလုံးသား တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

သို့သော် ဘာကြောင့် အတွင်းကမ္ဘာကြီးများက တစ်ယောက်နှင့်တစ်ယောက် မတူညီရသနည်း။ အဘယ်ကြောင့်ဆိုသော် မတူညီသော ပညာရှင်များက မတူညီသော သိုင်းပညာများအပေါ်တွင် နားလည်မှုအမျိုးမျိုး ရှိကြသည်။ ထို့ပြင် သူတို့က ကွဲပြားအောင်လည်း လုပ်ဆောင်တတ်ကြ၏။ ထိုအရာက ကိုယ်တွင်းကမ္ဘာကြီးထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာစေခဲ့သည်။

ဥပမာအနေနှင့် ပြောရလျှင် ဓားအင်ပါယာက မကြာခဏ တစ်ယောက်တည်း စဉ်းစားနေခဲ့၏။

"ဓားဆိုတာဘာလဲ။ ဘာလို့ ဓားတစ်ချောင်း ဖြစ်လာရတာလဲ။ ဓားရဲ့ကိုယ်ပိုင်ဘဝနှင့် သိုင်းပညာက ဘယ်နေရာမှာလဲ။ ကမ္ဘာမြေကြီးရဲ့ အနှစ်သာရတွေက ဘာလို့တည်ရှိနေရတာလဲ…"

ထိုကဲ့သို့ မေးခွန်းမျိုးကို ပြန်ဖြေနိုင်သော ပညာရှင်တစ်ယောက်ကသာ ကမ္ဘာမြေကြီး၏ အနှစ်သာရများနှင့် နီးစပ်လာနိုင်ပြီး ကိုယ်ပိုင်ကိုယ်တွင်းကမ္ဘာကြီးတစ်ခုကို ဖန်တီးနိုင်သည်။ ထိုအခြေအနေမျိုးတွင် သူက ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်ရန် သေခြင်းရှင်ခြင်းလျှို့ဝှက်တံခါးကို ဖြတ်ကျော်ပြီး အတွင်းကမ္ဘာကြီးနှင့် ဆက်သွယ်နိုင်သည်။

မတူညီသောအဖြေများက မတူညီသော လမ်းကြောင်းများကို လမ်းညွှန်ပေးနေပြီး ထူးခြားသော ကိုယ်ပိုင်လမ်းကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် လော်ရှန်းကျိက ဝေကျင်းတစ်ဝက်အဆင့်နှင့် နီးကပ်နေပြီဟု ဆိုနိုင်၏။

ဝေကျင်းအဆင့် (သို့မဟုတ်) ဓမ္မကာရအဆင့် နှလုံးကျင့်စဉ်များက လှုပ်ရှားမှုများ၊ အခြေအနေများကို ချိန်ညှိရပြီး ကိုယ်တွင်းကမ္ဘာကြီးက သဘာဝတရားကြီးနှင့် တစ်သားတည်းဖြစ်လာသည့် အခြေအနေရောက်အောင် ကြိုးစားရသည်။

ထို့ကြောင့် မုန့်ချီနှင့် တစ်ခြားသူများက ဓားဆန္ဒများ၊ ဓားဝိညာဉ်များကို အသက်သွင်းနိုင်ခြင်း ဖြစ်၏။ သူတို့ကသာ ဓားကို ကိုင်ထားလိုက်မည်ဆိုလျှင် ကမ္ဘာကြီးကလည်း အလားတူတုံ့ပြန်ပါလိမ့်မည်။ ထို့ကြောင့်လည်း သူတို့က တစ်ခြားသော သာမန်ပညာရှင်များထက် ပို၍အစွမ်းထက်နေခြင်းဖြစ်၏။ မဟုတ်လျှင် မုန့်ချီက တစ်ခြားသူများ၏ နှလုံးသားကို လွှမ်းမိုးရန် အသုံးမပြုနိုင်သလို ခရမ်းမိုးကြိုးစွမ်းအားကိုလည်း အသုံးမချနိုင်ပေ။

"ငါတို့အားလုံးရဲ့စွမ်းအားတွေ တိုးတက်လာပြီဆိုမှတော့ ငါတို့က တာဝန်ပြီးဆုံးနိုင်ပါပြီ"

မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်၏။

လော်ရှန်းကျိကတော့ ချီစွမ်းအင်များကိုသုံး၍ ဆိုင်းဘုတ်ကို ဆက်၍တွန်းနေခဲ့သည်။ ခဏကြာပြီးနောက် သူတို့က တစ်ဖက်ကမ်းသို့ ရောက်လာခဲ့ရာ အလွန်မြင့်မားသော တောင်တန်းကြီးနှင့် ကြီးကျယ်ခမ်းနားသော ကျောက်တုံးကြီးများကို တွေ့မြင်လိုက်ရသည်။

မုန့်ချီက သူတို့ကိုဦးဆောင်ပြီး အထွဋ်အမြတ်တောင်ထိပ်ပေါ်သို့ ဆက်တက်သွားခဲ့၏။ သူ့လက်ထဲတွင်လည်း ဆိုင်းဘုတ်ပြားနှင့် ခရမ်းသေမင်းဓားတို့ကို ကိုင်ထားခဲ့သည်။

…………….

မြစ်၏တစ်ဖက်ကမ်းတွင်တော့ ဗုဒ္ဓအလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ ထို့နောက် မကောင်းဆိုးဝါးတစ်ကောင် ထွက်ပေါ်လာသည်။ ထိုအရာကတော့ အမှောင်သခင်ကြီးဖြစ်၏။

သူက လွန်ခဲ့သော နှစ်ရာပေါင်းများစွာခန့်တွင် ဗုဒ္ဓရတနာကို ကာကွယ်ထားဖူးသည်။ သူက ထိုအရာကို အသုံးပြုပြီး အထွဋ်အမြတ်တောင်ထိပ်ပေါ်သို့ တိတ်တဆိတ် ဝင်လာနိုင်ခဲ့ခြင်းဖြစ်၏။

သူက တွေ့တွေ့ချင်း မုန့်ချီတို့ကို တိုက်ခိုက်ခဲ့ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် ရှေ့တွင် မည်သည့်အန္တရာယ်များ ရှိနေကြောင်း သူမသိချေ။ သူက မုန့်ချီတို့ကို ငါးစာအဖြစ် အသုံးချလိုခြင်း ဖြစ်၏။

သို့သော် မြစ်ကမ်းပါးတွင် ရှိနေသော ဗုဒ္ဓအငွေ့အသက်များကြောင့် ဗုဒ္ဓရတနာက ထိန်းချုပ်၍ မရနိုင်တော့ပေ။ အကြိမ်ပေါင်းများစွာ ရုန်းကန်နေပြီးနောက် ထိုအရာက ပျက်စီးသွားခဲ့ပြီး အမှောင်ဘုရင်ကြီးလည်း ထွက်လာခဲ့ရသည်။

"သူတို့က သာမန်ခန္ဓာကိုယ်တွေကို ဖယ်ရှားနိုင်ခဲ့ကြတာပဲ…"

မုန့်ချီ၏ရှင်းပြမှုကိုကြားသည့်အခါ အမှောင်သခင်ကြီးကလည်း သူ၏ သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားလိုစိတ် ရှိသည်။ သို့သော် သူကတော့ မြစ်ကို ဖြတ်သန်းသွားနိုင်ခြင်း မရှိချေ။

"သူတို့တွေက တန်ဖိုးမရှိတော့တဲ့အချိန်ကျမှ ငါက အဲဒီဆိုင်းဘုတ်ကိုယူပြီး မြစ်ကိုဖြတ်ကူးဖို့ လုပ်ရမယ်…"

အမှောင်ဘုရင်ကြီးက ရေလှိုင်းများကိုသုံးပြီး သူ့ကိုယ်သူ လွှမ်းခြုံလိုက်၏။ ထို့နောက် တစ်ဖက်ကမ်းသို့ တိုက်ရိုက်ပျံသန်းလာခဲ့သည်။ သူက မြစ်ထဲတွင် ရှိနေသော ရေများကို ထိပင် မထိခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် မြစ်ထဲသို့ နစ်မြုပ်သွားမှာကို ကြောက်နေခဲ့၏။

…………….

ခဏကြာပြီးနောက် မုန့်ချီနှင့် တစ်ခြားသူများက အလွန်ကြီးကျယ်ခမ်းနားပြီး ပျက်စီးနေသော ကျောက်တံခါးတစ်ခုကို မြင်လိုက်ရသည်။ ထိုကျောက်တံခါးက သူတို့၏မြင်ကွင်းများကို တားဆီးထားပြီး အသံများကို ကာကွယ်ထားသည်။ ထို့ကြောင့် အထွဋ်အမြတ်တောင်ထိပ်ကြီးက ပို၍ပင် လျှို့ဝှက်ဆန်းကြယ်လာခဲ့၏။

"တံခါးကိုဖြတ်သွားမယ်ဆိုရင် ငါတို့က လဲ့ယင်ကျောင်းဆောင်ကြီးကို မြင်ရလိမ့်မယ်။ ပြီးတော့ ကျောင်းဆောင်ငယ်တွေ၊ ကံတရားရေကန်နှင့် အစိမ်းရောင်ကြာပန်းတွေကို တွေ့ရလိမ့်မယ်.."

မုန့်ချီက သူ၏ထင်မြင်ချက်ကို ပြောလိုက်သည်။ သို့သော် သူတို့က ပျက်စီးနေပြီဟုလည်း ခန့်မှန်းမိနေသည်။

သူတို့က အနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် အသက်ကို အောင့်ထားမိကြသည်။ သူတို့က တံခါးထဲသို့ ဝင်သွားခဲ့သည့်အချိန်တွင် ရှေ့တွင် ရှိနေသောအရာအားလုံးက မည်းမှောင်သွားခဲ့၏။

အရာအားလုံးက မှေးမှိန်သွားသည့်အချိန်တွင် လေထဲတွင် အနက်ရောင်အငွေ့များ ပေါ်လာခဲ့၏။ လေလှိုင်းတစ်ခုလည်း တိုက်ခတ်လာပြီး မရေမတွက်နိုင်သော ဧရာမနဂါးကြီးများကဲ့သို့ ပြောင်းလဲလာသည်။

မုန့်ချီတို့အားလုံးက သူတို့ကိုကျော်၍ ကြည့်လိုက်ရာ ကောင်းကင်နှင့်မြေကြီး ထိစပ်နေသော သံတုတ်တစ်ချောင်းကို မြင်လိုက်ရသည်။ သံတုတ်၏အကျယ်က တောင်တစ်တောင်၏ အရွယ်အစားခန့်ရှိပြီး သံတုတ်၏တစ်ဖက်အစွန်းဆီတွင် ရွှေရောင်ကြိုးလေးနှစ်ချောင်းဆီ ပတ်ထားသည်။

အစိမ်းရောင်ကြာပန်းများ၏ ပတ်ပတ်လည်တွင်လည်း လျှပ်စီးနှင့် မိုးကြိုးများ လွှမ်းခြုံနေ၏။ ကြာပန်းတစ်ပွင့်က ညှိုးခြောက်သွားပြီး နောက်တစ်ပွင့် ပွင့်လာ၏။ မိုးကြိုးနှင့် ကြာပန်းများက သေခြင်းရှင်ခြင်း အလိုလိုဖြစ်ပေါ်လာနေသော လျှို့ဝှက်ကမ္ဘာတစ်ခုကဲ့သို့ ထင်မှတ်ရသည်။

ကောင်းကင်ပေါ်တွင်လည်း ကြယ်များတောက်ပနေသည်မှာ ကြယ်တာရာကမ္ဘာကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။

ထိုအရာကို ဖြတ်ခဲ့သည့်အချိန်တွင် သူတို့၏နားထဲ၌ ဒေါသတကြီး အော်သံများကို ကြားလိုက်ရ၏။

"ငါက နောက်ဘဝကို လုံးဝမျှော်လင့်မထားဘူးကွ..."

Translated by Hein Htet.

All Chapters