← Chapters

အခန်း (၂၅၁)

Vol. 17 Ch. 251

အခန်း (၂၅၁)

Vol. 17 Ch. 251

"ဟင်… မဟာတန်ခိုးရှင်ရဲ့ အသံပဲ "

အော်သံကို ကြားသည့်အချိန်တွင် မုန့်ချီဆီ၌ စိတ်လှုပ်ရှားမှု ၊ ကြောက်လန့်မှုနှင့် သံသယများ ပြည့်နှက်လာခဲ့သည်။

"ငါက မဟာတန်ခိုးရှင် စွန်းဝူခုံးနဲ့ တွေ့လိုက်ရတာလား … "

ထိုအရာက သူ၏ ကလေးဘဝ စံပြတစ်ယောက် ဖြစ်ခဲ့သည်။

"တကယ်လို့ သူသာ ငါ့ကို အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်နဲ့ မသေမျိုး မန္တန်ကို သင်ပေးလိုက်မယ်ဆိုရင် ငါက အောင်မြင်မှုရပြီး အသိအမှတ်ပြုခံရနိုင်တယ်။ ငါက လောက(၃)ပါးကိုတောင် ကျော်လွန်ပြီး ဘဝမှာ အထွဋ်အထိပ်နေရာကို ရောက်နိုင်တယ် … "

မုန့်ချီကတော့ နေ့ခင်းကြောင်တောင် အိပ်မက်မက်နေခဲ့သည်။ အော်သံများကိုလည်း သူ့နားထဲတွင် အကြိမ်ကြိမ် ကြားနေရပြီး ရှေးကတည်းက မရပ်မနား ထွက်ပေါ်လာနေသလို ထင်မှတ်ရ၏။

"အဲဒါက ကောင်းကင်မဟာတန်ခိုးရှင် စွန်းဝူခုံးလား … "

ကျန်းကျိဝေက သံသရာအရှင်သခင်၏ စကားများကို မှတ်မိနေသေးသည်။

မုန့်ချီက သတိပြန်ဝင်လာခဲ့၏။ သူ့နားထဲတွင်တော့ ယခုအချိန်ထိ မဟာတန်ခိုးရှင် စွန်းဝူခုံး၏ အသံကိုသာ ပဲ့တင်ထပ်၍ ကြားနေသေးသည်။

"ငါလည်း အဲဒီလိုထင်တာပဲ… "

မုန့်ချီက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"ဒီနေရာက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာလောက်မှာ အထွဋ်အမြတ်တောင်တန်း တိုက်ပွဲဖြစ်နေတဲ့ နေရာဖြစ်နိုင်တယ်…”

သူ၏အော်သံက ယခုအချိန်ထိ ရှိနေသေးသည့်အတွက် သူက သံသယဝင်နေမိသည်။ ဤနေရာကြီးက မည်းမှောင်နေပြီး မိုးကြိုးများ ၊ လေလှိုင်းများ ပြည့်နှက်ကာ အစိမ်းရောင် ကြာပန်းပွင့်များ လွှမ်းခြုံနေသည်။

မုန့်ချီကတော့ ရွှေကြိမ်လုံး၏ ပတ်ပတ်လည်ကို စစ်ဆေးကြည့်ရန် ခက်ခဲနေသည့်အတွက် အခြေအနေကို နားမလည်နိုင်ပေ။

ရွမ်ယုရှုကလည်း မည်သည့်အရာများဖြစ်နေကြောင်း မြင်နေရ၏။

"ရွှေကြိမ်လုံးက တစ်ခုခုကို ဖိနှိပ်ထားသလိုပဲ … "

"ဟုတ်လား…"

မုန့်ချီက ပြန်မေးလိုက်သည်။

"ရွှေကြိမ်လုံးက ဒီလောက် အရွယ်အစားအထိတောင် ကြီးလာနိုင်တယ်။ သူက ကောင်းကင်ကြီးကို ထောက်ထားပြီး မြေကြီးနဲ့တောင် ထိနေတယ်။ ဒါက တစ်ခုခုကို ဖိနှိပ်ထားတာပဲ ဖြစ်နိုင်တာပေါ့… ။ ဒီတော့ ရွမ်ယုရှုရဲ့စကားက မှန်နေနိုင်တယ် ။ အဲဒါက ရှေးဟောင်းဗုဒ္ဓလား … "

ရွှေကြိမ်လုံး၏ တစ်ဖက်တွင် ရှိနေသည်မှာ မဟာတန်ခိုးရှင်ပေလော…။ သူက ကမ္ဘာမြေကြီး၏ ပြောင်းလဲမှုများကို နားလည်သွားခြင်းပေလော…။

ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်၏။

"အထွဋ်အမြတ်တောင်တန်းတိုက်ပွဲက လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ...။ အဲဒီအရာနဲ့ ပတ်သက်ပြီး ရှင်းလင်းချက်တွေကလည်း တော်တော်များတယ်။ ငါတို့က ဆက်ပြီး သွားကြမလား… "

မုန့်ချီက အက်ကွဲကြောင်းများနှင့် လေမုန်တိုင်းများကို စိုက်ကြည့်နေမိသည်။ သူက စကြဝဠာကြီး၏ သဘောတရားများ ပါ‌ဝင်နေပုံရသော မိုးကြိုးအလင်းတန်းများနှင့် အစိမ်းရောင်ကြာပန်းလေးများကိုလည်း မြင်နေရ၏။

သူက သက်ပြင်းချပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်၏။ ထို့နောက် အသံတိုးတိုးနှင့် ပြောလိုက်သည်။

"ငါတို့ရဲ့ စွမ်းအားတွေအရ ငါတို့က ရပ်သင့်ပြီ။ ငါတို့က အစွန်ကိုပဲ သွားပြီး လုံခြုံတဲ့ နေရာတစ်ခု ရှာရမယ်။ တကယ်လို့ မကောင်းဆိုးဝါးတွေက တံခါးကို ဖြတ်လာမယ် ဆိုရင်တောင် ရှုပ်ထွေးတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် ငါတို့နေရာကို မသိနိုင်ဘူး။ ငါတို့က (၈)ရက်မြောက်နေ့အထိ နေနိုင်လောက်မယ်…”

“ငါတို့တွေ တစ်ယောက်မှ ဝေ့ကျင်းတစ်ဝက်အဆင့်ကို မရောက်သေးဘူး။ ငါတို့သာ အနက်ရောင် အက်ကွဲကြောင်းတွေကို ထိလိုက်မိမယ်ဆိုရင် ငါတို့တွေ သေရလိမ့်မယ်။ ပြီးတော့ ကြောက်စရာကောင်းတဲ့ မိုးကြိုးအလင်းတန်းတွေ ၊ ကြာပန်းပွင့်တွေလည်း ရှိသေးတယ်။ ရှေးဟောင်းဗုဒ္ဓ ၊ မဟာတန်ခိုးရှင်နဲ့ မကောင်းဆိုးဝါးဘုရင်တွေက ဒီနေရာမှာ တိုက်ခိုက်ခဲ့ကြဖူးတဲ့အတွက် လေဟာနယ် ပျက်စီးသွားမည့် အခွင့်အရေး အရမ်းများတယ်။ အနက်ရောင်တွင်းပေါက်ကြီးတွေလည်း ဖြစ်လာနိုင်တယ်။ တကယ်လို့ လောဘတက်နေပြီး ဝေ့ကျင်းအဆင့် စွမ်းအား မရှိဘူးဆိုရင် အထဲကို ရောက်တာနဲ့ အရူးဖြစ်သွားနိုင်တယ်…"

"ကောင်းပြီလေ … "

လော်ရှန်းကျိက သူ၏သာမန်ခန္ဓာကိုယ်ကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် အထွဋ်အမြတ် တောင်ထိပ်တွင် ရှိနေသော ရတနာများကို တပ်မက်နေခြင်း မရှိတော့ချေ။ ယခု သူလိုချင်နေသည်မှာ လွတ်မြောက်ရန်သာ ဖြစ်သည်။ သူက မုန့်ချီ၏ စကားကို ချက်ချင်း သဘောတူခဲ့၏။

ချီကျန်းရန်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

"အထွဋ်အမြတ် တောင်ထိပ်ပေါ်မှာ တော်တော်လေး ကြောက်စရာကောင်းတယ် … ။ ပြောရမယ်ဆိုရင် အရင်တစ်ခေါက် ငါဖြစ်ခဲ့တဲ့အရာတွေနဲ့ အတူတူလောက်ပဲ။ အဲဒီအချိန်တုန်းကတော့ နတ်ဆိုးဗုဒ္ဓက အသက်ရှင်နေသေးတယ်။ ကမ္ဘာကြီးကလည်း မှောင်မည်းပြီး ဖရိုဖရဲဖြစ်နေတယ်။ ရှေးဟောင်းစာအုပ်တွေ မှတ်တမ်းတွေလည်း ပျောက်ကွယ်သွားတယ်။ အခုတော့ အဲဒီမြင်ကွင်းမျိုးကို မတွေ့နိုင်တော့ဘူး။ မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုကပဲ အဲဒါကို မှတ်တမ်းတင်ထားလောက်မယ်…"

ကျန်းကျိဝေက မဆင်မခြင် လုပ်တတ်သော မိန်းကလေး တစ်ယောက် မဟုတ်ပေ။ သူမက အပြုံးနှင့် ပြောလိုက်၏။

"ငါတို့က ကံကြမ္မာဖတ်ခြင်းပညာကို လေ့ကျင့်မထားဘူး။ ဒီတော့ နေရာကို အဆင်ပြေသလိုပဲ ရွေးချယ်ကြတာပေါ့… "

ဓားသမားများက သူတို့၏ စိတ်ဆန္ဒ ၊ နှလုံးသားနှင့် ဓားကို ပေါင်းစပ်ကြရသည်။ ကျန်းကျိဝေက ကံကြမ္မာဖတ်ခြင်းနှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှ မသိထားပေ။ သူမ နားလည်နေသည်မှာ သူမ၏ဓားနှင့် နှလုံးသားက ပြင်ပကမ္ဘာကြီးနှင့် ပေါင်းစပ်သွားပြီးနောက် ဆက်သွယ်မှုတစ်ခု ရှိလာသည်ဟု သိထားသည်။ သူမက ကူရှောင်စန်းနှင့် အဆင့်အရ တူညီနေသော်လည်း ကြာပန်းဖြူ ကံကြမ္မာဖတ်ခြင်းပညာမျိုးကို သင်မထားခဲ့ပေ။

ရွမ်ယုရှုက သူမ၏ စောင်းကို ပိုက်ထား၏။ ဆံနွယ်လေးများကလည်း သူမ၏ ပုခုံးနှင့် ရင်ဘတ်ပေါ်သို့ ကျနေ‌ခဲ့၏။ သူမ၏မျက်လုံးများက ကြည်လင်နေသော်လည်းအပြုံးမရှိချေ။ သူမက မည်သည့်နေရာကို သွားစေကာမူ အေးအေးဆေးဆေးသာ ထင်မှတ်ရသည်။

မုန့်ချီကတော့ သူ၏ မသိစိတ်အတိုင်း လိုက်နာခဲ့၏။ သူက ကျန်းကျိဝေနှင့်အတူ ‌ရှေ့ဆုံးမှ ထွက်သွားခဲ့သည်။ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က အလယ်မှ လိုက်လာ၏။ လော်ရှန်းကျိကတော့ သူတို့၏ နောက်ဘက်တွင် လိုက်လာခဲ့သည်။

…………..

ကျောက်တုံးတံခါး အနားတွင် ရှိနေသော တိုင်လုံးတွင် …

အမှောင်ဘုရင်ကြီးက သူ၏အငွေ့အသက်များကို ဖုံးကွယ်ပြီး သေချာပုန်းနေခဲ့၏။ ဗုဒ္ဓရတနာ၏ အကာအကွယ်မရှိသည့်အတွက် သူက အနားကို ကပ်မသွားရဲပေ။ သူက သူတို့နှင့် ခဲတစ်ပစ်စာ အကွာအဝေးတွင် ရှိနေသည့်အတွက် သူတို့၏ အသံကို ကြားရရန် ခက်ခဲနေသည်။

သူ၏ခြေထောက်နှစ်ဖက်က တုန်ယင်နေခဲ့၏။ သူက နားထဲတွင် မျောက်ဘုရင်၏ အော်သံကို ကြားနေရပြီး အလွန်ဆိုးရွားသော မှတ်ဉာဏ်များက ခေါင်းထဲတွင် ပြန်ပေါ်လာနေခဲ့သည်။ သူက ယခုအချိန်ထိပင် ထိုမှတ်ဉာဏ်များကို မမေ့နိုင်သေးပေ။

" မဟာတန်ခိုးရှင် …

ကျွန်တော်က တန်ခိုးရှင်ကို ကူညီပေးဖို့ ရောက်လာတာပါ … "

သူက သူကိုယ်တိုင်နှင့် တခြားသူများကို လှည့်စားနေခဲ့၏။ အမှန်အတိုင်း ပြောရလျှင်တော့ သူ ဂရုစိုက်သည်မှာ မဟာတန်ခိုးရှင်နှင့် မကောင်းဆိုးဝါး ဘုရင်များ၏ လက်နက်များ ၊ ရတနာများနှင့် ကျင့်စဉ်များ ဖြစ်သည်။

"တကယ်လို့ ငါသာ ကျင့်စဉ်တစ်ခုကို ရခဲ့မယ်ဆိုရင် နှစ်ရာပေါင်းများစွာ အားနည်းနေမှာလား။ သူတို့ကို ကြည့်ရတာ လုံခြုံတဲ့လမ်းကြောင်းတစ်ခုကို ရှာနေတာ ထင်တယ်…"

သူတို့က အတွင်းထဲကို ဝင်မသွားဘဲ ကွေ့ပတ်သွားနေသည့်အတွက် အမှောင်ဘုရင်ကြီးက စဉ်းစားနေခဲ့သည်။

သူက စိတ်ထဲတွင် ရှုပ်ထွေးနေသော်လည်း သူတို့၏ နောက်မှ လိုက်သွားခဲ့၏။ သို့သော် ခဏကြာသွားသော်လည်း မုန့်ချီတို့က အထဲကို ဝင်မသွားသေးပေ။ သူတို့က ထိုနေရာတွင် အက်ကွဲကြောင်းများ ၊ လိုဏ်ဂူများကို ရှာဖွေနေခဲ့၏။ ထိုအချိန်ကျမှသာ သူတို့က အထဲကို ဝင်သွားရန် အစီအစဉ် မရှိကြောင်း အမှောင်ဘုရင်ကြီးက နားလည်သွားခဲ့သည်။

"သူတို့က ပုန်းနေချင်တာပဲ… ။ သေစမ်း … ဘယ်သူကမှ ငါ့ကို ကူညီပြီး လမ်းရှာမပေးတော့ဘူး။ ငါက ကိုယ်တိုင် စွန့်စားရမှာလား … "

အမှောင်ဘုရင်ကြီးက ဒေါသထွက်နေခဲ့သည်။

"အဲဒီကောင်လေးက ဗုဒ္ဓလမ်းစဉ်ကျင့်ကြံထားတာဖြစ်မယ်။ တကယ်လို့ ငါသာ အထွဋ်အမြတ်တောင်တန်းရဲ့ သန့်စင်နယ်မြေထဲကို ဝင်သွားလိုက်မယ်ဆိုရင် သူက အသုံးဝင်နိုင်တယ်။ ငါက သူတို့ကို အေးအေးဆေးဆေး ထွက်သွားခွင့်ပေးရမှာလား။ ရက်စက်ကြမ်းကြုတ်တဲ့ ငါ့ရဲ့သိုင်းကွက်တွေကို ကြည့်လိုက်…။ ငါက ခြင်္သေ့ကို မခြောက်ခင် ခွေးကို အရင်သတ်ပြရတော့မှာပေါ့… "

သူက အဝေးတွင် ခဏကြာ စောင့်ကြည့်နေပြီး အဖြူဝတ်မိန်းမပျိုကို သတ်ရန် ဆုံးဖြတ်လိုက်သည်။

“အရင်တစ်ခေါက်တုန်းက သူ သုံးလိုက်တဲ့ လျှို့ဝှက်လက်နက်က ငါ့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေခဲ့တယ်။ အခုအချိန်မှာ သူက အန္တရာယ်အများဆုံးပဲ။ သူ့ဆီမှာ နောက်ထပ်လျှို့ဝှက်လက်နက် ရှိမရှိ ဘယ်သူမှ မပြောနိုင်ဘူး။ ငါ သူ့ကို အရင်ဆုံး သတ်ရမယ်။ ပြီးရင်တော့ တခြားသူတွေကို အကြပ်ကိုင်ပြီး ငါ့အတွက် လမ်းရှာခိုင်းရမယ်…”

……………………

မုန့်ချီနှင့် ကျန်းကျိဝေတို့က လမ်းတစ်လျှောက်တွင် အနှောင့်အယှက် မရှိကြပေ။ သူတို့က အဝေးရှိ မကောင်းဆိုးဝါးများကို သတိထားနေရင်း လုံခြုံသည့်နေရာတစ်ခုကို ရှာဖွေနေကြသည်။ သို့သော် မည်သည့်နေရာကိုမျှ မတွေ့ခဲ့ရပေ။

မုန့်ချီက သူ၏သာမန်ခန္ဓာကိုယ်ကိုဖယ်ရှားလိုက်ပြီးနောက် တံခါး (၇)ပေါက် ပွင့်လာသည်။ ယခု သူ၏ပင်မဝိညာဉ်နှင့် ခန္ဓာကိုယ်ကလည်း တစ်သားတည်း ဖြစ်နေ၏။ သူက ပို၍အစွမ်းထက်လာပြီး စိတ်ဝိညာဉ်စွမ်းအားလည်း ပို၍ မြင့်မားလာသည်။

ခန္ဓာကိုယ်ကလည်း ပို၍ ကြံ့ခိုင်လာသည့်အတွက် မျက်နှာပေါက်က ပို၍ ထင်ရှားလာ၏။ ရုတ်တရက် ဆိုသလို သူ့ခြေထောက်က ရေခဲထဲသို့ နင်းလိုက်မိသည့်အလား တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

"ငါက တစ်ခုခုကို အနံ့ရနေတယ် … "

သူက ပြန်လှည့်လိုက်ပြီး စဉ်းစားမနေဘဲ ခရမ်းသေမင်းဓားနှင့် နောက်ဘက်သို့ ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။

ဓားချီစွမ်းအင်များက ကောင်းကင်ပေါ်သို့ မြင့်တက်သွားပြီး အထွဋ်အမြတ်တောင်ထိပ်၏ အတွင်းပိုင်းထဲတွင် တောက်ပသွားခဲ့သည်။ ထိုအခါ တောင်တန်း၏ အတွင်းထဲတွင် ပျက်စီးနေသော ကျောင်းဆောင်တချို့က မှေးမှိန်စွာ ပေါ်လာခဲ့၏။

မြေပြင်ကြီးကတော့ အလွန်ခိုင်မာလွန်းလှသည့်အတွက် ဓားချီစွမ်းအင်များက ဖျက်ဆီးနိုင်ခြင်းမရှိချေ။ တိမ်တိုက်များသာ ထွက်ပေါ်လာခဲ့၏။

ထိုအချိန်တွင် သံခက်ရင်းခွတစ်ခုက ရွမ်ယုရှုဆီကို ရုတ်တရက် ရောက်လာသည်။ ထိုသံခက်ရင်းခွ၏ အရှိန်က အလွန်ကြောက်စရာကောင်းပြီး တိုက်ခိုက်ခံလိုက်ရမည်ဆိုလျှင် သေချာပေါက် အပိုင်းပိုင်း အစစ ဖြစ်သွားနိုင်၏။ သူတို့က အပြာရောင်ကောင်းကင်ကြီးပေါ်တွင် မည်သည့်အရာကိုမျှ မမြင်ရသော်လည်း အမှောင်ဘုရင်ကြီးက သူတို့ကို တိုက်ခိုက်လိုက်ကြောင်း ခံစားမိနေကြသည်။

"ကြည့်လိုက်… "

ဓားချီစွမ်းအင်များက ပိုးသားများကဲ့သို့ ဖြစ်လာပြီး ရေလှိုင်းများကို ဖယ်ရှားလိုက်သည့်အတွက် ပတ်ပတ်လည်သို့ လွင့်စင်သွားပြီး မိုးရည်များကဲ့သို့ ပြန်ကျလာသည်။ ဓားက ရေလှိုင်းများကို ဖြတ်ပစ်လိုက်နိုင်သော်လည်း ကျရောက်လာသော သံခက်ရင်းခွကို တားဆီးရန် မအောင်မြင်ခဲ့ပေ။

မုန့်ချီက တခြားလူများအတွက် အချိန်ဆွဲပေးနိုင်ခဲ့သည်မှာ ကံကောင်းသွား၏။ ကျန်းကျိဝေက လေထဲသို့ ခုန်လိုက်ပြီး သူမ၏ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ဓားရောင်က လင်းလက်တောက်ပလာခဲ့၏။ ပင်လယ်ကြီးကပင် နှစ်ခြမ်းကွဲသွားသလို ထင်မှတ်ရသည်။

လော်ရှန်းကျိ၏ ညာလက်ကလည်း ကြီးထွားလာပြီး ခက်ရင်းခွကို လက်သီးနှင့် အရှိန်ပြင်းစွာ ထိုးချလိုက်၏။

"ချွင်… "

အသံတစ်ခု ထွက်ပေါ်လာသည်။

ကျန်းကျိဝေက နောက်သို့ လွင့်လာပြီး သွေးအန်လိုက်ရ၏။ သူတို့က ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ခဲ့သည်။

ထိုအချိန်တွင် ချီကျန်းရန်က သူ၏ရွှေနဂါးဓားကို အားမာန်ပါပါနှင့် ဆွဲထုတ်လိုက်သည်။ ဓား၏အရှိန်အဝါကြောင့် အမှောင်ဘုရင်ကြီးက အလွန်ထိတ်လန့်ပြီး တုန်လှုပ်သွားခဲ့၏။ ငါးနတ်ဆိုးတစ်ကောင် ဖြစ်သည့်အတွက် သူက နဂါးများကို အကြောက်ဆုံးဖြစ်သည်။

ဓားထဲမှနေ၍ အလင်းတန်းတစ်ခု ပျံသန်းလာသည်။ ဓားအလင်းတန်း ပျံသန်းသွားသည့် နေရာတိုင်း မြူခိုးများနှင့် ရေခဲလှိုင်းများ ထွက်ပေါ်လာခဲ့၏။ ထိုဓားက အမှောင်ဘုရင်ကြီး၏ နောက်တွင် ရှိနေသော ရေလှိုင်းများကို တိုက်ခိုက်မိလိုက်ပြီး ရေလှိုင်းများက တဖြည်းဖြည်း အေးခဲသွားခဲ့သည်။

ထိုအချိန်တွင် အမှောင်ဘုရင်ကြီးက အော်ဟစ်ပြီး လေထဲသို့ ခုန်လိုက်၏။ သူက သူတို့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။

"ဒါက အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး နည်းလမ်းပဲ …။ သူတို့က င့ါရဲ့ ဒုတိယတိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်ဘူး.."

အမှောင်ဘုရင်ကြီးက သူမကို ပစ်မှတ်ထားနေကြောင်း ရွမ်ယုရှုက သိနေသည်။ တခြားလူများက သူမအတွက် ခုခံပေးနေသည့်အချိန်တွင် သူမက လက်စွပ်ထဲမှနေ၍ ဆေးပုလင်းတစ်လုံးကို ထုတ်ပြီး သောက်လိုက်သည်။

ထို့နောက် သူမ၏လျှာကို ကိုက်ပြီး သွေးအဆီအနှစ်တစ်စက်ကို ဗျတ်စောင်းပေါ်သို့ ထွေးထုတ်လိုက်၏။ သွေးအဆီအနှစ်က ကြိုး (၇)ချောင်းပေါ်တွင် ပျံ့နှံ့လာပြီး ဗျတ်စောင်းက အနီရောင်အလင်းတန်းများ တောက်ပလာခဲ့သည်။

တဖန် ရွမ်ယုရှုက ဗျတ်စောင်းကို လက်ထဲမှ လွှတ်လိုက်ရာ ဗျတ်စောင်းက သူမ၏ ရှေ့တွင် လွင့်မျောနေခဲ့၏။ ထို့နောက် သူမက စောင်းကြိုးများကို စတင်တီးခတ်လိုက်သည်။

ကောင်းကင်ပေါ်မှနေ၍ အလွန်ကျယ်လောင်ပြီး သာယာနာပျော်ဖွယ်ရှိသော တေးသံတစ်ခု ထွက်ပေါ်လာသည်။ ထိုတေးသံက အလွန်အံ့ဩစရာ ကောင်းလွန်းလှပြီး တခြားသောငှက်များ၏ အသံကိုပင် လွှမ်းမိုးသွား၏။

အမှောင်ဘုရင်ကြီးကတော့ မိုးကြိုးအပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ကျောက်တုံးကြီး တစ်တုံးကဲ့သို့ မြေပြင်ပေါ်ကို ပြုတ်ကျလာခဲ့၏။ ထိုတေးသွားက လန်းဟွမ်ကောင်းကင်တေးသွားထဲမှ ကောင်းကင်ဇာမဏီ ငိုကြွေးသံ ဖြစ်သည်။

လန်းဟွမ်ကောင်းကင်တေးသွားက ရွမ်မိသားစု၏ ရတနာဖြစ်သည့်အတွက် ပါရမီရှိသူများကသာ တီးခတ်နိုင်ကြ၏။ ထိုသို့ဆိုရာတွင် ရွမ်ယုရှု၏ လက်ကလေးများက တုန်ယင်နေပြီး မျက်နှာက ဖြူဖပ်ဖြူရော်နှင့် အားနည်းနေသည်။

"ငါတို့က ဒီအခွင့်အရေးကို ဆုပ်ကိုင်မှဖြစ်မယ်…"

မုန့်ချီက သူ၏ တီးတိုးဓားကို ဆွဲထုတ်လိုက်၏။ သူက အစတွင် ခရမ်းမိုးကြိုးဓား သိုင်းပညာနှင့် ခရမ်းသေမင်းဓားတို့ကို အသုံးမပြုချင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ကျန်းကျိဝေအတွက် အခွင့်အရေးများ ဖန်တီးပေးလိုခြင်းကြောင့်ဖြစ်သည်။

ယခု သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးထားပြီး တီးတိုးဓားကို ဆုပ်ကိုင်လိုက်၏။ ဓားစွမ်းအင်များက ပေါ့ပါးပြီး ဆူညံသံ မရှိချေ။ ထိုအရာက မီးခိုးရောင် ကောင်းကင်ကြီးဆီသို့ ပျံ့နှံ့သွားခဲ့၏။ အထွဋ်အမြတ်တောင်ထိပ်ကြီးက လှုပ်ရှားသွားပြီး ဒေါသများ ၊ မကျေနပ်မှုများက ကောင်းကင်ပေါ်သို့ လွင့်ပျံသွားခဲ့၏။

"အနတ္တ… "

သူတို့က အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံက အထွဋ်အမြတ်တောင်ထိပ်ပေါ်တွင် အချိန်တော်တော်ကြာ တည်ရှိနေခဲ့၏။

မဟာတန်ခိုးရှင်၏ အော်သံက အလွန်ကျယ်လောင်လွန်းလှသည့်အတွက် သေချာနားထောင်ရန် ခက်ခဲလှသည်။ သို့သော် ယခုတော့ သူတို့ဆီတွင် ချီစွမ်းအင်လှုပ်ရှားမှုများက အားဖြည့်ပေးထား၏။

အမှောင်ဘုရင်ကြီးကတော့ ဇာမဏီတေးသွား၏ ချုပ်နှောင်မှုကြောင့် ထိုအသံလှိုင်းကို ဖယ်ရှားနိုင်ခဲ့ခြင်း မရှိပေ။ သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်နှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် အမှောင်ဘုရင်ကြီး၏ ရင်ထဲတွင် စိတ်ဆန္ဒများ ထွက်ပေါ်လာခဲ့၏။

"ငါက အထဲကို သွားပြီး လက်နက်တွေ ၊ကျင့်စဉ်တွေ ၊ဆေးရည်တွေ ရှာရမယ်။ ငါက အစစ်အမှန် မကောင်းဆိုးဝါးခန္ဓာကိုယ်ကို ရပြီး မကောင်းဆိုးဝါးကြီး တစ်ကောင် ဖြစ်လာရမယ်။ ပြီးရင်တော့ ငါက စိမ်းပြာရေလှိုင်းရေကန်ကိုပြန်ပြီး စိမ်းပြာရေလှိုင်းအင်ပါယာ လုပ်ရမယ်… "

မုန့်ချီ၏ ခံစားချက်များက လှုပ်ရှားနေသည်။ ထို့ကြောင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေသော လှိုင်းလုံးများကလည်း အလားတူသာဖြစ်၏။ လှိုင်းလုံးများက တီးတိုးဓား၏ ဖြတ်တောက်ခြင်းကို ခံလိုက်ရသည်။

"ချွင် … "

အားနည်းသွားသော တီးတိုးဓားက အမှောင်ဘုရင်ကြီး၏ သံချပ်ဝတ်အင်္ကျီနှင့် အနက်ရောင်ကြေးခွံများကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

ဓားဆန္ဒများက ဆက်လက်ရှိနေသေးသည့်အချိန်တွင် ကျန်းကျိဝေက သက်ပြင်းချလိုက်၏။ သူမကလည်း ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သူမဆီတွင် သာမန်ခန္ဓာကိုယ် မရှိတော့သည့်အတွက် သူမ၏စွမ်းအားကလည်း သိသိသာသာ တိုးတက်လာခဲ့၏။

လော်ရှန်းကျိ၏ အကူအညီနှင့် ယခုတစ်ကြိမ် သူမက ကွဲပြားစွာ လုပ်ဆောင်နိုင်သည်။ သူမက လျှို့ဝှက်စွမ်းရည်တစ်ခုကို သုံးလိုက်ပြီး ဓားဆန္ဒများကို နောက်တစ်ကြိမ် ထုတ်ဖော်အသုံးပြုလိုက်၏။ ထိုဓားရှည်က အလွန်အံ့ဩစရာကောင်းလွန်လှပြီး လမ်းတလျှောက်တွင် ရှိနေသော အရာအားလုံးကို ရှင်းလင်း၍ အမှောင်ဘုရင်ကြီးဆီကို ရောက်သွားခဲ့သည်။

မုန့်ချီက အမှောင်ဘုရင်ကြီးကို တိုက်ခိုက်လိုက်မိသည့်အချိန်တွင် သေမျိုးဖုန်မှုန့် ကျဆင်းခြင်းစွမ်းရည်များက ပျောက်ကွယ်သွားသည်။ ကောင်းကင်ဇာမဏီ‌ငိုကြွေးသံ၏ အစွမ်းကလည်း အဆုံးသတ်ကို ရောက်သွားခဲ့၏။ သို့သော် ဓားအလင်းတန်းကတော့ ဆက်၍ ရှိနေသေးသည်။

ထိုအချိန်တွင် သူ၏မျက်လုံးများက နီရဲလာပြီး ပါးစပ်ဟလိုက်ရာ အနက်ရောင် မကောင်းဆိုးဝါး သလင်းကျောက်တစ်ခု ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါး သလင်းကျောက်က ဝေ့ကျင်း တစ်ဝက်အဆင့် ပညာရှင်များနှင့် ကွဲပြား၏။ ထိုအရာ ပြီးပြည့်စုံနေသော သလင်းကျောက်တစ်ခုဖြစ်သည်။

လှိုင်းလုံးများကလည်း လှုပ်ရှားနေပြီး ကမ္ဘာမြေကြီးက ပြောင်းလဲလာ၏။ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ မြင်ကွင်းများကလည်း ပြောင်းလဲလာခဲ့လေသည်။

Translated by Hein Htet

All Chapters