← Chapters

အခန်း (၂၇၀)

Vol. 18 Ch. 270

အခန်း (၂၇၀)

Vol. 18 Ch. 270

လူဆိုးထိန်း ညီလေးစုက ထူးဆန်းစွာ ပြုမူနေသည်။ ထိုအချိန်တွင် ဝေ့ကျင်းအဆင့် ဖုတ်ကောင်က ရုတ်တရက် ရူးသွပ်သွားပြီး သူ့သခင်ကို တန်ပြန်တိုက်ခိုက်ခဲ့၏။ ထိုအဖြစ်အပျက်များကြောင့် ယောင်ရှင်းလျှူ ၊ ရှောင်ယွဲ့နှင့် လီချုံးတို့ကလည်း ဇဝေဇဝါဖြစ်သွားကြသည်။ သူတို့က တုန့်ပြန်ရန်ပင် အချိန်မရခဲ့ပေ။

"ဘာတွေ ဖြစ်ခဲ့တာလဲ ။ ဘယ်လိုဖြစ်ပြီး ဒီလိုမျိုးဖြစ်နေရတာလဲ… "

ဝေ့ကျင်းအဆင့် ဖုတ်ကောင်က အလွန်ရန်လိုနေခဲ့ပြီးမှ ဘာကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့သနည်း။ ဘာကြောင့် သူ့သခင်ကို ရူးသွပ်စွာ တန်ပြန်တိုက်ခိုက်ခဲ့ရသနည်း။

ထိုအရာက လူဆိုးထိန်းစု၏ ထူးခြားသော ပြောင်းလဲမှုများနှင့် သက်ဆိုင်နေခြင်းပေလော။ သူ့ပုံစံက ကမ္ဘာမြေကြီးနှင့်အတူ ပြောင်းလဲပြီး ဗုဒ္ဓတစ်ပါးကဲ့သို့ ဖြစ်လာခြင်းကြောင့်ပေလော။ ထိုအရာများအားလုံးက ရုတ်တရက် ဖြစ်ပေါ်လာပြီး အလွန်ထူးဆန်းနေသည်။ မုန့်ချီ၏ တွက်ဆမှုထက်ပင် ကျော်လွန်နေခဲ့သည့်အတွက် လူတိုင်းက တိတ်ဆိတ်နေခဲ့၏။

ခြံဝန်းကြီး၏ ပတ်ပတ်လည်တွင် ရှိနေသော အနက်ရောင်တိမ်တိုက်များက လမင်းကြီးကို ဖုံးကွယ်ထားသည့်အတွက် မြေပေါ်တွင် အလင်းရောင် တစ်ပိုင်းတစ်စလေးသာ ကျရောက်နေသည်။

"အဲဒါက တကယ့်ကို နင်စီရင်စုက ဓားသမားပဲ…"

မုန့်ချီက သတိပြန်ဝင်လာပြီး လှုပ်ရှားခြင်း ကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်၏ သဘာဝလွန်အစွမ်းကို မှတ်ချက်ပေးနေမိသည်။

နင်စီရင်စုမှ ဓားသမားက လူတစ်ဝက် တစ္ဆေတစ်ဝက် ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းလဲနေသည်။ သူ၏မှတ်ဉာဏ်များက ဖျက်ပစ်ခံလိုက်ရသော်လည်း နှလုံးသားထဲတွင်တော့ အပိုင်းအစလေးများ ကျန်နေသေး၏။ ထို့ကြောင့် သူ့ဆီတွင် အသိဉာဏ်ကင်းမဲ့နေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတချို့ရှိသည်။

သူ၏စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များက အလွန်ပြင်းထန်လွန်းလှသည့်အတွက် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်ကို အသုံးပြုပြီး သူ၏ မှတ်ဉာဏ်များကို ဖော်ထုတ်လိုက်ရန် အလွန်လွယ်ကူလှသည်။

သို့သော် သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်၏။ ယခင်တုန်းကတော့ သူ၏နှလုံးသားက ကျောက်တုံး ကျောက်ခဲပမာ မာကျောလွန်းလှပြီး သူ၏ စိတ်ဝိညာဉ်က ပင်လယ်ကြီးပမာ ကျယ်ပြန့်လှသည်။ သူက ယခင်တုန်းကကဲ့သို့ အစွမ်းထက်ခြင်း မရှိတော့သော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်သေးသည်။

သူ၏စိတ်ဝိညာဉ် တန်ပြန်တိုက်ခိုက်မှုကြောင့် မုန့်ချီက ခေါင်းထဲတွင် မူးဝေသွားခဲ့ပြီး စိတ်ဝိညာဉ်နှင့်သွေးများ ဝေဝါးသွားခဲ့ခြင်း ဖြစ်သည်။

ထူးခြားသောအခြေအနေမျိုးသာ မဟုတ်လျှင် သူက အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအား ရှိနေသည့် တံခါး (၈)ပေါက် ၊ တံခါး (၉)ပေါက်အဆင့် ပညာရှင်များကို လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီး ကျင့်စဉ်နှင့် ထိန်းချုပ်ရန် မလွယ်ကူပေ။ ဝေ့ကျင်းအဆင့်နှင့် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များကိုတော့ ထိန်းချုပ်အောင်မြင်ရန် ပို၍ပင် ခက်ခဲနိုင်သည်။

ယောင်ရှင်းလျှူ ၊ ရှောင်ယွဲ့နှင့် တခြားလူများ၏ အမူအရာကို မြင်သည့်အခါ မုန့်ချီက သက်ပြင်းချပြီး ပြောလိုက်သည်။

"အဲဒီဖုတ်ကောင်က ဝေ့ကျင်းအဆင်ပညာရှင်တစ်ယောက်လေ ။ သူတို့ကို ဉာဏ်အလင်းပွင့်မှု ပညာရှင်တစ်ယောက်က ဘယ်လိုများ ထိန်းချုပ်နိုင်မှာလဲ။ ဒါကြောင့်လည်း သူက တန်ပြန်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာ…"

သူက နင်စီရင်စုမှ ဓားသမား၏ တိုက်ခိုက်မှုကို သေသူအပေါ်သာ တာဝန်လွှဲချလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သေသူက မျက်မြင်သက်သေ တစ်ယောက် မဖြစ်နိုင်တော့ပေ။ ထို့ပြင် ထိုအရာက အမှန်တရား တစ်စိတ်တစ်ပိုင်း ပါဝင်နေသည်။ တစ်စိတ်တစ်ပိုင်းကတော့ မုန့်ချီ၏ အချက်အလက်များ ဖြစ်၏။

အကယ်၍ သူကသာ နင်စီရင်စုမှ ဓားသမားကို မောင်းထုတ်လိုခြင်း မရှိသော ပညာရှင် တစ်ယောက်ဆိုလျှင် မုန့်ချီက တံခါးခေါက်သည့်အချိန်ကတည်းကစပြီး တုန့်ပြန်လိမ့်မည်မဟုတ်ချေ။ ထိုအရာက သူ့အတွက် ထူးခြားသော တာဝန်တစ်ခု ဖြစ်နိုင်သည်။ သို့သော် သူက ထိုအရာကို မထိန်းချုပ်နိုင်ခဲ့ပေ။ နင်စီရင်စုမှ ဓားသမားက သူ့ကို ကယ်တင်ပေးလိုက်သလို ထင်မှတ်ရသည်။

မုန့်ချီက ဇဝေဇဝါ ဖြစ်မနေခဲ့ပေ။ သူက အနားတွင် ကြောင်ကြည့်နေသော တခြားဖုတ်ကောင်ကို ကြည့်လိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို သုံးလိုက်သည်။ ထိုဖုတ်ကောင်က အလွန်နှေးကွေးလှသည့်အတွက် မိုးကြိုးစပါးအုံးမြွေကြီးကို ရှောင်တိမ်းရန် ခက်ခဲသည်။

လျှာတန်းလန်းထွက်နေသော ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲမှနေ၍ လျှပ်စီးကြောင်းများ ထွက်လာသည်။ မကောင်းဆိုးဝါးအငွေ့အသက်များလည်း ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏မူလပုံစံသို့ ပြောင်းလဲ၍ မြေပေါ်သို့ လဲကျသွားခဲ့သည်။

"သူက အသက်ပြောင်းလဲခြင်းဂိုဏ်းက တပည့်တစ်ယောက်ပဲ…"

ယောင်ရှင်းလျှူက သတိပြန်ဝင်လာပြီး ထိန်းချုပ်သူ၏ သိုင်းပညာဇစ်မြစ်ကို မှတ်မိသွားခဲ့သည်။

"သူက နတ်ဘုရားအလောင်းကျင့်စဉ်ကို လေ့ကျင့်ထားတယ်။ အဲဒါက အဓိက အချက်တော့ မဟုတ်ဘူး…"

"နတ်ဘုရားအလောင်းကျင့်စဉ် … "

နတ်ဘုရားအလောင်းကျင့်စဉ်ဟူသည်မှာ အသက်ပြောင်းလဲခြင်းဂိုဏ်း၏ အခြေခံကျင့်စဉ်တစ်ခု မဟုတ်သည့်အတွက် ယောင်ရှင်းလျှူက ထိုအရာကို ချက်ချင်း မတွေးမိခဲ့ပေ။

"သူက အသက်ပြောင်းလဲခြင်းဂိုဏ်းက တပည့်တစ်ယောက်ဆိုတာ ငါလည်း သိတယ်…"

မုန့်ချီက စိတ်ထဲတွင် ပြောလိုက်မိ၏။

သူကတော့ ခြံဝန်းတစ်ဝက်ခန့် ပြည့်နှက်နေသော တွင်းပေါက်ကြီးနှင့် အောက်ခြေတွင် ရှိနေသော အသားစများ အဝတ်စများကို ကြည့်လိုက်မိသည်။ လှုပ်ရှားနေသော တောင်တန်းကြီးများကြောင့် ထိုအလောင်း၏ ထိန်းချုပ်ရေးတုတ်နှင့် တခြားအရာများကတော့ အမှုန့်ဖြစ်သွားပြီး ခြေရာလက်ရာပင် မကျန်တော့ပေ။

မုန့်ချီက ဖုတ်ကောင်ထိန်းချုပ်သူဆီမှနေ၍ အဘိုးကြီးကျုံးရဲ့ မူလဇစ်မြစ်ကို စုံစမ်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် လက်ရှိအခြေအနေတွင်တော့ သူလည်း သက်ပြင်းချရုံသာ တတ်နိုင်တော့၏။ သဲလွန်စများ မရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သွေးသားအစများက စကားမပြောနိုင်ပေ။

အဘိုးကြီးကျုံးက အသက်ပြောင်းလဲခြင်းဂိုဏ်းနှင့် ပြဿနာတက်ခဲ့ခြင်းပေလော။ သို့မဟုတ် ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်က မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲမှ တစ်ခုဖြစ်နေခြင်းပေလော။

သူက ဖုတ်ကောင်များကို ထိန်းချုပ်နိုင်သည့်အတွက် သူလည်း အသက်ပြောင်းလဲခြင်းဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေနိုင်သည်။ ထိုအရာက ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်၏ မူလဇစ်မြစ်နှင့် မသက်ဆိုင်ပေ။

ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီက နောက်တစ်ကြိမ် ပြုံးလိုက်ပြီး ရှောင်ယွဲ့ဆီသို့ လျှောက်သွားခဲ့သည်။ သူက ပြောလိုက်၏။

"မိန်းကလေးရှောင် …

ခင်ဗျားက အဘိုးကြီးကျုံးနဲ့ ပတ်သက်ခဲ့ဖူးတယ်လို့ ပြောတယ်။ ပြီးတော့ သူက ဒီနေရာမှာ တစ်ခုခုသိမ်းထားတယ်လို့လည်း ပြောတယ်။ အဲဒီအရာနဲ့ ပတ်သက်ပြီး အသေးစိတ်ပြောပြလို့ ရနိုင်မလား…"

ပြုံးနေသော လူဆိုးထိန်းစုကိုကြည့်ပြီး သူ့ပုံစံက အန္တရာယ်မရှိသော်လည်း ရှောင်ယွဲ့ကတော့ သူ၏ လုပ်ရပ်များကို ပြန်လည်တွေးတောမိနေခဲ့သည်။ သူက သူမနှင့် ဖုတ်ကောင်ထိန်းချုပ်သူတို့ကို အလွယ်တကူ အနိုင်ရခဲ့သည်။ ထို့ကြောင့် သူမက ထိတ်လန့်သွားခဲ့ပြီး အသက်ရှူရန်ပင် ခက်ခဲနေခဲ့၏။

ခဏကြာတွေဝေနေပြီးနောက် သူမက အသံတိုးတိုးနှင့်ပြောလိုက်သည်။

"ငါက ပြည့်တန်ဆာအိမ်မှာ နာမည်အကျော်ကြားဆုံး ပြည့်တန်ဆာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ငါက အစွမ်းထက်တဲ့သိုင်းပညာလည်း လုံးဝမတတ်ခဲ့ဘူး။ ငါက တခြားသူတွေကို ဖျော်ဖြေဖို့ ဓားအကကို ကတတ်ရုံပဲရှိတာ။ အဲဒီနောက်မှာတော့ ငါက အဘိုးကြီးကျုံးနဲ့ တွေ့ခဲ့ရတယ်။ သူက ငါ့ကို တကယ်သဘောကျနေပြီး သိုင်းပညာသင်ပေးခဲ့တယ်။ သူက ငါ့ကို ရန်းရှမှာ အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာအောင် တိတ်တဆိတ် ကူညီပေးခဲ့တယ်… "

အတိတ်အကြောင်းအရာများကို ပြန်ပြောနေရင်း သူမ၏ ခံစားချက်များက ပျော့ပျောင်းသွားခဲ့သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာတော့ သူက နတ်ဘုရားကျင့်စဉ်တစ်ခုကို စပြီးလေ့ကျင့်တော့မယ်လို့ ပြောခဲ့တယ်။ အဲဒီကျင့်စဉ်ရှိမယ်ဆိုရင် သူ့ရဲ့အခြေခံအုတ်မြစ်ကို ပျက်စီးစေခဲ့တဲ့ အတွင်းဒဏ်ရာတွေကို မြန်မြန်ကုသနိုင်လိမ့်မယ်။ ဒါဆိုရင် သူက (၂)နှစ် (၃)နှစ်အတွင်း သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်နိုင်တဲ့ အတားအဆီးကို ဖြတ်ကျော်နိုင်လိမ့်မယ်။ သူက ငယ်ရွယ်နုပျိုမှုကို ပြန်ရဖို့ အရေးအကြီးဆုံး ခြေလှမ်းကို လျှောက်ပြီး သူ့ရဲ့သက်တမ်းကို ရှည်စေချင်တာ…"

အဖြေကို သိနေသော မုန့်ချီက ဆက်၍ မေးနေသေးသည်။

"အဲဒါက အသွေးအသားတွေ ၊အရိုးတွေ ၊ သွေးကြောတွေကို တိုက်စားနိုင်တဲ့ သိုင်းပညာမျိုးလား…"

ထိုအရာက သူ၏ အတွေးနှင့်ထပ်တူကျနေသည်။ အဘိုးကြီးကျုံးက မကြာသေးခင်ကမှ ကောင်းကင်နှင့် နတ်ဆိုးကျင့်စဉ်ကို စတင်လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း သူက ဝေ့ကျင်းတစ်ဝက်အဆင့်ကိုသာ ရောက်ရှိနေခြင်းဖြစ်သည်။

ဓားသွားအမာရွတ်၏ အကြောက်တရားကတော့ အဘိုးကြီးကျုံးက မည်မျှအစွမ်းထက်ကြောင်း မသိသေးသည့်အတွက်ကြောင့်သာ ဖြစ်သည်။ တံခါး (၉)ပေါက် ပွင့်နေပြီးနောက် အဘိုးကြီးကျုံးက ဝေ့ကျင်း တစ်ဝက်အဆင့်နှင့် နီးကပ်နေခဲ့သည်။

သူ၏ကိုယ်ပိုင်အစွမ်းထဲတွင် လျှို့ဝှက်ထောင်ချောက်များ ၊ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေသည့်အတွက် သူက အဘိုးကြီးကျုံး၏ အလွယ်တကူ ထိန်းချုပ်ခြင်းကို ခံခဲ့ရသည်။ အဘိုးကြီးကျုံးက နှစ်ပေါင်းများစွာအတွင်း တိုးတက်ခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် အတွင်းဒဏ်ရာများကြောင့် သူ၏ အုတ်မြစ်များက ပျက်စီးနေခဲ့သည်။

"ဟုတ်တယ်…"

ရှောင်ယွဲ့၏ မျက်နှာက တစ်စုံတစ်ခုကို တမ်းတနေသလို ထင်မှတ်ရသည်။

"ပထမနှစ်တုန်းကတော့ အဆင်ပြေသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့အကျင့်စရိုက်တွေက တဖြည်းဖြည်း ပြောင်းလဲလာပြီး ဒေါသကြီးလာသလို ကြောက်စရာကောင်းလာတယ်။ သူက အရင်တုန်းကလိုလည်း ငါ့ကို သဘောမကျတော့ဘူး။ ဒါကြောင့် ငါက အခွင့်ကောင်းကို အရယူပြီး ကျန်းဝူဂိုဏ်းက ဂိုဏ်းထောက်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ပတ်သက်မှုကလည်း တော်တော်လေး ဆိုးရွားပါတယ်။ သူက (၂)နှစ်နီးပါးလောက် ဒီနေရာမှာ မရှိခဲ့ဘူး။ သူ ဘာဖြစ်သွားသလဲဆိုတာ ဘယ်သူမှ မသိခဲ့ဘူး… "

ယောင်ရှင်းလျှူက ထိုဂိုဏ်းထောက်ကို ကြိတ်၍အပြစ်တင်နေခဲ့သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ယပ်တောင် (၆)လက်ကျောင်း၏ လျှို့ဝှက်အမှုအတွဲထဲတွင် ရှောင်ယွဲ့က အပြင်သို့ ခရီးသွားလာခဲ့ပြီးနောက် သိုင်းပညာ သိသိသာသာ တိုးတက်လာကြောင်း ပြောထားသည်။ ထိုအရာကို နားလည်ပေး၍ ရနိုင်သည်။

"ဒါဆိုရင် မင်းက ဘာကို ရှာနေတာလဲ… "

ရှောင်ယွဲ့က အပြုံးနှင့် စဉ်းစားနေခဲ့၏။

"အခြေအနေက ငါထင်ထားတာထက် ပိုဆိုးနေတယ်။ ဝေ့ကျင်းအဆင့် ဖုတ်ကောင်ကတောင် ရုတ်တရက် ရူးသွားမှတော့ ငါလည်း မတတ်နိုင်တော့ဘူး.."

"ချွမ်ယွမ်ပုလဲလုံး … "

သူမက နာမည်ကို ပြောလိုက်ပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်၏။

"အဘိုးကြီးကျုံး ပုံမှန်အတိုင်းဖြစ်နေသေးတဲ့ အချိန်မှာ ငါက ရန်းရှအနီးပတ်ချာလည်ကို ခရီးသွားခဲ့တယ်။ ငါက ဓားပညာနှင့် ချွမ်ယွမ်ပုလဲလုံးကိုလည်း ကောင်းကောင်းကြီး လေ့ကျင့်နိုင်ခဲ့တယ်။ အဲဒါက မကောင်းဆိုးဝါးတွေ ၊ နတ်ဆိုးတွေ တိုက်ခိုက်ခြင်းကနေ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပြီး ချီစွမ်းအင်သွေဖယ်မှုမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။ အဲဒီအချိန်မှာ ငါ့ရဲ့သိုင်းပညာကလည်း သိသိသာသာ တိုးတက်လာခဲ့တာပဲ…”

“အဘိုးကြီးကျုံးက နတ်ဘုရားကျင့်စဉ်ကို စပြီး လေ့ကျင့်ခဲ့တဲ့ အချိန်မှာ ငါ့ဆီကနေ ချွမ်ယွမ်ပုလဲလုံးကို ပြန်ယူသွားခဲ့တယ်။ သူက အဲဒီနတ်ဘုရားကျင့်စဉ်ကို လေ့ကျင့်ဖို့ အရမ်းအန္တရာယ်များတယ်။ ချီစွမ်းအင်သွေဖယ်မှုတောင် ဖြစ်သွားနိုင်တဲ့အတွက် ဂရုစိုက်ရမယ်လို့တောင် ပြောခဲ့တယ်… "

ကြည့်ရသည်မှာ သူမက ခရီးသွားခဲ့ခြင်း ဖြစ်နေသည်။ ယပ်တောင် (၆)လက်ကျောင်း၏ မှတ်တမ်းများကတော့ ပြည့်စုံနေခြင်းမရှိချေ။ မုန့်ချီက ခေါင်းညိတ်ပြီး မေးလိုက်၏။

"အဘိုးကြီးကျုံးက အေးအေးဆေးဆေး ထွက်သွားပြီး ပစ္စည်းတွေ အကုန်လုံးကို ယူသွားတယ်။ ချွမ်ယွမ်ပုလဲလုံးက ဒီမှာ ရှိနေဦးမယ်လို့ မင်းက ဘာလို့ထင်နေရတာလဲ…"

"သူက ငါ့ကို ပြန်ပေးမယ်လို့ ပြောခဲ့တယ်…"

ရှောင်ယွဲ့က စိတ်လွတ်သွားခဲ့သော်လည်း သိမ်မွေ့ညင်သာနေသေးသည်။

“ငါက အလောင်းတစ်ခုကို စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ ငါနဲ့ ချွမ်ယွမ်ပုလဲလုံးရဲ့ ဆက်သွယ်မှုကို နည်းနည်းလေး ခံစားမိခဲ့တယ်…"

"အလောင်းတစ်ခုထဲမှာလား … "

မုန့်ချီက ပို၍ပင် ထိတ်လန့်သွားခဲ့သည်။ အလောင်းတစ်ခုထဲတွင် ပုလဲလုံးတစ်လုံး ရှိနေဦးမည်ဟု သူလည်း လုံးဝမတွေးမိခဲ့ပေ။ ဤနေရာတွင် အလောင်းများစွာ ရှိနေ၏။ သူတို့ကတော့ တချို့ကိုသာ စစ်ဆေးကြည့်ခဲ့ခြင်းဖြစ်ပြီး တခြားအရာများကို ကျော်သွားခဲ့သည်။

သူတို့ ယပ်တောင် (၆)လက်ကျောင်းမှ အလောင်းစစ်ဆေးသူများနှင့် ဌာနချုပ်မှ လူဆိုးထိန်းများ ရောက်လာသည့်အချိန်ကို စောင့်နေခြင်းသာဖြစ်သည်။ ထို့ကြောင့် သူတို့က သဲလွန်စ အမြောက်အများကို လျစ်လျှူရှုခဲ့မိခြင်း ဖြစ်၏။

ထို့ကြောင့်လည်း မုန့်ချီက ကျန်းကျူးရှန်၏ အမိန့်ကို မဆန့်ကျင်ဘဲ ညအချိန်တွင် စောင့်ကြည့်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။ သူက ထိုအရာများကို ဂရုတစိုက် စစ်ဆေးလိုခဲ့သည်။

ရှောင်ယွဲ့က ခဏရပ်လိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်…"

မုန့်ချီနှင့် ယောင်ရှင်းလျှူတို့က ဘေးနှစ်ဖက်မှ လိုက်လာကြပြီး သူမက အခန်းထဲသို့ ပြန့်လှည့်သွားခဲ့သည်။ လီချုံးကတော့ သဲလွန်စအသစ်တစ်ခု ရလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုအရာက အတော်လေး ပြဿနာများပြီး ခြံဝန်းထဲတွင် တစ်ယောက်တည်း မနေရဲသည့်အတွက် သူလည်း အလောင်းများထဲသို့ ပြန်ဝင်လာခဲ့သည်။

ရှောင်ယွဲ့ဆီတွင် တိကျသောပစ်မှတ်တစ်ခု ရှိနေ၏။ သူမက နောက်ကျောဘက် အလယ်တွင် ရှိနေသော အလောင်းတစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ထို့နောက် အသံတိုးတိုးနှင့် ပြောလိုက်၏။

"ဒီအလောင်းရဲ့ ဗိုက်ထဲမှာ ရှိတယ်။ ငါက ဒါကို အရင်တစ်ခေါက်တည်းက သိထားပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ဆရာကြီးကွေ ရှိနေတယ်လေ။ ဒါကြောင့် ငါက ညအချိန်ကျမှ ပြန်လာခဲ့တာ.."

အကယ်၍ မုန့်ချီကသာ သာမန်လူဆိုးထိန်းတစ်ယောက်ဆိုလျှင် သို့မဟုတ် ယောင်လူငယ်လေးကိုသာ ခန္ဓာကိုယ်စစ်ဆေးရန် တွန်းအားပေးနိုင်မည်ဆိုလျှင် သူမက မည်သူမျှ မသိဘဲ ပုလဲလုံးကို ပြန်ယူသွားနိုင်ပါလိမ့်မည်။

သူမက စကားပြောနေစဉ် ရှောင်ယွဲ့က ပြုံးလိုက်၏။ သူမ၏ အပြုံးက လှပသော်လည်း တောက်ပမှု မရှိချေ။ သူမက ခန္ဓာကိုယ်တွင် ချီစွမ်းအင်များ လွှမ်းခြုံလိုက်ပြီး အလောင်းကို ညာလက်နှင့် ဖြတ်လိုက်၏။ ထို့နောက် ဗိုက်ထဲသို့ လှမ်းနှိုက်လိုက်သည်။

ညှီစို့စို့ ရနံ့တစ်ခု ထွက်ပေါ်လာပြီး သူမက လက်ကို ဆွဲထုတ်လိုက်၏။ သူမ၏ လက်ထဲတွင်တော့ အနီရောင်ပုလဲလုံးလေးတစ်လုံး ရှိနေသည်။ ထိုပုလဲလုံးက သွေးဆာနေသည့် အငွေ့အသက်မျိုး မရှိဘဲ နွေးထွေးနေသည်။ ကြည့်လိုက်ရုံနှင့် တည်ငြိမ်အေးချမ်းသည့် အငွေ့အသက်မျိုး ရနေ၏။

"ဒါက ချွမ်ယွမ် ပုလဲလုံးပဲ … "

ရှောင်ယွဲ့က ပြန်လှည့်ပြီး ပြောလိုက်၏။

မုန့်ချီက ထိုအရာကို ယူဆောင်ရန် စိတ်ကူးမထားခဲ့ပေ။ ရုတ်တရက်ဆိုသလို သူက ရှောင်ယွဲ့၏ အနောက်ဘက်တွင် ရှိနေသော အလောင်းတစ်ခု၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခုကို မြင်လိုက်ရသည်။

ထိုအလောင်းက အသက် (၃၀)အရွယ် ယောင်္ကျားတစ်ယောက်၏ အလောင်းဖြစ်၏။ သူ့ပုံစံက အနည်းငယ် ရုပ်ဆိုးသည်။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အမွေးအမျှင်များ ထွက်နေ၏။ သူက သေဆုံးသွားခဲ့သည်မှာ အတော်လေးကြာခဲ့ပါပြီ။

ထို့ကြောင့်လည်း သူ့ခန္ဓာကိုယ်က ထိုကဲ့သို့ ဖြစ်နေခြင်းဖြစ်၏။ ယခုတော့ သူ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်နေခဲ့သည်။

"သတိထား … "

မုန့်ချီက သတိပေးလိုက်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားကို သုံးလိုက်သည်။ ရုတ်တရက် ဆိုသလို ထိုခန္ဓာကိုယ်ထဲမှ လက်သည်းနှစ်ခုထွက်လာပြီး ရှောင်ယွဲ့၏ပုခုံးကို ကိုင်လိုက်သည်။

ရှောင်ယွဲ့က တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။ သူမ၏ ခန္ဓာကိုယ်လေးက ရုတ်တရက် လှုပ်ရှားသွားခဲ့ပြီး ‌ သွေးစများအဖြစ် ပြောင်းလဲ၍ အလောင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

ထိုအလောင်းက ရှောင်ယွဲ့၏ အကြွင်းအကျန်များကို သယ်ဆောင်ပြီး လေထဲသို့ ခုန်လိုက်သည်။ သူက ကောင်းကင်ပြစ်ဒဏ်ဓားကို ရှောင်တိမ်းပြီး အမိုးကို ဖောက်ထွက်သွားခဲ့၏။ သူ၏ ပတ်ပတ်လည်တွင် အနက်ရောင်အငွေ့အသက်များ လွှမ်းခြုံနေသည်။

မုန့်ချီကတော့ သူ့ကိုယ်သူ ကာကွယ်လိုက်ရ၏။ မုန့်ချီက အဖိုးတန်လက်နက်ကို သုံးပြီး အနက်ရောင်အငွေ့အသက်များကို ထိုးဖောက်၍ နောက်မှလိုက်သွားမည်ဆိုလျှင် သူ့နောက်တွင် ကျန်နေသော လီချုံးက သေချာပေါက် သေရပါလိမ့်မည်။

"ဝေ့ကျင်းတစ်ဝက် အဆင့် …ကောင်းကင်နဲ့နတ်ဆိုးကျင့်စဉ် …"

"သူက အဘိုးကြီး ကျုံးလား ..”

အဘိုးကြီးကျုံးက ရှောင်ယွဲ့၏ခန္ဓာကိုယ်ကို စုပ်ယူပြီး အဝေးသို့ ထွက်သွားခဲ့သည်။ သူကတော့ အိမ်မက်တစ်ခုသဖွယ် တီးတိုးစကားသံတစ်ခုကိုသာ ကြားလိုက်ရ၏။

"ငါတို့က ဒီလိုမျိုး လုံးဝကွဲကွာသွားလို့ မရဘူး…"

ကောင်းကင်ပြစ်ဒဏ်ဓားက မိုးကြိုးအလင်းရောင်များ တောက်ပနေပြီး အနက်ရောင်အငွေ့များကို ဖျက်ဆီးလိုက်သည်။ မုန့်ချီက အံ့ဩမှင်တက်နေခဲ့၏။ သူကတော့ ထိုအရာကို မယုံကြည်နိုင်ခဲ့ပေ။

အဘိုးကြီးကျုံးက အရာအားလုံးကို အဆုံးသတ်ရန် လုံလောက်သော အချိန်ရှိခဲ့သည့်အတွက် လုံးဝပြန်လာမည်မဟုတ်ဟု မုန့်ချီက သတ်မှတ်ထားခဲ့သည်။ သူက အလောင်းတစ်ခုပုံစံ ဟန်ဆောင်နေခဲ့ပြီး အမိုးထုတ်တန်းပေါ်တွင် သူ့ကိုယ်သူ ချိတ်ဆွဲထားခဲ့၏။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ရှာတွေ့သွားမှာကိုလည်း ကြောက်လန့်နေခဲ့ခြင်း မရှိချေ။ အကြောင်းပြချက်က ရှောင်ယွဲ့ကို ဝါးမြိုလိုခြင်းကြောင့်ပေလော။

သူ၏ အစွမ်းအရ ရန်းရှမြို့ထဲတွင် ရှောင်ယွဲ့ကို အကြိမ်ပေါင်းများစွာ လုပ်ကြံသတ်ဖြတ်နိုင်သည်။ သူက ရှောင်ယွဲ့ကို အလွယ်တကူ ဝါးမြိုနိုင်သည့်အတွက် ဘာကြောင့် ယခုလို လုပ်ရသနည်း။ ထိုအရာက လုံးဝကို နားလည်နိုင်စွမ်း မရှိတော့ချေ။

သူ၏ သုံးသပ်ချက်များက မှားယွင်းနေသည်ဟု မုန့်ချီက တွေးမိခဲ့၏။ ယခုအချိန်တွင်တော့ သူက ထိုအရာကို လက်မခံနိုင်သေးပေ။ သို့သော် သူက အတော်လေး စိတ်သက်သာရာရသွားပြီး သင်ခန်းစာတစ်ခုလည်း ရခဲ့သည်။

ကောင်းကင်နှင့်နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ထားသော လူတိုင်းက သူတို့၏ အငွေ့အသက်များကို ပြောင်းလဲနိုင်သည်။ သူတို့က အရူးတစ်ယောက်ကဲ့သို့လည်း ဖြစ်သွားနိုင်၏။ သူ၏အပြုအမူများကို ပြောပြရန် ခက်ခဲပြီး ကူရှောင်စန်းကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ ဖြစ်နေနိုင်သည်။ ပုံမှန်အားဖြင့် ပြောလျှင်တော့ ထိုအရူးများကို တစ်စုံတစ်ခု သုံးလိုက်မည်ဆိုလျှင်ပင် အသုံးဝင်လိမ့်မည် မဟုတ်ချေ။

Translated by Hein Htet

All Chapters