← Chapters

အခန်း (၂၇၁)

Vol. 19 Ch. 271

အခန်း (၂၇၁)

Vol. 19 Ch. 271

အဘိုးကြီးကျုံးက မီးခိုးငွေ့တစ်ခုကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ မုန့်ချီက အစွမ်းကုန်သုံးပြီး လေနတ်ဘုရားခြေလှမ်းသိုင်းနှင့် သူ့နောက်သို့ လိုက်သွားမည်ဆိုလျှင်ပင် အဘိုးကြီးကျုံးကို အမီလိုက်နိုင်လိမ့်မည် မဟုတ်ချေ။ သူကိုယ်တိုင်လည်း လိုက်မသွားချင်ခဲ့ပေ။

သူက ကျန်းကျိဝေကဲ့သို့ အစစ်အမှန် ဓားသမားတစ်ယောက် မဟုတ်သလို ပို၍အစွမ်းထက်သော လူတစ်ယောက်ကို စိန်ခေါ်ရဲသည့်သတ္တိမျိုး မရှိပေ။ မလိုအပ်လျှင် ထိုမျှ ကြောက်စရာကောင်းသော လူတစ်ယောက်ကို စိန်မခေါ်ချင်ပေ။

သူ၏လက်ရှိအစွမ်းကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အဖိုးတန်လက်နက်နှင့် သူ၏ဝှက်ဖဲများအားလုံး အသုံးပြုလိုက်မည်ဆိုလျှင်ပင် အနိမ့်ဆုံး ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကို အနိုင်ရရန် မဖြစ်နိုင်သေးပေ။

အကယ်၍ သူက ဗုဒ္ဓမီးအိမ်နှင့် ချုပ်နှောင်နိုင်သော တစ်စုံတစ်ယောက်ကို တွေ့ရမည်ဆိုလျှင်တော့ အခွင့်အရေးတစ်ခု ရှိနိုင်သေးသည်။ ထို့ပြင် ကောင်းကင်နှင့် နတ်ဆိုးကျင့်စဉ်ကို တတ်မြောက်ထားသော အဘိုးကြီးကျုံးကို တိုက်ခိုက်ရန် ဘာကြောင့် သူ့အသက်ကို စွန့်စားရမည်နည်း။

"ဒီလိုအရူးတစ်ယောက်မှာတောင် ချစ်ခြင်းမေတ္တာဆိုတာ ရှိသေးတာပဲ…"

မုန့်ချီက အဘိုးကြီးကျုံး တီးတိုးပြောခဲ့သော စကားကို ပြန်လည်စဉ်းစားနေခဲ့သည်။

သူက ချက်ချင်းပင် ပြန်လှည့်လာပြီး အလောင်းများကို တစ်ခုချင်းဆီ စစ်ဆေးကြည့်ခဲ့၏။

ယောင်ရှင်းလျှူကတော့ စကားပြောချင်နေသော်လည်း တွေဝေနေခဲ့သည်။ သူက အတွေ့အကြုံ မရှိသည့်အတွက် အလောင်းပေါင်းများစွာကိုကြည့်ပြီး ကြောက်လန့်နေခဲ့သည်။ ထိုအရာများက သူ့အတွက်တော့ ထူးဆန်းနေခဲ့၏။ နောက်ဆုံးတွင်တော့ သူလည်း စိတ်ပျက်လက်ပျက်နှင့် အလောင်းတောထဲမှ ထွက်သွားပြီး မီးပုံဘေးတွင် ငူငူငိုင်ငိုင်နှင့် ထိုင်နေခဲ့သည်။

ယနေ့ညတွင် အခြေအနေပေါင်းများစွာကို တွေ့ကြုံခဲ့ရပြီးနောက် လီချုံးကလည်း လူသေအလောင်းများကို စိုးရိမ်နေခြင်း မရှိတော့ချေ။ မုန့်ချီနှင့်အတူ အလောင်းများကို စစ်ဆေးနေပြီး လူဆိုးထိန်းစုကို ကျေနပ်အောင် လုပ်ဆောင်ပေးနေသည်။ သူတို့က တခြားမည်သည့်သဲလွန်စမျှ မတွေ့တော့သည်မှာ ကံဆိုးသွားသည်။

မုန့်ချီက ခေါင်းခါလိုက်မိပြီး မီးပုံဆီသို့ လျှောက်သွားခဲ့၏။ ခြံဝန်း၏ နေရာအများစုတွင် အက်ကွဲကြောင်းများ ပြည့်နှက်နေပြီး နယ်မြေကြီးတစ်ခုလုံးက ရှုပ်ထွေးနေပုံရသည်။ သူတို့က ငိုကြွေးခြင်းအကြီးအကဲကဲ့သို့ ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ကို မတွေ့ခဲ့ရသည်မှာ ကျေးဇူးတင်စရာကောင်းနေသည်။

ထိုသို့ တွေ့ရမည်ဆိုလျှင် ယောင်လူငယ်လေးက အသက်ရှင်နိုင်သော်လည်း အဘိုးကြီးလီကတော့ သေချာပေါက် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။ ဝေ့ကျင်းအဆင့် ပညာရှင်များ၏ သာမန်တိုက်ပွဲထဲတွင် ပတ်ဝန်းကျင် နယ်မြေများကပင် သက်ရောက်ခံရသည်။ ထိုအရာက စွမ်းအားများ စုစည်းမှုကို အကူအညီပေးနိုင်၏။

ငိုကြွေးခြင်းအကြီးအကဲကဲ့သို့ ထူးဆန်းသော သိုင်းပညာ တတ်မြောက်ထားသူများကသာ အလွန်ကြီးမားသော နယ်မြေကြီးကို အသုံးချပြီး တစ္ဆေပမာဏ အမြောက်အမြား စုပ်ယူတတ်ကြသည်။ ထိုအရာက သူ့သိုင်းကွက်ကို ပို၍အကျိုးသက်ရောက်မှု ရှိလာစေနိုင်၏။

အကယ်၍ (၂) ဖက်လုံးက စွမ်းအားညီမျှနေမည်ဆိုလျှင် အချင်းချင်း ချုပ်နှောင်မှုများ ရှိလာနိုင်ပြီး သိုင်းကွက်တစ်ခုချင်းဆီကို တိတိကျကျ ထိန်းချုပ်ရန် ခက်ခဲလာနိုင်သည်။ ထို့ကြောင့် သက်ရောက်ခံရသော နယ်မြေက တဖြည်းဖြည်း ကြီးမားလာနိုင်၏။

ထိုကဲ့သို့ တိုက်ပွဲက မြို့တစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်ပြီး မြစ်ကြီးကိုပင် ခမ်းခြောက်သွားစေနိုင်သည်။ နင်စီရင်စုမှ ဓားသမား ဖုတ်ကောင်က သာမန်ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်သာ ဖြစ်သည်။ သို့သော် သူက အဖိုးတန်လက်နက်များ ၊ သိုင်းကွက်များ မရှိသော အမှောင်ဘုရင်ကြီးထက်တော့ ပို၍ အစွမ်းထက်သည်။

သူ့ကြောင့် သက်ရောက်သည့် နယ်မြေကလည်း ငိုကြွေးခြင်းအကြီးအကဲထက် အဆပေါင်းများစွာ ပို၍သေးငယ်၏။ ထို့ပြင် နင်စီရင်စုမှ ဓားသမားက သူ့ထက် အဆပေါင်းများစွာ ပို၍အားနည်းသော ရန်သူများကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူက သူ၏လှုပ်ရှားမှုများကို သေချာထိန်းချုပ်နိုင်ပြီး သူ၏စွမ်းအားများကို နယ်မြေငယ်လေးတစ်ခုထဲတွင် စုစည်းထားခဲ့သည်။

မဟုတ်လျှင် ကောင်းကင်နှင့်မြေကြီး ပြောင်းလဲမှုများ ဖြစ်လာနိုင်သည့်အတွက် ဆရာကြီးကွေက သတိထားမိသွားနိုင်သည်။ ထိုအကြောင်းပြချက် (၂) ခုကြောင့်လည်း လီချုံးက အသက်ရှင်နိုင်ခဲ့ပြီး ယောင်လူငယ်လေးက သူတို့ကိုကူညီပေးရန် ဓားဆွဲထုတ်နိုင်ခြင်း ဖြစ်သည်။

ယောင်ရှင်းလျှူက ခဏကြာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။

"အဲဒါက တောင်တန်း (၉) သွယ်သံလက်သီးလား... "

ကျန်းဝူဂိုဏ်း၏ လွှမ်းမိုးမှုက တောင်ပိုင်းဟွာစီရင်စုမှနေ၍ မြောက်ပိုင်း နင်စီရင်စုထိ ပါဝင်နေသည်။ ထို့ကြောင့် သူက နင်စီရင်စုမှ ဓားသမားကို ရင်းနှီးနေခဲ့၏။ ကျန်းယွင်ရှန်က နင်စီရင်စုမှ ဓားသမားနှင့် တောင်တန်း (၉) သွယ် သံလက်သီးအကြောင်း ရှင်းပြခဲ့ဖူးသည်ကို စဉ်းစားမိသည့်အခါ မုန့်ချီက နောက်တစ်ကြိမ် စိတ်မကောင်းဖြစ်သွားပြန်သည်။

သူက ပြောလိုက်၏။

"ဟုတ်တယ်...။ အဲဒါက နင်စီရင်စုက ဓားသမားဖြစ်မယ်လို့ ငါလည်း သံသယဝင်နေတယ်..”

“အသက်ပြောင်းလဲခြင်းဂိုဏ်းက သတ်လိုက်တဲ့သူတွေက ပြန်ရှင်လာနိုင်ပြီး သရဲတစ္ဆေတွေဖြစ်သွားတယ်လို့ သတင်းကြားဖူးတယ်... ။ ကြည့်ရတာ မှန်နေသလိုပဲ "

ယောင်ရှင်းလျှူ၏ ကလေးမျက်နှာလေးက အတွေ့အကြုံ နည်းပါးမှုကြောင့် ရှုပ်ထွေးနေသည်။

"ဒါပေမယ့် နင်စီရင်စုက ဓားသမားက တကယ်သေသွားပြီလို့တော့ ငါမထင်ဘူး... "

နင်စီရင်စုမှ ဓားသမားက လူသားမဟုတ်သလို တစ္ဆေတစ်ယောက်လည်း မဟုတ်ချေ။ သူ့ဆီတွင် အသက်ငွေ့ငွေ့လေး ကျန်နေနိုင်၏။ ထိုအရာကို မုန့်ချီ တစ်ယောက်တည်းကသာ တွေးတောမိခဲ့ခြင်း မဟုတ်ချေ။ ယောင်လူငယ်လေးကဲ့သို့သော တာအိုသခင်တစ်ယောက်ကပင် စဉ်းစားမိနိုင်သည်။

သို့သော် ထိုသို့လည်း မဟုတ်သေးပေ။ လူသေတစ်ယောက်က သူ၏မှတ်ဉာဏ်များကို မည်သို့ ထိန်းသိမ်းထားနိုင်မည်နည်း။ အကယ်၍ နင်စီရင်စုမှ ဓားသမားကသာ သေဆုံးသွားမည်ဆိုလျှင် သူ၏စိတ်ဝိညာဉ်က ပျောက်ကွယ်သွားနိုင်ပြီး သူ၏နှလုံးသားက ညှိုးခြောက်သွားနိုင်သည်။ သူ့ဆီတွင် မှတ်ဉာဏ်များ မည်သို့ ရှိနိုင်ဦးမည်နည်း။

အကယ်၍ သူက အသက်ရှင်နေပြီး ဖုတ်ကောင်တစ်ကောင် သို့မဟုတ် တစ္ဆေတစ်ကောင် ဖြစ်နေလျှင် သူ့တစ်ဘဝစာ မှတ်ဉာဏ်များက သံသရာ အပိုင်းအစလေးများနှင့်အတူ နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် နစ်မြုပ်နေပါလိမ့်မည်။ မုန့်ချီက နိုးထလာအောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ထို့ကြောင့် နင်စီရင်စုမှ ဓားသမားက အမှန်တကယ် သေမသွားခဲ့ကြောင်း ပြသနေသည်။ ထိုအစား သူကတော့ မှတ်ဉာဏ်များ ဖယ်ရှားခံလိုက်ရပြီး အသိဉာဏ် ပျောက်ကွယ်သွားသည့် အခြေအနေဟုသာ သတ်မှတ်နိုင်၏။ သူ့ကို ဖုတ်ကောင်တစ်ကောင်ဟုလည်း သတ်မှတ်နိုင်၏။ ထိုအရာက အသက်ပြောင်းလဲခြင်းဂိုဏ်း၏ သိသာထင်ရှားသော အရည်အချင်း တစ်ခုလည်း ဖြစ်သည်။

"အတိအကျပဲ ။ အသက်ပြောင်းလဲခြင်းဂိုဏ်း သတ်ပစ်လိုက်တဲ့ ဝေ့ကျင်းအဆင့် ပညာရှင်တွေအားလုံးက ဖုတ်ကောင်တွေ ဖြစ်လာနိုင်တယ်..။ သူတို့ဂိုဏ်းက မူလ စွမ်းအားတွေ ရှိနေသေးတဲ့ အဲဒီဖုတ်ကောင်တွေကို ထိန်းချုပ်နိုင်တယ်..။ သူတို့က ဝေ့ကျင်းအဆင့် ပညာရှင်တွေကို ပိုပြီးတော့များများသတ်လေလေ သူတို့ဂိုဏ်းက ပိုပြီးအစွမ်းထက်လာလေလေပဲ…"

"ဒါက တော်တော်လေးကြောက်စရာကောင်းတယ်... ။ ငါတို့က ချက်ချင်း လှုပ်ရှားမှဖြစ်မယ်... "

မုန့်ချီက နန်းတွင်းနှင့် သိုင်းလောကအဖွဲ့အစည်းများ၏ကိုယ်စား ပြောပေးနေသလို ထင်မှတ်ရသည်။

ယောင်ရှင်းလျှူကလည်း တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

"ငါလည်း ဒီကိစ္စကို ငါ့ဂိုဏ်းဆီ သတင်းပို့လိုက်မယ်... "

လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း အသက်ပြောင်းလဲခြင်းဂိုဏ်းက လူပေါင်းမည်မျှသတ်ခဲ့သနည်း။ စဉ်းစားကြည့်လိုက်မည်ဆိုလျှင် အလွန်ကြောက်စရာကောင်းလှသည်။

သို့သော် ထိုဂိုဏ်းက အမှောင်ထဲတွင် လှုပ်ရှားနေခြင်းဖြစ်ပြီး ဖုတ်ကောင်များ၏ ရုပ်ရည်ကလည်း ပြောင်းလဲနေသည်။ သူတို့နှင့် တွေ့ရသူတိုင်းက အသက်ရှင်ကျန်ရစ်သူ မရှိကြပေ။ ထို့ကြောင့်လည်း ယခုချိန်ထိ လုံးဝပေါ်မလာခြင်း ဖြစ်သည်။

"ငါက တရားဝင် စာတစ်စောင်ရေးပြီး လော့ရန်ကို ပို့လိုက်မယ်... ။ ငါတို့က ဒီနေရာမှာဆက်ပြီး စောင့်နေလို့လည်း ဘာမှအကျိုးမရှိတော့ဘူး..။ မြို့ထဲကိုပြန်ကြစို့ "

မုန့်ချီက အလေးအနက် ပြောလိုက်သည်။

ယောင်ရှင်းလျှူနှင့် လီချုံးတို့ကလည်း ထိုအကြံကို ချက်ချင်း သဘောတူလိုက်ကြသည်။

ယောင်ရှင်းလျှူက လမ်းတလျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။ သူတို့က မြို့ထဲသို့ ဝင်လာပြီး လူခွဲသွားကြတော့မည့်အချိန်တွင် သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"မင်း မင်းက သတ်ဖြတ်ရေးဓား စုမုန့်မဟုတ်လား... "

'ဓားရှည်နှင့် ဓားမောက်တစ်စုံ ၊ ဉာဏ်အလင်းပွင့်မှုအဆင့် ၊ ထိပ်သီးခွန်အား ၊ မျိုးရိုးနာမည် စု…'

လီချုံးက သူ၏အဆင့်အတန်းကို ဖော်ထုတ်ရန် အတွေ့အကြုံ မရှိနိုင်သော်လည်း ယောင်လူငယ်လေးကတော့ ဉာဏ်ကောင်းသည်။ သူက အမှန်တရားကို နားလည်နေ၏။

အစောပိုင်းတွင် ယောင်လူငယ်လေးက ထွက်မပြေးခဲ့ခြင်းကို စဉ်းစားမိသည့်အခါ မုန့်ချီက သူ၏အကျင့်စရိုက်အပေါ် လက်ခံနိုင်သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။

"ဟုတ်တယ်…။ ငါက သတ်ဖြတ်ရေးဓား... "

သူက ထိုအရာကို ငြင်းဆန်၍လည်း အကျိုးမရှိချေ။

"ဒါကြောင့်ကိုး...။ နောက်တစ်ကြိမ် အခွင့်အရေးရှိမယ်ဆိုရင်တော့ ငါက မင်းကို သေချာပေါက် စိန်ခေါ်မယ်... "

ထို့နောက် ယောင်ရှင်းလျှူက စိတ်အားတက်ကြွစွာ ထွက်ခွာသွားခဲ့သည်။

သူ၏အစ်ကိုကြီးကျန်းက ထိုကဲ့သို့ မိတ်ဆွေတစ်ယောက်ကို မည်သည့်နေရာတွင် တွေ့ခဲ့ကြောင်း သူလည်း အံ့ဩနေခဲ့သည်။ အကယ်၍ ကျန်းဝူဂိုဏ်းထဲတွင် လူငယ်မှတ်တမ်း၌ အဆင့်ဝင်သော ပညာရှင်တစ်ယောက်သာ ရှိနေမည်ဆိုလျှင် သူ့လို သိုင်းရူးတစ်ယောက်က သတိမထားမိဘဲ နေမည်လော။

ကြည့်ရသည်မှာတော့ သူ့အစ်ကိုကြီးက ရှောင်လင်ကျောင်းတော်သို့ ခရီးသွားနေစဉ် အတောအတွင်း သူနှင့် ဆုံခဲ့ပုံရသည်။ သူ၏မျိုးရိုးနာမည်ကလည်း စုမုန့် ဖြစ်၏။

"အဘိုးကြီးလီ …

ရှောင်ယွဲ့က ဘယ်နေရာကို ခရီးသွားခဲ့တာလဲ... "

မုန့်ချီကတော့ အမှုတွဲဖိုင်ထဲတွင် ရှောင်ယွဲ့အကြောင်းကို အနည်းငယ်သာ ရေးသားထားသည်ကို ဖတ်ခဲ့ရခြင်း ဖြစ်သည်။ သူက အသေးစိတ် မသိခဲ့ပေ။

ရန်းရှတွင် နှစ်ပေါင်းများစွာ လူဆိုးထိန်း လုပ်လာခဲ့သည့်အတွက် လီချုံးက မည်သည့်အမှုတွဲကိုမျှ ကြည့်စရာမလိုဘဲ ထိုအကြောင်းအရာကို သိနေနိုင်သည်။

"သူက တုန်းရန်နတ်ဘုရားအုတ်ဂူတစ်ခုကို သွားခဲ့တယ်လို့ ပြောကြတယ်... "

"တုန်းရန်နတ်ဘုရားလား... "

မုန့်ချီက ထိုနာမည်ကို ခေါင်းထဲတွင် သေချာပြန်လည်စဉ်းစားနေခဲ့သည်။

ရှေးဟောင်းခေတ်၏ အဆုံးသတ်တွင် အလယ်ခေတ် စတင်ပေါ်ပေါက်လာခဲ့၏။ ထိုအချိန်တွင် လူသားဧကရာဇ်က သူ၏အစွမ်းနှင့် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်စိုးခဲ့သည်။ လူသားမျိုးနွယ်စုထဲတွင်လည်း အစွမ်းထက် ပညာရှင်များ တစ်ယောက်ပြီး တစ်ယောက်ပေါ်လာခဲ့ပြီး တုန်းရန်နတ်ဘုရားကတော့ သူတို့ထဲမှ တစ်ယောက် ဖြစ်သည်။ အကယ်၍ သူက အတော်ဆုံးဟု သတ်မှတ်၍မရလျှင်ပင် သေချာပေါက် ဓမ္မကာရအဆင့် ပညာရှင်တစ်ယောက် ဖြစ်သည်။

သူက ကောင်းကင်ဧကရာဇ်နှင့် ပတ်သက်နေသည်ဟု ပြောကြပြီး လူသားဧကရာဇ် သေဆုံးသွားပြီးနောက် ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်သည့် လူတစ်ယောက်ဟုလည်း ပြောကြသည်။

"အဲဒီအုတ်ဂူထဲမှာ တခြားဘာမှရှာမတွေ့ဘူးလား... "

မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်သည်။ သူမက ထိုနေရာတွင် ဓားအကနှင့် ချွမ်ယွမ်ပုလဲလုံးတို့ကိုသာ လေ့ကျင့်နေခြင်းပေလော။

လီချုံးက ခေါင်းခါပြလိုက်၏။

"ငါလည်း သေချာမသိဘူး..။ အဲဒီအုတ်ဂူက ရေစက်ပါတဲ့သူတွေအတွက်ပဲ ပွင့်တာလို့ ပြောကြတယ်..။ ရှောင်ယွဲ့ကတောင် ဒုတိယတစ်ကြိမ် ဝင်ပေါက်ကို ပြန်မရှာနိုင်ခဲ့ဘူး..။ ကျန်းဝူ ၊ ဟန်ရန် ကျန်း ၊ ပင်ကျင်း ကွေနဲ့ ငါတို့ယပ်တောင် (၆) လက်ကျောင်းက ဝေ့ကျင်းအဆင့် ပညာရှင်တွေတောင် သွားရှာပေမယ့် ဘာမှမတွေ့ခဲ့ရဘူး... "

"ကျွန်တော် နားလည်ပြီ…"

မုန့်ချီက ဆက်မမေးတော့ပေ။

ယပ်တောင် (၆) လက်ကျောင်းသို့ ပြန်ရောက်လာပြီးနောက် သူက အစိမ်းရောင် ဖဲပြားပတ်ထားသော တရားဝင်တံဆိပ်ကို ချက်ချင်း ထုတ်လိုက်ပြီး အပြာရောင် အလင်းတန်းလေးတစ်ခုကို အသက်သွင်းလိုက်သည်။

ထိုအရာက ညအချိန် တာဝန်ကျနေသော လူဆိုးထိန်းများကို လှုပ်ရှားသွားစေနိုင်၏။ သူက ခေါင်းဆောင်ကျန်းကို ရှာတွေ့သွားပြီး သူ့ကို စာရွက်တစ်ရွက်နှင့် စုတ်တံတစ်ခု တောင်းလိုက်သည်။ ထို့နောက် ပို့ဆောင်ရန်အတွက် မိုင်ထောင်ပေါင်းများစွာ ဝင်္ကပါကို စီစဉ်ခိုင်းလိုက်သည်။

မိုင်ထောင်ပေါင်းများစွာ ဝင်္ကပါက မိုင်ပေါင်းတစ်ထောင်ကျော်ကို တခဏအတွင်း လူတစ်ယောက် သို့မဟုတ် ပစ္စည်းတစ်ခု ပို့ဆောင်ပေးနိုင်သည်။ သို့သော် ထိုအရာက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်၏ မှော်စွမ်းအားကဲ့သို့ ကန့်သတ်ချက်များ ရှိနေ၏။

ထိုအရာကို တစ်ကြိမ်လေး အသုံးပြုရန်ပင် အတော်လေး အကုန်အကျများသည်။ ထိုအရာက ယပ်တောင် (၆) လက်ကျောင်းအတွက် သီးသန့်အရာတစ်ခု ဖြစ်၏။ ဌာနချုပ်တစ်ခုချင်းဆီတိုင်းတွင် အကူအညီတောင်းရန်နှင့် အရေးပေါ် အခြေအနေများအတွက် အသုံးပြုကြပြီး လော့ရန်ရှိ ဌာနချုပ်တွင်တော့ အဓိက ပင်မဝင်္ကပါ ရှိသည်။ ထိုဝင်္ကပါကို အထူးတံဆိပ်တစ်ခုနှင့်သာ အသက်သွင်း၍ ရနိုင်၏။

"အနီးအနားမှာရှိတဲ့ စီရင်စု (၄) ခုနဲ့ မြစ်အရှေ့ပိုင်းကို အမိန့်ပေးထားပြီး အဘိုးကြီးကျုံးနဲ့ နင်စီရင်စုက ဓားသမားကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ခိုင်းရမယ်...။ တစ်ယောက်က ရက်စက်ကြမ်းကြုတ်ပြီး တစ်ယောက်က ဉာဏ်ကောင်းတယ်... "

မုန့်ချီက ယနေ့ညတွင် သူကြုံတွေ့ခဲ့ရသော အရာအားလုံးကို သတင်းပို့လိုက်သည်။ ထိုအထဲတွင် အသက်ပြောင်းလဲခြင်းဂိုဏ်းမှ ဖုတ်ကောင်များပင် ပါဝင်နေခဲ့၏။ သူကတော့ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးခြင်းကျင့်စဉ်နှင့် ပတ်သက်သည့် အမှန်တရားကိုတော့ ဖုံးကွယ်ထားပြီး ဖုတ်ကောင်က ထိန်းချုပ်၍ မရတော့ပဲ တန်ပြန်တိုက်ခိုက်ခြင်းဟုသာ ပြောပြခဲ့သည်။

"အဆင်ပြေသွားပြီလား... "

မုန့်ချီက ထိုစာရွက်ကို အဘိုးကြီးလီဆီသို့ ပေးလိုက်ပြီး သူ့တံဆိပ် နှိပ်ခိုင်းလိုက်သည်။

သူက ထိုသို့လုပ်လိုက်သည်မှာ အကြောင်းပြချက် (၂) ခုရှိသည်။ ပထမတစ်ခုကတော့ ထိုသတင်းပို့သည့် အကျိုးဆောင်မှုကို အဘိုးကြီးလီ၏ အကျိုးဆောင်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်စေလိုခြင်း ဖြစ်သည်။ ဒုတိယတစ်ချက်ကတော့ အကျိုးဆောင်မှု တစ်စိတ်တစ်ပိုင်းကို ခေါင်းဆောင်ကျန်းဆီသို့ ပေးလိုခြင်းဖြစ်သည်။

လီချုံးကတော့ စိတ်လှုပ်ရှားစွာ တုန်ယင်နေခဲ့၏။ သူက စာကို လျင်မြန်စွာ ဖတ်ကြည့်လိုက်ပြီး တံဆိပ်နှိပ်လိုက်သည်။ ထို့နောက် ကျန်းကျူးရှန်ကို ပေးလိုက်၏။ ကျန်းကျူးရှန်ကရော အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်းစု၏ တောင်းဆိုမှုကို ငြင်းဆန်နေမည်လော။ ထို့ပြင် သူ့ကိုလည်း အနည်းငယ် အကျိုးဆောင်ခွင့် ပေးသည့်အတွက် သူလည်း ကျေနပ်နေခဲ့သည်။ သူက ချက်ချင်းပင် သူ့နာမည်ကို ရေးထိုးလိုက်၏။

မုန့်ချီက သူတို့ကိုကြည့်ပြီး ကျေနပ်စွာ ပြုံးလိုက်သည်။ အဖွဲ့အစည်းတစ်ခု ရှိနေသည်မှာ ထိုကဲ့သို့ အကျိုးအမြတ်တစ်ခု ရှိသည်။ သူ၏သိုင်းပညာနှင့် ပတ်သက်သော အချက်အလက်များ အားလုံးက သူ့ဆီတွင်သာရှိနေပြီး ဖုံးကွယ်ချင်သည့် အရာများကို ဖုံးကွယ်ထား၍ ရသည်။ ထိုစာကို ပို့လိုက်ပြီးနောက် သူက ပြောလိုက်၏။

"အဘိုးကြီးကျုံးရဲ့ ခြေရာလက်ရာက ပျောက်သွားပြီ ။ အခုကျွန်တော်တို့က ချိုးမိသားစုကို စစ်ဆေးရမယ်...။ လူဆိုးထိန်းကိုင်က ဘယ်လှေပေါ်ကို တက်ခဲ့တာလဲဆိုတာ ကျွန်တော်တို့ မသိသေးဘူး...”

“အမှုတွဲဖိုင်တွေအရဆိုရင်တော့ ညအချိန်ဆိပ်ကမ်းမှာ ချိုးမိသားစုရဲ့လှေ (၃)စီးပဲ ရှိတယ်... "

ကျန်းကျူးရှန်က အမှုတွဲဖိုင်ကိုကြည့်ပြီး တလေးတစား ပြန်ပြောလိုက်သည်။

"(၂) စီးကတော့ မြစ်အရှေ့ပိုင်းကနေ ရောက်လာတာ...၊ တစ်စီးကတော့ ယဲ့တူကနေ ရောက်လာတာ..။ ဒါဆိုရင်တော့ မြစ်အရှေ့ပိုင်းကနေ ရောက်လာတဲ့လှေ (၂) စီးထဲက တစ်စီးပဲ ဖြစ်နိုင်တယ်... "

မုန့်ချီက ရိုးရှင်းစွာ ကောက်ချက်ချလိုက်သည်။

ကျန်းကျူးရှန်နှင့် လီချုံးတို့ (၂) ယောက်လုံးကလည်း အလားတူ သုံးသပ်ထားကြောင်း သူလည်း သိနေသည်။ သို့သော် သူတို့ (၂) ယောက်လုံးက သူ့စကားကို စောင့်နေကြ၏။

"အစိမ်းရောင်လက်ပတ်ဝတ် ဆရာလေးစုက တကယ်ကို ဉာဏ်ကောင်းတာပဲ…"

လီချုံးက သူ့ကို ချက်ချင်း ချီးကျူးလိုက်သည်။

"ဒါဆိုရင် ကျွန်တော်တို့က ညပိုင်းလှေ (၂) စီးကိုသွားပြီး စစ်ဆေးဖို့ပဲ လိုအပ်တယ်လို့ ပြောရမယ်... "

ကျန်းကျူးရှန်က မျက်မှောင်ကြုတ်လိုက်မိ၏။

"အမှုဖြစ်တာက တစ်လကျော် ကြာနေပြီ ။ ချိုးမိသားစုက ခြေရာလက်ရာတွေကို ရှင်းပြီးလောက်ပြီ ။ ပြီးတော့ မြစ်အရှေ့ပိုင်းမှာရှိတဲ့ လှေတစ်စီးကလည်း ကုန်တင်ဖို့ ထွက်သွားပြီ ။ ကျွန်တော်တို့က လူတချို့ကိုဖမ်းပြီး စစ်ဆေးမေးမြန်းလိုက်ရင် မကောင်းဘူးလား... "

"အဲဒါက ကိစ္စမရှိပါဘူး... ။ အရင်ဆုံးဆိပ်ကမ်းကိုသွားပြီး အမှုတွဲ တည်ဆောက်ကြစို့.."

မုန့်ချီက ပြောလိုက်သည်။ သူ့ပုံစံက နာမည်ကျော် စုံထောက်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူလိုအပ်နေသည်မှာ ဆေးတံကြီးတစ်ချောင်းသာ ဖြစ်သည်။

"အမှုတွဲ တည်ဆောက်ဖို့လား... ။ အဲဒါက ဘာလဲ…"

စုံစမ်းစစ်ဆေးမှုတွင် အတွေ့အကြုံရှိသော ကျန်းကျူးရှန်နှင့် လီချုံးတို့ကပင် ထိုစကားကို လုံးဝ မကြားဖူးကြပေ။

သိပ်မကြာခင် ညရောက်လာပြီး သူတို့ (၃) ယောက်က ဆိပ်ကမ်းသို့ လျှောက်လာကြ၏။

"လူဆိုးထိန်းကိုင်က ချိုးမိသားစုလှေပေါ်ကနေ ဆင်းလာပြီး ဒီနေရာအထိ လျှောက်လာပြီးမှ လှေထိုးသားနဲ့ တိုက်မိသွားခဲ့တာ..။ အခုကျွန်တော်တို့ကလည်း သူလျှောက်လာသလိုမျိုး လျှောက်လာနေကြတာပဲ…"

မုန့်ချီက ကျန်းကျူးရှန်နှင့် လီချုံးတို့ကို လှေထိုးသား၏ ပုံစံအတိုင်း ပြောပြနေသည်။

ရန်းရှဆိပ်ကမ်းတွင် လှေပေါင်းများစွာ ရှိနေသည်။ တချို့လှေကြီးများကတော့ အလွန်ကြီးမားလွန်းလှ၏။ မုန့်ချီ၏နောက်မှ လိုက်လာပြီးနောက် ကျန်းကျူးရှန်နှင့် လီချုံးတို့က ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သဲလွန်စများ တွေ့လိုက်ရသည်။

"လှေထိုးသားရဲ့မျက်လုံးထဲမှာတော့ ချိုးမိသားစုရဲ့လှေတစ်စီးပဲ ရှိတယ်... "

ကျန်းကျူးရှန်က လေးလေးနက်နက် ပြောလိုက်သည်။

ထိုနေရာမှကြည့်လိုက်မည်ဆိုလျှင် ချိုးမိသားစု၏လှေ (၃) စီးက ပျောက်ကွယ်နေသည်။ နောက်ဆုံးတွင်တော့ အမှုတည်ဆောက်ခြင်းဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း လီချုံးက နားလည်သွား၏။ သူက အံ့အားသင့်စွာ ပြောလိုက်သည်။

"အဲဒီလှေက မြစ်အရှေ့ပိုင်းကနေ ရောက်လာတာ...။ ပြီးတော့ အခုချိန်ထိ လှေကျင်းထဲမှာ ပြန်ပြီးပြင်ဆင်နေတုန်းပဲ ရှိသေးတယ်... "

သူက အမှုတွဲထဲရှိ အချက်အလက်များကို အမှတ်ရသွားခဲ့၏။

"ဒါက ကြိုတွေးထားတဲ့ သဲလွန်စတစ်ခုပဲ…"

မုန့်ချီက စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ပြီး ပြောလိုက်သည်။ သူက သူတို့(၂)ယောက်ကို ဦးဆောင်ပြီး အနီးအနားတွင် ရှိနေသော လှေကျင်းဆီသို့ အလျင်အမြန် ထွက်သွားခဲ့၏။

သူတို့က အစောင့်အကြပ် နည်းပါးသော လှေဆီသို့ တိတ်တဆိတ် ခိုးဝင်သွားခဲ့သည်။ ထိုနေရာတွင် မည်သည့် သဲလွန်စမျှမရှိဘဲ ရှင်းလင်းနေ၏။ သိပ်မကြာခင် လှေက ဆိုးဆိုးဝါးဝါး ထိခိုက်နေသည့်အတွက် တစ်လကျော်သည်ကိုပင် ပြင်ဆင်၍ မပြီးသေးကြောင်း တွေ့လိုက်ရသည်။

"ဒီပျက်စီးမှုတွေက တိုက်ခိုက်မှုကြောင့် ရလာတာ မဟုတ်ဘူး... "

ကျန်းကျူးရှန်က ကောက်ချက်ချလိုက်သည်။

လီချုံးက ဆောင့်ကြောင့်ထိုင်ပြီး လှေကိုစစ်ဆေးကြည့်လိုက်၏။

"ပျက်စီးမှုတွေက အတွင်းထဲမှာ ဖြစ်နေတာ... ။ ကြည့်ရတာ ခံနိုင်ရည်မရှိတော့တဲ့ ပုံစံမျိုးပဲ…"

လူဆိုးထိန်းကိုင်က မြစ်အရှေ့ပိုင်းမှနေ၍ ရန်းရှသို့ လဝက်အတွင်းသွားခဲ့သည်ကို မုန့်ချီက ရုတ်တရက် အမှတ်ရသွားခဲ့သည်။

"ဒီလှေက ပြင်ပစွမ်းအားရဲ့ အကူအညီနဲ့ လဝက်အတွင်း ရန်းရှကို မြန်မြန်ရွက်လွှင့်လာတဲ့ လှေပဲဖြစ်မယ်... "

"အဲဒါဖြစ်နိုင်တယ်... "

ကျန်းကျူးရှန်နှင့် လီချုံးတို့ကလည်း အလွန်ထူးခြားသော အခြေအနေကို နားလည်သွားကြသည်။

"လဝက် ၊ ချိုးမိသားစုက ဒီလောက်ထိ အလျင်စလိုဖြစ်နေတယ်ဆိုတော့ ဘာတွေဖြစ်ခဲ့တာလဲ... "

ကျန်းကျူးရှန်က မျက်မှောင်ကြုတ်လိုက်မိ၏။ လွန်ခဲ့သောလအတွင်း ချိုးဖေးက တည်ငြိမ်နေပြီး စိုးရိမ်ပူပန်နေသည့် အခြေအနေမျိုး မပြခဲ့ပေ။

မုန့်ချီက ခဏရပ်ပြီး ပြောလိုက်၏။

"ဒီကိစ္စမှာ လူတွေအများကြီး ပတ်သက်နေတယ်..။ ဒီတော့ ဆရာကြီးတို့ (၂)ယောက်က ပြန်သင့်တယ်..။ ကျွန်တော်က လှေကို စောင့်နေတဲ့ ချိုးမိသားစုအစောင့်တွေကို မေးလိုက်မယ်... "

"ကောင်းပါပြီ ၊ အစိမ်းရောင်လက်ပတ် စု …"

သူတို့က မည်သည့်စကားမျှ မပြောရဲကြပေ။

သိပ်မကြာခင် မုန့်ချီက မည်သူမျှ သတိမထားမိဘဲ အစောင့်တစ်ယောက်ကို ဖမ်းလိုက်သည်။ သူက အစွမ်းထက်သော စိတ်ဝိညာဉ်ကို ထုတ်လွှတ်ပြီး မေးလိုက်၏။

"မင်းတို့က မြစ်အရှေ့ပိုင်းကနေ ဒီလှေစီးပြီး ဒီနေရာကို ရောက်လာတာလား... "

"ဟုတ်ပါတယ်... "

အစောင့်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"မင်းက တစ်ခုခုထူးခြားတာ သတိထားမိလား... "

မုန့်ချီက ဆက်၍ မေးလိုက်၏။

အစောင့်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့က ညအချိန် တော်တော်လေးကို မြန်မြန်ဆန်ဆန် ရွက်လွှင့်လာခဲ့ကြတယ်..။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့နောက်ကနေ ရန်သူတွေ လိုက်လာမှာကို စိုးရိမ်ခဲ့လို့ပါ... "

"ရန်သူတွေ ဟုတ်လား... "

မုန့်ချီက မျက်ခုံးပင့်၍ မေးလိုက်မိသည်။

အစောင့်က ပြန်ဖြေလိုက်၏။

"သခင်ကြီးကတော့ အဲဒီမှာရန်သူတွေရှိတယ်လို့ ပြောတယ်... "

"ဘာလို့ အဲဒီမှာ ရန်သူတွေရှိရတာလဲ..။ မင်းက တစ်ခုခုကြားခဲ့သေးလား... "

မုန့်ချီက မေးလိုက်သည်။

အစောင့်က ခေါင်းခါပြလိုက်၏။

"ကျွန်တော်မသိဘူး..။ ဒါပေမယ့် ကျွန်တော် ညစောင့်တာဝန်ကျနေတဲ့အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ဘူး..။ အဲဒီအချိန်မှာ သခင်ကြီးက မြစ်ထဲမှာ ရန်သူတွေနဲ့ တိုက်ခိုက်နေတာကို သတိထားမိခဲ့တယ်.။ သူတို့က တုန်းရန်စံအိမ်ဆိုတဲ့ စကားလုံးမျိုး ပြောနေတာကိုလည်း ကြားတယ်... "

"တုန်းရန်စံအိမ်လား.. "

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိသည်။

Translated by Hein Htet

All Chapters