← Chapters

အခန်း (၂၈၃)

Vol. 19 Ch. 283

အခန်း (၂၈၃)

Vol. 19 Ch. 283

ကျန်းဟန်ချွန်၏ နောက်ကျောကိုကြည့်ပြီး မုန့်ချီက ခေါင်းခါလိုက်မိသည်။ နောက်ဆုံးတွင်တော့ သူ၏မျက်လုံးထဲတွင် ဇဝေဇဝါဖြစ်နေသော အမူအရာ တစ်ခုပေါ်လာခဲ့၏။

ထို့နောက် သူလည်း သူရဲကောင်းကျောင်းဆောင်မှ ဆင်းသွားခဲ့ပြီး ခုံယုံးဝါကျောင်းဆောင်ဆီသို့ ထွက်လာခဲ့၏။ သူ့ကို ကျားကွက်ခုံပေါ်ရှိ ကျားစေ့လေးတစ်စေ့အဖြစ် သတ်မှတ်ထားခြင်း မရှိသည့်အတွက် သူက လူငယ်ပညာရှင်တိုင်းဆီကို ပွင့်ပွင့်လင်းလင်း သွားလည်နိုင်ပြီး သူကိုယ်တိုင်က လျှို့ဝှက်သတင်းပေးဟူသော အဆင့်အတန်းကို မပေါ်စေဘဲ လူဆိုးက မည်သို့ဖြေရှင်းမလဲ သိချင်နေသည်။

ထိုအရာကတော့ တဆက်တည်း စမ်းသပ်ကြည့်ခြင်းဟု ခေါ်နိုင်၏။

မြို့၏အရှေ့ဘက်ပိုင်းတွင် တည်ရှိနေသော ခုံယုံးဝါကျောင်းဆောင်က မနက်ခင်း နေရောင်ခြည်အောက်တွင် ရှိနေပြီး တည်ငြိမ်‌အေးချမ်းမှုကို ခံစားနေရသည်။ ချင်ယုက ဧည့်သည်အဆောင်တွင် နေထိုင်၏။

မုန့်ချီက ဧည့်ကြိုတာအိုသခင်၏ ဦးဆောင်မှုနှင့် တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် ချင်ယုက သူ့ကို နောက်ကျောပေးထားကြောင်း မြင်လိုက်ရသည်။ သူက ကောင်းကင်ဧကရာဇ်ကို အရိုအသေပေးနေသည်မှာ နေ့စဉ်လုပ်ရိုး လုပ်စဉ်တစ်ခုပမာ ထင်မှတ်ရသည်။

သူက အစိမ်းရောင်သူတော်စင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် ခရမ်းရောင်ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ သူ၏လှုပ်ရှားမှုများက လူငယ်တစ်ယောက်နှင့် မတူညီဘဲ အလွန်အသေးစိတ်ကျသလို ထင်မှတ်ရသည်။

သူ့ပုံစံက အကြောင်းအရာတစ်ခုတည်းကိုသာ စိတ်ဝင်စားနေသော အကြီးအကဲ တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်တစ်ဝက်ခန့်က အချိန်ယန္တရားကြီးထဲတွင် နစ်မြုပ်နေသလို ခံစားနေရသည်။

မနက်ခင်းတွင် အဘိုးအိုတစ်ယောက်ကို ကြည့်နေသလိုမျိုး ခံစားနေရသည့်အတွက် မုန့်ချီက သူ့ကို မနှောင့်ယှက်ခဲ့ပေ။ သူကတော့ တည်တည်ငြိမ်ငြိမ်နှင့် ထိုင်ခုံတစ်လုံးတွင် ထိုင်ပြီး ချင်ယုကို စောင့်နေခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက် ချင်ယုက ဝတ်ပြုပြီးသွားသည့်အချိန်တွင် ပြန်လှည့်လာပြီး အချိန်ဓားကို သယ်ဆောင်၍ မုန့်ချီဆီကို လျှောက်လာခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် နားလည်ရန် ခက်ခဲသော အပြုံးတစ်ခုပေါ်လာခဲ့၏။

"မနေ့ညတုန်းကတော့ တော်တော်လေးကို ကောင်းတဲ့ ပြဇာတ်တစ်ပုဒ်မြင်ခဲ့ရတယ် … "

"ပြဇာတ်တစ်ပုဒ် ဟုတ်လား …"

မုန့်ချီကတော့ သတိလက်လွတ် ပြန်မေးလိုက်မိသည်။ သို့သော် သူက ချင်ယုဆိုလိုသည့်အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွားခဲ့၏။

အလွန်ထူးဆန်းသော ဇာတ်ကွက်က သမားရိုးကျဆန်သည်ဟု ထင်မှတ်ရသော်လည်း ဟာကွက်များစွာ ပြည့်နှက်နေသည်။ ချင်ယုက ပြုံးနေခြင်းကို ရပ်တန့်လိုက်ပြီးနောက် တည့်တည့်ထိုင်ပြီး မေးလိုက်သည်။

"ဒကာလေး ချီ … ဘာလို့ ဒီကိုရောက်လာတာလဲ …"

"မင်းက မြောင်လင်ကို ဘာလို့ ရောက်လာတာလဲဆိုတာ သိခွင့်ရှိမလား … "

မုန့်ချီကတော့ ဖုံးကွယ်နေခြင်းမရှိဘဲ တည့်တည့်သာ မေးလိုက်သည်။

ချင်ယုက မျက်ခုံးပင့်လိုက်မိသော်လည်း ရယ်မောနေခြင်း မရှိဘဲ ပြောလိုက်၏။

"ဒါဆိုရင် မင်းက သူ မဟုတ်ဘူး…"

"ငါ မဟုတ်ပါဘူး…"

မုန့်ချီက ရှက်ရွံ့နေပုံ မရဘဲ ပြန်ဖြေလိုက်သည်။

ချင်ယုက သူ့မေးခွန်းကို တိုက်ရိုက်ပြန်မဖြေဘဲ အချိန်ဓားပေါ်တွင် ရှိနေသော ကြယ်များကို ပွတ်သပ်လိုက်သည်။ ထို့နောက် သူက မေးလိုက်၏။

"မင်းက အဲဒီလိုမဟုတ်မှတော့ ဘာလို့ ငါက အဲဒီအကြောင်းတွေ ပြောပြရမှာလဲ…"

"ဘာလို့လဲဆိုတော့ အဲဒီကိစ္စက မနေ့ညတုန်းက ငါ ထောင်ချောက်ထဲကို ကျသွားတဲ့ ကိစ္စနဲ့ပတ်သက်နေတယ်…"

မုန့်ချီက ပြောလိုက်သည်။

ချင်ယုက ထိုမေးခွန်းကို ပြန်မဖြေသေးဘဲ မုန့်ချီကို စိုက်ကြည့်နေခဲ့၏။ သူက တန်ဖိုးရှိသော အချက်အလက်များကို မပေးသရွေ့ စကားပြောမည့်ပုံ မရှိချေ။

မုန့်ချီက ထပ်ပြောလိုက်၏။

"မိုင်တစ်ရာထိတ်လန့်ခြင်းက ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာ သူ့မိသားစုက အခွင့်အရေးနဲ့ ပတ်သက်နေလို့ပဲ။ အသက်ထိန်းသိမ်းသူက ဒီနေရာကို ရောက်လာတယ်ဆိုတာ တစ်စုံတစ်ယောက်က သူနဲ့ ထောင်ချောက်တွေ ယှဉ်ပြိုင်ဖို့အတွက် စိန်ခေါ်ထားလို့ပဲ။ ပြီးတော့ မြောင်လင်ကို ရောက်လာကြတဲ့ သခင်လေးတွေ အားလုံးက ကျားစေ့လေးတစ်စေ့လို သတ်မှတ်ခံထားရတယ်.."

ချင်ယုက အချိန်ဓားကို ရုတ်တရက် တင်းကြပ်စွာ ကိုင်လိုက်မိပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ရေခဲတုံးပမာ အေးစက်နေဆဲသာ ဖြစ်သည်။

သူက ပြောလိုက်၏။

"မြောင်လင်မှာ အမွေအနှစ်တစ်ခုရှိတယ်လို့ လူတစ်ယောက်က ငါ့ကို ပြောခဲ့တယ်။ လူငယ်မှတ်တမ်းရဲ့ထိပ်ဆုံး (၁၀)ယောက်ထဲမှာရှိတဲ့ ပညာရှင်တွေ အပါအဝင် လူငယ်ပညာရှင်တွေ အများကြီး ဒီနေရာကို ရောက်လာကြတယ်။ ငါက စွမ်းရည်ပြသနိုင်သလို သူတို့ဆီကနေ အတွေ့အကြုံတွေလည်း သင်ကြားလို့ရတယ်။ ဒါကြောင့် ငါက ဒီနေရာကို ရောက်လာတာ…"

"ဒါဆိုရင် မင်းက သူတို့ကို စိန်ခေါ်ချင်ရုံ သက်သက် ရောက်လာခဲ့တာလား…"

သူက မေးလိုက်သည်။ သူရဲကောင်းကျောင်းဆောင်ပေါ်တွင် ချင်ယုပြောခဲ့သော စကားများကို ပြန်လည်စဉ်းစားခဲ့ပြီးနောက် မုန့်ချီက ထိုအကြောင်းပြချက်ကို ယုံကြည်နေခဲ့သည်။

ချင်ယု စိတ်အားထက်သန်စွာ ပြောလိုက်၏။

"ဟုတ်တယ်…။ ငါက လောကတစ်ခွင်လုံးမှာရှိတဲ့ သူရဲကောင်းတွေအားလုံးနဲ့တွေ့နိုင်ဖို့ ယုံကြည်နေခဲ့တာ…"

"မင်းကို အဲဒီအကြောင်းတွေ ဘယ်သူပြောခဲ့သလဲဆိုတာ ငါ သိလို့ရမလား…"

မုန့်ချီက ထိုကိစ္စကို အလေးထားပြီး မေးလိုက်သည်။

ချင်ယုက ခေါင်းခါပြီး ပြောလိုက်၏။

"ငါမသိဘူး။ လူတစ်ယောက်က ငါ့ဆီကို စာတစ်စောင် ပို့လိုက်တာ။ အဲဒီလို ခိုးကြောင်ခိုးဝှက်လုပ်တတ်တဲ့ လူဆိုးတွေက ငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး‌လေ။ ပြီးတော့ မြောင်လင်က ပညာရှင်များစွာ စုစည်းနေတဲ့ နေရာတစ်ခု ဖြစ်နေတာပဲ။ ဒါကြောင့် အချိန်အကြာကြီး အနားယူပြီးတဲ့နောက် ငါက မြောင်လင်ကို လာဖို့ စိတ်ကူးရခဲ့တယ်…”

“အမှန်တကယ်လည်း ငါယုံကြည်နေတဲ့အတိုင်း ဖြစ်လာတာပဲ။ ဒါပေမဲ့ ငါက တခြားလူတစ်ယောက်ရဲ့ ကျားစေ့လေး ‌တစ်စေ့အဖြစ် သတ်မှတ်ခံထားရလိမ့်မယ်လို့ မထင်ထားဘူး…"

သူက ဒုတိယတစ်ပိုင်းကို ပြောလိုက်သည့်အချိန်တွင် အနည်းငယ် အံကြိတ်ထားမိသည်။

"အမှန်အတိုင်းပြောရရင်တော့ ဒီအခြေအနေကို ဖျက်ဆီးဖို့ လွယ်ပါတယ်…"

မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

ချင်ယုက သူ့လက်ကို ဓားပေါ်တွင် အေးအေးဆေးဆေး တင်ထားပြီး ပြောလိုက်သည်။

"ငါက နောက်ထပ်သတင်းတွေကိုပဲ ပိုပြီးတော့ ကြားချင်တယ်…”

“သူတို့က ဘယ်လိုထောင်ချောက်တွေ လှည့်ကွက်တွေပဲ စီစဉ် စီစဉ် မင်းတို့သာ မြောင်လင်ကနေ ထွက်သွားပြီး အိမ်ပြန်လိုက်မယ်ဆိုရင် သူတို့လုပ်ထားတဲ့ အရာတွေအားလုံး အချည်းနှီး ဖြစ်သွားမှာပဲ…"

ထိုစကားကို ပြောနေသည့်အချိန်တွင် မုန့်ချီကတော့ အိမ်မှထွက်ပြေးလာသော ကလေးတစ်ယောက်ကို မိဘများ၏ လက်ထဲသို့ ပြန်ရန် ဖျောင်းဖျနေသလို ခံစားနေရသည်။

ချင်ယုက နှာခေါင်းရှုံ့လိုက်၏။

"ငါက ကြွက်တစ်ကောင်လို ကြောက်နေရမှာလား။ သူတို့က ငါ့ကို ကျားစေ့ တစ်စေ့အဖြစ် သတ်မှတ်ထားတော့ ငါက သူတို့ရဲ့ကျားကွက်ခုံကို မှောက်ပစ်လိုက်မယ်ဆိုရင် သူတို့က ဘာလုပ်နိုင်ဦးမှာလဲ…။ ပြီးတော့ ငါက ပိုပြီးတော့ အာရုံစိုက်လေလေ ပိုပြီးများပြားတဲ့ ပညာရှင်တွေက အဲဒီအရာကို စိတ်ဝင်စားလာလေလေပဲ။ ငါက သူတို့ဆီကို သွားမလည်ဘဲ ဘယ်လို့ထွက်သွားရမှာလဲ… "

ချင်ယု၏ သဘောထားက အလွန်ခိုင်မာနေသည်ကို မြင်လိုက်ရသည့်အခါ မုန့်ချီက သူ့ကို ဖျောင်းဖျနေခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက ပြောလိုက်၏။

"ဒါဆိုလည်း နောက်ပိုင်းသဲလွန်စတစ်ခုခုတွေ့ရမယ်ဆိုရင် ကျေးဇူးပြုပြီး ငါ့ကို ပြောပြပေးပါ… "

ချင်ယုက သူ၏အချိန်ဓားကို ကိုင်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် မောက်မာမှုနှင့် ခေါင်းမာမှုများ ပျောက်ကွယ်သွားခဲ့သည်။ သူက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

"မင်းက ငါပေးမဲ့ သဲလွန်စတွေကို ယူနိုင်တဲ့ အရည်အချင်းရှိလားဆိုတာ သက်သေပြဖို့တော့ လိုတယ်။ တကယ်လို့ ငါ ကြိုးကြိုးစားစား ရှာဖွေထားရတဲ့ သတင်းတစ်ခုကို ပေးပြီးကာမှ မင်းက လူမသိ သူမသိ အမှောင်ထဲမှာ သေသွားမယ်ဆိုရင် ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေက အချည်းနှီးဖြစ်သွားမှာပေါ့။ မဟုတ်ဘူးလား …"

ချင်ယုပြောချင်သော စကား၏ အဓိပ္ပာယ်ကို နားလည်နေသည့်အတွက် မုန့်ချီက ရင်ဘတ်ပေါ်သို့ လက်တင်ပြီး ဦးညွတ်လိုက်သည်။

"ကျေးဇူးပြုပြီး ငါ့ကို လမ်းညွှန်ပေးလို့ ရပါတယ်…"

ချင်ယုက သူ့ဓားကို ချက်ချင်း ဆွဲမထုတ်ဘဲ မုန့်ချီ၏ မျက်လုံးကို စိုက်ကြည့်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

"ငါ လေ့ကျင့်ထားတဲ့ ဓားပညာက ကောင်းကင်အင်ပါယာသိုင်းကျမ်းထဲမှာရှိတဲ့ အင်ပါယာဓား(၅)သွယ်ပဲ။ စုစုပေါင်းဓားသိုင်းကွက် (၅)မျိုး ရှိတယ်။ အဲဒါကနေမှ အမျိုးပေါင်းများစွာ ခွဲထွက်နိုင်တယ်…"

သူစကားပြောနေသည့်အချိန်တွင် သူ၏ အရှိန်အဝါက တဖြည်းဖြည်းမြင့်တက်လာပြီး အလွန်ထူးခြားနေပုံရသည်။ သူက သာမန်လူများကို အထင်သေးပြီး ကောင်းကင်ဘုံကိုသာ ရိုသေပုံရသည်။ သူ၏ပတ်ပတ်လည် လေထဲတွင် ရှိနေသော အရာအားလုံးကလည်း အနည်းငယ် လှုပ်ရှားသွား၏။

"ရှေးအချိန်တုန်းကတော့ အရှေ့ပိုင်းဘိုးဘေး ချင်တိ ၊ အနောက်ပိုင်း ရွှေဧကရီ ၊ မဟူရာ သူတော်စင် စစ်သည်တော် ၊ မီးတောက်အင်ပါယာ ဖန်းကျိတို့က ဒီကမ္ဘာကြီးထဲမှာ နေရာယူထားကြတယ်။ သူတို့တွေကိုတော့ နယ်မြေ (၅)ခုရဲ့ အင်ပါယာ (၅)ယောက်လို့ ခေါ်ကြတယ်…"

ထိုအထဲတွင် အလယ်ပိုင်းမှ ကောင်းကင်အင်ပါယာလည်း ပါဝင်‌နေသည်။ သို့သော် သူတို့က ကောင်းကင်ဧကရာဇ်ထက် နိမ့်ကျနေသေး၏။ ထို့ကြောင့် ကောင်းကင်ဧကရာဇ်က ရှေးဟောင်းကာလကို အုပ်စိုးထားသည်ဟု ချင်ယုက သူ့ကို ပြောပြခဲ့သည်။

သူတို့ထဲတွင် မီးတောက်အင်ပါယာ ဖန်းကျိက မကောင်းဆိုးဝါး သူတော်စင် တစ်ယောက်ဖြစ်၏။ ကောင်းကင်ခုံရုံး ပျက်စီးသွားပြီး မကောင်းဆိုးဝါးများ လွှမ်းမိုးလာသည့်အချိန်တွင် သူလည်း အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ကောင်းကင် (၉)သွယ်က ပျောက်ကွယ်သွားပြီး ကောင်းကင်ဧကရာဇ်က သေဆုံးသွားခဲ့၏။ တခြားသော အင်ပါယာ (၃)ယောက်ကလည်း ပျောက်ကွယ်ပြီး သေဆုံးသွားကြသည်။

တိုက်ပွဲထဲရှိ သူ၏ချီစွမ်းအင်လှုပ်ရှားမှုနှင့် စိတ်ဝိညာဉ်စွမ်းအားများကြောင့် မုန့်ချီ၏ အရှိန်အဝါက ကျောက်တုံးစားပွဲ ၊ ကျောက်တုံးထိုင်ခုံ ၊ အစိမ်းရောင်မြက်ပင် ၊ သစ်ပင်ကြီးများ ၊ ခုံယုံးဝါ ကျောင်းဆောင်ထဲရှိ မီးခိုးငွေ့များနှင့်အတူ လိုက်လျောညီထွေ ပြောင်းလဲသွားခဲ့သည်။

သူ၏ပတ်ပတ်လည်တွင် ကမ္ဘာကြီးထဲရှိ အရာများအားလုံး လွှမ်းခြုံလာသလို ခံစားလိုက်ရ၏။ သို့သော် သူကတော့ ဤကမ္ဘာကြီးထဲတွင် မရှိတော့သလို ခံစားလိုက်ရသည့်အတွက် ပြောလိုက်သည်။

"ငါ လေ့ကျင့်ထားတဲ့ ဓားသိုင်းပညာက အနတ္တကျိန်စာဖျက်ဓားပညာပဲ။ ပြောင်းလဲမှုများတဲ့ ကမ္ဘာကြီးထဲမှာ အင်မော်တယ်တွေနဲ့ သာမန်လူသားတွေကတောင် အကျိုးတရားနှင့် အကြောင်းတရားကို မရှောင်လွှဲနိုင်ကြဘူး…"

သူ မိတ်ဆက်ပေးလိုက်သော ဓားသိုင်းပညာက အနတ္တကျိန်စာဖျက် ဓားပညာဖြစ်သည်။ ထိုအချိန်တွင် သူကလည်း ထိုဓားပညာ၏ နှလုံးကျင့်စဉ်များကို အသက်သွင်းလိုက်ရာ သူ၏စိတ်ဝိညာဉ်စွမ်းအားက သူ၏ ပတ်ဝန်းကျင်နှင့် ဆက်တိုက်ပေါင်းစပ်လာခဲ့၏။

တစ်ချိန်တည်းတွင် မုန့်ချီက အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်ကို သုံးပြီး သူ၏ အပြင်ကြွက်သားများ တုန့်ပြန်မှုကို ပြောင်းလဲ၍ ခန္ဓာကိုယ်အနှံ့တွင် ရှိနေသော ချီစွမ်းအင်များကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ကျက်လိုက်သည်။ သူက ချင်ယု၏ အခြေအနေကို စစ်ဆေး၍ မရနိုင်သည့်အတွက် ချင်ယုကလည်း သူ့ကို စစ်ဆေး၍ မရစေရန် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ချင်ယုက သူ၏အချိန်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ သူ၏ လှုပ်ရှားမှုက ရိုးရှင်းပြီး ထူးဆန်းစွာ သတိထားနေခဲ့သည်။ သူက အချိန်ကို မနှောင့်ယှက်ရဲသည့်အတွက် သူ့အတိုင်း ထိန်ချန်ထားလိုက်သလို ထင်မှတ်ရသည်။ ထိုအချိန်တွင် ဓားအလင်းတန်းတစ်ခု တောက်ပလာပြီး ရေစီးကြောင်းတစ်ခုသဖွယ် ထွက်ပေါ်လာခဲ့၏။

ချီစွမ်းအင်များ၏ လှုပ်ရှားမှုကြောင့် မုန့်ချီကလည်း ပုံရိပ်ယောင်တစ်ခုသဖွယ် သူ၏ဓားလက်ကိုင်ကို အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်သည်။

ချင်ယုက ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ငွေရောင်အလင်းတန်းများ တောက်ပလာသည်ကို မြင်လိုက်ရ၏။

ရှင်သန်ခြင်းက တိုတောင်းပြီး သေဆုံးခြင်းကလည်း အတူတူသာ ဖြစ်သည်။ ထိုအရာက မျက်စိတမှိတ်အတွင်း ဖြစ်လာနိုင်၏။ အဆုံးမဲ့ ငယ်ရွယ်နုပျိုခြင်းကတော့ သူတို့၏ ဘဝတစ်လျှောက်လုံးကို ဆက်တိုက်ပြောင်းလဲလာစေနိုင်သည်။ ထိုအရာက သာမန်လူသားများ၏လိုချင်တပ်မက်မှုလည်း ဖြစ်၏။

မုန့်ချီက သူ၏စိတ်အခြေအနေကို သိသိသာသာ ပြောင်းလဲလိုက်နိုင်ပြီးနောက် သူ့ဓားကို ထိုမျှလျင်မြန်စွာ ဆွဲထုတ်နိုင်ခဲ့သည်။ သူက တခဏအတွင်း ဓားချက်ပေါင်းများစွာ တိုက်ခိုက်လိုက်၏။

ထိုလှုပ်ရှားမှုများအားလုံးက တပြိုင်နက်တည်းနီးပါး ထွက်လာခဲ့သည့်အချိန်တွင် အချိန်ယန္တရားထဲတွင်တော့ အငွေ့အသက်များ ကျန်နေနိုင်သေးသည်။ ချီစွမ်းအင်များ လှုပ်ရှားလာသည့်အချိန်တွင် ဘေးနှစ်ဖက်မှ အရှိန်အဝါများက တခြားအရာများကို လှုံ့ဆော်နိုင်ခဲ့သည်။

သူတို့နှစ်ယောက်လုံး၏ အရှိန်အဝါများကလည်း တစ်ကြိမ်တစ်ခါမှ မရောက်ခဲ့ဖူးသော အထွဋ်အထိပ်သို့ ရောက်ရှိသွားကြ၏။ ထိုအကြောင်းပြချက်ကြောင့်လည်း ထိပ်သီးပညာရှင်များစွာက သူတို့နှင့် လက်ရည်တူ ပညာရှင်များကို ရှာဖွေလိုကြခြင်း ဖြစ်သည်။ သူတို့က လူယုံတစ်ယောက်ကို အလွယ်တကူ ရနိုင်သော်လည်း ပြိုင်ဘက်ကောင်းတစ်ယောက်ကို ရှာတွေ့ရန် ခက်ခဲသည်။

"ငါက ဓားတစ်လက်တည်းကို ဝှေ့ယမ်းလိုက်ရုံနဲ့ နတ်ဘုရားသိစိတ်ကို နားလည်သွားနိုင်မှာလား … "

ချင်ယု၏လှုပ်ရှားမှုက အလွန်နှေးကွေးသည်။ သို့သော် သူ၏ဓားထုတ်ပုံက အလှတရားများ ပြည့်နှက်နေပြီး ကောင်းကင် (၉)သွယ်မှ ကျဆင်းလာသလို ထင်မှတ်ရသည်။

"ဒီဓားသိုင်းပညာကို အင်မော်တယ်ဖျက်ဆီးခြင်း အပြာရောင်သူတော်စင်သိုင်းကွက်လို့ ခေါ်တယ်…"

သူ့အသံပျောက်ကွယ်သွားခြင်း မရှိသေးခင် အချိန်ဓားကတော့ ကောင်းကင်ပေါ်မှနေ၍ လျှပ်စီးကြောင်းတစ်ခုပမာ ကျဆင်းလာခဲ့သည်။ ထိုဓား၏လမ်းကြောင်းက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်ပေ။ လေလှိုင်းသံများ မကြားရသည့်အတွက် ဓား၏အစွမ်းက ပျောက်ကွယ်သွားသလို ထင်မှတ်ရသည်။ ‌

ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများကလည်း လုံးဝပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သို့သော် လှုပ်ရှားမှုများက ပျောက်ကွယ်သွားပြီး အချိန်ဓားဆီသို့ ရောက်ရှိသွားကြောင်း မုန့်ချီက ခံစားလိုက်ရ၏။

ကြွေကျလာသော သစ်ရွက်များနှင့် ကျောက်တုံးထဲတွင် ရှိနေသော လှုပ်ရှားမှုများက ပျောက်ကွယ်သွားသလို သူ၏ကိုယ်ပိုင်လှုပ်ရှားမှုများလည်း ပျောက်ကွယ်သွားသည်။ လှုပ်ရှားမှုများ ရပ်တန့်သွားမည်ဆိုလျှင် ပုန်းအောင်းခြင်းနှင့် ထွက်ပြေးခြင်းက မည်သို့ကွာခြားနိုင်ဦးမည်နည်း။

ငွေရောင်အလင်းတန်းများက တောက်ပလာပြီး ရုတ်တရက် ဆိုသလို တဖျတ်ဖျတ် ဖြစ်လာခဲ့၏။ ထိုအရာက အလွန်လျင်မြန်စွာ လှုပ်ရှားနေသော မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် လူတိုင်း၏ နှလုံးသားထဲတွင် တစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်လန့်သွားနိုင်၏။

ဓား၏စွမ်းအင်များက တဖြည်းဖြည်း မှေးမှိန်လာသည်။ သူ၏မျက်လုံးများကလည်း အရောင်မှိန်လာပြီး မျက်နှာပေါ်ရှိ တက်ကြွမှုများကလည်း နှေးကွေးလာသည့်အတွက် ချင်ယုက သူ၏အချိန်ဓားကို နှေးကွေးပစ်လိုက်၏။

တစ်ချိန်တည်းတွင် ကောင်းကင်ပြစ်ဒဏ်ဓားထဲမှနေ၍ လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး အင်မော်တယ်ဖျက်စီးခြင်း အပြာရောင်သူတော်စင်ဓားကွက်၏ အရှိန်အဝါများကို ဖြတ်တောက်ပစ်လိုက်သည့်အတွက် အရာအားလုံးက ပြန်လည်လျင်မြန်လာခဲ့၏။

"ချွင် … "

ဓားနှစ်လက်က အချင်းချင်း ရင်ဆိုင်လိုက်မိပြီး ကျယ်လောင်သော အသံများ ထွက်ပေါ်လာခဲ့၏။

"တကယ်ကိုကောင်းတဲ့ ဓားသိုင်းပညာပဲ "

ချင်ယုက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ချီးကျူးလိုက်၏။ ထိုသို့ တိုက်ခိုက်လိုက်ရသည့်အတွက် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

"အင်မော်တယ်ဖျက်စီးခြင်း အပြာရောင်သူတော်ဝင်ဓားကွက်မှာ ဟာကွက်မရှိဘူး။ ဒါပေမဲ့ ဓားကို ကိုင်ထားတဲ့သူက အပြာရောင်သူတော်စင် မဟုတ်မှတော့ သာမန်လူသားတစ်ယောက်ရဲ့ နှလုံးသားမျိုးပဲ ရှိနေသေးတယ်.."

မုန့်ချီက သူ့ကို ချီးကျူးလိုက်သည်။

သူကတော့ နောက်ထပ်အံ့ဩစရာကောင်းသော ဓားသိုင်းပညာတစ်ခုကို ကြုံတွေ့လိုက်ရသည့်အတွက် အလွန်ဝမ်းသာနေခဲ့သည်။ သူက ထိုအရာကို သေချာစဉ်းစားသုံးသပ်လိုက်မည်ဆိုလျှင် သူ၏ဓားမောက်တာအို အနှစ်သာရများက တိုးတက်လာနိုင်သည်။

"ဓားမောက်တာအိုရဲ့ အထွဋ်အထိပ်ကို ရောက်နေဖို့ တကယ်ပဲ ထိုက်တန်ပါတယ်။ ဘာလို့လဲဆိုတော့ နှစ်ဖက်စလုံးမှာရှိတဲ့ သဘောတရားတွေကို ဖျက်ဆီးပစ်နိုင်လို့ပဲ.."

ချင်ယုက ရပ်ပြီး ဆက်ပြောလိုက်သည်။

"စာကို ရပြီးသွားတဲ့အချိန်မှာ ငါက ဂိုဏ်းထဲမှာရှိတဲ့ လူတစ်ယောက်ကို လွှတ်ပြီး အဲဒီလူဆိုးကို ရှာတွေ့ခဲ့တယ်။ ဒါပေမဲ့ အချက်အလက်ရမဲ့အစား ပျောက်ဆုံးသွားခဲ့တဲ့ သိုင်းကျမ်းနှစ်ခုရဲ့အငွေ့အသက်တွေကိုပဲ ရှာတွေ့ခဲ့တယ်.."

"ဘယ်လိုသိုင်းကျမ်းမျိုးလဲ … "

ထို့ကြောင့် မုန့်ချီက ပို၍စိတ်အားတက်ကြွလာခဲ့သည်။ ကြည့်ရသည်မှာ ချင်ယုက အပေါ်ယံမြင်ရသလို မောက်မာရိုင်းစိုင်းမှုများ မရှိချေ။

ချင်ယုက အပြုံးနှင့် ပြောလိုက်၏။

"တခြားလူတွေကတော့ အဲဒီအရာတွေကို မသိနိုင်ဘူး။ ဒါပေမဲ့ ငါ့ဂိုဏ်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူတွေလေ။ ဒီတော့ ငါက သေချာပေါက်မှတ်မိတယ်။ တစ်ခုကတော့ မီးတောက်အင်ပါယာရဲ့ မီးတောက် (၉)သွယ် ကောင်းကင်ချုပ်နှောင်ခြင်းစွမ်းရည်နှင့် တခြားတစ်ခုကတော့ သောကကြယ်ရဲ့ ကိုယ်ပျောက်စွမ်းအားပဲ…”

“ပျောက်ဆုံးသွားခဲ့တဲ့ ကောင်းကင်ခုံရုံးရဲ့ သိုင်းပညာတွေပဲ "

ထို့ကြောင့် မုန့်ချီက သေချာပြန်လည်စဉ်းစားနေမိသည်။

ထိုအရာက မည်သည့် အင်အားစုဖြစ်ကြောင်း အတိအကျ မပြောနိုင်ပေ။ ထို့ကြောင့် လော်နတ်ဘုရား ဖြစ်နိုင်သလို ရှေးဟောင်းနတ်ဘုရားဟု လူသိများသော ဒဏ္ဍာရီများလည်း ဖြစ်နိုင်သည်။

ချင်ယုက သူ၏အချိန်ဓားကို ပုတ်လိုက်ပြီး ကျေနပ်စွာ ပြောလိုက်၏။

"ဒီနေ့တော့ ငါတို့တွေ လက်ရည်စမ်းတာ လုံလောက်ပြီ။ နောက်တစ်ကြိမ် မင်းကို တွေ့တဲ့အချိန်ကျရင်တော့ ငါလေ့ကျင့်နေတဲ့ မီးတောက်အင်ပါယာရဲ့ လောင်ကျွမ်းခြင်းအစွမ်းက တိုးတက်လာလောက်ပြီ…"

"ကောင်းတယ်…"

မုန့်ချီက ထိုအရာကြောင့် အလွန်ဝမ်းသာနေခဲ့သည်။ သူတို့နှစ်ယောက်စလုံးက ဝေ့ကျင်းအဆင့် ဓားကွက်နှင့် တိုက်ခိုက်ခဲ့ကြ၏။ သို့သော် သူတို့၏ အစွမ်းများကို ဆက်လက်အသုံးမပြုတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က တစ်ဖက်လူကို ထိခိုက်သွားမှာ စိုးနေခြင်းကြောင့်ဖြစ်သည်။

ခုံယုံးဝါ ကျောင်းဆောင်ထဲမှ ထွက်လာပြီးနောက် မုန့်ချီက ပို၍ သတိထားလာမိသည်။

“ငါက ကျားစေ့တစ်စေ့ကိုဆွဲထုတ်လိုက်မယ်ဆိုရင် ဘယ်လိုဖြစ်လာမှာလဲ..”

တခြားသော လူငယ်ပညာရှင်များက ယခုအချိန်အထိ ပေါ်ထွက်မလာသေးသည့်အတွက် မည်သူပေါ်လာနိုင်ကြောင်း သူလည်း မသိသေးပေ။ ထို့ကြောင့် သူက ပြောင်းလဲမှုများအားလုံးကို စောင့်ကြည့်နေရန် လိုအပ်နေသည်။

သူ ငှားထားသော အိမ်သို့ ပြန်လာသည့်အချိန်တွင် အခေါင်းကို ကျန်းဟန်ချွန်က ယူဆောင်သွားကြောင်း မုန့်ချီက တွေ့လိုက်ရ၏ ။ ရှင်းလင်းနေသော ခြံဝန်းကို ကြည့်နေရင်း သူကတော့ ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားကာ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့ကို ‌ လေ့ကျင့်လိုက်သည်။ ထိုအရာက သူ မမေ့သင့်သော အခြေခံ တစ်ခုဖြစ်၏။

"ဒေါက် … ဒေါက် … "

အနည်းငယ် မှောင်စပျိုးချိန်တွင် တံခါးခေါက်သံတစ်ခုကြောင့် မုန့်ချီလည်း လေ့ကျင့်နေရာမှ ရပ်တန့်လိုက်သည်။

သူက ရောက်လာသူ၏ အငွေ့အသက်နှင့် လှုပ်ရှားမှုကို ကြည့်ပြီး တံခါးမဖွင့်ရသေးခင် မည်သူဖြစ်ကြောင်း သိနေသည်။ ထိုအရာက မိုင်တစ်ရာထိတ်လန့်ခြင်း ကျန်းဟန်ချွန် ဖြစ်၏။

"အစ်ကိုကျန်း…သဲလွန်စတွေ့ပြီလား …"

မုန့်ချီက ခြံဝန်းတံခါးကို ဆွဲဖွင့်လိုက်သည်။

ကျန်းဟန်ချွန်က ဆူပုတ်ပုတ် မျက်နှာနှင့်ပြောလိုက်၏။

"ဒီသစ်သားတံဆိပ်မှာ ထူးခြားတဲ့ အရာတစ်ခုရှိတယ်။ ငါက ဒီတံဆိပ်ဖန်တီးတဲ့သူကိုလည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်း သစ်သားတံဆိပ်ကို ဝယ်နေတဲ့ လူတွေက အများကြီးပဲလေ။ ပြီးတော့ သစ်သားတံဆိပ်တိုင်းက ပုံစံတူနေတာ ။ ဒါကို ဘယ်သူဝယ်သွားသလဲဆိုတာ သူက မှတ်မိနိုင်ပါ့မလား။ ငါက သူ မလိမ်နိုင်အောင် လှည့်ကွက်တချို့ သုံးခဲ့ပေမဲ့ ဘာမှမရခဲ့ဘူး။ ပြီးတော့ ဒီစာရွက်မှာလည်း ဘာသဲလွန်စမှ မရခဲ့ဘူး…"

သစ်သားတံဆိပ်၏ လက္ခဏာများက အလွန်ထူးခြားသည်။ ထိုအရာကို သီသန့်ဖန်တီးထားခြင်းဖြစ်ကြောင်း သိနိုင်၏။ မတူညီသော ပန်းပုဆရာများတွင် မတူညီသော ပုံသဏ္ဌာန်များ ရှိတတ်ကြသည်။ ထို့ကြောင့် သူတို့ရှာဖွေနေသော လူကသာ ထိုအရာကို ခွဲခြားနိုင်မည်ဖြစ်၏။

ထိုသစ်သား တံဆိပ်က ပန်းပုပညာရှင် တစ်ယောက်တည်း၏ လက်ရာသာ ဖြစ်နိုင်သည်။ သူက တိကျသော အရွယ်အစားနှင့် ပုံသဏ္ဌာန်ကို သိနိုင်သော်လည်း သူရောင်းလိုက်သည့် သစ်သားတံဆိပ်ကသာ ထူးဆန်းနေခြင်း မရှိလျှင် ပန်းပုဆရာက မှတ်မိလိမ့်မည် မဟုတ်ချေ။ သို့သော် ဉာဏ်ကြီးရှင်ကတော့ အလွန်သိသာထင်ရှားသော သစ်သားတံဆိပ်တစ်ခုကို ဝယ်ယူနိုင်မည် မဟုတ်ချေ။

"ကျွန်တော်က ဒီသစ်သားတံဆိပ် ၊ စာရွက်နဲ့ စာရွက်လုံးကို နောက်တစ်ကြိမ် လေ့လာလိုက်ဦးမယ်။ ဒါနဲ့ ပန်းပုဆရာက ဘယ်သူလဲ…"

မုန့်ချီက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

"သူက ပန်းဝါလမ်းကြားထဲက လက်သမားလီလို့ခေါ်တယ်။ သူက လမ်းထဲမှာ သစ်သားတံဆိပ်တွေ လုပ်ပြီးရောင်းနေတာ … "

ကျန်းဟန်ချွန်က ထိုပစ္စည်း (၃)ခုကို မုန့်ချီဆီသို့ပေးပြီး ပြန်သွားခဲ့သည်။ သူက လေပြေလေညင်းစံအိမ်ထဲတွင် တခြားသဲလွန်စများကို စုံစမ်းချင်နေပုံရ၏။

မုန့်ချီက သတ်ဖြတ်ရေးဓားစုမုန့် ဟူသော နာမည်ရေးထားသည့် စာရွက်ကို ကြည့်လိုက်ပြီး စာရွက်၏အစွန်တွင် ရှိနေသော မင်ရာများကို ရှာဖွေကြည့်လိုက်သည်။ ထိုအရာများက မထင်မရှား ရှိနေသည့်အတွက် ရေးသူက ထိုမင်ကို ထိခဲ့မိကြောင်း သိသာနေသည်။ ထို့နောက် သူက သစ်သားတံဆိပ်ကို ကြည့်ပြီး စစ်ဆေးကြည့်လိုက်ပြန်၏။

တခြားလူများက သဲလွန်စကို ရှာမတွေ့သော်လည်း သူကတော့ ထိုနေရာတွင် အချက်အလက်တချို့ ရရှိနိုင်သည်။

Translated by Hein Htet

All Chapters