← Chapters

အခန်း (၂၈၇)

Vol. 20 Ch. 287

အခန်း (၂၈၇)

Vol. 20 Ch. 287

သံသရာတံဆိပ် ပျက်စီးသွားသည့် အချိန်တွင် အပြာရောင်အလင်းတန်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက မုန့်ချီ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး သူလည်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။

မုန့်ချီက နတ်ဆိုးမ ကူရှောင်စန်းကို အနည်းငယ် ကျေးဇူး‌တင်နေမိ၏။ သူမကသာ ကောင်းကင် (၉) သွယ် အပျက်အစီးကို ဖွင့်လှစ်ခဲ့ခြင်းမရှိလျှင် သံသရာတံဆိပ်ကို ပင်မကမ္ဘာကြီးထဲ၌ အသုံးပြုနိုင်မည်ဟု သူလည်း လုံးဝ တွေးမိလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူက သိခဲ့မည်ဆိုလျှင်ပင် ပုံမှန်အချိန်မျိုးတွင် သုံးရန် စဉ်းစားလိမ့်မည် မဟုတ်ပေ။

အကယ်၍ သူသာ အနည်းငယ် ဂရုမစိုက်မိလျှင် တခြားလူများက သတိထားမိသွားနိုင်ပြီး သူ့အတွက် မဆုံးနိုင်သော ပြဿာနာများ ဖြစ်လာနိုင်သည်။ မုန့်ချီက ကူရှောင်စန်းကဲ့သို့ မဟုတ်ဘဲ ကောင်းကင် (၉)သွယ်တံခါးကို ဖွင့်လှစ်ရန် ကောင်းကင်ခုံရုံး၏ နယ်မြေအမှတ်အသားနှင့် ဆန်းကြယ်နတ်သမီး ဆက်ခံသူ၏ အငွေ့အသက်များကို ငှားသုံးခဲ့ရခြင်း မရှိပေ။ ထိုလှုပ်ရှားမှုက ယဲ့တူတစ်ခွင်လုံးကို လှုပ်ရှားသွားစေသေး၏။

သို့သော် အပြာရောင်အလင်းတန်းထဲတွင်တော့ သူက မြောင်လင်မြို့ထဲတွင်သာ ရှိနေသေးသည်။ သူက အနီးအနားတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်များဆီမှ ဖုံးကွယ်ထား၍ မရနိုင်ပေ။

သူ၏ပတ်ဝန်းကျင်က ရုတ်တရက် မည်းမှောင်သွားခဲ့၏။ မုန့်ချီက ဇဝေဇဝါ ဖြစ်နေသေးသည့် အချိန်တွင် သူ၏ နားထဲ၌ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။

"မင်း ပြန်သွားချင်တဲ့ ကမ္ဘာကြီးကို ရွေးချယ်လိုက်ပါ…"

ဒိုအာချာ သေဆုံးသွားခဲ့သော ရှောင်လင်ကမ္ဘာကြီး ၊ ယွမ်မုန့်၏ နောက်ဆုံးသေတမ်းစာ ထားပစ်ခဲ့သော ကံကြမ္မာမြို့တော် ကမ္ဘာကြီး ၊ မကောင်းဆိုးဝါးအုတ်ဂူ တည်ရှိနေသော လေတိမ်တိုက်တောင်တန်း ကမ္ဘာကြီး ၊ ဓားအင်ပါယာနှင့် မကောင်းဆိုးဝါး ဘုရင်မတို့ တည်ရှိနေသော ကမ္ဘာကြီးများက မုန့်ချီ၏ မျက်စိရှေ့တွင် တစ်ခုပြီး တစ်ခုပေါ်လာခဲ့သည်။

မုန့်ချီက ထိုကမ္ဘာကြီးများကို တစ်ခုမှ ရွေးချယ်ခဲ့ခြင်း မရှိဘဲ သူ၏အင်္ကျီအိတ်ထဲမှ အနက်ရောင်သားရေပြားလေးကို ထုတ်လိုက်သည်။ ထိုအရာက ကျန်းဝူအင်ပါယာ သေဆုံးမှုကို ရှာဖွေရသည့် သော့တစ်ချောင်းလည်းဖြစ်၏။ ထိုအရာက ကျန်းဝူ အင်ပါယာအုတ်ဂူသို့ သွားနိုင်သော မြေပုံတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

"မင်းက ကျန်းဝူအင်ပါယာ အုတ်ဂူကမ္ဘာကြီးထဲကို ဝင်ပြီး မင်းရဲ့တာဝန်ကို စချင်တာလား … "

မှေးမှိန်နေသော အလင်းရောင်အောက်တွင် သံသရာအရှင်သခင်က နောက်တစ်ကြိမ် ပြောလိုက်၏။

ထိုအချိန်၌ မုန့်ချီ၏ မျက်စိရှေ့တွင် တခြားသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ အက်ကွဲနေသော မြေပြင်ကြီးထဲတွင် အုတ်ဂူကြီးတစ်ခု တည်ရှိနေခဲ့၏။

"ဟုတ်ပါတယ် … "

မုန့်ချီက‌ ရွေးချယ်လိုက်သည်။

သံသရာအရှင်သခင်၏ စကားသံက တည်ငြိမ်နေခဲ့၏။

"ဒီတာဝန်ကို လူ (၃)ယောက်နဲ့ အတူတူ မျှဝေပေးထားတယ်။ သူတို့ကလည်း သံသရာတံဆိပ်ကို သုံးနေကြပြီ။ မင်းက ဆက်သွားဖို့ ဆန္ဒရှိလား…"

အမှောင်ထုကြီးထဲတွင် အပြာရောင် အလင်းတိုင်လုံး (၃)ခု ပေါ်လာခဲ့သည်။ ပန်းဝါရောင် ဂါဝန်လေးကို ဝတ်ဆင်ထားသော ကျန်းကျိဝေ ၊ အပြာရင့်ရောင် အင်္ကျီနှင့် ချီကျန်းရန်၊ အဖြူရောင်ဝတ်စုံနှင့် ရွမ်ယုရှုတို့ (၃)ယောက် ပေါ်လာကြသည်။ သူတို့အားလုံးက ကောင်းမွန်နေကြပုံ ပေါ်၏။ ကြည့်ရသည်မှာ သူတို့အားလုံးကလည်း သေမင်းတမန်တာဝန်မှ ရခဲ့သော စိတ်ဒဏ်ရာများကို ကျော်လွှားနိုင်ခဲ့ပုံရသည်။

"ဒါက သံသရာမြေကွက်လပ် မဟုတ်ဘူးလား…"

ကျန်းကျိဝေက သူမ၏ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည် ။ ထို့ကြောင့် သူတို့က အသုံးဝင်သော ပစ္စည်းများ လဲလှယ်ရန် ကံကြမ္မာအမှတ်များ အသုံးပြုနိုင်ခြင်း မရှိတော့ချေ။

မုန့်ချီကတော့ ထိုကဲ့သို့ အခြေအနေမျိုးကို ကြိုတင်မျှော်လင့်ထားသည့်အတွက် အပြုံးနှင့် ပြောလိုက်သည်။

"ဘာမှမစိုးရိမ်ပါနဲ့ ကျိဝေ…။ ဒါက အုတ်ဂူအတုဆိုမှတော့ ရန်သူတွေအများစုကလည်း တစ္ဆေသရဲတွေ ဒါမှမဟုတ် တခြားသတ္တဝါတွေပဲ ဖြစ်ပါလိမ့်မယ်။ ငါ့ရဲ့ ဗုဒ္ဓမီးအိမ်နဲ့ ကောင်းကင်ပြစ်ဒဏ်ဓားက ဆာလောင်နေလောက်ပြီ…"

ကျန်းကျိဝေကတော့ မုန့်ချီ၏စကားလုံးများနှင့် ရင်းနှီးနေသည်။ သူမက အပြုံးနှင့်ပြန်ဖြေလိုက်၏။

"ငါက အဲဒါကို စိုးရိမ်နေတာ မဟုတ်ဘူး။ နင်တို့က ကုသရေးဆေးရည်တွေ အလုံအလောက် ပြင်ဆင်မထားမှာကို စိုးရိမ်နေတာ … "

သူမက အသက် (၁၉)နှစ် ကျော်နေသည့်အတွက် တခြားလူများထက် အနည်းငယ် ပို၍အသက်ကြီးသည်။ ရင့်ကျက်တည်ငြိမ်သော သူမက ပြုံးလိုက်သည့် အချိန်တွင်လည်း ပြိုင်ဘက်ကင်း မိန်းမလှလေး တစ်ယောက်ဖြစ်၏။

"ငါက အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း တစ်ယောက် ဖြစ်နေပြီ။ ငါက (၃)လအတွင်း ရတဲ့ လစာတွေ အားလုံးကို စွမ်းအားပြန်ဖြည့်ဆေးနဲ့ အဆိပ်ဖြေဆေးရည်တွေ လဲထားတယ်…"

မုန့်ချီက အပြုံးနှင့် သူ၏ တံဆိပ်ကို ထုတ်ပြလိုက်သည်။

ထိုအရာက ကျန်းဝူအင်ပါယာ အုတ်ဂူစမ်းသပ်မှုအတွက် အဓိက အလေးထား ပြင်ဆင်ထားခြင်းတော့ မဟုတ်ပေ။ သံသရာအရှင်သခင်ဆီမှ ဆေးရည်များကို ဝယ်ယူမည်ဆိုလျှင် သိုင်းကျမ်းများ ၊ သန့်စင်လက်နက်များနှင့် တခြားပစ္စည်းများကဲ့သို့ ဈေးများသည်။

ထိုအရာများကို ယပ်တောင် (၆)လက်ကျောင်းဆီ၌ ဝယ်နိုင်မည်ဆိုလျှင်တော့ ပို၍ ဈေးချိုပြီး သူတို့ကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်ခြင်းက ပို၍ အကျိုးအမြတ် ရှိသည်။

ရွမ်ယုရှုက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"အစိမ်းရောင်လက်ပတ်ဝတ် … "

မြစ်အရှေ့ပိုင်းတွင် နေထိုင်သူများ၏ စကားသံအရ အစိမ်းရောင်လက်ပတ်ဝတ်နှင့် မကောင်းဆိုးဝါးဟူသော အသံထွက်က အနည်းငယ် ရောနှောနိုင်သည်။ သို့သော် ယပ်တောင် (၆)လက်ကျောင်းမှ လူဆိုးထိန်းများနှင့် ရင်ဆိုင်သည့်အချိန်တွင် မည်သူကမျှ ထိုသို့ မပြောရဲကြပေ။ ထို့ကြောင့် အများစုကတော့ ပြည်မကြီး ဘာသာစကားကိုသာ အသုံးပြုကြသည်။

မုန့်ချီကတော့ ထိုစကားကို မကြားချင်ယောင် ဆောင်နေခဲ့သည်။ ရွမ်ယုရှုက ထိုကဲ့သို့ စကားမျိုး ပြောတတ်သူတစ်ယောက် မဟုတ်ချေ။

သူမက လေဟာနယ်လက်စွပ်ကို လက်ညှိုးထိုးပြပြီး ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။

"အစ်မကြီးကျိဝေ … ကျွန်မလည်း ပြင်ဆင်လာခဲ့တယ်…"

ချီကျန်းရန်ကလည်း အပြုံးနှင့် ပြောလိုက်၏။

"ငါလည်း လှည့်ပတ်ပြီး သွားတာနေတာ…။ ဒီတော့ ငါ့ဆီမှာ ကုသဆေးတွေ ၊ အဆိပ်ဖြေဆေးရည်‌တွေ မရှားပါဘူး…”

သူတို့က သံသရာတံဆိပ်ကို အသုံးပြုနေသည့်အတွက် အချိန်ခဏ ရကြသည်။ သံသရာအရှင်သခင်က သူတို့ကို ကျန်းဝူအင်ပါယာ၏ အုတ်ဂူထဲသို့ ဝင်ရောက်ရန် အလျင်စလို မပြောခဲ့ပေ။

"ဒါနဲ့ ပြောစရာတစ်ခုရှိတယ် … "

မုန့်ချီက ရန်းရှနှင့် မြောင်လင်တွင် ဖြစ်ခဲ့သော အရာများကို အကြမ်းဖျင်းပြောပြလိုက်ပြီး သူ့အဖော်များကို လှမ်းကြည့်လိုက်သည်။

ပထမတွင် ကျန်းကျိဝေက သံသယ ဝင်နေသလို ထင်မှတ်ရသော်လည်း သူမ၏ အမူအရာက သက်သောင့်သက်သာ ဖြစ်သွား၏။ သူမ၏မျက်နှာလေးက အနည်းငယ် စိတ်ဝင်စားလာသည့်အတွက် ပို၍ လှပနေသယောင် ခံစားရသည်။

"သခင်လေးတွေက မြောင်လင်မှာ အကြောင်းပြချက်မျိုးစုံနဲ့ ရောက်လာကြပြီး ကျားစေ့လေးတွေ ဖြစ်နေတာလား ။ ငါကတော့ ဖိတ်ခေါ်မှုကို မရခဲ့ဘူး။ ဒါပေမဲ့ ငါက တိကျိုးမှာ ရောက်နေပြီ။ တံခါး (၉)ပေါက်လည်း ပွင့်တော့မယ်။ တကယ်လို့ ငါက ပိုင်ယီမြစ်အတိုင်း ဆင်းလာမယ်ဆိုရင် (၅)ရက်အတွင်း မြောင်လင်ကို ရောက်နိုင်တယ်။ ငါက ဒီလိုပွဲကြီးတစ်ပွဲကို လက်လွှတ်ခံလို့ရမလား…"

အင်ပါယာဓား (၅)သွယ် ချင်ယုကဲ့သို့ သူမကလည်း လူငယ်မှတ်တမ်းထဲရှိ သခင်လေးများကို စိန်ခေါ်ရန် အလွန် စိတ်ဝင်စားသည်။ ထို့ပြင် သူမကတော့ မုန့်ချီ၏ ရည်ရွယ်ချက်ကို သိနေ၏။ ထို့ကြောင့် သူကိုယ်တိုင် မတောင်းဆိုရသေးပဲ သူမက ချက်ချင်း သဘောတူလိုက်သည်။

"အဲဒါဆိုရင် အရမ်းကောင်းသွားပြီ… "

မုန့်ချီ၏ ရင်ထဲတွင် နွေးထွေးသွားခဲ့ပြီး အတော်လေးလည်း ဝမ်းသာသွားခဲ့၏။

ရွမ်ယုရှုက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မုန့်ချီကို စိုက်ကြည့်လိုက်၏။

"ငါ တံခါး (၆)ပေါက် ပွင့်ပြီးသွားရင် ငါ့ကို စားစရာတွေ လိုက်ကျွေးမယ်လို့ နင် ငါ့ကို ပြောခဲ့တယ်လေ … "

"ဟားဟားဟား … ဟုတ်ပါတယ်…"

မုန့်ချီက ခြောက်ကပ်စွာ ရယ်လိုက်၏။ သူက ထိုအရာကို မေ့နေသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။

ကျန်းကျိဝေက လက်နောက်ပစ်ထား၏။ ရွမ်ယုရှုက အစားအသောက်နှင့် ပတ်သက်လျှင် မည်သို့ မေ့နိုင်မည်နည်း။

"နင်က မြစ်အရှေ့ပိုင်းကို ရောက်နေမှတော့ ငါက ရှုမျှော်ခင်း ကြည့်ဖို့ပဲဖြစ်ဖြစ် မြောင်လင်ကို သွားဖို့ ငါ့အဖေကို ခွင့်တောင်းလိုက်မယ်…"

ရွမ်ယုရှု၏ အေးတိအေးစက် အမူအရာက လုံးဝ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သူမက သူမနှင့် လုံးဝမသက်ဆိုင်သောအရာတစ်ခုကို ပြောနေသလို ထင်မှတ်ရ၏။

"ဒါပေမဲ့ ငါနဲ့အတူ အကြီးအကဲတစ်ယောက်တော့ ပါလာလိမ့်မယ်…."

သူမက အသက် (၁၆)နှစ် ဝန်းကျင်သာ ရှိနေသေးပြီး ရွမ်မိသားစုတွင် တန်ဖိုးအထားရဆုံး သမီးတစ်ယောက်လည်းဖြစ်၏။ သူမ၏အစွမ်းက သာမန်ထက် ထက်မြက်နေပြီး ဗျတ်စောင်းပါရမီ ရှိနေလျှင်ပင် သူမကိုတော့ တစ်ယောက်တည်း ခရီးသွားခွင့် မပေးသေးပေ။

သို့သော် မြောင်လင်က မြစ်အရှေ့ပိုင်းတွင်သာ ရှိနေသည့်အတွက် လန်းယာ့နှင့် အတော်လေးကို နီးနေသည်။ ထို့ကြောင့် သူမက ရှုမျှော်ခင်းကြည့်ရန် ဆင်ခြေပေး၍ ရ၏။ အကယ်၍ သူမ၏ အနားတွင် ပညာရှင်တစ်ယောက် ပါလာမည်ဆိုလျှင် သူမကို တားဆီးလိမ့်မည် မဟုတ်ချေ။

"အဲဒါဆိုရင် အကောင်းဆုံးပဲ "

မုန့်ချီကတော့ ရင်ဘတ်ပေါ်သို့ လက်တင်၍ လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။ ရွမ်ယုရှုက သူ့ကို အကူအညီ ပေးမည်ဟု မပြောခဲ့သော်လည်း သူမ၏ လုပ်ရပ်က ရည်ရွယ်ချက်ကို ပြသနေသည်။

ချီကျန်းရန်ကလည်း စဉ်းစားပြီး ပြောလိုက်၏။

"ငါက လော့ရန်နယ်မြေကို ကျော်လာပြီ။ (၇)ရက်အတွင်း မြောင်လင်ကို ရောက်နိုင်တယ်။ ငါလည်း လူငယ်မှတ်တမ်းမှာရှိတဲ့ သခင်လေးတွေနဲ့ တွေ့ချင်နေတာ"

ထိုအရာက ချီကျန်းရန်အတွက် အနည်းငယ် အန္တရာယ်များသည်ဟု မုန့်ချီက တွေးနေမိသည်။ ကျန်းကျိဝေ၏ အစွမ်းက ထူးခြား၏။ ထို့ကြောင့် သူက စိုးရိမ်စရာ မလိုအပ်ပေ။ ရွမ်ယုရှု၏ အနားတွင်လည်း အကြီးအကဲတစ်ယောက် ပါနေ၏။ ထို့ကြောင့် သူမက အဆင်ပြေနိုင်သည်။

သို့သော် ချီကျန်းရန်၏အစွမ်းအရ သူ့ဆီ၌ ဖရိုဖရဲကျင့်စဉ် ရှိနေလျှင်ပင် အနည်းငယ် အန္တရာယ်များသေးသည်။ သူက စိတ်သဘောထား ကောင်းသည့်အတွက် မုန့်ချီကသာ သူ၏ကမ်းလှမ်းမှုကို ငြင်းဆန်လိုက်မည်ဆိုလျှင် မကျေမနပ် ဖြစ်သွားနိုင်သည်။ သို့သော် မုန့်ချီက ချီကျန်းရန်၏ ဝေ့ကျင်းအဆင့် သိုင်းကွက်ကို မှတ်မိသွားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ … အဲဒါလည်း အဆင်ပြေပါတယ်…"

မည်သို့ဖြစ်စေကာမူ အစ်ကိုကြီးချီက မြန်မြန်ဆန်ဆန် တိုးတက်လာရန်နှင့် အတွေ့အကြုံ စုဆောင်းရန်အတွက် အစစ်အမှန် ပညာရှင်များကို စိန်ခေါ်ရန် အချိန်ကျရောက်နေပါပြီ။

"ငါက လွန်ခဲ့တဲ့ တစ်လလောက်မှာ ပါးစပ်တံခါး ပွင့်သွားပြီ။ ပြီးတော့ အတွင်းကမ္ဘာကြီးရဲ့ ကနဦးအဆင့်လည်း ပြည့်စုံသွားပြီ…"

မုန့်ချီ၏ စိုးရိမ်မှုများကို ခံစားမိနေသည့်အတွက် ချီကျန်းရန်က ထပ်ဖြည့်ပြောလိုက်၏။

ထိုအချိန်ကျမှသာ မုန့်ချီက စိုးရိမ်မှု ပျောက်ကွယ်သွားခဲ့သည်။ သူက စိတ်ထဲတွင်လည်း တည်ငြိမ်သွားခဲ့၏။

"ဒီလိုသစ္စာရှိနေတဲ့ မိတ်ဆွေတွေ ရှိနေတာ တကယ့်ကို အသက်ရှင်ဖို့ ထိုက်တန်ပါတယ်…”

ဘာကြောင့်မှန်း မသိသော်လည်း အစ်ကိုချီက ယခင်တုန်းကထက် ပို၍ ယုံကြည်မှုရှိနေကြောင်း သူလည်း ဝိုးတဝါး ခံစားမိနေခဲ့၏။

"ဒါနဲ့ ကျိဝေ … ကိုယ်တွင်းကမ္ဘာကြီးကို ပြင်ဆင်ဖို့အတွက် ဘယ်လို အရာမျိုးတွေ လုပ်ရမလဲဆိုတာ ငါ နင့်ကို မေးချင်နေတာ … "

မုန့်ချီက ထိုအကြောင်းကို ပြောလိုက်သည်။

အသွင်ပြောင်း (၇၂) မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာကအကွယ် ကျင့်စဉ် နှစ်ခုစလုံးက ထိုအချက်နှင့် သင့်တော်သည်။ သို့သော် သူက အနှစ်သာရများကို အာရုံစိုက်ရန် လိုအပ်နေသေး၏။ မည်သို့ဖြစ်စေကာမူ လူတိုင်းတွင် မတူညီသော ကိုယ်တွင်းကမ္ဘာကြီးများ ရှိနေပြီး မတူညီသော လူများတွင် မတူညီသော လမ်းကြောင်းများ ရှိသည်။

သိုင်းကျမ်းများထဲတွင် ထိုအရာကို အသေးစိတ် ပြောပြထားခြင်း မရှိချေ။ တစ်ဖက်တွင်တော့ ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုများတွင် ထိုအရာနှင့် ပတ်သက်ပြီး မှတ်တမ်းများ ရှိသည်။ အောင်မြင်ထားခဲ့သော ပညာရှင်များ၏ အတွေ့အကြုံများကလည်း သူတို့ မျိုးဆက်များအတွက် အထောက်အကူ ဖြစ်နိုင်၏။ ထိုကဲ့သို့ သိုင်းကျမ်းမျိုးတော့ မရှိခဲ့ပေ။

သူမက သိမ်မွေ့စွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"နင်က အနှေးနဲ့အမြန် တံခါး (၇)ပေါက် တည်ငြိမ်သွားတော့မှာပဲ။ ဒီတော့ ဒီကိစ္စကို စပြီး စဉ်းစားဖို့ အချိန်ရောက်ပြီ… "

သူတို့အဖွဲ့က ခဏကြာ စကားပြောနေပြီးနောက် သူတို့၏ တာဝန်ကို စတင်လိုက်သည်။

"ရွာ (၉)ရွာ ကမ္ဘာကြီးကို ဝင်ရောက်ပြီး ကျန်းဝူအင်ပါယာအုတ်ဂူထဲကို သွားရမယ် ။ မင်းတို့က တစ်လနေပြီးသွားရင် ပြန်လာရမယ် ဒါမှမဟုတ် အချိန်မရွေး ပြန်ထွက်လာလို့ ရတယ်…"

အပြာရောင် အလင်းတန်းများ တောက်ပလာပြီး သူတို့(၄)ယောက်ကို လွှမ်းခြုံသွားသည့်အတွက် အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားခဲ့၏။

……………….

တောင်တန်းကြီး တစ်ခုပေါ်တွင် …

မြင့်လိုက်နိမ့်လိုက် တောင်ထိပ်ကြီးများက မြေပြင်ကြီးပေါ်တွင် အိပ်စက်နေသော နဂါးပေါင်းများစွာကဲ့သို့ ထင်မှတ်ရ၏။

"ဆရာ…

ဒီနေရာရဲ့ပတ်ဝန်းကျင်အခြေအနေက တကယ်ကို ကောင်းတာပဲ… "

ပျက်စီးနေသော ကျောင်းဆောင်တစ်ခု၏ အဝတွင် ရပ်နေပြီး တာအိုသခင် လူငယ်တစ်ယောက်က အဝေးကို လှမ်းကြည့်နေခဲ့သည်။ သူနှင့် သူ့ဆရာက ဤနေရာသို့ ရောက်လာပြီး ကျောင်းဆောင်ထဲတွင် တစ်ည အိပ်နေကြခြင်း ဖြစ်သည်။

သို့သော် ဤနေရာသို့ ရောက်လာသည့်အချိန်တွင် ဤနေရာ၌ အလွန်ထူးခြားသော ဖုန်းရွှေစွမ်းအင်များနှင့် မြေမျက်နှာသွင်ပြင် ရှိနေကြောင်း သူတို့က နားလည်သွားခဲ့၏။

သူ့ဆရာ၏ဆံပင်များက တခေါင်းလုံး ဖြူဖွေးနေသည်။ သူက တာအိုသခင်အိုကြီး တစ်ယောက်ဖြစ်၏။ သူ၏လက်ထဲတွင် ကောင်းကင်နှင့်မြေကြီး စက်ဝိုင်းတစ်ခုနှင့် သပြေသီးရောင် တောင်ဝှေးတစ်ချောင်းကို ကိုင်ထားသည်။ သူ့ပုံစံက အလွန်အဆင့်အတန်းမြင့်သော လူတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

"အရင်တုန်းကတော့ဒီနေရာမှာရှိတဲ့ တောင်ကုန်းတောင်တန်းတွေ ဒီလိုမျိုး မဟုတ်ခဲ့ဘူး… "

တာအိုသခင်အိုကြီးက အဝေးကို ငေးကြည့်နေရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

တာအိုသခင် လူငယ်လေးက ထိတ်လန့်သွားခဲ့၏။

"ဒါက သဘာဝအတိုင်း ဖြစ်နေတာ မဟုတ်ဘူးလား…"

လူသားများက ထို‌အရာများကို အမှန်တကယ် ပြောင်းလဲနိုင်မည်လော။ ရွာ (၉) ရွာမှ ခေါင်းဆောင်များဖြစ်စေ၊ တန်းကန်အဆင့် ပိုင်ဆိုင်ပြီး သူတို့၏ လက်ရှိကမ္ဘာကြီးကို အုပ်စိုးနေသော အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်စေ အများဆုံး သဘာဝဖြစ်စဉ်များကိုသာ သယ်ဆောင်ပေးနိုင်သည်။

သူတို့က အနီးပတ်ဝန်းကျင်ကို ပြောင်းလဲနိုင်သော်လည်း တောင်တန်းကြီးတစ်ခုလုံးကို ထိုကဲ့သို့ အခြေအနေမျိုး မည်သို့ပြောင်းလဲနိုင်မည်နည်း။

တာအိုသခင်အိုကြီးက သက်ပြင်းချလိုက်၏။

"ရှေးအချိန်တုန်းက ဒီနေရာမှာ ထိပ်သီးပညာရှင်တစ်ယောက်ကို မြှုပ်နှံထားတယ်လို့ ဒဏ္ဍာရီတွေက ပြောခဲ့တယ်။ သူက သေပြီးသွားတဲ့နောက်မှာတောင် ဆက်ပြီး ရှင်သန်နေတုန်းပဲ။ အဲဒီအချိန်ကတည်းကစပြီး တောင်တန်းကြီးက သူ့ရဲ့အမိန့်အတိုင်း အသက်ဝင်လာတယ်။ သူတို့က နှစ်တိုင်း နှစ်တိုင်း နေရာ ပြောင်းလဲနေပြီး အခု မင်းမြင်နေရသလို မြင်ကွင်းမျိုး ဖြစ်လာခဲ့တာ … "

"ဆ … ဆရာ အဲဒါတွေက ယုံတမ်းပုံပြင်တွေပဲ မဟုတ်ဘူးလား…"

တာအိုသခင် လူငယ်လေးက အလွန် အံ့ဩသွားခဲ့သည်။ မည်ကဲ့သို့သော ပညာရှင် တစ်ယောက်က နောက်ဆုံးထွက်သက်တွင် တောင်တန်းကြီးများကို လှုပ်ရှားသွားအောင် လုပ်ဆောင်နိုင်သနည်း။

တာအိုသခင်အိုကြီး၏ မျက်နှာက မည်းမှောင်သွား၏။

"အဲဒါက ဒဏ္ဍာရီတစ်ပုဒ်ပါပဲ။ ဒါပေမဲ့ ဒီတောင်တန်းထဲမှာ တကယ်ပဲ ဆန်းကြယ်တဲ့ အုတ်ဂူကြီးတစ်ခု ရှိတယ်။ ရွာ (၉)ရွာမှာ ရှိတဲ့ ဘိုးဘေးတွေက အဲဒီအုတ်ဂူထဲကနေ အကျိုးအမြတ်တွေ ရခဲ့တယ်လို့ ကြားခဲ့ဖူးတယ်။ ဒါကြောင့် သူတို့တွေက သူတို့ရဲ့ကိုယ်ပိုင်အင်မော်တယ်ရွာ အသီးသီးကို တည်ဆောက်နိုင်ပြီး အနှစ်သာရတွေကို ရှာဖွေနိုင်ခဲ့ကြတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက တန်းကန်အင်ပါယာတွေအများကြီး အဲဒီအုတ်ဂူထဲကို ဝင်သွားခဲ့ကြတယ်။ ပြီးတော့ အကျိုးအမြတ်တွေ ရခဲ့ကြတယ်။ သူတို့က တောင်ထိပ်ပေါ်ကို ဖြည်းဖြည်းချင်း တက်သွားခဲ့ကြတာပဲ…"

"တကယ်ပဲလား … "

ပထမတွင် တာအိုသခင် လူငယ်လေးက အလွန်ထိတ်လန့်သွားခဲ့သည်။ ထို့နောက် သူ၏အမူအရာက ပြောင်းလဲသွားခဲ့ပြီး မျှော်လင့်ချက်များ ပြည့်နှက်‌လာခဲ့၏။

"တကယ်လို့ ငါသာ အဲဒီအုတ်ဂူကို တွေ့ခွင့်ရခဲ့မယ်ဆိုရင်… "

တာအိုသခင်အိုကြီး၏ မျက်နှာအမူအရာက မူလတုန်းကထက်ပင် ပျက်ယွင်းနေခဲ့သည်။

"အဲဒါက ကောင်းတဲ့အရာတစ်ခု မဟုတ်ဘူး … "

"ဟမ် … "

တာအိုသခင်လူငယ်လေးက ရှုပ်ထွေးသွားခဲ့၏။ တောင်ထိပ်ပေါ်သို့ တက်သွားပြီး အံ့ဩစရာကောင်းသော ကံတရားမျိုး ကြုံတွေ့၍ တန်းကန်ဟူသော ဂုဏ်ပုဒ်ကို ရရှိခြင်းက ကောင်းသောအရာတစ်ခု မဟုတ်ခြင်းပေလော ။

"ရွာ (၉)ရွာရဲ့ဘိုးဘေးတွေနဲ့ တန်းကန်အင်ပါယာတွေက အင်မော်တယ်အဆင့်ကို ရောက်လုနီးပါးပဲ။ ဒါပေမဲ့ သူတို့က အသက်ကြီးလာတဲ့အချိန်မှာ ရူးသွပ်သွားကြပြီး တောင်တန်းထဲကို ဝင်သွားခဲ့ကြတယ်။ သူတို့က အုတ်ဂူထဲကို ဝင်သွားတယ်ဆိုတာ လူတချို့က မြင်ခဲ့ကြတယ်…"

တာအိုသခင်အိုကြီးက တောင်တန်းကြီးကိုကြည့်ပြီး မျက်လုံးများက ရီဝေဝေဖြစ်နေသည်။

သူ့ဆရာ၏ စကားကို ကြသည့်အခါ တာအိုသခင် လူငယ်လေးက တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။

"ဆ … ဆရာက ဘယ်လိုဖြစ်ပြီး အဲဒါကို သိနေတာလဲ…"

"ဆရာ့ရဲ့မိတ်ဆွေကောင်း ဟွမ်ဖူတောင်ကလည်း သူတို့ထဲက တစ်ယောက် အပါအဝင်ပဲလေ … "

တာအိုသခင်အိုကြီးက ပြန်‌ဖြေလိုက်သည်။ သူက လေးလေးနက်နက် သက်ပြင်းချလိုက်မိ၏။

တာအိုသခင် လူငယ်လေးက နောက်ကို သတိလက်လွတ် ပြန်ဆုတ်သွားမိခဲ့သည်။ သူက ဟွမ်ဖူတောင်ကို သိနေ၏။ သူ ကလေးဘဝတွင် ဟွမ်ဖူတောင်နှင့် မကြာခဏ ဆုံခဲ့ဖူးသည်။ သူက ယခင်မျိုးဆက်၏ တန်းကန်အင်ပါယာ တစ်ယောက်ဖြစ်ပြီး ကောင်းကင်၏ အပြစ်ပေးမှုကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်။ သူက မျိုးရိုးစဉ်ဆက် တန်းကန်အင်ပါယာများထဲတွင် အစွမ်းထက်ဆုံး အင်ပါယာတစ်ယောက်ဟုပင် သတ်မှတ်နိုင်သည်။

အဘိုးအိုက အသံတိုးတိုးနှင့်ပြောလိုက်၏။

"ဆရာသိထားတာက အဲဒီလောက်ပဲ။ ဒီအုတ်ဂူထဲကနေ အကျိုးအမြတ်တွေ ရနိုင်ပေမဲ့ ဘယ်သူ့ကိုမှ ပြောမပြနိုင်ခဲ့ဘူး … "

သူ ပြောပြီးသွားသည့်အချိန်တွင် ကောင်းကင်ပေါ်မှ အလင်းတန်းကြီး (၄)ခု ကျဆင်းလာခဲ့သည်။ သူတို့က တောင်တန်း၏အတွင်းပိုင်းထဲကို ကျရောက်သွားခဲ့၏။ သူတို့က တောင်တန်းထဲသို့ ကျရောက်သွားသည့်အချိန်တွင် အလင်းတန်း အငွေ့အသက်တစ်ခု ကျန်နေခဲ့သည်။

ထိုနေရာတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာခြင်းမရှိဘဲ အလင်းတန်းလေး အနည်းငယ်သာ ပျံ့နှံ့လာခဲ့သည်။ အုတ်ဂူ၏ ပုံရိပ်ကလည်း အလင်းတန်းထဲတွင် ပေါ်နေပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

"အုတ်ဂူကြီးက ပွင့်လာပြီ … "

တာအိုသခင်အိုကြီးက တစ်ယောက်တည်း အံ့အားသင့်စွာ ရေရွတ်လိုက်မိလေသည်။

…………..

မုန့်ချီတို့ (၄)ယောက်က သတိပြန်ဝင်လာသည့်အချိန်တွင် မှောင်မည်းနေသော အုတ်ဂူတစ်ခုထဲသို့ ရောက်နေကြောင်း နားလည်သွား၏။ အုတ်ဂူ၏ အပေါ်ဘက်တွင်တော့ ချောမွေ့နေသည့်အတွက် သဘာဝအတိုင်း မဟုတ်ကြောင်း သိသာနေသည်။

သူတို့၏ ရှေ့တွင်တော့ အလွန်ကျယ်ပြန့်ပြီး နက်ရှိုင်းသော မြစ်တစ်စင်း ရှိနေသည်။ သို့သော် မြစ်ထဲတွင်တော့ ရေတစ်စက်မျှ မရှိချေ။ မြစ်အောက်ခြေတွင်တော့ အနီရောင်အလင်းတန်းများ ရှိနေသည်။ မြစ်၏ အပေါ်ဘက်တွင် သံကြိုးတံတား တစ်စင်း ရှိနေပြီး တံတားအဝတွင် ကျောက်ပြားလေး တစ်ပြားရှိနေသည်။

"ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြားထဲက နယ်စပ်မျဉ်း…"

Translated by Hein Htet

All Chapters