← Chapters

အခန်း (၂၉၂)

Vol. 20 Ch. 292

အခန်း (၂၉၂)

Vol. 20 Ch. 292

ကျန်းကျိဝေက အုတ်ဂူကိုကြည့်ပြီး အပြုံးနှင့် အပြောလိုက်သည်။

"ဒါက ကျန်းဝူအင်ပါယာရဲ့လက်ရေးပဲ..။ ကိုယ့်ရဲ့ကဗ္ပည်းကျောက်စာတိုင်ကို ကိုယ်တိုင်ရေးရတယ်ဆိုတော့ သူ့အတွက်တော့ ထူးခြားတဲ့အတွေ့အကြုံတစ်ခု ဖြစ်နိုင်တယ်…"

"သူက သူ့ကိုယ်သူမြှုပ်နှံခဲ့တာလေ.."

ရွမ်ယုရှုကလည်း အဓိပ္ပာယ်များ ပြည့်နှက်နေသောအသံနှင့် ဝင်ပြောလိုက်သည်။

ချီကျန်းးရန်က ကျောက်စာတိုင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး ခံစားချက်ပြည့်နှက်စွာ မေးလိုက်၏။

"ကျင့်ကြံမှုအထွဋ်အထိပ်ကို အောင်မြင်ပြီး နှစ်ပေါင်း(၁၀)သန်းကျော် အသက်ရှင် နေထိုင်ပြီးသွားတဲ့အချိန်မှာ သူကတော့ သူ့ကိုယ်သူ ရွှံ့တွေနဲ့ မြှုပ်နှံပြီး အဆုံးသတ်သွားခဲ့တယ်။ လူတိုင်းက အသက်ရှည်ခြင်းကို လိုချင်ကြတယ် မဟုတ်လား..။ တကယ်လို့ ငါတို့ကသာ ကောင်းကင်ဘိုးဘေး ဒါမှမဟုတ် ဗုဒ္ဓရဲ့အဆင့်မျိုးကို ရောက်သွားမယ်ဆိုရင် ငါတို့ကရော အင်မော်တယ်တွေ ဖြစ်လာမှာလား…"

မုန့်ချီက စဉ်းစားပြီး ပြောလိုက်သည်။

"ငါက အနက်ရောင်မြူခိုးထဲမှာ ကျန်းဝူအင်ပါယာကို နောက်တစ်ကြိမ် မြင်လိုက်ရတယ်..”

“သူ့ရဲ့ဓမ္မကာရက သူသေသွားတဲ့အချိန်မှာ တကယ်ပဲ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာတာလား…"

ကျန်းကျိဝေက သတိပြန်ဝင်လာပြီး သူမ၏ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။

ကျန်းဝူအင်ပါယာက ဒဏ္ဍာရီပုံပြင်များထဲတွင်ပင် ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သည်။ အကယ်၍ သူ၏ ဓမ္မကာရကသာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေမည်ဆိုလျှင် သူတို့က ထိုအရာကို မည်သို့ရင်ဆိုင်ရမည်နည်း။ မည်သို့ဖြစ်စေကာမူ သူတို့က ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များသာ ဖြစ်သည်။

မုန့်ချီက သက်ပြင်းရှည်ကြီးများကို မှုတ်ထုတ်လိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့။ ဒီနေရာမှာရှိတဲ့ အပြင်အဆင်တွေက ကောင်းကင်ကြီးရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားတဲ့အပြင် မကောင်းဆိုးဝါးတစ္ဆေတွေကိုလည်း ဖိနှိပ်ထားနိုင်တယ်ဆိုတာ ငါတို့သိနေကြတာပဲ။ တစ္ဆေတွေက ငါတို့ကို သူ့အလိုလို မတိုက်ခိုက်နိုင်ကြဘူးလေ။ သူတို့က ထိန်းချုပ်မှုအောက်မှာ ရှိနေသေးတယ်လို့ ဆိုလိုနေတာပဲ။ ဒါကြောင့် အဲဒီအရာတွေက ကိုယ့်ဆန္ဒနဲ့ကိုယ် လှုပ်ရှားလို့ မရနိုင်လောက်ဘူး…"

"ဟုတ်တယ်..။ ချထားတဲ့ ထောင်ချောက်တွေကို ကာကွယ်ဖို့အတွက် ငါတို့က အုတ်ဂူထဲကို ဝင်ပြီးသွားရင် ဘယ်အရာကိုမှ မထိတာ အကောင်းဆုံးပဲ…"

မုန့်ချီက ထိုစကားလုံးများကို ပြောပြနေသည့်အချိန်တွင် ကျန်းကျိဝေက အကြောင်းအရာကို ထောက်ပြလိုက်သည်။

ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က သူတို့၏နောက်မှနေ၍ တိတ်တဆိတ် လိုက်လာခဲ့ကြ၏။

အုတ်ဂူ၏ ရှေ့ဖက်အတွင်းပိုင်းထဲတွင် မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကိုသုံးပြီး တံခါးကို တွန်းဖွင့်လိုက်၏။ တံခါးက တိတ်တဆိတ် ပွင့်သွားသည့်အချိန်တွင် အနက်ရောင်အုတ်ခဲများ ခင်းထားသည့် လမ်းတစ်ခု ပေါ်လာခဲ့သည်။ ရှေးဟောင်းကြေးနီအလင်းတန်းကြီး(၃)ခုကလည်း ဘေးတစ်ဖက်ဆီတွင် ထွန်းလင်းတောက်ပနေပြီး ထိုလမ်းကြောင်းပေါ်သို့ အလင်းရောင်များ ဖြာကျလာနေသည်။

ဝင်ပေါက်က အတော်လေးကျဉ်းသည့်အတွက် မုန့်ချီက ဦးဆောင်ပြီး ကျန်းကျိဝေက သူ့နောက်မှ လိုက်လာခဲ့၏။ ထိုအချိန်တွင် အမိုးမှနေ၍ ငွေရောင်လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ကျဆင်းလာခဲ့ပြီး လှံရှည်က မုန့်ချီကို ဖြည်းညင်းစွာ တိုက်ခိုက်လိုက်သည်။

ဖုတ်ကောင်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ လှံရှည်က အလွန်နှေးကွေးစွာ တိုက်ခိုက်လိုက်သလို ထင်မှတ်ရသော်လည်း တိုက်ခိုက်မှု တစ်ခုချင်းဆီတိုင်းတွင် ပြောင်းလဲမှုများ ပြည့်နှက်နေသည်။

ပြောင်းလဲမှုတိုင်းက အလွန်လျင်မြန်လွန်းလှသည့်အတွက် မုန့်ချီက ထိုအရာများကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့ရပေ။ ထိုပြောင်းလဲမှုများထဲတွင် ကမ္ဘာမြေကြီး၏ အနှစ်သာရများ ပြည့်နှက်နေသည်။

ထိုလှံရှည်ကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက ထူးဆန်းသွားသလို ခံစားလိုက်ရသည်။ သူက လှံရှည်၏ ထိုးဖောက်ခြင်းကို သေချာပေါက် ခံရတော့မည်ဟူသော ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ သူ မည်မျှရှောင်တိမ်းစေကာမူ၊ မည်သည့်လှုပ်ရှားမှုမျိုး လုပ်ဆောင်စေကာမူ နောက်ဆုံးတွင်တော့ သေရမည်ဟုသာ တွေးနေမိခဲ့သည်။

ပြောင်းလဲမှုများက လျှပ်စီးကြောင်းများသဖွယ် လျင်မြန်လွန်းလှ၏။ သူကတော့ ကမ္ဘာမြေကြီး၏ စွမ်းအားများကို ဖယ်ရှားနိုင်ခြင်း မရှိဘဲ တိုက်ခိုက်ရန်အတွက် သူ၏လှုပ်ရှားမှုကိုသာ အားကိုးနေရသည်။

မုန့်ချီက ထိုဖုတ်ကောင်နှင့် ပထမဆုံးတိုက်ပွဲကို ရုတ်တရက် အမှတ်ရသွားခဲ့၏။ သူ့လှံရှည်၏အရှိန်က အလွန်အမင်းကို လျင်မြန်လွန်းလှပြီး စကားလုံးနှင့် ပြောပြနိုင်သည်ထက် ကျော်လွန်နေသည်။ သူ့အနားသို့ လှံရှည် ချည်းကပ်လာသည်ကို ခံစားမိသည့်အချိန်တွင် လှံရှည်က သူ့ရှေ့ကို ရောက်နေပြီဖြစ်သည်။ အရှိန်အရ ပြောရမည်ဆိုလျှင် ရှောင်ကျန်းဟိုင်၏ လျှပ်စီးဓားက ကလေးကစားသလို ဖြစ်သွားခဲ့၏။

ပထမဆုံးတိုက်ပွဲတွင် သူက အရှိန်၏အနှစ်သာရကို ပြသခဲ့သည်။ သို့သော် ယခုတော့ သူ၏စိတ်ရှည်မှုကို ပြသနေပြန်၏။ မုန့်ချီက ကောင်းကင်မိုးကြိုး (၅)ချက်ထဲမှ ပြောင်းလဲမှုတစ်ခုကို တွေ့လိုက်မိသည်။ ထိုအရာက သူအချိန်တော်တော်ကြာ လေ့လာနေခဲ့သော်လည်း မရခဲ့သော ပြောင်းလဲခြင်းသိုင်းကွက် ဖြစ်သည်။

လှုပ်ရှားမှုကို အသက်သွင်းလိုက်ပြီးနောက် မုန့်ချီ၏အရှိန်အဝါနှင့် ယုံကြည်ချက်က အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့၏။

ကျန်းကျိဝေက မုန့်ချီကို ကူညီပေးရန် သူမ၏ဓားကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် ငွေရောင်လျှပ်စီးကြောင်းတစ်ခု တောက်ပလာခဲ့သည်။ ထိုအရာက ဓားအလင်းတန်းတစ်ခုဖြစ်ပြီး အလွန်လျင်မြန်လွန်းလှသည့်အတွက် သူမ၏မျက်လုံးနှင့်ပင် မမြင်နိုင်ခဲ့ပေ။ သူမက လေထဲရှိအရိပ်ကိုသာ မြင်လိုက်ရသည်။

"ချွမ်..."

ထိုဓားက လှံရှည်၏ထိပ်ဖျားကို တိုက်ခိုက်လိုက်မိပြီး လျင်မြန်သောအရှိန်ကို အသုံးချ၍ အန္တရာယ်အငွေ့အသက်များကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။

ပွယောင်းယောင်းအဝတ်အစား ဝတ်ဆင်ထားသည့် ဖုတ်ကောင်ကတော့ လှံရှည်၏ တန်ပြန်စွမ်းအားကို အသုံးချပြီး အပေါ်သို့ ထောင်တက်သွားခဲ့သည်။ ထို့နောက် သူက အမိုးအတိုင်း လျင်မြန်စွာ လှုပ်ရှားပြီး ဝင်ပေါက်အဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။

သူ၏ညာလက်က ထုံကျဉ်သွားသည့်အတွက် မုန့်ချီက လက်(၅)ချောင်းကိုသုံးပြီး သူ့လက်ကို ညင်သာစွာ နှိပ်နယ်နေခဲ့သည်။ သို့သော် ဖိအားနှင့် ဖုတ်ကောင်၏ တိုက်ခိုက်မှုကြောင့် သူက ဓားမောက်တာအို၏ အတားအဆီးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ထိုပြောင်းလဲမှုကို အောင်အောင်မြင်မြင် အသုံးပြုနိုင်ခဲ့သည်။

"သူက ငါ့ရဲ့ဓားသိုင်းပညာနဲ့ ရင်းနှီးနေတဲ့အတွက် ငါ့ကို လေ့ကျင့်ဖို့ ကူညီပေးနေခဲ့တာလား.."

ကျန်းကျိဝေတို့ အုတ်ဂူထဲသို့ ဝင်လာပြီးနောက် မုန့်ချီက မေးလိုက်သည်။ သူကလည်း ထိုဖုတ်ကောင်၏ လှံသိုင်းပညာကို ရင်းနှီးသလို ခံစားနေရ၏။

ကျန်းကျိဝေက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုဖြစ်မယ်ထင်တယ်..။သူက သူ့ရဲ့ဝေ့ကျင်းအဆင့် သိုင်းကွက်တွေကို မှတ်မိနေသေးတဲ့အတွက် ဖုတ်ကောင်ဖြစ်လာတာ သိပ်မကြာသေးဘူး ထင်တယ်။ အသိဉာဏ် ရှိနေသေးတဲ့အတွက် သူက မကောင်းဆိုးဝါးတစ္ဆေရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးဝရှိမနေဘူး။ ဒါကြောင့် ငါတို့ကို ငဲ့ညှာနေတာပဲ ဖြစ်မယ်…"

မကောင်းဆိုးဝါးတစ္ဆေများအပေါ် သူမ၏အကြောက်တရားများကို ကျော်လွှားလိုက်ပြီးနောက် ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်သည်။

"သူက နင့်ရဲ့ လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်အစွမ်းကိုသုံးပြီး ထိန်းချုပ်ခံနေရတာကနေ လွတ်မြောက်ချင်နေတာလည်း ဖြစ်နိုင်တယ်.."

"ငါ့ရဲ့ကျင့်စဉ်က ကန့်သတ်ချက်ရှိနေတော့ သူ့အတွက် ကောင်းကောင်း အကူအညီပေးနိုင်မှာ မဟုတ်ဘူး..။ ဘယ်လိုပဲဖြစ်ဖြစ် ပိတ်လှောင်ထားတဲ့ မကောင်းဆိုးဝါးတစ္ဆေက သူ့ရဲ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းဖြစ်နေပြီလေ.."

မုန့်ချီကတော့ ယခင်တစ်ခေါက် တန်ပြန်သက်ရောက်မှုကို ယခုအချိန်အထိ ကြောက်လန့်နေသေးသည်။

"ငါတို့က အရင်ဆုံး မကောင်းဆိုးဝါးတစ္ဆေကိုပဲ ဖယ်ရှားဖို့ ကြိုးစားကြည့်သင့်တယ် မဟုတ်လား.."

ချီကျန်းရန်က စဉ်းစားပြီး မေးလိုက်သည်။

မုန့်ချီကတော့ သူ့ကို မည်ကဲ့သို့ပြန်ဖြေရမှန်း မသိခဲ့ပေ။ ကျန်းဝူအင်ပါယာက သူနှင့် ပတ်သက်နေသော မကောင်းဆိုးဝါးတစ္ဆေကို ဖိနှိပ်ရန် အတော်လေး ကြိုးစားထားခဲ့သည်။ ထို့ကြောင့် ထိုမကောင်းဆိုးဝါးတစ္ဆေက ရူးသွပ်ဖွယ် အစွမ်းထက်လွန်းသည်ဟု ဆိုလိုနေသည်။ သူတို့ကသာ ဗုဒ္ဓမီးအိမ်လေးကို ပြင်ဆင်နိုင်ခြင်း မရှိသရွေ့ ထိုအရာကို ဖျက်ဆီးရန် မဖြစ်နိုင်ပေ။

သူ၏အကြံပေးချက်က ရယ်စရာကောင်းကြောင်း ချီကျန်းရန်ကလည်း ခံစားမိသည့်အတွက် ဆက်ပြောလိုက်၏။

"သူ့ဆီမှာ အသိဉာဏ်ရှိသေးတယ်ဆိုတော့ သူ့ကို ဘယ်လိုကူညီပေးရမလဲဆိုတာ ငါတို့ကို ပြောပြနိုင်ပါသေးတယ်…"

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူကတော့ ဖုတ်ကောင်၏ တိုက်ခိုက်မှုများကို အခြေခံပြီး ကောင်းကင်မိုးကြိုး(၅)သွယ်ထဲရှိ သိုင်းကွက်များကို ရရှိရန် မျှော်လင့်နေခဲ့၏။

သူတို့ ထိုလမ်းထဲမှ ထွက်လာပြီးနောက် နောက်ထပ်လမ်းတစ်ခု ပေါ်လာခဲ့သည်။ မုန့်ချီက လမ်းအသစ်ပေါ်၌ ခြေချလိုက်သည့်အချိန်တွင် အဝေးမှ လျှပ်စီးကြောင်းတစ်ခု ပေါ်လာပြန်သည်။ လှံရှည်က အလယ်အလတ်အရှိန်နှင့် သူ့ဆီသို့ ရောက်လာနေ၏။

သို့သော် လှံထဲတွင် အလွန်အစွမ်းထက်သော စွမ်းအားများ ရှိနေပြီး တောင်ကြီးတစ်တောင်နှင့် ပင်လယ်ကြီးတစ်စင်းကို သယ်ဆောင်ထားသလို ခံစားရသည်။ ထိုအရာက အနီးအနားတွင် ရှိနေသော လေစီးကြောင်းများကို စုစည်းပြီး မိုးကြိုးများနှင့် အလွန်ကြောက်စရာကောင်းသော ဆွဲငင်အားဝဲကတော့တစ်ခု ဖြစ်ပေါ်လာစေသည်။

ထိုအချိန်တွင် သူလုပ်လိုက်သည့်အရာတိုင်းက ထိုလှံရှည်နှင့် တိုက်မိသွားလိမ့်မည်ဟု ခံစားမိနေ၏။ မုန့်ချီက သူ၏စိတ်ဝိညာဉ်နှင့် နှလုံးကျင့်စဉ်တို့ကိုသုံးပြီး ထိုသိုင်းကွက်ကို အကြမ်းဖျင်းတွက်ချက်ကြည့်နေမိသည်။ ထိုအချိန်တွင် ကောင်းကင်မိုးကြိုး(၅)သွယ်ထဲရှိ နောက်ထပ်သိုင်းကွက်တစ်ခုက သူ့ခေါင်းထဲသို့ ရောက်လာခဲ့၏။

ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့က တိုက်ခိုက်ရမည့်အစား သတိထားနေကြသည်။ သူတို့၏မျက်လုံးထဲတွင်တော့ ထိုဖုတ်ကောင်က မုန့်ချီ၏ စွမ်းရည်ကို မြှင့်တင်ပေးနေပြီး ကောင်းကင်မိုးကြိုး(၅)သွယ်ကို ပြည့်ပြည့်ဝဝ တတ်မြောက်အောင် ကူညီပေးနေခြင်းဖြစ်သည်။

လှံရှည်က လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး သူ့ရင်ဘတ်ကို ထိုးစိုက်လိုက်သည်။ ထိုအချိန်တွင် မုန့်ချီက ကောင်းကင်ပြစ်ဒဏ်ဓားကို ဖြည်းညင်းစွာ ဝှေ့ယမ်းလိုက်၏။ ထိုအချိန်တွင် လေလှိုင်းများ ထွက်ပေါ်လာခြင်း မရှိသည့်အတွက် ဓားထဲတွင် အလေးချိန်မရှိသလို ထင်မှတ်ရသည်။

ဓားထဲတွင် စွမ်းအားများ ပြည့်နှက်လာသည့်အချိန်၌ ဓားက ကောင်းကင်ပေါ်မှ မိုးကြိုးအပြစ်ပေးမှုကဲ့သို့ ဖြစ်လာသည်။

ထိုအရာက လေဟာနယ်ကြီးတစ်ခု ဖြစ်သော်လည်း ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းခြုံထားနိုင်သည်။ ထိုအရာက ဗလာဖြစ်သော်လည်း ပြောင်းလဲမှုများစွာ ရှိနေသည်။ ရလဒ်အနေနှင့် ဆွဲငင်အားဝဲကတော့နှင့် ဓားစွမ်းအင်များက အချင်းချင်း ပေါင်းစပ်သွားပြီး လှံရှည်က ပစ်မှတ်ကို လွဲချော်သွားခဲ့သည်။ ရုတ်တရက်ဆိုသလို ဓားချီစွမ်းအင်များကလည်း မိုးကြိုးများ၊ လျှပ်စီးများနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။

ယခုတစ်ကြိမ်တော့ ဖုတ်ကောင်က မည်သည့်စွမ်းအားကိုမျှ အားကိုးခဲ့ခြင်း မရှိဘဲ လမ်းအဆုံးသို့ ပျံသန်းသွားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် လျှပ်စီးကြောင်းများ လွှမ်းခြုံနေခဲ့၏။

"ကောင်းကင်မိုးကြိုး(၅)သွယ်မှာ အနှစ်သာရ(၅)မျိုး ရှိနေတယ်။ သူတို့တွေက အရှိန်၊ စိတ်ရှည်မှု၊ အလေးချိန်၊ လေဟာနယ်နဲ့ တစ်ခြားအရာတွေပဲလား.."

သူတို့၏တိုက်ခိုက်မှုကို မြင်လိုက်ရသည့်အခါ ကျန်းကျိဝေကလည်း ကောင်းကင်ဓား သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို အတိုင်းအတာတစ်ခုထိ နားလည်လာခဲ့သည်။

"ငါလည်း မသိဘူး..."

မုန့်ချီက နှုတ်ခမ်းကို အနည်းငယ်လှုပ်ရှားရင်း ပြောလိုက်သည်။ သူ၏ကောင်းကင်ဓား သုတ်သင်ရှင်းလင်းရေး(၅)သွယ်က မပြည့်စုံသေးပေ။ ထို့ကြောင့် သူကတော့ ယခုအချိန်တွင် အနှစ်သာရ (၂)မျိုးဖြစ်သော အရှိန်နှင့် စိတ်ရှည်မှုကိုသာ ပြသနိုင်သေးသည်။

"မိုးကြိုးနတ်ဘုရားဆီမှာလည်း နင့်လို သိုင်းလောကနာမည်တစ်ခုရှိတယ်.."

ရွမ်ယုရှုက ပြောလိုက်၏။ ယခုတော့ သူမက ပို၍စိတ်အေးနေသလို ခံစားလိုက်ရသည်။ ဝေ့ကျင်းအဆင့် ဖုတ်ကောင်က သူ့ကို လေ့ကျင့်ပေးနေကြောင်း သိနေသည့်အတွက် မကောင်းဆိုးဝါးတစ္ဆေက ထိန်းချုပ်မှုအောက်တွင် ရှိနေသေးကြောင်း ပြသနေသည်။

မုန့်ချီကတော့ ဒေါသတကြီး ပြောလိုက်၏။

"ငါလည်း အဲဒီလိုနာမည်မျိုးကို မလိုချင်ပါဘူး.."

"သတ်ဖြတ်ရေးဓား…"

ရွမ်ယုရှု၏အသံက ထာဝရတည်ရှိနေသလို ထင်မှတ်ရသည်။

"အဲဒါကတော့ နာမည်ကောင်းတစ်ခုလို့ ငါလည်းတွေးမိပါတယ်..”

မုန့်ချီက ကျန်းကျိဝေ၊ ရွမ်ယုရှုနှင့် ချီကျန်းရန်တို့ကို ပြန်မဖြေတော့ပဲ အဝေးကို လှမ်းကြည့်လိုက်သည်။

သူက ရုတ်တရက် တိတ်ဆိတ်သွားပြီး နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။

"ရှေ့ဆက်ပြီး လျှောက်ကြစို့…."

အုတ်ဂူ၏ အတွင်းပိုင်းက ကြီးမားခြင်း မရှိသည့်အတွက် မုန့်ချီတို့က လမ်းထဲတွင် လျှောက်လာပြီးနောက် ပင်မအုတ်ဂူအခန်းကြီးကို မြင်လိုက်ရသည်။ ပုံမှန်အုတ်ဂူတစ်ခုတည်းတွင်တော့ ထိုအရာက အရှင်သခင်၏ အခေါင်းကို ထားသောနေရာဖြစ်သည်။

ပင်မအုတ်ဂူအခန်း၏ အပြင်ဖက်တွင် အရိပ်ပေါင်းများစွာ ပြည့်နှက်နေသည်။ ထိုအရာများကို အပိုင်း(၈)ပိုင်းခွဲထားပြီး (၁)ပိုင်းချင်းဆီထဲတွင် မတူညီသော ပြောင်းလဲမှုများ ပေါ်နေခဲ့၏။ ထိုအရာက ပြင်ပကမ္ဘာကြီးထဲမှ အရိပ်တစ်ချို့ကဲ့သို့ ထင်မှတ်ရသည်။

ထိုအရိပ်ပေါင်းများစွာထဲတွင် ခြစ်ခြစ်တောက် ပူလောင်နေသောနေမင်းကြီး၊ တောက်ပသော လမင်းကြီးနှင့်ကြယ်များ၊ အဆုံးမဲ့ကောင်းကင်ကြီး စသည့်အရာများ ရှိနေသည်။

“နေ၊ လ၊ ကြယ်၊ ကောင်းကင်နှင့်မြေကြီး၊ လူသား၊ ယင်နဲ့ ယန်…”

မုန့်ချီက တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားမိခဲ့သည်။ သူက မော့ကြည့်လိုက်ရာ အပေါ်ဖက်၌ အမှောင်ထုကြီးကလွဲလျှင် မည်သည့်အရာမျှမရှိချေ။

"ယင်နှင့်ယန် လိုနေတယ်…”

“အဆင့်မြင့် ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် သူက ဖိနှိပ်ဖို့အတွက် သဘာဝ(၉)ပါးကို အသုံးပြုခဲ့တယ်။ လရောင်နန်းတော်ကြီးနဲ့ ယင်မီးတောက်တွေကလည်း ဒီအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နိုင်တာပဲလေ.."

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် ရွမ်ယုရှုက ကျန်းကျိဝေထက်ပင် ပို၍ဗဟုသုတပြည့်စုံသလို ထင်ရသည်။ ကျန်းကျိဝေကတော့ ကျင့်ကြံနေစဉ် သူမ၏ဓားနှင့် နှလုံးသားကိုသာ အလေးထား၏။

မုန့်ချီက ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ပြောရမယ်ဆိုရင် ငါတို့က ဘယ်လမ်းကိုပဲ ရွေးချယ်ပါစေ ဒီ(၉)ခုထဲမှာ ဒုတိယအစီအစဉ်ကို သေချာပေါက် ဖြတ်လာရမှာ မဟုတ်လား…”

“ကျန်းဝူအင်ပါယာရဲ့ အခေါင်းက ငါတို့ရဲ့ရှေ့မှာရှိတယ်.."

ချီကျန်းရန်က မှင်တက်နေရင်း မသက်ဆိုင်သော အဖြေတစ်ခုကို ပေးလိုက်သည်။

မုန့်ချီက သေချာစဉ်းစားကြည့်လိုက်ပြီး တူညီသောအတွေးတစ်ခု ပေါ်လာခဲ့၏။ ထိုအခေါင်းထဲတွင် လဲလျောင်းနေသည်မှာ ရှေးဟောင်းထိပ်သီးပညာရှင်တစ်ယောက် ဖြစ်၏။

ကျန်းကျိဝေ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး သူမက စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရန် ကြိုးစားနေသည်။ ကျန်းဝူအင်ပါယာက ကောင်းကင်ကြားဖြတ် ဓားသိုင်းပညာ၏ ဓားကွက်(၃)ကွက်ကို လေ့ကျင့်နိုင်ခဲ့သည်။ အကယ်၍ သူမကသာ သူ့ကိုမြင်တွေ့ရန် အခွင့်အရေးရခဲ့မည်ဆိုလျှင် အကျိုးအမြတ်များစွာ ရရှိနိုင်၏။

"ငါတို့က ပိုပြီးသတိထားရမယ်။ ရှေ့မှာ ပိုပြီးကြီးမားတဲ့အန္တရာယ်တွေလည်း ရှိလာနိုင်တယ်…"

မုန့်ချီက သူတို့ကို သတိပေးလိုက်ပြီး အရိပ်နယ်မြေထဲမှ ဦးဆောင်၍ ထွက်လာခဲ့သည်။

ထိုအရိပ်များက ပုံသဏ္ဍာန်မရှိသည့်အတွက် မုန့်ချီတို့က ချောချောမွေ့မွေ့ ဖြတ်ကျော်လာနိုင်ခဲ့သည်။ ရုတ်တရက်ဆိုသလို လျှပ်စီးကြောင်းတစ်ခုက ရပ်တန့်၍ မရနိုင်သော စွမ်းအားနှင့်အတူ သူ့ဆီကို ရောက်လာခဲ့သည်။ ဖုတ်ကောင်က သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်၏။

လေထဲတွင်လည်း ပို၍များပြားသော အလင်းတန်းများ ထွက်ပေါ်လာပြီး အရိပ်ပေါင်းများစွာ ပျောက်ကွယ်၍ မြေပြင်ကြီးက လောင်ကျွမ်းလာသည်။ အနက်ရောင်နယ်မြေကြီးကလည်း အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့၏။

"ဒီတစ်ကြိမ်တော့ သူက အစွမ်းကုန် သုံးလိုက်တာပဲ။ သူ့ကို မကောင်းဆိုးဝါးတစ္ဆေက ထိန်းချုပ်ထားတာလား.."

တစ်ချိန်တည်းတွင် ဟွမ်ကန်း သူတို့ဆီသို့ ရောက်လာသည့်အချိန်ကကဲ့သို့ ယင်မီးတောက်များ ပျံ့နှံလာခဲ့၏။ သူက လရောင်အောက်တွင် ပတ်ပတ်လည်မှ ပေါ်လာနေသော မိန်းမပျိုတစ်ချို့ကို မြင်လိုက်ရသည်။

အခြေအနေက တခဏအတွင်း အန္တရာယ်များလာပြီး ဖုတ်ကောင်(၁၃)ကောင်၊ (၁၄)ကောင်ခန့်က သိုင်းကွက်မျိုးစုံကိုသုံး၍ သူတို့ကို တိုက်ခိုက်လိုက်ကြသည်။ နေရာတိုင်းတွင်လည်း လျှပ်စီးကြောင်းများ ပြည့်နှက်နေပြီး သရဲတစ္ဆေ အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။

ပွယောင်းယောင်း အဝတ်အစား ဝတ်ဆင်ထားသည့် ဖုတ်ကောင်နှင့် တစ်ခြားသော ဖုတ်ကောင် (၂)ယောက်က ဝေ့ကျင်းအဆင့် ဖြစ်ကြသော်လည်း ယခု သူတို့က ဝေ့ကျင်းတစ်ဝက်အဆင့် ရန်သူပေါင်းများစွာကိုပင် ရင်ဆိုင်နိုင်ခြင်းမရှိချေ။

သူတို့က ဖုတ်ကောင်များဖြစ်နေသည်မှာ ကံကောင်းသွား၏။ ပတ်ဝန်းကျင်ရှိ စွမ်းရည်များကို လှုံ့ဆော်လိုက်ပြီး ကျန်းကျိဝေက သူမ၏ဓားကို ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းရောင်များ ထွက်ပေါ်လာပြီး ဓားချီစွမ်းအင်များ စုစည်းလာခဲ့၏။ ထိုအရာက လှံရှည်ဆီကို ပျံသန်းသွားခဲ့လေသည်။

အုတ်ဂူအခန်း၏ အပြင်ဖက်တွင်လည်း ရုတ်ခြည်းပင် လင်းထိန်သွားခဲ့၏။ သူမ၏ ဓားချီစွမ်းအင်များ တောက်ပလာသည့်အချိန်တွင် တိမ်တိုက်များကို လင်းလက်သွားစေနိုင်သည်။ ကောင်းကင်နှင့်မြေကြီးကို ဖန်တီးနိုင်ပြီး နေနှင့်လကပင် ဦးညွှတ်လာရနိုင်၏။ သူမ၏ဓားအလင်းတန်းက ပုံသဏ္ဍာန် မရှိသော်လည်း အတော်လေးသန့်စင်၏။ ထိုအရာက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်ပြီး အနှစ်သာရများကို ချိုးဖောက်နိုင်သည်။

"ချွမ်..."

လျှပ်စီးကြောင်းတစ်ခု ပျံ့နှံ့လာပြီး လှံရှည်က နောက်သို့ တွန်းပို့ခံလိုက်ရသည်။ သူမက ဝေ့ကျင်းအဆင့် ဖုတ်ကောင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့၏။

ကျန်းကျိဝေကိုယ်တိုင်ကတော့ နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားလိုက်ရသည်။ ထို့နောက် မုန့်ချီ၏ဘယ်ဖက်ဘေးတွင် ရပ်နေခဲ့၏။ အကယ်၍ မုန့်ချီကသာ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုသုံးပြီး တိုက်ခိုက်သူ၏စွမ်းအားကို ဖယ်ရှားပေးခဲ့ခြင်း မရှိလျှင် သူမက လဲကျသွားနိုင်သည်။

ကျန်းကျိဝေက သူမ၏ဓားကို ကိုင်ထားသည့်အချိန်တွင် ရွမ်ယုရှုက လျှာထိပ်ဖျားလေးကို ကိုက်လိုက်ပြီး ဇာမဏီဗျတ်စောင်းပေါ်သို့ သွေးအဆီအနှစ်များ ထွေးထုတ်လိုက်သည်။ စောင်းကြိုးများက သွေးနီရောင်တောက်ပနေပြီး အတော်လေးကို ကြောက်စရာကောင်းလာ၏။

ရွမ်ယုရှုက လက်နှစ်ဖက်နှင့် သူမ၏စောင်းကို တီးခတ်လိုက်ရာ အလွန်သာယာငြိမ့်ညောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ အလွန်ကြည်လင်ပြီး ကျယ်လောင်သည့်အသံက အံ့သြစရာကောင်းလွန်းလှသည်။

ဝေ့ကျင်းအဆင့် ဖုတ်ကောင်များကလွဲလျှင် တစ်ခြားသော ဖုတ်ကောင်များက တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူတို့၏နားကို လက်နှစ်ဖက်နှင့်အုပ်၍ အော်ဟစ်နေကြ၏။

ချီကျန်းရန်၏ ရွှေနဂါးဓားဆီတွင်လည်း ရေခဲအလင်းတန်းများ တောက်ပလာခဲ့သည်။ ထို့နောက် သူက ဝေ့ကျင်းအဆင့် ဖုတ်ကောင်ကို ဓားနှင့် လှမ်းထိုးလိုက်၏။ ရေခဲအလင်းတန်းများက တဖြည်းဖြည်း ပို၍ကြီးမားလာပြီး ဦးချိုမဲ့နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုနဂါးက ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး နှင်းလုံးကြီးတစ်ခု မှုတ်ထုတ်လိုက်သည့်အတွက် နေရာတိုင်းတွင် ရေခဲစွမ်းအားများ ပျံ့နှံ့သွားခဲ့သည်။ ဓားရှည် ဖြတ်သန်းသွားသည့် နေရာတိုင်း လေစီးကြောင်းများနှင့် ယင်ချီစွမ်းအင်များ အပါအဝင် အရာအားလုံးက အေးခဲသွားခဲ့၏။

ဓားရှည်က ရှေ့သို့ ရောက်လာခဲ့သည့်အချိန်တွင် ဝေ့ကျင်းအဆင့် ဖုတ်ကောင်များအားလုံးလည်း အေးခဲသွားကြသည်။ တိုက်ခိုက်မှုများအားလုံးကလည်း စက္ကန့်ဝက်ခန့် ငြိမ်သက်သွားခဲ့၏။

မုန့်ချီက ထိုအခွင့်အရေးကို အရယူပြီး သူ၏စိတ်ဝိညာဉ်ကို ဘယ်လက်ထဲတွင် ကိုင်ထားသော ဗုဒ္ဓမီးအိမ်လေးထဲသို့ ပို့ဆောင်လိုက်သည်။ သူက ထိုအရာကို လုံးဝအသက်သွင်းလိုက်၏။

မီးအိမ်လေးထဲမှ မီးတောက်ကလည်း ယခင်တုန်းကထက် (၂)ဆခန့် ပို၍ကြီးမားလာသည်။ ထိုအချိန်တွင် ဓမ္မရွတ်ဆိုသံတစ်ခု ပျံ့နှံ့လာပြီး မီးတောက်လေးဆီမှ နွေးထွေးမှု၊ တည်ငြိမ်မှုနှင့် ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ပြည့်နှက်လာခဲ့၏။

"အော်မီတော်ဖော်… "

ဓမ္မရွတ်ဆိုမှုများ၏သက်ရောက်မှုကြောင့် ဝေ့ကျင်းတစ်ဝက်အဆင့် ဖုတ်ကောင်များ၏ မျက်နှာပေါ်တွင် ရှိနေသော ကြွက်သားများက ပျက်ယွင်းလာပြီး ကွာကျလာခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာပြီး တောက်ပသော အလင်းရောင်ထဲတွင် ပျောက်ကွယ်သွားကြသည်။ သူတို့၏ခန္ဓာကိုယ်ကလည်း စတင်ပျက်စီးလာပြီး တခဏအတွင်း ပြည်ပုပ်များအဖြစ် ပြောင်းလဲသွားခဲ့၏။

သူတို့၏ စိတ်ဝိညာဉ်က လေထဲတွင် လွင့်မျောနေကြပြီး အပြာရောင်မီးအိမ်လေး၏ အလင်းတန်းအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

အလွန်တောက်ပသော အလင်းရောင်ကြောင့် ဝေ့ကျင်းအဆင့် ဖုတ်ကောင်(၃)ယောက်ဆီမှ ပြည်နှင့် သွေးများ စီးကျလာနေပြီး စူးစူးဝါးဝါး အော်ဟစ်နေကြသည်။ သူတို့ကလည်း ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်ပေါ်လာသည့်အတွက် နောက်သို့ စိုးရိမ်တကြီး ပြန်ဆုတ်သွားကြသည်။

ပွယောင်းယောင်း ဝတ်စုံ ဝတ်ဆင်ထားသော ဖုတ်ကောင်၏ မျက်နှာပေါ်တွင်လည်း နာကျင်မှုများ ပေါ်လာခဲ့သည်။ သူက ယခင်တုန်းကလို အငွေ့အသက်မျိုး မရှိတော့ဘဲ ပစ္စည်းတစ်ခုကို အလျင်အမြန်ထုတ်၍ မုန့်ချီ၏ဘေးနားသို့ လှမ်းပစ်ပေးလိုက်သည်။ ထို့နောက် ဗုဒ္ဓမီးအိမ်၏အလင်းတန်းထဲမှနေ၍ နောက်ပြန်ဆုတ်သွားခဲ့၏။

အမှောင်ထဲတွင်လည်း မျက်နှာတစ်ခု ပေါ်လာခဲ့သည်။ သူ၏ခေါင်းပေါ်တွင် သရဖူတစ်ခု ဆောင်းထား၏။ သူက အလွန်နာကျင်လွန်းလှသည့်အတွက် မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်ထားသည်။ ထို့နောက် သူက ပင်မအုတ်ဂူအခန်းထဲကို ဝင်ရောက်သွားခဲ့၏။

အပြာရောင်မီးအိမ်လေးကတော့ ဆက်လက်လှုပ်ရှားနေပြီး အဆုံးမဲ့အလင်းတန်းများ ထွက်ပေါ်လာနေသည့်အတွက် လူတိုင်းက နွေးထွေးသွားသလို ခံစားနေရလေသည်။

Translated by Hein Htet.

All Chapters