← Chapters

အခန်း (၂၉၉)

Vol. 20 Ch. 299

အခန်း (၂၉၉)

Vol. 20 Ch. 299

ချင်ယုက သူ၏ဘယ်လက်ကို ကွေးကြည့်လိုက်ပြီး ဆိုးဆိုးဝါးဝါး ဖြစ်မဖြစ် စစ်ဆေးကြည့်နေ၏။ ထို့နောက် သူက အပြုံးနှင့် ပြောလိုက်သည်။

"ငါက ပုန်းနေလို့လည်း အသုံးမဝင်တော့ဘူး... ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက မြစ်အရှေ့ပိုင်းလေ... "

ဝမ်မိသားစုက မြစ်အရှေ့ပိုင်းတွင် ရှိနေသည်။ ပြောင်းလဲမှုကျင့်စဉ်က သူတို့မိသားစု မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော အရာတစ်ခုလည်း ဖြစ်သည်။

မုန့်ချီက စဉ်းစားကြည့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဒီကိစ္စကို ပြောဖို့အတွက် ငါက ယပ်တောင် (၆) လက်ကျောင်းကို သွားလိုက်မယ်..။ အခုချိန်မှာ နိုင်ငံ(၂) ခုက တိုက်ပွဲဖြစ်နေမှတော့ သူက ဘယ်လိုများ မောက်မာနိုင်ဦးမှာလဲ... "

တခြားအရာများကိုတော့ ယပ်တောင် (၆) လက်ကျောင်းက ဖြေရှင်းရန် လိုအပ်နေသည်။ အကယ်၍ သူက လျှို့ဝှက်သတင်းပေးဟူသော အရာကို မသုံးလျှင်ပင် မည်သူကမျှ သူ့ကို မလေးမစား မလုပ်ရဲပေ။ ထိုအချိန်တွင် သူတို့က မြေခွေးဘုရင်ကို မည်သို့ရှာဖွေဖမ်းဆီးမည်နည်းဟု မုန့်ချီက သိချင်နေခဲ့၏။

အကယ်၍ သူကိုယ်တိုင် နောက်ပိုင်း ထိုကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရလျှင် ကိုယ့်ကိုယ်ကိုယ် မည်သို့ ကယ်တင်နိုင်ကြောင်း သိချင်နေခဲ့၏။ သံသရာခရီးသွား တစ်ယောက်ဖြစ်သော သူ၏အဆင့်အတန်းအရ သူ့ဆီတွင် အချိန်ပြည့်လုံခြုံမှု ကင်းမဲ့နေသည်။ အကယ်၍ သူက ကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင်တော့ လုံခြုံနိုင်ပါလိမ့်မည်။

"လမ်းမှာသတိထားပါ..။ ဘာလို့လဲဆိုတော့ သူက အနီးအနားမှာ ရှိနေနိုင်သေးတယ်.."

ချင်ယုက ညာလက်နှင့် အချိန်ဓားကို ကိုင်လိုက်ပြီး သူ၏အင်္ကျီကို အုပ်လိုက်သည်။ သူက မြောင်လင်တွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်းကို မုန့်ချီနှင့် အတူသွားရန် ရည်ရွယ်ထားခဲ့၏။ ထိုသို့ဆိုလျှင် မြေခွေးဘုရင်၏ အလစ်ချောင်း တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်သည်။

မုန့်ချီက ရယ်လိုက်၏။

"ငါက အခုလေးပဲ မြေခွေးဘုရင်နဲ့ တွေ့ပြီးသွားပြီ ။ သူသတ်တာကိုတောင် ခံရတော့မလို့ပဲ ။ မဟုတ်ရင် မင်းပြောတဲ့စကားကို အခြေခံပြီး သူက တိုင်ရှန်ဆိုတာ ငါက ဘယ်လိုခန့်မှန်းနိုင်မှာလဲ... "

"မင်းက သူနဲ့ တွေ့ပြီးသွားပြီလား…"

ချင်ယုက မုန့်ချီကို စိုက်ကြည့်နေပြီး ဒဏ်ရာမရသည့်အတွက် ဇဝေဇဝါ ဖြစ်နေပုံပေါ်သည်။ သူက မြေခွေးဘုရင်၏လက်ထဲမှ အထိအခိုက်မရှိ ထွက်လာနိုင်ခဲ့ခြင်း ဖြစ်၏။

သူကတော့ အစွမ်းကုန်သုံးပြီး တိုင်ရှန်ကို တိုက်ခိုက်ခဲ့သည်ကိုပင် ဒဏ်ရာရခဲ့သေးသည်။ နောက်ဆုံးတွင်တော့ သူ၏အကောင်းဆုံး သိုင်းကွက်ကိုသုံးပြီး တိုင်ရှန်ကို နောက်ဆုတ်သွားအောင် လုပ်ဆောင်ခဲ့ရ၏။ မည်သို့ဖြစ်စေကာမူ အဆင့်ကွာဟမှုကို ဖြေရှင်းရန် အလွန်ခက်ခဲသည်။

အကယ်၍ ကောင်းကင်အင်ပါယာ သိုင်းကျမ်းကသာ ထူးခြားနေခြင်းမရှိလျှင် သူက ပို၍ခက်ခဲပြီး အန္တရာယ်များတွေ့နိုင်သည်။ သူက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရစေနိုင်သော သွေးအဆီအနှစ်ကျင့်စဉ်ကို အသုံးပြုပြီး တိုက်ပွဲကို ဖြေရှင်းခဲ့ရ၏။ မဟုတ်လျှင် သူက ဒဏ်ရာအနည်းငယ်လေးနှင့် လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ထိုသို့ဆိုရာတွင် သတ်ဖြတ်ရေးဓား စုမုန့်ကတော့ အကောင်းဆုံး တိုက်ခိုက်ခဲ့ရပုံမပေါ်ဘဲ ပုံမှန်အတိုင်းသာ ဖြစ်နေသည်။

မုန့်ချီက စိတ်ထဲတွင် ကျေနပ်သွားမိပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။

"ငါက သူနဲ့ တိုက်ခိုက်ဖို့အတွက် သိုင်းကွက်အသစ်တစ်ခုကို သုံးခဲ့တာ..။ မဟုတ်ရင် ငါလည်း နေရာမှာပဲ သေနေလောက်ပြီ ။ မြေခွေးဘုရင်က အဲဒါကို သိသွားပြီဆိုမှတော့ အဲဒီသိုင်းကွက်က နောက်တစ်ကြိမ် အသုံးဝင်မှာ မဟုတ်တော့ဘူး... "

တစ်ဖက်လူက သူ့အပေါ် အထင်ကြီးလာခြင်း မရှိစေရန် ဆုံးဖြတ်၍ ပြောလိုက်သည်။ သူက သိုသိုသိပ်သိပ်သာ နေထိုင်ချင်နေသည်။

အံ့သြနေသော ချင်ယု၏အမူအရာက ပျောက်ကွယ်သွားခဲ့၏။ သူက မာနကြီးသော မူလပုံစံအတိုင်း ပြန်ဖြစ်သွားပြီး ပြောလိုက်သည်။

"ငါတို့အတူတူသွားကြမယ်..။ ငါတို့ပူးပေါင်းပြီး တိုက်ခိုက်လိုက်မယ်ဆိုရင်တော့ သူ့ကို ဖမ်းဖို့အတွက် နောက်တစ်ကြိမ် အခွင့်အရေးရှိနိုင်သေးတယ်... "

"ကောင်းပြီလေ…"

မုန့်ချီက အလွန်ဝမ်းသာနေပုံရသည်။

သူက ရပ်ပြီး ပြောလိုက်၏။

"ငါ မင်းကို မေးခွန်းတစ်ခုမေးလို့ရမလား...”

“ဘယ်သူကမှ ကိစ္စမရှိဘဲ တခြားလူတစ်ယောက်ရဲ့နေရာကို လာပြီးကူညီမှာ မဟုတ်ဘူး... ။ အဲဒါကြောင့်လည်း မင်းက နောက်ကျမှ ဒီနေရာကို ရောက်လာတာ မဟုတ်လား... "

ချင်ယုက အပြုံးနှင့် မုန့်ချီကို ပြောလိုက်သည်။

မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် ကျန်းဟန်ချွန်တို့ ဆွေးနွေးခဲ့သည့်အရာကို ပြန်ပြောလိုက်သည်။ အဆုံးတွင်တော့ သူက မေးလိုက်၏။

"မင်း အဲဒီနေ့က စကားတွေကို တခြားတစ်ယောက်ယောက်ဆီ ပြောခဲ့မိသေးလား... "

ရွှမ်တျန်းဂိုဏ်း၏ ဆက်ခံသူဖြစ်သော ချင်ယုက ကောင်းကင်ဧကရာဇ်၏ အစစ်အမှန် ဆက်ခံသူတစ်ယောက် ဖြစ်သည်။ သူ့ဆီတွင် လုံလောက်သော သိုင်းကျမ်းများ ၊ အရင်းအမြစ်များ ရှိနေ၏။ သူလည်း ကျန်းကျိဝေ ၊ ကျန်းယွင်ရှန်တို့ကဲ့သို့ သံသရာကမ္ဘာကြီးထဲကို အလိုလိုရောက်လာခြင်းမှ မဟုတ်လျှင် ဒဏ္ဍာရီနှင့် အင်မော်တယ်အဖွဲ့များကို ပူးပေါင်းလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူက ချင်ယုကို ယုံကြည်ပေး၍ ရနိုင်သည်။

သူက ဝေ့ကျင်းအဆင့်ကို ရောက်နေလျှင်တော့ အတားအဆီးများကို ဖြတ်ကျော်ပြီး အဆင့်တက်ရန် လျှို့ဝှက်ဆန်းကြယ်သော အဖွဲ့အစည်းများကို ပူးပေါင်းရန် ဖြစ်နိုင်သည်။ ထိုသို့ဆိုလျှင် ဓမ္မကာရအဆင့်ကို ရောက်ရှိနိုင်ပြီး သက်တမ်းဆွဲဆန့်နိုင်ခြင်းနှင့် ဂိုဏ်း၏ပင်မမျိုးဆက်များကို ဆက်လက် ထိန်းသိမ်းခြင်းမျိုး လုပ်ဆောင်နိုင်သည်။

သို့သော် ချင်ယုက ယခုအချိန်ထိ ဉာဏ်အလင်းပွင့်မှုအဆင့်သာ ရှိနေသေး၏။ သူက သိပ်မကြာခင် သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးပွင့်နိုင်ပြီး အတွင်းအပြင် ကမ္ဘာကြီးများကို ဆက်သွယ်နိုင်သည်။ သူက သူ၏ဘဝခရီးလမ်းကို လက်တွေ့ကျကျ တည်ဆောက်ထားနိုင်ပြီး ထိုစိတ်ဆန္ဒများနှင့် အလွန်အလှမ်းကွာနေသေး၏။

ထိုကဲ့သို့ သဘောထားမျိုးကြောင့် ချင်ယုက ကောင်းမွန်သည်ဟု ခံစားမိခဲ့ပြီး ခဏစဉ်းစား၍ ပြန်ဖြေလိုက်သည်။

"မပြောခဲ့ဘူး ။ ငါ အဲဒီအကြောင်း ဘယ်သူ့ကိုမှ မပြောရသေးဘူး... "

"ဒါဆိုရင် လူထူးလူဆန်း အဘိုးအို ရမ်ပင်ရှန့်ပေါ့... "

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

ချင်ယုက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"ရမ်ပင်ရှန့်က နောက်ကြောင်းရှင်းတဲ့ တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ယောက် ဖြစ်ခဲ့တယ်..။ ဒါပေမယ့် သူက အံ့သြစရာကောင်းတဲ့ ကံတရားတစ်ခုကို ကြုံတွေ့ခဲ့ရပြီး ဝေ့ကျင်းအဆင့်ကို ရောက်သွားတယ်..။ သူက နေရာအသီးသီးမှာရှိတဲ့ သူရဲကောင်းတွေနဲ့ မိတ်ဆွေဖွဲ့ဖို့အတွက် သူရဲကောင်းကျောင်းဆောင်ကိုလည်း တည်ဆောက်ခဲ့တယ်..”

“သူက ဉာဏ်ကြီးရှင်ဖြစ်နိုင်ခြေရှိတယ်..။ ဒါပေမယ့် သူ့ဆီမှာ မူမမှန်တဲ့ အပြုအမူတွေ ရှိနေမယ်ဆိုရင်တောင် သူရဲကောင်းကျောင်းဆောင်က နာမည်ကျော်ကြားတယ်... ။ မြောင်လင်ကလည်း ဝမ်မိသားစုနဲ့ တကျန်းအဖွဲ့အစည်းရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတယ်..."

"အဲဒါက ထူးဆန်းတယ်လို့ ငါလည်း တွေးမိတယ်..။ ရမ်ပင်ရှန့်က ဝေ့ကျင်းအဆင့်ကို ရောက်နေပြီလေ...။ ငါ့ကိုသတ်ဖို့ အရမ်းလွယ်တယ်..။ သူက ထောင်ချောက်ဆင်ပြီး ငါ့ကိုဖမ်းဖို့ အကြောင်းပြချက်မရှိဘူး... "

မုန့်ချီက လေးလေးနက်နက် ပြောလိုက်သည်။

ထို့ပြင် ချူးကွမ် ကိုယ့်ကိုယ်ကိုယ် သက်သေသည့် လျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်က ဖော်ထုတ်လိုက်သည်မှာ သေချာနေသည်။

"ဒီကိစ္စမှာ သံသယဝင်စရာတွေ အများကြီးရှိနေတယ်... ။ ဒါကြောင့် ငါတို့က ဆုံးဖြတ်ချက်မချခင် သေချာစဉ်းစားဖို့ လိုအပ်တယ်... "

ချင်ယုက မတ်တပ်ရပ်လိုက်သည်။

"ငါတို့က အရင်ဆုံးမြေခွေးဘုရင်ကို ဖြေရှင်းရမယ်... "

လမ်းတလျှောက်တွင် မည်သည့်အရာကိုမျှ မတွေ့ခဲ့ရသည့်အတွက် သူတို့ (၂)ယောက်က ညအချိန် မြောင်လင်တွင် ရှိနေသော ယပ်တောင် (၆) လက်ကျောင်းကို ရောက်လာခဲ့သည်။ ထို့နောက် တာဝန်ကျသော လူဆိုးထိန်းကို မြေခွေးဘုရင် တိုင်ရှန်အကြောင်း ပြောပြခဲ့၏။

နောက်တစ်နေ့တွင် မြောင်လင်က ပုံမှန်အတိုင်း လှုပ်ရှားနေခဲ့သည်။ သို့သော် မတူညီသော အဖွဲ့အစည်းများမှ လူတချို့က ကုန်သည်များအနေနှင့် ထွက်ပေါ်လာခဲ့သည်။ သူတို့နှင့် ပတ်သက်ပြီး မည်သည့်သဲလွန်စမျှ မကျန်ခဲ့ပေ။

(၂) ရက်ကြာပြီးနောက် ယပ်တောင် (၆) လက်ကျောင်း၏ အခန်းတစ်ခုထဲတွင်ငွေတံဆိပ်လူဆိုးထိန်း ယုဝမ်ယွမ်၊ အစိမ်းရောင်လက်ပတ်ဝတ် လူဆိုးထိန်း တိုင်ဖေး ၊ ငွေကြေးဂိုဏ်း၏ဂိုဏ်းချုပ် သူဌေးကြီးစွန်းကီ ၊ မုန့်ချီ ၊ ကျန်းဟန်ချွန်နှင့် ချင်ယုတို့ ထိုင်နေကြသည်။

"ဘာသဲလွန်စမှမရှိဘူး..။ သူက မြောင်လင်မှာ လုံးဝမရှိသလို ပျောက်နေတာ... "

စွန်းကီက သူ၏လူယုံများဆီမှ ကြားခဲ့ရသော သတင်းကို ပြန်ပြောလိုက်သည်။

ယုဝမ်ယွမ်က သက်လတ်ပိုင်းအရွယ် လူဆိုးထိန်းတစ်ယောက် ဖြစ်သည်။ အဝတ်အစားများကို ပြင်ဆင်လိုက်ပြီးနောက် သူက နေသားတကျ ထိုင်လိုက်ပြီး မနှေးမမြန်နှင့် ပြောလိုက်၏။

"တခြားနေရာတွေမှာလည်း ဘာသဲလွန်စာမှမရှိဘူး..။ တကျန်းအဖွဲ့အစည်းမှာလည်း အတူတူပဲ ။ တိုင်ရှန်က မြို့ထဲကို တိတ်တဆိတ်ဝင်လာပြီး လုပ်ကြံဖို့ မအောင်မြင်တဲ့အတွက် ချက်ချင်းထွက်သွားတာများလား...”

“အဲဒီမြေခွေးက အလွယ်တကူ ကြောက်လန့်တတ်တဲ့ မှော်သားရဲတစ်ကောင် မဟုတ်ဘူး... "

ချင်ယုက ခေါင်းခါပြီး ပြောလိုက်သည်။

မုန့်ချီကလည်း ချက်ချင်း ဝင်ပြောလိုက်၏။

"တိုင်ရှင်ရဲ့အရင်ဥပမာတွေအရဆိုရင် သူက မြောင်လင်မှာ ဆက်ပြီး ပုန်းနေနိုင်သေးတယ်..”

“သူက ဘယ်နေရာမှာပဲ ပုန်းနေပုန်းနေ သဲလွန်စတစ်ခု ကျန်မှာပဲ ။ ဥပမာအနေနဲ့ ပြောရရင် စကားပြောတာ၊ ရေသောက်တာ သတင်းစုံစမ်းတဲ့အချိန်မျိုးမှာ တစ်ယောက်ယောက်က တွေ့သွားနိုင်တယ်လေ... "

စွန်းကီက သူ့စကားကို လက်မခံခဲ့ပေ။

ကျန်းဟန်ချွန်က တစ်ကိုယ်လုံး ကျောက်မျက်ရတနာများ ဆင်ယင်ထားသော စွန်းကီကိုကြည့်ပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်စွန်း ..

ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေက မြောင်လင်မှာရှိတဲ့ အကြောင်းအရာ အသေးစိတ်ကို သိတယ်ဆိုတာ သေချာရဲ့လား... "

စွန်းကီက ချက်ချင်း ပြောလိုက်သည်။

"အဲဒါတော့ မသေချာနိုင်ပါဘူး... "

မြောင်လင်ဟူသည်မှာ မြစ်ဘေးတွင် ရှိနေသော မြို့ကြီးတစ်မျိုးဖြစ်ပြီး စာရင်းရှိ လူဦးရေ (၄၇၈၉၀၀) ရှိသည်။ သိုင်းလောကမှ လူပေါင်းများစွာနှင့် ကုန်သည်များစွာ ရှိနေသည့်အတွက် မြောင်လင်တွင် ရှိနေသော အရာအားလုံးကို သိနေသည်ဟု မည်သူက ပြောရဲမည်နည်း။

အကယ်၍ သူက ကုန်အရောင်အဝယ် လုပ်ဆောင်နေသော ကုန်သည်အများစုဆီမှ အချက်အလက်များကို ရခဲ့မည်ဆိုလျှင်ပင် ထူးခြားသော ကိစ္စအများစုကိုသာ သိနေနိုင်သည်။

စွန်းကီက ရှင်းပြလိုက်သည်။

"တိုင်ရှန်က တစ်ယောက်တည်း လှုပ်ရှားတတ်တာ..။ လက် (၈) ချောင်းနဂါးပျံတို့လို လူအများကြီး မရှိတဲ့အတွက် သူ့ကို အလွယ်တကူ သတိမထားမိနိုင်ဘူး... ။ ပြီးတော့ ငါက မြောက်ပိုင်းလမ်းနဲ့ ရှေးဟောင်းတစ္ဆေလမ်းတို့လို နေရာမျိုးကို မထိန်းချုပ်နိုင်ဘူး.."

"ဂိုဏ်းချုပ်စွန်း ..

လက် (၈) ချောင်းနဂါးပျံတို့ရဲ့တည်နေရာကိုကော ရှာတွေ့ပြီလား …"

စွန်းကီက ထိုအကြောင်းကို ပြောသည့်အချိန်တွင် မုန့်ချီက ဝင်မေးလိုက်သည်။

မြေခွေးဘုရင်တိုင်ရှန်၏ကိစ္စတွင် သူက မီးတောက်သခင်နှင့် တွေ့ခဲ့ရကြောင်း ယပ်တောင် (၆) လက်ကျောင်းကို ပြောပြခဲ့သည်။ ထို့နောက် ကြေးနီလက်စွပ်များကို စစ်ဆေးပေးရန် အကူအညီ တောင်းထားပြီး လက်(၈)ချောင်းနဂါးပျံနှင့် တိမ်တောင်တန်းမှ သိန်းငှက်(၃) ကောင်တို့၏ သတင်းကို စုံစမ်းခိုင်းခဲ့သည်။

ယပ်တောင် (၆) လက်ကျောင်းက သူတို့၏ ကိုယ်ပိုင်နည်းလမ်းနှင့် ထိုလူများကို ရှာဖွေနေပြီး စွန်းကီကဲ့သို့သော နယ်မြေသခင်များကိုလည်း ရှာဖွေပေးရန် အကူအညီ တောင်းထားသည်။

စွန်းကီက ရှက်ရွံ့သွားသလို ခံစားလိုက်ရပြီး ပြောပြလိုက်သည်။

"သူတို့က လူခွဲပြီး လှုပ်ရှားနေတာ ဖြစ်နိုင်တယ်..။ ဒါကြောင့် သူတို့ကို အချိန်တိုအတွင်း ရှာမတွေ့နိုင်ဘူး... "

အစိမ်းရောင်လက်ပတ်ဝတ် တိုင်ဖေးက ကြားထဲမှ ဝင်ပြောလိုက်သည်။

"တိုင်ရှန်က မြေခွေးဘုရင်လို့ နာမည်ကျော်တယ်..။ သူ့ရဲ့အရင်လုပ်ရပ်တွေကြောင့် သူ့မှာ မြေခွေးတစ်ကောင်လို အကျင့်စရိုက်မျိုး ရှိတယ်ဆိုတာ ပြောပြနေတယ်..။ ဒါကြောင့် ငါတို့က အဲဒီအချက်ကိုထည့်ပြီး စဉ်းစားသင့်တယ်..”

“သူက တစ်ကိုယ်တော် မြေခွေးတစ်ကောင်ဆိုမှတော့ သူ့ရဲ့ရုပ်ရည်ကို ပြောင်းလဲပြီး မြို့ထဲကို ဝင်လာနိုင်တယ်..။ ပြီးတော့ လူအုပ်ကြီးထဲမှာ လှည့်ပတ်သွားလာနိုင်တယ်..။ သူက သာမန်လူတွေ မနေတဲ့အခန်းတွေကို ရှာတွေ့ပြီး အိပ်နိုင်သလို ညတိုင်း နေရာပြောင်းနိုင်တယ်..။ သူက ရေဆာနေတဲ့အချိန် ခြံဝန်းထဲမှာရှိတဲ့ရေကို သောက်နိုင်သလို ဗိုက်ဆာလာရင်လည်း အနီးအနားမှာရှိတဲ့ အိမ်ထဲကနေ စားစရာတချို့ကို ခိုးယူနိုင်တယ်...။ ဒါဆိုရင် သူက ဘယ်သူ့ကိုမှ ဆက်သွယ်စရာမလိုဘဲ တစ်ယောက်တည်းနေလို့ရပြီ..။ ဒါဆိုရင် မြောင်လင်မှာ ပျောက်ကွယ်နေနိုင်ပြီပေါ့…"

ချင်ယုက စဉ်းစားပြီး ပြောလိုက်သည်။

မုန့်ချီက ခေါင်းခါပြီး ထိုအချက်ကို ကန့်ကွက်လိုက်၏။

"ဒါပေမယ့် သူက သတင်းအချက်အလက်တချို့ လိုအပ်တယ်လေ..။ မဟုတ်ရင် သူက ငါနဲ့တခြားသူတွေကို တိုက်ခိုက်ဖို့အတွက် ဘယ်လိုလှုပ်ရှားမှာလဲ... ။ ခုံယုံးဝါကျောင်းဆောင်ထဲမှာ ဝေ့ကျင်းအဆင့် ပညာတစ်ယောက် မရှိတာသေချာမှပဲ သူက မင်းရဲ့နေရာကို ရောက်လာပြီးလာရှာမှာ မဟုတ်လား... "

အကယ်၍ တစ်စုံတစ်ယောက်ကသာ သတင်းအချက်အလက်များ လိုချင်နေသည်ဆိုလျှင် သူမေးသည့်သူက သတိထားမိသွားနိုင်သည်။ မည်သို့ဖြစ်စေကာမူ မြောင်လင်တွင် ရှိနေသော သတင်းအချက်အလက် (၇၀)ရာခိုင်နှုန်းခန့်က ယပ်တောင် (၆) လက်ကျောင်း ၊ တကျန်းအဖွဲ့အစည်း ၊ ဝမ်မိသားစုနှင့် ငွေကြေးဂိုဏ်းတို့မှ ဆင်းသက်လာခြင်း ဖြစ်သည်။

"မြေခွေးက ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ ထူးချွန်တဲ့ မှော်သားရဲတစ်ကောင်ပဲ…"

မုန့်ချီက ရပ်ပြီး ပြောလိုက်သည်။

"အခုနိုင်ငံ (၂) နိုင်ငံက အချင်းချင်း ရန်လိုနေကြတယ်..။ မြောင်လင်ကတော့ ပို့ဆောင်ရေးမြို့တစ်မြို့ပဲ ။ ဒီတော့ ဒီနေရာမှာ မြက်ခင်းပြင် အင်အားစုရဲ့ လျှို့ဝှက်စခန်းတစ်ခု ရှိနေနိုင်တယ်..။ တကယ်လို့ တိုင်ရှန်ကသာ အဲဒီထဲမှာ ပုန်းနေမယ်ဆိုရင် တခြားအရာတွေကိုတော့ သူ့လူတွေက တာဝန်ယူပေးနိုင်တယ်..။ ဒါဆိုရင် ဘယ်သူက သံသယဝင်နေဦးမှာလဲ... "

စွန်းကီက စဉ်းစားပြီး ပြောလိုက်သည်။

"ငါတို့က သူတို့ဝယ်တဲ့ စားစရာအရေအတွက်ကို စုံစမ်းလို့ရနိုင်တယ်..”

“သူတို့က လျှို့ဝှက်စခန်းထဲမှာ စားစရာတွေကို ကြိုပြီးသိုလှောင်ထားလို့ ရတာပဲလေ.."

ကျန်းဟန်ချွန်က ပြောလိုက်၏။

ငွေတံဆိပ် ယုဝမ်ယွမ်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

“အခုချိန်အထိ ငါတို့ရဲ့လက်ထဲမှာ မြက်ခင်းစိမ်းသူလျှိုတွေနဲ့ ပတ်သက်ပြီး ဘာသဲလွန်စမှမရှိဘူး..။ ဒါကြောင့် ဒီကိစ္စကိုဖြေရှင်းဖို့ ခက်တယ်..။ ငါတို့က အရင်ဆုံး စုဥယျာဉ်ကိုသွားပြီး ဝမ်မိသားစုဝင်တွေကို တွက်ချက်ပေးဖို့ တောင်းဆိုရမယ်... "

ပြိုင်ဘက်က အလွန်လျှို့ဝှက်စွာ ပုန်းအောင်းနေသည့်အတွက် မည်သူကမျှ သူ့ကို ရှာမတွေ့နိုင်ပေ။

"ကျွန်တော်လည်း စုဥယျာဉ်ကို မရောက်ဖူးသေးဘူး..။ အခု မြောင်လင်ကို ရောက်နေပြီဆိုမှတော့ ကျွန်တော်လည်း သခင်လေးဝမ်ဆီကို လိုက်လည်လို့ရမလား.."

မုန့်ချီက ပြောလိုက်ပြီး သူ့ကို မည်သူကမျှ တားဆီးထားခြင်း မရှိချေ။

…………………..

ဝမ်မိသားစု၏ သီးသန့်ခြံဝန်းတစ်ခုဖြစ်သော စုဥယျာဉ်က နာမည်ကျော် ဥယျာဉ်တစ်ခု ဖြစ်သည်။ ထိုအရာကို တောင်တန်းများ ၊ မြစ်များနှင့် တည်ဆောက်ထားပြီး မြစ်အရှေ့ပိုင်း၏ အံ့ဩဖွယ် ရှုမျှော်ခင်းများကို ဖော်ပြထားသည်။

ထိုဥယျာဉ်ထဲတွင် စုစုပေါင်းနေရာ (၃၆၅) ခု ရှိနေပြီး ကျောင်းဆောင်များ ၊ ခန်းမကြီးများ ၊ အလုပ်ခန်းမ ၊ စံအိမ်များ ၊ မြင်းလှည်းများ ၊ စင်မြင့်များ ၊ ကူးတို့ဆိပ်များနှင့် တခြားအရာများစွာ ပါဝင်နေသည်။ သူတို့အားလုံးက တောင်တန်းနှင့် မြစ်အနားတွင် ရှိနေပြီး အလွန်လှပသော သဘာဝတရားကြီးကို ဖော်ထုတ်ထားခဲ့သည်။

များပြားလွန်းလှသော စံအိမ်များထဲတွင် လူပေါင်းများစွာက သီဆိုကခုန်နေကြပြီး သီးသန့်ကမ္ဘာငယ်လေး တစ်ခုကဲ့သို့ ဖြစ်နေ၏။ တိတ်ဆိတ်ငြိမ်သက်သောနေရာများ ၊ ထူးဆန်းသောသစ်ပင်များ ၊ တောင်ကုန်းများနှင့် ငှက်များဆီသို့ ဦးတည်နေသော လမ်းကြောင်းများလည်း ရှိနေပြီး သဘာဝအလှတရားများကို ပြသနေသည်။ ထိုအရာက ပန်းချီကားထဲတွင် ရှိနေသော ခြံဝန်းတစ်ခုဟု ဆိုနိုင်၏။

မုန့်ချီကတော့ ဤနေရာတွင် ကဗျာစပ်ရန် ရောက်လာခြင်း မဟုတ်သည်မှာ နှမြောစရာ ကောင်းသည်။ ရှုမျှော်ခင်းများကို ခဏကြာ စိတ်ဝင်တစား ကြည့်နေပြီးနောက် သူက မေးစေ့ကိုပွတ်ပြီး စဉ်းစားကြည့်နေခဲ့၏။

"ဒါက ပုံစံမျိုးစုံ အသွင်ပြောင်းထားတဲ့ ဧရာမဝင်္ကပါကြီးတစ်ခုများ ဖြစ်နိုင်မလား..။ ငါက အတွေးလွန်နေတာပဲ နေမှာပါလေ... "

မုန့်ချီက ဝမ်စစ်ယွမ်ကိုတော့ နားထောင်ခြင်း မိုးသစ်တောထဲတွင် မြင်လိုက်ရသည်။ သူက နှင်းပွင့်လေးထက်ပင် ပို၍သန့်စင်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဖြူဖပ်ဖြူရော် မျက်နှာအမူအရာနှင့် လိုက်ဖက်နေသည်။ သူ၏ရုပ်ရည်က မိန်းမလှလေးများထက်ပင် ပို၍ ချောမောခန့်ညား၏။

သူက ရှေ့တွင် ရှိနေသော ကျားကွက်ခုန်နှင့် ဖဲချပ်လေးများကို ကြည့်နေသည်။ သူ့လက်ထဲတွင်တော့ အနက်ရောင် ကျားစေ့လေးတစ်ခုရှိနေပြီး သူက မေးလိုက်၏။

"မင်းက တိုင်ရှန်အတွက် ဒီနေရာကို ရောက်လာတာလား... "

မုန့်ချီကတော့ ထိုအတွက်ကြောင့် အံ့သြသွားခဲ့ခြင်း မရှိချေ။ သူက အပြုံးနှင့် ထိုင်လိုက်ပြီးနောက် ရင်းနှီးသော အမူအရာနှင့် ပြောလိုက်သည်။

"သခင်လေးဝမ်နဲ့ စကားပြောရတာ တော်တော်လေး အဆင်ပြေတယ်... ။ ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက်ကို သိနေမှာတော့ ကျေးဇူးပြုပြီး ငါ့အတွက် တွက်ချက်ပေးလို့ရနိုင်မလား... "

သူ့ကိုကြည့်လိုက်ပြီးနောက် ဝမ်စစ်ယွမ်က အံ့ဩနေပုံမရချေ။ မုန့်ချီက မည်သည့်အရာကိုမျှ ဂရုမစိုက်တတ်သော လူတစ်ယောက်ဖြစ်ကြောင်း သိထားပုံရသည်။

"တိုင်ရှန်က ဒီလိုအခြေအနေကို ရှုပ်ထွေးအောင်လုပ်တာ ပိုပြီးကောင်းတာပေါ့... "

ထိုသို့ဆိုရာတွင် သူကတော့ တွက်ချက်ခြင်းတုတ်သံကို ထုတ်ယူပြီး မျက်လုံးထဲတွင် အလင်းရောင်များ တောက်ပနေသည်။ ခဏကြာပြီးနောက် သူက တွက်ချက်ခြင်းတုတ်တံကိုကြည့်ပြီး ပြောလိုက်၏။

"မြောက်ဘက် …

တိုင်ရှန်က လူသားနှင့်ကောင်းကင်တသားတည်း အခြေအနေကို ထိန်းသိမ်းထားနိုင်တယ်..။ ဒါကြောင့်ရလဒ်က မတိကျနိုင်ဘူး..။ သူက မြောက်ပိုင်းလမ်းထဲမှာ ရှိတယ်ဆိုတာပဲ ငါသိတယ်... "

"မြောက်ပိုင်းလမ်း... "

မုန့်ချီက အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။

မြောက်ပိုင်းလမ်းဟူသည်မှာ မြောင်လင်တွင် လူအရှုပ်ဆုံးနှင့် ပြဿနာအများဆုံး နေရာတစ်ခု ဖြစ်သည်။ ထိုနေရာတွင် ကုန်ပစ္စည်းများစွာ ရောင်းချပြီး လူမျိုးစုံ ရှိနေသည်။ ထိုနေရာ၌ ရှေးအကျဆုံး အလုပ်အကိုင်များစွာ လုပ်ဆောင်နေသော လူပေါင်းများစွာပင် ရှိနေ၏။ ဥပမာအနေနှင့် ပြောရလျှင် ပြည့်တန်ဆာများ ၊ လုပ်ကြံသတ်ဖြတ်သူများ ၊ သတင်းသမားများနှင့် အခြားအရာများ ဖြစ်ကြ၏။

ယပ်တောင် (၆) လက်ကျောင်း ၊ ဝမ်မိသားစုနှင့် တကျန်းအဖွဲ့အစည်းတို့ကပင် ထိုနေရာကိုတော့ လွှတ်ထားကြရသည်။ ထို့ကြောင့် ထိုနေရာတွင် အဖွဲ့ပေါင်းများစွာ ပြည့်နှက်နေ၏။ ထိုနေရာတွင် ဝေ့ကျင်းအဆင့်ကို ရောက်နိုင်သော လမ်းမှားပညာရှင်များလည်း ရှားပါးမှုမရှိချေ။

ဝမ်စစ်ယွမ်က ခေါင်းဟန့်ပြီး ပြောလိုက်၏။

"တစ်ခုတည်းသော နည်းလမ်းကတော့ ငါ့မိသားစုမှာရှိတဲ့ အကြီးအကဲတွေကို မြောင်လင်ကိုလာဖို့ ဖိတ်ခေါ်ရမယ်..။ အဲဒါကလည်း ရက်နည်းနည်းကြာနိုင်တယ်..."

မုန့်ချီက စိုးရိမ်နေသော်လည်း ထိုအကြောင်းအရာကိုတော့ မတောင်းဆိုခဲ့ပေ။ သူက မီးတောက်သခင်နှင့် ရမ်ပင်ရှန့်အကြောင်း ဝမ်စစ်ယွမ်ကို ပြောလိုက်၏။

မုန့်ချီ၏စကားကို တိတ်တဆိတ် နားထောင်လိုက်ပြီးနောက် ဝမ်စစ်ယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။

"ဒီတစ်ကြိမ်တော့ ငါက မင်းဆီကနေ အတော်လေး သင်ယူခဲ့ရတယ်..။ ကျေးဇူးပြုပြီး ကြိုးစားပါဦး... "

ထိုစကားကို ပြောနေစဉ် သူက နောက်တစ်ကြိမ် ချောင်းဆိုးလိုက်ပြန်သည်။ ခဏကြာပြီးမှသာ အလွယ်တကူ အသက်ရှူနိုင်ခဲ့၏။ ထို့နောက် သူက ရေနွေးခွက်ကို ကောက်ယူလိုက်ပြီး မုန့်ချီကို သောက်ရန် ဖိတ်ခေါ်လိုက်သည်။

အပြန်လမ်းတွင် မုန့်ချီကတော့ အနည်းငယ် ထူးဆန်းသလို ခံစားနေရ၏။

"အသက်ထိန်းသိမ်းသူရဲ့ အကျင့်စရိုက်အရ သူက မြေခွေးဘုရင်တိုင်ရှန်ကို ကောင်းကောင်းကြီး အသုံးချသင့်တယ်..။ ဘာလို့သူက အလွယ်တကူ တွက်ချက်ပေးရတာလဲ... "

Translated by Hein Htet.

All Chapters