← Chapters

ရေမွှေးအရည်အသွေးတက်လာပြီ! ၃

Vol. 46 Ch. 676

ရေမွှေးအရည်အသွေးတက်လာပြီ! ၃

Vol. 46 Ch. 676

သူကအနောက်တိုင်းဆေးပညာရှင်ဖြစ်ပြီး တရုတ်တိုင်းရင်းဆေးစွပ်ပြုတ်အာနိသင်များကိုသိသည်။ တရုတ်တိုင်းရင်းဆေးစာအုပ်တချို့ကိုဖတ်ဖူးသော်လည်း စိတ်အေးအေးထားဖို့မလွယ်။

တရုတ်တိုင်းရင်းဆေးက ခေါင်းစားလွန်းသည်။ နားလည်ဖို့ခက်သည်။ ရှင်းပြမည့်သူမရှိရင် ခေါင်းကိုက်သည်။

တော်ဝင်ပညာရှင်လီနဲ့ပါမောက္ခရန်ပြောသလို သူဌေးချင်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်တာ ဒါကြောင့်များလား။

အမှန်အတိုင်းဆိုရရင် စီရင်စုထဲမှာ သူဌေးချင်လိုလုပ်နိုင်တဲ့သက်တူရွယ်တူမရှိ။

တခြားတစ်ယောက်သာ ဒီလိုအောင်မြင်မှုရထားရင် စင်မြင့်ထက်မှာရပ်ပြီး အောင်မြင်သောလူတစ်ယောက်၏ဂုဏ်ကိုခံစားလိမ့်မည်။

သို့ရာတွင် သူဌေးချင်က အမြဲသိုသိုသိပ်သိပ်နေသည်။

အင်တာနက်ဆယ်လီမြင်းထိန်းသမားရှောင်ချင်ထက်ပို၍ ချင်းလင်ကုမ္ပဏီသူဌေးမှန်း ဘယ်သူမှမသိကြ။

ချင်းလင်စံအိမ်ပိုင်ရှင်က အသက် ၅၀ နီးနီးသက်လတ်ပိုင်းလူတစ်ယောက်ဟုသာသိကြပြီး အင်တာနက်ပေါ်တွင် ဓာတ်ပုံတွေပွနေသည်။

သူဌေးချင်ကလူသိမခံချင်လို့ ဒီသတင်းကိုတမင်သက်သက်ဖွထားသလား သူမသိပေ။

ချင်လင်လည်းပြုံးပြီး တော်ဝင်ပညာရှင်လီနဲ့ပါမောက္ခရန်ကိုနှုတ်ဆက်သည်။

သူတို့နှစ်ဦးနှုတ်ဆက်စကားကြောင့် သူပြုံးမိသည်။

သူတို့နှင့်နေ့တိုင်းတွေ့ဆုံပြီး တော်ဝင်ပညာရှင်လီနဲ့ပါမောက္ခရန်၏အချင်းချင်းနားလည်မှုက ခိုင်မာလာသည်။

ထိုအချိန်တွင် ထန်ရှိုးဝမ်နှင့်လင်းရန်လျှောက်လာသည်။



ထန်ရှိုးဝမ်က တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်အား_

"လူကြီးမင်းတို့နှစ်ဦး... အခုစမ်းသပ်လို့ရပါပြီ''

တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကခေါင်းညိမ့်ပြီး ထန်ရှိုးဝမ်နှင့်လင်းရန်နောက်လိုက်ကာ ဆေးခန်းထဲဝင်လိုက်သည်။

အရင်က သက်ဆိုင်ရာကိရိယာများမရှိသောကြောင့် တော်ဝင်ပညာရှင်လီကို ရုံချန်းဆေးရုံသွားစစ်ခိုင်းရသည်။ သို့ရာတွင် အပန်းဖြေစံအိမ်မှာ အဆင့်အတန်းမြင့်ဧည့်သည်များကိုလက်ခံရာဖြစ်၍ ရုံချန်းဆေးရုံကိုဆက်လွှတ်နေလို့မဖြစ်။

အပန်းဖြေစံအိမ်အပိုင်ကိရိယာများရှိရမည်။ အပန်းဖြေစံအိမ်လျှောက်လွှာတွင် ဆေးပစ္စည်းကိရိယာများဝယ်ယူမှုကိုခွင့်ပြုထားသည်။

ဒီရက်ပိုင်း အပန်းဖြေစံအိမ်က သက်ဆိုင်ရာဆေးပစ္စည်းကိရိယာများအားလုံးကိုဝယ်ယူထားသည်။

နောက်ပြီး ငွေကုန်ကြေးကျအများကြီးခံထားသည်။

ထန်ရှိုးဝမ်နှင့်လင်းရန်က အပန်းဖြေစံအိမ်ဝန်ထမ်းများနှင့်စမ်းသပ်ပြီး အသုံးပြုနိုင်ကြောင်းအတည်ပြုထားသည်။ ဒါကြောင့် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကို စမ်းသပ်ပေးခြင်းပင်။

သူတို့နှစ်ဦးက ဒီတစ်ခေါက်ကိရိယာများကိုပထမဆုံးအသုံးပြုသူများဖြစ်သည်။

ဆေးခန်းထဲတွင် ထန်ရှိုးဝမ်နှင့်လင်းရန် ဆရာဝန်နှစ်ယောက်သာရှိသော်လည်း သူနာပြုတချို့ရှိသေးသည်။

ထန်ရှိုးဝမ်က တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ကိုဆေးခန်းထဲခေါ်လာပြီးနောက် လင်းရန်အား ပါမောက္ခရန်ကိုစမ်းသပ်ခန်းထဲခေါ်သွားစေသည်။ သူမက တော်ဝင်ပညာရှင်လီကိုစမ်းသပ်သည်။

တစ်ယောက်က ကျန်းမာသူဖြစ်ပြီး နောက်တစ်ယောက်က အစာအိမ်ကင်ဆာသမားဖြစ်၍ စမ်းသပ်ချက်ရလဒ်က တူမည်မဟုတ်။

ချက်ချင်းအဖြေရနိုင်သည့်နည်းမရှိပေ။

သို့ရာတွင် ပါမောက္ခရန်၏အဖြေက ပိုမြန်သည်။ ဒုတိယနေ့တွင်အဖြေထွက်လာသည်။ ပါမောက္ခရန်၏ရလဒ်များကို ထန်ရှိုးဝမ်၊လင်းရန်နှင့်သွမ်မုရွေ့ရန်တို့ နည်းနည်းအံ့ဩသွားသည်။



ပါမောက္ခရန်၏အချက်အလက်များက အရွယ်ကောင်းတုန်းကသန်မာသူလိုဖြစ်နေသောကြောင့်ပင်။ သူ့အရွယ်နှင့်လုံးဝမထင်ရချေ။

ဤသည်က ဆေးဖက်ဝင်အစားအစာများကိုရေရှည်စားသုံးသည့်အကျိုးပင်။ ဆေးဖက်ဝင်အစားအစာ၏ ကျန်းမာရေး၊ခွန်အား၊သွေး၊ချီနှင့်ကိုယ်ခံအားကောင်းစေသောအရည်အသွေးများက အာနိသင်ပြသည်။

တော်ဝင်ပညာရှင်လီ၏စမ်းသပ်ချက်ထွက်လာသောအခါ ပိုတောင်အံ့ဩစရာကောင်းသည်။ ဒီတစ်ခေါက် တော်ဝင်ပညာရှင်လီ၏ကျန်းမာရေးက အရင်ထက်ပိုကောင်းသည်။

အစာအိမ်ကင်ဆာပိုရှုံ့သွားသည်။ အစာအိမ်ကင်ဆာက အတိုင်းအတာတစ်ခုအထိတိုးတက်လာပြီး ကုသမှုအာနိသင်ပိုမြန်၊ပိုကောင်းလာသည်။

နောက်ပြီး သူ့ခန္ဓာကိုယ်အခြေအနေလည်း အတော်ကောင်းလာသည်။ အစာအိမ်ကင်ဆာရှိသော အသက် ၈၀ အရွယ်လူကြီးနှင့်လုံးဝမတူပေ။

သွမ့်မုရွေ့ရန်က သူတို့ဆေးစစ်ချက်များကို ဝန်ကြီးလုဆီတန်းပို့ပေးသည်။

ဝန်ကြီးလုက တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်၏ဆေးစစ်ချက်ကြောင့် အံ့အားသင့်သွားသည်။ အထူးသဖြင့် တော်ဝင်ပညာရှင်လီ၏အစာအိမ်ကင်ဆာက မြန်မြန်ဆန်ဆန်ကောင်းမွန်လာကြောင်းတွေ့ရသည်။ သူကလတ်တလောဝယ်ယူထားသော ငါးပုတ်သင်နှင့်သက်တမ်းရင့်လိပ်များကို ချင်းလင်အပန်းဖြေစံအိမ်ပို့ခိုင်းသည်။

ဒါတွေကို သူဌေးချင်ဆေးစွပ်ပြုတ်လုပ်တာ အတော်ထိရောက်သည်။

ထို့နောက် ဝန်ကြီးလုက စာဖိုင် app တစ်ခုထုတ်ပြီး တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်၏စမ်းသပ်ချက်များကိုထည့်လိုက်သည်။

နှစ်တိုင်းအပန်းဖြေအားဖြည့်ရန် တရုတ်သိပ္ပံအကယ်ဒမီက နေရာစီစဉ်ပေးသည်။ ပါဝင်ဆောက်ရွက်ကြသောတော်ဝင်ပညာရှင်တိုင်း ထိုသတ်မှတ်ထားသောနေရာကိုသွားပြီး အပန်းဖြေနိုင်သည်။

သူက ချင်းလင်အပန်းဖြေစံအိမ်ကို သတ်မှတ်ချက်ဝင်အပန်းဖြေနေရာတစ်ခုဖြစ်အောင်လျှောက်ဖို့စီစဉ်နေသည်။ ချင်းလင်အပန်းဖြေစံအိမ်၏နာလန်ထူနှုန်းက တခြားသတ်မှတ်ချက်ဝင်ကျန်းမာရေးစင်တာများထက် အများကြီးပိုကောင်းသည်။

သို့ရာတွင် ထိုသတ်မှတ်ချက်ဝင်ကျန်းမာရေးစင်တာများ အတည်တကျဖြစ်နေရသောအကြောင်းရင်းရှိသည်။ သူမပြောင်းလဲနိုင်သောကြောင့် တစ်ခုဝင်အဖြစ်သာလျှောက်ထားနိုင်သည်။

နောက်ပြီး ပုံမှန်နှစ်နေရာစာပဲဆိုရင် ပြဿနာမရှိ။ ဒီနှစ်နေရာအတွက် ဟိုကောင်တွေ သူ့ကိုအနှောင့်အယှက်မပေးနိုင်။

ဝန်ကြီးလုက စာဖိုင် app ပို့လိုက်ရာ နောက်နေ့ထောက်ခံချက်တန်းရသည်။

ဒီအမြန်နှုန်းက ပုံမှန်မဟုတ်။ ပုံမှန်အတိုင်းဆို စုံစမ်းစစ်ဆေးဖို့လူလွှတ်တာ အချိန်ကြာသည်။

ချင်းလင်အပန်းဖြေစံအိမ်ထောက်ခံချက်မြန်မြန်ရသည့်အကြောင်းရင်းတစ်ခုက နာလန်ထူနှုန်းကောင်းသောကြောင့်ပင်။ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်၏ဆေးစစ်ချက်များက သက်သေပြနေသည်။

အဓိကအကျဆုံးမှာ သူဌေးချင်က ခန္ဓာကိုယ်အားဖြည့်ဆေးရည်နှင့်အူလမ်းကြောင်းကင်ဆာဆေးမှုန့်ပေးထားသောကြောင့်ပင်။ ခေါင်းဆောင်က ဒါကိုစိတ်ထဲမှာရှိလိမ့်မည်။

ထို့ကြောင့် တချို့လုပ်ငန်းစဉ်များမလိုတော့ဘဲ တန်းထောက်ခံပေးလိုက်သည်။

ချင်းလင်အပန်းဖြေစံအိမ်အား သတ်မှတ်ချက်ဝင်အပန်းဖြေနေရာအဖြစ်လျှောက်ထားချက်ကို ထောက်ခံပေးလိုက်မည်ဟု ဝန်ကြီးလုထင်မထားမိ။

တော်ဝင်ပညာရှင်နှစ်ဦး သူ့ကိုလာရှာသည်။

ထိုတော်ဝင်ပညာရှင်နှစ်ဦးကိုလည်း ဒီနှစ်အပန်းဖြေပို့ပေးရမည်။

သူတို့နှစ်ဦး ဝင်ဝင်လာချင်း တစ်ယောက်က_

"ဝန်ကြီးလု... ချင်းလင်အပန်းဖြေစံအိမ်က ဘယ်အချိန်ထပ်ပြီးလက်ခံမှာလဲ? ဒီနှစ် ကျုပ်အပန်းဖြေအားဖြည့်ဖို့ စီစဉ်ပေးနိုင်မလား?''

နောက် တော်ဝင်ပညာရှင်တစ်ဦးက ခေါင်းညိမ့်ပြီး_

"အင်း... ကျုပ်ကိုရော''

“???”

ဝန်ကြီးလု ဇဝေဇဝါဖြစ်သွားသည်_

"ချင်းလင်အပန်းဖြေစံအိမ်ကို သတ်မှတ်ချက်ဝင်နေရာအဖြစ်လျှောက်ထားတာ ဘယ်လိုလုပ်သိလဲ?''

တော်ဝင်ပညာရှင်နှစ်ဦးကြောင်သွားသည်။

ဘယ်လိုလုပ်သိရမှာလဲ?

သူတို့က တော်ဝင်ပညာရှင်လီနဲ့မိတ်ဆွေကောင်းတွေ။ ချင်းလင်အပန်းဖြေစံအိမ်မှာ တော်ဝင်ပညာရှင်လီဘယ်လိုပြန်ကောင်းလာလဲ သူတို့သိသည်။ တော်ဝင်ပညာရှင်လီက မကြာခဏဗီဒီယိုပို့ပေးသည်။

ဆေးစွပ်ပြုတ်၊ ဝိုင်ကောင်း၊ လက်ဖက်ရည်ကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ ငါးကုထုံး၊ အသီးအနှံများ၊ ဒါတွေအားလုံး သူတို့သိသည်။

တော်ဝင်ပညာရှင်လီကြောင့် သူတို့မျှော်လင့်စောင့်စားမိသည်။

တော်ဝင်ပညာရှင်လီက ဘယ်လိုလူမျိုးမှန်းလည်းသိသည်။ ချင်းလင်အပန်းဖြေစံအိမ်သာတကယ်မကောင်းရင် တော်ဝင်ပညာရှင်လီက လုံးဝဒီလိုကြွားမှာမဟုတ်။

ထို့ကြောင့် သူတို့သွားကြည့်ချင်လာသည်။

ဒါကြောင့် ဝန်ကြီးလုဆီလာပြီး နောက်တစ်ကြိမ်တည်းခွင့်ရမည့်အကြောင်း လာရောက်မေးမြန်းခြင်းပင်။

All Chapters