← Chapters

အဓိပ္ပါယ်ရှိရှိ! အံ့ဩစရာတော်ဝင်ဆေးစွပ်ပြုတ်! ၃

Vol. 46 Ch. 679

အဓိပ္ပါယ်ရှိရှိ! အံ့ဩစရာတော်ဝင်ဆေးစွပ်ပြုတ်! ၃

Vol. 46 Ch. 679

ချင်လင်က_

"ဝန်ကြီးလု... ကျွန်တော်လေ့လာကြည့်ပါဦးမယ်... ဝန်ကြီးရောက်လာတာအတော်ပဲ... ကျွန်တော် ဒီနေ့လယ် တော်ဝင်ပညာရှင်လီအတွက် လိပ်နဲ့ငါးပုတ်သင်ဝါချက်မလို့''

ထိုစကားကြောင့် ဝန်ကြီးလုမျက်လုံးများအရောင်တောက်သွားပြီး_

"အဲဒါကောင်းတယ်''

ဒီဆေးစွပ်ပြုတ်နှစ်မျိုးအကြောင်း သွမ့်မုရွေ့ရန်ဆီမှအများကြီးကြားဖူးသည်။ ဘယ်လောက်အရသာရှိကြောင်း အမျိုးမျိုးခိုင်းနှိုင်းပြသည်။ နောက်ပိုင်း အာနိသင်များပြောသည်။

တော်ဝင်ပညာရှင်လီပြန်ကောင်းလာတာ အကောင်းဆုံးသက်သေပင်။

ထို့ကြောင့် ဒီဆေးစွပ်ပြုတ်အကြောင်း အရမ်းစိတ်ဝင်စားနေသည်။ တော်ဝင်ပညာရှင်လီရဲ့ဆေးစွပ်ပြုတ်ကိုကပ်စားရတော့မည်။

နေ့လယ်ပိုင်းတွင် ချင်လင်ထပ်ချက်သည်။ သူက အရည်အသွေး ၂ လိပ်နှင့်ငါးပုတ်သင်ကို ဆေးစွပ်ပြုတ်လုပ်သည်။ အရည်အသွေး ၂ ရှန်းရွှေလက်ဆောင်ဆန်နှင့်ဘဲဥထမင်းကြော်လည်းကြော်ထားသည်။

ထိုတစ်နပ်စာလုံး စားကောင်းခြင်းနှင့်အထိအတွေ့ +၃ ရှိသည်။

ဝန်ကြီးလုအနေအထားနှင့် အရင်ကနိုင်ငံတော်စားသောက်ပွဲများတက်ဖူးသည်။

သို့ရာတွင် ဆေးစွပ်ပြုတ်နှင့်ဘဲဥထမင်းကြော်စားပြီးနောက် တအံ့တဩဖြစ်ကာ_

"ဒါ သူဌေးချင်လုပ်တဲ့ဆေးစွပ်ပြုတ်လား?''

အရသာရှိလွန်းသောကြောင့် နိုင်ငံတော်စားသောက်ပွဲမှစားဖိုမှူးများ၏အစားအစာတောင် ဒီအရသာကိုမီသည်မထင်။

ဒီဆေးစွပ်ပြုတ်က အာနိသင်မဆိုထားနှင့် အရသာသက်သက်တောင် အံ့ဩစရာကောင်းလွန်းသည်။

တော်ဝင်ပညာရှင်လီကပြုံးပြီး_

"ဝန်ကြီးလု... ဒါသူဌေးချင်လုပ်တာပဲ... သူဌေးချင်က ဆေးစွပ်ပြုတ်ရော အချက်အပြုတ်ရော... သူဌေးချင်လက်ရာလောက်အရသာရှိတာမျိုး မစားဖူးဘူး''

ပါမောက္ခရန်ကဖြည့်ပြောသည်_

"သူဌေးချင်လက်ရာက အရမ်းကောင်းတာပေါ့... Lazda လို့ခေါ်တဲ့အနောက်တိုင်းထိပ်တန်းစားဖိုမှူးတစ်ယောက်ရှိတယ်... သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်သောက်ပြီးတော့ သူဌေးချင်လက်ရာကိုမယှဉ်ရဲတော့ဘူး... သူအခု ချင်းလင်စံအိမ်စားသောက်ဆိုင်မှာ စားဖိုမှူးခေါင်းလုပ်နေတယ်''

"ဒီလောက်တောင်ပဲလား?''

ဝန်ကြီးလုကအံ့ဩသွားသော်လည်း ထိုအပြောကိုထောက်ခံသည်။

ချင်လင်က ဝန်ကြီးလုကိုဧည့်ခံပြီးနောက် လျှိူ့ဝှက်ဆေးနည်းကို သူ့ရုံးခန်းထဲပြန်ယူလာသည်။ လျှို့ဝှက်ဆေးနည်းအကြောင်းအရာကိုသူကပြန်ရေးပြီး မိတ္တူဆွဲကာ ဂိမ်းထဲယူသွားသည်။

ဝန်ကြီးလုက ပြတိုက်ကမိတ္တူယူလာတဲ့နည်း၊ ရှေးရှင်ဘုရင်ကိုဆက်သတဲ့နည်းတဲ့။ မှန်မမှန်သိဖို့ ဒေါက်တာ Dott ရဲ့ BUG ကိုအားကိုးမှရမည်။

သူ့ရုံးခန်းပြန်ရောက်သောအခါ အရင်ဆုံး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်သွားစေပြီး ဒေါက်တာ Dott ကိုရှာကာ ဆေးနည်းပြုပြင်မည်ရွေးချယ်ချက်ကိုနှိပ်၍ သူ့ကျောပိုးအိတ်ထဲမှမိတ္တူဆွဲထားသောဆေးနည်းကို သေတ္တာထဲထည့်လိုက်သည်။

(ပြုပြင်မည့်ဆေးနည်းကိုဆန်းစစ်နေပါသည်။ စိတ်ရှည်ရှည်စောင့်ပါ။)

ချင်လင် ခဏစောင့်လိုက်သည်။

မကြာမီ ဒေါက်တာ Dott ၏စကားပြောပေါ်လာသည်။

(လျှို့ဝှက်ဆေးနည်းကိုဆန်းစစ်ပြီး မူလအတိုင်းထားရှိပါသည်။ ဂုဏ်ယူပါသည်။ ဒီတစ်ကြိမ်တွင် အလွန်ကောင်းသောလျှို့ဝှက်ဆေးနည်းကိုသင်တွေ့ရှိခဲ့သည်။ ရှေးအခါက အရှေ့တိုင်းရှင်ဘုရင်များကိုအထူးဆက်သသော လျှို့ဝှက်ဆေးစွပ်ပြုတ်ဖြစ်ပုံရသည်။ လျှို့ဝှက်ဆေးနည်းအသစ်ပြန်ရေးပြီး အသုံးမဝင်သောအကြောင်းတရာတချို့ကိုဖြုတ်ချထားပါသည်!)

(ဒေါက်တာ Dott ကိုယ်တိုင်ရေးပေးသောဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကို သင်ရလိုက်ပါပြီ!)

ထိုစကားပြောကြောင့် ချင်လင်မျက်နှာဝင်းလက်သွားသည်။

ပြတိုက်ကမိတ္တူယူလာတဲ့ဆေးနည်းက တကယ်ဘုရင်အတွက်ပဲ။ နောက်ပြီး ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းတဲ့!

ချင်လင်ကချက်ချင်းဂိမ်းထဲဝင်ပြီး ဒေါက်တာ Dott ရေးထားသောလျှို့ဝှက်နည်းမှတ်ချက်ကိုကြည့်လိုက်သည်:

(အထူးတော်ဝင်ဆေးစွပ်ပြုတ်လုပ်နည်း: အရည်အသွေး ၂!)

(ရှေးအခါက အရှေ့တိုင်းသက်တော်ရှည်ရှင်ဘုရင်များကိုအထူးဆက်သသော တော်ဝင်နန်းသုံးဆေးစွပ်ပြုတ်မျိုးဖြစ်သည်။ ရှင်ဘုရင်က ဤဆေးစွပ်ပြုတ်ကို နှစ် ၉၀ နီးပါးအထိသုံးဆောင်ခဲ့သည်။ လျှို့ဝှက်နည်းအသုံးပြုပြီးနောက် အထူးတော်ဝင်ဆေးစွပ်ပြုတ်လုပ်နည်းကိုရနိုင်သည်။ တခြားပါဝင်ပစ္စည်းများနှင့်ပေါင်းစပ်လိုက်လျှင် ဆေးစွပ်ပြုတ်တွင်အထူးအာနိသင်ရှိမည်:

အထူးအရသာ +၂၊ အထူးဆေးနံ့ +၂၊ ခန္ဓာကိုယ်အားဖြည့်ပေးခြင်း +၂၊ ယန်ဓာတ်မြှင့်ပေးပြီးကျောက်ကပ်အားဖြည့်ပေးခြင်း +၂၊ အားနည်းခြင်းကိုသက်သာစေပြီး အားအင်ဖြစ်စေခြင်း +၂၊ အသက်ရှည်စေခြင်း +၂!)

ချင်လင်ကလျှို့ဝှက်ဆေးနည်းကို တအံ့တဩကြည့်လိုက်သည်။ ဒီလျှို့ဝှက်ဆေးနည်းက တကယ်ရှင်ဘုရင်ကိုအထူးဆက်သတဲ့ဆေး။ ပြီးတော့ အရည်အသွေး ၂ ရှိနေသည်။

နောက်ပြီး အသက် ၉၀ နီးပါးရှည်သောရှင်ဘုရင်ကို သူခန့်မှန်းမိသည်။

အဲဒီတစ်ပါးပဲဖြစ်မယ်။ အသက် ၇၀၊ ၈၀ အထိတောင် ပျော်ပါးတတ်တာ...

ထိုဘုရင်က ရာဂအားကြီးသော်လည်း သက်တော်ရှည်သည်။ ကြည့်ရတာ ဆေးစွပ်ပြုတ်လျှို့ဝှက်ဆေးနည်းနှင့်ဆိုင်ပုံရသည်။

ခန္ဓာကိုယ်အားဖြည့်ပေးခြင်း +၂၊ ယန်ဓာတ်မြှင့်ပေးပြီးကျောက်ကပ်အားဖြည့်ပေးခြင်း +၂ က သူရာဂထကြွဖို့အားပေးတာ ​ပြောစရာမလို။ ထိုဘုရင်သက်တော် ၆၆ နှစ်တွင် နုပျိုသောမိန်းမလှလေးကို ကိုယ်လုပ်တော်အဖြစ်တော်ကောက်နိုင်သေးသည်။

တခြားဘုရင်သာဆိုရင် ဒီအရွယ်နှင့်သလွန်ပေါ်လဲလျောင်းပြီး အချိန်မရွေးနတ်ရွာစံသွားနိုင်သည်။

အားနည်းခြင်းကိုသက်သာစေပြီး အားအင်ဖြစ်စေခြင်း +၂ ကြောင့် ထိုရာဂကြီးသောဘုရင်မှာ မောင်းမအများကြီးရှိသည်။ နောက်ပြီး တခြားဘုရင်များလို မောင်းမတစ်ပါးချင်းစီနှင့်ရံခါပျော်ပါးခြင်းမဟုတ်။ သက်တော် ၆၆ တွင် ငယ်ငယ်ရွယ်ရွယ်မောင်းမသုံးပါးနှင့်ပျော်ပါးခြင်းမျိုးဖြစ်လေသတတ်။

ထို့ကြောင့် ဒီလိုပျော်ပါးစဉ် ခန္ဓာကိုယ်အားယုတ်မည်ဖြစ်သောကြောင့် ထိုအရည်အသွေးလိုအပ်သည်။

အဓိကအကျဆုံးမှာ အသက်ရှည်ခြင်း +၂ အရည်အသွေးပင်။

ဒီကိုယ်တော်က ရာဂအားကြီးပြီး အပျော်အပါးမက်သော်လည်း သက်တော် ၉၀ နီးနီးအသက်ရှည်သေးသည်။ လုံးဝမယုံနိုင်စရာ။ ရာဂအားကြီးသူသည် အသက်တိုကြောင်း၊ ရာဂအားကြီးသောဘုရင်ဖြစ်လျှင် ပိုအသက်တိုတတ်ကြောင်း အားလုံးသိကြသည်။

ဒီဆေးစွပ်ပြုတ်က တကယ်အံ့ဩစရာ!

All Chapters