ဆေးစွပ်ပြုတ်အရည်အသွေးမြင့်အောင်စမ်းသပ်ခြင်း!
Vol. 46 Ch. 680
(ဆေးစွပ်ပြုတ်လျှို့ဝှက်ဆေးနည်းကိုအသုံးပြုလိုပါသလား?)
စနစ်အသိပေးချက်ပေါ်လာသည်!
ချင်လင်ကချက်ချင်း အသုံးပြုမည်ကိုရွေးလိုက်သည်။
ခဏအကြာ ဆေးစွပ်ပြုတ်လုပ်နည်းအချက်အလက်အားလုံး သူ့စိတ်ထဲစွဲထင်လာသည်။ တရုတ်တိုင်းရင်းဆေး၊ ဆေးအာနိသင်များနှင့် သက်ဆိုင်ရာအချက်အပြုတ်လက်ရာများလည်းပါသည်။
ထိုဆေးစွပ်ပြုတ်တွင် ဆေးပင်အများကြီးလိုသည်။ နောက်ပြီး လိုအပ်သောဆေးပင်များက အရမ်းဟောင်းလို့မရ။ သဘောက တန်ဖိုးအလွန်ကြီးလိမ့်မည်။
သက်ဆိုင်ရာအချက်လက်များရပြီးနောက် ချင်လင်ကလိုင်းပေါ်တက်ပြီး ထိုဆေးပင်များ၏တန်ဖိုးကိုစုံစမ်းကြည့်သည်။ သာမန်လူတွေတတ်နိုင်တာမျိုး လုံးဝမဟုတ်။
တစ်ဖက်တွင် ဘုရင်ချန်လုံအတွက်လျှို့ဝှက်ဆေးစွပ်ပြုတ်နည်းမှာ ပါဝင်ပစ္စည်းအမျိုးစုံသုံးနိုင်သည်။ တစ်နည်းဆိုရသော် ဘုရင်က စားကောင်းသောက်ဖွယ်အတော်များများကိုစားနိုင်သရွေ့ လုပ်ပေးနိုင်သည်။
အမှန်ပင်။ ဘုရင်က ဘုရင်ချန်လုံ။ သက်တော်အရှည်ဆုံး၊အပျော်အကြူးဆုံးဆိုသောဘုရင်။
TV ဇာတ်လမ်းတွဲတစ်ခုတွင်လည်း ဘုရင်မှာ အသက်ရှည်စေသောအထူးဆေးနည်းမျိုးရှိကြောင်းပြောထားတာ သူမှတ်မိသည်။ လျှို့ဝှက်နည်းကိုကျန်းနန်ဘက်ခရီးထွက်ရင်း အမှတ်မထင်ရခဲ့ခြင်းပင်။
အရင်က ထိုလျှို့ဝှက်ဆေးနည်းကို စစ်ဘုရင်တစ်ပါးအသုံးပြုခဲ့ပြီး သူ့အမျိုးသားအဖော်တစ်ဦးကြောင့် နန်းတွင်းအပြင်ရောက်ကာ ကျန်းနန်ပြည်သူများလက်ထဲတွင်အဆုံးသတ်ရသည်ဟု ကောလာဟလရှိဖူးသည်။
ဂိမ်းထဲမှထွက်ပြီးနောက် ချင်လင်ကလိုင်းပေါ်တက်ပြီး တရုတ်တိုင်းရင်းဆေးစွပ်ပြုတ်လျှို့ဝှက်မှတ်တမ်းအကြောင်းစာအုပ်တချို့ကိုရှာဖတ်သည်။
ထိုစာအားလုံးကို တရုတ်ဆေးပညာအဖွဲ့အစည်းမှအင်တာနက်ပေါ်တင်ထားခြင်းဖြစ်သည်။ အတည်မပြုရသေးသော အသုံးဝင်သည့်အချက်များစွာရှိသည်။
ရှင်ဘုရင်များအတွက်လျှို့ဝှက်ဆေးနည်းတစ်ခု၌ ဆေးပင်အမည်များနှင့်ယှဉ်တွဲထားသော သက်ဆိုင်ရာမှတ်တမ်းတစ်ပိုင်းတစကို ချင်လင်ရှာတွေ့သည်။
သို့ရာတွင် ထိုမှတ်တမ်းထဲရှိဆေးပင်အမျိုးအစားများက ဒေါက်တာ Dott ဆန်းစစ်ပြုပြင်ပေးသောဆေးနည်းထက်ပိုရှုပ်ထွေးသည်။
သို့သော် ထိုဆေးမှတ်တမ်းကို ဝန်ကြီးလုယူလာသောဆေးနည်းနှင့်ပေါင်းလိုက်ရာ ဒေါက်တာ Dott ဆန်းစစ်ပြုပြင်ပေးသောဆေးနည်းထဲရှိဆေးပင်များအားလုံးမှာ ထိုဆေးနည်းနှစ်မျိုးတွင်ပါနေသည်။
ကြည့်ရတာ နောက်ထပ်မှတ်တမ်းနည်းတစ်မျိုး ဒါမှမဟုတ် နည်းလမ်းများပေါင်းစပ်ထားခြင်းဖြစ်မည်။
ဆေးနည်းကိုနှစ်ပိုင်းခွဲပြီး ထိုနှစ်ပိုင်းကို ဖန်းဖန်နည်းသုံးပြီးမှတ်တမ်းတင်ထားသည်။
ဒီလိုမှတ်တမ်းတင်နည်းက အလွန်ခက်သည်။
ဂိမ်းထဲက BUG ဒေါက်တာ Dott ကြောင့်သာမဟုတ်ရင် ဒီလျှို့ဝှက်နည်းကိုဘယ်သူလေ့လာနိုင်မှာလဲ?
ဝန်ကြီးလုရှာထားတဲ့အရည်အချင်းရှိတရုတ်တိုင်းရင်းဆေးပညာရှင်တွေတောင် ဘာမှမတတ်နိုင်တာသာကြည့်?
ဒါအပြင် တရုတ်တိုင်းရင်းဆေးအကြီးအကျယ်ကျဆင်းလာခြင်းက ပြင်ပအကြောင်းများကြောင့်ဆိုသော်လည်း ပုဂ္ဂိုလ်ရေးအကြောင်းများစွာလည်းပါသည်။
ဂိုဏ်းဂဏစွဲလွန်းပြီး ကိုယ့်တံခါးကိုယ်ပိတ်ထားကြခြင်းပင်။
သားကိုလက်ဆင့်ကမ်းပြီး သမီးကိုမပေးဟူသောအစွဲများ၊ တိုက်ရိုက်တပည့်ကိုသာပေးခြင်းနှင့် လက်ထဲဆက်လက်ထိန်းသိမ်းထားခြင်း အမျိုးစုံရှိသည်။
ထို့ကြောင့် တရုတ်တိုင်းရင်းဆေးက အစပြုဖို့ခက်ပြီး လူအတော်များများမလေ့လာနိုင်။ အချိန်ကြာလာသည်နှင့်အမျှ မလွဲမသွေကျဆင်းရတော့သည်။
ဒီမြေပေါ်အနောက်တိုင်းဆေးမရှိခင် တရုတ်တိုင်းရင်းဆေးက ဒီလိုတွေမလုပ်ခဲ့ရင်၊ ဒါမှမဟုတ် မော်ဒန်ခေတ်တွင် အနောက်တိုင်း၏သက်ရောက်မှုမရှိဘဲ ကြီးကြီးမားမားအပြောင်းအလဲကိုဖန်တီးနိုင်ရင် အဆုံးသတ်ကတူမည်မဟုတ်။
ချင်လင်က လျှို့ဝှက်ဆေးနည်းအကြောင်း ဝန်ကြီးလုကိုချက်ချင်းအသိမပေး။ ဘာပဲဖြစ်ဖြစ် ဆေးနည်းလေ့လာဖို့အချိန်ယူရသည်။
အပန်းဖြေစံအိမ်တွင်နေထိုင်ရေးအစီအစဉ်အပြင် ဝန်ကြီးလုက ပါမောက္ခရန်နောက်နေ့တိုင်းလိုက်ပြီး အားဖြည့်ဆေးရည်နှင့် အားကစားသမား၊ စစ်သားများ၏စမ်းသပ်မှုအခြေအနေကိုလည်း လေ့လာသည်။
ချင်လင်လည်း ကြိုးစားနေသည်။
ဆေးစွပ်ပြုတ်အတွက်လိုအပ်တဲ့ဆေးပင်အားလုံးကိုဂိမ်းထဲမှာစိုက်ပြီး ဆေးစွပ်ပြုတ်လုပ်ရင် ဘယ်လိုဖြစ်မလဲ?
ဆေးဥယျာဉ်ထဲရှိဆေးမျိုးစေ့စာရင်းကိုကြည့်ပြီး ဆေးနည်းထဲမှအဆင့် ၂ ဆေးဥယျာဉ်တွင်စိုက်နိုင်သောဆေးပင်များကိုရှာလိုက်သည်။
တခြားဆေးပင်များကိုမူ ထုတ်လုပ်သူတွေမှာ ဒီမျိုးစေ့တွေသာရှိသည်ဟုအကြောင်းပြမည်။ ဆိုင်တွင်မရနိုင်သောမျိုးစေ့များကို စမ်းစိုက်ကြည့်နိုင်သည်။
ထို့ကြောင့် ချင်လင်က ထိုမျိုးစေ့များကိုဆေးဥယျာဉ်ထဲတွင်စမ်းစိုက်သည်။
သုံးရက်အချိန်ယူပြီးမှ ဆေးပင်အတော်များများစိုက်ပြီးသည်။
နောက်ပြီး ဂိမ်းထဲတွင်စိုက်သောဆေးပင်များက အခြေခံအားဖြင့် အရည်အသွေး ၁ ရှိသည်။ ဆေးစွပ်ပြုတ်၏အရည်အသွေးကိုပိုကောင်းစေလိမ့်မည်။
ဥပမာ ဂိမ်းထုတ်ကုန်အရည်အသွေး ၂ ငါးစားသောက်ပွဲကို အပြင်ကသာမန်သဘာဝငါးတွေမယှဉ်နိုင်။
ချင်လင်ကတခြားဆေးပင်များဝယ်ပြီး အပန်းဖြေစံအိမ်စားဖိုဆောင်ထဲယူလာပြီးမှ ဝန်ကြီးလုကိုအသိပေးလိုက်သည်။
ဝန်ကြီးလုလည်း စားဖိုဆောင်ထဲချက်ချင်းရောက်ချလာသည်။ ချင်လင်ကိုမြင်လျှင် တအံ့တဩနှင့်မေးသည်_
"သူဌေးချင်... လေ့လာလို့ရပြီလား?''
ချင်လင်ကရှင်းပြသည်_
"ရပါပြီ... တကယ်ရှင်ဘုရင်သုံးဆောင်ခဲ့တဲ့အထူးဆေးစွပ်ပြုတ်ပါ... အရင်က ဘုရင်ချန်လုံနဲ့ဧကရီဝူက ဒီလိုဆေးစွပ်ပြုတ်မျိုးသုံးဆောင်ခဲ့ပုံရပါတယ်... ဆေးစွပ်ပြုတ်စာအုပ်တချို့ဖတ်ကြည့်တော့ တော်ဝင်နန်းသုံးဆေးစွပ်ပြုတ်လျှို့ဝှက်နည်းထဲမှာ ဒီမှတ်တမ်းတွေ့ရပါတယ်''
"နောက်ပြီး မှတ်တမ်းတင်ထားတဲ့ဆေးနည်းနဲ့ ဝန်ကြီးလုယူလာတဲ့ဆေးနည်းကို ဆန်းစစ်ပြီးပါပြီ... ပါဝင်တဲ့ဆေးပစ္စည်းတွေရဲ့အသင့်တော်ဆုံးအချိုးအစားနဲ့ ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကို ကျွန်တော်ရခဲ့ပါတယ်''
သူကပြောပြောဆိုဆို လျှို့ဝှက်နည်းစာရွက်သုံးရွက်ကို ဝန်ကြီးလုဆီကမ်းပေးသည်။
တစ်ရွက်က ဝန်ကြီးလုယူလာသောစာရွက်ပင်။
နောက်တစ်ရွက်က တော်ဝင်နန်းသုံးဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကိုမိတ္တူဆွဲလာခြင်းဖြစ်သည်။ ဝန်ကြီးလုအတွက် ဘယ် page၊ ဘယ်စာပိုဒ်မှဖြစ်ကြောင်း ချရေးထားသည်။
နောက်ဆုံးတစ်ရွက်က ဆေးစာအုပ်ကပါပေါ့။
မည်သို့ဆိုစေ အသားလွတ်အရူးလုပ်၍မရ။
ဘာပဲဖြစ်ဖြစ် ဒီစာရွက်မှာ တကယ်ပင်ရင်းရှိသည်။ အထူးပြုပြင်ထားခြင်းမရှိသောကြောင့် ဒီစာရွက်ဘယ်ကရလဲ ဘယ်သူမှမသိနိုင်တော့။
သို့ရာတွင် သိသည်နှင့်တပြိုင်နက် ပဟေဠိဂိမ်းဖြစ်သွားလိမ့်မည်။ ဒီလောက်မခက်ပါလားဟုထင်သွားမည်။
"တကယ် ဆေးစွပ်ပြုတ်လျှို့ဝှက်နည်း!''
ဝန်ကြီးလုက စာရွက်သုံးရွက်ကိုယူပြီးယှဉ်ကြည့်သည်။ ချင်လင်က သက်ဆိုင်ရာဆေးပင်များကိုအမှတ်အသားပြုထားသောကြောင့် တန်းမြင်သာသည်။