← Chapters

ဆေးစွပ်ပြုတ်အရည်အသွေးမြင့်အောင်စမ်းသပ်ခြင်း! ၂

Vol. 46 Ch. 681

ဆေးစွပ်ပြုတ်အရည်အသွေးမြင့်အောင်စမ်းသပ်ခြင်း! ၂

Vol. 46 Ch. 681

"ဟုတ်ပါတယ်... ဒီဆေးစွပ်ပြုတ်က ခန္ဓာကိုယ်ကိုကောင်းကောင်းအားဖြည့်ပေးတယ်... အားနည်းပြီးအင်အားမရှိတာကိုသက်သာစေတယ်... အသက်ရှည်စေတယ်... ဒါပေမဲ့ ဆေးပင်တွေက တန်ဖိုးမနည်းဘူး... ပြီးတော့ အာနိသင်ပြဖို့ အချိန်အတိုင်းအတာတစ်ခုထိ သက်တမ်းရှိရမယ်... သာမန်လူတွေ လုံးဝမတတ်နိုင်ဘူး''

ချင်လင်က ယန်ဓာတ်နှင့်ကျောက်ကပ်အားဖြည့်ပေးသောအာနိသင်များကိုထည့်မပြော။ သူကပြောရင်းဆိုရင်း မီးဖိုနားသွားပြီး စလုပ်ကိုင်နေသည်။

ဆေးစွပ်ပြုတ်အာနိသင်အကြောင်းနားထောင်ရင်း ဝန်ကြီးလုလည်းခေါင်းညိမ့်လိုက်သည်။

ခန္ဓာကိုယ်အားဖြည့်ပေးတယ်၊ ချိနဲ့ပြီးအားမရှိတာကို သက်သာစေတယ်၊ အသက်ရှည်စေတယ်ဆိုတဲ့ အာနိသင်သုံးချက်က ရှင်ဘုရင်အနေအထားအတွက် အမှန်ပင်လိုအပ်သောအချက်များဟုဆိုနိုင်သည်။

အထူးသဖြင့် ဘုရင်အရွယ်ရလာသောအခါ ဒီအာနိသင်သုံးချက်က အရေးကြီးလာသည်။

နောက်ပြီး မော်ဒန်ခေတ်မှာတောင် ဒီဆေးစွပ်ပြုတ်အာနိသင်က ခေါင်းဆောင်အသက်ကြီးလာရင် အတော်လေးအသုံးတည့်လိမ့်မည်။

အသက်ရှည်စေတဲ့အာနိသင်နဲ့တင် အံ့ဩစရာကောင်းနေပြီ။

ချင်လင်ဆေးစွပ်ပြုတ်လုပ်တော့မည်ဖြစ်၍ ဆရာလင်းကအာရုံစိုက်နေသည်။ သူ့မျက်နှာတွင် စိတ်လှုပ်ရှားသော မရေမရာအကြည့်နှင့်။

သူဌေးက ဆေးစွပ်ပြုတ်အသစ်လုပ်တော့မည်ဖြစ်၍ သူစိတ်လှုပ်ရှားသည်။

တွေ့ရခဲသည်။

သူဌေးကသူ့ကိုဒီဆေးစွပ်ပြုတ်သင်ပေးရင်တောင် အချည်းနှီးပင်။ သူ့သူဌေးလိုအာနိသင်မျိုးရအောင် သူမလုပ်နိုင်။

အတော်ခံရခက်သည်။

ချင်လင်က အထူးတော်ဝင်ဆေးစွပ်ပြုတ်ကို အာရုံစိုက်ပြင်ဆင်နေလေပြီ။

ဒီတစ်ကြိမ် အရည်အသွေး ၂ သဘာဝငါးကိုသုံးထားသည်။

စနစ်ကြောင့် အဆင့်တိုင်းကို သူအတော်ကျွမ်းကျင်နေသည်။

ဆရာလင်းနှင့်ဝန်ကြီးလုက ဘေးမှကြည့်နေရုံသာ။

ချင်လင်ချက်ပြုတ်နေပုံက သဘာဝကျ၊အဆင်ချောနေကြောင်း၊ အလွန်ကြည့်ကောင်းကြောင်း သူတို့နှစ်ဦးဝန်ခံရပေမည်။

ဆက်တိုင်လုပ်ကိုင်ပြီးနောက် ချင်လင်လည်း အိုးဖုံးပြီး နောက်ဆုံးငါးနှပ်သောအဆင့်ရောက်လာသည်။

ဆေးနံက အိုးထဲမှထောင်းခနဲထွက်လာ၏။

ဆေးနံ့ရပြီး ဆရာလင်းအံ့ဩသွားသည်။

အရင်ထက်ပိုပြီးအနံ့ကောင်းသောကြောင့်ပင်။

ချင်လင်လည်း အနံ့ရသည်။

ထိုဆေးနံ့က အရင်ဆေးစွပ်ပြုတ်ထက်ပိုပြီးအနံ့ကောင်းသည်။

ဤအချက်က ဂိမ်းထုတ်ကုန်အရည်အသွေး ၁ ဆေးပင်တွေအစားထိုးလိုက်ရင် ဆေးစွပ်ပြုတ်အရည်အသွေးပိုကောင်းမှန်းသိသာသည်။

မကြာမီ တော်ဝင်ဆေးစွပ်ပြုတ်ရလာသည်။

ဆရာလင်းက ဆေးစွပ်ပြုတ်ကို စားသောက်ခန်းထဲတည်ခင်းခိုင်းသည်။

အစာစားချိန်မဟုတ်၍ စားသောက်ခန်းရှင်းနေသော်လည်း ချင်လင်က အမျိုးသမီးသုံးဦး၊ ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကိုဖိတ်ခိုင်းထားသည်။

လုပ်ပြီးမှတော့ အားလုံးအတူတူမြည်းကြည့်ရမည်။

"သူဌေးချင်... ဆေးစွပ်ပြုတ်လုပ်ပြန်ပြီလား?''

ပါမောက္ခရန်အံ့ဩနေသည်။

"ဒီနေ့ ဆေးစွပ်ပြုတ်ချိန်မဟုတ်ပါဘူး''

တော်ဝင်ပညာရှင်လီကလည်းပြောသည်။

ချင်လင်ကရှင်းပြသည်_

"ဝန်ကြီးလုပေးတဲ့ဆေးစွပ်ပြုတ်နည်းပါ... ရှေးဘုရင်တွေသုံးဆောင်ခဲ့တဲ့အထူးဆေးနည်းပဲ... အားလုံးမြည်းကြည့်ရအောင်လုပ်ထားတာ''

"ဘုရင်သုံးဆောင်တဲ့ဆေးစွပ်ပြုတ်? ဒါဆို ငါမြည်းကြည့်ချင်တယ်... ဒီနေ့ ဝန်ကြီးလုကိုကျေးဇူးတင်ရမှာပဲ''

ပါမောက္ခရန်စိတ်ဝင်စားသွားသည်။

မည်သို့ဆိုစေ ရှေးအခါက ဘုရင်ဂုဏ်ပုဒ်မှာအထူးအဓိပ္ပါယ်ရှိသည်။ ဒီဆေးစွပ်ပြုတ်အရင်းအမြစ်ကိုသိသူတိုင်း အလွန်စိတ်ဝင်စားကြလိမ့်မည်။

"သူဌေးချင်''

တော်ဝင်ပညာရှင်လီက စိတ်ဝင်တစားမေးသည်_

"ဒီဆေးစွပ်ပြုတ်က ဝန်ကြီးလုကိုယ်တိုင်လာပို့တာဆိုတော့ အာနိသင်က သာမန်မဟုတ်လောက်ဘူးမလား?''

ချင်းလင်အပန်းဖြေစံအိမ်တွင် သူဌေးချင်၏ဆေးစွပ်ပြုတ်ကိုစားပြီး အာနိသင်ကအရမ်းကောင်းသည်။

ဒီတော့ ရှင်ဘုရင်ဆေးစွပ်ပြုတ်က အရမ်းထူးခြားမှာပဲမလား?

ချင်လင်ကခေါင်းညိမ့်ပြီး ရှင်းပြသည်_

"ဒီဆေးစွပ်ပြုတ်အာနိသင်က သာမန်မဟုတ်ပါဘူး... အသက်ရှည်စေနိုင်ပါတယ်... အာနိသင်ဘယ်လောက်ကောင်းသလဲကတော့ စမ်းသပ်ရပါဦးမယ်''

ပါမောက္ခရန်က သိချင်စိတ်ဖြစ်လာပြီး ချက်ချင်းပြောသည်_

"ငါ့တာဝန်ထားလိုက်... စမ်းသပ်တာတော့ ငါရတယ်... စားပြီးရင် ချင်းလင်ဓာတ်ခွဲခန်းကိုနည်းနည်းယူသွားမယ်''

ချင်လင်ကခေါင်းညိမ့်ပြီး_

"အားလုံးစားကြပါ... ဆေးစွပ်ပြုတ်ဘယ်လောက်ကောင်းကောင်း စားပစ်ရမယ်... အဓိကက အရသာရှိတယ်''

အစ်ကိုလီမရှိသောကြောင့် ပါမောက္ခရန်ကိုသာဒုက္ခပေးရတော့မည်။

ချင်လင်စကားကြောင့် တခြားသူများလည်းစစားသည်။

လင်းလျိုတို့က တခြားခပ်ပြီးအောင်စောင့်ပြီးမှ ရှေ့တိုးပြီးခပ်ကြသည်။

မထင်မှတ်ဘဲ ဒီဆေးစွပ်ပြုတ်ကိုကပ်စားရမှန်းသိသည်။

သို့ရာတွင် ရှေးဘုရင်တွေသာသုံးဆောင်နိုင်သောဆေးစွပ်ပြုတ်ဆိုသောကြောင့် အမျိုးသမီးသုံးဦးလည်း စိတ်ဝင်စားနေသည်။

စားပြီးနောက် အမျိုးသမီးသုံးဦးအံ့ဩသွားသည်။ အရသာနှင့်အထိအတွေ့က အရင်ထက်ပိုကောင်းမှန်း သေချာခံစားမိသည်။

အထူးသဖြင့် ဆေးနံ့ကအရင်ထက်ပိုကောင်းသည်။

"ဒီနေ့ဆေးစွပ်ပြုတ်က အရင်ထက်တောင်ပိုကောင်းသေးတယ်''

ပါမောက္ခရန်လည်းပြောသည်။

တော်ဝင်ပညာရှင်လီက ခေါင်းညိမ့်ထောက်ခံ၏။

အအံ့ဩဆုံးသူက ဆရာလင်းပင်။

သူဌေးရဲ့ဆေးစွပ်ပြုတ်က နောက်တစ်ဆင့်တက်သွားသော်လည်း အရင်အဆင့်ကိုတောင် သူမတတ်သေး။ အရင်တစ်ခေါက်က သူဌေးပညာအကုန်မပြမှန်းဘယ်သိမလဲ?

ချင်လင်လည်း ခံစားမိသည်။

ဂိမ်းထဲမှာစိုက်တဲ့ဆေးပင်တွေက ဆေးစွပ်ပြုတ်အရည်အသွေးကိုပိုကောင်းစေမှန်း သေချာသွားသည်။

ဒီတော်ဝင်ဆေးစွပ်ပြုတ်ကို လူတိုင်းနှစ်သက်ကြသည်။

ပါမောက္ခရန်ကစားပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းတွင်စမ်းသပ်ရန်ဆေးစွပ်ပြုတ်နည်းနည်းယူလာသည်။ ဝန်ကြီးလုနှင့်တော်ဝင်ပညာရှင်လီကလိုက်လာသည်။

ချင်လင်လည်း ဆေးစွပ်ပြုတ်နည်းနည်းယူပြီး သူ့ရုံးခန်းပြန်လာသည်။ ရုံးခန်းလော့ချ၍ဂိမ်းထဲဝင်ပြီး တော်ဝင်ဆေးစွပ်ပြုတ်မှတ်ချက်ကိုကြည့်လိုက်သည်။

အထူးတော်ဝင်ဆေးစွပ်ပြုတ်: အရည်အသွေး ၃။

(အထူးတော်ဝင်ဆေးစွပ်ပြုတ်ဖြစ်သည်။ အလွန်အရသာရှိပြီး အထူးအာနိသင်ရှိသည်:

စားကောင်းခြင်း +၃၊ အရသာ +၃၊ အထူးစားကောင်းခြင်း +၃၊ အထူးအရသာ +၃၊ အထူးဆေးနံ့ +၃၊ ခန္ဓာကိုယ်အားဖြည့်ပေးခြင်း +၃၊ ကျောက်ကပ်အားဖြည့်ပေးခြင်း +၂၊ အင်အားချိနဲ့သက်သာစေခြင်း +၂၊ အသက်ရှည်ခြင်း +၂)

မှတ်ချက်ဖတ်ပြီးနောက် မူလငါးစားသောက်ပွဲအရည်အသွေးနှင့်ငါးချက်လက်ရာက မပြောင်းလဲ။

သို့သော် ဆေးစွပ်ပြုတ်အရည်အသွေးပြောင်းလဲသွားသည်။ အထူးအရသာ၊ အထူးအထိအတွေ့၊ အထူးဆေးနံ့အားလုံး အရည်အသွေး ၁ မှ ၂ ပြောင်းသွားသည်။

All Chapters