← Chapters

ဆေးစွပ်ပြုတ်အရည်အသွေးမြင့်အောင်စမ်းသပ်ခြင်း! ၃

Vol. 46 Ch. 682

ဆေးစွပ်ပြုတ်အရည်အသွေးမြင့်အောင်စမ်းသပ်ခြင်း! ၃

Vol. 46 Ch. 682

ပါဝင်ဆေးပစ္စည်းအရည်အသွေးတိုးတက်လာခြင်းက ဆေးစွပ်ပြုတ်အရည်အသွေးကို အမှန်ပင်သက်ရောက်မှုရှိသည်။

သို့သော် တခြားအာနိသင် ၄ မျိုးကတိုးတက်မလာ။

သို့ရာတွင် အားလုံးအရည်အသွေး ၁ ဆေးပင်များနှင့်လုပ်ထားခြင်းဖြစ်သည်။ ဆေးပင်ဆက်စိုက်ပြီး ပေါ်လာနိုင်ချေရှိသောအရည်အသွေး ၂ ဆေးပင်များကိုရွေးသုံးပါက ဆေးစွပ်ပြုတ်၏အရည်အသွေး ၄ မျိုးထပ်တက်လာဦးမည်။

အသက်ရှည်ခြင်း +၃ အရည်အသွေးနှင့် နုပျိုစေခြင်း +၂ အရည်အသွေးပေါင်းပြီး မကြာခဏစားပေးပါက မသေမျိုးဖြစ်နိုင်သည်။

ဆယ်စုနှစ်လေးငါးခုအတွင်း မြေးနှင့်ယှဉ်ပြီးကလည်း ပြဿနာမရှိလောက်။

လမ်းလွဲသွားပြီ။ သူ့မှာကလေးတောင်မရှိ။

သို့ရာတွင် ဒီလိုပေါင်းစပ်ခြင်းက အလွန်အစွမ်းထက်တာသေချာသည်။

ချင်လင်ကဂိမ်းထဲမှထွက်ပြီး သူယူလာသောဆေးစွပ်ပြုတ်ကိုလတ်စသတ်ကာ စားပွဲထိုးကို စားဖိုဆောင်ထဲပန်းကန်ယူသွားခိုင်းသည်။

တစ်ဖက်တွင် ပါမောက္ခရန်က ချင်းလင်ဓာတ်ခွဲခန်းတွင်စမ်းသပ်ရန် ဆေးစွပ်ပြုတ်ယူလာသည်။ တော်ဝင်ပညာရှင်လီက သူ့လက်ထောက်လုပ်သည်။

တော်ဝင်ပညာရှင်ဖြစ်တော့မည့်ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီလိုတော်ဝင်ပညာရှင်က အတူပူးပေါင်းပြီးစမ်းသပ်ခြင်းမှာ ရှားရှားပါးပါးပင်။

ဝန်ကြီးလုကလုပ်စရာမရှိသောကြောင့် ချင်လင်ပေးလိုက်သောဆေးနည်းစာရွက် ၃ ရွက်လုံးကို အသစ်တည်ထောင်ထားသည့်တရုတ်သိပ္ပံအကယ်ဒမီမှတရုတ်တိုင်းရင်းဆေးဌာနသို့ပို့လိုက်သည်။ ဆေးစွပ်ပြုတ်လုပ်ရန်နှင့် သိပ္ပံအကယ်ဒမီတွင်စမ်းသပ်ရန်လည်း လူများစီစဉ်သည်။

အသစ်တည်ထောင်ထားသည့်တရုတ်သိပ္ပံအကယ်ဒမီမှတရုတ်တိုင်းရင်းဆေးဌာနတွင် တရုတ်တိုင်းရင်းဆေးပညာရှင်ကြီးများကို မျက်နှာစုံညီစည်းဝေးရန် အချင်းချင်းအသိပေးကြသည်။

ချူချင်းဖုန်းလည်း အပါအဝင်ဖြစ်သည်။ သူကအသက်အတော်ရနေပြီဖြစ်၍ ဆံပင်နှင့်မုတ်ဆိတ်က ဖြူဖွေးနေလေပြီ။

တရုတ်တိုင်းရင်းဆေးသမားတော်မိသားစုတစ်စုမှဆင်းသက်လာခြင်းဖြစ်ပြီး အရင်မျိုးဆက်တွင် သူ့ဘိုးဘေးများက တော်ဝင်သမားတော်များဖြစ်ခဲ့သည်။

သို့ရာတွင် သူ့မျိုးဆက်၌ အနောက်တိုင်းဆေးကရေပန်းစားလာပြီး ဆေးကုသခွင့်လက်မှတ်လိုလာသည်။ သူစာမေးပွဲအောင်နိုင်သော်လည်း ဒုက္ခမခံချင်သောကြောင့် လက်လျှော့လိုက်သည်။

စာမေးပွဲအတွက်သွားစဉ်က စာစစ်သူများတွင် အနောက်တိုင်းဆေးကျောင်းသားတချို့တောင်ပါနေသေးသည်။ သူ့ကိုဟိုဟိုဒီဒီစစ်ပြီး လူလိမ်လိုလိုတောင်သံသယဝင်ကြသည်။ တရုတ်တိုင်းရင်းဆေးကိုအထင်သေးလိုက်ပုံများ။

ဘာလဲဟ?

ဒီအသက်အရွယ်ကြီးရောက်မှ လိမ်မတဲ့လား။

ထို့ကြောင့် သူ့သားအကြံပြုချက်အတိုင်း ဆေးစွပ်ပြုတ်ပြောင်းဖို့သဘောတူလိုက်သည်။ သို့ရာတွင် ဆေးစွပ်ပြုတ်လုပ်ပြီးမှ မိသားစုဝင်ငွေက အရင်ထက်ပိုကောင်းလာသည်။

ဒီတစ်ကြိမ် ဝန်ကြီးလုသာစိတ်ရင်းနဲ့မခေါ်ခဲ့ရင် သူထွက်လာမှာမဟုတ်။

ချူချင်းဖုန်းနှင့်တခြားတရုတ်တိုင်းရင်းဆေးပညာရှင်များကထိုင်ပြီးနောက် ဝန်ကြီးလုလက်ထောက်က မိတ္တူစာရွက်များထုတ်ကာဝေပေးသည်။ တဆက်တည်း သူက_

"ဆရာကြီးများ... ဝန်ကြီးလုက ဆရာကြီးတို့အငြင်းပွားနေတဲ့ဆေးနည်းနဲ့ပတ်သက်ပြီးတော့ ကျွမ်းကျင်တရုတ်တိုင်းရင်းဆေးပညာရှင်ကိုရှာပြီး အကူအညီတောင်းခဲ့ပါတယ်... အဖြေထွက်ပါပြီ... ဆေးစွပ်ပြုတ်နည်းအမှန်ပါပဲ''

ထိုစကားကြောင့် ချူချင်းဖုန်းမျက်လုံးကျယ်သွားသည်။ သူလည်း ထိုဆေးနည်းကို ဆေးစွပ်ပြုတ်ဟုဆန်းစစ်မိသောကြောင့်ပင်။

တရုတ်ဆေးပညာရှင်များလည်း ထိုစကားနားထောင်ရင်း လက်ထောက်ကဝေပေးသောစာရွက်သုံးရွက်ကိုယူလိုက်သည်။

တစ်ရွက်ကအရင်ဆေးနည်းမှန်းသိ၍ ချက်ချင်းနောက်ဆေးနည်းနှစ်ရွက်ကိုကြည့်လိုက်သည်။

ဆေးနည်းများကြည့်ပြီးနောက် သူတို့အားလုံးအံ့ဩသွားသည်။

"ဒီဆေးစွပ်ပြုတ်နည်းနှစ်မျိုးပေါင်းထားတာ လက်သင့်ခံနိုင်စရာပဲ''

"အမှန်ပဲ... ဒါ တကယ် ဆေးစွပ်ပြုတ်အတွက်ဆေးနည်းဖြစ်မယ်!''

"ဟမ်!''

ချူချင်းဖုန်းက ထေ့လိုက်သည်_

"ဒီဆေးစွပ်ပြုတ်ရဲ့အရင်းအမြစ်ကိုရှာတွေ့ထားပြီး ဘုရင်သုံးဆောင်တဲ့လျှို့ဝှက်နည်းလို့တောင် အမှတ်အသားပြုထားတာ... 'ဖြစ်မယ်'ဆိုတာ ဘာလဲ? ဘာအဓိပ္ပါယ်လဲ?''

"နောက်ပြီး ဒီဆေးနည်းထဲကဆေးပစ္စည်းတွေက ခန္ဓာကိုယ်အားဖြစ်တယ်... ယန်ဓာတ်မြှင့်ပေးပြီး ကျောက်ကပ်အားဖြည့်ပေးတယ်... သွေးနဲ့ချီဓာတ်အားနည်းတာကိုကုသနိုင်တယ်... ဒါတွေက ဘုရင်ရဲ့လိုအပ်ချက်တွေနဲ့ပြည့်စုံမနေဘူးလား''

ထိုစကားကြောင့် တခြားလူများ နည်းနည်းအောင့်သက်သက်ဖြစ်သွားသည်။

လက်ထောက်ကချက်ချင်းပြောသည်_

"စီနီယာချူ... ဝန်ကြီးလုက ဆေးစွပ်ပြုတ်သောက်ကြည့်ပြီးပြီ... သူကအာနိသင်ကိုစမ်းသပ်နေတာ''

"စီနီယာချူက ဆေးစွပ်ပြုတ်လုပ်တာကောင်းတယ်... ဝန်ကြီးလုက စီနီယာချူကို တရုတ်သိပ္ပံအကယ်ဒမီမှာစမ်းသပ်ဖို့ဆေးစွပ်ပြုတ်လုပ်စေချင်တယ်''

"အင်း... ဆေးပင်တွေကူပြင်ပေးပါ''

ချူချင်းဖုန်းခေါင်းညိမ့်လိုက်သည်။ သူ့စိတ်ထဲတွင် ဝန်ကြီးလုသွားရှာသောတစ်ယောက်ကို နည်းနည်းစိတ်ဝင်စားပြီး လေးလည်းလေးစားသည်။

ဘာပဲ​ဖြစ်ဖြစ် ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းဖြစ်မည်ဟုသာ သူဆန်းစစ်ထားသည်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လှန်လှောရှာဖွေခဲ့သော်လည်း သဲလွန်စမရခဲ့။ ဝန်ကြီးလုရှာတွေ့တဲ့သူက လေ့လာနိုင်တဲ့အပြင် အရင်းအမြစ်ကိုပါတွေ့ခဲ့တယ်တဲ့လား?

ဒါ တရုတ်တိုင်းရင်းဆေးကိုထဲထဲဝင်ဝင်နားမလည်ဘဲ လုပ်နိုင်တဲ့အရာမဟုတ်။

ဒီလူက ဘယ်တရုတ်တိုင်းရင်းဆေးသမားတော်မိသားစုကလဲ သူသိချင်မိသည်။

All Chapters