လက်ဝါးကြီးအုပ်ခြင်း?
Vol. 46 Ch. 683
အချိန်ကုန်လွန်သွားသည်။
ချင်းလင်ဓာတ်ခွဲခန်းထဲ၌ ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက ဆက်လက်စမ်းသပ်ပြီး နောက်ဆုံး ဆေးရည်အဖြေရလာသည်။
စမ်းသက်ချက်အဖြေကြည့်ပြီး သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်အမှတ်တမဲ့ကြည့်မိကြသည်။
ပါမောက္ခရန်ကအံ့ဩသွားပြီး_
"ဒီအရည်မှာ ဆဲလ်ရှင်သန်နှုန်းနဲ့ဆဲလ်ကွဲတဲ့အရေအတွက်တိုးစေတဲ့ပစ္စည်းတွေ တကယ်ပါတာပဲ... တရုတ်သိပ္ပံအကယ်ဒမီကအချက်အလက်နဲ့နှိုင်းယှဉ်ကြည့်တာ အသက်ရှည်စေတဲ့အာနိသင်တကယ်ရှိနေတယ်''
ဝန်ကြီးလုကအမှတ်တမဲ့မေးသည်_
"ပါမောက္ခရန်... ကျိန်းသေလား?''
ပါမောက္ခရန်ကခေါင်းညိမ့်ပြီး_
"အင်း... အတည်ပြုပြီးပြီ... ပြီးတော့ စမ်းသပ်ချက်အရ အာနိသင်ကမယုံနိုင်စရာပဲ''
တော်ဝင်ပညာရှင်လီကဖြည့်ပြောသည်_
"ပါမောက္ခရန်စစ်ပြီးပြီ... တရုတ်သိပ္ပံအကယ်ဒမီမှာလည်း ဒီပစ္စည်းရဲ့သက်ဆိုင်ရာမှတ်တမ်းတွေရှိတယ်... ဒါပေမဲ့ အဲဒီမှတ်တမ်းတွေက ဒီဆေးစွပ်ပြုတ်အာနိသင်ကိုမမီဘူး''
"ဝန်ကြီးလု... နောက်ထပ်ပစ္စည်းကောင်းရှာတွေ့တဲ့အတွက် ဝမ်းသာပါတယ်... သာမန်လူတွေမသုံးနိုင်ပေမဲ့ အထက်လူတွေအသုံးချနိုင်ပြီ''
ဒီအကြောင်း ဝန်ကြီးလုသိသည်။
ခေါင်းဆောင်အတော်များများက အသက်အရွယ်ရပြီး အရေးကြီးကိစ္စများနှင့်အလုပ်ရှုပ်နေကြသည်။ မကြာခဏဆိုသလို အိပ်ရာဝင်နောက်ကျပြီး ရုပ်ပိုင်းဆိုင်ရာပြဿနာများရှိသည်။ သူတို့ခန္ဓာကိုယ်အခြေအနေကောင်းစေသောဆေးများဖွံ့ဖြိုးအောင်လုပ်ခြင်းကလည်း တရုတ်သိပ္ပံအကယ်ဒမီမှဆေးပညာသုတေသနဌာန၏တာဝန်တစ်ခုဖြစ်သည်။
နောက်ပြီး ဒီဌာန၏တာဝန်က အလွန်အရေးကြီးသည်။
အခု ဆေးစွပ်ပြုတ်က ဒီပြဿနာကိုအကောင်းဆုံးဖြေရှင်းနိုင်မည့်ပုံရသည်။ နောက်ပြီး ဒီဆေးစွပ်ပြုတ်က အနောက်တိုင်းဆေးဝါးများထက် အများကြီးပိုကောင်းသည်။
ခေါင်းဆောင်၏စားပွဲပေါ်ဆေးစွပ်ပြုတ်ရောက်သည်နှင့် တရုတ်တိုင်းရင်းဆေးကိုပိုပြီးတန်ဖိုးထားခံရလိမ့်မည်။
အားလုံးခံစားကြည့်ပြီးနောက် တရုတ်ဆေးပညာနှင့်အနောက်တိုင်းဆေးပညာကို ဒွန်တွဲတာပိုကောင်းမည်ဟုထင်မိသည်။ တစ်ဖက်ဖက်ကို ဘက်လိုက်၍မရ။
တရုတ်ဆေးပညာတဖန်ပြန်ခေတ်စားလာပြီးနောက် လူနာများကိုကြုံသလိုကုသခြင်းနှင့်ကြုံသလိုအခကြေးငွေတောင်းခြင်းကဲ့သို့ အနောက်တိုင်းဆေး၏နားလည်မှုအရစည်းမျဉ်းများလည်း ကောင်းမွန်လာနိုင်သည်။
မည်သို့ဆိုစေ တစ်ယောက်တလေပဲချွန်ရင်ကိစ္စမရှိသော်လည်း ပြင်ပခြိမ်းခြောက်မှုတွေရှိခဲ့ပါက တစ်မျိုးဖြစ်သွားမည်။
ဝန်ကြီးလုကဖုန်းထုတ်ပြီး ဆက်လိုက်သည်။ တရုတ်သိပ္ပံအကယ်ဒမီကိုအမြန်ဆုံးအဖြေထွက်အောင်လုပ်ဖို့လောချင်သည်။
မကြာမီ ဝန်ကြီးလုလည်း သူ့လက်ထောက်ဆီမှအစီရင်ခံချက်ရသည်။ လက်ထောက်က စိတ်လှုပ်ရှားသံနှင့်_
"ဌာနမှူး... ကျွန်တော်တို့လေ့လာစမ်းသပ်ပြီးပါပြီ... ဒီဆေးစွပ်ပြုတ်က ခန္ဓာကိုယ်အားရှိတယ်... ယန်ဓာတ်နဲ့ကျောက်ကပ်အားဖြည့်ပေးတယ်... အားနည်းချိနဲ့တာသက်သာစေတယ်... အသက်ရှည်စေတဲ့အာနိသင်တောင်ပါတယ်''
ဒါကို ဝန်ကြီးလုသိပြီးသား။ အစီရင်ခံချက်နားထောင်ပြီး သူကစမ်းသပ်ချက်အဖြေများပို့ခိုင်းသည်။ ထို့နောက် တရုတ်သိပ္ပံအကယ်ဒမီမှစမ်းသပ်ချက်ကို တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ဆီပေးလိုက်သည်။
သူတို့နှစ်ဦးက စမ်းသပ်ချက်နှစ်ခုယှဉ်ကြည့်ပြီး ကြောင်သွားသည်။
"ဘယ်လိုဖြစ်တာလဲ?''
ပါမောက္ခရန်က မျက်မှောင်ကြုတ်ပြီးပြောသည်။
"အရမ်းကွာနေတယ်... စမ်းသပ်ချက်များမှားသလား?''
တော်ဝင်ပညာရှင်လီက မယုံနိုင်ပုံနှင့်။
ထိုစကားကြောင့် ဝန်ကြီးလုကစိတ်ထင့်သွားပြီး မေးသည်_
"ပါမောက္ခရန် တော်ဝင်ပညာရှင်လီ... စမ်းသပ်ချက်က ပြဿနာရှိလို့လား?''
ပါမောက္ခရန်က ခေါင်းညိမ့်ပြီးရှင်းပြသည်_
"ဆေးရုံအဖြေက တို့နဲ့အများကြီးကွာတယ်... သူဌေးချင်ဆေးစွပ်ပြုတ်ရဲ့အသက်ရှည်နိုင်တဲ့အာနိသင်က ၁၀ ဆိုပါစို့... ဆေးရုံစမ်းသပ်ချက်မှာ ၃ လောက်ပဲရှိတယ်''
"ဘာလို့ ဒီလောက်ကွာရတာလဲ?''
ဝန်ကြီးလုချက်ချင်း မျက်မှောင်ကြုတ်သွားသည်။
ပါမောက္ခရန်ကမျက်မှောင်ကြုတ်ပြီး_
"သူသုံးတဲ့ဆေးပင်က သက်တမ်းနုလွန်းလို့လား? သူဌေးချင်ကပြောတယ်... ဒီဆေးစွပ်ပြုတ်အတွက်လိုအပ်တဲ့ဆေးပင်တွေက သက်တမ်းရင့်ရမယ်တဲ့''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး ဖြစ်နိုင်သည်ဟုထင်သည်။ သူကချက်ချင်း သူ့လက်ထောက်ကိုဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်ဝင်ချင်း သူကမေးသည်_
"ဆရာချူဆေးစွပ်ပြုတ်လုပ်တဲ့ဆေးပင်တွေက သက်တမ်းဘယ်လောက်ရှိလဲ?''
"ဝန်ကြီး''
လက်ထောက်က ဇဝေဇဝါနှင့်_
"ဆရာချူပြောတာတော့ စျေးကွက်ထဲကအကောင်းဆုံးဆေးပင်တွေသုံးထားတာတဲ့''
"ဒါဆိုရင် ဘာလို့ဆေးရုံအဖြေနဲ့ ဒီလောက်ကွာနေရတာလဲ?''
ဝန်ကြီးက မှာလိုက်သည်_
"ဆရာချူများသိမလား မေးကြည့်စမ်းပါ''
တရုတ်သိပ္ပံအကယ်ဒမီ_
ဝန်ကြီးလု၏လက်ထောက်က ဖုန်းချပြီးနောက် ချက်ချင်း ချူချင်းဖုန်းကိုသွားရှာကာ အခြေအနေမေးမြန်းသည်။
ထိုအချိန်တွင် ချူချင်းဖုန်းက သူ့ရုံးခန်းထဲ၌ တော်ဝင်ဆေးစွပ်ပြုတ်လျှို့ဝှက်နည်းကိုလေ့လာနေသည်။
သူကိုယ်တိုင် ဆေးစွပ်ပြုတ်ကိုရောနှောဖော်စပ်ပြီးနောက် ဆေးနည်းကိုဆန်းစစ်ကြည့်နေသည်။ ဆေးစွပ်ပြုတ်က အံ့ဩစရာကောင်းသည်ဟုဝန်ခံရမည်။ အိမ်မှာလုပ်တဲ့ဆေးစွပ်ပြုတ်ထက် အများကြီးပိုကောင်းလိမ့်မည်။
သို့ရာတွင် ဒီလျှို့ဝှက်နည်းက ရှေ့လျှောက် ခေါင်းဆောင်တွေရဲ့ခန္ဓာကိုယ်အားဖြည့်ဖို့ ကံပါလာသည်။ တရုတ်သိပ္ပံအကယ်ဒမီရောက်လာစဉ်က သဘောတူညီချက်ကိုသူလက်မှတ်ထိုးခဲ့သည်။ ဒီဆေးစွပ်ပြုတ်ကိုခဏခဏလုပ်နိုင်သော်လည်း အိမ်မှာရောင်းဖို့မဖြစ်နိုင်။ သူ့အသက်အရွယ်နဲ့ ဒီလောက်အသိဉာဏ်မမဲ့ပေ။
ဝန်ကြီးလုလက်ထောက်ဝင်လာသဖြင့် ချူချင်းဖုန်းလည်းမေးလိုက်သည်_
"လက်ထောက်ရှောင်ဟယ်... ဆေးစွပ်ပြုတ်စမ်းသပ်ချက်အဖြေက ဘာတဲ့လဲ?''
လက်ထောက်ရှောင်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး_
"စီနီယာချူ... ဌာနမှူးကပြောတယ်... ခင်ဗျားလုပ်တဲ့ဆေးစွပ်ပြုတ်က ဟိုမှာလုပ်တဲ့ဆေးစွပ်ပြုတ်နဲ့အရမ်းကွာတယ်တဲ့... သူကဘာကြောင့်ဖြစ်နိုင်မလဲ မေးခိုင်းလိုက်တယ်''
"ဘာလို့ပါလိမ့်?''
ချူချင်းဖုန်းကမတ်တပ်ရပ်ပြီး တအံ့တဩနှင့်_
"ငါဆေးနည်းအတိုင်းပဲလုပ်ခဲ့တာ... အရမ်းကွာတယ်ဆိုရင် အပူချိန်ထိန်းတာနဲ့ ဆေးပစ္စည်းအချိုးအစား... ပြီးတော့ အချိန်မမှန်လို့ဖြစ်မယ်... အဲလိုတစ်ထပ်တည်းရဖို့ သူလုပ်ပုံကိုင်ပုံကို ငါ့မျက်စိနဲ့ကြည့်ရမှဖြစ်မယ်''
ချူချင်းဖုန်းဆီမှအဖြေရပြီး လက်ထောက်ရှောင်ဟယ်ကချက်ချင်း ဝန်ကြီးလုကိုအစီရင်ခံလိုက်သည်။
အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်နေသည်။ အဆင့်ဆေးဥယျာဉ်တွင်စိုက်ထားသော ဆေးပင်ကြီးလာသည်။ သူ့ဂိမ်းဇာတ်ကောင်ကိုခူးစေပြီး သိုလှောင်ခန်းထဲချက်ချင်းသွားလိုက်သည်။
သိုလှောင်ခန်းထဲရောက်သောအခါ သူပြုံးမိသည်။ ဒီလိုဆေးပင်မျိုးရိတ်သိမ်းပြီးပြီ။ အရည်အသွေး ၁ အပြင် ကံကောင်းပြီး အရည်အသွေး ၂ များပါရသည်။