← Chapters

လက်ဝါးကြီးအုပ်ခြင်း? ၃

Vol. 46 Ch. 685

လက်ဝါးကြီးအုပ်ခြင်း? ၃

Vol. 46 Ch. 685

ထို့ကြောင့် နောက်တစ်နေ့ ရှောင်ဟယ်ကစမ်းသပ်ချက်အဖြေများနှင့်ရောက်လာသောအခါ ချူချင်းဖုန်းကတန်းမေးသည်_

"လက်ထောက်ရှောင်ဟယ်... ဘယ်လိုလဲ?''

လက်ထောက်ရှောင်ဟယ်က မျက်မှောင်ကြုတ်ပြီး_

"စီနီယာချူ... ဆေးစွပ်ပြုတ်ရလဒ်က ဒီအတိုင်းပဲ... ခင်ဗျားနဲ့သူဌေးချင်က အရမ်းကွာနေသေးတယ်''

"ဘယ်လိုဖြစ်တာပါလိမ့်?''

ချူချင်းဖုန်းမျက်နှာမှုန်ကုပ်သွားပြီး_

"ဘာမှားလို့လဲ? လက်ထောက်ရှောင်ဟယ်... ဆေးပစ္စည်းတွေပြင်ဆင်ပေးပါဦး!''

လက်ထောက်ရှောင်ဟယ်ကခေါင်းညိမ့်ပြီး ချူချင်းဖုန်းအတွက်ဆေးပစ္စည်းများပြင်ဆင်ပေးသည်။

ချူချင်းဖုန်းမှာ အရှုံးကိုလက်မခံနိုင်သောကြောင့် ဆေးစွပ်ပြုတ်ထပ်လုပ်ပြန်သည်။ ဆေးစွပ်ပြုတ်ရသည်နှင့် လက်ထောက်ရှောင်ဟယ်ကိုပေးပြီး စမ်းသပ်ခိုင်းသည်။

သို့ရာတွင် မျှော်လင့်စောင့်စားနေသောချူချင်းဖုန်းဆီ လက်ထောက်ရှောင်ဟယ်ကအဖြေယူလာသောအခါ ကွာခြားချက်ကကြီးမားနေဆဲပင်။

ဒီတစ်ကြိမ်တွင် ချူချင်းဖုန်းဇဝေဇဝါဖြစ်သွားသည်။ သူရဲ့တရုတ်တိုင်းရင်းဆေးပညာအရည်အချင်းကြောင့် အမြဲကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူခဲ့ရသည်။

သူလုပ်တဲ့ဆေးစွပ်ပြုတ်က ဘယ်လိုဖြစ်ပြီး သူဌေးချင်နဲ့အရမ်းကွာနေတာလဲ?

သူတကယ်ပဲ လူငယ်လေးလောက်မတော်ဘူးလား?

ချူချင်းဖုန်းက လက်မခံ။ သူက လက်ထောက်ရှောင်ဟယ်ကိုဆေးပစ္စည်းများပြင်ခိုင်းပြီး ဆေးစွပ်ပြုတ်ထပ်လုပ်သော်လည်း ရလဒ်ကဒီအတိုင်းပင်။

ဒီတစ်ခါတော့ အရှိုက်ထိသွားပြီ။

သူ့ကိုဆေးနည်းနဲ့ဗီဒီယိုပေးထားပေမဲ့ သူမလုပ်နိုင်တာ သူ့မှာအစွမ်းအစမရှိဘူးဆိုတဲ့သဘော။ သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်ပြင်ဆင်နည်းကို သူသံသယမရှိပေ။

မည်သို့ဆိုစေ အားဖြည့်ဆေးရည်ဖြစ်ဖြစ်၊ အူမကြီးကင်ဆာဆေးမှုန့်ဖြစ်ဖြစ်၊ ဒါတွေ သူလုံးဝဂရုမစိုက်။

သူလက်မခံနိုင်သော်လည်း လူကြီးလူကောင်းတစ်ယောက်ရဲ့သဘောထားကို သူ့ပေတံနှင့်တိုင်းမည်မဟုတ်။

နောက်ဆုံး ချူချင်းဖုန်းမှာမတတ်သာဘဲ တခြားတရုတ်တိုင်းရင်းဆေးပညာရှင်များ၏အကူအညီကိုယူရတော့သည်။

ဒီလူတွေနဲ့အတူတူလုပ်ရင် မရနိုင်ဘူးလား?

ချူချင်းဖုန်းကအတွေးရရချင်း တရုတ်တိုင်းရင်းဆေးပညာရှင်များကိုအသိပေးပြီး ဆေးစွပ်ပြုတ်အကြောင်းပြောပြသည်။

ထိုအကြောင်းကြားပြီး တရုတ်တိုင်းရင်းဆေးပညာရှင်များအံ့ဩသွားကြသည်။ ဘာပဲဖြစ်ဖြစ် ချူချင်းဖုန်း၏အရည်အချင်းကို သူတို့သိသည်။

"လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီးဒီလောက်တော်ရတာလဲ?''

"အားလုံးပဲ... အတူတူလုပ်ရအောင်... ငါတို့လူကြီးတွေမလုပ်နိုင်တာကို သူ့လိုလူငယ်လေးကလုပ်နိုင်တယ်ဆိုတာ မယုံဘူး''

“……”

ထို့နောက် တရုတ်တိုင်းရင်းဆေးပညာရှင်များနှင့်ချူချင်းဖုန်းက တော်ဝင်ဆေးစွပ်ပြုတ်နည်းနှင့်ဗီဒီယိုကိုလေ့လာသည်။

မကြာမီ ထိုလူများအတူတူဆေးစွပ်ပြုတ်လုပ်ကြပြီး လက်ထောက်ရှောင်ဟယ်ကိုစမ်းသပ်ခိုင်းသည်။

သို့သော် အဖြေထွက်လာသောအခါ ထိုလူတစ်စု လုံးလုံးအရှက်ကွဲတော့သည်။ စမ်းသပ်ချက်အဖြေက ဒီအတိုင်းသာ။

တရုတ်တိုင်းရင်းဆေးပညာရှင်များ လှုပ်လှုပ်ရွရွဖြစ်လာသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နည်းနည်းထူးဆန်းတယ်!''

"အဆင့်နဲ့အချိုးအစားတွေ အကုန်မှန်တယ်... အဖြေက ဘာလို့အရမ်းကွာနေတာလဲ?''

"မယုံဘူး... ထပ်လုပ်ကြည့်ရအောင်!''

“……”

ချူချင်းဖုန်းသက်ပြင်းချလိုက်သည်။ သူတို့အားလုံးပေါင်းလုပ်ရင်တောင် ဒီလူငယ်ကိုမနိုင်မှန်း သူကြိုသိနေသည်။

အဖြေက ရှင်းနေပြီ။

ထိုလူများကထပ်လုပ်ကြသော်လည်း နောက်ဆုံးရလဒ်ကအတူတူပင်။

…

ချင်းလင်အပန်းဖြေစံအိမ်_

ဝန်ကြီးလုလည်း လက်ထောက်ရှောင်ဟယ်ဆီမှ ချူချင်းဖုန်းတို့ဆေးစွပ်ပြုတ်ပြင်ဆင်သည့်အကြောင်းသတင်းရပြီး သက်ပြင်းအသာချလိုက်သည်။

အဲဒီတရုတ်တိုင်းရင်းဆေးပညာရှင်တွေက သူဌေးချင်လောက်တော်ပုံမရ။ မဟုတ်ရင် သူဌေးချင်ရဲ့ဆေးစွပ်ပြုတ်နဲ့ ဘာလို့ဒီလောက်ကွာမှာလဲ?

သို့ရာတွင် သူဌေးချင်က အဲဒီလူတွေအငြင်းပွားနေသောဆေးနည်းကို အလွယ်တကူလေ့လာနိုင်ပုံအကြောင်းတွေးမိပြီး ပုံမှန်ပဲဟုတွေးမိသည်။

ဖုန်းချပြီးနောက် ဝန်ကြီးလုမှာမတတ်သာဘဲ သက်ပြင်းသာချလိုက်သည်။ သို့ရာတွင် သူဌေးချင်၏အာနိသင် ၃၀% ရအောင်လုပ်နိုင်ခြင်းက ဘာမှမရတာထက်တော့တော်သေးသည်။

ဝန်ကြီးလုအတွေးများနေစဉ် ရုတ်တရက်ဖုန်းဝင်လာသည်။ ဖုန်းကိုင်ပြီးနောက် တစ်ဖက်မှသတင်းကြားပြီး သူ့မျက်နှာထားပြောင်းသွားကာ_

"ဘာ? ထိုပေသုန်းဆေးဝါးကို ရှန်ရှန်းဆေးဝါးကရယူထိန်းချုပ်ထားပြီ? သော*က်ကုမ္ပဏီ!''

ဝန်ကြီးလုကသတင်းရပြီး တော်ဝင်ဆေးစွပ်ပြုတ်အကြောင်းတောင်မတွေးနိုင်တော့။ သူကချက်ချင်း လေယာဉ်လက်မှတ်စီစဉ်ခိုင်းသည်။ သူအခုချက်ချင်း မြို့တော်ကိုပြန်ချင်သည်။

ထိုပေသုန်းဆေးဝါးကုမ္ပဏီကို ရှန်ရှန်းဆေးဝါးကုမ္ပဏီကရယူလိုက်သောကိစ္စမှာ ပေါ့သေးသေးမဟုတ်။ ထိုကုမ္ပဏီတွင် batromase ဆိုသော ဦးနှောက်သွေးကြောပေါက်ကုသနိုင်သည့်ထိုးဆေးရှိသည်။ နိုင်ငံအတွင်းတစ်ခုတည်းသောဆေးဝါးပင်။

ထိုရှန်ရှန်းဆေးဝါးမှာ ဆေးကုမ္ပဏီအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုပေသုန်းဆေးဝါးကုမ္ပဏီကိုအမြဲလိုချင်နေပြီး batromase ထိုးဆေးကိုအရယူကာ ထိုဆေးရည်မျိုးစျေးကွက်ကိုလက်ဝါးကြီးအုပ်ချင်နေသည်။

သို့ရာတွင် ထိုပေသုန်းဆေးဝါးကအမြဲငြင်းဆန်ခဲ့သည်။ အရင်ဆုံး ဆေးရည်ကိုအရယူပြီး နောက်ကွယ်တွင် လျိုမိသားစုနှင့်ပေါင်းကြံမည့်ရည်ရွယ်ချက်ကို သူတို့သိသည်။

သို့ရာတွင် မနှစ်က နိုင်ငံခြားအဆက်အသွယ်မှတဆင့် လျိုမိသားစုသည် batromase ထိုးဆေးကုန်ကြမ်းအတွက် ထိုပေသုန်းဆေးဝါး၏နိုင်ငံအတွင်းတစ်ဦးတည်းကိုယ်စားလှယ်ကိုရအောင် လုပ်ခဲ့သည်။

ထိုပေသုန်း၏ကုန်ကြမ်းများဖြတ်တောက်ခံရပြီး ဆက်လက်မရပ်တည်နိုင်တော့။ ရှန်ရှန်းဆေးဝါးကရယူဖို့တောင် ခြိမ်းခြောက်ခံရသည်။ အဲဒီနောက်ပိုင်း နိုင်ငံအတွင်းတစ်ခုတည်းသော ဦးနှောက်သွေးကြောပေါက်အရေးပေါ်ထိုးဆေးမှာ ထုတ်လုပ်မှုရပ်ဆိုင်းရတော့သည်။ လူပေါင်းထောင်ချီမှာဆေးမရနိုင်တော့ဘဲ အတော်များများ အသက်ဆုံးရှုံးကြရသည်။

ထိုကိစ္စကြောင့် အထက်လူများက ရှန်ရှန်းဆေးဝါးကုမ္ပဏီကို ယွမ်သန်း ၁၀၀ တောင်ဒဏ်တပ်ခဲ့သည်။

သို့ရာတွင် ရှန်ရှန်းဆေးဝါးနှင့်လျိုမိသားစုက ဒီကိစ္စကိုမမှု။ ဒီကိစ္စက ကုမ္ပဏီ၏ဘဏ္ဍာရေးထိခိုက်မှုမရှိကြောင်း၊ အားလုံးစိတ်အေးသက်သာနေသင့်ကြောင်းပါ ကုမ္ပဏီကြေညာချက်ထုတ်ပြန်လိုက်သေးသည်။

ဒီလူတွေက အထက်လူတွေရဲ့သဘောထားကိုလုံးဝဂရုမစိုက်ဘဲ ထိုပေသုန်းဆေးဝါးကိုအရယူမည်ဟုမထင်မိ။

ဒါ ဦးနှောက်သွေးကြောပေါက်အရေးပေါ်ထိုးဆေးကို နိုင်ငံအတွင်းတွင် ရှန်ရှန်းဆေးဝါးကုမ္ပဏီကလက်ဝါးကြီးအုပ်လိုက်သည်နှင့်အတူတူပင်။

ဒီလျိုကောင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ?

ဒါပေမဲ့ အခုအခြေအနေကဒီလိုဖြစ်နေတော့ အကြောင်းစုံသိရဖို့ ချက်ချင်းပြန်မှရမည်။ ရွေးချယ်စရာမရှိရင် တရုတ်သိပ္ပံအကယ်ဒမီက ဦးနှောက်သွေးကြောပေါက်ကုသနိုင်သော အရေးပေါ်ဆေးဝါးသုတေသနအတွက် အပြည့်အဝရင်းနှီးမြှုပ်နှံရတော့မည်။

တစ်ဖက်သားကို လုပ်ချင်တာလုပ်ခွင့်မပေးနိုင်။

ရှေးတရုတ်တိုင်းရင်းဆေးနည်းထဲမှာ ဒီလိုဆေးနည်းမျိုးရှိမရှိ သူမသိ။

ရှိရင် သုတေသနက မြန်မြန်ဆန်ဆန်ခရီးရောက်လိမ့်မည်။

All Chapters