သုံးရောင်စပ်ဖရဲသီး?
Vol. 46 Ch. 686
မျက်စိတစ်မှိတ်တစ်တွင်း သုံးရက်ကုန်လွန်သွားသည်။
ချင်းလင်အပန်းဖြေစံအိမ်တွင်နေသာပြီး သန့်စင်မြက်က နေရှိရာဘက်မျက်နှာမူကာ စံအိမ်တွင်လေသန့်စင်ပေးနေသည်။
ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက နေရောင်အောက်တွင်လမ်းလျှောက်နေသည်။
ချင်လင်ကရုံးခန်းထဲတွင် သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား ဆေးဥယျာဉ်ထဲမှဆေးပင်များရိတ်သိမ်းစေသည်။
ဒီတစ်ခါ သူအတော်ကံကောင်းနေသည်။ ဒီဆေးပင်တစ်သုတ်တွင် အရည်အသွေး ၂ ဆေးပင်များအထွက်နှုန်းကောင်းသည်။
လတ်တလော နေ့တိုင်းဆေးပင်စိုက်ပြီး အရည်အသွေး ၂ ဆေးပင်ပါမပါစောင့်ရတာ နေ့စဉ်တာဝန်ဖြစ်လာသည်။
နောက်ပြီး ရက်ပေါင်းအတော်ကြာစိုက်ပြီးနောက် တော်ဝင်ဆေးစွပ်ပြုတ်အတွက်သုံးနိုင်သောပါဝင်ပစ္စည်းအများစုက အရည်အသွေး ၂ ဖြစ်လာသည်။ အသက်ရှည်ခြင်း +၃ အရည်အသွေးဖြစ်နိုင်မဖြစ်နိုင်လည်း စမ်းကြည့်နိုင်သည်။
ချင်လင်ကရုံးခန်းအပြင်ထွက်ပြီး ဂိုဒေါင်သွားကာ ဂိမ်းထဲမှအရည်အသွေး ၂ ဆေးပင်များကိုအိတ်ထဲထည့်၍ လတ်တလောစိုက်ထားသောအရည်အသွေး ၁ ဆေးပင်များကိုပါထုတ်လာသည်။
ဘာပဲဖြစ်ဖြစ် ဒီဆေးပင်တွေကိုအပန်းဖြေစံအိမ်မှာပြင်ဆင်ထားရင် အသုံးတည့်လိမ့်မည်။ ဆရာလင်းက စနစ်အရည်အသွေးအတိုင်းမထုတ်နိုင်ရင်တောင် အရည်အသွေး ၁ ဆေးပင်များနှင့် အာနိသင်တချို့ရှိနိုင်သေးသည်။
ချင်လင်က အပန်းဖြေစံအိမ်ပြန်မောင်းလာရာ ဇိမ်ခံကားသုံးစီးထိုးထားသည်ကိုတွေ့ရသည်။ ချန်ရှန်းဖေတို့ပင်။
သူတို့သုံးယောက် ဒီလောက်မြန်မြန်ရောက်လာမည်ဟုမထင်မိ။
သူတို့မိန်းမတွေကိုလာကြိုခြင်းဖြစ်မည်။
လင်းလျိုတို့က နောက်ဆုံးတစ်လ၊နှစ်လထဲရောက်နေပြီ။ အပန်းဖြေစံအိမ်ကဘယ်လောက်ကောင်းကောင်း မင်မြို့တော်နှင့်အရမ်းဝေးလွန်းသည်။ ဒီမှာ ကိရိယာများနှင့်လုပ်ပေးနိုင်စွမ်းမရှိချေ။
အပန်းဖြေစံအိမ်ထဲ၌_
ချန်ရှန်းဖေ၊မာလဲ့ဝမ်နှင့်လီရှင်းတို့က ဧည့်ခန်းထဲတွင် ထန်ဝမ်တို့နှင့်တွေ့နေကြပြီ။
အမှန်အတိုင်းဆိုရရင် ဒီတစ်ခေါက် သူတို့မိန်းမတွေကိုပြန်တွေ့ပြီး နည်းနည်းအံ့ဩမိသည်။
အပန်းဖြေစံအိမ်တွင်အနားယူသည့်အတောအတွင်း သူတို့မိန်းမတွေပိုလှလာကြောင်း၊ အသားအရေပိုဝင်းလာကြောင်း၊ ပိုနုလာကြောင်း သတိထားမိသည်။
အသက် ၃၀ အရွယ်အမျိုးသမီးမှာ ရင့်ကျက်လှပပြီး အခုဆွဲဆောင်မှုပိုရှိနေသည်။
ဤသည်က အရည်အသွေး ၂ အလှအပဥနှင့် အရည်အသွေး ၂ သခွားသီး၏အစွမ်းပင်။
ဒီအပန်းဖြေစံအိမ်ထဲမှာ ဒါတွေကိုသူတို့နှင့်ပြိုင်ပြီးလုမည့်သူမရှိ။
အတော်ကျေနပ်စရာကောင်းသည်!
သူတို့မိန်းမတွေပိုလှလာတာထက်ပိုပြီး သူတို့သုံးယောက်ဝမ်းအသာဆုံးက ဝိုင်ကြောင့်ပင်။
"အချစ်... မင်းကျေးဇူးတွေပဲ''
ချန်ရှန်းဖေက ချင်းလင်ဆေးဖက်ဝင်ဝိုင်ပုလင်းကိုင်ပြီး ပြုံးပြုံးနှင့်ပြောသည်။
လီရှင်းနှင့်မာလဲ့ဝမ်လည်း အတူတူပင်။
ချင်လင်က အပန်းဖြေစံအိမ်ဆိုင်ထဲမှာ ဒီဆေးဖက်ဝင်ဝိုင်ကိုရောင်းမည်ဟု သူတို့လုံးဝမထင်မိ။
သူတို့လိုချင်ရင် ချင်လင်ဆီမှဝိုင်ရနိုင်သော်လည်း အများကြီးရမည်မထင်။ မထင်မှတ်ဘဲရတာက ပိုကျေနပ်စရာကောင်းသည်။
အအံ့ဩဆုံးသူက လီရှင်းပင်။ သူ့ရှေ့တွင် ဝိုင်ပုလင်းအများကြီးရှိနေသည်။ ချင်းလင်ဆေးဖက်ဝင်ဝိုင်အပြင် တခြားဘရန်းသက်တမ်းရင့်ဝိုင်များလည်းရှိသည်။
ဘာပဲဖြစ်ဖြစ် သူကဝိုင်ကျွမ်းကျင်သူဖြစ်၍ ချင်းလင်ဝိုင်တစ်ခုတည်းစိတ်ဝင်စားသည်မဟုတ်။ တခြားဝိုင်များကလည်း သူ့အတွက်ရတနာပင်။
နောက်ပြီး ဒီလိုသက်တမ်းရင့်ဝိုင်မျိုးက အပြင်မှာအရမ်းရှားသည်။
အခုတော့ အားလုံးကိုတစ်နေရာတည်း ပုလင်းအများကြီးရလိုက်ပြီ။
ဒီလိုစျေးဝယ်ပြီး စိတ်လှုပ်ရှားစရာခံစားချက်မျိုးမဖြစ်တာ အတော်ကြာခဲ့ပြီ။
"လောင်ချန် လောင်မာ လောင်လီ... အပြင်မှာကားတွေ့လို့ ခင်ဗျားတို့သုံးယောင်မှန်းသိသားပဲ''
ချင်လင်က အိတ်တချို့ဆွဲပြီးဝင်လာသည်။
ချင်လင်ကိုမြင်လျှင် ချန်ရှန်းဖေတို့ကချက်ချင်းရှေ့တိုးလာပြီးနှုတ်ဆက်သည်။
"ချင်လင်... မင်းတော်ဝင်ဆေးစွပ်ပြုတ်အသစ်လုပ်လိုက်ပြန်ပြီဆို... ဘယ်လိုအရသာလဲ သိချင်နေတာ?''
ချန်ရှန်းဖေက မျှော်လင့်ပုံနှင့်မေးသည်။
ချင်လင်ကရယ်ပြီး ချက်ချင်းသဘောပေါက်သည်။ သူကလက်ထဲမှအိတ်များကိုပြပြီး_
"ခင်ဗျားတို့ရောက်လာတာ အချိန်ကောင်းပဲ... နေ့လယ်ရောက်တော့မယ်... ခင်ဗျားတို့မြည်းရအောင် နေ့လယ်စာချက်ပြီးဧည့်ခံမယ်''
သူ့စကားကြောင့် သုံးယောက်သားပိုမျှော်မိသည်။
ပွင့်ပွင့်လင်းလင်းပြောရရင် ချင်လင်ရဲ့လက်ရာစားပြီး အပြင်ကစားကောင်းသောက်ဖွယ်တွေကို အမှိုက်လိုခံစားနေရသည်။
ချင်လင်ရဲ့အစားအစာတွေက နေ့နေ့ညညတမ်းတမိအောင်လုပ်နိုင်သည်။
ချင်လင်က သူတို့သုံးယောက်နှင့်ခဏစကားပြောပြီး စားဖိုဆောင်ထဲသွားလိုက်သည်။ သူ့လက်ထဲမှအိတ်ထဲတွင် အရည်အသွေး ၂ ဆေးပင်များအပြည့်ရှိသည်။
အရည်အသွေး ၁ က ကားထဲကျန်ခဲ့သည်။ တစ်ယောက်ယောက်ကိုယူခိုင်းဖို့ ဆရာလင်းကိုမှာခဲ့မည်။
"သူဌေး... ချက်ဦးမလို့လား?''
ဆရာလင်းက ချင်လင်ကိုမြင်မြင်ချင်းမေးသည်။ ဘာပဲဖြစ်ဖြစ် လူကြီးမင်းချန်တို့ကအပြင်ရောက်နေပြီ။
"ကျွန်တော့်ကိုကူပေးပါဦး!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကအရည်အသွေး ၂ ဆေးပင်များယူပြီး စသင်သည်။ တစ်ချိန်တည်းမှာ ဆရာလင်းအား_
"ဆရာလင်း... ဇလုံတချို့ပြင်ပြီး ဒီဆေးပင်တွေတစ်နေရာထားပေးပါ... ဒါတွေအားလုံးသက်တမ်းရင့်တွေ''
"ကောင်းပါပြီ သူဌေး''
သူဌေးက သူ့ကိုတမင်သတိပေးမှန်းသိသည်။ ဒီသက်တမ်းရင့်ဆေးပင်တွေက လုံးဝသာမန်မဟုတ်ပါပေါ့။
ချင်လင်က တော်ဝင်ဆေးစွပ်ပြုတ်စချက်သည်။ အရည်အသွေး ၂ ငါးတုံးနှင့်အရည်အသွေး ၂ ဆေးပင်အများကြီးသုံးသည်။
ကျွမ်းကျွမ်းကျင်ကျင်နှင့်ရှောရှောရှူရှုလုပ်ကိုင်ပြီး မကြာမီ တော်ဝင်ဆေးစွပ်ပြုတ်ရလာသည်။
ထို့နောက် ချင်လင်ကဆရာလင်းအား အရည်အသွေး ၂ ပစ္စည်းများနှင့်ဟင်းပွဲများထပ်ပြင်ခိုင်းပြီး တော်ဝင်ဆေးစွပ်ပြုတ်ကိုအပြင်ပို့စေသည်။
"ရောက်လာပြီ... အနံ့နဲ့တင် သွားရည်ကျလောက်တယ်''
ချန်ရှန်းဖေက တော်ဝင်ဆေးစွပ်ပြုတ်မြင်ပြီး တံတွေးမြိုချလိုက်သည်။
မြှောက်ပြောနေတာမဟုတ်။ ထိုအထူးဆေးနံ့ကြောင့် သွားရည်များများထွက်လာသည်။
"မြည်းကြည့်''
ချင်လင်ကပြောလိုက်သည်။
ချန်ရှန်းဖေတို့က ဟိတ်ဟန်ထုတ်မနေ။ ပန်းကန်ကောက်ယူပြီး ဆေးစွပ်ပြုတ်ခပ်သောက်လိုက်သည်။
အရည်အသွေး ၂ ဆေးပင်များနှင့်လုပ်ထားသောဆေးစွပ်ပြုတ်ဖြစ်၍ သိသိသာသာအရသာပိုရှိသည်။
"ချင်လင်... မင်းလက်ရာက ပိုပိုကောင်းလာပါလား''
ချန်ရှန်းဖေ။
"အင်း... အရင်ထက်နည်းနည်းပိုကောင်းလာတယ်''
လီရှင်း။
ဒါသူတို့ကိုအံ့ဩမိစေသည်။
အစက ချင်လင်၏ငါးစားသောက်ပွဲကိုကောင်းလှချည်မှတ်ပြီး လောင်ရန်နှင့်တောင်ယှဉ်ခဲ့သည်။