သုံးရောင်စပ်ဖရဲသီး? ၂
Vol. 46 Ch. 687
ချင်လင်ရဲ့လက်ရာက ပိုပိုကောင်းလာမယ်လို့ဘယ်သိမလဲ။
အခုတော်ဝင်ဆေးစွပ်ပြုတ်သောက်ကြည့်ရာ အရင်နှိုင်းယှဉ်ခဲ့သောလောင်ရန်၏တံခါးနီစားသောက်ပွဲက အဆင့်ကျသွားပြီး ချင်လင်၏ဆေးစွပ်ပြုတ်ကိုလုံးဝမယှဉ်နိုင်တော့။
ချင်လင်က ချန်ရှန်းဖေတို့ကိုနှုတ်ဆက်ပြီး အရည်အသွေး ၂ ဆေးပင်များနှင့်လုပ်ထားသောဆေးစွပ်ပြုတ်နည်းနည်းကိုရုံးခန်းထဲသယ်လာကာ ဂိမ်းထဲယူသွားသည်။
(အထူးတော်ဝင်ဆေးစွပ်ပြုတ်: အရည်အသွေး ၃)
(အထူးဆေးစွပ်ပြုတ်ဖြစ်သည်။ အလွန်အရသာရှိပြီး အထူးအာနိသင်ရှိသည်:
အားဖြည့်ပေးခြင်း +၃၊ အသက်ရှည်ခြင်း +၃)
ချင်လင်ကမှတ်ချက်ကိုကြည့်ပြီး သူ့ရည်ရွယ်ချက်အထမြောက်ကြောင်းသိလိုက်သည်။ တော်ဝင်ဆေးစွပ်ပြုတ်ကို အရည်အသွေး ၂ ဆေးပင်အတော်များများနှင့်လုပ်ထားပြီး တခြားအာနိသင်များမပြောင်းသော်လည်း အားဖြည့်ပေးခြင်းနှင့်အသက်ရှည်ခြင်းက +၃ ဖြစ်လာသည်။
ဒီတော်ဝင်ဆေးစွပ်ပြုတ်ကိုမကြာခဏသောက်ပေးရင် နောက်ဆယ်စုနှစ်အကြာမှာ လူငယ်ဒစ်စကိုဝိုင်းသွားလည်း လူငယ်များထက်ပိုပြီးကနိုင်လိမ့်မည်။
ညနေပိုင်းတွင် ချန်ရှန်းဖေတို့က သူတို့မိန်းမတွေနှင့်ပြန်သွားကြသည်။
တစ်နည်းဆိုရသော် ချင်းလင်အပန်းဖြေစံအိမ်တွင်သုံးနေရာလွတ်ပြီ။
ချင်လင်က သူ့ခုံတွင်ထိုင်ပြီးကွန်ပျူတာဖွင့်ကာ ချင်းလင်အပန်းဖြေစံအိမ် page ထဲဝင်လိုက်သည်။ အပန်းဖြေစံအိမ်နေရာလွတ်ကြောင်းကြေညာနိုင်ပြီ။
တဆက်တည်း သူကဖုန်းထုတ်ပြီး လျိုယီကိုဖုန်းဆက်လိုက်သည်။
တစ်ဖက်လူက အရင်တစ်ခေါက်ကတည်းကလျှောက်ထားသည်။ သူ့အဖေအားပြည့်အောင်ခဏထားချင်သော်လည်း တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်ရုတ်တရက်ရောက်လာသောကြောင့် လျိုယီ၏လျှောက်ထားချက်ကိုပယ်ခဲ့ရသည်။
အခုနေရာလွတ်ပြီဖြစ်၍ သူ့ကိုပေးဖို့ရည်ရွယ်ထားသည်။
လောင်ချန်တို့လောက်မရင်းနှီးသော်လည်း သူတို့အချင်းချင်းသိနေကြပြီ။ တစ်ဖက်လူရဲ့သဘောထားကလည်း အမြဲကောင်းခဲ့သည်။
မင်မြို့တော်_
လျိုယီလည်း နှစ်ရှည်လများလက်တွဲလုပ်လာခဲ့သောမိတ်ဆွေနှစ်ဦးကိုဧည့်ခံနေသည်။ ဒီနေ့ ပူးပေါင်းလုပ်ငန်းအသစ်အတွက် စာချုပ်လက်မှတ်ထိုးဖို့ရှိနေသည်။
စာချုပ်လက်မှတ်ထိုးပြီးနောက် သူ့ဖုန်းမြည်လာသည်။ သူဌေးချင်ဖြစ်နေ၍ သူ့မျက်နှာပြုံးရွှင်သွား၏။ သူ့လုပ်ငန်းမိတ်ဆွေနှစ်ဦးကိုမြန်မြန်ပြောပြီး ဘေးနားထွက်လာကာဖုန်းပြန်ဖြေလိုက်သည်။
သူ့ပုံစံကြောင့် မိတ်ဆွေနှစ်ဦးနည်းနည်းဇဝေဇဝါဖြစ်သွားသည်။
လျိုယီအုပ်စုက မင်မြို့တော်မှာအတော်အင်အားရှိကြောင်း သူတို့သိသည်။
ဘယ်သူ့ဖုန်းမလို့ ဥက္ကဌလျိုကဒီလောက်လောနေတာလဲ?
ဘေးဘက်တွင် လျိုယီက_
"သူဌေးချင်... ဘာကိစ္စရှိလို့လဲ?''
Lazda နှင့်ဟင်းချက်ပြိုင်ပွဲကြောင့် သူဌေးချင်အပေါ်သူအကြွေးတင်နေသည်။
တစ်ဖက်လူလိုတာရှိရင် သူသေချာပေါက်လုပ်ပေးမည်။
ချင်လင်အသံထွက်လာသည်_
"ဥက္ကဌလျို... အရင်တစ်ခါ ချင်းလင်အပန်းဖြေစံအိမ်မှာ ခင်ဗျားအဖေအတွက်တင်ထားတာလေ... အခုနေရာလွတ်ပြီ... ခင်ဗျားတင်ထားတာရပါပြီ''
လျိုယီကထင်မထားသဖြင့် ချက်ချင်းအံ့ဩသွားကာ_
"တကယ်လား? သူဌေးချင် ကျေးဇူးအများကြီးတင်ပါတယ်''
ဖုန်းချပြီးနောက် လျိုယီမျက်နှာပြုံးရွှင်နေသည်။ သူကလက်ဖက်ရည်စားပွဲပြန်လာပြီးထိုင်ချကာ မိတ်ဆွေနှစ်ဦးအား တောင်းတောင်းပန်ပန်နှင့်_
"အားနာလိုက်တာ... ဒီဖုန်းကိုကိုင်မှရမှာမလို့ပါ''
"ဥက္ကဌလျို''
မိတ်ဆွေတစ်ဦးက တအံ့တဩနှင့်_
"ဘယ်သူဆက်တာများလဲ? ခင်ဗျားဒီလောက်တောင်ဝမ်းသာနေရအောင်''
"ကြည့်ရတာ သတင်းကောင်းထင်တယ် ဥက္ကဌလျို''
နောက်မိတ်ဆွေတစ်ဦးက ဝင်ပြောသည်။
လျိုယီကဖုံးကွယ်မထားဘဲ ပြုံးပြုံးနှင့်_
"သတင်းကောင်းပေါ့... ကျုပ် ချင်းလင်အပန်းဖြေစံအိမ်မှာ တစ်နေရာလျှောက်ထားတာ... အခု လူကြီးမင်းဖန်းကဖုန်းဆက်ပြီး တစ်နေရာရကြောင်းပြောတယ်''
"ချင်းလင်အပန်းဖြေစံအိမ်? အဲဒီစံအိမ်က နေရာရဖို့ခက်တယ်ဆိုပဲ''
ပထမမိတ်ဆွေက တအံ့တဩပြောသည်_
"ကျုပ်အသိထဲမှာ အဲဒီကိုသွားချင်တဲ့သူဌေးတစ်ယောက်ရှိတယ်... ဒါပေမဲ့ ပယ်ချခံရတယ်''
လျိုယီကပြုံးလိုက်ပြီး_
"အရမ်းခက်တာပေါ့... သာမန်လူမသွားနိုင်ဘူး... လူကြီးမင်းဖန်းနဲ့အဆက်အသွယ်ကောင်းရှိလို့ ကျုပ်ကံကောင်းတာ''
"ဥက္ကဌလျိုက ချင်းလင်ကုမ္ပဏီသူဌေးနဲ့သိနေမယ်လို့ မထင်မိဘူး... သူကတော်ရုံလူမဟုတ်ဘူး... အမြဲအံ့ဩစရာကောင်းတယ်''
ဒုတိယမိတ်ဆွေက နည်းနည်းအားကျသံနှင့်ဆိုသည်။
ချင်းလင်ကုမ္ပဏီသူဌေးက တော်ရုံလူမဟုတ်မှန်း လူတိုင်းသိကြသည်။
ချင်းလင်ဆော့၊ချင်းလင်လက်ဖက်ရည်နှင့်ချင်းလင်ဆေးရည်စျေးကွက်က မြင့်သည်ထက်မြင့်လာသည်။ နေ့တိုင်း ဝင်ငွေအမြောက်အများရှိသည်ဟုဆိုနိုင်သည်။
ချင်းလင်ဓာတ်ခွဲခန်းလည်းရှိသည်။
ချင်းလင်ကုမ္ပဏီကအင်အားပြတာနဲ့ သူတို့ကုမ္ပဏီတွေကဘာမှမဟုတ်ကြောင်း အမြင်ရှိသူတိုင်းသိလိမ့်မည်။
အခု ဥက္ကဌလျိုက ဒီကုမ္ပဏီသူဌေးနဲ့သိရုံသာမက တစ်ဖက်ကလည်းကိုယ်တိုင်ဖုန်းဆက်ပြောသည်တဲ့။ ဒါလုံးဝအားကျစရာအဆက်အသွယ်တစ်ခုပင်။
လျိုယီလည်းပြုံးပြီး ဘာမှမပြော။ သူဌေးချင်အကြောင်းကို သူသိပ်ပြောပြမည်မဟုတ်။ ဘာပဲဖြစ်ဖြစ် သူဌေးချင်ကသိုသိုသိပ်သိပ်နေပြီး အပြင်ကလူတွေမသိစေချင်မှတော့ သူကလည်းမသိတတ်သူမဟုတ်ပေ။
ညနေပိုင်းတွင် မိတ်ဆွေနှစ်ဦးကိုစားသောက်ဆိုင်ကြီးတွင်ဧည့်ခံပြီးနောက် အိမ်ပြန်ကာ သူ့အဖေကိုသတင်းကောင်းပြောပြသည်။
အဖွဲ့အစည်းကသူ့လက်ထဲမှာဖြစ်လာသည်ဆိုသော်လည်း သူ့အဖေကအုတ်မြစ်ကောင်းချပေးခဲ့သည့်ကျေးဇူးပင်။ ဒီအုတ်မြစ်ကြောင့် သူ့အဖေလည်း ကျန်းမာရေးချူချာပြီး အိပ်ရာထဲလဲခဲ့သည်။
…
နောက်တစ်နေ့_
ချင်လင်ကပစ္စည်းများပို့ပြီး ရုံးခန်းထဲပြန်လာသည်။ ကွန်ပျူတာရှေ့ထိုင်ကာ ချင်းလင်အပန်းဖြေစံအိမ်တွင်အနားယူရန်တင်ထားသောလျှောက်လွှာများကိုကြည့်လိုက်သည်။
တစ်ညလွန်ပြီးနောက် လျှောက်ထားသူစီတန်းနေပြီး အခြေခံအားဖြင့် ယွမ် ၃ သန်းတတ်နိုင်သူများလျှောက်ကြသည်။
အပန်းဖြေစံအိမ် app တွင် အပျော်ဝင်လျှောက်သူများကိုစိစစ်ပြီးဖယ်ထုတ်သည့်စနစ်တပ်ဆင်ထားသည်။
မဟုတ်လို့ ဘယ်သူမဆိုလာလျှောက်နေရင် app အချက်အလက်များကိုကြည့်ပြီး ခေါင်းကိုက်ရလိမ့်မည်။
ဖြစ်ချင်တော့ တစ်ညလွန်အပြီးတွင် လျှောက်လွှာများက ပွထနေသည်။ တစ်ခုတည်းသောအချက်အလက်ကောင်းကောင်းနှင့်လူတစ်ယောက်ကြောင့် သူအံ့ဩသွားသည်။
သခင်လေးဝမ်!
အမှန်ပင်။ နိုင်ငံ့ယောက်ျားဆိုတဲ့တစ်ယောက်။
ဒီအပန်းဖြေစံအိမ်ဖွင့်ပြီးနောက်ပိုင်း ဒီလိုလူတွေစိတ်ဝင်စားမည်မှန်းသိသော်လည်း ဒီလောက်မြန်မည်ဟုမထင်မိ။
သို့ရာတွင် ချင်လင်ကလျှောက်လွှာကိုပယ်ချလိုက်သည်။ သူ့အဖေဝမ်ယိယိကမှဟုတ်ဦးမည်။
ဒီသခင်လေးဝမ်က လုံးဝအဆင့်မမီ။
သူကနာမည်ကြီးသော်လည်း လျိုယီနှင့်စာလျှင် အတော့်အတော်ငယ်သောညီလေးသာသာ။
လျှောက်လွှာအားလုံးကြည့်အပြီးတွင် တစ်ခုမှမအောင်ချေ။ ဒီလိုဆိုမှတော့ နေရာလွတ်အတိုင်းပဲထားမည်။
အပန်းဖြေစံအိမ်က ဝင်ငွေရှာဖို့မဟုတ်။ ဧည့်သည်မရှိရင်တောင် အဆင့်နိမ့်သူများကိုဝင်ခွင့်မပေးနိုင်။
လျှောက်လွှာအချက်အလက်များဖတ်ပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်အား ရေကန်သတ္တုတွင်းသွားစေသည်။
အရင်တစ်ခါအဆင့်တက်ပြီး ရေကန်သတ္တုတွင်း၏ ၆ လွှာအထိသာတူးရသေးသည်။ ကျန်အဆင့်များကိုမတူးရသေး။
ဒီတစ်ကြိမ်တွင် သူ့ဂိမ်းဇာတ်ကောင်ကို ၇ လွှာတန်းဝင်ပြီးတူးစေသည်။
ဖြစ်ချင်တော့ ၇ လွှာတူးပြီးသော်လည်း ဘာမှမရ။ ရွှေ၊ငွေ၊ကြေးနီစများသာရသည်။
ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို ၈ လွှာ၊ အဲဒီနောက် ၉ လွှာထဲဝင်စေသည်။
စိန်သတ္တုသုံးလေးစအပြင် ဘာမှမရသေး။
ဒီနေ့ကံမကောင်းပုံကြောင့် ချင်လင်ကသက်ပြင်းချပြီး သူ့ဂိမ်းဇာတ်ကောင်ကိုထွက်စေချင်လာသည်။
ဒီနေ့တူးဖို့နေ့ကောင်းမဟုတ်။
သို့ရာတွင် နောက်ဆုံး သူ့ဂိမ်းဇာတ်ကောင်ကို ၁၀ လွှာထဲဝင်ပြီး ဆက်တူးစေလိုက်သည်။
သူ့ဂိမ်းဇာတ်ကောင်ကိုမထွက်ခိုင်းမိ၍သာ တော်တော့သည်။ ၁၀ လွှာပထမအကွက်တူးလိုက်ရာ မထင်ထားသောစနစ်အသိပေးစာပေါ်လာသည်။
(ဂုဏ်ယူပါတယ်... အထူးမျိုးစေ့ကျောက်တုံးရလိုက်ပါပြီ!)
ဒီပစ္စည်းရပြန်ပြီ။ ဒီတော့ သူနောက်ထပ်အထူးမျိုးစေ့ဝယ်နိုင်ပြီပေါ့။
၁၀ လွှာအစတွင် ဒီလိုပစ္စည်းမျိုးရ၍ သူကချက်ချင်းကံလိုက်ပြီး ဂိမ်းဇာတ်ကောင်ကိုဆက်တူးစေသည်။
လုပ်ဟ။ ငါ့ကံတွေအကုန် ဒီအလွှာမှာဖြစ်မယ်!
သို့ရာတွင် ၁၀ လွှာတူးပြီးသွားသော်လည်း ဘာမှထပ်မရတာ နှမြောစရာ။ နောက်ပြီး သူ့ဂိမ်းဇာတ်ကောင်ကို ၁၁ လွှာဝင်ခိုင်းမည်အပြုတွင် အဆင့်ကန့်သတ်ထားကြောင်းအသိပေးစာရသည်။
မတတ်နိုင်။ ဂိမ်းဇာတ်ကောင်ကိုရေကန်သတ္တုတွင်းမှထွက်စေပြီး သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားကာ ဆိုင်ပိုင်ရှင်အပေါ်နှိပ်လိုက်သည်။
(ဝိုး... တကယ် ဒီကျောက်တုံးပဲ... ကျွန်ုပ်ကိုပေးနိုင်မလား?)
(ဤကျောက်တုံးနှင့်အထူးအပင်စိုက်နိုင်သည်!)
အရင်တစ်ခေါက်ကစကားပြောအတိုင်း။
ဘာမှန်းမသိ။ ဒီ NPC ကနည်းနည်းအပိုလုပ်နေသလို ချင်လင်ခံစားရသည်။ ပထမအကြိမ်တုန်းကလည်း ဒီစကားပြော။ အခုဒုတိယအကြိမ်မှာ ထပ်ပြောပြန်ပြီ။ ဂိမ်းထုတ်လုပ်သူတွေက တကယ်ရူးနေတာပဲ။ စာလေးတစ်ကြောင်းနှစ်ကြောင်းစဉ်းစားရတာ ဒီလောက်ခက်လို့လား?
ချင်လင်ကအတွန့်တက်နေသော်လည်း 'ပေးမည်'ကိုရွေးလိုက်သည်။
နောက်ခဏတွင် အထူးမျိုးစေ့ကျောက်တုံးပျောက်သွားသည်။ ဆိုင်ပိုင်ရှင်အပေါ်ထပ်နှိပ်လိုက်ရာ ဆိုင်ပိုင်ရှင်ရောင်းသောအပင်စာရင်းတွင် နောက်ထပ်အထူးမျိုးစေ့ရောက်နေသည်ကိုတွေ့ရသည်။
သို့ရာတွင် ထိုအထူးမျိုးစေ့ကြောင့် သူနည်းနည်းကြောင်သွားသည်။
ဘာကြီးလဲဟ?
(သုံးရောင်စပ်ဖရဲမျိုးစေ့: အရည်အသွေး ၂)
(ဆိုင်ပိုင်ရှင်က အထူးမျိုးစေ့ကျောက်တုံးနှင့်ပျိုးထောင်ထားသောအထူးမျိုးစေ့ဖြစ်သည်။ အလွန်ထူးခြားသောဖရဲသီးဖြစ်သည်!)