သုံးရောင်စပ် အရသာသုံးမျိုး! အရည်အသွေး ၁ ခရမ်းချဉ်သီး! ၂
Vol. 46 Ch. 689
ချင်းလင်စံအိမ်တွင် အမြဲတမ်း အပြင်မှာထက်အဆင့်မြင့်သောပစ္စည်းများရှိတတ်သည်။
ချင်လင်က အရည်အသွေး ၂ ဖရဲမျိုးစေ့များဆုပ်ယူပြီး သူ့အိတ်ကပ်ထဲမှသုံးရောင်စပ်ဖရဲမျိုးနှင့်တိတ်တိတ်လေးလဲကာ ဘယ်သူမှသတိမထားမိခင် စင်ပေါ်ပြန်တင်လိုက်သည်။
ချင်လင်ကဖရဲမျိုးစေ့များပြန်ထားပြီးနောက် ဘာမှမဖြစ်သလိုဟန်ဆောင်ကာ လီခိုင်နှင့်လက်ထောက်များ မျိုးစေ့စိုက်နေသည်ကိုကြည့်နေသည်။
ခဏအကြာ လီခိုင်လည်း ဖရဲမျိုးစေ့များစိုက်ပြီးသွားသည်။
ချင်လင်က သူတို့ကိုပြုံးပြုံးနှင့်ကြည့်နေသည်။
လီခိုင်တို့မျိုးစေ့စိုက်ပြီးသောအခါ မျိုးစေ့များစိုက်ရာစမ်းသပ်စိုက်ခင်းဆီသွားကြသည်။
ရောက်ရောက်ချင်း ချင်လင်က ကိုလာသီးစိုက်ထားသောနေရာကိုအရင်ကြည့်လိုက်သည်။
ကိုလာပင်မှာအပွင့်ဝေဆာပြီး အဖူးလေးတစ်ဖူးနှစ်ဖူးတောင်ထွက်နေပြီဖြစ်၍ သူအံ့ဩသွားသည်။
ကိုလာသီးက အကြီးမြန်တဲ့ပုံပဲ။
လီခိုင်ကကိုလာသီးစိုက်ထားသောနေရာရောက်လာပြီး ပြုံးပြုံးနှင့်ရှင်းပြသည်_
"ညီလေးချင်... ဒီဆီးပင်ကိုတွေ့လား? ဒီအပင်တွေကြည့်ရတာပုံမှန်မဟုတ်လို့ ငါစမ်းသပ်ထားတယ်''
"ဒီကောင်တွေကမျိုးပြောင်းတာ သေချာသလောက်ပဲ... ကြီးလာရင် ဘယ်လိုအသီးတင်မလဲသာ မသိတာ''
လီခိုင်စကားကြောင့် ချင်လင်ပိုပြုံးမိသည်။
အစ်ကိုလီရဲ့ဒီလိုယုံကြည်မှုရှိနေတဲ့ပုံကို သူလိုချင်တာ။ ကိုလာသီးမှည့်တာတွေ့ရင် အစ်ကိုလီဘယ်လိုများနေမလဲ?
လီခိုင်က ကိုလာသီးကိုခဏလေ့လာပြီးနောက် လူခေါ်ကာ စမ်းသပ်စိုက်ခင်းထဲမှသီးနှံများဆွတ်ခိုင်းသည်။
ထိုအထဲတွင် တရုတ်ကန်စွန်းဥ၊ ပဲစိမ်း၊ မုန်လာဥ၊ ကြက်သွန်နီ၊ ဂေါ်ဖီ၊ ပန်းထုပ်၊ ခရမ်းချဉ် စသည့်ဟင်းသီးဟင်းရွက်များပါသည်။
ဒီတစ်ခေါက် ဟင်းသီးဟင်းရွက်စုစုပေါင်း ၂၃ မျိုးခူးဆွတ်သည်။
လီခိုင်ကဟင်းသီးဟင်းရွက်များဓာတ်ခွဲခန်းထဲယူလာပြီး မျိုးပြောင်းခြင်းရှိမရှိ တစ်ခုချင်းစမ်းသပ်ရန်စီစဉ်ထားသည်။
ချင်လင်မှာပိုမြန်သည့်နည်းရှိသည်။
အပန်းဖြေစံအိမ်စားဖိုဆောင်ပြန်ပြီး ဟင်းချက်မည်ဟူသောဆင်ခြေနှင့် ဟင်းသီးဟင်းရွက်များပြန်ယူလာသည်။ ထို့နောက် ရုံးခန်းထဲသွား၍ တံခါးလော့ချကာ ဟင်းသီးဟင်းရွက်များကိုဂိမ်းထဲယူသွားသည်။
ဂိမ်းထဲဝင်လိုက်သည်နှင့် ဟင်းသီးဟင်းရွက်မှတ်ချက်များကိုအလွယ်တကူကြည့်နိုင်သည်။
(ကန်စွန်းဥ: သာမန်!)
…
(ပဲစိမ်း: သာမန်!)
…
(မုန်လာဥ: အရည်အသွေး ၁!)
(မျိုးစိတ်ပြောင်းသောမုန်လာဥပင်ဖြစ်သည်။ အထူးအာနိသင်ရှိသည်:
အရသာ +၁၊ စားကောင်းခြင်း +၁၊ အစာအိမ်အခြေအနေ +၁၊ အစာကြေခြင်း +၁၊ သလိပ်ပျော်ခြင်း +၁!)
ဟင်းသီးဟင်းရွက်သုံးမျိုးတဆက်တည်းကြည့်ပြီးနောက် တစ်မျိုးကြောင့်ချင်လင်အံ့ဩသွားသည်။ မုန်လာဥကမျိုးစိတ်ပြောင်းနေသည်။
သူကမှတ်ချက်များဆက်ကြည့်လိုက်သည်။ ဟင်းသီးဟင်းရွက်အများစုကသာမန်ဖြစ်ပြီး ဟင်းရွက်စိမ်း၊ ပန်းထုပ်၊ ငရုတ်သီးကဲ့သို့တချို့သီးနှံများကမျိုးစိတ်ပြောင်းသည်။
ချင်လင်အအံ့ဩဆုံးက နောက်ဆုံးမျိုးစိတ်ပြောင်းသီးနှံပင်။
(ခရမ်းချဉ်: အရည်အသွေး ၁)
(အထူးအရည်အသွေးရှိခရမ်းချဉ်သီးဖြစ်သည်:
အရသာ +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁! ******************************************************************************************************************************************************************************************************
အရည်အသွေး ၁ ခရမ်းချဉ်ကို ချင်လင်လုံးဝအံ့ဩသွားသည်။
ချင်းလင်ဆော့မှာ အရသာ +၁၊ စားကောင်းခြင်း +၁၊ နှုတ်မြိန်ခြင်း +၁ အရည်အသွေးများရှိသောကြောင့် နာမည်ကြီးသည်။
အခုအရည်အသွေး ၁ ပစ္စည်းတွင် ဒီအရည်အသွေးများရှိသည်။ ထို့အပြင် ဆီးချိုသက်သာခြင်း +၁ နှင့် ရေငတ်ပြေစေခြင်း +၁ ထပ်တိုးအရည်အသွေးများလည်းရှိသည်။
အဓိကက အရည်အသွေး ၁ ခရမ်းချဉ်သီးစိုက်ပြီး ချင်းလင်ဆော့လုပ်ရင် ဆော့အရည်အသွေးကပိုမြင့်လာမယ်မလား?
ထို့ကြောင့် ထိပ်တန်းဘရန်းဆော့ ၁၀ မျိုးကို သူတွေးမိသွားသည်။
ထိပ်တန်းဘရန်းဆော့ ၁၀ မျိုးမှာ ချင်းလင်ဆော့လုပ်နည်းသိဖို့အများကြီးရင်းနှီးမြှုပ်နှံထားရလိမ့်မည်။
ချင်းလင်ဆော့နည်းသိအောင် အသည်းအသန်အားထုတ်နေတုန်း ချင်းလင်ဆော့အရည်အသွေးကချက်ချင်းအဆင့်တက်သွားရင် ဒီလူတွေကြောင်မသွားဘူးလား?
အဲဒီအချိန်ကျ ခရမ်းချဉ်မျိုးစေ့အရည်အသွေးကိုထိန်းထားနိုင်ရင် ဒီလူတွေ အရည်အသွေး ၁ ခရမ်းချဉ်သီးကိုကုန်ကြမ်းအဖြစ်ရဖို့ ပိုခက်သွားလိမ့်မည်။
အရည်အသွေး ၁ ခရမ်းချဉ်သီးနှင့်ဆော့က စျေးကွက်ကိုပိုပြီးလွှမ်းမိုးသွားလိမ့်မည်။
နိုင်ငံခြားခရမ်းချဉ်ဆော့ဘရန်းတွေ လုံးဝတတ်နိုင်မည်မဟုတ်။
နောက်ပြီး ဒီအရည်အသွေး ၁ သီးနှံတွေဖြည့်ဆည်းနိုင်ရင် ယွီရွှေ့တို့ကိုစိုက်ခိုင်းပြီး အချိန်ပိုင်းပစ္စည်းပို့သမားဘဝမှ သူအနားယူနိုင်ပြီ။
ချင်းလင်ဓာတ်ခွဲခန်းတွင် မျိုးစိတ်ပြောင်းသီးနှံများပိုထွက်လာမည်ဟု သူယုံကြည်ထားသည်။ ကျယ်ကျယ်ပြန့်ပြန့်စိုက်စရာမလိုသောသီးနှံများကို ချင်းလင်စံအိမ်ထဲထည့်နိုင်သည်။
အရေအတွက်တိုးလာရင် နေ့စဉ်ဂိမ်းထဲမှရွှေ့နိုင်သောပမာဏထက်ပိုများလာမည်။
နှစ်ရက်ကြာပြီးနောက်_
လီခိုင်လည်း စမ်းသပ်ချက်အဖြေများကို ချင်လင်ရုံးခန်းထဲယူလာကာ_
"ညီလေးချင်... သတင်းကောင်းရှိတယ်... ဒီတစ်ခါ မျိုးစိတ်ပြောင်းတဲ့သီးနှံအတော်လေးရလိုက်တယ်... ပြီးတော့ မင်းလုံးဝလိုအပ်တာတစ်ခုပါတယ်... အဲဒါ ခရမ်းချဉ်သီးပဲ... အဲဒီခရမ်းချဉ်သီးတွေကိုအကြီးအကျယ်စိုက်ရင် ပါဝင်ပစ္စည်းပိုကောင်းလာလိမ့်မယ်... မင်းရဲ့ချင်းလင်ဆော့က အရသာပိုကောင်းလာမှာသေချာတယ်''
ချင်လင်ကသိပြီးဖြစ်သော်လည်း လီခိုင်ပြောတာနားထောင်ရင်း စိတ်လှုပ်ရှားနေဆဲပင်။ သူကဟန်လုပ်ကာ အံ့ဩသံနှင့်_
"အစ်ကိုလီ... တကယ်ပြောတာလား? ခရမ်းချဉ်သီးက မျိုးစိတ်ပြောင်းလား?''
လီခိုင်က ချင်လင်တကယ်မသိဟုထင်ပြီး ချက်ချင်းစမ်းသပ်ချက်အဖြေကိုလှမ်းပေးကာ_
"ညီလေးချင်... မင်းဘာသာကြည့်တော့... နောက်ဆုံးတစ်ခုက သာမန်ခရမ်းချဉ်သီးနဲ့ယှဉ်ထားတဲ့စမ်းသပ်ချက်ပဲ... သူကအများကြီးပိုကောင်းတယ်''
ချင်လင်ကအချက်အလက်များယူပြီး ဖတ်ဟန်ဆောင်လိုက်သည်။
လီခိုင်ကပြုံးပြီး_
"မျိုးစိတ်မပြောင်းတဲ့သီးနှံတွေကို ငါခူးခိုင်းထားပြီးပြီ... ဒီမျိုးပြောင်းတဲ့သီးနှံတွေနဲ့ခရမ်းချဉ်ကိုစိုက်ထားတယ်... အများကြီးစိုက်လို့ရတယ်... အများကြီးဆက်စိုက်ရင် အကြီးအကျယ်စိုက်ဖို့မြှင့်တင်နိုင်ပြီ''
…
ချင်လင်က ဝမ်းမြောက်ဝမ်းသာဖြစ်နေစဉ် ဝန်ကြီးလုမှာ မျက်မှောင်ကြုတ်နေရသည်။
အသစ်တည်ထောင်ထားသောတရုတ်တိုင်းရင်းဆေးသုတသနဌာနထဲ၌ ဝန်ကြီးလုကမျက်မှောင်ကြုတ်ပြီး ချုချင်းဖုန်းအား_
"စီနီယာချူ... ဘယ်လိုလဲ? အသုံးတည့်တဲ့လျှို့ဝှက်ဆေးနည်းလေးဘာလေးများတွေ့လား?''
ရှန်ရှန်းဆေးဝါးက ထိုပီတုန်းဆေးဝါးကိုအရယူပြီး တစ်ခုတည်းသောဦးနှောက်သွေးကြောပေါက်ကုသဆေး Batramase ကို အထက်ရောအောက်ပါလွှမ်းမိုးချုပ်ကိုင်ထားသည်။ ယွမ်သန်း ၁၀၀ ဒဏ်တပ်ခံရတာတောင် မမှုချေ။
ရှန်ရှန်းဆေးဝါးက Batramase ထိုးဆေးပြန်ထုတ်တဲ့အချိန် သူတို့ကသင့်တော်ရာဆေးတစ်မျိုးထွက်နိုင်ရင် ရှန်ရှန်းဆေးဝါးကိုအထိနာအောင်လုပ်နိုင်လိမ့်မည်။ ထိုပီတုန်းဆေးဝါးကိုရအောင်လိုက်ထားသော သူတို့ငွေတွေပလုံသွားလိမ့်မည်။
ဒါမှတကယ့်သင်ခန်းစာ။
အရင်က ဆေးပညာသုတေသနဌာနမှာ ဒီလိုအောင်မြင်မှုမျိုးမရဖူးသေး၍ ဝန်ကြီးလုတို့ခေါင်းဆောင်တွေ ဒီလိုအတွေးမျိုးမတွေးရဲ။ အတတ်နိုင်ဆုံးသာကြိုးစားရသည်။
သို့သော် အခုမတူတော့။ တရုတ်တိုင်းရင်းဆေးကနယ်ပယ်ထဲရောက်လာပြီဖြစ်၍ တရုတ်တိုင်းရင်းဆေးနည်းများတွင် ဒီလိုဆေးရည်မျိုးရှိကောင်းရှိနိုင်သည်။
ချူချင်းဖုန်းက ဝန်ကြီးလုစိတ်လောနေပုံကိုကြည့်ရင်း ချက်ချင်းရှင်းပြသည်_
"ဝန်ကြီးလု... ကျုပ်တို့တရုတ်တိုင်းရင်းဆေးနည်းတွေရှာကြည့်တာ ဦးနှောက်အတွက်သုံးတဲ့ဆေးနည်း ၃၀ ကျော်တွေ့ပါတယ်... ဒါပေမဲ့ ဦးနှောက်သွေးကြောပေါက်တာအတွက်အာနိသင်ရှိမရှိတော့မသိပါဘူး... ဖြည်းဖြည်းချင်းစမ်းသပ်ကြည့်ရပါဦးမယ်''
ဝန်ကြီးလုခေါင်းညိမ့်လိုက်သည်။ လျှို့ဝှက်ဆေးနည်းတွေဒီလောက်ရှိရင် အနည်းဆုံးတော့ ဦးနှောက်သွေးကြောပေါက်ကုသနိုင်ဖို့သုတေသနလုပ်နိုင်ပြီမလား?
နောက်ပြီး တစ်ခုလောက်ရရင်ပဲ လုံလောက်ပြီ။
လက်ထောက်ရှောင်ဟယ်က အလောတကြီးဝင်လာပြီး အစီရင်ခံသည်_
"ဌာနမှူး... သတင်းတက်တယ်... ရှန်ရှန်းဆေးဝါးက ထိုပီတုန်းဆေးရည်ဖွဲ့စည်းမှုပြီးသွားပြီ... တရားဝင်ဝဘ်ဆိုဒ်မှာ Batramase ထိုးဆေးထုတ်လုပ်မှုစတင်မယ့်အကြောင်းကြေညာထားတယ်''
"တကယ်ထိန်းမနိုင်သိမ်းမနိုင်''
ဝန်ကြီးလုကအေးစက်စက်ထေ့လိုက်ပြီး ချူချင်းဖုန်းအား_
"စီနီယာချူ... လျှို့ဝှက်နည်းတွေမိတ္တူဆွဲပေးပါ... ကျုပ်အပြင်ခဏသွားမယ်''
ထိုစကားကြောင့် ချူချင်းဖုန်းနှင့်တရုတ်ဆေးပညာရှင်များ အချင်းချင်းကြည့်လိုက်ကြသည်။
အရင်တော်ဝင်ဆေးစွပ်ပြုတ်ကြောင့် သူတို့လုံးဝအရှိုက်ထိခဲ့သည်။ ဆေးစွပ်ပြုတ်ကိုခဏခဏကြိုးစားလုပ်ခဲ့သော်လည်း အကောင်းဆုံးရလဒ်မှာ တစ်ဖက်အာနိသင်ရဲ့ ၄၀% သာရှိသည်။ အဲဒီနောက် မတတ်နိုင်တော့။
ဒီတစ်ခေါက် ဒီလျှို့ဝှက်ဆေးနည်းသုတေသနမှာ အဲဒီလူငယ်လေးကိုထပ်ရှုံးလို့မဖြစ်ဘူးမလား?
…
ရှန်ရှန်းဆေးဝါး_
ထိုအချိန် တာဝန်ခံပုဂ္ဂိုလ်လင်းထုန်သည် အသက် ၇၀ အရွယ်လူကြီးတစ်ဦးနှင့် ဗီဒီယိုကောလ်ပြောနေသည်။
လင်းထုန်က လူကြီးအားရိုရိုသေသေနှင့်_
"ဥက္ကဌလျို... Batramase ထိုးဆေးစထုတ်နေပါပြီ... မကြာခင် ရောင်းနိုင်ပါလိမ့်မယ်... ဥက္ကဌရဲ့အစီအစဉ်လုံးဝအထမြောက်သွားပါပြီ''
ဥက္ကဌလျိုက ဂုဏ်ယူပုံနှင့်ပြုံးပြီး_
"ဒီတစ်ခေါက် အရင်းအနှီးများပြီးတော့ ယွမ်သန်း ၁၀၀ ဒဏ်တပ်ခံရပေမဲ့ ဆေးရလိုက်တာကောင်းတယ်... အနှေးနဲ့အမြန်အမြတ်ရလာလိမ့်မယ်... မကြာခင် နောက်ထပ်ပစ်မှတ်ကိုဝယ်ဖို့ ရံပုံငွေရလာမှာ''
"အားလုံး ဥက္ကဌရဲ့အစီအစဉ်တွေပါ''
လင်းထုန်ခေါင်းညိမ့်လိုက်သည်။
ဒီတစ်ခေါက်အရယူလိုက်သည့်အတွက် ယွမ်သန်း ၁၀ ဒဏ်ကြေးပေးရသော်လည်း နောက်ဆုံးရလဒ်က သူတို့လိုချင်သလိုဖြစ်ခဲ့သည်။
ဒီနောက်ပိုင်း အလားတူအစီအစဉ်တွေထပ်လုပ်နိုင်သည်။
ဒီတစ်ကြိမ်တွင် လူနာအတော်များများအတွက်ဆေးဝါးကို လူမဆန်စွာဖြတ်တောက်ခဲ့မှန်းသိသော်လည်း အရင်းအနှီးလောကတွင် ငွေကဘုရင်ဖြစ်သည်။ တခြားအရာတွေလက်လျှော့ရလိမ့်မည်။
နောက်ပြီး ပစ်မှတ်ထားခံရမှာ သူစိတ်မပူ။ ဘာပဲဖြစ်ဖြစ် အားလုံးဖြေရှင်းပေးမည့်ဥက္ကဌလျိုရှိသည်လေ။