← Chapters

အခန်း (၃၁၃)

Vol. 21 Ch. 313

အခန်း (၃၁၃)

Vol. 21 Ch. 313

လက်ထဲတွင် ကိုင်ထားသော ဓားကဲ့သို့ ကျန်းကျိဝေက သူမ၏အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို ထိန်းချုပ်ထားခဲ့သည်။ သို့သော် သူမကိုယ်တိုင်က ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်နှင့် သွေးထွက်သံယို ဖြစ်စေနိုင်သော ဓားတစ်လက်ဖြစ်မည်ဟု လူတိုင်းက ခံစားမိနေကြ၏။

ထိုနေရာက သုသာန်တစပြင်အလား တိတ်ဆိတ်နေပြီး ကောင်းကင်(၉)သွယ်မှ မိုးခြိမ်းသံများသာ ကြားနေရသည်။

"ဒါက အကောင်းဆုံးတုန့်ပြန်မှုပဲ.."

မုန့်ချီက ညင်သာစွာ သက်ပြင်းချလိုက်၏။

သိုင်းကွက်(၁၀)ကွက် ကန့်သတ်ချက်က စိတ်ဝိညာဉ်တိုက်ပွဲအတွင်း သခင်လေးဝမ် တိတ်တဆိတ် ချမှတ်ထားသော ထောင်ချောက်တစ်ခု ဖြစ်သည်။ သခင်လေးဝမ်၏ မာနကြီးမှုကြောင့် သူက ရန်သူများကို အထင်သေးနေပြီး ထိုအရာကို လျစ်လျူရှုထားခဲ့သည်။

သိုင်းကွက်(၁၀)ကွက် ဟူသည်မှာ အလွန်နည်းပါးနေခြင်း မရှိချေ။ သို့သော် သိုင်းကွက်(၁)ကွက်ထက်တော့ ပိုများသေး၏။ ဝမ်မိသားစု၏ အမှန်တရားဖွေရှာ ဓားသိုင်းပညာက ဓားပညာ၏အနှစ်သာရများ ပါဝင်နေသော အထွဋ်အထိပ် ဝေ့ကျင်းအဆင့် ဓားသိုင်းပညာတစ်ခု ဖြစ်သည်။

ထိုအရာက တူကူးဓား(၉)ကွက်၊ ကောင်းကင်ဓားကျင့်စဉ်တို့နှင့် တူညီသော်လည်း ပို၍ထူးခြားသည်။ ထို့ပြင် ဝမ်စစ်ယွမ်က ပြောင်းလဲမှုကျင့်စဉ်ကို အောင်မြင်ထား၏။ သူ၏ပင်မကျင့်စဉ်နှင့် အမှန်တရားဖွေရှာ ဓားသိုင်းပညာတို့က အထောက်အပံ့ပေးနေသည့် အတွက် သူက ဓားနိယာမများကိုပင် ထိတွေ့နိုင်သည်ဟု ဆိုနိုင်သည်။ ထိုအရာက ဓမ္မကာရအဆင့် သိုင်းကွက်တစ်ခုနှင့် တူညီနေ၏။

ဝေ့ကျင်းအဆင့် အထွဋ်အထိပ် သို့မဟုတ် ဓမ္မကာရအဆင့်ကို ရောက်နေသော တူကူးဓား(၉)ကွက်နှင့် ကောင်းကင်ဓားကျင့်စဉ်တို့ကို ရင်ဆိုင်ရလျှင် မည်မျှကြောက်စရာ ကောင်းမည်နည်း။

သခင်လေးဝမ်က သိုင်းကွက်(၁၀)ကွက်သာ ကန့်သတ်ထားသည့်အတွက် သူက စလာတည်းက အလျင်စလို လှုပ်ရှားရန် မလိုအပ်ပေ။ သူက ပြိုင်ဖက်ကို သေချာစစ်ဆေးရန် လိုအပ်ပြီး တိုက်ပွဲအဆုံးထိအောင် သူ၏လှုပ်ရှားမှုများကို အသုံးချသင့်သည်။ ထိုအချက်အလက်များကြောင့် သူက ရန်သူကို စမ်းသပ်နေရင်း အမှန်တရားဖွေရှာ ဓားသိုင်းပညာကို သုံး၍ သူ၏အားနည်းချက်များကို အခွင့်ကောင်းယူပြီး တိုက်ခိုက်နိုင်သည်။

အရင်ဆုံး တိုက်ခိုက်ခွင့်က ပြိုင်ဖက်၏ လက်ထဲတွင်သာ ရှိနေနိုင်၏။ သို့သော် ထိုကဲ့သို့ ဓားသိုင်းပညာနှင့် ရင်ဆိုင်ရမည်ဆိုလျှင် နောက်ပြန်လှည့်ရန် လုံးဝမဖြစ်နိုင်တော့ပေ။ အကယ်၍ သူ၏ဝှက်ဖဲကို ထုတ်သုံးလိုက်မည်ဆိုလျှင်ပင် သူကတော့ အလွန်ထူးခြားသော သိုင်းကွက်များ၏ ကန့်သတ်မှုကို ခံရပါလိမ့်မည်။

သူက အကောင်းဆုံး အကျိုးသက်ရောက်မှုကို ရရှိနိုင်မည် မဟုတ်ချေ။ ဝမ်စစ်ယွမ်ကတော့ သူ၏ပြိုင်ဖက်ကိုခုခံရန် မည်သည့်သိုင်းကွက်မျှ သုံးစရာမလိုဘဲ သိုင်းကွက်(၁၀)ကွက် ပြီးဆုံးသွားသည်ကို ကြည့်နေရုံသာရှိသည်။

ထို့ကြောင့် ကျန်းကျိဝေကဲ့သို့ တိုက်ပွဲထဲတွင် တိုက်ခိုက်ခြင်း တစ်မျိုးတည်းကိုသာ သိသော ဓားသမားတစ်ယောက်က အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်သည်။ သူမကတော့ ဝမ်စစ်ယွမ်ကို လှည့်ကွက်များ ဖန်တီးရန် အချိန်ပေးလိမ့်မည် မဟုတ်ချေ။

အကယ်၍ သူမကသာ အတွေးအတိုင်း လုပ်ဆောင်နိုင်မည်ဆိုလျှင် အနိုင်ရမည်ဖြစ်ပြီး မဟုတ်လျှင်တော့ ရှုံးနိမ့်ရမည်ဖြစ်သည်။ လျှို့ဝှက်လှည့်ကွက်များ၊ ခုခံမှု အခြေအနေနှင့် ထောင်ချောက်များကို ဘေးဖယ်လိုက်မည်ဆိုလျှင် သူမက သူ့ကို စက္ကန့်ဝက်အတွင်း တိုက်ခိုက်နိုင်သည်။

ကျန်းကျိဝေ၏ညာလက်က ဖြူဖြူသွယ်သွယ်လေး ဖြစ်ပြီး သူမ၏လက်(၅)ချောင်းက အစွမ်းထက်သည်။ သူမက ဓားလက်ကိုင်ကို အလွန်နှေးကွေးစွာ ကိုင်လိုက်သည်မှာ လက်ရှိအခြေအနေနှင့် တသားတည်း ဖြစ်နေ၏။ သူမဆီမှ ဖိနှိပ်ထားသည့် စွမ်းအားများ ပေါက်ထွက်လာသလို ထင်မှတ်ရသည်။

သူမ၏လက်က ဓားလက်ကိုင်အနားသို့ ရောက်သွားလေလေသူမဆီမှ ထွက်ပေါ်လာသော ဓားဆန္ဒများက တဖြည်းဖြည်းပို၍ အစွမ်းထက်လာလေလေ ဖြစ်သည်။

ကျန်းကျိဝေ၏ လက်(၅)ချောင်းက ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည့်အချိန်တွင် ဓားဆန္ဒများက ကောင်းကင်ထိအောင် ထိုးတက်သွားသည်ဟု သူ့ရင်ထဲတွင် ခံစားလိုက်ရသည်။ ရွမ်ယောင်ကွမ်းနှင့် ဝမ်ပုချီတို့ကဲ့သို့ ပညာရှင်များကပင် အသက်ရှူရပ်မတတ် ခံစားလိုက်ရ၏။

ထိုအငွေ့အသက်များ တိုက်ခိုက်မှုကြောင့် ကျန်းကျိဝေက သူမ၏ဓားကို ဆွဲမထုတ်ရသေးခင် ဝမ်စစ်ယွမ်က သူ့ဓားကို ဆွဲထုတ်လိုက်ရသည်။ မဟုတ်လျှင် သူ့အတွက် အခွင့်အရေးမရှိနိုင်ပေ။

ချီစွမ်းအင်ဖိအားတွင် ကျန်းကျိဝေက အသာစီးရနေခဲ့သည်။

ဝမ်ပုချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိ၏။

"စုဝူမင်ရဲ့တပည့်က တံခါး(၆)ပေါက်အဆင့်မှာ ထိပ်ဆုံး(၁၀)ယောက်ထဲကို ဝင်ခဲ့တယ်။ တံခါး(၈)ပေါက်အဆင့်မှာ ထိပ်ဆုံး(၅)ယောက်ထဲကို ရောက်လာတယ်။ တကယ်ပဲ သူ့ရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်။ သူက အရင်တုန်းက စုဝူမင်ထက် နိမ့်ကျနေတာမျိုး မရှိဘူး…"

ဝမ်စစ်ယွမ်က သူ့ဓားကို ပုံမှန်အတိုင်း ဆွဲထုတ်လိုက်သည်။ သို့သော် ထိုအရာက ကမ္ဘာကြီး၏ အနှစ်သာရများနှင့် တထပ်တည်းဖြစ်နေသလို အနီးအနားတွင် ရှိနေသော မြစ်ရေစီဆင်းမှုလမ်းကြောင်းအတိုင်း လိုက်လျောညီထွေ ဖြစ်နေသည်။ ထိုအရာက အလွန်သဘာဝကျနေပြီး သဘာဝမဆန်သည့်နေရာ တစ်ခုမျှမတွေ့ရပေ။ ကြည့်ရသည်မှာ သူနှင့်ကမ္ဘာမြေကြီးက အချင်းချင်း ပေါင်းစပ်ထားပြီး အားနည်းချက်များ မရှိသလို ခံစားရသည်။

မုန့်ချီကတော့ ရပ်ကြည့်သူတစ်ယောက်သာ ဖြစ်သော်လည်း ထိုတိုက်ပွဲကို စိတ်နှင့် ပါဝင်တိုက်ခိုက်နေခဲ့သည်။ အကယ်၍ သူသာ ဝမ်စစ်ယွမ်ကို တိုက်ခိုက်ရမည်ဆိုလျှင် တူကူးဓားကိုး(၉)ကွက်နှင့် ကောင်းကင်ဓားကျင့်စဉ်တို့ကို သုံးလိုက်ရုံနှင့် သူ့ပြိုင်ဖက်၏ အားနည်းချက်များကို ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သူက ခွန်အားနှင့် ချိုးဖောက်ရုံသာ ရှိသည်။

"ချွင်... "

ဝမ်စစ်ယွမ်က သူ့ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။

ထိုအချိန်တွင် ရေလှိုင်းသံများလည်း ကြားလိုက်ရသည်။ အနီးအနားတွင် ရှိနေသော မြစ်ကြီးက ဓားစွမ်းအားများ၏ သက်ရောက်မှုကို ခံလိုက်ရသည့်အလား ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။ သူ့ဓားကတော့ သာမန်သံဓား တစ်ချောင်းကဲ့သို့သာ ထင်ရသည်။

သို့သော် ထိုအရာက လောကကြီးထဲတွင် နာမည်အကျော်ကြားဆုံး အဖိုးတန်လက်နက်တစ်ခုဖြစ်ပြီး ဝမ်မိသားစု၏ သခင်လေး ပိုင်ဆိုင်သော တွက်ချက်ခြင်းဓား ဖြစ်သည်။

တွက်ချက်ရေးပညာရပ်ကို သင်ကြားထားသူများက ကိုယ်တိုင်မလှုပ်ရှားခင် သေသေချာချာ စဉ်းစားရပါလိမ့်မည်။ အကယ်၍ လှုပ်ရှားမှုတိုင်းတွင် စဉ်းစားသည့် အလေ့အကျင့်တစ်ခု ရှိလာမည်ဆိုလျှင် သူက နတ်ဘုရားများ၏ဒေါသကို ခုခံရန်ပင် ခက်ခဲပါလိမ့်မည်။

ဝမ်စစ်ယွမ်က သူ့ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ကျန်းကျိဝေကလည်း ဆွဲထုတ်လိုက်၏။ သူမက ဓားလက်ကိုင်ကို ကိုင်လိုက်သည်မှာ နှေးကွေးသော်လည်း ဓားကို လျင်မြန်စွာ ဆွဲထုတ်ခဲ့သည်။ သူမက အနှေးလှုပ်ရှားမှု၊ အရှိန်အဝါနှင့် အချိန်သဘောတရားကို နားလည်နေသလို ထင်မှတ်ရသည်။

ဓားဆန္ဒများက လေထဲသို့ မြင့်တက်လာပြီး ကမ်းစပ်တွင် ရှိနေသော သစ်ပင်ကြီးပေါ်မှ အစိမ်းရောင်သစ်ရွက်များ ကြွေကျလာခဲ့၏။ ထိုသစ်ရွက်များက တိတိရိရိ ပြတ်နေသည်မှာ ဆောင်းရာသီလေလှိုင်းထဲတွင် ဓားတစ်ချောင်း လှုပ်ရှားသွားသလို ဖြစ်သည်။

ကျန်းကျိဝေက လူသားနှင့် ကောင်းကင်ဆက်သွယ်မှုအဆင့်ကို လုံးဝမရောက်သေးပေ။ သို့သော် သူမ၏ဓားဆန္ဒများက အဖိုးတန်လက်နက်ဖြစ်သော နေဖောက်သက်တန့်ဓား၏ အကူအညီနှင့် လူသားနှင့် ကောင်းကင်တသားတည်း အဆင့်ကို ရောက်နေခဲ့သည်။ သူမက ကလေးဘဝတည်းက ထိုဓားနှင့်အတူ လေ့ကျင့်ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော(၆)လအတွင်း သူမက တံခါး(၉)ပေါက်အဆင့်ကို နီးကပ်လာခဲ့သော်လည်း အဆင့်မတက်သေးပေ။ အဘယ်ကြောင့်ဆိုသော် သူမက စွမ်းအားတစ်ဝက်ကျော်ကိုသုံးပြီး ဓားနှင့် ရင်းနှီးအောင်ကြိုးစား၍ ထိုဓားကို အကြိမ်ပေါင်းများစွာ အားဖြည့်ပေးနေခဲ့ရခြင်းကြောင့် ဖြစ်သည်။ ထိုကဲ့သို့ နည်းလမ်းနှင့် သူမက လူသားနှင့် ဓားကြားတွင် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်ခဲ့၏။

ဓားသမားတစ်ယောက်၏ဓားက သူမ၏လက်ထဲတွင် ရှိသည်။ ထိုဓားနှင့် သူမ၏အစွမ်းက ဝေ့ကျင်းအဆင့်ကို ရောက်နိုင်မှတော့ ထိုအခွင့်အရေးကို အရယူပြီး ပို၍မြင့်မားသောအဆင့်ကို ရောက်ရှိရန် ကြိုးစားနိုင်မည် မဟုတ်ပေလော။

ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် မည်းမှောင်သွားပြီး ဓား၏အလင်းရောင်များကလည်း ဆွဲငင်ခံလိုက်ရသည်။ ကျန်းကျိဝေက သူမ၏ဓားကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ပြောပြ၍ မရနိုင်အောင် လျင်မြန်နေ၏။

ကြောက်စရာကောင်းသော ဓားအလင်းတန်းတစ်ခုက သူ့ရှေ့ကို ရောက်လာကြောင်း ဝမ်စစ်ယွမ်က မြင်လိုက်ရသည်။ ဓားအလင်းတန်းက သူ့ရှေ့ကို အလွန်လျင်မြန်စွာ ရောက်လာခဲ့၏။

ဓားကို လှုပ်ရှားလိုက်ခြင်းနှင့် သူ့ရှေ့တွင် ပေါ်လာသော ဓားအလင်းတန်းတို့က မုန့်ချီ၏မျက်လုံးထဲတွင်တော့ တစ်ချိန်တည်းနီးပါး ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုဓားအလင်းတန်းက အလွန်လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်မှာ လေထဲ၌ လှုပ်ရှားနေသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖြစ်သည်။

ထိုအရာက စိတ်နှင့်အမြင်အာရုံကို ဖမ်းစားနိုင်သော အလှတရားတစ်ခုလည်း ရှိသည်။ လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကသာ မလုံလောက်လျှင် သူ၏ပင်မဝိညာဉ်က ထိုဓားအလင်းတန်းကို လိုက်ကြည့်နေရုံနှင့် ဖိနှိပ်ခံထားရပါလိမ့်မည်။ သူက ရုန်းထွက်ရန်၊ ခုခံရန်ပင် ခက်ခဲသွားနိုင်၏။

လူတိုင်းက ကျန်းကျိဝေကို မကြည့်မိကြဘဲ ဓားအလင်းတန်းဆီကိုသာ အာရုံစိုက်နေကြသည်။ ဤကမ္ဘာကြီးထဲတွင် ထိုဓားအလင်းတန်းတစ်ခုတည်း ရှိနေသလို ထင်မှတ်ရ၏။

ဓားအလင်းတန်း စုစည်းလာသည့်အချိန်တွင် ဓားချီစွမ်းအင်များက အလွန်ကြောက်စရာကောင်းပြီး တိတ်ဆိတ်လာသည်။ စီးဆင်းနေသော မြစ်ကြီးကလည်း ရုတ်တရက် အက်ကွဲသွားပြီး အလွန်နက်ရှိုင်းသော အက်ကွဲရာကြီးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက လူတစ်ယောက်၏နှလုံးသားကို ထက်ပိုင်းဖြတ်ပစ်လိုက်သလို ခံစားလိုက်ရ၏။

လေထဲတွင် ရှိနေသော တိမ်တိုက်များက ပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင်ကြီး ပေါ်လာခဲ့သည်။ ရွာသွန်းနေသော မိုးများကလည်း ရုတ်ချည်းရပ်တန့်သွားခဲ့၏။ မြေပြင်ပေါ်တွင် ဓားရာမရှိဘဲ အနက်ရောင်မြေသားများကိုသာ မြင်နေရသည်။

လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ဒီရေလှိုင်းများ မြင့်တက်လာခဲ့သည်။ ကြည်လင်နေသော ကောင်းကင်ကြီးကပင် မှုန်မှိုင်းနေခဲ့၏။ ဤနယ်မြေထဲတွင် အတောက်ပဆုံးအရာက ဓားအလင်းတန်းသာ ဖြစ်နေခဲ့သည်။

ဓားချီစွမ်းအင်များက မြေပြင်အထက် (၁၀)မီတာခန့်အထိ မြင့်တက်လာခဲ့ပြီး တိမ်တိုက်နှင့် လေလှိုင်းတို့ကို ပြောင်းလဲသွားစေခဲ့၏။ ဓားဆန္ဒများနှင့် ဓားအလင်းရောင်များကလည်း အလွန်ကြောက်စရာကောင်းလွန်းလှသည်။

မုန့်ချီကတော့ ထိုအရာကို ဖိနှိပ်နိုင်ခြင်းမရှိဟု ရင်ထဲတွင် ခံစားလိုက်ရ၏။ အကယ်၍ သူက ခရမ်းမိုးကြိုးစွမ်းအားများကို လှုံ့ဆော်ပြီး ကောင်းကင်ပြစ်ဒဏ်ဓားနှင့် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် တို့ကို သုံးလိုက်မည်ဆိုလျှင်ပင် တားဆီးနိုင်လိမ့်မည် မဟုတ်ချေ။

ကျန်းကျိဝေ၏အဆင့်နှင့် ထိန်းချုပ်မှုက သူ့ထက် အဆပေါင်းများစွာ သာလွန်နေခဲ့၏။ အကယ်၍ သူကသာ ထိုကဲ့သို့ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ကြိုးစားလိုက်မည်ဆိုလျှင် သူ၏ပင်မဝိညာဉ်များက ထိခိုက်သွားရပါလိမ့်မည်။ သို့သော် သူ့ဓားကပင် ကျန်းကျိဝေကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူသာ ကျန်းကျိဝေနှင့် တိုက်ခိုက်ရမည်ဆိုလျှင် သူမကို အခွင့်အရေးမပေးဘဲ အရင်ဆုံး တိုက်ခိုက်ရမည်ဖြစ်၏။ သူမက အနန္တဓားသိုင်းအတွက် အရှိန်အဝါများ စုစည်းရန် အခွင့်အရေးပေး၍ မရနိုင်ပေ။

"သူက အဲဒီလိုအဆင့်ကိုတောင် ရောက်နေပြီပဲ.."

ဝမ်စစ်ယွမ်၏ အနောက်တွင် ရပ်နေသော ဝမ်ပုချီက ကျန်းကျိဝေ၏ ဓားသိုင်းကို ကြည့်နေခဲ့သည်။

ဝမ်စစ်ယွမ်ကလွဲလျှင် သူတစ်ယောက်တည်းကသာ ထိုဓားသိုင်းပညာကို လေးလေးနက်နက် ခံစားမိခဲ့၏။ အကယ်၍ သူသာ တိုက်ခိုက်ရမည်ဆိုလျှင် သူလည်း အစွမ်းကုန်ကြိုးစားရပါလိမ့်မည်။

ဓားအလင်းတန်းက ဝမ်စစ်ယွမ်ဆီကို ရောက်လာတော့မည့်အချိန်တွင် သံဓားက ရုတ်တရက် ထွက်လာခဲ့၏။

"တော်တော်မြန်တာပဲ.."

ထိုအရာက မုန့်ချီအတွက် အလေးနက်ဆုံး အမူအရာတစ်ခုဖြစ်သည်။ ထိုဓားက ကမ္ဘာမြေကြီးနှင့် သီးခြားဖြစ်နေသလို ထင်မှတ်ရပြီး နေရာတိုင်းတွင် ရှိနေသော အနှစ်သာရများကို ဆန့်ကျင်နေသည်။ ထိုအရာက လူတိုင်းကို စိတ်ပျက်သွားစေနိုင်ပြီး တစ်ခြားသူများကို ရှုပ်ထွေးသွားစေနိုင်သည်။

ထိုဓားက ကျွမ်းကျင်သော်လည်း အိုးတိုးအမ်းတမ်း ဖြစ်နေ၏။ လေးလံသော်လည်း ပေါ့ပါးပုံရသည်။ သူက ကျန်းကျိဝေ၏ ဓားအလင်းတန်းဘေးဘက်ကို လှမ်းထိုးလိုက်ခြင်း ဖြစ်သည်။

ရုတ်တရက်ဆိုသလို ဓားအလင်းတန်းက ပို၍တောက်ပလာခဲ့သည်။ ကမ္ဘာကြီးနှင့် ပေါင်းစပ်နေသော ဓားအလင်းတန်းကတော့ သဘာဝတရားကြီးနှင့် တစ်သားတည်း ဖြစ်နေပုံရ၏။

အကယ်၍ ထိုဓားကို သဘာဝထဲမှ ခွဲထုတ်လိုက်မည်ဆိုလျှင်တော့ သူတို့က လိုက်လျောညီထွေ မရှိနိုင်တော့ပေ။ ဓားကို သဘာဝထဲမှ ခွဲထုတ်လိုက်ပြီးနောက် သူ၏အလင်းရောင်များအားလုံးကို စုပ်ယူလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်ကလည်း မှေးမှိန်နေခြင်း မရှိတော့ပဲ ပုံမှန်မြင်ကွင်းများအဖြစ် ပြောင်းလဲသွားခဲ့၏။

ထိုဓားသိုင်းပညာကို သုံးလိုက်ပြီးနောက် ကျန်းကျိဝေ၏ ဓားက လှုပ်ရှားနေသေးသည်။ ကောင်းကင်ဘုံ အခြေအနေမှနေ၍ ကမ္ဘာမြေပုံစံကို ပြောင်းလဲသွားခဲ့၏။ သူမ၏ဓားအလင်းတန်းက ဆက်ရှိနေသေးပြီး ဓားချီစွမ်းအင်များကလည်း ပျောက်သွားခဲ့ခြင်း မရှိချေ။

ကျန်ရှိနေသေးသော အရှိန်အဝါက ဝမ်စစ်ယွမ်၏ ခုခံမှုကို ချိုးဖောက်ပြီး သူ့ကို တိုက်ခိုက်လိုက်သည်။

ဝမ်စစ်ယွမ်က မြေပြင်ပေါ်တွင် ဆက်တိုက် နောက်ဆုတ်သွားခဲ့ရ၏။ သူ၏ခြေလှမ်းများက အလွန်ထူးခြားပြီး သူ နင်းလိုက်တိုင်း ပါးကွ(၈)ကွက်ဝင်္ကပါများ ပေါ်လာခဲ့သည်။ တစ်ခြားလူများက သူ၏လှုပ်ရှားမှုကို နားလည်ရန် ခက်ခဲ၏။ သူက အရိပ်ပေါင်းများစွာအဖြစ် ပြောင်းလဲပြီး ဓားအလင်းတန်းကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။

သို့သော် ဓားအလင်းတန်းက သူ၏နှလုံးသားတည့်တည့်ကို ဦးတည်နေသည့်အတွက် သူလည်း ပစ်မှတ်အဖြစ်မှ ဖယ်ရှား၍ မရနိုင်ခဲ့ပေ။ ဓားချီစွမ်းအင်များက ထောင်လိုက်နှင့် အလျားလိုက်ပေါ်လာပြီး အရိပ်ပေါင်းများစွာကို ဖြတ်တောက်ပစ်လိုက်၏။ ဓားချီစွမ်းအင်များက ဝမ်စစ်ယွမ်၏အနားသို့ တဖြည်းဖြည်း ကပ်လာခဲ့သည်။

"ချွမ်... "

ထိုအချိန်တွင် သူ့ဓားက သူ့ရှေ့တွင် ပေါ်လာပြီး နေဖောက်သက်တန့်ဓားကို ကာကွယ်ပေးလိုက်၏။

"ငါ့ကိုအနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.."

ကျန်းကျိဝေက သူမ၏ဓားကို ရုတ်သိမ်းလိုက်ပြီး နောက်ဆုတ်သွားခဲ့သည်။ သူမဆီတွင် စွမ်းအားများ ပြည့်နှက်နေခဲ့၏။ သူမ၏စိတ်ဝိညာဉ်ကလည်း မြင့်တက်နေသည်။ သူမက ပြိုင်ဖက်ကို ဓားနှင့် ခုခံအောင် တွန်းအားပေးနိုင်ခဲ့သော်လည်း တိုက်ပွဲကို ဆက်၍ တိုက်ခိုက်ချင်နေသေးပုံပေါ်သည်။ သို့သော် သူမကိုယ်တိုင်လည်း တုန်ယင်နေခဲ့၏။

ဝမ်စစ်ယွမ်က သည်းထန်စွာ ချောင်းဆိုးလိုက်ပြီး ဘယ်လက်ထဲတွင် ကိုင်ထားသော အဖြူရောင်လက်ကိုင်ပုဝါနှင့် သုတ်လိုက်သည့်အတွက် သွေးများ စွန်းနေခဲ့သည်။ ခဏကြာပြီးနောက် သူက ပြောလိုက်၏။

"မိန်းကလေးကျန်း.. မင်းက တကယ်ပဲ နာမည်နဲ့ ထိုက်တန်ပါတယ်။ မင်းရဲ့အနန္တဓားသိုင်းက တော်တော်လေးကို ကြောက်စရာကောင်းတာပဲ။ ငါက အရှုံးကို လက်ခံပါတယ်…"

မုန့်ချီက ထိုတိုက်ပွဲကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ ဝမ်စစ်ယွမ်က သူ့ဓားနှင့် မဖြစ်မနေ ခုခံလိုက်ရသော်လည်း ဝေ့ကျင်းအဆင့် ပညာရှင်များကလွဲလျှင် ကျန်းကျိဝေ၏ အနန္တဓားကို ထိခိုက်ဒဏ်ရာခြင်း မရှိဘဲ ရင်ဆိုင်နိုင်သော ပထမဆုံး ဉာဏ်အလင်းပွင့်မှုပညာရှင် တစ်ယောက်ဖြစ်သည်။ သူက ထိုဓားကို လုံးဝခုခံနိုင်ခဲ့၏။

"အဲဒီဓားက ကမ္ဘာမြေကြီးနဲ့ သဟဇာတ မဖြစ်တဲ့ ဓမ္မကာရ သိုင်းကွက်တစ်ခုများ ဖြစ်နိုင်မလား။ သခင်လေးဝမ်က တကယ်ပဲ ဒဏ်ရာမရဘူးလား…"

သူက အချိန်မရွေး နေရာမရွေး သွေးအန်နေရသည့်အတွက် တစ်ခြားသူများက မည်သို့ပြောနိုင်မည်နည်း။ ထို့ပြင် သူ၏အငွေ့အသက်များက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေပြီး လူသားနှင့်ကောင်းကင်တသားတည်းအဆင့်မှ ကွဲထွက်သွားခြင်း မရှိချေ။ အကယ်၍ သူဒဏ်ရာရမည်ဆိုလျှင်ပင် ဆိုးဆိုးဝါးဝါး ဒဏ်ရာမဖြစ်နိုင်ပေ။ စွမ်းအင်အမြောက်အများ ကုန်ဆုံးခြင်းသာ ဖြစ်နိုင်၏။

ဝမ်ပုချီက ရွမ်ယောင်ကွမ်းကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ကျေးဇူးပြုပြီး …"

သူက သူတို့ကို ပစ္စည်းရွေးရန် ပထမဆုံး ဖိတ်ခေါ်လိုက်သည်။

ရွမ်ယောင်ကွမ်းက မုန့်ချီ၊ ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို ကြည့်လိုက်၏။ အကြီးအကဲ တစ်ယောက်ဖြစ်သည့်အတွက် သူမက စိတ်တိုင်းကျ လှုပ်ရှား၍ မရနိုင်ပေ။ ထို့ပြင် သူမက အကူအညီတစ်ယောက်သာ ဖြစ်၏။

"တုန်ဟွာစာအုပ်စိမ်းကို ဘယ်လိုသဘောရလဲ…"

မုန့်ချီက ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကို တိုက်ရိုက်မေးလိုက်သည်။

သေချာစဉ်းစားလိုက်ပြီးနောက် သူက ထိုအရာကို ရွေးချယ်လိုက်သည်။ ရွမ်မိသားစုမှ အကြီးအကဲတစ်ယောက်က ဤနေရာသို့ ရောက်လာပြီး ကူညီပေးနေသည့်အတွက် သူ့ကို လက်ဗလာနှင့် ပြန်ခိုင်း၍ ရနိုင်မည်လော။

အကယ်၍ သူသာ ကပ်စေးနည်းနေမည်ဆိုလျှင် နောက်ပိုင်း ရွမ်မိသားစုဆီသို့ သွားလည်လျှင် မည်သို့မျက်နှာပြရမည်နည်း။ ထိုအရာက အစားသရဲလေးနှင့် သူ့မိသားစု၏ ပတ်သက်မှုတွင် အရိပ်ကြီးတစ်ခု ဖြစ်လာနိုင်သည်။ ပစ္စည်း(၄)ခုထဲတွင် စာအုပ်တစ်ခုတည်းကသာ ဝေမျှပေးရန် သင့်တော်၏။

လေဟာနယ်လက်စွပ်လည်း အတူတူသာဖြစ်သည်။ သို့သော် ဆုံးဖြတ်ရန်ခက်ခဲ၏။ ရွမ်မိသားစုတွင် သိုင်းကျမ်းများ ရှားပါးမှုမရှိသော်လည်း သူတို့က သိုင်းကျမ်းများကိုမှီငြမ်း၍ရသလို တစ်ခြားသော ပြင်ပပညာရှင်များကိုလည်း ဆွဲဆောင်၍ ရနိုင်သည်။ သူနှင့် တစ်ခြားလူများအတွက်တော့ ထိုအရာက ကံကြမ္မာအမှတ်များ လဲနိုင်သော စာအုပ်တစ်အုပ်သာဖြစ်၏။

"ကောင်းပြီလေ.."

ကျန်းကျိဝေကတော့ ဓားသိုင်း မဟုတ်သည့်အတွက် ထိုအရာကို အနည်းငယ်လေးသာ စိတ်ဝင်စားသည်။

မုန့်ချီ၏အဓိပ္ပာယ်ကို နားလည်နေသည့်အတွက် ရွမ်ယုရှုက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"ငါတို့ဆီမှာ အဘိုးကြီးကျုံးရဲ့ အဖိုးတန်လက်နက်နဲ့ ချွမ်ယွမ်ပုလဲလုံးလည်း ရှိသေးတယ်။ ငါတို့နှစ်ယောက်လုံးက တစ်ခုဆီ ယူလို့ရတယ်။ ဒါပေမဲ့ ဒီသိုင်းကျမ်းကလည်း မဆိုးပါဘူး.."

"ဒါဆိုလည်း တုန်ဟွာစာအုပ်စိမ်းကိုပဲ ယူလိုက်ကြစို့။ အကြီးအကဲရွမ်က ကြိုးကြိုးစားစား ကူညီပေးထားတာ။ ဒီတော့ သိုင်းကျမ်းစာအုပ်ကို ကူးယူသွားလို့ ကိစ္စမရှိပါဘူး…"

မုန့်ချီကတော့ ရက်ရက်ရောရော ပြောလိုက်သည်။

အကယ်၍ သူကသာ သူတို့နှင့် ရင်းနှီးမှု တည်ဆောက်ထားနိုင်မည်ဆိုလျှင် နောက်ပိုင်း သူတို့၏ အကူအညီကို တောင်းခံရန် လွယ်ကူပါလိမ့်မည်။ ထို့ပြင် သူက ထိုသို့ပြုလုပ်လိုက်မည်ဆိုလျှင် သူ့မိတ်ဆွေက မျက်နှာရသွားနိုင်၏။

ရွမ်ယုရှုကလည်း တားဆီးခဲ့ခြင်း မရှိချေ။

မုန့်ချီက စာအုပ်ကို ရွေးချယ်လိုက်ကြောင်း မြင်သည့်အခါ ရွမ်ယောင်ကွမ်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ထိုလူငယ်က သူ၏လောဘကို မည်သို့ထိန်းချုပ်ရမည် ဖြစ်ကြောင်း သိနေ၏။

သူမက လက်ထဲတွင် စာအုပ်ကို ကိုင်ထားပြီး စာရွက်များကို လှန်ကြည့်လိုက်သည့် အချိန်တွင် မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့၏။

"ဒီစာအုပ်ထဲမှာ အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည်ဖော်စပ်နည်း ပါဝင်နေတာပဲ။ ဒါက လက်ရှိအခြေအနေမှာ လူတစ်ယောက်ရဲ့အသက်ကို နှစ်ပေါင်း(၆၀) ဆွဲဆန့်ပေးနိုင်တယ်။ ဒါက သာမန်ဝေ့ကျင်းအဆင့်သိုင်းကျမ်းတစ်ခုပဲ ဆိုပေမယ့် ဒီဖော်စပ်နည်းနဲ့တင် တစ်ခြားအရာတွေထက် သာသွားပြီ…"

ဆေးရည်ဟူသည်မှာ အပြာရောင်သူတော်စင်သန့်စင်ခဲ့သော ဆေးရည်များထဲမှ တစ်ခု ဖြစ်သည်။ ရှေးအချိန်တုန်းကဆိုလျှင်တော့ ဆေးရည်တစ်ပုလင်းကပင် လူတစ်ယောက်၏ အသက်ကို နှစ်(၁၀၀၀) ရှည်စေနိုင်သည်။ ထိုအရာက သေခါနီးနေသော လူတစ်ယောက်ကိုပင် ကုသပေးနိုင်သော စွမ်းရည်မျိုးရှိ၏။

"မဆိုးပါဘူး.."

မုန့်ချီကလည်း အလွန်ကျေနပ်သွားခဲ့သည်။ ထိုကဲ့သို့ ဖော်စပ်နည်းတစ်ခုက ရွမ်မိသားစုနှင့် မိတ်ဆွေများကို မျှဝေပေးလိုက်မည်ဆိုလျှင်ပင် ကံကြမ္မာအမှတ်(၁၀၀၀)ကျော် ရနိုင်သေးသည်။

ဝမ်စစ်ယွမ်၏ မျက်နှာကတော့ ပုံမှန်အတိုင်း ဖြူဖပ်ဖြူရော်သာ ဖြစ်သည်။

"ငါတို့ကတော့ နေမီးတောက်အဆီအနှစ်ကိုပဲ ယူလိုက်မယ်.."

အကယ်၍ သူက အရှေ့ဝင်ရိုးအင်မော်တယ်ဆေးရည် ဖော်စပ်နည်းကို ရမည်ဆိုလျှင်ပင် ဓမ္မကာရအဆင့်ကို မရောက်ဘဲ အသက်(၅၀)ကျော်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ဝမ်မိသားစုတွင် ရှေးအချိန်ကတည်းက အမွေဆက်ခံလာသော အသက်ရှည်ဆေးရည် ဖော်စပ်နည်းများ လိုအပ်နေမည်လော။

ဝမ်ပုချီက နေမီးတောက်အဆီအနှစ်ကို ယူလိုက်သည့်အချိန်တွင် ဝမ်စစ်ယွမ်က သူ၏ချီစွမ်းအင်များကို လှည့်ပတ်လိုက်သည်။

မုန့်ချီကတော့ ဒုတိယတိုက်ပွဲအတွက် ပြင်ဆင်လိုက်၏။

"သခင်လေးဝမ်.. ကျေးဇူးပြုပြီး..."

သူက စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖိနှိပ်လိုက်ပြီး သူ့စိတ်ကို အလွန်နက်ရှိုင်းသော ရေကန်ကြီးတစ်ခုပမာ တည်ငြိမ်အောင် ကြိုးစားလိုက်၏။

Translated by Hein Htet

All Chapters