← Chapters

ပိုမိုရှင်းလင်းလာသည့်နတ်ဘုရားတံခါးဖွင့်လှစ်ခြင်း

Vol. 95 Ch. 1326

ပိုမိုရှင်းလင်းလာသည့်နတ်ဘုရားတံခါးဖွင့်လှစ်ခြင်း

Vol. 95 Ch. 1326

အခန်း (၁၃၂၆) ပိုမိုရှင်းလင်းလာသည့်နတ်ဘုရားတံခါးဖွင့်လှစ်ခြင်း

“အဆင့်တက်ဖို့ ဟုတ်လား...”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲစကားကို သံယောင်လိုက် ရေရွတ်လိုက်သည်။

ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ ဤသို့အောင်မြင်မှုရရှိရန် ကြိုးစားမည်ဆိုပါက ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ကြီးကျယ်ခမ်းနားသောမြင်ကွင်းကို ခံစားလိုစိတ်မရှိသူ ဘယ်သူရှိနိုင်ပါမည်နည်း။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် တစ်ယောက်တည်းမဟုတ်ဘူး”

ရန်ကျောက်ကဲက ဖြည်းညင်းစွာ ပြောလိုက်သည်။

“အမတခုံရုံးက ကောင်းကင်နတ်ဘုရား(၄)ပါးကို ဆုံးရှုံးခဲ့ရပေမယ့် သူ့ကြောင့် မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တခြားသူတွေလည်း ရှိနေသေးတယ် ၊ ဒါပေမြ့ သူတို့တွေ ကျင့်ကြံခြင်းအဆင့်တက်ဖို့ ဘယ်လိုလုပ်မှာလဲ”

“ငါတို့ လမ်းမှန်တာအိုဝါဒက ကောင်းကင်နတ်ဘုရားအဆင့်နဲ့ယှဉ်ရင် သုခဘုံက ဗုဒ္ဓဘာသာကျင့်ကြံသူတွေကရော ဘယ်လိုရှိနိုင်မလဲ”

ရန်ကျောက်ကဲ၏မျက်ဝန်းများ ပိုမိုနက်ရှိုင်းလာသည်။

“သူတို့က ငါတို့ လမ်းမှန်တာအိုဝါဒက ကောင်းကင်နတ်ဘုရားအဆင့်နဲ့မတူသလို အရင်တုန်းက လင်စန်းတောင်မှာ လောကနဲ့အညီ သက်တမ်းရှိတဲ့ စကြာမုနိဗုဒ္ဓရှိခဲ့စဉ်က ပုံစံမျိုးနဲ့လည်းမတူဘူး”

“သူတို့က ငါတို့ စန်းချင်း(၃)ပါးအဆက်အနွယ်က ထျန်းကျွင်းနယ်ပယ် ကျင့်ကြံသူတွေလိုပဲ ၊ သူတို့သက်တမ်းက ကန့်သတ်ချက်ရှိတယ်”

ဖန်းယွင်ရှန်းက ခဏမျှစဉ်စားပြီးမှ...

“တကယ်ဖြစ်ခဲ့တာ မဟုတ်ဘူးဆိုရင် ခန့်မှန်းချက်အတော်များများက မှန်ကန်မှာမဟုတ်ဘူး ၊ ပြင်ပတာကိုကျင့်ကြံသူတွေထဲက တစ်စုံတစ်ယောက်ကို ရည်ညွှန်းပြောဆိုမယ်ဆိုရင်တောင် သူတို့အမြင်ကို ပြောင်းလဲဖို့ ခက်ခဲလိမ့်မယ်”

ရန်ကျောက်ကဲက...

“ကိုယ်တိုင်ကြိုးစားအားထုတ်ရင်ပဲဖြစ်ဖြစ် ကံတရားကို အားကိုးရင်ပဲဖြစ်ဖြစ်... လူတစ်ယောက်က အနိုင်ရချင်တယ်ဆိုရင် ရိုးရှင်းတဲ့နည်းလမ်း (၂)ခုပဲရှိတယ် ၊ ရန်သူကိုအားနည်းအောင်လုပ်ရင်လုပ် မဟုတ်ရင် ကိုယ်တိုင်အားကြီးအောင် လုပ်ဖို့ပဲ”

သူက ဆက်ပြောသည်။

“အခုတော့ အကြီးအကဲ’စော’ က ငါတို့ အားကြီးအောင်လုပ်နိုင်ဖို့ အခွင့်အရေး ဖန်တီးပေးထားတယ် ၊ ပြင်ပတာအိုကျင့်ကြံသူတွေရဲ့အင်အားက ဟန်ချက်ပျက်သွားပြီ ၊ ပြီးတော့ စစ်ပွဲကြီးတစ်ခုလည်း ဖြစ်တော့မယ် ၊ သူတို့အနေနဲ့ ငါတို့ကို အခက်တွေ့အောင်လုပ်ဖို့ အချိန်မရှိသေးဘူး ၊ ဒါက ငါတို့ အင်အားကြီးမားလာအောင် အစွမ်းကုန်ကြိုးစားလုပ်ဆောင်ရမယ့် အခွင့်အရေးပဲ”

ဖန်းယွင်ရှန်း ခေါင်းညိတ်လိုက်ရင်း...

“ဒါက သဘာဝပါပဲ”

ရန်ကျောက်ကဲတို့အုပ်စုအတွက် အချိန်က သူတို့ကို စောင့်ဆိုင်းမည် မဟုတ်ပေ။ အချိန်၏တန်ဖိုးကလည်း အလွန်ပင် ကြီးမားလှသည်။

အချိန်သာ အလုံအလောက်ရရှိပါက နေ့ရက်များစွာ ကြာမြင့်လာသည်နှင့်အမျှ ကြီးမားသောအောင်မြင်မှုများ ရရှိလာကြမည် အမှန်ပင်။

သို့သော် ပြဿနာမှာ သတိူု့အတွက် ထိုမျှလောက် အချိန်အပြည့်အဝ ရရှိမည် မဟုတ်ပေ။

သူတို့၏ရန်သူများက သူတို့တိုးလက်လာမည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်သလို ဝိုင်းဝန်းတိုက်ခိုက် ဖိနှိပ်ခြင်းကို မလွဲမသွေ လုပ်ဆောင်ပေမည်။

ထို့ကြောင့် ရန်ကျောက်ကဲအနေဖြင့် ပိုမိုဂရုတစိုက်အစီအစဉ်ဆွဲရန် ၊ အခွင့်အရေးများကို ကောင်းမွန်စွာအသုံးချရန် ၊ မိမိတို့ဘက်မှ အနိုင်ရရှိရန်အတွက် အတတ်နိုင်ဆုံး ကြိုစားအားထုတ်ရန် လိုအပ်သည်။

အဂ္ဂိရတ်ခန်းမ၏ စကြာဝဠာဗလာနယ်ထဲတွင် ဖန်းယွင်ရှန်း တင်ပျဉ်ခွေထိုင်ပြီး သူ့ကိုယ်သူအားပြန်ဖြည့်ရန် ကျင့်ကြံနေသည်ကိုကြည့်လိုက်ပြီးနောက် ရန်ကျောက်ကဲက သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။

သို့သော် ရန်ကျောက်ကဲက ချက်ချင်း စတင်ကျင့်ကြံခြင်း မရှိသေးပေ။

သူ၏အကြည့်များက ပြောင်းလဲသွားပြီး ခန်းမအတွင်းမှ ကျယ်ပြန့်သည့်စကြာဝဠာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

ယခင်က ကောင်းကင်ဘုံနန်းတော်၏ အဂ္ဂိရတ်ခန်းမသည် ယခုတော့ သူ၏ထိန်းချုပ်မှုအောက် ကျရောက်သွားခဲ့ပေပြီ။

အဂ္ဂိရတ်ခန်းမထဲသို့ဝင်ရောက်ပြီး ခန်းမဝိညာဉ်’ထျန်းစူး’ နှင့် ထိတွေ့ခြင်း အမှတ်တရများက သူ့မှတ်ဉာဏ်ထဲတွင် ပြန်ပေါ်ပြီး မဟာကပ်ဘေးကြီးမတိုင်ခင် အချိန်ကာလကိုပါ တွေးတောလိုက်မိသည်။

အတိတ်တစ်ချိန်က ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် ဖြစ်ပျက်ခဲ့သည့် အမှတ်တရများစွာကို စဉ်းစားမိသည်။

ပြီးတော့ မကြာ‌သေးခင်အချိန်က “မြောက်ပိုင်းကြယ်စင်အထက်ပိုင်းနန်းတော်‌ကောင်းကင်ဘုံအုပ်စိုးရှင်ဧကရာဇ်” ၊ ကောင်းကင်ဘုံအရှင်’ကျောက်’ နှင့် အခြားသူများကို ပြန်လည်တွေ့ဆုံခဲ့ရခြင်းက သူ့ကို ပို၍ စိတ်လှုပ်ရှားစေသည်။

ကံဆိုးသည်မှာ သူက ထိုသူများနှင့် စကားစမြည်ပြောဆိုနိုင်ခြင်းမရှိဘဲ သူ့ရင်ထဲမှမေးခွန်းများကို ဆက်ပြီး သိမ်းဆည်းထားခဲ့ရခြင်းသာ ဖြစ်သည်။

ကောင်းကင်ဘုံအရှင်‌’ကျောက်’ ၊ ပိရှာယွမ်ကျွင်းနှင့် အခြားသူများက အားနည်းသူများဖြစ်ကြသော်လည်း မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကတော့ ကောင်းကင်ဘုံနန်းတော် ၊ မိုးကောင်းကင်ခုံရုံးမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။

ရန်ကျောက်ကဲစိတ်ထဲမှမေးခွန်းများအတွက် သူ့တွင်အဖြေရှိနိုင်မည်ဟု ယူဆရသည်။

မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် အဆင့်အတန်းတူညီသူက တောင်ပိုင်းချန်စန်းဧကရာဇ်ဖြစ်သည်။ သူက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ထက်ပင် ပိုပြီးရှေးကျသည်ဟု ဆိုနိုင်သည်။

သူက ယွိချင်အဆက်အနွယ်များ၏တည်ထောင်သူဆရာဘိုးဘိုး ‘ယွမ်စီထျန်းကျွင်း’ ၏ တပည့်တစ်ယောက်လည်းဖြစ်သည်။

သူက နတ်ဘုရားများအုပ်စိုးသောခေတ်တွင် တိုက်ပွဲဝင်ခဲ့ခြင်းမရှိသော်လည်း ကောင်းကင်ဘုံနန်းတော် ၊ မိုးကောင်းကင်ခုံရုံးသို့ ဝင်ရောက်ခဲ့သော ယွိချင်အဆက်အနွယ် ထိပ်တန်း တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်၏။

သူက နတ်ဘုရားများ အုပ်စိုးသောခေတ် ၊ အနောက်သို့ခရီးသွားမှတ်တမ်းခေတ်များကို ဖြတ်သန်းနေထိုင်ခဲ့သူဖြစ်ပြီး လက်ရှိခေတ်အထိ အသက်ရှင်ကျန်ရစ်နေသေးသည်။

သို့ဖြစ်ရာ သူသိရှိသည့် အချက်အလက်ပမာဏက မြောက်ပိုင်းကြယ်စင်ဧကရာဇ်ထက် ပိုမိုများပြားနိုင်သည်။

“ဟူး...”

ရန်ကျောက်ကဲ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။

သူက ခံစားချက်များကိုထိန်းသိမ်းပြီး စိတ်ကိုတည်ငြိမ်စေရန် ကြိုးစားလိုက်၏။

ဗလာနယ်ထဲသို့ကြည့်နေသည့် သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ကျင့်ကြံခြင်း စတင်လိုက်သည်။

စန်းချင်း(၃)ပါးအဆက်အနွယ် သိုင်းပညာ(၃)ရပ်လုံးကို ကျင့်ကြံသည့်လမ်းစဉ်ကို မည်သူမျှ လျှောက်လှမ်းခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် သူလုပ်ခဲသည့်တိုးတက်မှုတိုင်းအား အဆက်မပြတ် စွန့်စားပြီး စမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သည်။

အချိန်အတန်ကြာအောင် ကျင့်ကြံပြီးနောက် အကြီးမားဆုံးရှုပ်ထွေးတွေဝေမှုများက သူ့မျက်ဝန်းထဲတွင် ပိုမိုကြည့်လင်ရှင်းလင်းကာ ထင်ရှားလာသည်။

နတ်ဘုရားတံခါး ဖွင့်လှစ်ရန်ဆိုသည်က ပုံမှန်လမ်းကြောင်းအတိုင်း လျှောက်လှမ်းမည်ဆိုလျှင်တောင်မှ အတားအဆီးများစွာ ရှိလေသည်။

ထို့ကြောင့် ဤအဆင့်ကိုဖြတ်ကျော်ရာတွင် ရန်ကျောက်ကဲကဲ့သို့ စွမ်းအားကြီးမားသူသည်ပင် အလွန်တရာ သတိထားရသည်။

သူရင်ဆိုင်ရမည့် စိန်ခေါ်မှုတစ်ခုဖြစ်သော နတ်ဘုရားလူသားကပ်ဘေးကို ဖြတ်ကျော်နိုင်ရန်အပြင်  သူ့အနေဖြင့် သူ၏ အနာဂတ်လမ်းကြောင်းအတွက် အခြေခံအုတ်မြစ်ကိုလည်း စိတ်ရှည်စွာ တည်ဆောက်ရမည် ဖြစ်၏။

ယခု စောမင်ကျန့်က အမတခုံရုံး၏ အလုံးစုံအင်အားကိုထိခိုက်စေပြီး ၊ ဗုဒ္ဓဘာသာကျင့်ကြံသူများနှင့် အမတခုံရုံးတို့သည့်လည်း စစ်ပွဲကြီး ဖြစ်ပွားတော့မည် ဖြစ်သည်။

သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် အေးဆေးစွာကျင့်ကြံရန် အချိန်ရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က အဂ္ဂိရတ်ခန်းမတွင် နေထိုင်ပြီး ကျင့်ကြံခဲ့ခြင်းကြောင့် ဖြည်းဖြည်းချင်း အသိအမြင်အသစ်များ ရရှိလာခဲ့သည်။

ယခု ထိုအသိအမြင်သစ်များကို ပိုမိုသေချာအောင်ပြုလုပ်ပြီး လက်တွေ့လုပ်ဆောင်နိုင်သည့် အစီအစဉ်တစ်ခုဖြစ်လာအောင် ပြုလုပ်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲ မျက်ဝန်းများကို ဖြည်းဖြည်းချင်းမှေးမှိတ်လိုက်ပြီး စွမ်းအားများ ပြန်လည်ပြည့်ဝလာစေရန် ကျင့်ကြံခြင်းကို စတင်လိုက်လေတော့သည်။

***

ရန်ကျောက်ကဲက တာအိုစကြာဝဠာမှ များပြားလှစွာသောကမ္ဘာများကို အဂ္ဂိရတ်ခန်းမအတွင်း ယူဆောင်ကာ အဆုံးမရှိသော စကြာဝဠာဗလာနယ်ထဲ လွင့်မျောခရီးနှင်သွားချိန် ပြင်ပဗလာနယ်အစွန်အဖျားတွင် အခြားတစ်ယောက်သည်လည်း ခရီးထွက်ခွာလျှက် ရှိသည်။

အေးမြစင်ကြယ်သော လပြည့်ဝန်း၏အလင်းရောင်က ကာလအပိုင်းအခြားအမှောင်ထုကိုဖြတ်သန်းလျှက် တောက်ပစွာ ထွက်ပေါ်လာသည်။

ဗလာနယ်အလွှာများစါာကိုဖြတ်ကျော်ပြီးနောက် လင်းလက်သည့်လရောင်က ရုတ်တရက် ရပ်တန့်သွားသည်။

အမှောင်ထုဗလာနယ်ထဲတွင် အေးမြလင်းလက်သည့်လရောင်က တစ်ခုတည်းသောအလင်းရောင်အဖြစ် နေရာယူထားလေရာ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်တောက်ပလို့နေသည်။

ထိုအလင်းရောင်တည်ရှိရာတွင် လူငယ်တစ်ယောက်၏ပုံရိပ် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူက အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်၏။

ထိုလူငယ်၏အသားအရောင်က ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သွေးရောင်ပျောက်ဆုံးနေလေရာ သူ ဝတ်ဆင်ထားသည့် အဖြူရောင်အဝတ်အစားထက်ပင် ပိုဖြူနေသည်ဟု ထင်မှတ်ရသည်။

သူ၏စိတ်အစဉ်သည်လည်း အနည်းငယ်ညှိုးနွမ်းနေပုံရသည့်တိုင် သူ၏မျက်ဝန်းများကတော့ အေးဆေးတည်ငြိမ်နေပြီး အရှုံးတရားကိုခံစားနေရသည့် လက္ခဏာမျိုး မတွေ့ရှိရပေ။

သူက နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ပင် ဖြစ်၏။

သူ၏ပတ်ဝန်းကျင်မှ အေးမြလင်းလက်သည့် လဝန်းအလင်းရောင်က တဖြည်းဖြည်းမှိန်ဖျော့သွားပြီး အမှောင်ထုက ကြီးဆိုးသွားသည်ဟု ထင်မှတ်ရသည်။

အလင်းရောင်က မှိန်ဖျော့သွားသည့်တိုင် ထိုလပြည့်ဝန်းအလင်းရောင်ထဲမှ ထွက်ပေါ်လာသော မိန်းမပျိုတစ်ယောက်ကြောင့် တစ်လောကလုံး ပိုမိုတောက်ပသွားခဲ့၏။

“ငါတို့အကြံအစည် မအောင်မြင်ခဲ့ဘူး”

ကောင်းဟန်က သူ့ထံသို့လျှောက်လာနေသည့် လဝန်းထက်ယံအရှင်သခင် လင်ချင်းကိုကြည့်ရင်းပြောလိုက်သည်။

ထို့နောက် သူက စိတ်မကောင်းဟန်ဖြင့် ခေါင်းတစ်ချက်ခါယမ်းလိုက်၏။

လင်ချင်း၏မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိပေ။

သူမက...

“ကျန်းရွှင်ဟွား အမှားလုပ်မိလို့ ကျွန်မတို့မအောင်မြင်ခဲ့တာပါ ၊ သူ ပြန်လည်မွေးဖွားဖို့ အသုံးချခဲ့တဲ့ကောင်မလေးက မဟာနတ်ဆိုးတစ်ပါးရဲ့အခွင့်အာဏာကို ရရှိသွားတယ်လေ”

သူမက ကောင်းဟန်ကို တစ်ချက်ကြည့်ရင်း...

“အဲဒါက သတ္တုပလ္လင်ကိုပိုင်ဆိုင်တဲ့နတ်ဆိုး မဟုတ်ဘူး ၊ အဲဒါက... ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးပဲ”

ကောင်းဟန်က တစ်စုံတစ်ခုကိုစဉ်းစားဟန်ဖြင့် ခေါင်းကိုအနည်းငယ်မော့လိုက်ရင်း...

“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး...”

လင်ချင်းကတော့ မထူးဆန်းသလိုအမူအရာဖြင့် မည်သည့်မေးခွန်းထုန်မှုမှမရှိဘဲ တည်ငြိမ်စွာ ရှိနေသည်။

ကောင်းဟန် သတိပြန်ဝင်

ကောင်းဟန်သတိပြန်ဝင်လာသည့်အချိန်မှာတော့ သူမက ရာဟုကြယ်ထက်ယံအရှင်သခင်နှင့် ပတ်သက်သည့်ကိစ္စကို ထပ်မံပြောဆိုခြင်းမပြုတော့ဘဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။

“ရှင့်ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ”

“သူက ငါ့ဦးခေါင်းထက်က ပန်းတစ်ပွင့်ကို ဖယ်ထုတ်လိုက်တာလေ ၊ ငါ့ဘဝတစ်ဝက်လောက် ဆုံးရှုံးခဲ့ရတယ်”

ကောင်းဟန်က ဆိုသည်။

သူက အချိန်အတန်ကြာစဉ်းစားပြီးမှ...

“ငါ သေလုနီးပါး ခံလိုက်ရတာပေါ့”

လင်ချင်းက တည်ငြိမ်စွာဖြင့်...

“ဒါတောင် တာအိုရောင်းရင်း’စော’ က သက်ညှာလိုက်လို့နော် ၊ မဟုတ်ရင် ရှင် အသက်ပျောက်နေလောက်ပြီ”

ကောင်းဟန်က ပြုံးလိုက်ရင်း...

“တာအိုရောင်းရင်း’စော’ ပြောသလိုပဲ ၊ သူ့ရဲ့ ဓားကို ငှားပြီး လူသတ်ဖို့ဆိုရင် တစ်စုံတစ်ခုတော့ ပေးဆပ်ရမှာပေါ့ ၊ ဒါပေမဲ့ စိတ်မကောင်းစရာက ပေးဆပ်လိုက်ရပေမယ့် အစီအစဉ်က မအောင်မြင်ခဲ့ဘူး ၊ လုပ်ခဲ့သမျှအားလုံး အချည်းနှီးဖြစ်သွားတယ်”

လင်ချင်းက...

“ကျွန်မတို့ မအောင်မြင်ဘူးဆိုတော့... မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ပိုပြီးသတိထားလာတော့မယ် ၊ နောက်ဆိုရင် ကျွန်မတို့ရဲ့အစီအစဉ်တွေအောင်မြင်ဖို့ ပိုပြီးခက်လာလိမ့်မယ်”

“ကိစ္စမရှိပါဘူး ၊ နောက်ပိုင်း အခွင့်အရေးတွေထပ်ရှာရမှာပေါ့”

ကောင်းဟန်က အေးဆေးစွာပင် ဆိုလိုက်သည်။

“ဒါပေမဲ့ မင်းကိုစောင့်နေတဲ့အချိန်မှာ ငါ တောင်ပိုင်းချန်စန်းဧကရာဇ်နဲ့ အဆက်အသွယ်ရတယ် ၊ အရင်တုန်းက မသိခဲ့တဲ့ မေးခွန်း အတော်တော်များများကို ဖြေရှင်းပေးနိုင်တဲ့ ကိစ္စတစ်ခု သူ ငါ့ကိုပြောပြခဲ့တယ်”

All Chapters