← Chapters

အခန်း (၃၁၆)

Vol. 22 Ch. 316

အခန်း (၃၁၆)

Vol. 22 Ch. 316

ကျန်းဟန်ချွန်က မျက်မှောင်ကြုတ်လိုက်မိပြီး ကြက်သေသေသွားသလို ဖြစ်သွားခဲ့သည်။ ထို့နောက် သူက ချီစွမ်းအင်များ၏ လမ်းကြောင်းကို လိုသလို ပြောင်းလဲပြီး ထုတ်သုံးရန် အခွင့်အရေးတစ်ခု ရှာဖွေလိုက်၏။

တစ်ချိန်တည်းတွင် သူ့ခေါင်းထဲ၌ အတွေးပေါင်းစုံ ပေါ်လာခဲ့သည်။

"သူက သံသရာကမ္ဘာကြီးရဲ့ လျှို့ဝှက်ချက်တွေကို သိနေမှာတော့ သူလည်း ငါတို့နဲ့အတူတူများဖြစ်နိုင်မလား..။ သူက အေးအေးဆေးဆေး စကားပြောနေတယ်ဆိုတော့ တိုက်ခိုက်ရမယ့်အစား ငါနဲ့ဆွေးနွေးချင်နေတာလား... "

မုန့်ချီက သူ့ရှေ့တွင် ရပ်နေပြီး အနှောင်အဖွဲ့မရှိသလို တည်ငြိမ်နေသည်။ သူကတော့ ထိုကဲ့သို့ ပုံစံတစ်ခုကို ပြသရန် အချိန်တော်တော်ကြာ စောင့်ဆိုင်းနေခဲ့ရ၏။ သူ့ဆီတွင် သတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိသလို ထင်မှတ်ရသည်။ သူ၏စွမ်းအင်များကလည်း အထွဋ်အထိပ်တွင် ရှိမနေခဲ့ချေ။ ထို့ကြောင့် ကျန်းဟန်ချွန် ယူဆပုံက မှန်ကန်သည်ဟု ပြောပြနေသည်။

ကျန်းဟန်ချွန်က တွေဝေနေသည့် အချိန်တွင် တိမ်တိုက်များကို ဖြတ်ကျော်လာသော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက အမိန့်ပေးနေသလို ထင်မှတ်ရ၏။ အကယ်၍ ကျန်းဟန်ချွန်ကသာ နဂါးတစ်ကောင်ကို ကြုံတွေ့ဖူးမည်ဆိုလျှင် ထိုအရာက အစစ်အမှန် နဂါးအော်သံဖြစ်ကြောင်း နားလည်သွားပါလိမ့်မည်။

လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်ထဲမှ ကျယ်ပြန့်နဂါးအော်သံက စိတ်ဝိညာဉ်ထိအောင် ပျံ့နှံ့သွားသည့်အတွက် ကျန်းဟန်ချွန်က တစ်ကိုယ်လုံး အကြောက်တရားများ ဖုံးလွှမ်းလာခဲ့သည်။ အကယ်၍ လူသားနှင့် ကောင်းကင် တစ်သားတည်းအဆင့်ကြောင့် ပတ်ဝန်းကျင်က ထိုစွမ်းအားများကို သိသိသာသာ လျော့ချပေးလိုက်လျှင်ပင် အာရုံကြောများ ပျက်စီးသွားသလို ခံစားလိုက်ရသည်။ ထိုအချိန်မျိုးတွင် ချီစွမ်းအင်များကိုလည်း အသုံးပြုနိုင်လိမ့်မည် မဟုတ်ချေ။

နဂါးအော်သံက သူ့ခေါင်းထဲတွင် ကြိမ်ဖန်များစွာ ထွက်ပေါ်လာနေပြီး သူ၏ပင်မဝိညာဉ်ကို တိုက်ခိုက်နေသည်။ သူ၏မျက်လုံးများက ဝင်းလက်တောက်ပလာပြီး မြစ်ထဲတွင် လှဲချလိုက်ရန် ကြိုးစားလိုက်၏။ ထိုသို့ဆိုလျှင် မည်သည့်စွမ်းအားကိုမျှ ရင်ဆိုင်ရန် မလိုတော့ပေ။

ထို့နောက် အလင်းတန်းများက မှေးမှိန်သွားခဲ့ပြီး သူ၏မျက်လုံးထဲတွင် အလွန်ထူးခြားသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အရာအားလုံးကို မေ့လျော့သွားစေနိုင်သော ဓားအလင်းတန်းတစ်ခု ဖြစ်၏။ ကမ္ဘာမြေကြီးကပင် တည်ငြိမ်စွာ ပြောင်းလဲလာပြီး မူလတုန်းကနှင့် မတူညီတော့ပေ။

ကျန်းဟန်ချွန်၏ လူသားနှင့်ကောင်းကင် တသားတည်းအဆင့်က ပြည့်စုံမှု မရှိချေ။ ထိုအရာက ပတ်ဝန်းကျင်၊ သဘာဝတရားကြီးနှင့် မကိုက်ညီသလို ဖြစ်နေသည်။ လူသားနှင့်ကောင်းကင် တသားတည်း အခြေအနေတွင် သူ့စိတ်က အရာအားလုံးကို တိတိကျကျ စစ်ဆေးနိုင်ပြီး ရန်သူ၏ မွေးညင်းပေါက်လေးများ ပြောင်းလဲမှုကိုပင် အာရုံခံစားနိုင်သည်။ ထိုအရာများအားလုံးက သူ၏အာရုံထဲတွင် ပြည့်ပြည့်ဝဝ ပေါ်လာနိုင်၏။

သို့သော် လက်ရှိအချိန်တွင်တော့ သူ၏ခေါင်းထဲတွင် အလွန်တောက်ပပြီး အစွမ်းထက်သော ဓားအလင်းတန်းတစ်ခုသာ မြင်လိုက်ရ၏။ ကျန်းဟန်ချွန်၏ ရင်ထဲတွင် နဂါးအော်သံကြောင့် ကြောက်လန့်သွားသည့်အချိန်၌ အပြင်ဘက်တွင်တော့ နတ်ဘုရားဓား၏ ညှို့ယူဖမ်းစားခြင်းကို ခံလိုက်ရသည်။

သူ့လို စွမ်းရည်မျိုးနှင့်ပင် ထိုကဲ့သို့ အလစ်ချောင်း တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့် အချိန်၌ အလျင်အမြန် ရင်ဆိုင်နိုင်ခြင်း မရှိချေ။ တွေးခေါ်ခြင်းက လုံလောက်သည့်ထက် ပိုနေသည့်အတွက် ထိပ်တိုက်ရင်ဆိုင်ရန်သာ ကျန်နေတော့သည်။

မုန့်ချီက သူ၏အာရုံကို လွှဲထားသည့်အချိန်တွင် သူ့စကားလုံးများက သက်သောင့်သက်သာ ဖြစ်နေခဲ့သည့်အတွက် သူလည်း ကိုယ့်ကိုယ်ကို ကာကွယ်မထားမိခဲ့ပေ။

ရွမ်ယုရှုကတော့ ဤနေရာနှင့် အဝေးတွင် ရှိနေသည့်အတွက် သူမကို သတိမထားမိခဲ့သည်မှာ သာမန်သာဖြစ်သည်။ သူမကတော့ ဂီတသံစဉ်များနှင့်သာ ထိန်းချုပ်ထားခဲ့သည်။

ကျန်းကျိဝေကတော့ အနားတွင်သာ ရှိနေသည်။ မုန့်ချီက ထိုစကားလုံးများကို ပြောလိုက်သည့်အချိန်တွင် သူမ၏ဓားက ဝေဝါးသွားခဲ့ပြီး ကျန်းဟန်ချွန်ကိုယ်တိုင် နားမလည်နိုင်သေးခင် ဂီတသံက ထွက်ပေါ်လာခဲ့၏။

ဓားကလည်း လှုပ်ရှားလာပြီး တည်ငြိမ်နေသော ကောင်းကင်ကြီးက ဆူပွက်လာသလို ထင်မှတ်လိုက်ရသည်။ ပျံသန်းနေသော ငှက်ကြီးတစ်ကောင်က သူ့ဆီကို ထိုးသုတ်လာသလို ထင်မှတ်လိုက်ရသည်။

တိမ်တိုက်ကြီးက လှုပ်ရှားသွားပြီး ရွှေရောင်အလင်းတန်းများက အရာအားလုံးကို ထိုးဖောက်သွားခဲ့၏။ ကျင်းမြစ်ကြီးက အက်ကွဲသွားပြီး ရေစီးကြောင်းများက (၂)ခြမ်းကွဲသွားခဲ့သည်။

ကျန်းဟန်ချွန်က လူသားနှင့် ကောင်းကင် တသားတည်းအဆင့်ကိုသုံးပြီး သူ၏ပင်မဝိညာဉ်ကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစားလိုက်၏။ သူက ချီစွမ်းအင်များကိုလည်း ဖြန့်ခွဲလိုက်သည်။

သူ၏လက်ဖဝါးအလယ်တွင် ဖွက်ထားသော အရာတစ်ခု ထွက်ပေါ်လာခဲ့၏။ အပြာရောင်အလင်းတန်းတစ်ခုလည်း တောက်ပလာပြီး ကျန်းဟန်ချွန် ပုန်းနေသည့်နေရာက ပြည့်ပြည့်ဝဝ ပေါ်လာခဲ့သည်။

သို့သော် အလင်းတန်းများက သူ့ကို လွှမ်းခြုံနေသည့်အချိန်တွင် သူက ရုတ်တရက် ပျောက်ကွယ်သွားပြီး မူလနေရာနှင့် မီတာအနည်းငယ်ဝေးသော နယ်မြေတစ်ခုတွင် ပြန်ပေါ်လာခဲ့သည်။

"လေဟာနယ်ပို့ဆောင်ခြင်း... "

အနန္တဓားသိုင်း၏ ဓားအလင်းတန်းများက အလွန်အံ့သြစရာကောင်းသည်။ ထိုအရာက လေထဲတွင် လှုပ်ရှားသွားပြီး ကျန်းဟန်ချွန်၏နောက်သို့ ဆက်လိုက်သွားခဲ့၏။ တိုက်ခိုက်မှုအပေါ် ကျန်းကျိဝေ၏ ထိန်းချုပ်မှုက မုန့်ချီထက် အဆပေါင်းများစွာ ပိုသာနေသည်။ ထို့ပြင် အနီးကပ် လေဟာနယ်ပို့ဆောင်ခြင်းသာ ဖြစ်သည့်အတွက် အနန္တဓားသိုင်းကို ဖယ်ရှားနိုင်ခြင်း မရှိချေ။

ကျန်းဟန်ချွန်က ဓားအလင်းတန်းကို မြင်လိုက်ရသည့် အချိန်တွင် လေဟာနယ်ပို့ဆောင်ရေးကို သုံးလိုက်လျှင်လည်း လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သိနေသည်။

သူကတော့ ထိုအရာကို သုံးလိုက်သည်မှာ ယာယီရှောင်တိမ်းရန်သာ ရည်ရွယ်ထားပြီး အနည်းငယ် ဝေးသွားမည်ဆိုလျှင် နဂါးအော်သံ၏ လွှမ်းမိုးမှုကို လျှော့ချရန်သာ ရည်ရွယ်ထား၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး ရင်ထဲတွင် ငြိမ်းအေးသွားသလို ခံစားလိုက်ရ၏။

သူ၏ညာလက်က ပန်းပွင့်များသဏ္ဍာန် ပြောင်းလဲလာပြီး လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။ သူကတော့ ပြောင်းလဲမှုများစွာကို လုပ်ဆောင်နေပြီး ရင်ထဲတွင် ပန်းပွင့်များ ပွင့်လာသလို ထင်မှတ်လိုက်ရ၏။ ထို့နောက် သူက လက် (၅) ချောင်းကို လက်သီးအဖြစ် ပြောင်းလိုက်ပြီး တစ်နေရာသို့ လှမ်းချိန်လိုက်သည်။

ထိုအရာကတော့ ပြောင်းလဲမှုများစွာထဲတွင် တသတ်မှတ်တည်း ရှိနေသလို ဖြစ်လာ၏။ ကမ္ဘာကြီးက ပြောင်းလဲလာမှုကြောင့် လှုပ်ရှားနေပြီး ပြောင်းလဲမှုများက အမြဲတမ်း တသတ်မှတ်တည်း ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ သူက ပကတိလက်ညှိုးကို အသုံးပြုနိုင်ခဲ့ပြီး မှော်ဆန်သော ဂီတသံနှင့် ဓားအလင်းတန်းတို့ကို ဖယ်ရှားနိုင်ခဲ့သည်။ ထိုကဲ့သို့ အလျင်အမြန်လုပ်ရပ်မျိုးက အကျိုးသက်ရောက်မှုရှိသည်ဟု သက်သေပြနိုင်သည်လော။

သူက လက်ညှိုးကို သုံးလိုက်သည့်အချိန်တွင် ဓားထိပ်ဖျားတွင် အမှတ်အသားတစ်ခုကို တွေ့လိုက်ရသည်။ ထို့နောက် စွမ်းရည်များက မြင့်မားလာပြီး ဓားချီစွမ်းအင်များက တိုးတက်လာခဲ့၏။

ကျန်းဟန်ချွန်၏ ညာဘက်လက်ဆီမှ ချက်ချင်းပင် သွေးများ ဖြာထွက်လာပြီး သူ၏ခန္ဓာကိုယ်ရှိရာကို ဆက်လက်ပျံ့နှံ့လာခဲ့သည်။ ထိုအချိန်တွင် ကျန်းဟန်ချွန်၏ မျက်နှာက မည်းမှောင်သွားခဲ့၏။ သူကတော့ ဖျက်ဆီးရန် ခက်ခဲသော ကြေးနီရုပ်တုကြီး တစ်ခုကဲ့သို့ ပြောင်းလဲခဲ့သည်။

"ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်... "

ကိုယ်ပျောက်စွမ်းရည်နှင့် ကျင့်ကြံမှုနည်းလမ်းများကို ခေါင်းထဲတွင် စဉ်းစားကြည့်လိုက်ပြီးနောက် ကျန်းဟန်ချွန်က အလွန်အစွမ်းထက်သော ခုခံမှုပေးနိုင်သည့် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကိုသာ အသုံးပြုလိုက်သည်။ ကျင့်စဉ်အဆင့်၏ လွှမ်းမိုးမှုကြောင့် အကျိုးသက်ရောက်မှုက မုန့်ချီထက်ပင် ပို၍ သာလွန်နေခဲ့၏။ သူကတော့ ဤနေရာတွင် အရာအားလုံးကို အစွမ်းကုန် သုံးနေခဲ့သည်။

ထိုအချိန်တွင် အက်ကွဲသံများကို ကြားနေရသေး၏။ ကျန်းဟန်ချွန်၏ ညာဘက်လက်က ထိခိုက်သွားခဲ့ရာ ယခုတော့ ပွင့်နေသော ထီးကဲ့သို့ ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း ပျက်စီးသွားပြီး ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေခဲ့၏။

ဓားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် လူသားနှင့်ကောင်းကင် တသားတည်းအဆင့်က ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူကတော့ အသက်ရှင်နေသေး၏။ သူက ကျင်းမြစ်ကြီးထဲသို့ ကူးသွားပြီး ထွက်ပြေးရန် စဉ်းစားလိုက်သည်။

အကယ်၍ ကျန်းကျိဝေ တစ်ယောက်တည်းသာဆိုလျှင် သူ့ဆီ၌ ထိပ်တိုက်ရင်ဆိုင်ရန် နည်းလမ်းတစ်ခု ရှိနေသေးသည်။ သို့သော် ရွမ်ယုရှု၏ ဂီတသံနှင့် သတ်ဖြတ်ရေးဓား စုမုန့်တို့ပါ ရှိနေသည့်အတွက် သူက ထိပ်တိုက်ရင်ဆိုင်နေမည်ဆိုလျှင် သေဆုံးသွားရန်သာ ရှိသည်။

လန်းဟွမ်ကောင်းကင်တေးသွားနှင့် အနန္တဓားသိုင်းတို့၏ အလစ်ချောင်း တိုက်ခိုက်မှုကြောင့် သူက ဆိုးဆိုးဝါးဝါး ဒဏ်ရာရခဲ့သည်။ သူလုပ်နိုင်သည်မှာ သူ၏စွမ်းအားများကိုသုံးပြီး ဤနေရာတွင် မြန်မြန်မျက်ခြေဖြတ်ရန်သာ ဖြစ်သည်။ သူက အခြေအနေကို သိနေသော်လည်း ထွက်သွား၍ မရနိုင်သည်မှာ ကံဆိုးသွား၏။

သစ်တောထဲမှနေ၍ မုန့်ချီ၏ဓားက မီးရှူးမီးပန်းများသဖွယ် ထွက်ပေါ်လာသည်။ မီတာ (၃၀) အတွင်း ရှိနေသော အရာအားလုံးက နီရဲသွားခဲ့၏။ ငါးပျံတစ်ကောင်ကဲ့သို့ ထင်မှတ်ရသော ထိုဓားသွားက ကျန်းဟန်ချွန်၏ စိတ်ထဲသို့ ရောက်လာပြီး သူ၏ပင်မဝိညာဉ်ရှိရာကို ရောက်လာခဲ့သည်။

တစ်ကိုယ်တော်ကျင့်ကြံသူများက အသက်ရှင်ရပ်တည်ရန် ခက်ခဲလှသည်။ အကယ်၍ သူက ထိုအရာကို အသားကျသွားမည်ဆိုလျှင်ပင် ရုပ်ရည်ကတော့ လှည့်စားထားရသေးသည်။ သူက ကိုယ်ပိုင် နာမည်တစ်ခုရယူခြင်းက လွဲလျှင် မည်သည့်အရာကိုမျှ စိတ်ဝင်စားခြင်း မရှိကြပေ။

သူ၏နောက်ကြောင်းကတော့ ကောင်းမွန်ခြင်းမရှိသလို သူကလည်း ထိုအရာကို ဂရုစိုက်နေခြင်း မရှိချေ။ သို့သော် အကြောင်းအရာများက ထိုသို့ဖြစ်ခဲ့သည့်အတွက် သူက အကြီးအကဲများကို လုံးဝဦးမညွှတ်ခဲ့ပေ။ သူ့အတွက်တော့ သိုင်းလောကလမ်းကြောင်းက ထူးထူးခြားခြားကို ခက်ခဲလွန်းလှ၏။

သူက အိမ်တွင် လယ်စိုက်ခဲ့ရသည့် အချိန်များကိုလည်း စဉ်းစားမိခဲ့သည်။ သို့သော် ကံကြမ္မာက သူ့ကို ထိုဘဝမှ လွတ်မြောက်စေခဲ့ပြီး အကြီးမားဆုံးအရာတစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ နောက်ပိုင်းတွင်တော့ သူက သက်တူရွယ်တူများနှင့် ကြုံတွေ့ခဲ့ရပြီး သူ့ကို ကူညီပေးနိုင်သော အဖွဲ့အစည်းတစ်ခုကို ပူးပေါင်းခဲ့သည်။ သို့သော် သူကတော့ တာဝန်များကို ပြီးဆုံးအောင်လုပ်ရန် အတင်းအကြပ် တွန်းအားပေးခံရခြင်း မရှိချေ။

သူ၏ကျင့်ကြံမှုနည်းလမ်းနှင့် လမ်းညွှန်ချက်က သောကကြယ် ဖြစ်သည်။ သို့သော် တာဝန်တစ်ခုချင်းဆီတိုင်းတွင် သူ့လက်ထဲ၌ လူပေါင်းများစွာ သေဆုံးသွားခဲ့သည်။ သူ၏လှည့်ကွက်များကြောင့် လူပေါင်းမည်မျှ ထိခိုက်သွားခဲ့ရသနည်း။ ထိုအရာများကို ပြန်စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ကျောက်နှလုံးသား ရှိနေသော လူတစ်ယောက်ပင်လျှင် ရင်ထဲ၌ ထိတ်လန့်နေနိုင်သည်။

ထိုအဖွဲ့အစည်း၏ လျှို့ဝှက်ချက်ကို အနည်းငယ်လေးသာ သိနေသော အပြင်အဖွဲ့သားတစ်ယောက်ကိုတော့ သူတို့က အပေါင်းအဖော်များဟုပင် သတ်မှတ်ထားခြင်း မရှိချေ။ ချူးကွမ်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေရန် အတင်းအကြပ် ဖိအားပေးလိုက်သောအရာက သူ့ခေါင်းထဲတွင် ယနေ့အချိန်ထိ ရှိနေသေးသည်။ အားနည်းသူများကို ထိုကဲ့သို့ ထိခိုက်စေနိုင်သည့်အတွက် သူ့ဆီတွင် ကယ်တင်ပေးနိုင်သော နည်းလမ်း မရှိတော့ချေ။

ဓားချီစွမ်းအင်များက သူ၏အကာအကွယ် ချီစွမ်းအင်များကို ထိုးဖောက်လာကြောင်း ကျန်းဟန်ချွန်က နားလည်သွားခဲ့သည်။ ထိုဓားက သူ့ရှေ့ကို ရောက်နေခဲ့၏။

သူကတော့ အစောပိုင်းတွင် ရှိနေခဲ့သော စိတ်အခြေအနေကို အသုံးချလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ဘယ်လက်ကို ပန်းပွင့်တစ်ပွင့်သဖွယ် ဖန်တီးလိုက်ပြီး သူ့ပုံစံက အေးအေးဆေးဆေး ဖြစ်သွားခဲ့၏။

ပန်းခူးလက်ညှိုးသိုင်းက အလွန်ကြောက်စရာကောင်းသော စွမ်းအားများကို စုစည်းရန်အတွက် အသုံးချနိုင်သည်။ ထိုအရာ၏ အနှစ်သာရနှင့် စွမ်းအားတွင် ကွဲပြားမှုများ ရှိနေသော်လည်း ဤနေရာတွင် အသုံးပြုရန် ပို၍အဆင်ပြေသည်။

သူ၏လက်ချောင်းလေးများက လျင်မြန်စွာ လှုပ်ရှားလာသည့်အချိန်တွင် ဓားချီစွမ်းအင်များက နောက်ဆုတ်သွားခဲ့သည့်အတွက် ကျန်းဟန်ချွန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုဓားချီစွမ်းအင်များက အပေါ်ယံသာ ဖြစ်နေခဲ့၏။

ကြည့်ရသည်မှာ အကာအကွယ် ချီစွမ်းအင်များကို ဖျက်ဆီးလိုက်ပြီးနောက် စုမုန့်က ချီစွမ်းအင်များကို ရုတ်သိမ်းလိုက်ပြီး သူ့ကို တိုက်ခိုက်ရန် နောက်ထပ်အခွင့်ကောင်းကို စောင့်နေပုံရသည်။ သူ့ဆီတွင် အာရုံခံစွမ်းရည်များ မရှိတော့ချေ။

"ဟင်း... "

သူ့နားထဲတွင် သက်ပြင်းချသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအရာက သနားနေသလို အသံမျိုးဖြစ်၏။ ထို့နောက် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသော ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ဓားဆန္ဒများက မည်သည့်အရာမျှ မဖြစ်သည့်အလား သူ့ဆီကို ရောက်လာခဲ့၏။

ထိုအရာက အကောင်းဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဓားရှည်က လျှို့ဝှက်သောနေရာမှ ရောက်လာသည့်အတွက် ရပ်တန့်၍ မရနိုင်တော့ပေ။ ထိုဓားက ကျန်းဟန်ချွန်၏ မျက်ခုံးတည့်တည့်ကို ထိုးစိုက်သွားခဲ့ပြီး သူ့ခေါင်းထဲတွင်တော့ အတွေးတစ်ခုသာ ပေါ်လာခဲ့သည်။

"အနည်းဆုံးတော့ ငါက မသေခင် လန်းဟွမ်ကောင်းကင်တေးသွားကို ကြားလိုက်ရသေးတာပဲ…"

ထိုဓားရှည်က ကျန်းဟန်ချွန်၏ မျက်ခုံးတည့်တည့်ကို ထိုးဖောက်သွားခဲ့ပြီး ဓားချီစွမ်းအင်များက သူ၏အသက်စွမ်းအင်များကို ဖျက်ဆီးပစ်လိုက်သည်။

မုန့်ချီက သက်ပြင်းချလိုက်မိ၏။ သူက အစောပိုင်းတွင် သခင်လေးဝမ်ကို တားဆီးရန် ကြိုးစားခဲ့သည်။ ပထမတစ်ကြိမ် တိုက်ခိုက်ရာတွင် သူ၏စွမ်းအင်များအားလုံး ကုန်ဆုံးသွားပြီးနောက် သူက မည်သို့ ရင်ဆိုင်နိုင်ဦးမည်နည်း။

ထိုအရာက ပေါ့ပေါ့ပါးပါး အနိုင်ရခဲ့ခြင်းတော့ မဟုတ်ချေ။ ကျန်းဟန်ချွန်က တုံ့ပြန်ရန် အခွင့်အရေး မရှိခဲ့ခြင်းသာ ဖြစ်သည်။ သူကတော့ စာအုပ်ထဲတွင် ရှိနေသော လှည့်ကွက်တိုင်းကို သုံးနေပြီး အရာအားလုံးကို စဉ်းစားထားခဲ့သည်။ သူတို့၏ အစီအစဉ် အနည်းငယ် လွဲချော်သွားသည်နှင့် ကျန်းဟန်ချွန်က ထွက်ပြေးလွတ်မြောက်သွားနိုင်၏။

ကျန်းဟန်ချွန်က သံသရာတံဆိပ်ကိုသုံးပြီး ပြန်ရောက်လာသည့်အချိန်တွင် ပတ်ပတ်လည်ကို သတိထားနေနိုင်သည်။ မုန့်ချီကတော့ စံအိမ်ထဲတွင် အလစ်ချောင်း တိုက်ခိုက်ရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။ သူကတော့ ထိုနေရာကို လွှတ်ထားခဲ့ပြီး အစိမ်းရောင်ကျောက်တုံးကြီး၏အနားတွင်သာ တွင်းပေါက်တစ်ခု လုပ်၍ အပြင်ဘက်တွင် စောင့်နေခဲ့၏။

ထို့ကြောင့် ကျန်းဟန်ချွန်က အတွင်းထဲတွင် သူ့ကို အလစ်ချောင်း တိုက်ခိုက်မှု မရှိကြောင်း သိသွားခဲ့သည်။ ထို့ကြောင့် သံသရာတံဆိပ်၏ လျှို့ဝှက်ချက်ကို သိသူမရှိဟုလည်း ယုံကြည်သွားခဲ့၏။ သူက အနည်းငယ် သတိလက်လွတ် ဖြစ်သွားသည့်အချိန်တွင် မုန့်ချီ၏ ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်သည်။

ကျန်းကျိဝေ၏ အစွမ်းက ကျန်းဟန်ချွန်ထက် အနည်းငယ်ပို၍ အစွမ်းထက်သည်။ ရွမ်ယုရှု၏ လန်းဟွမ်ကောင်းကင်တေးသွား (၁၂) သွယ်၊ သူ၏အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ် ၊ အနတ္တကျိန်စာဖျက်ဓားပညာတို့နှင့် ကောင်းကင်နတ်သမီးကျင့်စဉ်တို့ကို ပေါင်းစည်းလိုက်မည်ဆိုလျှင် မြေခွေးဘုရင်ကပင် ထိခိုက်သွားရနိုင်သည်။ ထိုကဲ့သို့ ပညာရှင်များပူးပေါင်းပြီး သူတို့ကို အနိုင်ယူလိုက်ခြင်းက သူတို့ကို သတ်ရခြင်းထက် ပို၍လွယ်ကူနေသည်။

ကျန်းဟန်ချွန်၏ မျက်ခုံးထဲကို ဓားစိုက်သွားပြီးမှသာ မုန့်ချီက စိတ်အေးသွားခဲ့၏။ ကျန်းဟန်ချွန်၏ မျက်လုံးထဲတွင် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားပြီး သူမသေခင် မုန့်ချီကို စိုက်ကြည့်နေခဲ့၏။ သူ့ပုံစံက ကမ္ဘာမြေကြီးကိုကြည့်နေသော သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်နေသည်။

"လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်... "

ကျန်းဟန်ချွန် သေဆုံးသွားသည့်အချိန်တွင် သူ့အလောင်းက ပျက်စီးသွားပါလိမ့်မည်။ ထိုကဲ့သို့ ရှားပါးအခွင့်အရေးကို အသုံးချပြီး သူ၏စိတ်ဝိဉာဉ် အကာအကွယ်ကို ချိုးဖောက်၍ သူ၏မှတ်ဉာဏ်များကို ထုတ်ဖော်လိုက်သည်။

တစ်ချိန်တည်းတွင် ကျန်းကျိဝေ၏ဘယ်လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး ကျန်းဟန်ချွန်၏ ခန္ဓာကိုယ်ပေါ်မှ ပစ္စည်းများကို ယူလိုက်သည်။ သူကလည်း မီးတောက်သခင်ကဲ့သို့ သေဆုံးပြီးသွားလျှင် ပေါက်ကွဲသွားမှာကို စိုးရိမ်နေခဲ့၏။ အကယ်၍ သူက အရာအားလုံးကို သုံးလိုက်သည့်အတွက် ပစ္စည်းကောင်း မကျန်တော့လျှင်ပင် သဲလွန်စတစ်ခုတော့ ရှာနိုင်သေးသည်။

ပုံမှန်အားဖြင့် လှုပ်ရှားနေသော စိတ်ဝိညာဉ်ပင်လယ်ကြီးက တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။ ရွှေရောင်အပိုင်းအစများကလည်း အောက်ခြေသို့ ဖြည်းညင်းစွာ နစ်မြုပ်သွား၏။ အလင်းရောင်များက ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး သူကတော့ အနားယူရန် နေရာတစ်ခုကို ရောက်ရှိသွားသလို ထင်ရသည်။

ရုတ်တရက်ဆိုသလို လှိုင်းလုံးကြီးများ ထွက်ပေါ်လာ၏။ သတိပေးချက်မရှိဘဲ ရွှေရောင် အပိုင်းအစများကလည်း ပြန်လည်ထွက်ပေါ်လာခဲ့သည်။ အပိုင်းအစတစ်ခုက တဖြည်းဖြည်း လျင်မြန်စွာ ကြီးထွားလာခဲ့၏။ ထိပ်ဆုံးတွင်တော့ လူတစ်ယောက်မျှ မရှိဘဲ အလွန်ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးတစ်ခုသာ ရှိသည်။

ထိုနန်းတော်ကြီးထဲတွင်တော့ လူ (၁၀) ယောက် ထိုင်နေကြ၏။ သူတို့အားလုံးက မျက်နှာဖုံးများကို ဝတ်ဆင်ထားကြပြီး သူတို့၏ အငွေ့အသက်များကို ဖုံးကွယ်ထားကြသည်။ ထိုမျက်နှာဖုံးများထဲတွင် ဆူးချုံမည်းကြယ် ၊ ကောင်းကင် (၉)သွယ်မှ မိုးကြိုးနတ်ဘုရား ၊ တိုက်ခိုက်ရေးကြယ် ၊ တောင်တန်းနတ်ဘုရားနှင့် အနောက်ပိုင်းမှ ရွှေအင်ပါယာမိခင်ကြီးစသည်တို့ ပါဝင်ကြသည်။

ရုတ်တရက်ဆိုသလို မုန့်ချီ၏ရှေ့တွင် မြင်နေရသော အရာအားလုံးက အပိုင်းပိုင်း အစအစဖြစ်သွားပြီး အလွန်ထူးခြားသော ဓားအလင်းတန်းတစ်ခု ထွက်လာသည်။ စိတ်ဝိညာဉ်တိမ်တိုက်ကြီးကလည်း ပျက်စီးသွားခဲ့၏။

မုန့်ချီက နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်ရပြီး တန်ပြန်တိုက်ခိုက်ခံရမှုကြောင့် နှာခေါင်းထဲမှ သွေးများစီးကျလာခဲ့သည်။ ထို့နောက် ကျန်းဟန်ချွန်၏ အလောင်းထဲမှ ဓားချီစွမ်းအင်တစ်ခု ထွက်လာပြီး သူ၏ခန္ဓာကိုယ်က အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အရာတစ်ခုမျှ မကျန်တော့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ မုန့်ချီက သက်ပြင်းချလိုက်မိပြီး ရင်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

"အစ်ကိုကျန်း ..

မင်းက လှည့်ကွက်တွေကို စဉ်းစားနိုင်တဲ့ လူတစ်ယောက်ဆိုပေမဲ့ ပူးပေါင်းတဲ့နေရာမှာတော့ မင်းက ငါနဲ့အဝေးကြီးလိုပါသေးတယ်..။ အစောပိုင်းကတည်းက ငါက ရွှမ်တျန်းဂိုဏ်းရဲ့ သဘောထားကို သိနေတယ်..။ ဒါကြောင့် ငါက ကျိဝေတို့ကို အကူအညီလှမ်းခေါ်လိုက်တာ..။ သူတို့က မင်းကို တိတ်တဆိတ် စောင့်ကြည့်လို့ရတယ်လေ..”

“မင်းက နောက်ဆုံးအခြေအနေထိ ကြိုးစားသွားခဲ့ပေမယ့် လွတ်မြောက်ဖို့ အခွင့်အရေး မရှိသေးဘူး...။ ငါက မင်းရဲ့တောင်းဆိုမှုတွေကို ငြင်းဆန်ပြီး မင်းရဲ့လှည့်ကွက်တွေကို ဖျက်ဆီးခဲ့တယ်..။ မင်းလိုရန်သူမျိုးနဲ့ ရန်ဆိုင်ရတဲ့အချိန်မှာ ငါက လုပ်ကြံသူကို အရင်းဆုံးရှင်းလင်းဖို့ လိုတယ်လေ..။ မဟုတ်ရင်တော့ ငါက နောက်ပိုင်းကျရင် ကောင်းကောင်းအိပ်နိုင်မှာတောင် မဟုတ်ဘူး... "

လက်ရှိအချိန်တွင်တော့ လမ်းတစ်ဝက်၌ ထွက်ပြေးသွားခဲ့သော အဘိုးကြီးကျုံး ၊ အတွင်းစံအိမ်ထဲသို့ ဝင်ရောက်လာခဲ့သော ဆူးချုံမည်းကြယ်တို့က အတွင်းထဲတွင် ဖြစ်ခဲ့သော အရာများကို အကြမ်းဖျင်း သိသွားလောက်ပါပြီ။

အစစ်အမှန် ဉာဏ်ကြီးရှင်ကတော့ သခင်လေးဝမ်သာ ဖြစ်၏။

Translated by Hein Htet

All Chapters