← Chapters

အခန်း (၃၃၁)

Vol. 23 Ch. 331

အခန်း (၃၃၁)

Vol. 23 Ch. 331

မုန့်ချီက ရှောင်လင်ကျောင်းကို ချက်ချင်းသွားမည်ဟု ပြောခဲ့သော်လည်း နောက်ပိုင်း လုပ်စရာကိစ္စလေးများ ရှိနေသေးသည့်အတွက် အမှန်တကယ် မသွားနိုင်ခဲ့ပေ။ သူက တိတ်တဆိတ် ထွက်မသွားနိုင်သေးခင် ရန်သူကို လှည့်စားရန်အတွက် လုပ်ဆောင်ရပါဦးမည်။

ကျုံးရဲတိုက်၏ ပန်းပွင့်ခန်းမထဲတွင် မွှေးရနံ့မျိုးစုံ ပေါင်းစုံနေသော ရနံ့တစ်ခု ထွက်ပေါ်နေသည်။ ထိုရနံ့က ပထမတွင် စိတ်လှုပ်ရှားစရာ မကောင်းသော်လည်း သေချာစိုက်ကြည့်လိုက်မည်ဆိုလျှင် ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုရှိပြီး စိတ်ပျော်ရွှင်မှုများ ပေါ်လာစေသည်။

နောက်တနေ့တွင် မုန့်ချီနှင့် ချီကျန်းရန်တို့က ကျုံးတိုင်ပင်ကို နှုတ်ဆက်လိုက်ကြသည်။

“သမားတော်ကျုံး …

သွမ့်လွေက နတ်ဆိုးသိုင်းပညာရဲ့ ထိန်းချုပ်ခြင်းကို ခံထားရပြီး စိတ်နှစ်ခွရောဂါကလည်း ကုသလို့ မရသေးဘူး။ ကျွန်တော်က သူ့ကို တတ်နိုင်သမျှ မြန်မြန်ရှာပြီး အဆုံးသတ်ဖို့လိုတယ်။ သမားတော်ကျုံးက ဆုံးဖြတ်ချက်ချ ပြီးသွားပြီလား..”

ခန်းမကြီးထဲတွင် …

ကျုံးတိုင်ပင်က သူ၏မုတ်ဆိတ်မွှေးကို ပွတ်နေပြီး သူ၏ဆုံးဖြတ်ချက်ကို နောက်ဆုံးအကြိမ် ပြန်စဉ်းစားနေပုံရသည်။

သူ့အဖေက သူ၏ရွေးချယ်မှုများ အားလုံးနီးပါးကို ငြင်းဆန်ခဲ့သည့်အတွက် ကျုံးဝေက မကျေမနပ် ဖြစ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ တခြားသော ရွေးချယ်မှုများကလည်း ကောင်းနေသေးသည်။ အကယ်၍ သူက သခင်လေးချီနှင့် သခင်လေးစုတို့၏ သိုင်းပညာများကို သင်ယူနိုင်ခဲ့ခြင်း မရှိလျှင် တခြားမည်သည့်နေရာကို သွားစေကာမူ ကွဲပြားမှု မရှိနိုင်ပေ။

ဖန်းယွမ်ကျင်းက သူ့ဘေးတွင် ရပ်နေပြီး အလွန်စိုးရိမ်ပူပန်နေသည်။ သူမက တစ်စုံတစ်ခုကို ပြောချင်နေပုံရသည်။ သူမက သွမ့်လွေအတွက် စိုးရိမ်ခဲ့သည်မှာ ထင်ရှားသည်။

“သခင်လေးစု…”

ကျုံးတိုင်ပင်က ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။

“ကျွန်တော်က စိတ်နှစ်ခွ ရောဂါကို ကုသပေးမယ်လို့ ပြောခဲ့ပေမယ့် ကျွန်တော် ကုလို့ မပြီးသေးခင်မှာ ဒီလိုမျိုးတွေ ဖြစ်သွားခဲ့တယ်။ ကျွန်တော်က သခင်လေးရဲ့ အခွင့်အရေးပေးမှုနဲ့ တကယ်ပဲ မထိုက်တန်ပါဘူး…”

သူ၏လေသံက အနည်းငယ် မာထန်ထန် ဖြစ်နေသည်။ သူက ထိုကဲ့သို့ တောင်းပန်သော စကားလုံးများကို မပြောခဲ့ဖူးသည်မှာ သိသာ၏။

မုန့်ချီက ရယ်လိုက်သည်။

“ဘာလို့ အဲဒီလိုစကားတွေ ပြောနေသေးတာလဲ။ ကျွန်တော်တို့က သမားတော်ကျုံးနဲ့ ရင်းနှီးခွင့်ရနေတာ ကံကောင်းနေပါပြီ။ သိုင်းလောကမှာ သွားလာနေတဲ့အချိန် ဘယ်သူကရော မဆင်မခြင် မလုပ်မိလို့လဲ။ ကျွန်တော်က သမားတော်ကျုံးရဲ့ မိတ်ဆွေဆိုတာ သိသွားရင် တခြားလူတွေကလည်း ကျွန်တော်တို့ကို အားကျနေမှာပါပဲ…”

သူကတော့ ထိုအဖြစ်အပျက်ကို အခွင့်ကောင်းယူပြီး သူတို့၏ ရင်းနှီးမှုကို တိုးတက်အောင် လုပ်ဆောင်နေသည်။

သို့သော် သူ့စကားများကြောင့် ကျုံးတိုင်ပင်က စိတ်ရှုပ်သွားပုံ မရချေ။ ကျုံးတိုင်ပင်က ချောင်းဟန့်လိုက်ပြီး မုန့်ချီ၏စကားကို အလွန်ကျေနပ်နေပုံရ၏။

“သခင်လေးစု …၊ သူရဲကောင်းချီ …

ကျွန်တော့်မှာ သခင်လေးတို့ (၂)ယောက်လို မိတ်ဆွေကောင်းတွေရှိတာ တကယ်ပဲ ကံကောင်းတာပါ။ တကယ်လို့ နောက်ပိုင်း အကူအညီလိုရင် အချိန်မရွေးပြောပါ…”

သူက သက်ပြင်းချလိုက်သည်။

“ကျွန်တော်က သက်လတ်ပိုင်းအရွယ်မှာ အဖေတစ်ယောက် ဖြစ်လာတယ်။ ပြီးတော့ ကျွန်တော့်ဆီမှာ ဒီလိုကျေးဇူးမသိတတ်တဲ့ သားတစ်ယောက် ရှိလာတယ်။ တကယ်လို့ ကျွန်တော်က သူနဲ့အရမ်းကြီး ဝေးကွာသွားမယ်ဆိုရင်လည်း သူ့အတွက် အရမ်းကြီး စိုးရိမ်နေရလိမ့်မယ်။ ပြီးတော့ ကျွန်တော်က သူ့ကို ဓမ္မကာရအဆင့်ထိ ရောက်ဖို့လည်း မျှော်လင့်မထားပါဘူး။ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်ဖြစ်ရင် လုံလောက်ပါပြီ။ ဒါကြောင့် သူက လန်းယာ့မှာရှိတဲ့ ရွမ်မိသားစုဆီကို သွားလို့ ရနိုင်မလား…”

သူ၏ရွေးချယ်မှုက ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်း ဖြစ်သည်။ ကျုံးဝေက လန်းဟွမ်ကောင်းကင်တေးသွား (၁၂)သွယ်နှင့် ကောင်းကင်ဖျက်စီး မြေပြင်ပြောင်းလဲ တေးသံကို သင်ကြားရန် လုံးဝမဖြစ်နိုင်သော်လည်း ရွမ်မိသားစုထဲတွင် သူ လေ့လာ၍ ရနိုင်သော ဝေ့ကျင်းအဆင့် သိုင်းပညာများရှိသည်။

အထက်တန်းလွှာ မိသားစုတိုင်းက ရွမ်ယောင်ကွမ်းနှင့် ရွမ်ယုရှုတို့ ရခဲ့သော တုန်ဟွာစာအုပ်စိမ်းကို ရတနာအဖြစ် သတ်မှတ်ကြပါလိမ့်မည်။ ထို့ပြင် ရွမ်မိသားစုကလည်း ဝမ်မိသားစုကဲ့သို့ အင်အားကြီးမားသော မိသားစုတစ်ခုဖြစ်သည်။

အကယ်၍ ကျုံးဝေကသာ ထိုမိသားစုနှင့် ပတ်သက်ခွင့်ရမည်ဆိုလျှင် ချန်းချွမ်၌ ရှိနေသော သူတို့မိသားစု၏ အဆင့်အတန်းကလည်း မြင့်တက်ပြီး ခိုင်မာလာပါလိမ့်မည်။ တခြားသော အထက်တန်းလွှာ မိသားစုများနှင့် အစွမ်းထက်ဂိုဏ်းများက ကောင်းမွန်သော်လည်း သူတို့က အလွန်ဝေးကွာလွန်း၏။

“ရွမ်မိသားစုလား။ ပြဿနာမရှိပါဘူး…”

မုန့်ချီက စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ ရွမ်မိသားစုနှင့် ချီကျန်းဓားစံအိမ်တို့က သူ့အတွက် ပြဿနာအနည်းဆုံး ဖြစ်၏။

သူက တည်ငြိမ်စွာ ပြောလိုက်သည်။

“အထက်တန်းလွှာ မိသားစုထဲမှာ စည်းမျဉ်းတွေကတော့ အတင်းကြပ်ဆုံးပဲ။ ကျွန်တော့်ရဲ့ထောက်ခံချက်နဲ့ဆိုရင် ကျုံးဝေက ပြင်ပပညာရှင်တစ်ယောက် အလွယ်တကူ ဖြစ်လာနိုင်တယ်။ ဒါပေမယ့် သူက ဝေ့ကျင်းအဆင့် သိုင်းပညာတွေ၊ လေ့ကျင့်ရေးအရင်းအမြစ်တွေ လိုချင်တယ်ဆိုရင်တော့ ကျွန်တော် ကူညီပေးလို့မရဘူး။ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အရည်အချင်းအပေါ် မူတည်လိမ့်မယ်။ သူက မျှမျှတတ ဆက်ဆံခံရလိမ့်မယ်ဆိုတာတော့ ကျွန်တော် အာမခံနိုင်တယ်…”

“တကယ်လို့ သူသာ သေချာကြိုးစားမယ်ဆိုရင် ကောင်းမွန်တဲ့ ရလဒ်တွေ ရလာမှာပါ။ ရွမ်မိသားစုထဲမှာလည်း အသုံးမဝင်တဲ့ တပည့်တွေ ရှိနိုင်တာပဲ။ ဒါပေမယ့် သူတို့တွေက သိုင်းပညာတွေ၊ ဆေးရည်တွေကို သူတို့တွေအပေါ် သေချာပေါက် ဖြုန်းတီးမှာ မဟုတ်ဘူး။ ဒါက တခြားဂိုဏ်းတွေအတွက်လည်း အတူတူပဲ..”

မည်သို့ဖြစ်စေကာမူ ကျုံးဝေက မိသားစုသခင်၏ တရားဝင်သားတစ်ယောက် မဟုတ်သလို တခြားခေါင်းဆောင်များ၏ဆွေမျိုးလည်း မဟုတ်ချေ။

ကျုံးဝေကတော့ ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်ချက် ရှိနေပုံရသည်။ သူက ခေါင်းမော့ပြီး ပြောလိုက်၏။

“သခင်လေးစုရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ သူတို့က ကျွန်တော့်ကို မျှမျှတတ ဆက်ဆံမယ်ဆိုရင်တောင် ကျွန်တော်က ကျေနပ်ပါပြီ…”

“အတွေ့အကြုံမရှိသေးတော့ တော်တော်တက်ကြွနေတာပဲ…”

မုန့်ချီက စိတ်ထဲတွင် ရယ်လိုက်မိသည်။

သူ့အနားတွင် ရှိနေသော အစေခံမလေးက စုတ်တံနှင့် စာရွက်တစ်ရွက်ကို ပေးလိုက်၏။ သူ၏လက်ရေးက ဇာမဏီများ ပျံသန်းနေပြီး နဂါးများ ကခုန်နေသလို ထင်မှတ်ရသည်။ သူ့စာထဲတွင်တော့ ရွမ်ယုရှုနှင့် စီနီယာရွမ်တို့ကို နှုတ်ဆက်ကြောင်း အဓိက ရေးသားထားပြီး အဆုံးကျမှသာ ကျုံးဝေအတွက် ထောက်ခံပေးထားသည်။

သမားတော်ကျုံးက မြစ်အရှေ့ပိုင်းတွင် နာမည်ကျော် သမားတော်တစ်ယောက်ဖြစ်၏။ အကယ်၍ သူ၏အကျင့်စရိုက်ကြောင့်သာ မဟုတ်လျှင် သူ့သားကို အထက်တန်းလွှာ မိသားစုများနှင့် ဂိုဏ်းများက လက်ခံမည်မှာ အလွန်ရိုးရှင်းသော အရာတစ်ခု ဖြစ်ပါလိမ့်မည်။

ထိုအရာက ရွမ်မိသားစုအတွက်လည်း နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေတစ်ရပ် ဖြစ်သည်။ ထိုသို့ဆိုလျှင် သူ့အပေါ်သို့ တင်နေသော သူတို့မိသားစု၏ အခွင့်အရေးကိုလည်း ဖြုန်းတီးသလို မဖြစ်နိုင်တော့ချေ။

မုန့်ချီက သူ့မိတ်ဆွေများသာ သိသော လျှို့ဝှက်အမှတ်အသားကို ရေးလိုက်ပြီး စာကို ခေါက်လိုက်သည်။ ထို့နောက် စာကို စာအိတ်ထဲတွင် ထည့်လိုက်၏။ သူက ထိုစာကို ကျုံးတိုင်ပင်၏ လက်ထဲသို့ ပေးလိုက်သည်။

“သမားတော်ကျုံး လမ်းယာ့ကို ရောက်တဲ့အချိန်ကျရင် ဒီစာကို သခင်ကြီးရွမ်ဆီ ပေးလိုက်ပါ။ ပြီးတော့ သူတို့ရဲ့နေရာမှာ အစောင့်အကြပ်တွေ များတယ်ဆိုတော့ တံခါးစောင့်ကို လာဘ်ထိုးဖို့လည်း မမေ့ပါနဲ့…”

ရွမ်မိသားစု၏ အကြီးဆုံးသခင်ကြီးက ကျင်းအင်ပါယာတွင် မှူးမတ်တစ်ယောက် ဖြစ်ခဲ့ပြီး ဘုရင်၏လက်ဆွဲတော်ဟု နာမည်ကျော်ကြားသည်။ ပြောရမည်ဆိုလျှင် သူက တချိန်တုန်းက အမတ်ချုပ်ကြီးဖြစ်ခဲ့၏။

“ငါသိပါတယ်…”

ကျုံးတိုင်ပင်၏ မျက်နှာက နီရဲသွားသည်။ သူက တံခါးစောင့်ကို လာဘ်ထိုးရမည့်အကြောင်း စဉ်းစားမိသည့်အခါ အနည်းငယ် ဒေါသထွက်ပြီး ရှက်ရွံ့သလို ခံစားမိခဲ့၏။

“ဟူး… ဒီကောင်လေးကြောင့်သာ မဟုတ်ရင်…”

မုန့်ချီနှင့် ချီကျန်းရန်တို့က မတ်တပ်ရပ်ပြီး နှုတ်ဆက်စကားပြောလိုက်သည်။ ထိုအချိန်တွင် ဖန်းယွမ်ကျင်းကို သူတို့ကို ကြည့်ပြီး တိတ်တဆိတ် ပြောလိုက်၏။

“သခင်လေးသွမ့်က စိတ်နှစ်ခွရောဂါကို ခံစားနေရတယ်။ သူ လုပ်နေတဲ့အရာတွေကို သူကိုယ်တိုင်တောင် မသိရှာဘူး။ ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့…”

“စိတ်မပူပါနဲ့။ သွမ့်လွေက သနားကြင်နာတတ်တဲ့ လူတစ်ယောက်ပါ။ သူ့အတွက် မျှော်လင့်ချက်လည်း ရှိပါသေးတယ်…”

မုန့်ချီက အလေးအနက် ပြောလိုက်သည်။ အကယ်၍ သွမ့်လွေကိုသာ အမှန်တကယ် ကုသ၍ ရမည်ဆိုလျှင် သူက ပို၍အဆင်ပြေပါလိမ့်မည်။

“ကျေးဇူးတင်ပါတယ် သခင်လေးတို့….”

ဖန်းယွမ်ကျင်းက သူတို့ကို ဦးညွှတ်လိုက်သည်။

ကျုံးရဲတိုက်ထဲမှ ထွက်လာပြီးနောက် မုန့်ချီနှင့် ချီကျန်းရန်တို့က လမ်းထဲတွင် ဆက်တိုက် ချိုးကွေ့လာပြီး အပေါင်ဆိုင်တစ်ခုရှေ့တွင် ရပ်လိုက်သည်။ ချီကျန်းရန်က ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး စောင့်ကြည့်နေခဲ့သည်။

မုန့်ချီက သူ၏မျက်နှာကို အနည်းငယ် ပြောင်းလဲသွားပြီး အတွင်းထဲကို ဝင်သွားခဲ့၏။

“ဆိုင်ရှင် …

ကျုပ်က ပစ္စည်းတစ်ခု ပေါင်ချင်တယ်….”

မီးခိုးရောင်ဆံပင်နှင့် ဆိုင်ရှင်က သူ့ရှေ့တွင်ရှိနေသော ရွှေအိုးကို စစ်ဆေးပြီး ပြောလိုက်သည်။

“အဲဒါက ဘာလဲ”

“တံခါး (၇)ပေါက်အဆင့် နှလုံးသားတစ်ခု…”

မုန့်ချီက တိတ်တဆိတ် ပြန်ဖြေလိုက်၏။

ဆိုင်ရှင်က ခေါင်းမော့ကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။

“ကျုပ်က တံခါး(၉)ပေါက် အမျိုးအစားကိုပဲ လက်ခံတယ်….”

“ပြီးတော့ တံဆိပ်တစ်ခု”

မုန့်ချီက ထပ်ဖြည့်ပြောလိုက်ပြီး သူ၏အစိမ်းရောင်တံဆိပ်ကို ထုတ်ပြလိုက်သည်။ ထိုအစိမ်းရောင်တံဆိပ်ထဲသို့ ချီစွမ်းအင်များ ပို့လိုက်ရာ တံဆိပ်က အစိမ်းရောင် အလင်းတန်းများ တောက်ပလာခဲ့၏။

ဆိုင်ရှင်က ချက်ချင်းပင် မှင်တက်သွားပြီး ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဆိုင်အနောက်ဘက်ကို လိုက်ခဲ့ပါ…”

သွမ့်လွေ ထွက်ပြေးသွားသည့် လမ်းကြောင်းတွင် အမှား(၉)သွယ် သမားတော် ပါဝင်နေသည့်အတွက် သွမ့်လွေက ချန်းချွမ်တွင် ရှိနေဦးမည်ဟု မုန့်ချီက ယုံကြည်နေခဲ့သည်။ ထို့ကြောင့် သူက ယပ်တောင်(၆)လက်ကျောင်း၏ ဌာနချုပ်တွင် ရှိနေသော အထက်လူကြီးများကို အကူအညီတောင်းထားပြီး ထိုသတင်းကို ဤဆိုင်တွင် ပြန်ပို့ခိုင်ထားခြင်း ဖြစ်သည်။

ဆိုင်ရှင်က အနောက်ဖက်တွင် ရှိနေသော လျှို့ဝှက်အခန်းထဲသို့ ဝင်သွားပြီး စာတစ်စောင်ကို ထုတ်ယူလာခဲ့သည်။

“အစိမ်းရောင် လက်ပတ်စု.. ဒါက ဌာနချုပ်က ပြန်စာပါ…”

မုန့်ချီက စာကိုဖွင့်ကြည့်ပြီး သေချာဖတ်ကြည့်လိုက်သည်။ ထိုအရာကတော့ ဌာနချုပ်မှ အကြံပေးစာဖြစ်၏။

“မုန့်ချီ - လျှို့ဝှက်သတင်းပေးတစ်ယောက်…

မြောင်လင်ကို သွားခဲ့ပြီး ပဋိပက္ခအားလုံးရဲ့ အမှန်တရားကို ရှာဖွေနိုင်ခဲ့တယ်။ သူက လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းက လူတစ်ယောက်ကိုလည်း ဖမ်းမိခဲ့တယ်။ သူက ဒီတာဝန်မှာ တော်တော်လေးကို အကျိုးဆောင်နိုင်ခဲ့တယ်။ ဒီတော့ သူ့ကို (၃)လစာ လစာနဲ့ညီမျှတဲ့ ဆုလာဘ်တစ်ခု ပေးသနားလိုက်တယ်။ အပိုလက်ဆောင် ရရှိလာတဲ့ ဆုလာဘ်ကို ဆေးရည်၊ သန့်စင်လက်နက်နဲ့ နယ်မြေခံ ယပ်တောင်(၆)လက်ကျောင်းမှာရှိတဲ့ ဘယ်ပစ္စည်းကိုမဆို လဲလှယ်နိုင်တယ်။ အဲဒီအရာတွေကို စုဆောင်းထားပြီး လော့ရန်မှာ ဝေ့ကျင်းအဆင့် သိုင်းကျမ်းတစ်ခုကို လဲလှယ်လို့လည်း ရတယ်…”

စာထဲတွင် တုန်းရန်စံအိမ်ထဲ၌ သူရခဲ့သည့်အရာများကိုတော့ ထည့်မပြောခဲ့ပေ။ မည်သို့ဖြစ်စေကာမူ ထိုအရာက ယပ်တောင်(၆)လက်ကျောင်း၏ ရှာဖွေရေးတာဝန်တစ်ခု မဟုတ်ချေ။ ထိုအရာက မြောင်လင်တွင် ရှိနေသော ပဋိပက္ခများကို စုံစမ်းနေစဉ် သူကြုံခဲ့ရသော အရာတစ်ခုသာဖြစ်သည်။

ထိုကဲ့သို့ အလွန်ရှားပါးပြီး ကန့်သတ်ထားသော နယ်မြေများသို့ သွားရောက်ရှာဖွေသည့်အချိန်တွင် လျှို့ဝှက်သတင်းပေးများက သူတို့၏ သစ္စာဖောက်မှု၊ စည်းကမ်းဖောက်ဖျက်မှုများ အတွက်သာ ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးတတ်သည်။

စွန့်စားခန်းတွင် သူတို့ရရှိခဲ့သော အရာများကိုတော့ ယပ်တောင်(၆)လက်ကျောင်းက မမြင်ချင်ယောင်ဆောင်ထားပြီး သူတို့ကို လှုံ့ဆော်နိုင်သောအရာများ အဖြစ်သာ သတ်မှတ်ထားခဲ့သည်။ သူတို့ ခိုင်းစေသော တာဝန်များတွင်ပင် ယပ်တောင်(၆)လက်ကျောင်းက သူတို့ကို ဝေစုအနေနှင့် ပြန်ပေးပြီး သူတို့၏ ဝေစုအနည်းငယ်ကိုသာယူပြီး ကျန်ရှိနေသည့် အရာများကိုတော့ ဆုလာဘ်အဖြစ် ပေးတတ်ကြသည်။

သူတို့က မုန့်ချီရရှိခဲ့သော အရာများကို ဝင်မရှုပ်ခဲ့ချေ။ ထို့ကြောင့်လည်း ယပ်တောင်(၆)လက်ကျောင်းမှ ပေးအပ်သောဆုလာဘ်က သာမန်သာဖြစ်ပြီး (၃)လစာ လစာနှင့် ညီမျှသော ပမာဏတစ်ခုသာဖြစ်သည်။ ထိုအရာက တခြားလူဆိုးထိန်းများကို မနာလို မဖြစ်စေနိုင်တော့ပေ။

“တခြားတာဝန်မရှိဘူးပဲ…”

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။

သူက ဆိုင်ရှင်ဆီမှ စာရွက်နှင့် စုတ်တံတစ်ချောင်းကို တောင်းပြီး နောက်ထပ် စာတစ်စောင် ရေးလိုက်သည်။ ထိုအရာကတော့ လွန်ခဲ့သော လပေါင်းများစွာအတွင်း ရှောင်လင်ကျောင်းတော်မှ နာမည်ကျော်ဘုန်းတော်ကြီးများစွာ၏ တည်နေရာကို စုံစမ်းရန် တောင်းဆိုခြင်းဖြစ်သည်။

သူက ကျောင်းဆောင်ထဲတွင် ရှိနေသော လူများနှင့် မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဘုန်းတော်ကြီးများ၏ အချက်အလက်ကိုပင် တောင်းဆိုခဲ့၏။ ထို့နောက် သူက ရယ်လိုက်မိသည်။

“ကျွန်တော်က ဒီတောင်းဆိုမှုအတွက် ကျွန်တော့ရဲ့ဆုလာဘ်ကို စွန့်လွှတ်မယ့်အပြင် နှစ်ဝက်စာ လစာ ခံစားခွင့်ကိုလဲ အဆုံးရှုံးခံပါ့မယ်…”

ထိုစာ၏ အဆုံးသတ်တွင်တော့ သူသွားမည့်လမ်းကြောင်းကို စဉ်းစားပြီး သူဆီသို့ ပြန်စာရောက်လာမည့် အချိန်ကို တွက်ချက်ကြည့်လိုက်သည်။ ထို့နောက် သူက သူ့ဆီကို စာပြန်ရမည့် မြို့နာမည်ကို ချရေးထားလိုက်ပြီး သူ၏ တံဆိပ်တုံးနှိပ်လိုက်၏။

ထိုလျှို့ဝှက်စာကို ပို့ဆောင်လိုက်ပြီးနောက် မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ သူက သွမ့်လွေ၏ နောက်သို့ လိုက်တော့မည့်အလား ချီကျန်းရန်နင့်အတူ ထွက်လာခဲ့သည်။

……………….

တိတိုင်းပြည်တစ်ခုလုံးတွင် ပထမဆုံး ကျဆင်းလာသည့် နှင်းများက နဂါးကျောက်တောင်တန်းတွင် အဆုံးသတ်သွားခဲ့သည်။ လမ်းမကြီးကတော့ မြို့အတွင်းထဲတွင်ပင် ရွံ့များ ရှိနေသေး၏။ ထိုလမ်းကြောင်းတွင် အဖြူရောင်နှင်းများ၊ အမည်းရောင်ရွံ့များနှင့် ပြည့်နှက်နေသည်။ ခြေထောက်အောက်တွင်တော့ ချော်သွားနိုင်သော နှင်းများနှင့် ခြေရာများ ရှိနေပြီး အဆုံးမဲ့ အေးစက်မှုများ ခံစားနေရ၏။

လမ်းဘေးတွင်တော့ လူပေါင်းများစွာ နားခိုနိုင်သော စားသောက်ဆိုင်တစ်ခု ရှိသည်။ ရေနွေးပူပူလေး တစ်ခွက်နှင့် ဘိန်းမုန့်(၂)ချပ်ကို စားလိုက်ရခြင်းက တခြားထူးခြားသည့် စားဖွယ်ရာများထက် ပို၍ ကောင်းမွန်နေသေးသည်။

ဆိုင်ရှင်က စားသောက်ဆိုင်တွင် ချိတ်ထားသော သစ်သားဆိုင်းဘုတ်ပေါ်တွင် နောက်ဆုံးသော လူငယ်မှတ်တမ်းကို ချိတ်လိုက်သည်။ ဖြတ်သွားဖြတ်လာများက ထိုစားသောက်ဆိုင်ရှေ့တွင် ရပ်လိုက်ကြ၏။ သူတို့က ရေနွေးသောက်နေရင်း ထိုမှတ်တမ်းများကို ဖတ်နေခဲ့သည်။ ထိုအရာက စားသောက်ဆိုင်အတွက်တော့ အလွန် အောင်မြင်သော နေ့တနေ့ဖြစ်၏။

“မြစ်အရှေ့ပိုင်းမှာ ကိစ္စကြီးတွေ ဖြစ်ပျက်သွားခဲ့တာလား….”

တာအိုသခင်ကဲ့သို့ လူတစ်ယောက်က ယခုမှတွေ့ရသော လူတစ်ယောက်ကို မေးလိုက်သည်။

အလွန်ကြယ်ဝချမ်းသာပုံရသော လူဝကြီးက ပြုံးလိုက်၏။

“ဟုတ်တယ် ။ မင်းက မှတ်တမ်းကို ကြည့်ရင် သိမှာပေါ့။ မိုင်တစ်ရာထိတ်လန့်ခြင်းက မြောင်လင်မှာ သေသွားခဲ့ပြီ။ ကြာပန်းသခင်ကလည်း ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်သွားပြီ။ အဲဒါတွေက အဓိက အဖြစ်အပျက်တွေ မဟုတ်ဘူးလား…”

ကျန်းဟန့်ချွန်ရဲ့အလောင်းက ဖျက်စီးခံလိုက်ရပြီး ခြေရာလက်ရာမကျန်ခဲ့ပေ။ ယပ်တောင်(၆)လက်ကျောင်း၏ တောင်းဆိုမှုကြောင့် ဝမ်ပုချီက စုစည်းရခဲ့သော အသွေးအသားများနှင့် ကျန်းဟန်ချွန်၏ ကံတရားကို တွက်ချက် ကြည့်လိုက်ရာ သူ၏သေဆုံးမှုက သေချာသွားခဲ့သည်။ သို့သော် လူသတ်သမားက မည်သူဖြစ်ကြောင်း မသိခဲ့ပေ။

“ထိပ်ဆုံး(၁၀)ယောက်ထဲမှာရှိတဲ့ ပညာရှင်တွေကတောင် သေသွားခဲ့တာပဲ…”

တာအိုသခင်က စာရင်းကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးက အောက်သို့ ရောက်လာသည့် အချိန်တွင် မရင်းနှီးသော နာမည်တစ်ခုကို မြင်လိုက်ရ၏။

“နာမည် - ချီကျန်းရန်

သိုင်းပညာ - တံခါး(၇)ပေါက်အဆင့် ၊ နေဝင်ဆည်းဆာဓားသိုင်းနှင့် ရေလှိုင်းပေါ်က တောက်ပခြင်းလ ဓားသိုင်းပညာတို့ကို လေ့ကျင့်ထားတယ်။ ခရီးသွားနေရင်း ရှေးဟောင်းပြိုင်ဖက်ကင်း နတ်ဘုရား သိုင်းပညာတစ်ခုရဲ့ အနှစ်သာရတစ်ခုကို ရရှိထားတယ်။ ထူးခြားတဲ့ချီစွမ်းအားတစ်ခုကို လေ့ကျင့်ထားနိုင်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့်မှာ ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို လှုံ့ဆော်ျနိုင်တယ်။ တိမ်တိုက်တွေကို ပျံ့နှံ့လာစေပြီး မြူခိုးတွေ ဖြစ်ပေါ်လာစေနိုင်တယ်။ အစွမ်းထက်တဲ့ ရေခဲစွမ်းအားတွေနဲ့ ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုကို ပိုင်ဆိုင်ထားတယ်။

တိုက်ပွဲမှတ်တမ်း - ကျန်းစီရင်စုထဲမှာရှိတဲ့ ချမ်းချွမ်မှာ တိမ်တိုက်နဂါး ဖန်းပိုင်ကို အလွယ်တကူ အနိုင်ရခဲ့တယ်။

အဆင့် - (၂၆)

နာမည် - ကျဆင်းမကောင်းဆိုးဝါး

အဆင့်အတန်း - ဟွမ်ဟွာဓားဂိုဏ်းမှ တပည့်တစ်ယောက်..”

“ဉာဏ်အလင်းပွင့်မှု အဆင့်မှာ ကမ္ဘာမြေကြီးရဲ့ စွမ်းအားတွေကို သုံးနိုင်တယ်။ ဒါကြောင့်လည်း သူက တိုက်ပွဲတစ်ပွဲတည်းနဲ့ အဆင့်(၂၆) ရောက်လာခဲ့တာပဲ….

ထိုလူက အလွန်အံ့ဩသွားခဲ့သည်။

ထို့နောက် သူ၏မျက်နှာပေါ်တွင် နားမလည်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“ဘာလို့ ဖော်ပြချက်က ဝိုးတဝါး ဖြစ်နေရတာလဲ။ တိမ်တိုက်တွေကို ဖြန့်ကျက်နိုင်ပြီး မြူခိုးတွေကို ပေါ်လာစေနိုင်တာလား။ ဒီစာရင်းက တိတိကျကျ ထုတ်ပြန်တာ မဟုတ်ဘူးလား။ ဘာလို့ သူတို့က ဒီလိုအရာမျိုးကိုပဲ ချရေးထားရတာလဲ။ သူ့ရဲ့ သတ်ဖြတ်ရေးသိုင်းကွက်က ဘာလဲ…”

သူကတော့ ကျန်းဟန်ချွန်၏ သေဆုံးမှုကို ဆက်၍ အလေးမထားတော့ပေ။ သူက အပေါ်သို့ လျင်မြန်စွာ မော့ကြည့်လိုက်ရာ အမှန်တရားဓား ဝမ်ကိုက်က အဆင့်(၁၉)တွင် ရောက်နေပြီး အင်ပါယာဓား(၅)သွယ်ချင်ယုက အဆင့် (၁၂)သို့ မြင့်တက်လာကြောင်း တွေ့လိုက်ရသည်။

“ချင်ယု ၊ အင်ပါယာဓား(၅)သွယ်၊ ကောင်းကင်အင်ပါယာ အချိန်ဖျက်စီးခြင်း သိုင်းကွက်ကို နားလည်ထားတယ်။ ဒါကြောင့်ပဲ သူက အဆင့်(၁၂)မှာ ရောက်နေတာပဲ…”

လူဝကြီးက ပြန်ဖြေလိုက်သည်။

တာအိုသခင်က ခေါင်းညိတ်ပြလိုက်၏။

“ဒီလိုဆိုရင်တော့ သူက တကယ်ပဲ အဲဒီအဆင့်နဲ့ ထိုက်တန်ပါတယ်…”

“ဟမ်… သူ့ရဲ့ဖော်ပြချက်ကျတော့ ဘာလို့ ဒီလောက်တောင် အသေးစိတ် ကျနေရတာလဲ…”

သူ၏ကောင်းကင်အင်ပါယာ အချိန်ဖျက်စီးခြင်း သိုင်းကွက်နှင့် ကမ္ဘာမြေလောင်ကျွမ်းခြင်း မီးတောက်အင်ပါယာ သိုင်းကွက်တို့ကိုတော့ အသေးစိတ် ဖော်ပြထားသည်။ ထိုအရာက ချီကျန်းရန်နှင့် ယှဉ်လိုက်လျှင် အတော်လေးကို သိသာ ထင်ရှားနေ၏။

အပေါ်သို့ ဆက်ကြည့်လိုက်သည့်အချိန်တွင် သူက ပို၍လျင်မြန်စွာ တိုးတက်လာသော နာမည်တစ်ခုကို တွေ့လိုက်ရသည်။

“သူ.. သူက ဘယ်လိုဖြစ်ပြီး တခဏအတွင်း အဆင့်မြင့်လာရတာလဲ..”

“နာမည် - စုမုန့် (ယခင်ဓမ္မနာမည် - ကျန်းတင်)

သိုင်းပညာ - တံခါး(၇)ပေါက်အဆင့် ၊ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်အဆင့် မသိရသေး။ အလားတူ ခန္ဓာကိုယ်ကျင့်စဉ်တစ်ခု လေ့ကျင့်ထားပုံရတယ်။ အစွမ်းထက်တဲ့ စိတ်ဝိညာဉ်နဲ့ ကြောက်စရာကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတယ်။ ဘယ်လက်မှာ ဓားရှည်ကိုသုံးပြီး ညာလက်မှာ ဓားမောက်ကို သုံးတယ်.။ ဓားရှည်သိုင်းပညာကို ကျွမ်းကျင်ပြီး အနီးကပ်တိုက်ခိုက်မှုကို အလေးသာတယ်။ ကောင်းကင်နတ်သမီးတစ်ပါးလို လှပတဲ့ ဓားသိုင်းပညာတစ်ခုကိုလည်း တတ်မြောက်ထားတယ်။ သူ့ရဲ့ဓားမောက်သိုင်းပညာကတော့ အနတ္တကျိန်စာဖျက် သိုင်းပညာရဲ့ ပထမသိုင်းကွက်နဲ့ ဒုတိယ သိုင်းကွက်တွေပဲ…”

“သူက သွေးအဆီအနှစ်ကို မသုံးဘဲ အဲဒီအရာတွေကို ဆက်တိုက် အသုံးပြုနိုင်တယ်။ လက်ထဲမှာကိုင်ထားတဲ့ အဖိုးတန်လက်နက်နဲ့ ဝေ့ကျင်းအဆင့် မိုးကြိုးစွမ်းအင်တစ်မျိုးကို ထုတ်သုံးနိုင်တယ်။ အစွမ်းကုန်သုံးလိုက်မယ်ဆိုရင် ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်လို တိုက်ခိုက်မှုမျိုး လုပ်ဆောင်နိုင်တယ်။ ဓားမောက်တာအို အနှစ်သာရတွေကို အောင်အောင်မြင်မြင်နားလည်ထားပြီး ထိပ်တန်းပညာရှင်တစ်ယောက်နဲ့ ယှဉ်ဖို့ အရည်အချင်းမှီတယ်။ သူ့မှာ မိုးကြိုးဆင့်ခေါ် သိုင်းကွက်တစ်ခု ရှိတယ်..”

“တိုက်ပွဲမှတ်တမ်း - ခေါင်းဖြူလင်းတ အန်ကုံရှဲ့ကို သတ်ပစ်နိုင်ခဲ့တယ်။ မီးခိုးရောင် ကျောက်စိမ်းလက် ယွမ်မုန်ကျိကို ကောင်းကင်မိုးကြိုးနဲ့ သတ်ပစ်နိုင်ခဲ့တယ်။ မကောင်းဆိုးဝါးတောင်ကြားကို ရှင်းပစ်နိုင်ခဲ့တယ်။ လေလွင့်ရာမ ယုဝမ်တောင်ကို ဖယ်ရှားနိုင်ခဲ့တယ်။ ယဲ့တူမှာ ရှိတဲ့ လေ့ကျင့်ရေးကွင်းထဲမှာ အမှန်တရားဓား ဝမ်ကိုက်ကို အနိုင်ရခဲ့တယ်။ ကျန်းဟန်ချွန်နဲ့ ပန်းကြည့်မျှော်စင်မှာ တိုက်ခိုက်ခဲ့ပြီး သူ့ကို သတ်ချင်နေတဲ့ မိုင်တစ်ရာထိတ်လန့်ခြင်း ကျန်းဟန်ချွန်ရဲ့ လက်ထဲကနေ အောင်အောင်မြင်မြင် လွတ်မြောက်လာနိုင်ခဲ့တယ်။ ကျန်းစီရင်စု မြောင်လင်က တုန်းရန်စံအိမ်ထဲမှာ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်ကို ခုခံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကျန်းစီရင်စုထဲက ချန်းချွမ်မြို့ လမ်းမပေါ်မှာ အင်ပါယာဓား(၅)သွယ် ချင်ယုကို ကပ်သီလေး အနိုင်ရခဲ့တယ်..”

“အဆင့် - (၁၁)

သိုင်းလောကနာမည် - သတ်ဖြတ်ရေးဓား၊ မဆင်မခြင်ကိုယ်တော်၊ မိုးကြိုးဓား ဒေါသကိုယ်တော်၊

အဆင့်အတန်း - ရှောင်လင်ကျောင်းတော်မှ စွန့်ပစ်ခံတပည့်။ သိုင်းလောက ဓားသမားတစ်ယောက်..”

“ဝေ့ကျင်းအဆင့်ကို ရောက်ခါနီးနေတဲ့ သိုင်းပညာတစ်ခု၊ ဓားမောက်သိုင်းပညာက ထိပ်တန်းသခင်တစ်ယောက်ကို ပြိုင်ဖို့ အရည်အချင်းမီတယ်…”

တာအိုသခင်က အလွန်ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်နေမိသည်။

ထိုအချိန်တွင် မြင်းခွာသံများကို ကြားလိုက်ရသည့်အတွက် ပြန်လှည့်ကြည့်လိုက်ရာ လူတစ်ယောက်က မြင်းစီးလာနေကြောင်း တွေ့လိုက်ရ၏။ ထိုလူကို ကြည့်လိုက်လျှင် သာမန်သာဖြစ်သော်လည်း သေချာအနီးကပ် ကြည့်လိုက်မည်ဆိုလျှင်တော့ အနည်းငယ် ချောမောခန့်ညားသည်။

ထိုလူငယ်က နှင်းများ ချော်နေသော လမ်းမပေါ်တွင် မြင်းကို အရှိန်နှင့် စီးလာခဲ့၏။ သူ၏မျက်နှာက တည်ငြိမ်နေပြီး အလျင်လိုနေပုံရသည်။ နှင်းများ ဖုံးလွှမ်းနေသော အစိမ်းရောင်တောင်ကုန်းကြီးအောက်တွင် မြင်းပေါ်၌ ရှိနေသော လူကတော့ တိုက်ခိုက်လာသော လေလှိုင်းတစ်ခုကဲ့သို့ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့၏။

Translated by Hein Htet

All Chapters