အခန်း (၃၃၉)
Vol. 23 Ch. 339
မတ်စောက်သော ချောက်ကမ်းပါးကြီး၏ ဘယ်ဘက်အခြမ်းတွင် မြူခိုးများ ဝေနေသော ချိုင့်ဝှမ်းတစ်ခုရှိနေပြီး အောက်ခြေကို မမြင်ရပေ။ သာမန်လူတစ်ယောက်ကသာ ထိုကဲ့သို့သော လမ်းမပေါ်တွင် လမ်းလျှောက်ရမည်ဆိုလျှင် တော်တော်လေး ခက်ခဲနိုင်သည်။
ထိုလမ်း၏ တစ်စိတ်တစ်ပိုင်းက ပျက်စီးနေပြီး လေပေါ်ပျံသန်းသွားမှသာ အဆင်ပြေနိုင်ပါလိမ့်မည်။ သူတို့က နောက်ပြန်ဆုတ်ချင်နေသည်ဆိုလျှင် တခြားပြန်ပြူးသည့် လမ်းတစ်ခုမှ သွားရန် လိုအပ်သည်။ မည်သို့ဖြစ်စေကာမူ မည်သူကမျှ ဆောင်းရာသီ ညအချိန်တွင် မတ်စောက်သော တောင်မြင့်ကြီးပေါ်သို့ တက်လာကြလိမ့်မည် မဟုတ်ချေ။
အနည်းငယ် ခြေချော်သွားသည်နှင့် မတော်တဆ ပြုတ်ကျနိုင်ပြီး အရိုးများ ကျိုးသွားနိုင်၏။ အကယ်၍ သူတို့အတွက် အချိန်ပေးရမည်ဆိုလျှင်ပင် ကိစ္စမရှိချေ။
တူညီသော လမ်းပေါင်းများစွာကို ဖြတ်ကျော်လာပြီးနောက် မုန့်ချီနှင့် တခြားသူရဲကောင်းများက နဂါးကျောက်တောင်တန်း၏ အပြင်ဘက်သို့ ထွက်လာနိုင်ခဲ့သည်။
ထို့နောက် သူတို့က ချင်ကျိုးပြည်နယ်ထဲသို့ ဝင်ရောက်လာနိုင်ခဲ့၏။ ထိုအချိန်ကျမှသာ မိုးကုတ်စက်ဝိုင်းဆီမှနေ၍ လိမ္မော်ရောင်အလင်းတန်းများ စတင်ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ကောင်းကင်ကြီးက တဖြည်းဖြည်း တောက်ပလာပြီး ရွှေရောင်အလင်းတန်းများ ဖြာကျလာခဲ့၏။
မုန့်ချီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ လက်ရှိအချိန်တွင် မည်သူကမျှ မမှတ်မိသည့်အတွက် သူက ယာယီလုံခြုံနေသည်။ စွမ်းအားပြန်ဖြည့်ဆေး၏ အကူအညီနှင့် သူ့ဒဏ်ရာကလည်း ပြန်ကောင်းနေပြီ ဖြစ်၏။
စွန့်လွှတ်ခြင်းကျင့်စဉ်ကြောင့် ခေါင်းကိုက်ခြင်းနှင့် အားနည်းမှုများကပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ဒဏ်ရာများ၏ သက်ရောက်မှုကို မခံရတော့ပေ။ သို့သော် ပျက်စီးသွားသော ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကတော့ နေ့ဝက်ခန့် ပြန်လည်ကုသရန် လိုအပ်နေသေးသည်။ သို့သော် ထိုအရာက မုန့်ချီကို သက်ရောက်စေနိုင်ခြင်း မရှိပေ။
သူ၏ စွမ်းအားနှင့် အရှိန်အဝါ (၂) ခုလုံးက အမြင့်ဆုံးကို ပြန်ရောက်နေပြီး သူက ကြောက်စရာကောင်းသော တိုက်ပွဲထဲမှ အခြေအနေကို ပြန်ရောက်နေခဲ့သည်။ ထိုအရာက စွမ်းအားနှင့် စိတ်ပိုင်းဆိုင်ရာ တစ်ဝက်ဆီ ယှဉ်ပြိုင်ခဲ့ရသော တိုက်ပွဲတစ်ခု ဖြစ်၏။
ထို့ပြင် သူ၏သိုင်းပညာက တိုးတက်လာသည့်အတွက် သူက ဓားမောက်ပညာနှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်နိုင်ခဲ့သည်။ ယခုတော့ ချီစွမ်းအင်များက အသွင်ပြောင်း(၇၂) မျိုးကျင့်စဉ်၏ ပါးစပ်တံခါးကိုဖွင့်ရန် လုံလောက်နေပြီ ဖြစ်သည်။ သူ၏အတွင်းကမ္ဘာကြီးကလည်း မျှခြေရောက်နေပြီး အန္တရာယ်များကို ရှောင်ရှားရန် ပို၍ကောင်းမွန်သော စွမ်းရည်တစ်ခု ဖြစ်နေသည်။
ထို့ပြင် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်က လေ့ကျင့်ရာမှ သန့်စင်ပေးနိုင်သော ပြိုင်ဘက်ကင်း သိုင်းပညာတစ်ခု ဖြစ်သည်။ အကယ်၍ ထိုအရာကိုသာ ဆက်၍ လေ့ကျင့်နေမည်ဆိုလျှင် စွမ်းအားက နှိုင်းယှဉ်၍ မရနိုင်ပေ။ သူ၏ အကာအကွယ်ကလည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် နှင့် ပြိုင်ဘက်ကင်း မိုးကြိုးခန္ဓာထက်ပင် ပို၍ကောင်းမွန်နေသေးသည်။
ထို့ကြောင့် အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို လေ့ကျင့်ထားသော တံခါး(၇)ပေါက်အဆင့် ပညာရှင်တစ်ယောက်က ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်ထားသော တံခါး (၇)ပေါက်အဆင့် ပညာရှင်ထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။
ထိုကဲ့သို့ လေ့ကျင့်လိုက်မည်ဆိုလျှင် တံခါး (၉) ပေါက်အဆင့်တွင် အစွမ်းထက်သော လက်နက်များနှင့် တိုက်ခိုက်ခံရမည်ဆိုလျှင်ပင် သူ့ကို ထိခိုက်အောင်လုပ်ရန် ခက်ခဲနိုင်သည်။
မုန့်ချီ၏ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ် လေ့ကျင့်မှုက သူထင်ထားသည်ထက် အဆပေါင်းများစွာ ပို၍လျင်မြန်နေခဲ့၏။ ထိုအရာများက သူ ဖွင့်ထားသော သွေးကြောမှတ်များ ၊ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် စုစည်းထားသော ချီစွမ်းအင်များကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ကြောင့် သူက တစ်ဝက်လောက် ကြိုးစားအားထုတ်လိုက်ရုံနှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို တတ်မြောက်နိုင်ခြင်း ဖြစ်သည်။ သူက အနည်းငယ်လေးသာ ကြိုးစားအားထုတ်ခဲ့ရ၏။
ထို့ပြင် သူက ကိုယ့်ကိုယ်ကိုယ် ဆက်တိုက် ပြုပြင်ပြောင်းလဲနေပြီး တိုက်ပွဲများစွာမှ အတွေ့အကြုံများ ရရှိခဲ့သည်။ ထို့ကြောင့် သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လိုက်မီလာခြင်းလည်း ဖြစ်သည်။
မူလတုန်းကတော့ မုန့်ချီကလည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို လေ့ကျင့်နေရင်း တံခါး(၈)ပေါက်နှင့် ပတ်သက်သည့် သွေးကြောမှတ်များကို စုစည်းပြီးသွားလျှင် အန္တရာယ်များသော တိုက်ပွဲတစ်ခု တိုက်ခိုက်၍ အဆင့်တက်ရမည် ဖြစ်သည်။
သူလုပ်ရန် လိုအပ်နေခဲ့သည်မှာ ပြင်ပတိုက်ပွဲများ၏ အကူအညီနှင့် သွေးကြောများကို ဖွင့်လှစ်ပြီး အတွင်းပိုင်းထဲတွင် ရှိနေသော ချီစွမ်းအင်များကို သန့်စင်ခြင်းသာ ဖြစ်သည်။ သို့သော် သူ့ဆီတွင် ဆိုးရွားသော အုတ်မြစ်ရှိနေခဲ့သည့်အတွက် ထိုအရာကို လုပ်ဆောင်နိုင်ခြင်း မရှိသည်မှာ ကံဆိုးသွားခဲ့သည်။
သို့သော် ယခုတော့ သူက အကျိုးမြတ်များစွာ ရလာခဲ့၏။ (၃) လအတွင်း သူက တံခါး(၈) ပေါက် သေချာပေါက် ပွင့်လာပါလိမ့်မည်။ ထိုသို့ဆိုလျှင် အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကလည်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို မီလာနိုင်ပြီး တံခါး (၈)ပေါက်အဆင့်ကို လေ့ကျင့်နေသည့်အချိန်တွင် တံခါး (၉)ပေါက် ဖွင့်နိုင်သည် ကနဦး အခြေအနေများကို လေ့ကျင့်၍ရနိုင်သည်။
ထိုအရာကို ပင်မလေ့ကျင့်မှုအဖြစ် အာရုံစိုက်ရန် မလိုတော့ပေ။ ထို့ကြောင့် မုန့်ချီက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ နောက်ဆုံးအဆင့်ကို လဲလှယ်ရန် မလိုအပ်တော့ပေ။
ယခုအချိန်တွင် ကံကြမ္မာအမှတ် အလုံအလောက် စုစည်းပြီး အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်၏ ဝေ့ကျင်းအဆင့် ကျင့်စဉ်ကိုသာ လဲလှယ်ရန် လိုအပ်တော့သည်။ ကံကြမ္မာအမှတ် (၁)သောင်းကို စဉ်းစားမိသည့်အခါ သူလည်း အတော်လေး ခေါင်းကိုက်နေခဲ့၏။
အနီးအနားတွင် ရှိနေသော မြို့သို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက အဖွဲ့ထဲမှ တိတ်တဆိတ် ခွဲထွက်လာခဲ့သည်။ သူက ရုပ်ရည်ကို ပြောင်းလဲပြီး ယပ်တောင် (၆)လက်ကျောင်း၏ လျှို့ဝှက်ဆုံမှတ်ဆီသို့ ထွက်သွားခဲ့၏။ ထိုနေရာတွင် သူက သူတို့နှင့် လာတွေ့မည်ဟု သဘောတူထားခဲ့သည်။
မုန့်ချီက ယပ်တောင် (၆) လက်ကျောင်းပေးခဲ့သော အချက်အလက်များကို ဖတ်ကြည့်ပြီး တစ်ယောက်တည်း စဉ်းစားနေမိ၏။
"အဲဒီအချိန်တုန်းက မြစ်အရှေ့ပိုင်းမှာ ဝေကျင်းအဆင့်နဲ့ အထက်ကို ရောက်နေတဲ့ ရှောင်လင်အကြီးအကဲတွေ ၊ တိုက်အုပ်ကိုယ်တော်တွေ တစ်ယောက်မှ မရှိဘူး..။ ပြီးတော့ ရှောင်လင်ကနေ ထွက်သွားတာ အတော်လေး ကြာနေတဲ့သူတွေကလွဲရင် မကြာခင် အတောအတွင်း ကျောင်းတော်ကနေ ထွက်သွားတဲ့သူ တစ်ယောက်မှမရှိဘူး... "
အကယ်၍ ထိုအရာကသာ ယုံကြည်ရသော သတင်းတစ်ခုအဖြစ် သတ်မှတ်နိုင်မည် ဆိုလျှင် စုံစမ်းရန် ခက်ခဲနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကြေးနီလူသားလမ်းကြောင်းကို ဖြတ်ကျော်သွားနိုင်သော ရှောင်လင်ကျောင်းတော်မှ ရွှမ်မျိုးဆက် ပညာရှင်များက အလွန်များပြားလွန်းလှ၏။
………………
"အပြာဝတ်ပညာရှင်က ဘယ်ကိုထွက်သွားခဲ့တာလဲ... "
ကျန်းချင်က သံသယများ ပြည့်နှက်နေသည်။ သူ့မိသားစုကတော့ နဂါးကျောက်တောင်တန်း၏ အရှေ့ဘက်တွင် နေထိုင်သော အထက်တန်းလွှာ မိသားစုတစ်ခု ဖြစ်သည်။
သူက ဤနေရာအတွင်း ကုန်သည်များနှင့် မကြာခဏ စီးပွားရေး လုပ်တတ်သည့် အတွက် နယ်မြေခံနှင့် အတော်လေး ရင်းနှီးနေသည်။ သို့သော် သေချာရှာဖွေလိုက်ပြီးနောက် အပြာဝတ်ပညာရှင်၏ ခြေရာလက်ရာကိုပင် မတွေ့ခဲ့ပေ။
"သူက တိတ်တဆိတ် ရှောင်သွားတာများလား..။ ဒါမှမဟုတ် အရိပ်ရေခဲလက်ဝါးနဲ့ တခြားလူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ထိုးဖောက်ပြီး နဂါးကျောက်တောင်တန်းရဲ့ အတွင်းပိုင်းထဲမှာ ပုန်းနေတာများလား... "
ကွေဟောင်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
"မင်းတို့ရှာနေတဲ့သူက အပြာဝတ်ပညာရှင် မဖြစ်နိုင်ဘူး... ။ သူက ဟန်ဆောင်ထားတာ ဖြစ်နိုင်တယ်... "
"ဒါဆိုရင် သူက နာမည်ကျော်ပညာရှင်တစ်ယောက်လို့ ပြောချင်တာလား... "
"အဲဒါအဓိပ္ပါယ်ရှိတယ်..။ အဲဒီလို အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက်က အကြောင်းပြချက်မရှိ ပေါ်လာမှာ မဟုတ်ဘူး..။ သူက ရွှေရောင်အခွင့်အရေးတစ်ခု ဒါမှမဟုတ် စွန့်စားခန်းတစ်ခုမရဘဲ ထွက်လာမှာမဟုတ်ဘူး... "
ကျန်းချင်က ရုတ်တရက် နားလည်သွားသည်။
"သခင်လေးကွေ …
သူက ဘယ်သူလို့ထင်လဲ... "
သူက ခဏကြာ တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"ဓားမောက်ဒဏ်ရာ၊ ဓားရှည်ဒဏ်ရာနဲ့ မိုးကြိုးအမှတ်အသားတွေ .. မင်းတို့က တစ်ယောက်ယောက်ကို မစဉ်းစားမိကြဘူးလား... "
"မင်းပြောချင်တာ သတ်ဖြတ်ရေးဓား စုမုန့်လား... "
ကျန်းချင်က ရုတ်တရက် နားလည်သွားခဲ့သည်။ သူက စကားပြောရန်ပင် အလွန်ထိတ်လန့်သွားခဲ့၏။
ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များ၏ နောက်ကြောင်းကို သိချင်နေသော လူအများစုကလည်း လူငယ်မှတ်တမ်းထဲမှ ပညာရှင်များအကြောင်းကို စဉ်းစားနေကြသည်။ စုမုန့်က အဆင့် (၁၁) တွင် ရှိနေပြီး ဓားရှည်နှင့် ဓားမောက် (၂)ခုလုံးကို အသုံးချနိုင်သည်။ သူက လောကတခွင်လုံး ကျော်ကြားနေသည့်အတွက် သူ့အကြောင်းကို စဉ်းစားမိရန် မခက်ပေ။
"သူက မှတ်တမ်းမှာ အဆင့် (၁၁)ပဲ ရှိသေးတယ် မဟုတ်လား..။ အရိပ်ရေခဲလက်ဝါး၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ဆိုရင် ထိပ်ဆုံး (၅) ယောက်ကပဲ အဲဒီလိုမျိုး လုပ်နိုင်ကြတယ်... "
ကျန်းချင်ကတော့ ထိုအရာကို မယုံကြည်နိုင်ခဲ့ပေ။
ထိုမေးခွန်းတွေနှင့် ပတ်သက်ပြီး ကွေဟောင်ကလည်း ခဏကြာ စဉ်းစားနေခဲ့၏။ သို့သော် သူကလည်း အဖြေမရှာနိုင်ခဲ့ပေ။ သူက ဝေဝါးစွာ ပြောလိုက်ရ၏။
"သတ်ဖြတ်ရေးဓားစုမုန့်က ရှောင်လင်တပည့် တစ်ယောက်ဖြစ်ခဲ့တာကို မေ့နေတာလား..။ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အောင်အောင်မြင်မြင် လေ့ကျင့်ထားတယ်လေ..။ ပြီးတော့ သူက အလားတူစွမ်းရည် တစ်ခုကိုလည်း လေ့ကျင့်ထားသေးတယ်လို့ ပြောကြတယ်..။ ဒါကြောင့် သူက တခြားလူကို ထိခိုက်အောင် လုပ်နိုင်ပေမယ့် သူကိုယ်တိုင် ထိခိုက်မှုနည်းတဲ့အတွက် တိုက်ခိုက်တဲ့အချိန်မှာ သူ့အတွက် အခွင့်အရေးတစ်ခုရှိတယ်... "
ကျန်းချင်က ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက ကျိုးကြောင်းဆီလျော်မှုရှိကြောင်း တွေ့လိုက်ရ၏။
"ဒါပေမယ့် ဒီအတိုင်းသာဆိုရင် သူက ထိပ်ဆုံး (၁၀) ယောက်ထဲရောက်ဖို့ ထိုက်တန်တယ်... "
ကွေဟောင်က အတော်လေး အားကျနေခဲ့၏။ သူကတော့ ပင်ကျင်း ကွေကလန်ထဲတွင် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး အလွန်ထူးခြားသော လူတစ်ယောက်ဖြစ်သည်။ သူက စုမုန့်ထက် အသက်တစ်နှစ် နှစ်နှစ်ခန့် ပို၍အသက်ကြီးသော်လည်း သူ့မိသားစု လက်ဆင့်ကမ်းလာသော ကျိရန် နတ်ဘုရားစွမ်းရည်၏တံခါး (၆) ပေါက် အဆင့်ကိုသာ တတ်မြောက်ထားသေးသည်။
တိုက်ပွဲအဆုံးသတ် ဓားသိုင်းပညာတွင်တော့ သူက အတားအဆီးတစ်ခုကို ဖြတ်ကျော်နိုင်ရုံသာ ရှိနေသေး၏။ ထို့ကြောင့် သူအတွက်တော့ လူငယ်မှတ်တမ်းထဲတွင် စာရင်းဝင်ရန်ပင် မသေချာသည့်အတွက် ထိပ်ဆုံး (၁၀)ယောက်ကို စဉ်းစား၍မရနိုင်ပေ။
သခင်ကြီးကွေကျိ၏ တရားဝင်သားဖြစ်သော သူ၏အစ်ကို(၇) ကျစ်ကျိဓား ကွေကျီဆိုလျှင် အဆင့် (၁၄) သာ ရှိနေသေးသည်။
သူပြောလိုက်သည့်အချိန်တွင် သူ့ရှေ့မှ ဆူညံသံတစ်ခု ကြားလိုက်ရ၏။ ကွေဟောင်က မော့ကြည့်လိုက်ရာ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူ့ဆီတွင် ဓားမောက်တစ်ချောင်း ရှိနေပြီး သူက အဖြူရောင် မြင်းတစ်ကောင်ကို စီးလာသည်။ သူက အလွန်ချောမောခံညားပြီး အစွမ်းထက်၏။
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"အရိပ်ရေခဲလက်ဝါး ၊ လောင်ကျွမ်းခြင်းမီးတောက် မကောင်းဆိုးဝါးလူသားနဲ့ ဝိညာဉ်ဖျောက်ပုလွေတို့က ငါ့ကိုသတ်ဖို့ ကြိုးစားကြတယ်..။ ဒါပေမယ့် ငါက သူတို့ကို တစ်ယောက်ချင်းဆီ သတ်ပစ်ခဲ့တယ်..။ ရှောင်လင်ကျောင်းတော်က ဒီနေရာနဲ့ မဝေးတော့ဘူး..။ ဒါပေမယ့် လမ်းပေါ်မှာ အန္တရာယ်တွေ ပြည့်နေသေးတယ်..။ ရက်စက်ခြင်းကျောင်းဆောင်နဲ့ မကောင်းဆိုးဝါးတွေက ငါ့ကိုသတ်ဖို့ လက်လျှော့မှာ မဟုတ်ဘူး..။ တကယ်လို့ မင်းတို့က ဆုကြေးတွေ၊ နာမည်ကျော်ကြားမှုတွေ လိုချင်တယ်ဆိုရင် ငါ့နောက်ကနေ လိုက်ခဲ့ကြ... "
သူက အော်ဟစ်သွားရင်း မြို့ထဲမှ မြင်းစီးပြီး တဟုန်ထိုး ထွက်သွားခဲ့သည်။
မုန့်ချီက အစီအစဉ် ပြောင်းလဲသည့်အကြောင်း နယ်မြေခံ ငွေတံဆိပ် လူဆိုးထိန်းကို ပြောခဲ့သည်။ ယခုတော့ ဒုတိယထန်သခင်လေး ပေါ်လာရန် မလိုတော့ပေ။ သူပေါ်လာသည်နှင့် ဆူဆူညံညံများ ဖြစ်လာနိုင်၏။
ယပ်တောင် (၆) လက်ကျောင်းမှ ဝေ့ကျင်းအဆင့် ပညာရှင်များကလည်း သူနောက်မှ တိတ်တဆိတ် လိုက်လာကြပါလိမ့်မည်။ သူက အနီးအနားတွင် ရှိနေသော ပညာရှင်များ၏ အကူအညီကိုလည်း တောင်းထား၏။
သူတို့က လမ်းမှားပညာရှင်များနှင့် ရက်စက်ခြင်းကျောင်းဆောင်မှ လုပ်ကြံသူများကို တိုက်ခိုက်ရန် ပြင်ဆင်ထားကြသည်။ မူလတုန်းကတော့ သူက ရုပ်ပြောင်းပြီး သွားမည်ဆိုလျှင် အလုံခြုံဆုံးဖြစ်မည်ဟု တွေးထားခဲ့သည်။ သို့သော် ရှောင်လင်ကျောင်းတော်နှင့် နီးကပ်လာလေလေ သူက အသတ်ခံရရန် ပို၍လွယ်ကူလာလေလေ ဖြစ်သည်။ မည်သူကမျှ သူ့ကိုမသိလျှင် မည်သူကမျှ ကူညီနိုင်လိမ့်မည် မဟုတ်ချေ။
ထိုအရာကို စဉ်းစားကြည့်လိုက်ပြီးနောက် မုန့်ချီကတော့ ရှောင်လင်ကျောင်းတော်သို့ ပေါ်ပေါ်တင်တင်သွားရန် ဆုံးဖြတ်လိုက်သည်။ နဂါးကျောက်မြို့တွင် ရှိနေသော အချိန်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုက အန္တရာယ်မများနိုင်တော့ပေ။
ဝေ့ကျင်းအဆင့် ပညာရှင်များက ရောက်လာနိုင်သည့် လုပ်ကြံသူများကို ဖမ်းဆီးရန် စောင့်ဆိုင်းနေကြသည်။ ထိုနေရာတွင်လည်း လူများများ မရှိနိုင်တော့ပေ။ အများဆုံး လုပ်ကြံသူများက စိုးရိမ်နေနိုင်ပြီး လမ်းတွင် အတားအဆီး အနည်းငယ်သာ ရှိနေနိုင်၏။
သို့သော် ယခုတော့ ယပ်တောင် (၆) လက်ကျောင်းမှ ငွေတံဆိပ်လူဆိုးထိန်းများ လိုက်လာသည်မှာ သေချာသွားသည်။ သူနှင့် သူ၏ပတ်ပတ်လည်တွင် ဝေ့ကျင်းအဆင့် ပညာရှင်များစွာ ရှိနေမှတော့ မုန့်ချီလည်း စိုးရိမ်စရာ မလိုတော့ပေ။ မုန့်ချီအတွက်တော့ သူတို့က ရက်စက်ခြင်းကျောင်းဆောင်နှင့် မကောင်းဆိုးဝါးပညာရှင်များ၏ ခြိမ်းခြောက်မှုကို အဓိက ကူညီပေးနိုင်သည်။
"အဲဒါက တကယ့်ကို သတ်ဖြတ်ရေးဓားစုမုန့်ပဲ "
ကျန်းချင်က စိတ်ထဲတွင် ပြင်ဆင်ထားခဲ့သော်လည်း အတော်လေးကို အံ့ဩသွားခဲ့သည်။ သူတို့၏ ပတ်ပတ်လည်တွင်လည်း အံ့ဩမှင်တက်နေသည့် အသံများ ထွက်ပေါ်လာသည်။
ကွေဟောင်ကတော့ မိန်းမောနေခဲ့၏။
စုမုန့် ထွက်သွားသည်ကို မြင်သည့်အခါ ကျန်းချင်က ကွေဟောင်ကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏မျက်နှာ အမူအရာကိုကြည့်ပြီး သူလည်း ရှုပ်ထွေးသွားခဲ့၏။ သူက ကွေဟောင်၏လက်ကိုလှုပ်ပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ သခင်လေးကွေ... "
ကွေဟောင်က သတိပြန်ဝင်လာပြီး တစ်ယောက်တည်း တီးတိုးရွတ်လိုက်သည်။
"အဲဒါက သူပါလား…။ ဒါကြောင့်.. ဒါကြောင့်ကိုး... "
သူက မုန့်ချီကို မြင်လိုက်ရသည့်အချိန်တွင် ရင်းနှီးနေသလို ခံစားနေရသည်။ မုန့်ချီက ရှောင်လင်ကျောင်းတော်ထဲ၌ လေ့ကျင့်ခဲ့ပြီး သူနှင့် သက်တူရွယ်တူဖြစ်ကြောင်း တွေးမိသည့်အခါ ချက်ချင်း နားလည်သွားခဲ့၏။
သတ်ဖြတ်ရေးဓားစုမုန့်က စေတီ၏အောက်ဆုံးထပ်တွင် တွေ့ခဲ့သော ကိုရင်လေးနှင့် တထပ်တည်း ဖြစ်သည်။ ထိုအချိန်တွင် သူကတော့ ထိုကိုရင်လေး၏နောက်ကြောင်းကို ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိချေ။ သူ့အဖေကတော့ သူ၏မောက်မာမှုကြောင့် သူ့ကို အပြစ်တင်ခဲ့၏။
ထို့ကြောင့် သူက အချိန်တော်တော်ကြာမှသာ တစ်ယောက်တည်း ခရီးသွားနိုင်ခဲ့သည်။ သို့သော် သူက စုမုန့်ကို တွေ့လိုက်ရသည့်အချိန်တွင် အတော်လေး ခံစားလိုက်ရ၏။ ကွေဟောင်၏ ရင်ထဲတွင် ရှိနေသော မောက်မာမှုများကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး သူ့စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မည့်အတွေးများသာ ပေါ်လာခဲ့သည်။
…………
တောင်တန်းပေါ်တွင် နှင်းများ ပြည့်နှက်နေပြီး တချို့သစ်ပင်များကို နှင်းများ ဖုံးလွှမ်းနေသည့်အတွက် ဝိုးတဝါးသာ မြင်နေရသည်။ လူအုပ်ကြီးက သွားလာလှုပ်ရှားနေကြသည့်အတွက် ထိုနေရာတွင် ဈေးတစ်ခု ဖြစ်နေသည်။
တောင်ထိပ်ပေါ်သို့သွားသော ပင်မလမ်းတွင်တော့ အောက်မေ့ဖွယ် တံခါးကြီးတစ်ခု ရှိနေသည်။
"လျှံတိုင်တောင်ထိပ်... "
မုန့်ချီက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ဝတ်စုံက လေထဲတွင် လှုပ်ရှားနေသည်။ သူက ခါးတွင် ဓားမောက်ကို ချိတ်ထားပြီး လက် (၂) ဖက်ကို နောက်ပစ်ထားခဲ့သည်။ သူ့ပုံစံက သက်သောင့်သက်သာ ဖြစ်နေ၏။
သူထင်ထားသည့်အတိုင်း သူ၏အဆင့်အတန်းကို ပေါ်ပေါ်တင်တင် ကြေညာလိုက်ပြီးနောက် သူ၏ခရီးလမ်းက လုံခြုံနေခဲ့သည်။ နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီးက သူနှင့် တိုက်ခိုက်ရန် ပြိုင်ဘက်ကင်း ပညာရှင် တစ်ယောက်ကို ရှာဖွေရန် အချိန်မရှိခြင်းလည်း ဖြစ်နိုင်၏။
ထို့ပြင် လုပ်ဆောင်လိုသော ဆန္ဒမရှိခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သူက ရှောင်လင်ကျောင်းတော်ထဲတွင် သစ္စာဖောက် တစ်ယောက်ရှိကြောင်းကိုသာ သိနေပြီး မည်သူမှန်း အတိအကျ မသိချေ။ မုန့်ချီက သူ့ကို တစ်ချိန်လုံး ခြိမ်းခြောက်နေရန် လုံးဝမဖြစ်နိုင်ပေ။
အကယ်၍ သူက ထိုအရာကို အလွန်အကျွံ အာရုံစိုက်လိုက်မည်ဆိုလျှင် ဆုံးရှုံးရမည့်အရာက ပိုများသည်။
"ငါတောင်ပေါ်ကနေ ဆင်းလာတဲ့အချိန် လမ်းတစ်ဝက်ကနေ ထွက်ပြေးချင်ခဲ့တယ်... ။ ဒါပေမယ့် ငါက ဒီနေ့တော့ ဒီတံခါးကို ပြန်မြင်ရလိမ့်မယ်လို့ လုံးဝမထင်ထားခဲ့ဘူး... "
မုန့်ချီက အတော်လေး မသက်မသာ ခံစားခဲ့ရ၏။
သူက တောင်တက်လမ်းပေါ်သို့ လျှောက်လာခဲ့သည်။ ပင်မကမ္ဘာကြီးထဲတွင် ရှိနေသော ရှောင်လင်ကျောင်းတော်က အတော်လေးကို ယုံကြည်ချက်ရှိကြသည်။ တောင်ခြေကို စောင့်ကြပ်ရန် တပည့်တစ်ယောက်မျှ စေလွှတ်ထားခြင်း မရှိချေ။ ထို့ကြောင့် ထိုတောင်တန်းကြီးက တစ်ဦးတစ်ယောက်တည်း အပိုင်မဟုတ်ကြောင်း ပြသနေသည်။
သူတို့က ရောက်လာသော ဧည့်သည်များကို လမ်းတစ်ဝက်တွင် ရှိနေသော စံအိမ်သို့ တပည့် (၂) ယောက် စေလွှတ်ပြီး စီးကြိုခိုင်းတတ်ကြသည်။ တောင်ပေါ်တွင် နှင်းပွင့်လေးများ ပြည့်နေသည်။ လေလှိုင်းများကလည်း လတ်ဆတ် သန့်ရှင်းနေခဲ့၏။
မုန့်ချီက အလျင်မလိုခဲ့ပေ။ သူက တောင်တက်လမ်းအတိုင်း လျှောက်သွားပြီး ရှုမျှော်ခင်းများကို ကြည့်ရှုနေခဲ့၏။ သူက ဤနေရာကို ရောက်ပြီဖြစ်သည့်အတွက် လုံခြုံသွားပါပြီ။
ယခင်တုန်းက ကျန်းချန်၏ အဖြစ်အပျက်နှင့် ကွဲပြား၏။ မုန့်ချီက ကျောင်းဆောင်ထဲတွင် ရှိနေသော ဝေ့ကျင်းအဆင့် ပညာရှင်တိုင်းကို သတိထားမိစေချင်နေသည်။ ထိုအရာက နောက်ကွယ်တွင် ရှိနေသော ဘုန်းတော်ကြီး၏ လုပ်ရပ်ကို ထိခိုက်စေနိုင်ပါလိမ့်မည်။
တောင်တစ်ဝက်တွင် ရှိနေသော စံအိမ်ထဲတွင် မီးခိုးရောင်ဝတ် တပည့် (၂) ယောက် စောင့်ကြပ်နေကြ၏။ သူတို့ကတော့ အနည်းငယ်လေးပင် လျစ်လျှူမရှုရဲပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ကသာ စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်တစ်ပါးနှင့် တွေ့ရမည်ဆိုလျှင် အပြစ်ပေးခံရနိုင်သည်။
သူတို့ထဲမှတစ်ယောက်က အရပ်ရှည်ပြီး အရပ် (၉) ပေနီးပါးခန့် ရှိ၏။ သူ့ပုံစံက သံကျောင်းဆောင်ကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။ တခြားတစ်ယောက်ကတော့ သူ့ထက်အနည်းငယ်ပို၍ အရပ်ပုသည်။ သူတို့က အလွန်လျင်မြန်စွာ ကြီးပြင်းလာကြပြီး ခေါင်းရိတ်ခဲ့သည်မှာပင် မကြာသေးသလို ထင်မှတ်ရ၏။
ရုတ်တရက်ဆိုသလို အဝေးမှနေ၍ အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေး တစ်ယောက် ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူ့ခါးတွင် ဓားမောက်တစ်ချောင်းကို ကိုင်ထားပြီး လက်နောက်ပစ်၍ ရောက်လာ၏။ သူ့ပုံစံက အေးအေးဆေးဆေးဖြစ်နေပြီး အနည်းငယ် ရင်းနှီးနေပုံရသည်။
"အော်မီတော်ဖော်... ကျေးဇူးပြုပြီး ခဏနေပါဦးဒကာလေး... ။ ရှောင်လင်ကျောင်းတော်ကို ဘာကြောင့် ရောက်လာတာလဲ... "
ကိုယ်တော်လေးက အရိုအသေပေးပြီး မေးလိုက်သည်။
မုန့်ချီက သူတို့ကိုကြည့်ပြီး ပြုံးလိုက်၏။ သူတို့က ဤနေရာတွင် သူ၏အသိမိတ်ဆွေများနှင့် တွေ့နေရသည်။
"အစ်ကိုကျန်းတိ၊ အစ်ကိုကျန်းဟယ် …
ကျွန်တော့်ကို မေ့သွားကြပြီလား... "
သူတို့က သူနှင့်အတူ ရှောင်လင်ကျောင်းတော်ထဲသို့ ရောက်လာကြသော ကျန်းတိနှင့် ကျန်းဟယ်တို့ ဖြစ်ကြသည်။ ထိုအချိန်တွင် သူတို့က အချင်းချင်း သင်ယူခဲ့ကြရ၏။
"ကျန်း ကျန်းတင်လား... ။ သတ်ဖြတ်ရေးဓား စုမုန့်... "
ကျန်းတိက အလွန်အံ့သြသွားခဲ့၏။ သူကတော့ ထိတ်လန့်သွားသည့်အတွက် နောက်ကိုပင် ပြန်ဆုတ်သွားမိခဲ့သည်။
တောင်ပေါ်မှ မောင်းထုတ်ခံလိုက်ရပြီးနောက် ကျန်းတင်က တစ်နေ့တခြား နာမည်ကျော်ကြားပြီး အစွမ်းထက်လာခဲ့သည်။ သူနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့အားလုံးက သိမ်ငယ်သွားသလို ခံစားလိုက်ရ၏။
မူလတုန်းကတော့ ကျန်းမြောင်နှင့် ကျန်းပန်တို့က တံခါး (၆) ပေါက်အဆင့်ကို ရရှိထားပြီး ကြေးနီလူသားလမ်းကြောင်းကို ဖြတ်ကျော်နိုင်သည့်အတွက် တောင်ပေါ်မှ ဆင်းသွားနိုင်ကြသည်။ သူတို့က ရှောင်လင်ကျောင်းတော်ထဲရှိ အခြေခံအဆင့် တပည့်များထဲ၌ အလွန်ထူးခြားသည်ဟု သတ်မှတ်နိုင်၏။
သို့သော် ကျန်းတင်နှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ သူတို့က ဘာမျှမဟုတ်တော့ပေ။ သူက ဖြည်းညင်းစွာ တိုးတက်လာသည်ဟု နာမည်ကျော်ကြားသော ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကိုလည်း လေ့ကျင့်ထားသေး၏။
Translated by Hein Htet