အခန်းလျှို့ဝှက်ချက်
Vol. 134 Ch. 4.1516
"ကျွန်မလည်း အရမ်းကြိုက်တယ် ညီမငယ်လေး...အစ်မရော အတူစားလို့ရမလား"
မိန်းကလေးတစ်ယောက်က အသံ တိုးတိုးလေးဖြင့် ဆိုလာသည်။ ရှန်းရှန်း သူမခေါင်းကိုမော့ပြီး ကြည့်လိုက်တော့ လှပတဲ့မျက်လုံးတွေနဲ့ အပြုံးလှလှလေးတွေ ရှိသော ချောမောလှပတဲ့မျက်နှာကို ချက်ချင်းမြင်လိုက်ရသည်။ သူမဟာ အရမ်းဖော်ရွေတဲ့ ပုံစံနဲ့မို့ ရှန်းရှန်း သဘောကျသွားသည်။
"မမကလည်း အရမ်းလှတာပဲ... ငါးစားချင်လား အတူတူစားရအောင်လေ..ကိုကိုလုရွှမ် အဆင်ပြေလား"
အမျိုးသမီးက လုရွှမ်ကို ကြည့်သည်။ လုရွှမ်ရယ်ပြီး။
"ရှန်းရှန်း သဘောတူမှတော့ အဆင်ပြေပါတယ်..."
လုရွှမ်က ပါးစပ်ထောင့်မှာ လှောင်ရယ်ရင်း အမျိုးသမီးကို ကြည့်လိုက်သည်။ သူအစောကမှ လူသုံးယောက်ကို သတ်ပြီး လူတိုင်းကို တုန်လှုပ်စေခဲ့ပေမယ့် ဒီအမျိုးသမီးက ယုံကြည်မှုလွန်ကဲလွန်းတယ်လို့ပဲ ပြောရမလား မသိတော့ပေ။
ရှန်းရှန်းက ကလေးသာရှိသေးပြီး အရွယ်မရောက်သေး၍ အခွင့်ကောင်းယူရန် လွယ်ကူသည်။ အခြားသူများကို လက်ခံ စကားပြောရန်လည်း လွယ်ကူတာကြောင့် သဘာဝအတိုင်း အမှားလုပ်မိပါက သူမ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျက်စီးသွားဖို့ လွယ်ကူသည်။
"ငါမင်းကို တစ်ခွန်းပြောလိုက်မယ်... ငါက မိန်းမတွေကို ကာကွယ်ပေးပေမယ့် ဒုက္ခပေးရင်တော့ သနားညှာတာပေးမှာ မဟုတ်ဘူး"
လုရွှမ်က သူ့မျက်နှာမှာ အပြုံးတစ်ချက်ပေးရင်း ထိုမိန်းကလေးဆီ အသံလွှင့်လိုက်သည်။
မိန်းကလေးက ပြုံးပြီး "ညီမငယ်လေး မင်းက ရှန်းရှန်းနော်... အရမ်းချစ်စရာကောင်းတယ်။ မင်းကြီးလာရင် အရမ်းလှမှာ သေချာတယ်.. အစ်မက ချန်းမေ့ပါ... အစ်မချန်းမေ့လို့ ခေါ်လို့ရတယ်..."
"မင်္ဂလာပါ အစ်မချန်းမေ့.. ဒါက ကိုကိုလုရွှမ်ပါ..."
"အစ်ကိုလုကို နှုတ်ဆက်ပါတယ်!"
လုရွှမ် သူ့လက်ကို ပေါ့ပေါ့ဆဆ ဝေ့ယမ်းလိုက်သည်။ ထိုအခိုက် သူ့မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်တောက်ပလာ၏။ အမျိုးသမီးက သူမနာမည်ကို ထုတ်ဖော်ပြောဆို လိုက်သောအခါတွင် တစ်စုံတစ်ယောက်၏ အသံကို မသိမသာ ကြားလိုက်ရသည်။
ချန်းမေ့ ဟူသော အမည်သည် တစ်စုံတစ်ရာကို ဆိုလိုနေတာ သေချာသည်။ သို့သော် ကျယ်လောင်သော အသံက လျင်မြန်စွာ ဖုံးကွယ်သွားပြီး ထိုလူက ကြောက်သွားပုံပင်။ ချန်းမေ့က မရိုးရှင်းပေ။
သူ့အင်အားက သိပ်မမြင့်ချေ။ မျှော်စင်နယ်ပယ် အဆင့်၈မှာ ရှိနေကာ အသက်ရှုသံသည် အလွန်ပျော့ပျောင်းသည်။ စိတ်ပုပ်ကာ ဖော်ရွေသောထိုလူမျိုးနှင့် မဆုံဖြစ်ခဲ့လျှင် လုရွှမ် သူမအပေါ် အလွန်ကောင်းမွန်သော မှတ်ချက်ကို ပေးမိလိမ့်မည်။
ရှန်းရှန်းဆီက မျက်နှာသာကို ရနိုင်အောင် လုပ်နေတာပင်။ ယခုအချိန်တွင် ရှန်းရှန်းသည် အသက်မပြည့်သေးဘဲ ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သာ ရှိသေး၏။ စိတ်သည် တဖြည်းဖြည်း ရင့်ကျက်လာသော်လည်း အတွေ့အကြုံများစွာ နည်းပါးနေသေးသည်။
ရှန်းရှန်း၏ မျက်လုံးများကို ကြည့်လျှင် ဒီမိန်းကလေး ချန်းမေ့ကို လျန်ဟွားကိုကြည့်နေသလိုမျိုး ကြည့်နေကြောင်း လုရွှမ် မြင်လိုက်ရသည်။
ဒီအမျိုးသမီးရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ရှန်းရှန်းကို နာကျင်အောင် လုပ်ရဲတဲ့ သတ္တိရှိလို့ကတော့ သူ့ဘက်ကလည်း သက်ညှာပေးမှာ မဟုတ်ချေ။ သူမ ရှန်းရှန်းဆီက တစ်ခုခု လိုချင်ရင်တော့ အဲဒါက ထာဝရအသက်ဓားသာ ဖြစ်ပေလိမ့်မည်။
ကျုံးကျိုးကသတင်း ပျံ့နှံ့သွားလောက်ပြီ။ ဤနေရာရှိ လူများပင်လျှင် သူ၏ ကောင်းကင်လက်နက်များနှင့် နေဖြိုခွင်းနတ်လေး အကြောင်း လျှို့ဝှက်ချက်ကိုပင် သိထားလောက်ပြီ ဖြစ်သည်။
သုံးယောက်သား ငါးစားရင်း စကားခဏလေး ပြောဖြစ်ကြသည်။ ရှန်းရှန်းက ငါးစားခြင်းအတွက် အဓိကတာဝန်ရှိပြီး လုရွှမ်နဲ့ ချန်းမေ့ကတော့ ငြိမ်နေ၏။ ချန်းမေ့က သူမကိုယ်သူမ ကောင်းစွာ ဖုံးကွယ်ထားပြီး မည်သည့်အရာကိုမျှ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
"ကြားပြီးလား ဒီတစ်ခါ သင်္ဘောကမ်းကပ်တာ နောက်ကျတယ်တဲ့... သုံးရက်လောက်မှ ကမ်းကပ်မယ်တဲ့"
ယောက်ျားကြီးတွေ တော်တော်များများက တခြားသူတွေ မသိမှာကို စိုးရိမ်သလို ကျယ်လောင်စွာ အော်ငေါက်ပြီး တံခါးနားကို လျှောက်လာကြ၏။
"အိုး... ဘာလို့ သုံးရက်နောက်ကျနေတာလဲ၊ အရမ်းဆိုးတာပဲ" ချန်းမေ့က ရုတ်တရက် အော်လိုက်သည်။
"အစ်မချန်းမေ့ ဘာဖြစ်လို့လဲ"
ချန်းမေ့က ခါးသီးတဲ့ မျက်နှာနဲ့ ပြော၏။
"အစ်မက ဒီည သင်္ဘောကမ်းကပ်မယ်လို့ ထင်နေတာ... ပိုက်ဆံမရှိတော့လို့ တည်းခိုခန်းကလည်း အခန်းထဲကို လာစစ်နေပြီ ဒါပေမဲ့ အခုက သုံးရက်တောင် နောက်ကျနေပြီ... အခု နေစရာ အခန်း မရှိတော့ဘူး ”
ရှန်းရှန်းက သူ့ပါးစပ်ထဲရှိ သလင်းငါးကြီးကို မျိုချလိုက်ပြီး။
"ဒါဆို ညီမလေးနဲ့ လာနေလို့ရတယ်လေ..."
ရှန်းရှန်း ပြောပြီးတာနဲ့ လုရွှမ်ကို ကြည့်လိုက်သည်။ လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
"ရှန်းရှန်း... ဒါကတော့ မဟုတ်သေးဘူး အစ်မချန်းမေ့က အရမ်းလှတယ် ဒီမှာ လူတော်တော်များများက သူမနဲ့ အချိန်ဖြုန်းဖို့ ဆန္ဒရှိမယ်လို့ ထင်ပါတယ်"
ရှန်းရှန်း အံ့အားသင့်သွားပြီး လုရွှမ်ကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ချန်းမေ့လည်း အနည်းငယ် ထိတ်လန့်သွားကာ လုရွှမ် ဒီစကားပြောလာမယ်လို့ မထင်ထားချေ။ လုရွှမ် လက်တစ်ဖက် ဆန့်ကာ ရှန်းရှန်းကို သူ့အနောက်မှာ ဆွဲကပ်ထားလိုက်သည်။
"မင်းဘာလို့ လာတာလဲလို့ ငါတွေးနေတုန်းပဲ ရှိသေးတာ.. ဒီလူပြောတာကို ကြားမှ သဘောပေါက်သွားတယ်... မင်း ငါတို့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ချက် မရှိဘူး မင်းက ငါတို့အခန်းကို လုယူဖို့ ရည်ရွယ်ချက်ရှိနေတာ..."
"အစောက တောင်ပိုင်းနယ်မြေက လူဆိုးသုံးယောက်လိုပဲ ငါတို့နှစ်ယောက်က အင်အားနည်းပေမယ့် ရှန်းရှန်းက နတ်နဂါး မျိုးနွယ်ထဲကပဲ... နဂါးမျိုးရိုးက ခုခံမှုအကောင်းဆုံး... မင်းနဂါးမျိုးရိုးကို အနိုင်ကျင့်ရဲရင် နဂါးမျိုးနွယ်က မင်းကို အကြိမ်ပေါင်း ဒါဇင် ဒါမှမဟုတ် ရာနဲ့ချီပြီး တိုက်ခိုက်လိမ့်မယ်"
"ဒါကတော့ မလိုအပ်ပါဘူး ဘယ်သူကမှ နဂါးမျိုးရိုးကို အနိုင်ကျင့်ဖို့ နေနေသာသာ ဆန့်ကျင့်တာတောင် မလုပ်ရဲကြဘူး.. ဒါပေမဲ့ ဒီလူသုံးယောက်က ဘာလို့ ရဲရဲဝံ့ဝံ့ တွေးနေတာလဲ ဆိုတော့ မင်းရောက်လာလို့လေ... ငါတို့ နေထိုင်တဲ့ အခန်းထဲမှာ တစ်ခုခု ရှိနေပုံရတယ်?"
ချန်းမေ့ရဲ့ အမူအရာ ပြောင်းလဲသွားပြီး သူမ အပြုံးများလည်း မှိန်သွားကာ အမူအရာက လေးနက်လာသည်။
"လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် လုရွှမ်က မျှော်လင့်ထားသလိုပဲ... တကယ်ကို ထက်မြက်တယ်... ကံမကောင်းတာတော့ သနားစရာပဲ အဲဒီအခန်းကို ရှင် မသိမ်းပိုက်နိုင်ပါဘူး... ကျွန်မ နောက်ဆုံးလူ ဖြစ်မယ်ထင်လား ဟားဟား အဲဒီအခန်းကို လိုချင်တဲ့သူတွေမှ အများကြီးပဲ....."
ရှန်းရှန်း: "အစ်မချန်းမေ့ အဲဒီအခန်းမှာ ဘာရှိလို့လဲ"
သူမသည် ဒေါသအရမ်း ထွက်နေသော်လည်း ကြင်နာတတ်သော အကျင့်စရိုက်က ရှိနေသေးရာ အစ်မချန်းမေ့ဟုပင် ခေါ်လိုက်သေးသည်။ ချန်းမေ့က ရှန်းရှန်းကို ငုံ့ကြည့်ပြီး တိုးတိုးလေးပြော၏။
"ရှန်းရှန်း...အစ်မ မင်းကိုတကယ် သဘောကျပေမယ့် မင်းပိုင်တဲ့အခန်းမှာ တစ်ခုခုမှားနေပြီ မင်းအဲဒီမှာနေတာ တစ်လရှိပြီမို့ မင်းဒီထဲက ပါဝင်သွားပြီ.... အဲဒီလုပ်ကြံမှုကြီးမှာ မင်းကံကောင်းပါစေလို့ ဆုတောင်းပါတယ်...
"သုံးရက်ကျန်သေးတယ် ရှင် မင်းဘယ်လို ဆက်ထိန်းထားနိုင်မလဲ ဆိုတာ ကျွန်မ စောင့်ကြည့်နေမယ်..."
ထိုစကားကို ပြောပြီးနောက် ချန်းမေ့က လှည့်၍ ထွက်သွားလေသည်။ ရှန်းရှန်း နှုတ်ခမ်း စူပြီး လုရွှမ်ကို သနားစွာဖြင့် ကြည့်လိုက်သည်။
"ကိုကိုလုရွှမ်... ညီမ ဒုက္ခပေးမိပြီ"
လုရွှမ် သူမခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။
"မင်းဒုက္ခပေးတယ်လို့ ဘယ်သူပြောတာလဲ မင်းကြောင့်သာ မဟုတ်ရင် ဒီအစ်ကိုက အမှောင်ထဲမှာ အချုပ်ခံရတော့မှာ လာ အဲဒါတွေက ဘာတွေလဲ ပြန်ကြည့်ရအောင်"
နှစ်ယောက်သား အခန်းတံခါးဝသို့ ရောက်လာပြီး ဤအခန်းများကို ပြင်းထန်သော ကန့်သတ်ချက်များဖြင့် စောင့်ကြပ်နေကြတာ တွေ့လိုက်ရသည်။ ၎င်းအား ပြင်းပြင်းထန်ထန် ချိုးဖျက်လိုပါက တခြားဘယ်သူမဆို လုပ်ပြီးလောက်ပြီ။ ဒီကန့်သတ်ချက် အခင်းအကျင်းတွေကို ချခဲ့သူက နတ်ခြေလှမ်းနယ်ပယ် အဆင့်၅ သို့မဟုတ် အဆင့်၆များ ဖြစ်နေမလား။
အချိန်က သုံးရက် ကျန်သေးသည်။ အတွင်းမှ ဖောက်ချင်ပါက အက်ကြောင်းများ အက်ကွဲသွားသည်နှင့် ဆိုင်ပိုင်ရှင်က သေချာပေါက် သတိထားမိကာ ချက်ချင်း ပေါ်ပေါက်လာလိမ့်မည်။
ထို့ကြောင့် အခင်းအကျင်း ဖွဲ့စည်းမှုကို ချိုးဖျက်ပစ်ဖို့က မဖြစ်နိုင်ပေ။ သို့နှင့် အခန်းထဲကိုဝင်ဖို့ တခြား နည်းလမ်းတွေကိုသုံးပြီး နှစ်ယောက်သား စရှာတော့သည်။
ချန်းမေ့လို လူများစွာက ထိုအရာအား မက်မောနေကြသောကြောင့် အလွန်အရေးကြီးကြောင်း ထင်ရှားသည်။ ၎င်းကိုအခုထိ ရှာဖွေတွေ့ရှိခြင်းမရှိပဲ ဖုံးကွယ်ထားနိုင်ခြင်းကြောင့် အလွန်လုံခြုံသော နေရာတွင် သေသေချာချာ ဝှက်ထားတာလို့ ဆိုနိုင်သည်။
ဘယ်မှာများ ရှိနေတာလဲ?