← Chapters

ကူးတို့ အပြောင်းအလဲ

Vol. 134 Ch. 4.1518

ကူးတို့ အပြောင်းအလဲ

Vol. 134 Ch. 4.1518

သူတို့နှစ်ဦးသည် ဝမ်မိသားစု၏ ဖိတ်ကြားချက်ကို ချက်ချင်း ငြင်းပယ်လိမ့်မည်ဟု မမျှော်လင့်ဘဲ ခဏတာ အံ့အားသင့်သွားကြသည်။ ရပ်တန့်သွားပြီးနောက် ဝမ်ယွဲ့က ဆိုလိုက်သည်။

“သခင်လေးလုရွှမ် ဒီမှာ ကျွန်မတို့ ဝမ်မိသားစုရဲ့ ဂုဏ်သတင်းကို သိလား... ကျွန်မတို့ ဝမ်မိသားစု အာမခံအဖွဲ့က တောင်ပိုင်းနယ်မြေ စပါးရိတ်သိမ်းမှုမှာ အများဆုံးလို့ မပြောနိုင်ပေမယ့် အကြိမ်တိုင်း အသက်ရှင်နှုန်းက အမြင့်ဆုံးပဲ...."

လုရွှမ်: "အနည်းဆုံး လူ ၄၀% ပြန်လာမယ်ဆိုတာ ငါသိတယ်..."

လူဦးရေ ၄၀% ကသာ ပြန်လာခဲ့ကြသော်လည်း ခရီးအဖွဲ့များအားလုံးတွင် ၎င်းတို့ပ အလွန်အဆင့်မြင့်သော နံပါတ်ဖြစ်နေပါပြီ။ နောက်ဆုံးတွင် တောင်ပိုင်းနယ်မြေက အန္တရာယ်များလွန်းပြီး အကျပ်အတည်းတွေကြားက ပြန်လည် မွေးဖွားရတာ ဖြစ်သည်။ ယခင်က ဖြတ်သန်းခဲ့ဖူးပြီး ထိုနေရာနှင့် ရင်းနှီးသည်ဟု ခံစားရသော်လည်း ရုတ်တရက်ပေါ်လာပြီး သက်ရှိသတ္တဝါများကို သေဆုံးစေသည့် အန္တရာယ်အချို့ရှိနိုင်သည်။

ဝမ်ထောင်: "သခင်လေးက ကမ်းလှမ်းချက်ကို မကျေနပ်လို့များလား"

လုရွှမ် ပြုံးပြီး "ဒီလိုပါပဲ...သခင်လေးဝမ်နဲ့ သခင်မလေးဝမ်...ဒီနည်းအတိုင်းပဲ ငါတို့က တောင်ပိုင်းနယ်မြေကို ဖြတ်ပြီး နဂါးကျွန်းကို သွားတော့မယ်။ ဒါကြောင့် ဝမ်မိသားစုအတွက် တန်ဖိုး မဖန်တီးနိုင်တာမို့ မင်းတို့ကို မနှောင့်နှေးစေချင်ပါဘူး...."

"အိုး ဒါက နားလည်နိုင်ပါတယ် ဒါပေမဲ့ သခင်လေးလုရွှမ် မင်း တောင်ပိုင်းနယ်မြေကို ဖြတ်ကျော်ဖို့ စိတ်ပိုင်းဖြတ်ထားတာလား ဒါမှမဟုတ် မင်းမှာ တောင်ပိုင်းနယ်မြေကို ဖြတ်ကျော်ဖို့ ခွန်အားရှိရဲ့လား.... သခင်လေးကို ကျွန်တော် နှိမ့်ချတာတော့ မဟုတ်ပါဘူး သခင်ငယ်က လူသားမျိုးနွယ်တစ်ခုလုံးရဲ့ အရည်အချင်းကို ဦးဆောင်နေသူမလို့ အရမ်းလေးစားတာ သဘာဝပါပဲ ဒါပေမယ့် တောင်ပိုင်းဒေသက အန္တရာယ်များပြီး သခင်ငယ်လေးနဲ့ မင်းသမီးလေးတို့ တောင်ပိုင်းဒေသကို ဖြတ်ပြီး ခရီးထွက်ချင်တာက အန္တရာယ် ပိုများနေသေးတယ်.... ကျွန်တော်တို့ရဲ့ ခရီးက ကျွန်​တော်တို့ကို ကာကွယ်ဖို့ လူပါလာပါတယ်... အဖော်မရှိရင် အရမ်းအန္တရာယ်များလိမ့်မယ် ဒါကြောင့် အဖွဲ့ကြီးနောက်ကို လိုက်ဖို့က အကောင်းဆုံးပါပဲ"

"အနာဂတ်မှာ မင်းထွက်သွားချင်တယ်ဆိုရင် ထွက်သွားလို့ရပါတယ်... ဒါပေမယ့် အရင်ဆုံး လူအမြောက်အမြားရှိတဲ့ အဖွဲ့နောက်ကို လိုက်ဖို့က ပညာအရှိဆုံး အလုပ်လို့ ကျွန်တော်ထင်ပါတယ်"

လုရွှမ်လည်း ဝမ်ထောင်ရဲ့ ပြောကြားချက်က မှန်ကန်ကြောင်း သဘာဝကျကျ ဝန်ခံပါသည်။ အမှန်မှာ တောင်ပိုင်းနယ်မြေ တစ်ခုလုံးကို သူတို့နှစ်ဦး၏ ခွန်အားဖြင့် ဖြတ်သန်းသွားလာရန် မလုံလောက်ဘူးဟု သူထင်ခဲ့ပြီးသား။

ရှန်းရှန်းသည် နဂါးမျိုးနွယ်တွင် တောင်ပိုင်းနယ်မြေတစ်ခွင်က ပို့ဆောင်ခြင်းအစီအရင် တချို့ရှိနေကြောင်း ပြောပြဖူးသည်။ သို့သော် ပို့ဆောင်ခြင်းအစီအရင် တစ်ခုနှင့် တစ်ခုစီကြားတွင် အကွာအဝေးရှိပြီး ပို့ဆောင်ခြင်းအစီအရင် တစ်ခုကနေ တခြားတစ်ခုသို့ ရောက်ရှိရန် အလွန်ခက်ခဲပါသည်။

ယင်းအတွက် အကြောင်းပြချက်မှာလည်း အလွန်ရိုးရှင်းသောကြောင့်ပင်။ ပထမအချက်မှာ ကာကွယ်ခြင်း ဖြစ််သည်။ အကယ်၍ အဆိုပါ ပို့ဆောင်ခြင်းအစီအရင်များကို ၎င်းတို့ကိုယ်တိုင် ချိတ်ဆက်နိုင်သည်ဆိုပါက တစ်ခုကို ရှာတွေ့လိုက်ရင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုနှင့် ရင်ဆိုင်ရဦးမှာ ဖြစ်သည်။

နောက်ဆုံးအနေနဲ့ နဂါးမျိုးနွယ်က အစွမ်းထက်ပေမယ့် နဂါးမျိုးနွယ်ကို ယှဉ်နိုင်တဲ့ မျိုးနွယ်တွေ အများကြီး ရှိပါသေးသည်။ ထို့အပြင် နဂါးမျိုးနွယ်နှင့် ဆက်ဆံရေးတွင် သေစေချင်လောက်သော ရန်သူများစွာ ရှိသည်။

ဒုတိယအနေနဲ့ ဒါကို နဂါးမျိုးနွယ်ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် စမ်းသပ်မှု တစ်ခုအနေနဲ့ တောင်ပိုင်းနယ်မြေကို ဘေးကင်းစွာ ဖြတ်သန်းနိုင်တဲ့ နဂါးတွေကသာ တောင်ပိုင်းနယ်မြေကနေ ထွက်ခွာပြီး နေရာမျိုးစုံကို စူးစမ်းဖို့ အရည်အချင်း ပြည့်မီတယ်လို့ သတ်မှတ်လေသည်။

လုရွှမ်လည်း အဖွဲ့ကို ရွေးချယ်သင့်သည်ဟုလည်း တွေးထင်ခဲ့သည်။ ဒါပေမဲ့ ဝမ်မိသားစုက အရမ်းသန်မာတဲ့အတွက် ရှင်သန်ဖို့ အခွင့်အလမ်း အမြင့်ဆုံးပဲလို့ ဆိုရင်တောင် ပြန်လာသူ အများစုမှာ ဝမ်မိသားစုမှ လူဖြစ်သည်။ ဝမ်မိသားစုနှင့် ဆက်နွယ်သူ အများစုမှာ တောင်ပိုင်းနယ်မြေတွင် သေဆုံးသွားကြောင်း မေးနေစရာပင် မလိုအပ်။

ဝမ်မိသားစုရဲ့ အဖွဲ့ဝင်တွေက အစွမ်းထက်တဲ့အတွက် သူတို့ အသက်ရှင်ဖို့ အခွင့်အလမ်းများသည်။ ဒါပေမဲ့ တခြားသူတွေကို အမြောက်စာအဖြစ် သုံးလိုက်လို့ မဟုတ်ရင် အသက်ရှင်မှာ မဟုတ်ဘူးလို့ ဘယ်သူကမှ ယုံမှာမဟုတ်ချေ။

အကျပ်အတည်း ကာလတွင် အပြင်လူများကို စွန့်ပစ်ပြီး ကိုယ့်မျိုးနွယ်ဝင်များရဲ့ အသက်ကိုသာ ကယ်တင်ကြမှာ အမှန်ပဲ။ ဒါက နားလည်​ပေးနိုင်ပါ၏။ လူတိုင်း အဲ့လို​လုပ်မှာဆိုပေမယ့် မကြာခဏလုပ်ရင် မတော်တဆဖြစ်တာ မဟုတ်နိုင်တော့ပေ။

ဤကိစ္စတွင် သေရမည့်အဖွဲ့နှင့် အခြားသူများအတွက် အမြောက်စာ ဖြစ်လာမည့်သူမှာ မလွဲမသွေ ရှိလာကာ ဘယ်သူလဲဆိုတာသာ ရှိတော့သည်။ ဝမ်ထောင် ထပ်ခါတလဲလဲ တောင်းဆိုသော်လည်း လုရွှမ်က ငြင်းဆိုလိုက်သည်။

မောင်နှမနှစ်ယောက်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ပေါ်လာပြီး ဒေါသတကြီး ထွက်ခွာသွားကြသည်။

"ရှန်းရှန်း... ဒီပင်လယ်ခရီးက အရမ်းအန္တရာယ်များတယ်လို့ ခံစား​နေရတယ်... တချို့အရာတွေကို ပြန်ဖြည့်ဖို့ အချိန်တန်ပြီ"

လုရွှမ်သည် ပြီးခဲ့သောလတွင် လိုအပ်တာတွေကို ဖြည့်စွက်ရန် လိုအပ်သော အရာများကို စုဆောင်းထားပြီးပြီ ဖြစ်သည်။ သို့သော် တစ်ဖက်လူတွေရဲ့ လှုပ်ရှားမှုများကို ကြည့်ခြင်းအားဖြင့် ဝမ်မိသားစုသာမက ဂိုဏ်းခွဲများနှင့် အဓိကမိသားစုများစွာကလည်း ၎င်းတို့ရဲ့ အာဏာကို တိုးချဲ့လျက်ရှိကြောင်း တွေ့နိုင်သည်။

ဒါဘာကိုဆိုလိုတာလဲ?

လုရွှမ်ဟာ အလုပ်တွေလုပ်တဲ့အခါ ပြီးပြည့်စုံတဲ့ ပြင်ဆင်မှုတွေကို အမြဲပြုလုပ်ပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားတတ်သည်။

ဆိုလိုတာက အန္တရာယ် တစ်စုံတစ်ရာ ကြုံရမှာ သေချာရင် ဒီတောင်ပိုင်း ခရီးစဉ်ဟာ အကျပ်အတည်း အမျိုးမျိုးနဲ့ ပြည့်နှက်နေမှာလည်း သေချာလေသည်။ နောက်ဆုံးတွင် ဤဂိုဏ်းကြီးများနှင့် မိသားစုများက သတင်းကို ပထမဆုံးသိသူများသာ ဖြစ်လိမ့်မည်။

ထို့ကြောင့် ၎င်းတို့သည် အနာဂတ်တွင် ဖြစ်နိုင်ချေရှိသော သက်ရောက်မှုများကို တွန်းလှန်ရန်အတွက် ၎င်းတို့၏လက်နက်များကို တိုးချဲ့လာကြသည်။ ဒီလိုအခြေအနေမျိုးမှာ အမြဲတမ်း ကြိုတင် ပြင်ဆင်ထားတာက ပိုကောင်းပါ၏။

လမ်းပေါ်ရှိ ဆိုင်မျိုးစုံသို့ ရောက်သောအခါ အချို့ဆိုင်များသည် လက်နက်၊ ပစ္စည်းများ၊ ဆေးဝါးအမျိုးမျိုးတို့၏ ဈေးနှုန်းများ နှစ်ဆကျော် တက်လာပြီး ယခုမှလာသော ကျင့်ကြံသူ များစွာက မကျေနပ်ကြတော့ပေ။

ဒါပေမဲ့ သူတို့လည်း ဝယ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ပေ။ မဟုတ်ရင် နောက်ပိုင်းမှာ ဈေးက ဒီထက်ပိုမြင့်လာရင် တကယ် မတတ်နိုင်တော့ဘဲ ဖြစ်သွားနိုင်၏။

“အေးကွာ... ဘာဖြစ်တာလဲ ဟိုတုန်းက တစ်ခါမှ အချိန်နောက်မကျတတ်တဲ့ သင်္ဘော သုံးရက်တောင် နောက်ကျတယ် တည်းခိုခက နှစ်ဆတိုးလာပြီး ဖြည့်စွက်ဆေးတွေကလည်း နှစ်ဆတိုးလာတယ်...”

"မြန်မြန်ဝယ်လိုက်... အပိုစကားတွေ ရပ်တော့! ဒီနေ့ပြီးရင် စျေးက ပိုမြင့်လာမယ်"

လမ်းတွေပေါ်မှာ လူတွေနဲ့ စည်ကားနေပါပြီ။ မလိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ဖို့ ကြိုးစားနေတဲ့ နေရာတိုင်းကို လူတွေက ကြောက်ရွံ့ထိတ်လန့်နေကြသည်။ ဒါက ထိတ်လန့်ခြင်းတစ်မျိုး ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

"ဟမ့် မင်း တောင်ပိုင်းနယ်မြေကို သွားရင်တောင် ဒီလောက်ဈေးကြီးတဲ့ အရာကို ပြန်မရနိုင်ဘူးကွ... ဘယ်သူ့ကိုမှ ယူခွင့်မပေးဘူး သူဌေး မင်းရဲ့ ထျန်းရင်အဂ္ဂိရတ်ဆေးရဲ့ စျေးက သုံးဆတက်သွားပြီ... မင်း ရောင်းလို့​ရော ရမှာလား"

"ဟေ့ သခင်လေး... မင်း မတတ်နိုင်ရင် ဝယ်စရာ မလိုဘူး တောင်ပိုင်းနယ်မြေက အကျိုးမရှိဘူးလို့ မင်းထင်ရင် သွားစရာ မလိုဘူး.... မင်းကို ဘယ်သူမှ အတင်း မသွားခိုင်းဘူး! မင်းမဝယ်ရင် ဖယ်! ဝယ်မယ့်သူတွေ အများကြီးပဲ"

"ဟေ့ ဘယ်လိုသဘောထား​​ကြီးလဲ"

ထိုအချိန်တွင် ထျန်းယာမြို့တစ်ခွင်၌ အသံတစ်သံ ထွက်ပေါ်လာသည်။

"နောက်ဆုံးရ သတင်း.... အရင်က တစ်နှစ်မှာ နှစ်ကြိမ်ရှိခဲ့တဲ့ ကူးတို့သင်္ဘောကို တစ်နှစ်မှာ တစ်ကြိမ်ပဲလို့ ပြောင်းလိုက်ပါပြီ"

အသံကို စုစုပေါင်း သုံးကြိမ်ပြောပြီးနောက် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွားသည်။

"ဘာလဲ အခုတစ်နှစ်မှာ တစ်ကြိမ်ပဲ အခွင့်အရေး ရှိတော့တာလား... သူဌေး ငါ မင်းဆိုင်မှာ ရှိတဲ့ ထျန်းရင်အဂ္ဂိရတ်ဆေးကို လိုချင်တယ်"

လုရွှမ်နဲ့ ရှန်းရှန်းလည်း လမ်းပေါ်တွင် လမ်းလျှောက်နေကြသည်။ ရှန်းရှန်း နားမလည်သေးသော်လည်း လုရွှမ်ကတော့ တစ်ခုခုဖြစ်လာတော့မယ်လို့ ကောင်းကောင်း သိနေ၏။

"ထူးထူးခြားခြား သတင်းပဲ...ဝမ်မိသားစု လေလံအိမ်က မနက်ဖြန်မှာ လေလံတင်ရောင်းချနိုင်မယ်တဲ့...အဂ္ဂိရတ်ဆေး အမျိုးမျိုး၊ လက်နက်မျိုးစုံ၊ အသက်ကယ် လက်နက်မျိုးစုံ... လေလံတင်ရောင်းချမယ့် ပစ္စည်းတွေကို ကန့်သတ်ချက် မရှိဘူးတဲ့"

အသံတွေက ရုတ်တရက် ပျောက်ကွယ်သွားတော့သည်။ ခဏကြာတော့ လမ်းတစ်လမ်းလုံး ဆူပွက်ကုန်ကာ အားလုံးက ဘာဖြစ်မလဲလို့ ပြောဆိုရင်း မျက်ခုံးတွေ တွန့်သွားကြသည်။ တစ်ချို့လူတွေက ကျောထောက်နောက်ခံ ပြုထားပေမယ့် နောက်ထပ်လူတွေက သူတို့စိတ်ထဲမှာ ရှိတာနဲ့ သွားကြည့်ရမယ်လို့ တွေးထားကြလေသည်။

အခုဆို တစ်နှစ်မှာ အခွင့်အရေး တစ်ခုပဲ ရှိတော့သည်။ နောက်နှစ်တွေမှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိမှာလဲ။

All Chapters