ဝမ်မိသားစု လေလံအိမ်
Vol. 134 Ch. 4.1520
ထိုညတွင် နှစ်ယောက်သား ရှန်းရှန်း၏ အခန်းတွင် အနားယူရန် ရွေးချယ်ခဲ့ကြသော်လည်း တစ်ဖန် ဘာမှ ရှာမတွေ့ခဲ့ကြပေ။ နေ့လည်စာစားပြီးနောက် ဝမ်မိသားစု လေလံအိမ်သို့ ထွက်လာကြသည်။
ဒီလေလံပြီးရင်တော့ ကူးတို့သင်္ဘောပေါ် တက်ရတော့မည်။
မုန်တိုင်း ရောက်လာတော့ လူတိုင်းက ဖြစ်ပျက်တော့မယ့်ကိစ္စနဲ့ ပတ်သက်ပြီး အကျပ်အတည်းတွေ အပြည့်နဲ့ ဆွေးနွေးနေကြသည်။ လေလံအိမ်တွင် အသက်ကယ်ပစ္စည်း များများဝယ်နိုင်ဖို့က လူတိုင်းနီးပါးရဲ့ မျှော်လင့်ချက် ဖြစ်လာသည်။
ဒီစိတ်ကူးကို စွဲကိုင်ထားသူများစွာရှိသည်။ ဝမ်မိသားစု လေလံအိမ်က ဤလေလံပွဲသည် အလွန်အရေးကြီးသည်ဟု မှတ်ယူထားပါပြီ။ ယခုတစ်ကြိမ်တွင် ရှားပါးရတနာများစွာကို လေလံတင် ရောင်းချမည်ဟု ကောလာဟလများ ထွက်ပေါ်နေတဲ့အပြင် တချို့ လေလံပစ္စည်းများ၏ အမည်များက လူတိုင်းရဲ့ အာရုံကို ဆွဲဆောင်ခဲ့သည်။
နှစ်ယောက်သား ရောက်လာသောအခါတွင် ကျင့်ကြံသူတွေက အပြင်ဘက်တွင် စုဝေးကာ ဝင်ရန် စောင့်နေကြတာ တွေ့လိုက်ရသည်။ လူအများစုသည် ၎င်းတို့၏ အသွင်အပြင်နှင့် နယ်ပယ်ကိုပင် ဖုံးကွယ်ထားကြရာ အခြားသူများက ၎င်းတို့၏ အထောက်အထားများကို ရှာမတွေ့ကြပေ။
လုရွှမ် သူ့အသွင်အပြင်နှင့် နယ်ပယ်ကို ဖုံးကွယ်လိုခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်တာကို ခံနေရပြီမလို့ ဖုံးကွယ်ဖို့ ကြိုးစားလည်း အသုံးမဝင်ချေ။ ဝမ်မိသားစု လေလံအိမ်က အလွန်ကျယ်ဝန်းပြီး လူအသွားအလာ များပြားသည်။
ယခုတစ်ကြိမ် လေလံပွဲသည် ပိုမိုအားကောင်းလာတာကြောင့် ကျင့်ကြံသူ အယောက် တစ်သိန်းကို ထားရှိရန် လုံလောက်သော နေရာအားလုံးကို ဖွင့်လှစ်ထားသည်ဟု ကောလာဟလများ ရှိထားပြီးသားပါ။ သလင်းကျောက် အလုံးနှစ်ဆယ်ကို ပေးဆောင်ပြီးနောက် ၎င်းတို့နှစ်ဦးသည် လေလံပွဲထဲသို့ ဝင်ရောက်လာခဲ့သည်။
ယခုအကြိမ် လေလံပွဲတွင် ပါဝင်သူဦးရေမှာ ခန့်မှန်းခြေအားဖြင့် လူတစ်သိန်း ဖြစ်သည်။ တစ်ယောက်လျှင် သလင်းကျောက် ၁၀လုံး ယူသောကြောင့် အလွန်ကြွယ်ဝသော စုဆောင်းမှုလည်း ဖြစ်သည်။
လုရွှမ်နဲ့ ရှန်းရှန်းတို့သည် အနိမ့်ဆုံးထပ်ရှိ အများသူငှာ ထိုင်ခုံများကို ရွေးချယ်ခဲ့ကြပြီး အပေါ်ထပ်ရှိ ထိုင်ခုံများကပင် တစ်နာရီအတွင်း လူအားလုံး ပြည့်သွားခဲ့သည်။ တောက်ပသော အခင်းအကျင်း ကန့်သတ်ချက်များက ပတ်ဝန်းကျင် တစ်ခုလုံးကို ထွန်းလင်းတောက်ပစေပြီး လေလံပွဲနေရာကို သီးခြားခွဲထားသည်။
ဒါကလည်း လူတချို့ ပြဿနာရှာဖို့၊ ရတနာတွေကို ဖမ်းဆုပ်ပြီး ထွက်ပြေးတာကို တားဆီးဖို့နဲ့ လေလံအိမ် တစ်ခုလုံးကို ကာကွယ်ဖို့ထားလည်း ဖြစ်ပါသည်။ အုပ်စုတစ်စုသည် လေလံပွဲအား စက်ဝိုင်းခြမ်း တစ်ခုအသွင် ဝိုင်းရံထားပြီး အလယ်တွင်ရှိသော ကျင့်ကြံသူ တစ်သိန်းကျော်အား စောင့်ကြည့်နေကြသည်။
လေလံပွဲ စင်မြင့်ပေါ်သို့ လူသုံးဆယ်ကျော်ရှိသော အဖွဲ့နှစ်ဖွဲ့ ပျံတက်သွားကြသည်။ သူတို့အားလုံးသည် ထူးထူးခြားခြား အရှိန်အဟုန်ဖြင့် နတ်ခြေလှမ်းနယ်ပယ်က သခင်တွေမို့ လုရွှမ် ဤဝမ်မိသားစုကို တကယ်ပင် အံ့အားသင့်သွားခဲ့သည်။
အဖွဲ့နှစ်ဖွဲ့က ဘေးချင်းယှဥ်ရပ်ပြီး တစ်ယောက်ယောက်ကို နှုတ်ဆက်နေပုံရ၏။ လုရွှမ် သူ့မျက်လုံးများဖြင့် ပတ်ဝန်းကျင်ကို ကြည့်ကာ အကဲခတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်က လူများ၏ အငွေ့အသက်သည် ပို၍ လေးနက်နေပြီး သူတို့ရဲ့ အနေအထိုင်က အနည်းငယ် လေးစားနေတဲ့ အငွေ့အသက်တွေ ပေါ်လွင်လာ၏။
ထွက်လာတော့မယ့်သူမှာ ထူးခြားတဲ့ လက္ခဏာတစ်ခု ရှိတယ်ဆိုတာ သိသာပါသည်။ သာမန်လူတစ်ယောက်။ သာမန်အဘိုးကြီးတစ်ယောက် ထွက်လာခဲ့သည်။ သို့သော် ချက်ချင်းဆိုသလို လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြီး လူတိုင်းက ဤလူကို လေးစားကြောင်း ဖော်ပြရန် မတ်တပ် ထရပ်လိုက်ကြသည်။
လက်ခုပ်သံများက အချိန်အတော်ကြာအောင် ကြာမြင့်ခဲ့ပြီး အဘိုးအိုက အားလုံးကို ရပ်တန့်ရန် အချက်ပြတော့မှ လက်ခုပ်သြဘာများဟာ သုံးကြိမ်တီးပြီးနောက် ရပ်တန့်သွားခဲ့သည်။
"ကျေးဇူးပါပဲ မိတ်ဆွေတို့...ကျုပ် ကျန်းမာရေးကောင်းနေတုန်းပါပဲ"
ရှန်းရှန်း: "အစ်ကို.... အဲဒီလူကို ညီမသိတယ်...အဲဒီလူကို ဝမ်ထျန်းလို့ခေါ်တယ်... အတိအကျပြောရရင် ဝမ်မိသားစုက ထျန်းယာမြို့မှာ ဂုဏ်သိက္ခာကြီးတဲ့ မိသားစုဖြစ်သွားတာ ဒီလူကြောင့်ပဲ... မြို့နှစ်မြို့ကြားက ကူးတို့က သူကြောင့် ဖြစ်လာတာလည်း ဖြစ်နိုင်တယ်”
"ညီမအဖေတောင် ဒီလူကို အရမ်းလေးစားတာ... ကမ္ဘာပေါ်က သူရဲကောင်းတွေ အကြောင်း ပြောရရင် ဒီလူက အနာဂတ်မှာ ခေတ်အဆက် ဆက် နာမည်ကြီးလာလိမ့်မယ်"
အလယ်ပိုင်းဒေသမှ အမျိုးမျိုးသော သတ္တဝါများသည် တောင်ပိုင်းနယ်မြေကို အမဲလိုက်စစ်မြေပြင်အဖြစ် သတ်မှတ်ကြရာ တောင်ပိုင်းနယ်မြေမှ သတ္တဝါများ၏ လက်စားချေမှုကို သဘာဝအတိုင်း ဖြစ်ပေါ်စေ၏။ တစ်ချိန်က ၎င်းတို့ ပြန်လည်တိုက်ခိုက်ခဲ့ကြသည်။
ထို့ကြောင့် ဝမ်ထျန်းသည် တောင်ပိုင်းနယ်မြေမှ သတ္တဝါများ သိမ်းပိုက်လုနီးပါးဖြစ်ရာ တော၌ ပေါ်လာခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော တန်ခိုးနှင့် ထိုတောင်ပိုင်းဒေသက သားရဲ သတ္တဝါများကို ပြန်မောင်းထုတ်လိုက်သည်။
ပြီးတော့ လူတိုင်းကို တောင်ပိုင်းနယ်မြေကို တန်ပြန်တိုက်ခိုက်ဖို့ ဦးဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ တောင်ပိုင်းနယ်မြေမှာရှိတဲ့ စွမ်းအားရှိတဲ့ သတ္တဝါတွေနဲ့ သဘောတူညီမှုရခဲ့ပါ၏။ သူဟာ ထိုကူးတို့သင်္ဘောကို ထိန်းသိမ်းထားပြီး ဤလမ်းကြောင်းကို ထိန်းသိမ်းရန် တောင်ပိုင်းဒေသတွင် ဟိုင်ကျိုမြို့ကို တည်ဆောက်ခဲ့သည်။
ထို့ကြောင့် သဘာဝအားဖြင့် ဝမ်ထျန်းသည် ထျန်းယာမြို့ရှိ လူတိုင်းက အလွန်လေးစားကြသော ပုဂ္ဂိုလ်ဖြစ်ပေ၏။ ဝမ်ထျန်းက တာဝန်ယူထားသော ဝမ်မိသားစု လေလံပွဲကို ဘယ်သူမှ မကျူးကျော်ဝံ့ချေ။
အဲ့လိုကိုး!
လုရွှမ်လည်း ဤအဘိုးအို၏ အသက်ရှုသံနဲ့ အငွေ့အသက်ကို မခံစားရပေ။ သို့သော် သူ့စိတ်ထဲ၌ အလွန်ရက်စက် ကြမ်းကြုတ်နေမှန်း သိသာထင်ရှားလှသည်။
"ကောင်းပြီ...တခြားအပို စကားတွေ မပြောရအောင်... ဒီတစ်ခါ လေလံပွဲစပါပြီ ဒီလေလံပွဲကို ကျုပ်ရဲ့ ဆဋ္ဌမမျိုးဆက် မြေး ဝမ်ကျယ်က လက်ခံကျင်းပမှာပါ...ဒီကလေးကြီး ပြင်းလာတဲ့အချိန်က ကမ္ဘာကြီးကို မြင်တွေ့ရမယ့် အချိန်ကောင်းပါပဲ..."
ဝမ်ထျန်း ဘေးမှာရပ်လိုက်စဥ် လူတစ်ယောက် ထွက်လာသည်။ သူက လူတိုင်းကို အလေးပြုတော့ လူအများကလည်း သူ့ကို ပြန်လည် ဂါဝရပြုကြသည်။ ဝမ်ထျန်းက ရွေးထားတဲ့လူ ဖြစ်တဲ့အတွက် ဒီလူဟာ ဝမ်မိသားစုရဲ့ အနာဂတ်ကို ဦးဆောင်သူ ဖြစ်မယ်ဆိုတာ ထင်ရှားပါ၏။
ဝမ်ကျယ်သည် မျှော်စင်နယ်ပယ် အဆင့်ကိုးတွင်သာ ရှိသော်လည်း သူသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နတ်ခြေလှမ်းနယ်ပယ်သို့ ဝင်ရောက်ရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ ဝမ်ကျယ်၏ မျက်နှာသည် အလွန်အေးဆေးနေပြီး စိတ်အနှောက်အယှက် မဖြစ်ပေ။ အတိုချုံးမိတ်ဆက်ပြီးနောက် လေလံပွဲအတွက် ပထမဆုံးပစ္စည်းကို မိတ်ဆက်ပေးခဲ့သည်။
"ပထမပစ္စည်းက နောက်ဆုံးရတနာ အဖြစ်လည်း မှတ်ယူနိုင်ပါတယ်! လူတိုင်းက ဒီခရီးစဉ်မှာ ရတနာပိုမိုရဖို့ တောင်ပိုင်းဒေသကို သွားချင်ကြတယ်.... အရာအားလုံးကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ဖို့၊ အသက်ကို ကယ်တင်နိုင်တဲ့ ခွန်အားရှိဖို့က အခြေခံပါပဲ.... ပြီးတော့ ကောင်းမွန်တဲ့ လက်နက်တစ်ခုက ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြှင့်တင်ဖို့ အကောင်းဆုံး နည်းလမ်းက ပထမပဲဆိုတာ သေချာပါတယ်”
"ဒါဆို လေလံပစ်မယ့် ပထမဆုံးရတနာက ရှားပါးလက်နက်ပဲ...အဟဲ လူတစ်ယောက်က ကျွန်တော်တို့ကို ဒီမှာလေလံဆွဲဖို့ ပေးသွားတာ... ဒီရှားပါးလက်နက်ဆိုတာ ဘာကိုခေါ်မှန်း ကျွန်တော်တို့မသိပေမယ့် အဲဒီလူရဲ့ မူလစကားကတော့ ဒီဟာက တုတ်တစ်ချောင်းပဲ.... တုတ်ကို စစ်ဆေးပြီး သန့်စင်ထားတဲ့ ပစ္စည်းကို ကျွန်တော်တို့ မိသားစုက အဘိုးထျန်းတောင် မပြောနိုင်ပေမယ့် ဒါက ရွေ့လျားနေတဲ့ အရိုးတစ်ခု ဖြစ်ပုံရတယ်လို့ ခန့်မှန်းထားပါတယ်...."
"ပြီးအံ့သြစရာ အကောင်းဆုံးကတော့ ဒီတုတ်ထုတ်နိုင်တဲ့ ခွန်အားက မတည်ငြိမ်သေးတာမလို့ အသုံးပြုသူအတွက် လိုအပ်ချက်တွေက မမြင့်လွန်းပါဘူး...သုံးတဲ့သူက တုတ်ကို ဘယ်လိုခွန်အားမျိုးနဲ့ ထုတ်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်... ဆိုလိုတာက မင်းအလုံအလောက် အားကောင်းနေသရွေ့ ဒီတုတ်ကို ကောင်းကင်လက်နက် တစ်ခုအနေနဲ့ လုပ်လို့ရတယ်...."
"ကောင်းပြီ... ဒါ နိဒါန်းပဲ အခုလေလံကို စလိုက်ကြရအောင် ဒါက ပထမဆုံး လေလံတင်တဲ့ ပစ္စည်းဖြစ်လို့၊ စတင်ဈေးက အတော်လေး နည်းပါတယ်.... ခရမ်းရောင်သလင်းကျောက် တစ်ထောင်... လေလံတစ်ကြိမ်ဆွဲတိုင်း ခရမ်းရောင်သလင်းကျောက် တစ်ရာထက် မနည်းရပါဘူး"
ခရမ်းရောင်သလင်းကျောက် အလုံး တစ်ထောင်သည် ဤရှားပါး လက်နက်အတွက် သဘာဝအတိုင်း အလွန်စျေးသက်သာပါ၏။ ဒါပေမဲ့ တစ်ထောင်ဆိုတဲ့ အရေအတွက်က မနည်းချေ။
"ခရမ်းရောင်သလင်းကျောက် နှစ်ထောင်!"