ချန်ပေါင်ရှန်းရဲ့ စာအုပ်
Vol. 134 Ch. 4.1521
အသံတစ်သံ ထွက်လာသည်။
ထုံးစံအတိုင်း အပေါ်ဆုံးအခန်းထဲမှာ တစ်စုံတစ်ယောက်ရဲ့ ပါးစပ်ကို ဖွင့်လိုက်တာနဲ့ အောက်ဖက်က တခြားသူတွေ လုပ်သင့်တဲ့ အရာက ပါးစပ်ပိတ်ထားဖို့ပါပဲ။
ဒါပေမဲ့ ကံကောင်းထောက်မစွာနဲ့ အဲဒီအခန်းရဲ့ အဆင့်က သာမန်ပဲ ဖြစ်နေသည်။
"သုံးထောင်...."
"လေးထောင်!"
သိပ်မကြာခင်မှာပဲ ခရမ်းရောင်သလင်းကျောက် ပမာဏက တစ်သောင်း ကျော်သွားပါပြီ။
ဒီအရေအတွက်သည် ကြောက်စရာ ကောင်းနေပြီဟု လုရွှမ်ပင် တိတ်တိတ်ဆိတ်ဆိတ် ရေရွတ်နေလေသည်။ လူတချို့က လေလံဆွဲခြင်းကို ရပ်တန့်လိုက်တော့ စျေးနှုန်း တိုးတက်မှုနှုန်းမှာလည်း နှေးကွေးသွားခဲ့သည်။
လုရွှမ် သူ့စိတ်ထဲတွင် သူပိုင်ဆိုင်သော သလင်းကျောက်တုံးများကို တွက်ချက်ကြည့်သည်။ ရတနာများ အားလုံးသာ ဤဈေးအတိုင်း ဆိုလျှင် ဘာမှမဝယ်နိုင်တော့ဘဲ လုံးဝ မတတ်နိုင်တော့ကြောင်း တွေ့ခဲ့ရသည်။
ယခု အာကာသ ကျောက်စိမ်းပြားထဲတွင် သူသည် သောင်းနှင့်ချီသော ခရမ်းရောင်သလင်းကျောက်များအပြင် တချို့သော အဆင့်နှစ် ယွမ်သလင်းကျောက်များ၊ အဆင့်၃ ယွမ်သလင်းကျောက်များ ရှိပြီး စုစုပေါင်း ခန့်မှန်းခြေမှာ တစ်သောင်းငါးထောင်ခန့်သာ ရှိသည်။
ယင်းတို့သည် မြောက်ပိုင်းနယ်မြေမှ တူးဖော်တွေ့ရှိခဲ့သော သလင်းကျောက်များ ဖြစ်ကာ ရိတ်သိမ်းမှုမှာ အလွန်အထင်ကြီးစရာ ကောင်းနေပြီ ဖြစ်သည်။ သိမ်းယူရထားသော တချို့ သိုလှောင် လက်စွပ်များထဲတွင် အချို့အရာများ ရှိပါသေးသည်။ သို့သော် ၎င်းတို့သည် သေးငယ်ပြီး အပိုင်းအစများသာ ဖြစ်ကာ များများစားစား မရှိချေ။
အလယ်ပိုင်းနယ်မြေနှင့် ပတ်သက်ရင်တော့ လုရွှမ်အတွက်က ဤနေရာသည် ကြီးမားသော်လည်း နေရာများစွာတွင် သလင်းကျောက်တွင်းများ မရှိသည့်အတွက်ကြောင့် ဤသလင်းကျောက်များ ဒီလောက်များများ ထုတ်လာနိုင်တဲ့ အကြောင်းပြချက်က တစ်ခုသာ ရှိပါသည်။ တောင်ပိုင်းနယ်မြေမှ ယူဆောင်လာကြခြင်းပင်။
လုရွှမ်၏ ခန့်မှန်းချက်အတိုင်း အမှန်ပင် ဤကျောက်တုံးများကို တောင်ပိုင်းနယ်မြေမှ ကောက်ယူခဲ့ခြင်း ဖြစ်သည်။
တောင်ပိုင်းနယ်မြေရဲ့ ဝိညာဉ်စွမ်းအင်က ကြွယ်ဝပြီး တစ်ခေတ်ထက် တစ်ခေတ် မြင့်မားနေပြီ။ လက်လှမ်းမမီနိုင်သည့်အပြင် အရင်းအမြစ်မျိုးစုံက အလွန်ကြွယ်ဝသည်။ အထူးသဖြင့် စားသောက်ဆိုင်တွင် စားသောက်နေစဉ် ဒဏ္ဍာရီပုံပြင်များစွာကို ကြားခဲ့ရသည်။
တစ်စုံတစ်ယောက်သည် နေရာတစ်ခုသို့ လွဲမှားဝင်ရောက်လာကာ မြေအောက် ဝိညာဉ်စွမ်းအင်သည် အံ့အားသင့်ဖွယ် ကြွယ်ဝသည်ဟု ခံစားမိသောကြောင့် တူးဖော်ခဲ့ရာ သလင်းကျောက် တွငခးတစ်လုံးကို တိုက်ရိုက် တူးဖော် တွေ့ရှိကြောင်း စသဖြင့်။
၎င်းတွင် အများအားဖြင့် သလင်းကျောက်များ အများအပြားရှိပြီး၊ စိမ်းပြာရောင် သလင်းကျောက်များကပင် အညံ့ဆုံး ဖြစ်နေသည်။ လုရွှမ်ကတော့ သူ့လက်ထဲတွင် ရှားပါးလက်နက်တစ်ခု ရှိနေပြီဖြစ်လို့ အခြားရှားပါးလက်နက်များကို အလွန်မက်မောခြင်း မရှိပါ။ မဟုတ်ပါက ထာဝရအသက်ဓားကို ရှန်းရှန်းအား ပေးလိုက်မည် မဟုတ်ပေ။
စျေးအဆက်မပြတ် တက်နေပြီး လူတိုင်းက အပြေးအလွှားဝယ်ဖို့ လုပ်နေစဥ် သူက အေးအေးဆေးဆေးပဲ ကြည့်နေလိုက်သည်။ အဆုံးတွင် ဈေးသည် ၁၂၃,၅၀၀ ဖြစ်ကာ ထိုဈေးဖြင့် ၎င်းကို လုယူသွားခဲ့သည်။
အကြိတ်အနယ် ဖြစ်လာပြီးနောက် လေလံအိမ်တစ်ခုလုံး၏ လေထုကလည်း လုံးဝကို နှိုးဆွခံလိုက်ရသည်။ နောက်တစ်ခုကတော့ ရှားပါးရတနာများထဲမှ တစ်ခုဖြစ်ပြီး အများစုမှာ ဆယ်ဂဏန်း သို့မဟုတ် ရာဂဏန်းဖြင့် ရောင်းချကြသည်။
လုရွှမ်င အလွန်ရှားပါးသော ပစ္စည်းအများအပြားကို မှတ်သားထားခဲ့သည်။ သို့သော် ဤနေရာတွင် ၎င်းတို့အတွက် တချို့ရတနာတွေက မြက်ပင်နှင့် မုန်ညင်းပင်များကဲ့သို့ပင် တောင်ပိုင်းဒေသတွင် ပေါများသော အပင်များဖြစ်နေသည်။ ထိုဆေးပင်များက အဂ္ဂိရတ်ဆေး သန့်စင်ရန်အတွက် ကောင်းမွန်ပြီး ခွန်အားပြန်လည်ရရှိရန် အသုံးပြုနိုင်သည်။
လုရွှမ် ဤနေရာတွင် ပစ္စည်းများကို ရှာဖွေနေ၏။ သူ ရတနာများ အကြောင်းကို လွန်ခဲ့သော လကတည်းက လေ့လာနေခဲ့တာပင်။ တောင်ပိုင်းနယ်မြေတွင် ရတနာများစွာ မြှုပ်နှံထားတယ် ဆိုတာသာ မသိပါက ရတနာတောင်သို့ ဝင်ရသော်လည်း လက်ဗလာဖြင့် ပြန်လာရးတာနဲ့ ကြုံရလိမ့်မည်။
ဘာမှ မသိရင် ဘာမှ ရလာမှာ မဟုတ်ဘူး။
"နောက်တစ်ခုက စာအုပ်တစ်အုပ်ပါပဲ... ဟားဟား... လူတိုင်းက ချန်ပေါင်ရှန်း ဆိုတဲ့ နာမည်ကို ကြားဖူးကြမှာပါ"
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။ လုရွှမ် စိတ်ရှုပ်ထွေးနေပုံပေါ်သော ရှန်းရှန်းကို ငဲ့ကြည့်လိုက်သည်။ ထုံးစံအတိုင်း သူမကလည်း ဤလူအကြောင်းကို မသိပေ။
"ဟားဟား....အဝေးကလာတဲ့သူတွေ အများကြီးရှိသေးတယ် ထင်တယ်... ဒီလူက ငါတို့ ထျန်းယာမြို့က လူတိုင်းအတွက် ဘာအဓိပ္ပာယ်ရှိလဲပေါ့..."
"ဒီလူက စာကောင်းကောင်းဖတ်တတ်ပြီး သူ့ဘဝတစ်လျှောက်လုံး ဗဟုသုတလည်းရ၊ စူးစမ်းဖို့ အရမ်းစိတ်အားထက်သန်တယ်... သူ့ဘဝတစ်လျှောက်လုံး တောင်ပိုင်းနယ်မြေ တစ်လျှောက်လုံးနီးပါး ခရီးထွက်ခဲ့တယ် ဒါက ကျွန်တော်တို့ဘိုးဘေးတွေတောင် မလိမ်ဝံ့တဲ့ကိစ္စပဲ။ ကောလဟာလတွေလည်း ရှိတယ်။ အကြီးအကဲ ချန်ပေါင်ရှန်းက သူရဲ့ အတွေ့အကြုံနဲ့ ဗဟုသုတအပေါ်မှာ တစ်ချိန်က အားကိုးခဲ့တာ...မြေပုံတွေထဲမှာ ရှားပါးတဲ့ နေရာတချို့ကို ရေးဆွဲခဲ့တယ်"
"ဒီမှာ လူတော်တော်များများမှာ သူ့စာမူတချို့ရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်... ဒါပေမဲ့ အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ စာမူတော်တော်များများက အသုံးမဝင်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်.... အခုလည်း သူ့စာမူတွေထဲက တစ်ခုကို မတော်တဆ ရသွားပါပြီ..."
"အားလုံး စိတ်လှုပ်ရှားမနေပါနဲ့၊ ဒါက ရတနာရဲ့ ကြိုးစားအားထုတ်မှုနဲ့ အန္တရာယ်ရဲ့ မှတ်တမ်းမဟုတ်ပါဘူး... ဒါက သူ့ဘဝရဲ့ နောက်ပိုင်းနှစ်တွေမှာ သူတွေ့ခဲ့ရတဲ့ ရှားပါးရတနာတွေအကြောင်း မှတ်တမ်းပါပဲ"
"ဒါပေမဲ့ အဲဒီအချိန်က အကြီးအကဲ ချန်ပေါင်ရှန်းက အနောက်ဖက်ဒေသကို ခရီးထွက်တော့မှာ ဆိုတော့ တော်တော်များများကို မေ့သွားခဲ့တယ်လေ... သူကတော့ ဒီရတနာတွေရဲ့ နာမည်တွေ၊ ပုံစံတွေ၊ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင်ဖို့ သူ့မှတ်ဉာဏ်ကိုပဲ အားကိုးတကြီး လုပ်ခဲ့ရတာ..."
"တခြားနေရာက ကျင့်ကြံသူတွေ အတွက်ကတော့ တော်တော် အရေးကြီးနေပါသေးတယ်... အခြေခံဈေးက ခရမ်းရောင်သလင်းကျောက် ဆယ်လုံးဖြစ်ပြီး အနိမ့်ဆုံးလေလံဆွဲဈေးကတော့ ဆယ်လုံးထက် မနည်းရပါဘူး"
လူတိုင်းက ဒီအရာကို စိတ်ဝင်စားမှု ကင်းမဲ့နေတယ်ဆိုတာ သိသာပါ၏။
ဤနေရာတွင် တောင်ပိုင်းနယ်မြေ အကြောင်း သိသော လူအများစုအတွက် ဆိုင်တိုင်းက ဒီလိုစာအုပ်တွေတောင် ရောင်းနေကြတာပဲ မဟုတ်လား။
စျေးနှုန်းက မသက်သာပါဘူး၊ ကူးယူစာအုပ် တစ်အုပ်က စိန်းပြာရောင် သလင်းကျောက် တစ်လုံးပါပဲ။ ဒါပေမဲ့ ဒီစာအုပ်ထက် အများကြီးသက်သာတယ်လေ။ ရတနာအများစုကို ကောင်းစွာ မှတ်တမ်းတင်ထားပေမယ့် အကြီးအကဲ ချန်ပေါင်ရှန်း ရေးထားတဲ့ ဒီမူရင်းစာအုပ်လောက်တော့ မကောင်းပါဘူး။
လုရွှမ် သူ့စိတ်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။ တောင်ပိုင်းနယ်မြေ အကြောင်းကို သူပိုသိချင်သည်။ တခြားသူများထက် အသိပညာအနည်းငယ် ပိုရှိရုံဖြင့် သဲလွန်စအချို့ကို မိမိဘာသာ ရှာဖွေနိုင်ပြီး မသိသေးသော အရာများစွာကို ရှာဖွေတွေ့ရှိနိုင်သည်။
လုရွှမ်: "ခရမ်းရောင်သလင်းကျောက် ဆယ်လုံး"
အံ့သြစရာကောင်းတာက သူ့ကို ဘယ်သူကမှ မထောက်ခံဘဲ အရူးတစ်ယောက်လို ကြည့်နေကြတာပါပဲ။ ဝမ်မိသားစုက အဲဒါကို လေ့လာပြီး မိတ္တူစာအုပ်တွေတောင် ချန်ထားခဲ့မယ်ဆိုရင် လေလံတင် ရောင်းချနေလည်း အသုံးမဝင်တော့ပေ။
၎င်းသည် အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ လက်ရေးစာဖြစ်သော်လည်း ၎င်းတွင် ချိတ်ပိတ်ထားသော နိယာမလိုင်းတွေ မကျန်တော့ချေ။ ဤနေရာတွင် နေထိုင်သော သူများသည် ၎င်းတို့၏ဓားမှာ သွေးများစွာကို သောက်ထားဖူးကာ ဒါက ရှင်သန်ရန်အတွက်သာ ဖြစ်သော်လည်း ဒီလိုတော့ ငွေမဖြုန်းချင်ပေ။
လုရွှမ် သူ့အသွင်အပြင်ကို မဖုံးကွယ်ထားပေ။ သူက တောင်ပိုင်းနယ်မြေ အကြောင်း များများစားစား မသိသော လူသားပါရမီရှင် လုရွှမ်သာ ဖြစ်သည်။
"ကောင်းပြီ... ဘယ်သူမှ ဈေးထပ်မခေါ်တော့ရင် ဒီစာအုပ်က သခင်လေးလုရွှမ် ပိုင်ပါလိမ့်မယ်..."
"ခဏနေပါဦး.... သလင်းကျောက်နှစ်ဆယ်" တစ်စုံတစ်ယောက်က ရုတ်တရက် အော်လိုက်၏။
လုရွှမ် ထိုလူကို ကြည့်လိုက်တော့ ဒေါသကြီးသော အကြည့်ဖြင့် ကြည့်နေသူ ချန်းမေ့ ဖြစ်နေ၏။
ဒါက ကိုယ်ရေးကိုယ်တာ အာဃာတပါ။
လုရွှမ် ပေါ့ပေါ့ပါးပါး ရယ်လိုက်ပြီး။
"စဉ်းစားကြည့်ရအောင်... ငါဘယ်စာအုပ်ကို ဘာအတွက် သုံးချင်တာလဲဆိုတာ လူတိုင်း သိကြမှာပါ... ဒါကြောင့် ငါက ခရမ်းရောင်သလင်းကျောက် အလုံးသုံးဆယ်ကို ထပ်ပေးတယ်... လိုချင်တဲ့သူတိုင်း ယူသွားလို့ရတယ်"
ချန်းမေ့ဟုခေါ်သော အမျိုးသမီးလည်း အော်ဟစ်ပြီး ထပ်မပြောတော့ပေ။
သို့နှင့် စာအုပ်က လုရွှမ်လက်ထဲကို ရောက်သွားသည်။