← Chapters

ရောဂါပိုးဝင်သွားပြီ

Vol. 134 Ch. 4.1524

ရောဂါပိုးဝင်သွားပြီ

Vol. 134 Ch. 4.1524

"ရှန်းရှန်း စိတ်မပူပါနဲ့.. တခြားဘာမှ မဖြစ်သေးပါဘူး... အကြီးအကဲကျုံးယန် ကျွန်​တော့်အနားကို လာမကပ်ပါနဲ့ အစောတုန်းက ကျွန်တော့်ခန္ဓာကိုယ်မှာ အအေးဓာတ်တွေ ဖြတ်သန်းနေသလို ခံစားရတယ်...ကျွန်တော် အခန်းထဲပြန်သွားပြီး ချိတ်ပိတ်ထားရမယ်... ကျေးဇူးပြုပြီး ရှန်းရှန်းကို ဂရုစိုက်ပေးပါဦး"

လုရွှမ် စကားဆုံးသောအခါ မူလအခန်းသို့ အမြန်ပြန်ပြေးသွားခဲ့သည်။

ရှန်းရှန်းနဲ့ ကျုံးယန် လုရွှမ်နောက်သို့ လိုက်သွားကြသည်။ လုရွှမ် သဘာဝကျကျ တစ်ခုခုကို သတိထားမိပြီး သူတို့အတွက် စိတ်ပူနေမှန်း သိလိုက်သည်။ လုရွှမ် အခန်းထဲသို့ ပြေးသွားပြီး ကျုံးယန်က အခင်းအကျင်း တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ကန့်သတ်ချက်များစွာကို ဆက်တိုက် ပြုလုပ်ခဲ့သည်။

"ကိုကိုလုရွှမ်... ဘယ်လိုခံစားရလဲ ဘယ်လိုဖြစ်တာလဲဟင်?"

ရှန်းရှန်းရဲ့မျက်ရည်တွေ လှိမ့်ဆင်းလာ၏။ သူမ အရမ်းကြောက်ပြီး ဝမ်းနည်းသွားမှန်း သိသာသည်။

လုရွှမ် သူ၏အမြင်အာရုံ နယ်ပယ်မှ အရာအားလုံး ပြောင်းလဲလာသလို ခံစားလိုက်ရပြီး တစ်ကမ္ဘာလုံး နီရဲသွားကာ သူ့ကိုယ်လုံးက အလိုအလျောက် ပူလာသည်။ လူသတ်လိုသော ရည်ရွယ်ချက်တစ်ခုသာ သူ့စိတ်ထဲတွင် ပေါ်လာသည်။

ယွမ်ယန်ကျင့်စဥ်က အန္တရာယ် တစ်စုံတစ်ရာကို မခံစားရသလိုပဲ မလှုပ်မရှား ဖြစ်နေသောကြောင့် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေ၏။ လုရွှမ် ရွှေကျီးကန်းကို ဆက်သွယ်ချင်သော်လည်း ရွှေကျီးကန်းက လုံးဝ လှုပ်ရှားမှုမရှိဘဲ အိပ်ပျော်သွားပြန်ပါပြီ။

လုရွှမ်ကို ထိတ်လန့်စေသည့် အချက်က အာကာသကျောက်စိမ်းပြားထဲမှာ လှုပ်ရှားမှု မရှိပေ။ သို့သော် ထူးဆန်းသည်မှာ သူက အလွန်သတိရှိနေဆဲ ဖြစ်ပေ၏။

"လူကြီးမင်း... ကျေးဇူးပြုပြီး ရှန်းရှန်းကို ဂရုစိုက်ပေးပါ...."

"ဒါကို စိတ်မပူပါနဲ့ မင်းသမီး ရှန်းရှန်းကို ကောင်းကောင်း ဂရုစိုက်ထားပါ့မယ်"

အစက လုရွှမ် မလာဘူးဆိုရင်တောင် သူလာရှာမလို့ စဥ်းစားထားပြီးသားပါ။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူသည် ပလိပ်ရောဂါကြောင့် ဒုက္ခရောက်ခဲ့ရပါသည်။

ထပ်ခါတလဲလဲ ဆွေးနွေးခဲ့ကြသော်လည်း အဖြေမရှာနိုင်၊ သန့်စင်ထားသော ဆေးများသည် အကျိုးသက်ရောက်မှု မရှိချေ။ လုရွှမ်က အဂ္ဂိရတ်ပညာများစွာ ထပ်မံလေ့ကျင့်ခဲ့ကြောင်း သိသောကြောင့် လုရွှမ်အား ဆွေးနွေးတဲ့အချိန်မှာ ဖိတ်ခေါ်ရန်လည်း စဉ်းစားခဲ့သည်။

ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့ အရာကတော့ သူတို့ဟာ လုရွှမ်အခန်းထဲမှာ တပ်ဆင်ထားတဲ့ အခင်းအကျင်း ပုံစံတွေကိုတောင် မချိုးဖျက်နိုင်ခဲ့ပါဘူး။

ဖြတ်ကျော်ချင်ရင်တော့ လုရွှမ်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့အထိ ကြမ်းတမ်းစွာ ဖျက်ဆီးပစ်နိုင်ပါ၏။ ထို့အပြင် တခြားသူများကို အနှောက်အယှက် မဖြစ်စေရန် တားမြစ်ပိတ်ပင်ထားသည်။ အပြင်းအထန် ဖျက်စီးလိုက်လျှင် ရှင်းပြရန် ခက်ခဲသွားလိမ့်မည်။

လုရွှမ်သာ ဒီအချက်ကြောင့် အမှန်တကယ် စိတ်ထိခိုက်သွားပါက သူသည် အကြောင်းပြချက်မရှိဘဲ ထူးကဲသော စွမ်းရည်၊ အင်အားကြီးမားသော ရန်သူကို ထူထောင်လိုက်မိပြီပဲ ဖြစ်သည်။

နောက်ဆုံးတွင် လုရွှမ်သည် သူ့ဘာသာသူ အန္တရာယ်ကို ရှာဖွေတွေ့ရှိခဲ့၏။ သို့သော် ကံမကောင်းစွာပဲ သူတို့စကားအကုန် မပြောမီ လုရွှမ်က ပလိပ်ရောဂါကူးစက်နေပြီ ဖြစ်ပြီး သူ့ကိုနောင်တရစေခဲ့သည်။

"ဟူး... မင်းသမီးရှန်းရှန်း မင်းနဲ့ငါ တခြားအခန်းကို သွားမလား။"

"ဟင့်အင်း... အစ်ကိုနဲ့ အတူနေချင်တယ်... အစ်ကိုက ဒီလိုကိစ္စတွေကို ရှင်းပစ်ဖို့ နည်းလမ်းရှိမယ်လို့ ယုံကြည်တယ်"

သူမက တံခါးနားကို ကပ်ကာ အော်ပြောလိုက်သည်။ အချည်းနှီး ဖြစ်ပေမယ့် သူမ အလွန်အမင်း စိတ်ပိုင်းဖြတ်ပြီး လှည့်ထွက်သွားဖို့ ငြင်းဆန်နေခဲ့ပါသည်။

လွန်ခဲ့သည့် လအနည်းငယ်အတွင်း ကျုံးယန်လည်း ထိုသို့သော လူများစွာနှင့် တွေ့ဆုံခဲ့ပြီးပါပြီ။ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ဆွေမျိုးများ၊ သူငယ်ချင်းများ၊ ဇနီးများ၊ သားသမီးများနှင့် ခင်ပွန်းများပင် ဖြစ်သည်။ တားဖို့ကြိုးစားတာက အကျိုးမရှိဘူး ဆိုတာလည်း သူသိသည်။ ဒါပေမဲ့ သူလုပ်ရမယ်။

"မင်းသမီး... သခင်လေးလုရွှမ်က ရောဂါကို သေချာပေါက် ပျောက်ကင်းအောင် ကုသနိုင်မယ်လို့ မင်းယုံကြည်ရင် မင်း ကူးစက်ခံရရင်ရော ဘာဖြစ်မလဲ... အဲဒါက သခင်လေးလုရွှမ်ကိုပါ စိတ်ပူသွားစေလိမ့်မယ်... အခု မင်းရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်းဂရုစိုက်ဖို့ပဲ... သခင်လေးလုရွှမ် ထွက်လာရင် မင်းကို လုံခြုံစွာ တွေ့နိုင်မယ်လေ မဟုတ်ဘူးလား"

ရှန်းရှန်း အံ့အားသင့်သွားကာ လှည့်ကြည့်လိုက်စဥ် ကျုံးယန်က သူမကို သတိလစ်သွားအောင် လုပ်ပြီး အခန်းကျယ်ကြီး တစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ အတူနေထိုင်သူ နှစ်ဦးအနက် တစ်ဦးမှာ ပလိပ်ရောဂါ ကူးစက်ခံရသော်လည်း တခြား ရောဂါကူးစက် မခံရသူသည် အချိန်တော်တော် ကြာတဲ့အထိ ကူးစက်ခံရမည် မဟုတ်ကြောင်း ပြသသည့် ဥပမာများစွာရှိပါသည်။

အလွန်မှော်ဆန်ပါ၏။ ဒါပေမယ့် သူတို့မှာ တိကျတဲ့ အကြောင်းပြချက်ကို အချိန်အတော်ကြာအောင် လေ့လာထားပေမယ့် ဘာသဲလွန်စမှ မရရှိခဲ့ပါဘူး။

ဒါတောင်မှ သူတို့က အဲဒီလူတွေဆီက သွေးတချို့ကို ထုတ်ပစ်ဖို့ စီစဉ်ပြီး အတွင်းကျကျ လေ့လာတာကိုတောင် လုပ်ခဲ့​သေးသည်။ ဒါပေမဲ့ လူတော်တော်များများက သူတို့ရဲ့လျှို့ဝှက်ချက်တွေကို တခြားသူတွေကို ထုတ်ဖော်ပြသဖို့ ဆန္ဒမရှိကြဘူး မဟုတ်ဘူး။

တချို့လူတွေက ဇနီး၊ သားသမီး၊ ခင်ပွန်း၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတချို့ကို ကူညီပေးချင်ပေမယ့် သဲလွန်စက မရှိနေချေ။

လုရွှမ် သွေးစွန်းသော ကမ္ဘာထဲသို့ ဝင်သွားသကဲ့သို့ သူ့ပတ်ဝန်းကျင်က အပြောင်းအလဲများကို ခံစားလိုက်ရသည်။ ဒါက အစစ်အမှန်လား ပုံရိပ်ယောင်လား မပြောတတ်​သေး။ သူ့စိတ်တွေက လှုပ်ရှားနေသေးတာကြောင့် မခုခံသေးဘဲ ခဏလောက် သည်းခံလိုက်သည်။

ခန္ဓာကိုယ်ကို ချက်ချင်း လှဲချလိုက်ပြီး မြေပြင်ကို ထိမှန်သွားသည့်အခါ ပုခုံးက ပြင်းပြင်းထန်ထန် နာကျင်သွားတာကို ခံစားလိုက်ရသည်။

အစစ်အမှန်ပဲ။

လုရွှမ် အနည်းငယ် ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ဒါဟာ မှော်ဆန်တဲ့ စွမ်းအားနဲ့ လုံးလုံးလျားလျား ဖန်တီးထားတာပါပဲ။ ဒီလိုအချိန်မျိုးမှာ တိုက်ခိုက်မှုမျိုးကို နောက်တစ်ကြိမ် ခံနိုင်ရည်မရှိပါက ခက်ခဲလာနိုင်သည်။ သူသည် ကောင်းကင်ဓားကို ဆွဲထုတ်ပြီး စတင်တိုက်ခိုက်​တော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် လုရွှမ်သည် အာကာသသားရဲနှင့် တိုက်ပွဲတွင် လုံးလုံးလျားလျား စွဲလန်းသွားပြီး သတ်ဖြတ်ခြင်းမှာ ပျော်ရွှင်လာသည်။ ကံအားလျော်စွာနဲ့ သူ့စွမ်းအားသည် နတ်မီးနယ်ပယ် အဆင့်၁၂ကို မြှင့်တင်ထားသောကြောင့် ၎င်းတို့ကို တွန်းလှန်နိုင်ခဲ့သည်။

အဆက်မပြတ် တိုက်ခိုက်မှုများတွင် သူ၏ ဓားကျွမ်းကျင်မှုအပေါ် ထိန်းချုပ်နိုင်စွမ်းနှင့် သူလိုချင်သမျှ စွမ်းရည်များက အရှိန်အဟုန်မြှင့် တိုးတက်လာသည်။ အစကတော့ ဤအာကာသသားရဲများ၏ သက်ရောက်မှုကို တားဆီးနိုင်ရုံမျှသာ ရှိခဲ့သော်လည်း ယခုအခါတွင် သူသည် အဆိုပါ အာကာသသားရဲများကို သတ်လာနိုင်ခဲ့ပြီး အင်အားကလည်း အလွန်တိုးမြင့်လာခဲ့သည်။

ဤအတိုင်းအတာ အားလုံးသည် နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့် ဖြစ်သော ကျင့်ကြံသူ တစ်ယောက်ထက် အားနည်းမနေမှာ သေချာပါသည်။ သလင်းကျောက်များသည် မထင်မှတ်ထားတဲ့ အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားပြီ။ လုရွှမ် အရာအားလုံးကို လုံးဝသတိမထားမိဘဲ အဆုံးမဲ့တိုက်ပွဲတွင် နှစ်မြှုပ်နေဆဲ ဖြစ်သည်။

ထိုအခိုက်တွင် သူ့တံခါးအပြင်ဘက်က ရှန်းရှန်းသည် လုရွှမ်ရဲ့ လုပ်ရပ်ကိုကြည့်ကာ အလွန်ဝမ်းနည်းနေပါသည်။ သူမအမြင်အရ လုရွှမ်သည် တိုက်ပွဲတွင် လုံးလုံးလျားလျား နစ်မြုပ်နေပြီး အဲဒီလူတွေနောက်ကို လိုက်လျှောက်တော့မည်။

ဒီလဟာ သူမအတွက် ပြီးပြည့်စုံတဲ့ နှိပ်စက်မှုတစ်ခုပါပဲ။ အစကတုန်းက မယုံနိုင်ခဲ့ပေမယ့် အခု ဒီအချက်ကို ဖြည်းဖြည်းချင်း လက်ခံလိုက်ရပါပြီ။

ရောဂါကူးစက်ခံထားရတဲ့ လူတွေရဲ့ အသေအပျောက်ကို မြင်ခဲ့ရပြီး တကယ်ရူးသွပ်တဲ့ သူတွေကိုလည်း တွေ့ခဲ့ရပြီးပြီ။ တချို့လူတွေက အခန်းထဲက ပြေးထွက်လာပြီး နောက်ဆုံးမှာတော့ နတ်​​ခြေလှမ်းနယ်ပယ်က သခင်တွေက သတ်ပစ်ခဲ့ရသည်။

ထိုအချိန်တွင် လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ သင်္ဘောကြီးကလည်း ကမောက်ကမ ဖြစ်လုနီးပါး ဖြစ်နေသည်။ ကျင့်ကြံသူတိုင်း ကြောက်လန့်တကြားနဲ့ ကိုယ့်အခန်းမှာ ပုန်းနေကြပြီး အချို့သော အပေါင်းအဖော်တွေနဲ့ ရောဂါပိုး လက္ခဏာမပြတဲ့ တခြားသူတွေကို တစ်ယောက်ပြီး တစ်ယောက် ဂရုတစိုက် စိုက်ကြည့်နေကြ၏။

သင်္ဘောတစ်လျှောက်လုံးရှိ ကျင့်ကြံသူတွေကြားက ဆက်ဆံရေးက အလွန်အေးစက်လာခဲ့​လေသည်။

All Chapters