ကောင်းကင်ပိုးကောင်
Vol. 134 Ch. 4.1526
"အား.... ငါမှားပါတယ် ငါမှားပါတယ်..."
လုရွှမ် သူ့လက်ဖဝါးကို လွှတ်လိုက်သောအခါ ဆန်းကြယ်ရေခဲမီးတောက် သလင်းကျောက်ဖြင့် ပတ်ထားသော အနီရောင် ပိုးကောင်ငယ်လေးကို တွေ့လိုက်ရသည်။
ဤပိုးကောင်သည် လူ့ခန္ဓာကိုယ်တွင်းက အပူရှိန်ကို လှုံ့ဆော်ပေးနိုင်တာ သိသာထင်ရှားလှတာမို့ လုရွှမ်လည်း ၎င်းကို ဆန်းကြယ်ရေခဲမီးတောက်ဖြင့် အေးခဲသွားအောင် လုပ်ပစ်ဖို့ ကြိုးစားခဲ့တာပဲ ဖြစ်သည်။ မထင်မှတ်ဘဲ အကောင်ငယ်လေးကို တကယ် ထိသွားခဲ့သည်။
ပတ်ဝန်းကျင်က ထင်ယောင်ထင်မှားတွေ လုံးဝပျောက်ကွယ်သွားပြီး လုရွှမ်လည်း အရင်အခန်းကို ပြန်ရောက်သွားခဲ့သာည်။ သူ့စိတ်ဝိညာဉ်ထဲတွင် ဆွဲငင်နေတဲ့ သဲလွန်စတစ်ခုက သူ့ကို ကောင်လေး၏ စိတ်ဝိညာဉ်ချင်း ဆက်သွယ်နိုင်စေခဲ့သည်။
"ပြောစမ်း... မင်းက ဘယ်လိုသတ္တဝါလဲ"
ပိုးကောင်ငယ်လေးသည် ၎င်း၏ခန္ဓာကိုယ်ကို လိမ်သွားသော်လည်း လုရွှမ်အမြင်တွင် ခန္ဓာကိုယ်က သေးငယ်လွန်းသဖြင့် သက်ရောက်မှု တစ်စုံတစ်ရာ၊ လှုပ်ရှားမှု လုံးဝမရှိသကဲ့သို့ ဖြစ်နေသည်။
ပိုးကောင်ငယ်သည် လက်ဆစ်ရှည်ရှည် အနီရောင်မျဉ်းကဲ့သို့ ပါးလွှာပြီး နီရဲနေသည်။ ခန္ဓာကိုယ်မှာ ခြေသလုံးလေး နှစ်ဖက်က တွဲလျောင်းလေးတွေ ပါရှိနေတော့ ခြုံပြီးကြည့်လိုက်ရင် ချစ်စရာကောင်းပါ၏။
အထူးသဖြင့် ဦးခေါင်းထိပ်ရှိ ငွေဖြူမျက်လုံးကြီး တစ်စုံသည် ပေါ့ပေါ့ပါးပါး မှိတ်တုတ်ထားကာ အထူးချစ်စရာကောင်းသည်။ ၎င်းကသူ့ကို သက်ညှာပေးပါလို့ တောင်းဆိုနေသလိုပင်။
လုရွှမ် ရယ်လိုက်ပြီး :"အကောင်လေး... ချစ်စရာလေး ရပ်လိုက်ပြီး မြန်မြန်ရှင်းပြစမ်း... မဟုတ်ရင် မင်းသေရလိမ့်မယ်"
ပိုးကောင်ငယ်လေးသည် ၎င်း၏ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် လှုပ်ယမ်းကာ ပါးစပ်ကို တစ်ခုပြီးတစ်ခု ဖွင့်ကာ တစ်ခုခု ပြောနေပုံရသော်လည်း လုရွှမ် နားမလည်နိုင်သေးပေ။
"ကောင်လေး မျက်စိစုံမှိတ်ပြီး အလုပ်မလုပ်စမ်းပါနဲ့... ဒါက ပိုးမွှားတစ်မျိုးပဲ ကောင်းကင်ပိုးကောင်လို့ ခေါ်လို့ ရတယ်... မင်း သူ ဘာပြောနေလဲ မသိချင်ဘူးလား?"
သူ့စိတ်ထဲတွင် ရွှေကျီးကန်းရဲ့ အသံ ထွက်ပေါ်လာသည်။ ရွှေကျီးကန်းရဲ့ အသံကို သူ မကြားရတုန်းက ဒေါသမထွက်ပါဘူး။ သို့သော် ကြားလိုက်တာနဲ့ ဒေါသတကြီး အော်လိုက်တော့သည်။
"ရွှေကျီးကန်း! ခင်ဗျား အရင်က ဘာလုပ်နေတာလဲ... ကျွန်တော် ခင်ဗျားကို ဆက်သွယ်နေတာကြာပြီ"
ရွှေကျီးကန်းကလည်း လုရွှမ်ကို တိုက်ရိုက် မထီမဲ့မြင် ပြန်ပြုခဲ့သည်။
"ဟမ့် မင်းမှာ မေးခွန်းတွေရှိရင် ငါ့ကိုမေးစမ်းပါ... မင်းက မိုက်မဲတဲ့အကျင့်ကို ကျင့်နေတုန်းပဲ"
လုရွှမ် ဒါကိုသိပေမယ့် ခဏကြာတဲ့အထိ စကားမပြောနိုင်လောက်အောင် တင်းမာနေခဲ့သည်။
"ကောင်းပြီ... ကောင်းကင်ပိုးကောင် အကြောင်းပြောရအောင်... ဒီကောင့်ရဲ့ မှော်အစွမ်းကဘာလဲ... ခင်ဗျား သိပြီဆိုကတည်းက သူ့ရဲ့ မှော်အစွမ်းကိုလည်း သိထားသင့်တယ် မဟုတ်လား"
"အဓိပ္ပာယ်မရှိတာ... ဒီကောင်းကင် ပိုးကောင်က ထိပ်တန်းဝိညာဉ် သားရဲပဲကွ... သူက သူ့ဘ၀ထဲဲမှာ ပြောင်းလဲမှု နှစ်ခု ကြုံတွေ့ရလိမ့်မယ်... ပထမအကြိမ်ကို သဘာဝအတိုင်း ကောင်းကင်ပိုးကောင်လို့ ခေါ်တယ်... ဒုတိယအကြိမ်ကို ကျရင်တော့ ကောင်းကင်ပိုးကောင် အပြောင်းအလဲလို့ ခေါ်တယ်.... သူ တစ်ခါ အသွင်ပြောင်းတိုင်း ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ အပြောင်းအလဲတွေကို စုပ်ယူနိုင်တယ်...."
"ဒါဆို မင်းကဒီအချိန် ကံမကောင်းလို့ သူ အစပျိုးလိုက်တဲ့ ပြောင်းလဲမှုတွေကို ကြုံခဲ့ရတာပဲ... ဒါပေါ့ ဒီလို ပိုးကောင်မျိုးကို ကျင့်ကြံသူတွေက နှစ်သက်ကြတယ်... ပိုးကောင်ရဲ့ အသွင်ပြောင်းခြင်းက သူတို့အတွက် အပြောင်းအလဲ ကြီးကြီးမားမားကို ဆောင်ကြဉ်းပေးရုံတင်မကဘူး... မတော်တဆ ပါဝင်လာတဲ့ အကျိုးကျေးဇူးကြီးတွေကိုလည်း ရရှိနိုင်မယ်"
"အကျိုးကျေးဇူး?"
လုရွှမ်လည်း သူရဲ့ကြံ့ခိုင်မှု အလွန်တိုးတက်လာတာကို ခံစားနိုင်သည်။ ရွှေကျီးကန်းက ဆက်လက်ပြောပြသည်။
"ကောင်းကင်ပိုးကောင်တွေ အသွင် ပြောင်းလဲသွားတဲ့အခါ ကောင်းကင်နဲ့ မြေကြီးရဲ့ ဇာစ်မြစ်ရောင်ဝါကို ဖြစ်ပေါ်စေတယ်... ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုးမှ ကောင်းကင်ပိုးကောင်တွေရဲ့ အသွင်အပြင်ကို မြှင့်တင်ပေးနိုင်တယ်... ဒါပေမဲ့ သာမန်ကျင့်ကြံသူတွေက ဒီဇာစ်မြစ်ရောင်ဝါကို ဘယ်လိုလုပ် ရနိုင်မှာလဲ...."
"ဟုတ်တယ် အားသာချက် အားနည်းချက်တွေ ရှိတယ် ရွေးချယ်ခံရတာက အခွင့်အလမ်းတစ်ခု.... ဒါပေမယ့် စမ်းသပ်မှု တစ်ခုလည်း ဟုတ်တယ်... အဲဒါကို ခံနိုင်ရည်ရှိမယ်ဆိုရင် မင်းရဲ့ ကျင့်ကြံမှုက အရမ်းတိုးတက်လာမှာ မဟုတ်ပေမယ့် မင်းရဲ့စိတ်ဝိညာဉ်က ကောင်းကင်ရဲ့ မူလအစကို ခံစားနိုင်မှာပဲ...ကောင်လေး မင်းရဲ့လက်ရှိအခြေအနေကို ကြည့်စမ်း မင်းမှာ သလင်းကျောက် အလုံအလောက် ရှိနေသရွေ့ မင်း သူ့နယ်မြေထဲကို ဝင်နိုင်မယ် ပြီးတော့ မင်း တောင်ပိုင်းနယ်မြေကို ဘေးကင်းကင်း ရောက်သွားနိုင်တယ်...."
"ဒါပေါ့ မင်းစမ်းသပ်မှုကို ခံနိုင်ရည်မရှိရင် မင်းအမြဲတမ်း ထင်ယောင်ထင်မှား ဖြစ်သွားလိမ့်မယ်... မင်းခန္ဓာကိုယ်က မခံနိုင်ရင် သဘာဝအတိုင်း သေသွားလိမ့်မယ်... သခင်က ကောင်းကင်ပိုးကောင်ကို မွေးမြူထားဖူးတယ်... အဲဒါကြောင့် ယွမ်ယန်စွမ်းအင်က မတိုက်ခိုက်တာ... မင်းခန္ဓာကိုယ်ရဲ့ ခွန်အားက ကောင်းကင်ပိုးကောင်အတွက် ပြင်းထန်တဲ့ သွေးဆောင်မှုပဲကွ..."
"မဟုတ်ရင် မင်းမှာ နတ်မီးနယ်ပယ်ရဲ့ ခွန်အားရှိပြီး မျှော်စင် နယ်ပယ်ကိုတောင် မရောက်သေးတာ... မင်းရဲ့ ခန္ဓာကိုယ်က ကောင်းကင်ပိုးကောင်ရဲ့ ပြောင်းလဲမှုကို ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ထင်လဲ"
လုရွှမ် အခုမှပဲ သဘောပေါက်တော့သည်။
ထိုလူများ အားလုံးသည် မျှော်စင်နယ်ပယ် သို့မဟုတ် မျှော်စင်နယ်ပယ် အထက်တွင် ရှိနေကြသော်လည်း အခြေခံအုတ်မြစ်မှာ မခိုင်ခံ့တဲ့အတွက် ကောင်းကင်ပိုးကောင်ကို သတိမထားမိနိုင်တာ သဘာဝကျသည်။
ရွှေကျီးကန်းက သက်ပြင်းချလိုက်ပြီး "ဟေး... ဒီပိုးကောင်မျိုးကို အစတုန်းကတော့ ကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတစ်ခုလို့ မှတ်ယူခဲ့ပေမယ့် အခုတော့ ဘယ်သူမှ မသိကြတော့ဘူး... ဒီနေရာက ထူးထူးခြားခြား ဝိညာဉ်စွမ်းအင်တွေရှိတဲ့ နေရာတစ်ခုပဲ ဒါပေမဲ့ တိကျတဲ့ အချိန်တစ်ခုမှာပဲ ထွက်လာလိမ့်မယ်.... ကောင်းကင်ပိုးကောင်က ကောင်းကင်မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို ပေးစွမ်းနိုင်တယ်... ဒီလိုအချိန်က သူ့အတွက် အခွင့်အလမ်းပဲ...."
လုရွှမ် ကောင်းကင်ပိုးကောင်ကို လွှတ်လိုက်သည်။ ယွမ်ယန်စွမ်းအင် အလုံးလေး ခုန်တက်လာပြီး ကောင်းကင်ပိုးကောင်ကို ဖုံးအုပ်ထားလိုက်သည်။ ပိုးကောင်မှာ အနည်းငယ် ထိတ်လန့်သွားသော်လည်း လုရွှမ်ရဲ့ ကြင်နာမှုကို ခံစားမိပါ၏။ ယွမ်ယန်စွမ်းအင်က သူ့ခန္ဓာကိုယ်ထဲရှိ ဩဘာသည် အဆက်မပြတ် တိုးတက်လာစေတာကြောင့် အလွန်ပျော်ရွှင်နေသည်။
လုရွှမ်သည်လည်း ယွမ်ယန်စွမ်းအင် စားသုံးနေသည့် အရှိန်ကို ခံစားလိုက်ရပြီး ပိုးကောင်ငယ်လေးကြောင့်လည်း ထိတ်လန့်သွားသည်။ ယွမ်ယန်စွမ်းအင်ကို အဆက်မပြတ် ပံ့ပိုးပေးစေကာ လက်ရှိတွင် အသွင်းပြောင်းလဲချင်နေတာ ထင်ရှားသော်လည်း လုရွှမ် ခွန်အားမှာ အနည်းငယ် နောက်ကျကျန်နေသေးသည်။
ပြီးတော့ ဒါက လုံးဝ သူ့ရဲ့ ညံ့ဖျင်းမှုပါပဲ။
တဖြည်းဖြည်းနှင့် ကောင်းကင်ပိုးကောင်ရဲ့ ရွေ့လျားမှုက ရပ်တန့်သွားသည်။ ၎င်း၏ခန္ဓာကိုယ် မျက်နှာပြင် ဖောင်းကားလာတာကို အသေအချာ ကြည့်လိုက်ရင် ခန္ဓာကိုယ်အပြင်ဘက်တွင် ပိုးအိမ်အလွှာတစ်ခု လုံးလုံးဖုံးလွှမ်းထားတာကို တွေ့ရလေ၏။
ထို့နောက် လုရွှမ်ခန္ဓာကိုယ်ထဲ ဖောက်ဝင်သွားခဲ့သည်။
"ကောင်လေး... စိတ်မပူပါနဲ့ ဒါက မင်းကို အသိအမှတ်ပြုတဲ့ လက္ခဏာတစ်ခုပဲ... ဒါပေါ့ အနာဂတ်မှာ သူမင်းနောက်လိုက်ဖို့ ဆန္ဒရှိမရှိဆိုတာ မင်းရဲ့ကံကြမ္မာပေါ်မှာ မူတည်တယ်...အမ် တစ်ယောက်ယောက် လာနေပြီ"
ရွှေကျီးကန်းက ပြောပြီး ကျောက်စိမ်းပြားထဲကို ပြန်ဝင်သွားသည်။
လုရွှမ် အပြင်မှ လှုပ်ရှားမှုကို ပြန်လည်ခံစားမိနေပါပြီ။ ငိုသံများကိုပါ ထပ်ကြားလိုက်ရစဥ် သူ့မျက်လုံးတွေက လျင်မြန်စွာ သွေးလိုနီရဲလာပြန်၏။ ဒီလူတွေ ဘာလုပ်ချင်နေသလဲ သူ ခန့်မှန်းမိသည်။ အခန်းအပြင်ဘက်မှ အသက်ရှူသံတစ်ခု ထွက်လာသည်။
"ဟမ့် တောက်ကျုံးဂိုဏ်းက လူတွေက တော်တော်ကောင်းတာပဲ... နောက်ဆုံးတော့ အံ့သြစရာကောင်းတဲ့ အရာတွေကို တီထွင်ခဲ့ကြသေးတယ်"
"ဟေ့ ဒီကောင်ရဲ့ သိုလှောင်လက်စွပ် ဘယ်မှာလဲ ဘာလို့ အကုန်ပျောက်နေတာလဲ အရင်က ကောင်းကင်လက်နက် ရှိတယ် မဟုတ်ဘူးလား... ဘာလို့ ပျောက်နေတာလဲ"
"ဟမ့် တခြားတစ်ယောက်ယောက်က ဒီကို အရင်ရောက်တာကြောင့် ဖြစ်နိုင်တယ်... ဒီကောင်လေးက လူသားတွေရဲ့ နံပါတ်တစ် ပါရမီရှင်လို့ ငါကြားတယ်"
"ဘာနံပါတ်တစ် ပါရမီရှင်လဲ... နတ်မီးနယ်ပယ်ကလား...အို့ လူသားတွေက တကယ် ယုတ်ညံ့တဲ့ လူမျိုးပဲကွ!"
လုရွှမ်သည် သူ့ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်မှ ဖမ်းဆုပ်ကာ တွန်းထုတ်လိုက်ပြီးနောက် အခန်းတွင်းသို့ ပစ်ချလိုက်တာကို ခံစားလိုက်ရသည်။ သူ့ဘေးမှာ တခြားလူတွေကလည်း သတိလစ်နေကြပြီ။ ပလိပ်ရောဂါလို့ ခေါ်တဲ့ အရာတစ်ခုကို ခံစားနေရသူတွေပါပဲ။
အစောက အာရုံစူးစိုက်နေရာ၌ သတိလစ်သွားပြီးနောက် ဤနေရာတွင် ပစ်ချခံလိုက်ရသည်။
ဘာလုပ်ချင်နေတာလဲ?
ပလိပ်ရောဂါ ပြန့်ပွားမှုကို တားဆီးဖို့ အတူတူ ချုပ်နှောင်ထားတာလား။
"အားလုံး ဒီမှာ ရှိလား"
"သူတို့အားလုံး ဒီမှာရှိပါတယ်... သေဆုံးခဲ့တဲ့ ၃,၀၀၀ ကျော်ကလွဲရင် ကျန်တဲ့ ၅၀,၀၀၀ လောက်က ဒီမှာရှိတယ်"
"ကောင်းပြီ... ဒီအခန်းတွေကို ပင်လယ်ထဲ ပစ်ချလိုက်တော့!"