အဆင့်၁၃?
Vol. 134 Ch. 4.1527
ဘာလဲ သူတို့ကို လွင့်ပစ်မှာလား?
သင်္ဘောပေါ်က ကျင့်ကြံသူ များစွာကို ဒီအတိုင်းလေး စွန့်ပစ်လိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ဒီပင်လယ်ကို သေမင်းပင်လယ်လို့ ခေါ်ပြီး အဲဒီပင်လယ်ကို ဝင်လိုက်ရင် သေမှာ သေချာပါ၏။
ဒီလူတွေက သွေးအေးလွန်းလှပေသည်။ ထိုစဥ် ရွှေကျီးကန်းရဲ့ အသံကို ရုတ်တရက် ပြန်ကြားလိုက်ရသည်။
"ကောင်လေး... မင်းအခွင့်အရေး လာပြီ"
အခွင့်အရေးလား? မကြာခင် သေတော့မယ့်ဟာကို အခွင့်အရေးက ဘယ်မှာရှိလို့လဲ။
"ကောင်လေး...ကောင်းကင်ပိုးကောင်တွေ အသွင်ပြောင်းတဲ့ အခါကျရင် လူသားတွေက အဲဒါကို သည်းမခံနိုင်ကြဘူး... အဲ့ကျရင်တော့ သူတို့သေကြလိမ့်မယ် ဒီတော့ ဒီကောင်းကင်ပိုးကောင်တွေရဲ့ ကံကြမ္မာကို မင်း သိလား"
လုရွှမ် အနည်းငယ် ထိတ်လန့်သွားပြီး "သူတို့လည်း သေတော့မှာပဲလား... ဒီလိုဆိုရင် သန်မာတဲ့သူတွေကို ဘာလို့ မရွေးချယ်တာလဲ"
ရွှေကျီးကန်း: “ဟုတ်တယ်... ပိုးကောင်က ထက်မြက်တဲ့ သတ္တဝါပဲ ဒီကောင်လေးတွေ အသွင်ပြောင်း အောင်မြင်မှုက ကျင့်ကြံသူတွေ အပေါ်မှာ မူတည်တယ်..... ဒါပေမဲ့ သက်ရောက်မှုကလည်း အားမနည်းဘူးနော် ကျင့်ကြံသူဘက်က အောင်မြင်ရင် ပိုးကောင်အတွက်လည်း အထောက်အကူ ဖြစ်မှာပဲ...."
"တကယ်လို့ ကျင့်ကြံသူက သည်းမခံနိုင်ရင် အထူးသဖြင့် ပိုးကောင် အသွင်ပြောင်းခြင်း မပြီးခင် အဲ့လူသေရင် ကောင်းကင်ပိုးကောင်အပေါ် သက်ရောက်မှုက အရမ်းဆိုးလိမ့်မယ်။"
လုရွှမ်: "ဒီလူတွေကို သေမင်းပင်လယ်ထဲ ပစ်ချလိုက်ရင် ကျိန်းသေ သေလိမ့်မယ်....အဲ့ကျရင် ကောင်းကင်ပိုးကောင်တွေကို ဒဏ်ရာအကြီးကြီး ရစေမှာလား"
"မှန်တယ် ဒါပေမဲ့ အခု မင်းမှာ အခွင့်အရေးရှိတယ်.. ဒီလူတွေဆီက ကောင်းကင်ပိုးကောင် အားလုံးကို မင်းရဲ့ခန္ဓာကိုယ်ဆီ လွှဲပေးလို့ရတယ်.... ယွမ်ယန်စွမ်းအင်ရဲ့ လွှမ်းမိုးမှုနဲ့ဆို မင်းက သူတို့ရဲ့ အသွင်ပြောင်းမှုကို ပြီးပြည့်စုံအောင် ထောက်ပံ့ပေးနိုင်တယ်... ပြီးတော့ မင်းရဲ့ကောင်းကျိုး၊ ကုသိုလ်ကောင်းမှုကို မြင်ပြီး ကောင်းကင်ပိုးကောင်တွေက မင်းကို နတ်မီးနယ်ပယ် အဆင့်၁၃အထိ တွန်းပို့ပေးနိုင်တယ်..."
လုရွှမ် တံတွေးကို ပါးစပ်ထဲအပြည့် မျိုချလိုက်ပြီး။
"အဆင့်၁၃?? ကျီးဖိုးဖိုး... ခင်ဗျား ကျွန်တော့်ကို လှည့်စားနေတယ်လို့ ဘာလို့ ခံစားနေရတာလဲ... အဲဒီအဆင့် ရှိလို့လား"
ရွှေကျီးကန်း ဒေါသတကြီး ကျိန်ဆဲပစ်လိုက်သည်။
"ကောင်လေး မင်းမှာ အသိတရားရော ရှိသေးလား? ဒီသခင်ကျီးက မင်းကို ဘယ်တုန်းက အရူးလုပ်ခဲ့လို့လဲ... အဲဒီတုန်းက မင်းအတွက်သာ မဟုတ်ရင် ကျီးဖိုးဖိုးက မင်းကိုကယ်တင်ဖို့ အသက်စတေးခဲ့မှာ မဟုတ်ဘူး... မဟုတ်ရင် မင်းဆိုတဲ့ ကလေးက အကြိမ်ပေါင်း မရေမတွက်နိုင်အောင် သေသွားခဲ့ပြီးပြီ... ဒီသခင်ကြီးက မင်းကို လှည့်စားရဦးမှာလား?"
ကျီးဖိုးဖိုးက သူ့အပေါ်ကြင်နာတတ်တယ်ဆိုတာ သိတာကြောင့် လုရွှမ် အမြန်တောင်းပန်လိုက်သည်။
"ကျီးဖိုးဖိုး အေးအေးဆေးဆေး လုပ်ပါ... စိတ်အေးအေးထား! ဟားဟား နောက်နေတာ နောက်နေတာပါ... ကျီးဖိုးဖိုးသာ မရှိရင် ဒီနေ့လုရွှမ်လည်း ရှိမှာ မဟုတ်ဘူး!"
"ဟမ့် မင်းသိရင် ပြီးတာပဲ!"
လုရွှမ်သည် ရွှေကျီးကန်းကို ဒေါသထွက်အောင် မလုပ်ရဲတော့ဘဲ ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။
"ကျီးဖိုးဖိုး... တကယ်ပဲ အဆင့်၁၃ ရှိတာလား..ကျွန်တော် ဘာလို့ စိတ်မချရဘူးလို့ အမြဲခံစားနေရတာလဲ... တစ်ခါမှ မကြားဖူးဘူး ခင်ဗျားကို စိတ်မချဘူးလို့ ပြောတာမဟုတ်ဘူး ဒါပေမဲ့ နည်းနည်းတော့ ထူးဆန်းတယ်လို့ ထင်တယ်"
ရွှေကျီးကန်း: "ဟင့် ကလေးစုတ်! မင်းဘာသိလဲ... ငါပြောပြမယ် နတ်မီးအဆင့်၁၃က တခြားသူအတွက် မဖြစ်နိုင်ပေမယ့် ယွမ်ယန်ကျင့်စဥ်ကို လေ့ကျင့်ထားတဲ့ မင်းအတွက်တော့ ဖြစ်နိုင်ချေရှိတယ်ကွ!"
"မျှော်စင်နယ်ပယ် နယ်ပယ်ထဲကို ဝင်ပြီးမှသာ ချို့ယွင်းချက်နည်းနည်း ရှိလာသလို မပြည့်စုံဘူး ဆိုတာကို သဘောပေါက်သွားတတ်ကြတာ... အဆက်မပြတ် ဆင်ခြင်ပြီးမှ နောက်ဆုံးတော့ နတ်မီးနယ်ပယ်မှာ အဆင့်တစ်ခု ဝှက်ထားတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတာ သိလိုက်ရတာ..."
"ဒါပေမဲ့ အောင်မြင်ဖို့က ခက်ခဲလွန်းပါတယ်..ယ ယွမ်ယန်ကျင့်စဥ်ရဲ့ တွန်းအားပေးမှုမျိုးက တကယ်ကို အစွမ်းထက်တယ်... အရင် သခင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို သုံးဖို့ စဉ်းစားခဲ့ဖူးသေးတယ်... ဒါပေမယ့် ဒါကတော့ အရမ်းအန္တရာယ်များလိမ့်မယ်”
"နောက်ပြီး အရှိန်မထိန်းနိုင်ဘဲ မျှော်စင် နယ်ပယ်ကို တိုက်ရိုက် ဝင်ရောက်ဖို့က အရမ်းလွယ်ပါတယ် အဲဒါတွေအတွက်ကတော့ အမြဲတမ်း စိတ်မကောင်းဖြစ်စရာပေါ့... ဒါပေမဲ့ ကောင်လေး မင်းက အရမ်းကံကောင်းတဲ့ လူတစ်ယောက်ပဲ.. မင်းရဲ့ဒီအဆင့်မှာ ကောင်းကင်ပိုးကောင်ကို ရှာတွေ့ခဲ့တယ်... ဟားဟား ဒါတွေအားလုံးက ကောင်းကင်ရဲ့ အလိုတော်ပဲကွ!”
လုရွှမ် စိုးရိမ်နေပေမယ့် အပြင်ကလူတွေက သူ့ကို တခြားလူတွေနဲ့အတူ သေမင်းပင်လယ်ထဲ တွန်းချနေပြီ။ အခု ပြဿနာကို မဖြေရှင်းနိုင်ရင် နောက်ပြန်သွားလို့ မရတော့ချေ။ အခု သူ့ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များကို လုံးဝဖြတ်တောက်လိုက်ပြီဟု ခံစားမိနေပြီ ဖြစ်သည်။
"ကောင်လေး... စိတ်မပူပါနဲ့ အချိန်တစ်ခု ရှိပါသေးတယ် နောက်ပြီး ဒီကောင်းကင်ပိုးကောင်တွေနဲ့လည်း ဒီစိတ်ဝိညာဉ်ပင်လယ်က မင်းကို ထောက်ပံ့ပေးထားလိမ့်မယ်... မင်းအခု လုပ်ရမယ့်အရာက သင်္ဘောထွက်မယ့် အချိန်ကို စောင့်ပြီးမှ ဖယ်ရှားလိုက်ရုံပဲ...ပြီးရင် အဲဒီလူတွေဆီက ကောင်းကင်ပိုးကောင်တွေ မင်းဆီ ရောက်လာလိမ့်မယ်"
လုရွှမ်သည် ဤလူများနဲ့ ထွက်သွားပြီးနောက် တခြားပြဿနာများကို ဖြစ်ပေါ်စေမှာ သူနားလည်နိုင်သော်လည်း ရှန်းရှန်းက သူ ထွက်သွားရင် ဘာဖြစ်သွားမလဲ။
"ဒါပေမဲ့ ရှန်းရှန်း??"
"စိတ်မပူပါနဲ့ မင်းရဲ့ကလေးမ ရှန်းရှန်းက အရမ်းတော်တယ် လှေပေါ်မှာ နဂါးတွေရှိတယ်။ သူတို့က ရှန်းရှန်းကို သတိပြုမိပြီးသား... သူတို့နဲ့အတူ ရှိရင် အဲ့ကလေးမလေး အဆင်ပြေလိမ့်မယ်"
လုရွှမ် ရှန်းရှန်းရဲ့ လုံခြုံရေးအတွက် အနည်းငယ် စိုးရိမ်နေသေးသည်။ သူမကို နဂါးမျိုးနွယ် အတွင်းမှလူက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်သည်။ ထို့အပြင် ရှန်းရှန်းက ထူးထူးခြားခြား အဆင့်အတန်းရှိသော နဂါးမျိုးနွယ်က မင်းသမီးတစ်ဦး ဖြစ်သည်။
ဦးချိုနဂါး ချီလီသည် နဂါးမျိုးနွယ်မှ နှင်ထုတ်ခံရသောလူ ဖြစ်သော်လည်း ရှန်းရှန်းအား သူ့ကိုယ်ပိုင်ခွန်အားဖြင့် ပြန်ပေးဆွဲနိုင်ခဲ့သည်။ အဲဒီတော့ တခြား ကြံရာပါတွေလည်း ရှိလိမ့်မည်။
"ဒါဆို မင်းမှာ တခြားရွေးချယ်စရာတွေ ရှိသေးတယ်... မင်းခြေကုပ်ယူနိုင်ဖို့ မင်းရဲ့ခွန်အားကို မြန်မြန် မြှင့်တင်လိုက်... ဒါက တောင်ပိုင်းနယ်မြေပဲ ဒီမှာရှိတဲ့ သတ္တဝါတွေက ဘယ်လောက် ရက်စက်ကြမ်းကြုတ်လဲ ဆိုတာ မင်းမကြာခင် တွေ့ရလိမ့်မယ်... တောင်ပိုင်းနယ်မြေမှာ ခြေကုပ်ရယူချင်ရင် ခွန်အားကို အရင်မြှင့်တင်ရမယ်"
ရွှေကျီးကန်းရဲ့ စကားများက မှန်ကန်သည်။ အထူးသဖြင့် မရင်းနှီးသော နေရာတွင် တစ်ခုခုလုပ်လိုပါက ခိုင်မာသော ကိုယ်ရည်ကိုယ်သွေးကသာ အကြီးမားဆုံး အာမခံချက် ဖြစ်သည်။ သင်္ဘောပေါ်က ထိုလူများသည် လူသားဆန်နေသေးသည်။ အနည်းဆုံးတော့ သူတို့ကို တိုက်ရိုက်မသတ်ဘဲ နှင်ထုတ်ပြီး ကိုယ့်အတွက်ကိုယ် အကာအကွယ်ယူဖို့ အခွင့်အရေး ပေးခဲ့၏။
သင်္ဘောထွက်သွားတာကို ကြည့်ရင်း လုရွှမ်သည် ရွှေကျီးကန်းရဲ့ ညွှန်ကြားချက်ကို လိုက်နာရင်း တခြားလူတွေအားလုံးရဲ့ ခန္ဓာကိုယ်တွေဆီသို့ ယွမ်ယန်စွမ်းအင် ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။
ထိုလူများ၏ အလောင်းများထဲမှ ပိုးကောင်များသည်လည်း လျင်မြန်စွာ တဖြုတ်ဖြုတ် ပျံထွက်သွားပြီး လုရွှမ်ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကြသည်။ သူ့စိတ်ထဲက ရေတွက်လိုက်တာ စုစုပေါင်း ငါးထောင်ကျော် ရှိလေသည်။
"အကုန်လုံးရဲ့ ခန္ဓာကိုယ်ထဲမှာ ကောင်းကင်ပိုးကောင်တွေ ရှိနေတာ မဟုတ်ဘူး... တချို့က ကျန်းမာရေးညံ့ပြီး ရောဂါတွေ ကူးစက်ခံရတာ ဒီလောက်ပါပဲ.... လူဆယ်ယောက်မှာ ပိုးကောင်တစ်ကောင် ရှာတွေ့နိုင်ရင်ကို မင်း ကံကောင်းနေပြီ... လုံလောက်နေပြီ"
လုရွှမ် စကားမပြောဘဲ ရွှေကျီးကန်းကို တိတ်တဆိတ်သာ ကျိန်ဆဲလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲသို့ ပိုးကောင်ငါးထောင်ကျော် ဝင်ရောက်လာတာ ခံစားလိုက်ရပြီး ၎င်းတို့က ယွမ်ယန်ကျင့်စဥ်ရဲ့ စွမ်းအားအားလုံး စုပ်ယူသွားခဲ့သည်။
ကောင်းကင်ပိုးကောင်က သူ့ကို နှစ်သက်နေသော်လည်း ၎င်းက အသွင် ပြောင်းလဲတော့မည် ဖြစ်သည်။
လုရွှမ် ငြိမ်ငြိမ်မနေရဲတော့ဘဲ တင်ပျဉ်ခွေထိုင်ကာ ယွမ်ယန်စွမ်းအင်များကို ခွန်အားအပြည့်ဖြင့် ပြေးလွှားနေစေသည်။ ဒီလိုလုပ်တာက အခြားသူများနှင့် သူ့ကိုယ်သူ ကယ်တင်နိုင်တယ်လို့ ယူဆနိုင်၏။