အဆင့်၁၃သို့ မြှင့်တင်ခဲ့ပြီ
Vol. 134 Ch. 4.1528
လုရွှမ်ရဲ့ တစ်ကိုယ်လုံးကနေ ရွှေရောင်အလင်းတန်းများ ဖြာထွက်ပြီး အဝေးတစ်နေရာအထိ တောက်ပနေသည်။ ထွက်ခွာသွားတဲ့ သင်္ဘောပေါ်က လူတွေကလည်း ဒီအလင်းရောင်ကို မြင်လိုက်တာကြောင့် အားလုံး စပ်စုကုန်ကြသည်။
ထင်ကြေးတွေက အမျိုးမျိုးရှိကြပြီး အများစုမှာ တိတ်တဆိတ် ပျော်ရွှင်နေကြသည်။
"ငါတို့ အစောက ထွက်လာခဲ့တဲ့ နေရာကနေလာတာ.... အဲဒီလူသေ တစ်ခုခု ဖြစ်သွားတာဖြစ်မယ်..."
"ဒီသေမင်းပင်လယ်ကြီးက ထူးဆန်းတယ်...ဘယ်သူ ဘာဖြစ်နေလဲ သိနိုင်မှာ မဟုတ်ဘူး... အဲဒီလူတွေရဲ့ အလောင်းတွေက ကြီးကြီးမားမား ပြဿနာ တက်နေပြီ ဆိုတာတော့ သေချာတယ်..."
"ဟုတ်တယ် ငါတို့အဲဒီလူတွေကို အဲဒီနေရာမှာ ထားခဲ့တာ ကံကောင်းသွားတယ်...မဟုတ်ရင် ငါတို့ပါ အတူတူ အဆုံးသတ်သွားလိမ့်မယ်"
လုရွှမ်ကတော့ အဲဒီလူတွေရဲ့ စကားတွေကို မကြားနိုင်သလို၊ အဲဒီလူတွေက သူ့ရှေ့မှာ ဒီစကားတွေ ပြောရင်တောင် နားထောင်ဖို့ ရည်ရွယ်ချက် မရှိလောက်ပေ။
ယခုအချိန်တွင် သူသည် ကောင်းကင်ပိုးကောင်များ လှုပ်ရှားမှုကို အပြည့်အဝ အာရုံစိုက်နေပြီ။ ကျန်စိတ်များသည် သူ့ကိုယ်ပိုင် ကျင့်ကြံမှုနဲ့ ယွမ်ယန်ကျင့်စဥ်အား အစွမ်းကုန် လည်ပတ်နိုင်အောင် ကြိုးစားနေပါသည်။
ဒါတောင် သူ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျဆင်းလာသည်။ ရွှေကျီးကန်းလည်း အနည်းငယ် အံ့သြသွားသည်။
"ကောင်လေး... ငါတို့က လိုက်လျောညီထွေရှိဖို့ လိုတယ်နော်... ပိုးကောင်တွေက များလွန်းလို့ ဖြစ်နိုင်မလား... ကောင်လေး ပိုကြိုးစားထား! ပိုထိန်းထားရမယ်!!"
လုရွှမ်ရဲ့ နှလုံးသားမှာ သူ့ကိုအားပေးနေသူအား မုန်းတီးစိတ်များနှင့် ပြည့်နှက်နေသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။ ယခုအချိန်တွင်သာ ဆက်လက် တောင့်ခံထားရုံသာ ရှိတော့၏။ ကံကောင်းထောက်မစွာနဲ့ ဒီပိုးကောင်တွေရဲ့ လှုပ်ရှားမှုတွေကို နားလည်ပြီးပြီမလို့ ပုံရိပ်ယောင်ထဲကို ထပ်မဝင်တော့ပေ။ မဟုတ်ရင် တကယ် သေသွားလိမ့်မည်။
ရွှေကျီးကန်းလည်း ပြေးထွက်လာသည်။ သူက အလောင်းတွေရဲ့ ကိုယ်ပေါ်က သလင်းကျောက်တုံးများကို ထုတ်ယူကာ လုရွှမ်ဘေးတွင် စုထားလိုက်သည်။ သူ့ရဲ့ ဝိညာဥ်စွမ်းအင်က မလုံလောက်ရင် လုရွှမ် တကယ် အရိုးပဲကျန်တော့မှာ ကြောက်မိ၏။
လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်များ တဖြည်းဖြည်း မှိန်လာသည်။ ကောင်းကင်က အနီရောင် နေရောင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ငွေလရောင်ကို ချိတ်ဆွဲထားသည်။ ပတ်ဝန်းကျင် ပင်လယ်လေ တဖြည်းဖြည်း အားကောင်းလာကာ လှိုင်းလုံးကြီးများင အန္တရာယ် ကျရောက်လာတော့မလို ပုံသဏ္ဌာန် ပေါ်လာသည်။
လုရွှမ်ရဲ့ အာရုံတွေ အားလုံးက ကျင့်ကြံမှုထဲတွင် လုံးဝနစ်မြုပ်နေ၏။ သူက ယွမ်ယန်စွမ်းအင်အား အစွမ်းကုန် ကြိုးစား လည်ပတ်နေခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ သလင်းကျောက်များ အားလုံးကို စားသုံးပြီးပြီ။ ရွှေကျီးကန်းကလည်း သူ့ခန္ဓာကိုယ်ထဲသို့ ဆေးလုံးများ အဆက်မပြတ် ဖြည့်သွင်းပေးနေသည်။
လုရွှမ် ယခုအချိန်တွင် ရွှေကျီးကန်း ပျာယာခတ်ကာ လုပ်နေရတာကို သိလျှင် ရယ်မိလိမ့်မည်။ ရွှေကျီးကန်း အရမ်းကြိုးစား လုပ်ခဲ့ရတဲ့ အဂ္ဂိရတ်ဆေးတွေက ဒီလိုနဲ့ပဲ ကုန်သွားချေပြီ။
မိုးတွေရွာလာတာနဲ့ လှိုင်းလုံးကြီးက ဟိန်းဟောက်တော့သည်။ ဒီသင်္ဘောက အပိုပစ္စည်းတစ်ခုသာသာပဲ။ ၎င်းရဲ့အရည်အသွေးက ကူးတို့သင်္ဘောကြီးထက် ပိုညံ့လေသည်။ ဒါ့အပြင် ဤနေရာတွင် စုရုံးနေသော ကျင်ကြံသူတွေရဲ့ အလောင်းများစွာကလည်း ရှိနေသေးသည်။
ဤအခိုက်တွင် ပင်လယ်လေညင်းကြောင့် အလောင်းများ တစ်လောင်းပြီး တစ်လောင်း သေမင်းပင်လယ်ထဲသို့ ထိုးကျသွားသည်။ ထိုလူများ သေသည်ဖြစ်စေ၊ အသက်ရှင်သည်ဖြစ်စေ သူတို့ကံကြမ္မာကသာ အဆုံးအဖြတ် ပေးလိမ့်မည်။
အလောင်းများ ပြုတ်ကျလာသည်နှင့်အမျှ သင်္ဘော၏ ဆွဲငင်အားဗဟိုကလည်း တဖြည်းဖြည်း တိုးလာသည်။ တုန်နေတဲ့ အရှိန်က ပိုကြီးလာပြီး နောက်ဆုံးမှာတော့ လေနဲ့လှိုင်းတွေကို မခံနိုင်တော့ဘဲ လုရွှမ်ရဲ့ ခန္ဓာကိုယ်ဟာလည်း လှိုင်းလုံးကြီးတွေကြား လွင့်ပါသွားတော့သည်။
လုရွှမ် မျက်လုံးများကို တင်းတင်း မှိတ်ထားဆဲ။ ခြေထောက်များကို တင်ပျဉ်ခွေထိုင်နေသည့် ပုံစံအတိုင်း ခန္ဓာကိုယ်က အလိုအလျောက် ပျံတက်သွားကာ လေထဲတွင် ဖြည်းညှင်းစွာ လှည့်ပတ်သွားသည်။
ဒီမြင်ကွင်းကို မြင်မိသူတိုင်း သေချာပေါက် ကြောက်လန့်သွားလိမ့်မည်။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
တချို့လူတွေက သေမင်းပင်လယ်မှာ ပျံသန်းနိုင်ခဲ့ကြပေမယ့် ကြာကြာ မပျံသန်းနိုင်ချေ။ လုရွှမ်ကတော့ မသိစိတ်က ပျံသန်းနေ၏။
တကယ်တော့ သူသည် လှိုင်းလုံးများ ရိုက်ခတ်လာချိန်တွင် သေရေးရှင်ရေး အကျပ်အတည်းကို ခံစားလိုက်ရသည်။ ထို့နောက် တခဏချင်းတွင် သေမင်းပင်လယ်ထဲသို့ ကျရောက်တော့မည်။ ထိုအခိုက် သူ့ခန္ဓာကိုယ်ထဲက လေစီးကြောင်းတွေက ထွက်လာပြီး အလိုလို မျောပါသွားတော့သည်။
၎င်းသည် သူ့ရဲ့ ယွမ်ယန်စွမ်းအင်နှင့် လုံးဝခြားနားသည်။ အမှန်တော့ ကောင်းကင်နှင့်မြေကြီး၏ မူလအစဖြစ်တဲ့ လုရွှမ် နားမလည်နိုင်သော စွမ်းအားတစ်ခုသာ ဖြစ်လေသည်။ သေးငယ်တဲ့ ကမ္ဘာပေါ်က ကောင်းကင်မြေကြီး မူလဇာစ်မြစ် မဟုတ်ဘဲ အစစ်အမှန် မူလစွမ်းအင် ဖြစ်ပေ၏။
အဲဒီရောင်ဝါဟာ ကောင်းကင်ကမ္ဘာမှာသာ ရှိတတ်သည်။ ၎င်းသည် အလွန်အစွမ်းထက်ပြီး ကျင့်ကြံသူတိုင်း မက်မောနေတဲ့ ရတနာတစ်ခုပင်။
ရွှေကျီးကန်းရဲ့ စကားများအတိုင်း ဤရောင်ဝါဟာ ကောင်းကင်ပိုးကောင်များက ပြန်လည် အားဖြည့်ပေးတာ ဖြစ်ပေသည်။ သူသည် ဤပိုးကောင်များကို ကယ်တင်ခဲ့ပြီး ထိုပိုးကောင်များကလည်း သူ့ကို ကယ်တင်ခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲတွင် နားမလည်နိုင်သော စွမ်းအားများ ပိုမိုများပြားလာနေသည်။ ယွမ်ယန်စွမ်းအင်က သူ့ကို အမြင့်တစ်နေရာ သို့မဟုတ် အဆုံးကိုပင် မမြင်နိုင်တဲ့ အရပ်ဆီသို့ အပြေးအလွှား တွန်းပို့လိုက်သလို ခံစားလိုက်ရသည်။
သူ ပြုတ်ကျလာတဲ့အခါ ဝိညာဉ်စွမ်းအင် စီးကြောင်းများသည် ရေထဲမှ ပြေးထွက်လာပြီး သေမင်းပင်လယ်က ရုတ်တရက် ကွဲကွာသွားကာ လမ်းတစ်လမ်း ဖောက်ပေးခဲ့သည်။ ထိုဝိညာဉ်စွမ်းအင်များက သူ့ကိုယ်တွင်းသို့ လျင်မြန်လာပြီး စိတ်ကူးမယဉ်နိုင်သော နေရာများဆီသို့ ဆက်လက် ပြေးသွားစေခဲ့သည်။
လုရွှမ်အနောက်တွင် အနီရောင်နေလုံးကြီးက တဖျပ်ဖျပ်တောက်လျက် ထလာသည်။ ကောင်းကင်မှာ တောက်ပနေတဲ့ လကတောင် သူ့ကိုယ်ပေါ် မဖုံးလွှမ်းနိုင်တော့ပေ။ နေလုံးက သူ့ကိုယ်ထဲက ဒီရောင်ဝါကို ဆက်ပြီး အရှိန်အဟုန်နဲ့ တက်လာအောင် ပံ့ပိုးပေးနေ၏။
ထိုစဥ် ရုတ်တရက် သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။ တင်းမာနေတဲ့ သူ့ခန္ဓာကိုယ်က ရုတ်တရတ် နွေးထွေးသော အငွေအသက်များ စီးဆင်းလာကာ သူ့ကို အလွန်သက်တောင့်သက်သာ ခံစားလာရစေသည်။
ပြီးတော့ သူ့နောက်က နေရောင်က အလွန်ကြီးမားတဲ့ စွမ်းအားတစ်ခုအဖြစ်တဲ့ သူ့ခန္ဓာကိုယ်ထဲကို သွန်းလောင်းနေသည်။ နတ်မီးလုံးများ တစ်လုံးပြီးတစ်လုံး ထွန်းတောက်သွားသည်။ ကျောအနောက်က အနီရောင်နေရောင်တွင် မြှုပ်နှံထားသည့် အလင်းစက်ဝိုင်းတစ်ခုအဖြစ် တဖြည်းဖြည်း ချိတ်ဆက်သွားခဲ့သည်။
ကြည့်လိုက်ရုံဖြင့် ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ခံစားနိုင်လေသည်။
လုရွှမ် မတ်တပ် ထရပ်လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်မှ အနီရောင်ပိုးကောင်များ လွင့်ထွက်သွားပြီး အနီရောင် တိမ်တိုက်ကြီးတစ်ခုအဖြစ် အကြိမ်ပေါင်းများစွာ လှည့်ပတ်သွားကာ အောက်ဖက်က သေမင်းပင်လယ်ထဲသို့ ပျံသန်းသွားကြသည်။
ရွှေကျီးကန်း: "ဟေး....ဒီပိုးကောင်တွေကို မကြောက်လိုက်ပါနဲ့... နောက်ထပ် ကောင်းကင်ပိုးကောင်တွေ ပြောင်းလဲလာတဲ့အထိ စောင့်ကြည့်လိုက်... သူတို့ ထပ်ပေါ်လာမှာကိုပဲ ကြောက်ရတယ်။"
မူလကမ္ဘာပေါ်တွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ္ဍာရီလာ သတ္တဝါများစွာလည်း မျိုးသုဉ်းသွားစေသည်။
လုရွှမ်မှာ ဤအခိုက်အတန့်တွင် သူ့ရဲ့ကျင့်ကြံမှုက အလွန်ထူးဆန်းနေသလို ခံစားနေရ၏။ နတ်မီးနယ်ပယ် အဆင့်၁၂ကို ကျော်လွန်သွားသော်လည်း မျှော်စင်နယ်ပယ်ထဲသို့ မဝင်ခဲ့ပေ။
ဒါပေမဲ့ ခွန်အားတိုးတက်မှုဟာ အနည်းဆုံး နှစ်ဆ တိုးလာပါပြီ။ သူ့နောက်ကွယ်က အနီရောင်နေရောင်ကိုသာ တစ်ယောက်ယောက် မြင်နိုင်ခဲ့လျှင် မူလနေလုံးရဲ့ နောက်ကျောတွင် အနီရောင်နေပုံတစ်ပုံကို ထပ်တွေ့ရလိမ့်မည်။
အပြင်ဘက်က အလင်းဝင်ပေါက် အလွှာတစ်ခုလို ဖြစ်နေပြီး အတွင်းဘက်က နေလုံးကတော့ ရက်စက် ကြမ်းကြုတ်သော စွမ်းအင်များ ပြည့်လျှံနေ၏။