ဓားအဆိပ်မြက်
Vol. 134 Ch. 4.1529
"ကျီးဖိုးဖိုး... နောက်ထပ် မတော်တဆ ရလိုက်တာလေး တစ်ခုရှိသေးတယ်.... အဲဒါက ကျွန်တော့်ခန္ဓာကိုယ်ထဲမှာ ရှိနေပြီ... ပထမဆုံး ပိုးကောင်ရဲ့ ပိုးအိမ်နဲ့ တူတယ် သူက ပေါ့ပေါ့ပါးပါးလေး အသက်ရှူနေတာ"
လုရွှမ် ကောင်းကင်ပိုးကောင်တွေရဲ့ ကံကြမ္မာကိုသိပြီးနောက် တစ်ကောင်ကို ကယ်တင်နိုင်ခဲ့တာကတင် အလွန်ဂုဏ်ယူဖွယ် ကောင်းလှနေပြီ။
"ကောင်းပြီ ကောင်လေး မိုက်မဲတဲ့ စကားမပြောတော့နဲ့... အရင် ကောင်းကင်ပိုးကောင်နဲ့တောင် မင်း အကြာကြီး ထိန်းထားနိုင်တာ မဟုတ်ဘူး မြန်မြန်ထပြီး ထွက်သွားတော့...."
ရွှေကျီးကန်း ပြောတာ မှန်ပါသည်။ မဟုတ်ဘဲ ဒီမှာပိတ်မိနေရင်တော့ မျက်ရည်မကျဘဲ ငိုနေရလိမ့်မည်။ ဒါပေမဲ့ ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာက နောက်ထပ် မေးခွန်းတစ်ခု ဖြစ်လာပါပြီ။
ကျယ်ပြောလှသော ပင်လယ်ပြင်ကသာ ဝန်းရံထားသဖြင့် ဤနေရာမှာ ပျံသန်းရန် မဖြစ်နိုင်သလောက်ပင်။ ကူးတို့သင်္ဘောရဲ့ ပျံသန်းနှုန်း အရှိန်က နတ်ခြေလှမ်းနယ်ပယ်က သခင်တွေနဲ့ ယှဥ်ရင်တောင် များစွာ ပိုမြန်သည်။
"ကောင်းကင်ပိုးကောင်တွေက ရေထဲကို ဝင်သွားကြတယ်... လမ်းကြောင်းတစ်ခုကတော့ သဘာဝအတိုင်း ရှိနေမှာပဲ.... မြန်မြန်လုပ်...."
လုရွှမ် ခေါင်းငုံ့ကာ ကြည့်လိုက်သည်။ ကောင်းကင်ပိုးကောင်လေးတွေ ဝင်သွားသည့်နေရာ၌ တစ်စုံတစ်ခုသော အပေါက်ကို ဖွင့်ထားသလိုမျိုး သေမင်းပင်လယ်ရေက လုံးဝ ပိတ်သွားခြင်း မရှိပေ။ တွေးတောမနေဘဲ ထိုးဆင်းလာခဲ့သည်။ ရေထဲ ရောက်ပေမယ့် သူ့ပတ်ဝန်းကျင်တွင် လေဝင်လေထွက် ရှိနေသလို ခံစားလိုက်ရသည်။
သူ နောက်ပြန်ကြည့်လိုက်တော့ ပြန်ပိတ်ဆိုးနေတဲ့ ရေစီးကြောင်းက သူ့နောက်ကနေ အလျင်အမြန် လိုက်လာနေကြ၏။ တစ်လကျော်ကြာ အဆက်မပြတ် ပျံသန်းပြီးနောက် နောက်ဆုံးတွင် ရေထဲက ပြေးထွက်လာသောအခါ သူ့ရှေ့တွင် ချောက်ကမ်းပါး တစ်ခုကို တွေ့လိုက်ရသည်။
ကောင်းကင်ပိုးကောင်များက ချောက်ကမ်းပါးပေါ်ရှိ တောကြီးထဲတွင် ပြန့်ကျဲနေသည်။
လုရွှမ် အချိန်ကို အလျင်စလို တွက်ချက်ကြည့်လိုက်သော် သူ ချောက်ကမ်းပါးထဲသို့ ဝင်သွားတာက သင်္ဘောထက် နှစ်ဆပိုမြန်နေတာ တွေ့လိုက်ရသည်။ ကံမကောင်းစွာဖြင့် သင်္ဘောတွင် တိကျသော လမ်းကြောင်းတစ်ခု ရှိသည်။ ဆိုလိုသည်မှာ သူဤနေရာတွင် စောင့်နေပါက သင်္ဘောရောက်လာမယ့် အချိန်ကို စောင့်နိုင်မည်မဟုတ်ပါ။
လက်ရှိအချိန်ကာလမှာ ကိုယ့်ဘာသာကိုယ် အချိန်အတိုင်းအတာ တစ်ခုအထိသာ နေထိုင်ရတော့မည်။
ချောက်ကမ်းပါးက အလွန်မြင့်မားပြီး ပတ်ဝန်းကျင်ရှိ တောင်နံရံများက အလွန်အန္တရာယ်များသော လုရွှမ် တဖြည်းဖြည်းချင်းသာ ပျံသန်းသွားသည်။ ဤနေရာ၌ ကြွယ်ဝသော ဝိညာဉ်စွမ်းအင် ရှိနေတာ ခံစားမိသည်။ သို့မဟုတ် သေခြင်းပင်လယ်မှ ထွက်လာခဲ့ခြင်းကြောင့် ဖြစ်ကောင်းဖြစ်မည်။
လုရွှမ် ကောင်းကင်ကို မော့ကြည့်ကာ ကောင်းကင်အတိဒုက္ခရဲ့ အရိပ်အယောင် မရှိပေ။ ဆိုလိုတာကတော့ သူ့ ယခုလက်ရှိ အခြေအနေကို ကောင်းကင်အတိဒုက္ခပင် အသိအမှတ်ပြုခြင်း မရှိသေးချေ။
ခဏလောက် စောင့်ကြည့်ပြီး အနည်းဆုံးတော့ အန္တရာယ်မရှိဘူး ဆိုတာကို အတည်ပြုလိုက်ကာ ချောက်ကမ်းပါးကို အပြေးအလွှားတက်ပြီး တောင်ထိပ်ကို ရောက်လာခဲ့သည်။ ပတ်ဝန်းကျင်ရှုခင်းနဲ့ ကြီးမားလှတဲ့ ဧရာမသစ်ပင်တွေကို ကြည့်လိုက်သည်။
သစ်ပင်များသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းလုနီးပါး ကြီးမားကြကာ ကမ္ဘာကြီးတစ်ခုလုံးကို ပိတ်ဆို့ထားသည်။ တောမှထွက်လာသော လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါကလည်း အလွန်ကြောက်မက်ဖွယ် ကောင်းသော အေးစက်သော ရောင်ဝါနှင့် ပြည့်နေသည်။
လုရွှမ် ရွှမ်ဝူပြောသည့် စကားကို တိတ်တဆိတ် သတိရကာ ထိတ်လန့်သွားသည်။ တောင်ပိုင်းနယ်မြေသည် သူ့ရဲ့ ယခင်အင်အားဖြင့် ခြေချရန် အလွန်ခက်ခဲလိမ့်မယ် ဆိုတာ အမှန်ပါပဲ။ ထိုအချိန်တွင် လုရွှမ် အသက်ပြင်းပြင်းရှူကာ မဆိုင်းမတွပင် တောထဲသို့ ပြေးဝင်သွားခဲ့သည်။
ရုတ်တရက် တခြားကမ္ဘာထဲကို ဝင်သွားရသလိုပဲ ခံစားလိုက်ရပြန်သည်။ အရင်က နေနေသာပေမယ့် ဒီကိုဝင်လိုက်တာနဲ့ အုံ့မှိုင်းသွားသည်။ လုရွှမ် ခေါင်းကို လှည့်လိုက်ပြီး မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
ဒီစာအုပ်ထဲမှာ သူ မြင်ခဲ့ရတဲ့ တောင်ပိုင်းဒေသမှာ အပေါများဆုံး ဓားအဆိပ်မြက်တွေ မဟုတ်ဘူးလား?
အဆင့်၇ အဂ္ဂိရတ်ဆေးအတွက် ဓားအဆိပ်မြက်ရဲ့ ကြီးထွားကာလက တစ်နှစ်ဖြစ်သည်။ နောက်ပြီး နှစ်တစ်ရာလျှင် တစ်ကြိမ်သာ ပေါက်သည်။ ထို့ကြောင့် ကံမကောင်းရင် မတွေ့နိုင်ပေ။ လုရွှမ် မထင်မှတ်ထားသည့် အရာမှာ ဤနေရာသို့ ဝင်ရောက်ပြီးနောက်တွင် ဓားအဆိပ်မြက်ကို ရှာတွေ့နိုင်မယ် ဆိုတာပါပဲ။
ဓားအဆိပ်မြက်ရဲ့ လုပ်ဆောင်ချက်က ဓားလမ်းစဥ်ပေါ်က ကျင့်ကြံသူ တစ်ယောက်ရဲ့ နားလည်မှုကို မြှင့်တင်ပေးတာပါပဲ။ ဓားလမ်းစဥ်အား နားမလည်နိုင်သော အရိပ်အယောင်ကို နားလည်သွားအောင် ထုတ်ပေးနိုင်တာ အမှန်ပင် ဖြစ်သော်လည်း ဓားအဆိပ်မြက်က အဆိပ်ရဲ့ အကျိုးသက်ရောက်မှုကို ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ မဟုတ်ရင် ဓားရှည်ဖြင့် အဆိပ်သင့်၍ သေလိမ့်မည်။
ဓားအဆိပ်မြက်ဟာ ထျန်းယာမြို့ဧရိယာတွင် အလွန် ဈေးမြင့်မားသော အပင်တစ်ပင် ဖြစ်သည်။ ခရမ်းရောင် သလင်းကျောက် တစ်ထောင်တ န်သော်လည်း ၎င်းကို အပြည့်အဝ နားလည်လိုပါက အနည်းဆုံး ဓားအဆိပ်မြက် သုံးပင်အထိ သုံးလိမ့်မည်။
အဲဒါက ခရမ်းရောင် သလင်းကျောက် သုံးထောင်မလို့ တကယ်စျေးကြီးပါ၏။ သာမန်အဆင့်မြင့် မိသားစုမှမဟုတ် မိသားစုကြီးများပင် ယခုလို ရတနာကို သုံးပင်အထိ မတတ်နိုင်ကြပေ။ ပိုအရေးကြီးတာက ဒီဓားအဆိပ်မြက်မျိုးဟာ အလွန်ရှားပါးပါသည်။
တကယ်တော့ ဓားအဆိပ်မြက်တွေရဲ့ လက္ခဏာတွေအရ စျေးက မြင့်ပေမယ့် ရှားပါးတာကြောင့် ဈေးက ပိုတက်သွားခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် ဓားအဆိပ်မြက် ရှင်သန်လာသောအခါတွင် ၎င်းတို့၏ သက်ရောက်မှုများ ပျောက်ကွယ်သွားလိမ့်မည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် နှစ်ပေါင်းတစ်ရာမျှသာ အတွေးအမြင်များ ရှိလာသည့်အတွက် ဓားအဆိပ်မြက်အား သဘာဝအတိုင်း ပို၍ ရှားပါးလာစေသည်။
ထပ်ခါထပ်ခါ ရှာဖွေလိုလျှင် ကံတရားပေါ်တွင်သာ လုံးလုံးမူတည်၏။ ကံတရားက အမှန်တကယ်ပင် အတိတ်မှာသာ ရှိနေပါက ဓားအဆိပ်မြက်ကလည်း ကျင့်ကြံသူတွေအတွက် ရှားပါးလာလိမ့်မည်။
သို့သော် ဤနေရာတွင် အနည်းဆုံး ပေဆယ်ဂဏန်းထက် မနည်းသော ဧရိယာအကျယ်အဝန်း ရှိပြီး ထိုဧရိယာထဲတွင်အပင်ပေါင်း တစ်ထောင်ခန့်ရှိသည်။ လုရွှမ် မျက်လုံးများ တောက်ပလာကာ ပျော်ရွှင်သွားသော်လည်း စိတ်လှုပ်ရှားစွာဖြင့် ရှေ့ကို မလှမ်းခဲ့ပေ။
သူ့ပတ်ဝန်းကျင်မှာ တစ်ခုခု လှုပ်ရှားနေတာကို ခံစားမိသည်။ ရတနာတွေရှိတဲ့ နေရာတိုင်းမှာ စောင့်ရှောက်နေတဲ့ သားရဲတွေ ရှိတတ်သည်လေ။ ဓားအဆိပ်မြက်က သူ့လက်ဖဝါးလောက်တောင် မြင့်နေတာမျိုး မဟုတ်ပေမယ့် အဆိပ်ရှိသောမြွေများနှင့် အင်းဆက်ပိုးမွှားများကို ဖုံးကွယ်ထားနိုင်လောက်အောင် အလွန်ထူထပ်သည်။
အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ စာအုပ်တွေမှာ အဆိပ်ပြင်းတဲ့ ဓားအဆိပ်မြက်အောက်မှာ နေထိုင်ရတာကို နှစ်သက်တဲ့ သုံးပေနက် ဟုခေါ်သော အဆိပ်ပြင်းမြွေအုပ်စု ရှိတယ်လို့ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထား၏။
ထိုအဆိပ်ရှိသော မြွေများသည် သုံးပေခန့် အရှည်ရှိပြီး အကိုက်ခံရသော လူဟာ ၎င်းရှိရာ အကွာအဝေးကနေ သုံးပေကျော်သွားပါက သေသွားမှာ သေချာပေသည်။
သို့သော် ဤအဆိပ်ရှိသောမြွေသည် အလွန်ထူးဆန်းပြီး မြေကြီးထဲ၌ ရောနှောကာ ပုန်းနေတတ်သည်။ ဝိညာဉ်အပင်နား ကပ်နေလျှင်ပင် ၎င်းကို မတွေ့နိုင်ပေ။ ဓားအဆိပ်မြက်ကို ယူလိုပါက ယွမ်စွမ်းအင်ဟာ အနည်းငယ်မျှသော ညစ်ညမ်းမှု မရှိသည့် လက်ဖဝါးဖြင့်သာ ကောက်ယူနိုင်သည်။
ဆိုလိုသည်မှာ လက်ဖဝါးသည် တခြား အကာအကွယ်မပါရပေ။ စွမ်းအင်အားလုံးကို ထုတ်လွှတ်ရမည် ဖြစ်သော်လည်း သုံးပေနက်မြွေဆီက မလွဲမသွေ အကိုက်ခံရမှာလည်း ဖြစ်သည်။ အလွန်ခက်ခဲသောကြောင့် ယခင်စုဆောင်းခဲ့သူတွေအနက် တစ်စုံတစ်ဦးကတော့ အချိန်တိုင်းနီးပါး သေဆုံးရသည်။
လုရွှမ် သေချာသလောက်ကတော့ သုံးပေနက်မြွေရဲ့ အရိပ်အယောင်ကို လုံးဝ မခံစားနိုင်ခဲ့ပါဘူး။ အနှီမြွေက အလွန်အဆိပ်ပြင်းသော်လည်း သူဟာ ယခုအခါ အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိနေပြီ ဖြစ်သည်။ နောက်ပြီး သုံးပေနက်မြွေရဲ့ အဆိပ်ကို ယွမ်ယန်စွမ်းအားဖြင့် ကုသ
နိုင်သည်။
လုရွှမ် သူ့လက်ဖဝါးထဲက စွမ်းအင်တွေကို ဖြန့်ခွဲလိုက်ပြီး ဓားအဆိပ်မြက်ပင်ကို လှမ်းကိုင်လိုက်သည်။ သူ့ရဲ့ အမြန်နှုန်းက အလွန်လျင်မြန်သော်လည်း စွမ်းအင်မပါဝင်တာကြောင့် ကြောင်နှင့် ခွေးအပေါ်တောင် ခြိမ်းခြောက်မှု မရှိချေ။