← Chapters

မျက်လုံးပြာ ရွှေလင်းယုန်

Vol. 134 Ch. 4.1530

မျက်လုံးပြာ ရွှေလင်းယုန်

Vol. 134 Ch. 4.1530

သုံးပေနက်မြွေက ခုန်မထွက်လာခဲ့တာကြောင့် ဓားအဆိပ်မြက် အပင်တစ်ပင်ကို ရသွားခဲ့သည်။ လုရွှမ် အမြင်တွင်တော့ သုံးပေနက်မြွေက တစ်စုံတစ်ဦးကို ကိုက်ချင်ပါက ချက်ချင်း ခုန်ထွက်မလာလောက်ပေ။

လုရွှမ်ဟာ သူဘာလုပ်နေသလဲ သိသော်လည်း သတိမ​ပေါ့ဝံ့ဘဲ တရွေ့ရွေ့ ဂရုတစိုက် လှုပ်ရှားကာ ဓားအဆိပ်မြက်ပင်များကို ကောက်ကိုင်လိုက်သည်။ အပင်တစ်ရာကျော် သို့မဟုတ် နှစ်ရာနီးပါးရှိသဖြင့် လုရွှမ် တဖြည်းဖြည်း စိတ်လှုပ်ရှားလာသည်။

ထိုစဥ် အော်သံနှင့်အတူ သုံးပေရှည်သော သရဲတစ္ဆေ ၃ ကောင်က တစ်ချိန်တည်းတွင် ပြေးထွက်လာပြီး လုရွှမ်ရဲ့ လက်ဖဝါးကို ကိုက်ချလိုက်သည်။

လုရွှမ်ရဲ့ စိတ်ဝိညာဉ် စွမ်းအားများက ပတ်ဝန်းကျင်ကို ဖုံးအုပ်ထားပြီးသား။ ထိုသုံးကောင်ဟာ အရိပ်အယောင်ကို ကောင်းစွာ ဖုံးကွယ်ထားသော်လည်း ၎င်းတို့ လှုပ်ရှားလိုက်တာနဲ့ တည်နေရာနဲ့ အငွေ့အသက်တို့က သဘာဝကျကျ ပေါ်ထွက်လာသည်။

ဒီသုံးကောင် အပြင် နောက်ကွယ်မှ ခိုးဝင်တိုက်ခိုက်တဲ့ နှစ်ကောင်လည်း ရှိသေးသည်။

လုရွှမ် ခန္ဓာကိုယ်ပေါ်ရှိ ရောင်ဝါများ လှုပ်ခါသွားသည်။ သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့ကာ သူ့နောက်မှ ခိုးဝင်တိုက်ခိုက်မှုများကို ရှောင်ရင်း အရှေ့က သုံးကောင်ရဲ့ တိုက်ခိုက်မှုကို ဖယ်ရှားရန် သူ့လက်ဖဝါးများကို တစ်ချက်ပြီး တစ်ချက်ရိုက်ချလိုက်သည်။

ရုတ်​တရက်​ သူ့​ခြေဖဝါးတစ်​ဖက်​ကို ​မြှောက်ကြည့်လိုက်တော့ ​သွေးထွက်​​နေတဲ့ ဒဏ်​ရာနှစ်​ခုကို မြင်​လိုက်​ရသည်​။ အံ့သြစရာ ကောင်းပေ၏။ လုရွှမ် တိတ်တဆိတ်သာ သက်ပြင်းချလိုက်သည်။ ခိုးဝင်တိုက်ခိုက်နေတဲ့ သုံးပေနက်မြွေကို လုံးဝ မခံစားမိဘဲ အကိုက်ခံလိုက်ရလေသည်။

အဆိပ်များက ဒဏ်ရာမှတဆင့် စိမ့်ဝင်သွားပြီး အသွေးအသား ခန္ဓာကိုယ်ကို ရုတ်တရက် သစ်သားနှင့် ကျောက်တုံး ဖြစ်သွားအောင် လုပ်ပစ်လိုက်ရာ လမ်းလျှောက်တဲ့အခါ တောင့်တောင့်တင်းတင်းကြီး ဖြစ်သွားသည်။

သို့သော် ယွမ်ယန်စွမ်းအင် ရှေ့သို့ တိုးလာသည်နှင့်အမျှ ထိုရောင်ဝါကလည်း တိုက်ရိုက် ပျက်စီးသွားသည်။ သူ့ခန္ဓာကိုယ်မှာ ဖိအားတွေ မရှိ​တော့သော်လည်း အဆိပ်ပျံ့နှံ့မှုကို တွန်းလှန်နေဆဲ ဖြစ်သည်။

တကယ့်ကို အစွမ်းထက်တဲ့ အဆိပ်ပဲ။

လုရွှမ် အလျင်စလို မတွန်းလှန်ခဲ့ချေ။ ခဏကြာတော့ ခြေဖဝါးပေါ်ရှိ အနက်ရောင်လေထုက တိတ်တဆိတ် မှိန်ဖျော့သွားပြီး ပျောက်ကွယ်သွားတော့သည်။ လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး အချိန်ကို တွက်ကြည့်ကာ ဒီဓားအဆိပ်မြက်ကို တော်တော် အထင်ကြီးသွားသည်။

သူဆက်၍ ကောက်ယူနေတာကြောင့် သုံးပေနက်မြွေကလည်း စိတ်ပျက်လက်ပျက်ဖြင့် ထွက်ပြေးသွားခဲ့သည်။ လုရွှမ် ဧရိယာရဲ့ တစ်ဝက်လောက်ကိုသာ နုတ်ယူခဲ့၏။ သူကိုယ်တိုင်က သုံးပေနက်မြွေရဲ့ ဧည့်သည် ဖြစ်သောကြောင့် အိမ်ရှင်ကို အနိုင်ကျင့်လို့ မဖြစ်သေးချေ။

ထို့အပြင် ဓားအဆိပ်အပင်ရဲ့ ထက်ဝက်ကို ရိတ်သိမ်းပစ်လိုက်တာက တခြားသတ္တဝါများအတွက် လွတ်လမ်း ဖြစ်သွားနိုင်ကာ သူ့အတွက်ကတော့ အနှေးနဲ့အမြန် ထွက်လမ်း မရှိနိုင်တော့ပေ။

လုရွှမ် အကြီးအကဲ ချန်ပေါင်ရှန်းရဲ့ မြေပုံကို ထုတ်ယူလိုက်သည်။ ယခုအချိန်တွင် ချန်ပေါင်ရှန်းအား အဆုံးမရှိ ကျေးဇူးတင်နေပါပြီ။ မဟုတ်ရင် သူဒီမှာ နှစ်အတော်ကြာအောင် ပျောက်ဆုံးသွားပြီး ဒီတောထဲက မထွက်နိုင်တော့တာ ဖြစ်သွားနိုင်ပါ၏။

လုရွှမ် စိတ်ဝိညာဉ်က မြေပုံပေါ်တွင် စုစည်းနေချိန်တွင် မြေပုံထဲ၌ အနီရောင်အစက်လေး တစ်စက် တောက်ပလာပြီး သူ့အနီးနားရှိ ပုံသဏ္ဌာန်များ ပေါ်လာသည်။ လုရွှမ်လည်း ထိုအနီရောင်အစက်သည် သူ့တည်နေရာကို အပြည့်အဝ ပြသလိုက်ကြောင်း ခံစားမိသည်။

ခဏလောက် ကြည့်ပြီးနောက် ဒီသစ်တောကြီးဟာ သူ့ရဲ့လက်ရှိ အရှိန်နဲ့တောင်မှ တောထဲကနေ အရှိန်အပြည့်နဲ့ ပျံသန်းဖို့ တစ်နှစ်လောက် အချိန်ယူရဦးမည်။ ရှန်းရှန်းအတွက်က စိတ်ပူစရာ မလိုတော့ပါဘူး။ သူမရဲ့ အထောက်အထားနဲ့ သူ့ကိုယ်သူ ကာကွယ်ဖို့ လုံလောက်ပါပြီ။

ညဘက်တွင် တောတွင်းတစ်ခုလုံး၏ လေထုက သိသိသာသာ မှောင်မိုက်နေသည်။ ယုန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် အရွယ်အစား ကြီးထွားလာတာ တွေ့ရှိလိုက်ရသဖြင့် လုရွှမ် ထိတ်လန့်သွားသည်။ ထိုယုန်က ကျားတစ်ကောင်ကို တကယ် သတ်ကာ အရှင်လတ်လတ် ကိုက်စားသွားခဲ့သည်။

သူ သေသေချာချာ မှတ်မိသလောက်ဆို ယုန်များက မြက်ကိုသာ စားကြတာ မဟုတ်ပါလား။

ဒါပေမဲ့ အဲဒီအနီရောင် မျက်လုံးတစ်စုံက အဆုံးမဲ့ မုန်းတီးမှုတွေ ပြည့်နှက်နေ၏။ လုရွှမ်လည်း လိမ္မာပါးနပ်စွာ​ဖြင့် ၎င်းနောက်သို့ မလိုက်ဘဲ ဂရုတစိုက် ရှောင်ထွက်လိုက်သည်။

သစ်တောသည် အပြေးအလွှား လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး သတ္တဝါမျိုးစုံတို့ကလည်း ၎င်းတို့၏ နယ်မြေကို ကြေငြာလိုက်သကဲ့သို့ အူမြူးနေကြသည်။ လုရွှမ် နေရာတစ်​နေရာကို ရှာတွေ့တာနဲ့ သူ့ကိုယ်သူ အသေအချာ ဝှက်ထားလိုက်သည်။

ဒီတစ်နေ့တာလုံးတွင် အစွမ်းထက်သော သားရဲများစွာကို တွေ့ခဲ့ရသည်။ ၎င်းတို့ရဲ့ ခွန်အားက မပြင်းထန်လွန်းတာမျိုး မဟုတ်သော်လည်း အရေအတွက်အားဖြင့် သာလွန်သည်ဟု ဆိုရမည်။ အကယ်၍ တစ်ယောက်ယောက်ကသာ အကုန်လုံးကို မသတ်နိုင်ဘဲ ရန်စမိပါက ဘေးဥပဒ်​တွေ ဖြစ်လာစေနိုင်သည်။

ညနှောင်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့သည်။

မိုးသည် အပြာရောင် အလင်းတန်းများနှင့်အတူ တစ်ကိုယ်လုံးကို ပြင်းထန်စွာ ရိုက်ခတ်သွားစဥ် လုရွှမ်လည်း စိတ်လှုပ်ရှားသွားသည်။ အမှန်တကယ်တွင် နတ်ဆိုး၏ အရိပ်အယောင်တစ်ခု ရှိနေသည်။

မိုးရေသည် အနည်းငယ် အဆိပ်ပြင်းသော အငွေ့အသက် ရောပါနေ၏။ မိုးရေဧရိယာက တဖြည်းဖြည်း ချဲ့ထွင်လာကာ အောက်ဖက်မှ ခုန်ဆင်းကာ မခွဲခြားနိုင်သော သားရဲတချို့သည် ကောင်းကင်က မိုးနတ်ဆိုးစွမ်းအားကို စုပ်ယူဖို့အတွက် သူတို့ပါးစပ်ကြီးများကို ဖွင့်လိုက်ကြလေသည်။

တဖြည်းဖြည်းနဲ့ အဲဒီနတ်ဆိုးသားရဲတွေရဲ့ မျက်လုံးတွေဟာ အလင်းရောင် ဖျော့ဖျော့နဲ့အတူ တောက်ပလာကြသည်။

လုရွှမ် မလှုပ်မယှက်ပင်။ သူ ထိုသတ္တဝါများ၏ ကျင့်စဉ်ကို နှောင့်ယှက်ရန် အပြင်သို့ ထွက်မလာခဲ့ပေ။ တစ်ညတာ ကုန်လွန်သွားသည်နှင့် မနေ့ညက ဖြစ်ပျက်ခဲ့တာတွေဟာ ငြိမ်သက်သွားပြီး ကြည်လင်သော အခြေအနေသို့ ပြန်ရောက်သွားသည်။

လုရွှမ်ဟာ သူ မသိသော နာမည်နှင့် အပင်များကို မထိတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။ မသိသော ဆေးဖက်ဝင် အပင်များကိုလည်း မနုတ်ယူချေ။ မဟုတ်ရင် အဆုံးမဲ့ လူသတ်ချင်လာတဲ့ ရည်ရွယ်ချက် ရှိရာကို ဦးတည်သွားစေမယ့် မထင်မှတ်ထားသော လှုပ်ရှားမှုတစ်ခုကို ဖြစ်သွား​စေနိုင်သည်။

လုရွှမ် ရေဆာသောအခါ သတ္တဝါငယ်အချို့ကို အမဲလိုက်ရင်း ဝိညာဉ်​ရေစင်ကို စုဆောင်းကာ တစ်လလောက် သောက်ခဲ့ရာ လမ်းတစ်လျှောက်ရှိ သတ္တဝါများကို တဖြေးဖြေး စွဲလန်းလာသည်။ ပြီးတော့ သူမြင်ခဲ့ရတဲ့ သတ္တဝါတွေကို နောက်ပိုင်းမှာ အသုံးပြုဖို့အတွက် စာအုပ်တွေမှာ မှတ်တမ်းတင်ထားခဲ့သည်။

တစ်လကြာပြီးနောက် သူ့သတိစွမ်းအားကြောင့် သူ့မှာ အန္တရာယ်မရှိလာသလို၊ မြေပုံရဲ့ကျေးဇူးကြောင့် အပြင်မှာ ကူးခတ်နေချိန်အတွင်း အန္တရာယ်လည်း သိပ်မများခဲ့ပေ။

သို့သော် ထိုငြိမ်သက်မှုသည် နောက်ဆုံးတွင် ပြိုကွဲသွားခဲ့သည်။ ကောင်းချီးတစ်ခု ပြီးရင် ကျိန်စာတစ်ခု ရောက်လာတတ်ကြောင်း သိထားးသော်လည်း ရှောင်ရန် နည်းလမ်းမရှိပေ။ အဲဒီနေ့မှာတော့ ထုံးစံအတိုင်း တောင်တန်းတွေနဲ့ တောတောင်တွေကို လှည့်ပတ်ပြီး အဝေးကို လှည့်ထွက်ခဲ့သည်။

အရှေ့က ဧရာမငှက်ကြီးတစ်ကောင်က နောက်ဆုံးတော့ သူ့ကို အာရုံစိုက်မိသွားလေသည်။

ချွန်ထက်သော ခြေသည်းများပါသည့် မျက်လုံးပြာ ရွှေလင်းယုန်တစ်ကောင်သာ ဖြစ်သည်။ ၎င်း၏တောင်ပံများပေါ်တွင် ခြေသည်းလို အမွေးအတောင် ပါရှိသည်။ ကောင်းကင်ကို ဖြတ်သန်းနေစဥ် အလွန်ထက်မြက်သော တေးသွားသံကိုလည်း ထုတ်လွှတ်လိုက်သေးသည်။

ထိုထိတ်လန့် တုန်လှုပ်စရာ ကောင်းနေသည့် တေးသွားကြောင့်ပင် ငှက်ငယ်အချို့ကို သေစေခဲ့ပြီး ၎င်းရဲ့ အစာ ဖြစ်လာခဲ့သည်။ ယခင်က မျက်လုံးပြာရောင် လင်းယုန်ငှက်ကို မြင်ဖူးသော်လည်း လျစ်လျူရှုခဲ့၏။ ရက်အနည်းငယ်ကြာပြီးနောက် မျက်လုံးပြာ ရွှေလင်းယုန်ကြီးက သူ့ကို တိုက်ရိုက် လိုက်ရှာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့။

"ဟာဟား... မင်းက တကယ်တော့ လူသားတစ်ယောက်ကိုး... မင်း ဒီလောက်နက်တဲ့ နေရာအထိ ရောက်လာနိုင်တာ အရမ်းကံကောင်းတာပဲ... မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ရောင်ဝါကိုတော့ ငါ အရမ်းကြိုက်တယ်! ဒီကို လာစမ်း! "

All Chapters