← Chapters

အရေးနိမ့်ခြင်း

Vol. 85 Ch. 1190

အရေးနိမ့်ခြင်း

Vol. 85 Ch. 1190

“အား...”

နောက်သို့ လွင့်ပျံနေသည့် ခန္ဓာကိုယ် ဟန်ချက်ကို ပြန်လည် ထိန်းလိုက်ရင်း ခုတ်ပိုင်းခြင်းဓားမှာ မချင့်မရဲ ဖြစ်စွာဖြင့် အော်ဟစ်လိုက်၏။ သူ့ ဘဝ တစ်လျှောက်လုံး ထိုမျှလောက် တစ်ခါမှ မလုပ်နိုင်၊ မကိုင်နိုင် မဖြစ်ဖူးပါချေ။

ရွှမ်း...

တိုက်ပွဲ စပြီးနောက် ပထမဆုံး အကြိမ် အဖြစ် ခုတ်ပိုင်းခြင်းဓားက သူ့ ဓားကို ဆွဲထုတ်လိုက်၏။ ၎င်းက ခပ်ပါးပါး ကွေးကွေးနှင့် ဖြစ်ကာ သုံးမီတာလောက် အလျား ရှိလိမ့်မည် ဖြစ်သည်။ ဓားရည်ရွယ်ချက်မှာ ချက်ချင်း ဆိုသလိုပင် သူ့ မျက်လုံးများ အတွင်း၌ ထွန်းလင်းလာ၏။

ဝေ့ဝူယင်၏ ခွန်အားမှာ သူတို့ ပုံဖော် စဉ်းစားထားသည်ထက် အဆပေါင်းများစွာ သာလွန် နေသည်။ သူ့ ဘဝ တစ်လျှောက်လုံး ကြုံဆုံ မှတ်သားဖူးသမျှ ကျင့်ကြံခြင်း ယုံကြည်မှုတိုင်းကို အကျိုးကျိုး အပဲ့ပဲ့ ဖျက်ဆီး ပစ်နေသည်။

ပထမဆုံးတစ်ချက် အနေဖြင့် ဝေ့ဝူယင်၏ လောကနယ်မြေမှာ မီတာပေါင်း ၇၇၇ ၀၀၀ ၀၀၀ အထိ အရွယ်အစား ရှိသည်။ ထိုအရာက မိုင်ပေါင်း ငါးသိန်းနားကိုပင် ကပ်နေခဲ့ပြီ ဖြစ်ကာ ပုံမှန် ကြယ်တာရာ နယ်မြေတစ်ခု၏ အရွယ်အစား နီးပါး ဖြစ်သည်။

ဒုတိယ တစ်ချက်... လောကနယ်မြေကို ထိန်းချုပ်ထားသည့် စွမ်းအားက အလွန်တရာကို ပြင်းထန် လွန်းလှသည်။ အမှောင် ဟင်းလင်းပြင် အတွင်း ရှိရှိသမျှ စွမ်းအင်၊ နေကြယ် အမတေနှင့် မန်နာ အားလုံးမှာ လူငယ်၏ ထိန်းချုပ်နိုင်စွမ်း အတွင်း ပြည့်ဝစွာ ကျရောက်နေသည်။ သူ့လို လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် ပင်လျှင် လျှို့ဝှက် စွမ်းအင်ကိုသာ အားကိုးကာ တိုက်ခိုက်နိုင်ခဲ့သည်။ လျှို့ဝှက် ဝိညာဉ် အဆင့် တ်စယောက် အဖြစ် ကျင့်ကြံခဲ့သည့် နှစ်ပေါင်းများစွာ ထိုကဲ့သို့ ဖြစ်ရပ်မျိုး သူ တစ်ခါမှ မကြုံဖူးခဲ့ချေ။

တတိယ တစ်ချက်... အမှောင် ဟင်းလင်းပြင် အတွင်း ဝေ့ဝူယင်၏ သွားလာနိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သူက ခြေတစ်လှမ်းချင်းစီတိုင်း၌ မိုင်ထောင်ပေါင်းများစွာကို ခရီးနှင်နိုင်စွမ်း ရှိကာ မည်သည့် နေရာကို မဆို ဖြတ်ကျော် ခုန်ကူးနိုင်ဟန် ရသည်။

ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများက ဓားအလင်း၊ အာကာသ စွမ်းအင်များနှင့် ရောနှော ပြည့်နှက် လာ၏။ ထို့နောက်တွင်တော့ သူက လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦး၏ အာကာသ လျှို့ဝှက် စွမ်းအားကို သုံးကာ အာကာသ ရွှေ့ပြောင်းဖို့ ကြိုးပမ်းလိုက်သည်။

လက်ရှိ၌ သူ၏ ဇနီး ခွန်ရီမင်မှာ ဝေ့ဝူယင်၏ အမဲလိုက်ခြင်းကို ခံနေရသည်။ အရှင်ဝေ့မှာ လျှို့ဝှက် အာဏာရှင် အဆင့်များကိုပင် သတ်ဖြတ်နိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကာ ထိုအတိုင်းလည်း တကယ် လုပ်မည့်ပုံ ရသည်။ ခွန်ရီမင်ကို မဆုံးရှုံးလိုသည့် စိတ်က သူ့ နှလုံးသား အတွင်း ဗုံးတစ်လုံးလို အရှိန်အဟုန်နှင့် ပေါက်ကွဲ လာနေခဲ့၏။

သို့သော်လည်း... ဟင်းလင်းပြင် ရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက် အသွင် သဏ္ဌာန်မဲ့ လက်တစ်ဖက်က သူ့ကို လာရောက် လမ်းညွှန်သလို ခံစားလိုက်ရ၏။ အာကာသ စွမ်းအင်သာ သူ့ အစစ်အမှန် ဆန္ဒကို သယ်ဆောင်မည် ဆိုပါက... ခွန်ရီမင် အရှေ့သို့ တန်းတန်းမတ်မတ် ရောက်ရှိကာ သူမနှင့် ပူးပေါင်း၍ ဝေ့ဝူယင်ကို ခုခံလိမ့်မည် ဖြစ်သည်။

ဟူး...

ခုတ်ပိုင်းခြင်းဓား၏ ခန္ဓာကိုယ်က မူလ နေရာမှ ပျောက်ကွယ်သွားကာ သတ်မှတ် နေရာတွင် ပြန်လည် ပေါ်လာခဲ့သည်။ သို့သော်လည်း... ခွန်ရီမင်၏ အရှေ့တွင်တော့ မဟုတ်ချေ။ အကြမ်းဖျဉ်း မိုင်ပေါင်း ခြောက်သောင်းခန့် ကွာဝေးသည့် တစ်နေရာတွင် ဖြစ်သည်။

ဝှစ်...

ဝှစ်...

ခုတ်ပိုင်းဓားက နောက်ထပ် နှစ်ကြိမ် ထပ်မံ၍ အာကာသ ရွှေ့ပြောင်းလိုက်၏။ သို့သော်လည်း... သူ မည်မျှပင် ကြိုးစားစေကာမူ မူလ ပန်းတိုင်နှင့် အလှမ်းကွာဝေးနေတုန်း ဖြစ်သည်။ သို့သော်လည်း ထိုအရာက... လောကနယ်မြေကြောင့်လော သို့တည်းမဟုတ်... ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အခြား စွမ်းအင် တစ်ခုခု ကြောင့်လော သူ စဉ်းစား မရပါချေ။

“အား...”

ခုတ်ပိုင်းခြင်းဓားက လက်မခံလိုဟန်ဖြင့် ကြမ်းတမ်း ခက်ထန်စွာ အော်ဟစ်လိုက်သည်။ သို့သော်လည်း... သူက နည်းစနစ်ကိုတော့ ပြောင်းလဲလိုက်ကာ သာမန် ပျံသန်းခြင်း ပုံစံသို့ ပြန်လည် ဝင်‌ရောက် လိုက်သည်။ လက်ထဲရှိ ဓားကို ဝှေ့ယမ်ကာ ခုတ်ပိုင်းခြင်းက သူ၏ အရှိန်ကို ပိုမို၍ တိုးစေ၏။

ဘုန်း... ဘုန်း... ဘုန်း...

ထိုအတောအတွင်းတွင်တော့ ဝေ့ဝူယင်က ခွန်ရီမင်အား အဆက်မပြတ် တိုက်ခိုက်နေသည်ကို သူ အဝေးမှ လှမ်းကြည့်ရန်သာ တတ်နိုင်ခဲ့၏။ ခွန်ရီမင်မှာ အလွန် လျှင်မြန်သည် ဆိုသော်လည်း ဝေ့ဝူယင် တစ်ချက် လှုပ်ရှားတိုင်း၌ အလွန် ကြောက်မက်ဖွယ် ကောင်းသည့် မြေဆွဲအား စွမ်းအင် တစ်ခု ဖြစပေါ်လာကာ ခွန်ရီမင်၏ လှုပ်ရှားမှုများကို နှေးကွေး သွားစေခဲ့သည်။ ထို့ကြောင့်ပင် သူမမှာ ရပ်တန့်ကာ ခုခံရန်သာ တတ်နိုင်ခဲ့သည်။

ထိုအခိုက်၌ ခွန်ရီမင်မှာ သူမ၏ ငွေရောင် အတောင်ပံကို ဒိုင်းကာ တစ်ခု သဖွယ် အသုံးပြုကာ ဝေ့ဝူယင်၏ တိုက်ခိုက်မှုများကို ခုခံနေခဲ့၏။ ဝေ့ဝူယင်၏ လက်သီးချက်များက ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်နှင့် ပတ်ဝန်းကျင် မိုင်ပေါင်း ငါးသိန်း အတွင်းမှ မန်နာ၊ အမတေနှင့် စွမ်းအင်များကို သယ်ဆောင်ထားလေရာ အလွန်တရာပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကံကောင်း ထောက်မစွာပင် သူမ၏ အတောင်ပံများမှာ လျှို့ဝှက် မြေကြီး အဆင့် လက်နက် တစ်ခု ဖြစ်လေရာ တိုက်ခိုက်မှုများကို ကြံ့ကြံ့ခံနိုင်နေဆဲ ဖြစ်သည်။ သို့သော်လည်း... တိုက်ခိုက်မှု အဟုန်က အလွန် ပြင်းထန်လှလေရာ သူမ၏ ခန္ဓာကိုယ်မှာ အကျိုးဆက်ကို ခံစားနေရဆဲ ဖြစ်ပေသည်။

သွေးစများမှာ မိန်းကလေး၏ ပါးစပ်နှင့် နှာခေါင်းတို့၌ စွန်းထင်နေကာ ခန္ဓာကိုယ်မှာလည်း အဆက်မပြတ် လှည့်ပတ် နေ၏။

ဟူး... ဟူး...

ခုတ်ပိုင်းခြင်းဓားမှာ လျှို့ဝှက် စွမ်းအင်များစွာကို အသုံးပြုကာ အမြင့်ဆုံးသော အမြန်နှုန်နှင့် အတူ ဝေ့ဝူယင်တို့ အနားသို့ ရောက်ရှိလာခဲ့၏။

ရွှင်း...

ထို့နောက်တွင်တော့ တုန့်ဆိုင်းခြင်း မပြုပါပဲ သူ၏ အစွမ်း အထက်ဆုံးသော လျှို့ဝှက် ဓားကျင့်စဉ် ဖြစ်သည့် မဟာ ခုတ်ပိုင်းခြင်းကို ဖော်ထုတ်လိုက်လေတော့သည်။ နာမည် အတိုင်းပင် ထိုတိုက်ခိုက်မှုမှာ အလွန်ပင် အစွမ်းထက်ကာ သူ၏ စွမ်းအင် ခုနစ်ဆယ် ရာခိုင်နှုန်းကိုပင် စုပ်ယူ သွားခဲ့သည်။ ဝေ့ဝူယင် ပြုသမျှ နုနေရသည့် အဖြစ်မျိုးကို သူ ဆက်လက်၍ မဖြစ်မခံလိုတော့ချေ။

ဘုန်း...

ဝေ့ဝူယင်က နောက်ကို လှည့်ကြည့်လိုက်၏။ ထိုအခါ ခုတ်ပိုင်းခြင်းဓားထံမှ တိုးဝင်လာသည့် ဓားအလင်း ပင်လယ်ကြီးကို တွေ့မြင်လိုက်ရလေသည်။ သို့သော်လည်း သူ့ မျက်ဝန်းများ အတွင်း၌ ထိတ်လန့် ကြောက်ရွံ့မှု မရှိ။ ဝေ့ဝူယင် တည်ငြိမ်စွာပင် ဟင်းလင်းပြင် နဂါး အင်အားကို ထုတ်ဖော်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်သည်။ မီးခိုးရောင် အလင်းတန်းများမှာ ခွန်ရီမင်ကို ရစ်ပတ် လွှမ်းခြုံသွားသည်။

ဝှစ်...

ရုတ်တရက် ခွန်ရီမင်မှာ သူမ၏ ခန္ဓာကိုယ်က နေရာ ရွှေ့ပြောင်းသွားသလို ခံစားလိုက်ရသည်။ ပတ်ဝန်းကျင်ကို ပြန်လည် သတိထားမိသော အခိုက်၌ သူမမှာ ဝေ့ဝူယင်၏ လက်အတွင်း ကျ‌ရောက်နေခဲ့ပြီ ဖြစ်လေသည်။ ဝေ့ဝူယင်မှာ သူမ၏ ဘယ်ဘက် အတောင်ပံကို ဘယ်လက်နှင့် ကိုင်ဆောင်ကာ လက်‌မောင်းကို ညာလက်ဖြင့် ကိုင်ဆောင် ထား၏။ သူ၏ လက်နှစ်ဖက်က အစစ်အမှန် နဂါး အသွင်ကို တစ်စိတ်တစ်ပိုင်း ဝင်ရောက် ထားသည်။ သူ၏ လက်ခုံများမှာ အကြေးခွံများနှင့် ပြည့်နှက်နေကာ လက်သည်းများမှာလည်း နဂါး လက်သည်းများ ကဲ့သို့ ချွန်ထက်နေ၏။ ခွန်ရီမင် ကြိုးစားကာ ရုန်းကန်ကြည့်လိုက်သော်လည်း ဘယ်လိုမှ မလွတ်မြောက် နိုင်သည်ကို တွေ့ရှိ လိုက်ရသည်။

ဘုန်း... ဘုန်း...

တစ်ချိန်တည်း၌ ခုတ်ပိုင်းခြင်းဓား၏ ဓားအလင်း ပင်လယ်ကြီးမှာ လျှင်မြန်စွာ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ ယင်းကို သတိထားမိသည်နှင့် ခွန်ရီမင်၏ မျက်လုံးများမှာ နားလည် သဘောပေါက်မှု၊ အလွန်အမင်း ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက် သွားခဲ့၏။

“ရပ်လိုက်...”

“...”

အခြားတစ်ဖက်၌ ခုတ်ပိုင်းခြင်းဓား၏ မျက်လုံးများမှာလည်း ပြူးကျယ် သွားခဲ့သည်။ သူက လက်ကျန် လျှို့ဝှက် အင်အား၏ စုစုပေါင်း ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို သုံးကာ ထိုတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ဤဓားချက်မှာ သူ့ဘဝ တစ်လျှောက်လုံး ဖော်ထုတ်ဖူးသမျှ အစွမ်း အထက်ဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခု ဖြစ်သည်။ ဝေ့ဝူယင် ဘယ်‌လောက်ကြီး အစွမ်းထက်ထက် ထိုဓားချက်ဖြင့် တားဆီးနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် ရှိပေသည်။

သို့သော်လည်း... ဝေ့ဝူယင်က သူ့ဇနီးကို လူသားဒိုင်းကာ အဖြစ် သုံးလိမ့်မည်ဟု မည်ကဲ့သို့ ထင်ထားခဲ့မိလိမ့်မည်နည်း။

ခုတ်ပိုင်းခြင်းဓား လျှို့ဝှက် ဝိညာဉ်နှင့် ဆက်သွယ်ကာ လက်ကျန် လျှို့ဝှက် စွမ်းအင်များကို အသုံးပြု၍ ဓားလမ်းကြောင်းကို ပြောင်းလဲဖို့ ကြိုးပမ်းလိုက်၏။

ရွှင်း...

ဟိန်းဟောက်သံ တစ်ချက်နှင့် အတူ ဓားအလင်းမှာ ဝေ့ဝူယင်၊ ခွန်ရီမင်တို့နှင့် ဆံခြည်တစ်မျှင်ခန့် ကပ်လွဲ သွားခဲ့၏။ သို့သော်လည်း ဓား၏ ထက်ရှမှုက ခွန်ရီမင်၏ လျှို့ဝှက် အကာအကွယ်ကို ထိုးခွဲကာ သူမ၏ အရေပြား တစ်စိတ်တစ်ပိုင်းကိုပါ လှီးဖြတ် ပစ်လိုက်သည်။ ချက်ချင်းပင် ခွန်ရီမင်၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးချင်းချင်း နီရဲသွား၏။

သို့သော်လည်း ဝေ့ဝူယင်ကတော့ လူသား ဒိုင်းကာ၏ ကာကွယ်မှု အောက်၌ လုံခြုံနေဆဲ ဖြစ်ပေတော့သည်။

***

All Chapters