နောင်တတရားမဲ့ နေထိုင်ခြင်း
Vol. 85 Ch. 1177
“...”
မြေကြီး ရှန့်ထို အဆင့်မှ နေ၍ ချီပျစ်ခဲခြင်း အဆင့် အထိ ကျင့်ကြံသူ သန်းပေါင်းများစွာ ရှိနေသည့် ခန်းမကျယ်ကြီး တစ်ခုလုံးမှာ တိတ်ဆိတ် နေကြ၏။
“ရွေးချယ်ခံ တစ်ယောက်ဟာ အနိမ့်ဆုံး အဆင့်နှစ်ဆင့် ပိုမြင့်တဲ့ ဝိညာဥ် ကျင့်စဉ် တစ်ခုကို ဆုပ်ကိုင် ထားနိုင်ရမယ်”
ထိုအရာက ဘာကို ဆိုလိုသနည်း။ ဝိညာဉ် ဆင်းတု အဆင့် ရွေးချယ်ခံ တစ်ယောက်မှာ အာကာသ စွမ်းအင်၊ အလင်း စွမ်းအင်တို့အား အသုံးပြုရန် လိုအပ်သည့် ဝိညာဉ် ကျင့်စဉ် တစ်ခုကို နားလည်ထားရန် လိုအပ်သည်လော။
ထိုအရာက... အလွန်အမင်း ရက်စက်လွန်းသော စည်းမျဉ်းပင်။
သို့သော်လည်း... သီးသန့် ဟင်းလင်းပြင် အတွင်းတွင်တော့ အဆုံးမဲ့ သိုင်းဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။
“ကြမ်းချက်... ငါတော့ ကြိုက်တယ်”
ဝိညာဉ် ရှန့်ထို ဧကရာဇ်၏ အမူအရာကလည်း များစွာ ပြောင်းလဲခြင်း မရှိချေ။ သူ့ ကြယ်တာရာ နယ်မြေတွင် ပြိုင်စံရှား အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ရှိပေသည်။ စံသတ်မှတ်ချက် ပြည့်မှီသည့် ရွေးချယ်ခံများ မွေးထုတ်ပေးရန် အများကြီး ခက်ခဲလိမ့်မည် မဟုတ်ချေ။
အင်ပါယာ အကြံပေးကတော့ မေးစေ့ကို ပွတ်သပ်ကာ ခေါင်းတစ်ချက်သာ ညိတ်၏။
“ရှင် ဘယ်လို သဘောရလဲ...”
မဟာ ပုရောဟိတ်က တစ်ချိန်လုံး ငြိမ်သက်ကာ အတွေးများနေဟန် ရသည့် ထာဝရ နတ်ဘုရားကို မေးလိုက်သည်။
"ကောင်းပါတယ်...”
လူအိုကြီး၏ အမူအရာက အပြောင်းအလဲ မရှိပါချေ။
“မဟာ စက်ဝန်း ကြယ်ကွင်းပြင်က မကြာခင် အစစ်အမှန် ရွေးချယ်ခံ ဧကရာဇ်ကို ရလာတော့မယ်လို့ ငါ ယုံကြည်တယ်... ဒါထက် ဘယ်နည်းလမ်းက ပိုကောင်းနိုင်ဦးမှာလဲ”
“...”
အားလုံး တိတ်ဆိတ်သွားကာ ထာဝရ နတ်ဘုရားကို ကြည့်လိုက်ကြ၏။ သူက ဘာတွေ စီစဉ်နေသနည်း။
...
နဂါးငွေ့တန်း ကြယ်ကွင်းပြင်...
အဆုံးအစမဲ့ အမှောင်ထုမှ တစ်ပါး အပျက်အစီးများ၊ လေလွင့် ကောင်းကင်များနှင့်သာ ပြည့်နှက် နေသည့် နေရာ တစ်ခု...
မဟာ စက်ဝန်း ကြယ်ကွင်းပြင် ပိုင်ဆိုင်ထားသည့် စည်ပင် ဝဖြိုးမှုများက ဤနေရာတွင်တော့ နတ္ထိ...။
သို့သော်လည်း လူတစ်ယောက် အတွက်တော့ ထိုနေရာက အဆုံးမဲ့ နွေးထွေးမှု၊ သက်တောင့် သက်သာမှုများ ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်သည်။ အိမ်ဆိုသည့် ခံစားချက်ကို ခံစားရသည်။
ဟူး... ဟူး..
အလွန်တရာ ကြီးမားလွန်းလှသည့် ဧရာမ ထန်ဂူ သတ္တဝါကြီးနှင့် ပနံတင့်စွာပင် နဂါးငွေ့တန်း ကြယ်ကွင်းပြင်၏ တစ်နေရာ ငွေရောင် နန်းတော်ကြီး တစ်ခုမှာ အဆုံးမဲ့ အမှောင်ထု အတွင်း ကျောက်ချကာ တိတ်တဆိတ် လွင့်မြော နေခဲ့လေသည်။
၎င်းကတော့ အခြားမဟုတ်...။ ဝေ့ဝူယင် ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ကာ နှစ်ပေါင်းများစွာ တစိုက်မတ်မတ် သန့်စင် ထားသည့် မူလအာရုဏ်ဦး နန်းတော်ပင်။
မူလ အာရုဏ်ဦး နန်းတော်ကို အစွန်းရောက် ဆေဘာ ဖိနှိပ်ခြင်း အစီအရင်က အဓိက ဝန်းရံ ကာကွယ်ထားကာ ကျင့်ကြံခြင်းအား အထောက်အကူ ပြုနိုင်သည့် အခြား အစီအရင် များစွာက ကူညီ အားဖြည့်ထားသည်။ ထိုဝင်္ကပါကြီး တစ်ခုလုံးကို ဝေ့ဝူယင်က ကပ်ဘေး ဖြတ်ကျော်ခြင်း အစီအရင်ဟု နာမည်ပေးထားသည်။
မူလ အာရုဏ်ဦး နန်းတော်မှာ အစစ်အမှန် အိမ် တစ်ခုဟု ဝေ့ဝူယင် အမှန်တကယ် ခံစားရသည့် နေရာ ဖြစ်သည်။ အနန္တ ကုန်းမြေတိုက်ကြီးအား အေးခဲထားသည့် ဟင်းလင်းပြင် သလင်းကျောက်ကို ဝင်္ကပါ အလံ အဖြစ် အသုံးပြု ထားလေရာ နန်းတော် အတွင်းရှိ လေထုနှင့် အော်ရာတို့က သူ့ မွေးရပ်မြေ အတိုင်း အတိအကျပင် ဖြစ်သည်။
မူလ အာရုဏ်ဦး နန်းတော်မှာ အပိုအတွေးများ မတွေးပဲ ဝေ့ဝူယင် နှစ်နှစ်ခြိုက်ခြိုက် အနားယူနိုင်သည့်၊ အိပ်စက်နိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်သည်။
ငရဲ၏ ကပ်ဘေးများ...
အပြစ်သား သွေးမျိုးဆက်...
ကောင်းကင်တာအို...
အနာဂတ်...
ထိုအရာ အားလုံးကို တဒင်္ဂစာမျှ မေ့ထားနိုင်သည့် တစ်ခုတည်းသော နေရာ ဖြစ်ပေသည်။
...
ယနေ့...
နွေးထွေးသည့် သားမွေးများနှင့် အလှဆင်ထားသော ကုလားတိုင် တစ်ခု ပေါ်တွင် ဝေ့ဝူယင် သက်တောင့်သက်သာပင် ထိုင်နေခဲ့လေသည်။ သူ့ရှေ့ရှိ ထိုင်ခုံထက်တွင်တော့ ဝူယု ရှိနေခဲ့သည်။ လွန်ခဲ့သည့် လပိုင်းခန့်တုန်းက ထိုကြီးကျယ် ခမ်းနားသည့် မဟာ ဧကရာဇ်ကြီးမှာ မိမိကိုယ်ကို ရှက်ရွံ့မှု၊ မကျေနပ်မှုတို့ကို ခံစားခဲ့ရသည်။
သူက ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင်ကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကာ ဆိတ်ငြိမ် ကွင်းပြင်တွင် ချိပ်ပိတ်ခြင်းကို ခံခဲ့ရသည်။ ကျန့်ကျန့်၏ အကူအညီကြောင့်သာ မဟုတ်ပါက... လွတ်မြောက်ရန် မဖြစ်နိုင်သလောက်ပင်။
ဝေ့ဝူယင်က လွန်ခဲ့သည့် နှစ်များ အတွင်း သူ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ဝူယုထံ ပြန်လည် မျှဝေနေခဲ့ခြင်းပင် ဖြစ်သည်။ အလွှာကြားက လောက၊ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ မြို့တော် သုံးခု၊ သူတို့၏ ထိပ်သီး ကျင့်ကြံသူများ... ဝေ့ဝူယင်၏ အတွေ့အကြုံများ အကြောင်း ပိုမို ကြားရလေလေ ဝူယု တစ်ယောက် ပိုမို၍ ထိတ်လန့် အံ့သြရလေလေ ဖြစ်သည်။
အထူးသဖြင့်... လျူယင်လန်း၏ ကျင့်ကြံခြင်း အခြေခံနှင့် ရည်ရွယ်ချက်များ အကြောင်းပင်။
“အဲဒါဆိုရင် သူက...”
ဝူယု၏ အသံက မကျေနပ်မှု၊ ထိတ်လန့် တုန်လှုပ်မှုများနှင့် ရောပြွမ်း ပြည့်နှက်နေ၏။ ဝေ့ဝူယင်က ခေါင်းညိတ် လိုက်သည်။
“ဟုတ်တယ်... သူက ကျုပ်ရဲ့ သွေးအမတေကို သူ့ သွေးအမတေနဲ့ အစားထိုးချင်နေတာ... အဲဒါဆိုရင် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံက သန့်စင်တဲ့ နေရာမှာ ကျုပ်ကို နှောက်ယှက်တော့မှာ မဟုတ်ဘူး”
ဝေ့ဝူယင်၏ အသံက ခံစားချက် အငွေ့အသက် တစ်ချို့ ပါဝင်နေ၏။
“ဘာလို့လဲ... ကျုပ် သိပ်သဘော မပေါက်ဘူး... သခင်လေးက အစစ်အမှန် ကံကြမ္မာ ခရီးသည် ဖြစ်နေပြီပဲ... အာကာသ ဝေဟင်ဂိုဏ်းရဲ့ ဆက်ခံသူ ဖြစ်လာမှာ အနှေးနဲ့ အမြန်ပဲလေ... ဘာလို့ သူ့ရဲ့ သွေးအမတေနဲ့ အစားထိုး ချင်ရတာလဲ”
ဝူယုက မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။ အဖြေကို မဖြေခင် ဝေ့ဝူယင်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ သုန်မှုန်သော အလင်းတန်းများနှင့် ပြည့်နှက် သွားခဲ့သည်။ အပြိုင် စကြဝဠာမှ ဝေ့ဝူယင်၏ မှတ်ဉာဏ်များက သူ့ အာရုံအတွင်း ပြန်လည် နိုးထ လာခဲ့လေ၏။
...
“ဘာလို့လဲ... ကျုပ် ကျိန်စာ ကျိန်ဆိုပြီး နေပြီပဲ... မြေကြီး ရှန့်ထို ဖြစ်လာတဲ့ တစ်နေ့ကျရင် တာဝန်ကို ကျုပ် ယူမယ်”
"..."
“ခင်... ခင်ဗျား... အဲဒီလိုတော့ မလုပ်ပါနဲ့”
"ရပ်လိုက်... အား...”
တစ်စုံတစ်ယောက်ထံမှ အလွန်ပြင်းထန်သည့် ခွန်အားဖြင့် ဖိနှိပ်လာသည့် ခံစားချက်...။ မည်မျှပင် တောင်းပန် ရုန်းကန် နေစေကာမူ အတင်းအကြပ် ဆင်းသက်လာသည့် ငရဲ...
ပိုမို၍ ဆိုးရွားစေသည့် အရာက ကြောက်ရွံ့မှု၊ မျက်ရည်နှင့် ရုန်းကန်နေမှုတို့ ကြားမှပင် ခန္ဓာကိုယ်ထက်၌ ဖြစ်ပေါ်လာနေသည့် သာယာ ကြည်နူးသော ခံစားချက်...
“အား... အား... ထိတယ်... ဟင်း... အရမ်း ကောင်းတယ်... အရမ်း ကောင်းတယ်... အား...”
ပုံမှန်အားဖြင့် ယောက်ျားဘသား တစ်ယောက် မိမိကိုယ်ကို ဂုဏ်ယူရန် လုံလောက်သည့် ထိုငြီးငြူသံများမှာ ထိုအချိန်တွင်တော့ မိစ္ဆာငိုညီးသံများလို နားဝင်ဆိုးလွန်းလှသည်။
“အား... ရပ်လိုက်ပါ...”
သူ၏ နှလုံးသွေးများက ယိုစီးကျလာခဲ့ကာ နာကျင်သည့် နဂါးဟိန်းဟောက်သံများက အဆက်မပြတ် ထွက်ပေါ် လာခဲ့၏။ သို့သော်လည်း... အဆုံးမဲ့ ခွန်အား၏ အောက်၌ အရာအားလုံးမှာ အားနည်း လွန်းလှခဲ့သည်။
နောက်ဆုံး၌... ဝေ့ဝူယင် တစ်ဘဝလုံး ဂုဏ်ယူခဲ့ရသည့် သွေးမျိုးဆက်မှာ အတင်းအကြပ် ပြောင်းလဲ ခံခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်မှာ နှလုံးသားကို စတင် ငြင်းဆန်လာခဲ့သည်။
ထို့နောက်... ခရာတို၏ လက်လျှော့လိုက်သံ...။
“လက်လွှတ်လိုက်တော့... မင်းတို့ အားလုံး သေတာ ငါ ခွင့်မပြနိုင်ဘူး... အခု လုပ်တော့”
ဟင်းလင်းပြင် ကြယ်တာရာ ဝိညာဉ်၏ အသံက ထိုအချိန်တွင်တော့ ဂုဏ်ယူမှုနှင့် မာနတရားတို့ ကင်းမဲ့နေခဲ့သည်။ သို့သော်လည်း... ထိုအရာက သူ အချစ်ရဆုံး မွေးချင်းများနှင့် ဖခင်ဖြစ်သူတို့ အတွင်ပင်။
ထိုနေ့၌ ဝေ့ဝူယင် နောက်ထပ် ကလေး တစ်ယောက်ကို ဆုံးရှုံးခဲ့ရပေသည်။
***