← Chapters

အချိန်မြစ် ကြယ်တာရာ ကပ်ဘေး (၂)

Vol. 85 Ch. 1179

အချိန်မြစ် ကြယ်တာရာ ကပ်ဘေး (၂)

Vol. 85 Ch. 1179

ခရက်...

သေမျိုး တာအိုမှာ တည်ငြိမ်စွာပင် သူ့ နဖူးကို ထိုးခွဲလိုက်ကာ အသိစိတ် ပင်လယ်ထံ ဦးတည်နေသည့် အမာရွတ် ကဲ့သို့ ဂိတ်တံခါး တစ်ခုကို ဖန်တီးလိုက်သည်။ ပစ္စုပ္ပန် အချိန် စွမ်းအင် အပါအဝင် အချိန် စွမ်းအင်များမှာ သေမျိုး တာအို၏ ထိန်းချုပ်မှု အောက်တွင် သူ့ အသိစိတ် ပင်လယ် အတွင်းစီးဝင်လာခဲ့သည်။

အချိန်ကိုက်ပင် ကြယ်တာရာ ဝိညာဉ်များမှာ စတင် လှုပ်ရှား လာခဲ့ကာ အလွန်တရာ တောက်ပသည့် ဝိညာဉ် အလင်းများကို ထုတ်လွှတ် လိုက်ကြသည်။ အံ့အားသင့်ဖို့ ကောင်းစွာပင်.. အချိန်စွမ်းအင်များမှာ သူ့ စိတ်မျက်လုံး များထံ ချက်ချင်း သွားရောက်ခြင်း မရှိချေ။ သေမျိုး တာအို ဖွင့်ထားည့် ဂိတ်တံခါးမှာလည်း သူ့ ဝိညာဉ်ထံ ဦးတည် နေဟန်ရကာ ၎င်းတို့ကို ကြယ်တာရာ ဝိညာဉ်များမှာ ဖြည်းညင်းစွာပင် စတင် စုပ်ယူတော့၏။

ဝေ့ဝူယင် တိတ်တဆိတ် စောင့်နေခဲ့၏။ ထိုကလေး လေးယောက်ထံမှ လေးနက်သည့် သဘောထားများကို သူ ခံစားမိပေသည်။ အချိန် စွမ်းအင်များကို စုပ်ယူ သန့်စင် နေကြသည်နှင့် အမျှ သူတို့၏ ကြယ်တာရာ အမြုတေများမှာ အချိန် စွမ်းအင်များနှင့် စတင်ကာ တောက်ပ လာနေကြ၏။ နယ်မြေမျိုးစေ့များမှာလည်း ဆာလောင်နေသည့် မွန်းစတားငယ်များနှင့် တူကာ အချိန်စွမ်းအင်များကို ဝါးမြို နေကြသည်။

ဧဒင်မှာ ဂရုတစိုက် လှုပ်ရှားနေကာ အချိန် စွမ်းအင်များထဲမှ ၇၀ ရာခိုင်နှုန်းကို နယ်မြမျိုးစေ့ထဲသို့ ပို့လွှတ်ကာ ကျန် ၃၀ ရာခိုင်နှုန်းကိုတော့ ကြယ်တာရာ အမြုတေထံ ပို့လွှတ်သည်။ ကျန်ကြယ်တာရာ ဝိညာဉ်များမှာလည်း ဧဒင်၏ နည်းလမ်းကို ပုံတူကူးကာ ထိုကဲ့သို့ လိုက်လံ လုပ်ဆောင် လိုက်ကြသည်။

ဝေ့ဝူယင် နွေးထွေးစွာ ပြုံးလိုက်မိ၏။ သူ့အတွက်တော့ ကောင်းကင် ကပ်ဘေး တစ်ခုချင်းစီမှာ ကြယ်တာရာ ဝိညာဉ်များ အတွက် ပွဲတော်ပင်။ ဘာမှ လှုပ်ရှားစရာ မလိုလေရာ ဝေ့ဝူယင် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာသာ စောင့်ဆိုင်း နေခဲ့၏။

သို့‌သော်လည်း... လူငယ် မသိလိုက်သည့် အရာကား သူ၏ ကြယ်တာရာ ဝိညာဉ်များမှာ ကောင်းကင် ရတနာတစ်ခုမှ ဖန်တီးထားသည့် အချိန်လေပွေထံမှ စွမ်းအင်များကို ဝါးမြိုနေကြခြင်း ဖြစ်လေသည်။ ထိုအချိန် စွမ်းအင်များမှာ လျှို့ဝှက် အဆင့် အချိန် စွမ်းအင်များ ဖြစ်ကာ အသန့်စင်ဆုံး၊ အထူပျစ်ဆုံး အခြေအနေများ၌ ရှိနေကြပေသည်။ တစ်ချိန်တည်း၌ သူ၏ အချိန် ဥပဒေသ မျိုးစေ့မှာ တက်ကြွစွာ သက်ဝင် လှုပ်ရှားနေကာ အချိန် အပေါ် သြဇာအာဏာ လွှမ်းမိုးနိုင်စွမ်းကို ဖွင့်လှစ်လျှက် ထိုကဲ့သို့ စုပ်ယူနိုင်အောင် ထောက်ပံ့ပေးထား ပေသည်။

ထိုဖြစ်စဉ်က သုံးနာရီ တိုင်တိုင် ကြာမြင့်ခဲ့ကာ နောက်ဆုံး၌ ကြယ်တာရာ ဝိညာဉ်များမှာ လောကီ အလင်းများနှင့် ပြည့်ဝ နေခဲ့ပြီ ဖြစ်လေသည်။ ထိုအခိုက်အတန့်တွင်တော့ ဝေ့ဝူယင်မှာ အချိန် လေပွေ အတွင်း လိုက်လျော ညီထွေစွာ လှုပ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။ ကြယ်တာရာ ဝိညာဉ်များ စုပ်ယူခြင်း မရှိတော့သည့် နောက်တွင် အချိန် စွမ်းအင်များမှာ သူတို့ လမ်းကြောင်းများ အတိုင်း ဆက်လက် စီးဆင်းသွားကာ အသိစိတ် ပင်လယ်ကို ဖြတ်သန်း၍ စိတ်မျက်လုံး အတွင်း ဝင်ရောက် သွားကြသည်။

အေးမြသည့် ခံစားချက် တစ်ခုမှာ ဝေ့ဝူယင်၏ မျက်ခုံး နှစ်ခုကြားတွင် ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။ ၎င်းက အလွန်အမင်း သက်တောင့်သက်သာ ရှိလှပေသည်။ ကပ်ဘေး ပြီးမြောက်ပြီးနောက် ရရှိလာသည့် ရလဒ်များမှာ ဘယ်တော့မှ ဆိုးရွားသည့် ခံစားချက်များ မရှိချေ။ သာယာ ကြည်နူးမှုနှင့် လန်းဆန်းမှုတို့ကို ပေးစွမ်းနိုင်ပေသည်။ ကျင့်ကြံခြင်းနှင့် အောင်မြင်မှုတို့မှာ လူတစ်ယောက်ကို ဆေးခြောက်များလို အလွန်အမင်း စွဲလမ်းစေနိုင်သည်။

“အချိန်ကျပြီဟေ့...”

ဝေ့ဝူယင် သာယာ ကြည်နူးဖွယ် အတွေးအတွင်း လွင့်မြော နေစဉ်မှာပင် ရုတ်တရက် အသံ လေးခု ထွက်ပေါ်လာကာ သူ့ မျက်လုံးများကို ပြူးကျယ် သွားစေခဲ့သည်။ ကြယ်တာရာ ဝိညာဉ်များမှာ နောက်ထပ် လှုပ်ရှားမှု တစ်ခုကို လုပ်လိုက်ချေပြီ ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ဟူး... ဟူး...

ကြယ်တာရာ ဝိညာဉ်များမှာ အတူတကွ ချိတ်ဆက်သွားကာ ဝိညာဉ်အလင်း ရောင်စဉ်တန်းများကို ဖန်တီး လိုက်ကြ၏။ တစ်ချိန်တည်း၌ အချိန် ဥပဒေသ မျိုးစေ့မှာလည်း မတူကွဲပြားသည့် ကြိမ်နှုန်းများနှင့် စတင် တုန်ရီ လာကာ ခရာတိုနှင့် ချိတ်ဆက်လိုက်သည်။

ဝေ့ဝူယင်၏ အသွေးအသား နှလုံးသားမှာ ပြင်းထန်စွာ ခုန်လာခဲ့၏။ အချိန် ဥပဒေသ မျိုးစေ့မှာ ဝန်းရံနေသည့် ဝိညာဉ် အလင်းတန်းများ၏ ခက်ထန်စွာ တွန်းကန်မှုကို ခံလိုက်ရကာ စွမ်းအင် သွေးကြောများ အတွင်း အပေါ်သို့ မြင့်တက်သွားခဲ့သည်။ ၎င်းကို ဧဒင်၏ အသိစိတ် ပင်လယ်က ဆွဲယူလိုက်ကာ စိတ်မျက်လုံးအတွင်း ပို့လွှတ် လိုက်လေသည်။

အချိန် ဥပဒေသ မျိုးစေ့ စိတ်မျက်လုံး အတွင်း ဝင်‌ရောက်သွားသည့် အခိုက်တွင်ပင် အချိန်တွင်ပင် ရင်းနှီးပြီးသား အချိန်မြစ်၏ အော်ရာက ဝေ့ဝူယင် ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ဝန်းရံလာခဲ့သည်။ ထိုအော်ရာမှာ သူ့ကို အချိန်မြစ် အတွင်း သယ်ဆောင်သွားကာ အခြား ဝေ့ဝူယင် နှစ်ယောက်နှင့် တွေ့ဆုံစေခဲ့သည့် ထူးဆန်းသော အော်ရာပင်...။

သို့သော်လည်း... ယခုတစ်ကြိမ် ထိုအော်ရာ ဖြစ်တည်လာမှုက အလွန်ပင် လျှင်မြန်ခဲ့၏။ ဝေ့ဝူယင် သတိထားမိသော အခိုက်မှာပင် ၎င်းက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ မည်သို့ပင် ဆိုစေ... အချိန်မြစ်မှာ သီးခြားနှင့် ဝိရောဓိ အချိန်စွမ်းအင် ခြေရာ တစ်ချို့ကို သူ့ လောကီ မျက်လုံး အတွင်း ချန်ရစ်ထားခဲ့ပေသည်။

ဝေ့ဝူယင် ရင်ခုန် သွားခဲ့၏။ ထိုဖြစ်စဉ်သာ အောင်မြင်သွားပါက မည်ကဲ့သို့ အံ့ဖွယ် အကျိုးကျေးဇူးများကို သူ ရရှိမည်နည်း။

အချိန်၏ အခြားသော ဗားရှင်းများကို သူ ရှုမြင်နိုင်မည်လော။ သို့တည်းမဟုတ်... လူတစ်ယောက်၏ အမြင်အာရုံကို သီးခြား ခွဲခြားနိုင်မည်လော။ ဖြစ်နိုင်ချေများမှာ အလွန်ပင် များပြားလှပေသည်။

ဝှစ်...

ဝေ့ဝူယင် တွေးတောနေစဉ်မှာပင် အချိန် ဥပဒေသ မျိုးစေ့မှာ ထိုအချိန်စွမ်းအင် နှစ်ခုကို အလွန် လျှင်မြန်စွာ စုပ်ယူ သွားခဲ့၏။ ၎င်း၏ လှုပ်ရှားမှုက ရေထဲ၌ ကူးခပ်နေသည့် ငါးတစ်‌ကောင်ကို အလွန် ကျင်လည်စွာ ဖမ်းယူလိုက်သည့် ငါးဖမ်း သမား တစ်ယောက်လိုပင်။ ထို့အပြင်... ၎င်းက သူတို့၏ အစီအစဉ်ပင် ဖြစ်လေသည်။

ရား...

ခရာတို၏ ဟိန်းဟောက်သံက အလွန် ကျယ်‌လောင်စွာ ထွက်ပေါ်လာ၏။

ကလန်...

ဘုရင်ကလည်း ချက်ချင်းပင် တုန့်ပြန်လိုက်သည်။ သူက ချက်ချင်းပင် အိုမီဂါ ဆေဘာ ဝိညာဉ် အလင်းကို သုံးလိုက်ကာ ဝိညာဉ် အလင်း လမ်းကြောင်း အတိုင်း စီးဆင်းလိုက်သည်။ အိုရီက နောက်ကွယ်မှ ထောက်ပံ့ပေးထားကာ ဘုရင်ကို အဆုံးမဲ့ ထိုးဖောက်မှု စွမ်းအင် ရရှိစေသည်။

ထို့နောက်တွင်တော့ ကြယ်တာရာ ဝိညာဉ် နှစ်ခုမှာ အချိန် ဥပဒေသ မျိုးစေ့ကို စိတ်မျက်လုံး အတွင်းမှ ဆွဲထုတ် ကြတော့သည်။ မကြာခင်မှာပင် အချိန် ဥပဒေသ မျိုးစေ့မှ နှလုံးရှိရာထံသို့ ပြန်လည် ရောက်ရှိလာခဲ့၏။ ခရာတိုက ဟိန်းဟောက်သံ တစ်ခုကို ထုတ်လွှတ်ကာ မျိုးစေ့နှင့် ပြန်လည် ဆက်သွယ် လိုက်လေသည်။

“မင်းတို့ ကောင်တွေ...”

“နေဦး...”

ဧဒင်က အော်ဟစ်လိုက်၏။ ၎င်း၏ အသံက အလွန်တရာ လေးနက်မှုများနှင့် ပြည့်နှက် နေသည်။ ဝေ့ဝူယင် တိတ်တဆိတ်ပင် ဆက်လက် စောင့်ကြည့် နေလိုက်၏။ ကြယ်တာရာ ဝိညာဉ်များ၏ ပြပွဲက ယခုထက်ထိ မပြီးသေးကြောင်း သူ သဘောပေါက် လိုက်သည်။

အချိန် ဥပဒေသ မျိုးစေ့မှာ မီးခိုးရင့်ရောင် အဆင်း ရှိ၏။ ၎င်းမှာ ခရာတို၏ ထိန်းချုပ်မှု အောက်တွင် ဆက်လက်၍ တုန်ရီ နေခဲ့သည်။

ဝေ့ဝူယင်မှာ အံ့သြ ထိတ်လန့်ဖွယ် ကောင်းသည့် အရာ တစ်ခုခု ဖြစ်ပေါ်လာလိမ့်မည်ဟု မျှော်လင့် နေခဲ့၏။ အလွန်လှပသည့် အရာ တစ်ခု၊ ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် ဖြစ်တည်မှု တစ်ခု...။

သို့သော်လည်း...

အချိန်ဥပဒေသ မျိုးစေ့မှာ ရိုးရှင်းစွာပင် ကွဲအက် လာခဲ့၏။ ထို့နောက်တွင်တော့ ၎င်းမှာ အစိတ်အပိုင်းများစွာ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားခဲ့တော့သည်။

"..."

"..."

"..."

အချိန် အကြာကြီး ဆက်လက် တိတ်ဆိတ် နေခဲ့၏။ ဝေ့ဝူယင် မရိုးမရွ ဖြစ်လာခဲ့သည်။ ကပ်ဘေးက ကျရှုံးသွားသည်လား။

“အိုး... ဟိုး...”

သို့သော်လည်း... မကြာခင်မျာပင် အိုရီ၏ အသံက ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အသံက စိတ်လှုပ်ရှားမှု၊ အံသြ ထိတ်လန့်မှုများနှင့် ပြည့်နှက် နေသလို တစ်ချိန်တည်း၌ ခါတိုင်းလို အပိုအကဲ အမူအရာများကလည်း ရောစွက် နေသေးသည်။

"အရမ်းမိုက်တယ်...”

ဘုရင်ကလည်း ပြောလိုက်သည်။ သို့သော်လည်း ၎င်း၏ အသံက သန့်စင်ကာ အံသြမှု တစ်ခုတည်း သီးသန့် ဖြစ်သည်။

"အသက်ရှူ မှားလောက်စရာပဲ”

ဧဒင်က တတိယမြောက် ရေရွတ်လိုက်သူ ဖြစ်သည်။ အားလုံးထဲ၌ ခရာတို၏ တုန့်ပြန်မှုကတော့ လုံးဝ ခြားနားလှပေသည်။

“ရား...”

“ရား...”

“ရား...”

ဟင်းလင်းပြင် ကြယ်တာရာ ဝိညာဉ်မှာ အလွန်ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ ဟိန်းဟောက်သံမှာ တစ်ကြိမ်တည်း ဖြစ်သော်လည်း... အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးပါးလုံး၌ ပဲ့တင်ထပ် နေသည်။

ဝေ့ဝူယင်၏ ရင်ဘတ်က ပြင်းထန်စွာ တုန်ရီလာခဲ့ကာ အမျိုးအမည် မသိ စွမ်းအား တစ်ခုက နှလုံးသား အတွင်း ဖြတ်သန်း စီးဆင်းလာသလို သူ ခံစားလိုက်ရသည်။

ဝေ့ဝူယင် လက်နှစ်ဖက်ကို ကြည့်လိုက်၏။ သူ့ သွေးကြောများ အတွင်း မမြင်နိုင်သည့် စွမ်းအင် တစ်ခုက ဖြတ်သန်း စီးဆင်းနေသလို သူ ခံစားရသည်။ ၎င်းက တစ်သမတ်လည်းသော လမ်းစဉ် တစ်ခုကို အစိုးရ၏။ ယင်းကတော့ သြဇာအာဏာပင်။

ထိုအခိုက်တွင်ပင် ဝေ့ဝူယင်၏ လောကီ မျက်လုံးမှာ အသွင်ပြောင်းလဲမှု ဖြစ်စဉ်ကို ပြီးပြည့်စုံ သွားခဲ့သည်။ ရောင်စဉ် အလင်းတန်း ငါးခုမှာ ထိုအတွင်းမှ စီးထွက် လာခဲ့၏။

အတိတ် အချိန် စွမ်းအင်...

အနာဂတ် အချိန် စွမ်းအင်...

ပစ္စုပ္ပန် အချိန် စွမ်းအင်...

သီးခြား အချိန် စွမ်းအင်...

ဝိရောဓိ အချိန် စွမ်းအင်...

အချိန် စွမ်းအင် အမျိုးအစား ငါးခုလုံးမှာ အတူတကွ စီးဆင်း နေကြပြီ ဖြစ်လေသည်။ အထူးသဖြင့်... နောက်ဆုံး နှစ်ခုမှာ ကပ်ဘေးမှ ချီးမြှင့်ခဲ့သည့် အပိုင်းအစလေးထက် အဆပေါင်း များစွာ ပိုမို ခမ်းနားနေလေတော့သည်။

***

All Chapters