အပြောင်းအလဲများစွာ
Vol. 85 Ch. 1183
သီးသန် နယ်မြေ တစ်ခု အတွင်း၌... ထာဝရ နတ်ဘုရားမှာ ဘဲဥ သဏ္ဌာန်မှန်ထဲရှိ မာ့ကျန်း၏ ပြုံးရွှင်နေသည့် မျက်နှာကို ကြည့်ရင်း မျက်မှောင်ကြုတ် နေခဲ့လေသည်။ သူ့ နှုတ်ခမ်းထက်တွင်တော့ အပြုံးစ တစ်ခု ခိုအောင်း နေ၏။ ထိုအပြုံးက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်တို့နှင့် ပြည့်နှက် နေခဲ့လေသည်။
နောက်တစ်ကြိမ် အခွင့်အရေး ထပ်ရရင် ငါ မလွဲစေရဘူး...”
ထာဝရ နတ်ဘုရားက ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ့ မျက်လုံး အတွင်းတွင်တော့ ရေးစက်စက် အလင်းတန်းများက နေကြယ် တစ်ခုလိုမျိုး ထွန်းတောက်နေသည်။ မည်သည့် အရာကိုမှ သူ ထပ်မံ၍ မဆုံးရှုံး လိုတော့ချေ။
သို့သော်လည်း... အရာအားလုံး ပြီးဆုံးသွားပြီဟု လူတိုင်း တွေးတောနေစဉ်မှာပင် လူအိုကြီး မာ့ကျန်းက မည်သူမှ ထင်မှတ် မထားသည့် ကမ်းလှမ်းမှု တစ်ခုကို ကြေညာလိုက်လေသည်။
“ကျုပ်တို့ ရွှေရောင် အသက်နန်းတော်က ထာဝရ အစည်းအရုံးရဲ့ အဂ္ဂိရတ် အင်ပါယာတွေ၊ အဂ္ဂိရတ် အာဏာရှင်တွေနဲ့ လက်ထောာက် ဂိုဏ်းချုပ်တို့ကို အာရုဏ်ဦး နေမီးတောက် ဆေးလုံးနဲ့ ကွဲပျက် နတ်ဘုရား ဆေးလုံးတွေ ပူးပေါင်း ဖန်တီးဖို့ ဖိတ်ခေါ်ပါတယ်... ကျုပ်တို့ရဲံ ရည်ရွယ္ချက်ကတော့ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲက ပိုမို နီးကပ်လာပြီ ဖြစ်တဲ့ အတွက် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို အဂ္ဂိရတ် ထုတ်ကုန်တွေ ပိုမို ထောက်ပံ့ပေးဖို့ပါပဲ”
"..."
ထာဝရ နတ်ဘုရား၏ သတ်ဖြတ်လိုသည့် အပြုံးက အေးခဲသွားရုံမျှသာ မက ဧကရီ ရှောင်ချွမ်း၊ ဝိညာဉ် ရှန့်ထို ဧကရာဇ်နှင့် အခြား ထိပ်တန်း အဆင့် မြေကြီး ရှန့်ထိုများ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အားလုံး၏ အမူအရာများက မယုံကြည်နိုင်စွာဖြင့် ပြောင်းလဲ သွားကြသည်။ ထိုလှုပ်ရှားမှု အပေါ် သူတို့ လုံးဝ နားမလည်နိုင်ကြချေ။ မာ့ကျန်းက မည်ကဲ့သို့ တွေးနေသနည်း။
ထာဝရ နတ်ဘုရားသာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ခွင့် ရပါက အနီးစပ်ဆုံး ဆင်တူသည့် ဗာရှင်းတစ်ခုကို ရရှိသွားလိမ့်မည် ဖြစ်သည်။ ထိုကဲ့သို့ ဆိုပါက...။ အားလုံးမှာ စိတ်ရှုပ်ထွေး နေကြ၏။
သို့သော်လည်း... ထာဝရ နတ်ဘုရားကတော့ ရယ်မောလိုက်သည်။ တိုက်ရိုက် ပစ်မှတ် အနေဖြင့် ထိုလှုပ်ရှားမှု၏ ရည်ရွယ်ချက်ကို သူ ချက်ချင်း သဘောပေါက် ပေသည်။ ၎င်းက စိန်ခေါ်မှု တစ်ခု ဖြစ်သည်။ နောက်ထပ် ထိုးနှက်ချက် တစ်ရပ် ဖြစ်ပေသည်။ ထိုငွေရောင် မျက်လုံးများနှင့် ကြွက်စုတ်က သူ့မျက်နှာကို တည့်တည့်ကာ လှောင်ပြုံးတစ်ခုနှင့် အတူ... “ငါ မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်ပြီ... ကြိုးစားကြည့်ပေါ့...” ဟု ပြောနေသယောင်ပင်။
သို့သော်လည်း... သူ မည်ကဲ့သို့ ငြင်းဆိုနိုင်မည်နည်း။ အစစ်အမှန် အဂ္ဂိရတ် ရှန့်ထို တစ်ယောက်မှာ မည်ကဲ့သို့ ဖြစ်ကြောင်း ထိုကလေးကို သင်ခန်းစာ ပေးရမည့် အချိန် ဖြစ်အေသည်။
...
နဂါးငွေ့တန်း ကြယ်ကွင်းပြင်၊ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ...
ဝေ့ဝူယင်မှာ မူလ အာရုဏ်ဦး နန်းတော် အတွင်းတွင် အေးချမ်းစွာပင် ကျင့်ကြံ နေခဲ့၏။ သူ၏ ပတ်လည်တွင်တော့ ဧဒင်၊ ခရာတို၊ ဘုရင်နှင့် အိုရီတို့မှာ လွတ်လပ်စွာပင် ပျံသန်း နေခဲ့ကာ များလှစွာသော ကြယ်တာရာ ပဲ့တင်ထပ်ခြင်း ဆေးလုံးများကို လောဘတကြီး ဝါးမြိုနေခဲ့ကြသည်။
ရုတ်တရက်... ဝေ့ဝူယင်၏ မျက်လုံးများက ဖြည်းညင်းစွာပင် ဖွင့်လာခဲ့၏။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးနှင့် ကျိုးပျက် နတ်ဘုရား ဆေးလုံးတို့ကို ဖန်တီးရန် ထာဝရ အစည်းအစည်းနှင့် ရွှေရောင် အသက်နန်းတော်တို့ ပူးပေါင်းမည် ဖြစ်ကြောင်း သတင်းက ယခုလေးတင် သူ့ထံသို့ ဝင်ရောက် လာခဲ့ခြင်း ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင် အချို့ပါ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် အတူ ပူးပေါင်း ပါဝင်မည် ဖြစ်သည်။
ဝေ့ဝူယင် အသာအယာပြုံးကာ ခေါင်းကို ခါယမ်းလိုက်၏။
“ခန့်မှန်းထားတဲ့ အတိုင်းပဲ...”
ထာဝရ နတ်ဘုရားမှာ အမြဲတမ်း လွယ်ကူစွာဖြင့် အာရုံ ထွေပြားတတ်ကာ၊ အလွန် မောက်မာသည့် သဘော သဘာဝ ရှိသူလည်း ဖြစ်သည်။ ယခုတွင်လည်း လှုပ်ရှားမှု တစ်ခုတည်းဖြင့်ပင် ထိုဘိုးတော်မှာ မူယင်း လမ်းကြောင်းမှ သွေဖီသွားခဲ့ပြန်ပြီ ဖြစ်သည်။
ဝေ့ဝူယင် ညာဘက်ကို လှမ်းကာ ကြည့်လိုက်၏။ ကပ်လျက် တည်ရှိနေသည့် ခန်းမထဲ၌ မီးခိုး ကဲ့သို့ အငွေ့များမှာ စက္ကန့်နှင့် အမျှ ထူထပ်လာနေသည်ကို နံရံကို ဖြတ်သန်း၍ သူ မြင်တွေ့နေရပေသည်။
...
ကမ္မတန်ဖိုး... ၄၁၁၂၃.၃
ပထမကပ်ဘေး လွတ်မြောက်ခြင်း... ၇/၇
ဒုတိယကပ်ဘေး အောင်မြင်ခြင်း... ၁/၁
တတိယ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
...
ဂီး...
အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အမှောင် ဟင်းလင်းပြင် အတွင်း၌ တွန်ကြူးသံ တစ်ခုမှာ အပျက်အစီး မန်နာများကို ပဲ့တင်ထပ်ကာ ထွက်ပေါ်လာခဲ့၏။
ဖလပ်... ဖလပ်...
အသံနှင့် ပနံ့တင့်စွာပင် အလွန်တရာ လှပလှသော ရွှေသွေးရောင် မီးတောက်များနှင့် ပုံရိပ် တစ်ခုမှာ အဆုံးမဲ့ အမှောင်ထုကို ဖြတ်သန်း၍ လွတ်လပ်စွာ ပျံသန်းလာခဲ့လေသည်။ ၎င်း၏ နောက်ခံ၌ အိပ်မော ကျနေသည့် ကြယ်တာရာ ဝါးမြိုသူကြီး၏ တည်ရှိမှုက ထိုမြင်ကွင်းကို ပိုမို၍ ကြီးကျယ်ခမ်းနားအောင် ဖန်တီးပေး နေခဲ့ပေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရှစ်နှစ်တာ ကာလက ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ငြိမ်းချမ်းစွာပင် ခေတ်သစ် တစ်ခုကို ကြိုဆို နေခဲ့သည်။ ထာဝရ အစည်းအရုံးနှင့် ရွှေရောင် အသက်နန်းတော်တို့မှာလည်း အတူတကွ ပူးပေါင်းကာ ရွေးချယ်ခံ အသစ်များ မွေးထုတ်ပေးနိုင်ရေးကို အားကြိုးမာန်တက် ကြိုးစား ဆောင်ရွက် နေခဲ့ကြလေသည်။
ထာရ နယ်မြေ ဆေးလုံးမှ ဆင်းသက်လာသည့် ကျိုးပျက် နတ်ဘုရား နယ်မြေ ဆေးလုံး အတွက် လေလံပွဲမှာ ကြီးမားသည့် အောင်မြင်မှုများနှင့် အတူ ပြီးမြောက် သွားခဲ့သည်။ ၎င်း၏ အကျိုးသက်ရောက်မှုများက ကြေညာထားသည့် အတိုင်းပင် ဖြစ်ကာ စျေးနှုန်းမှာလည်း သင့်တင့်လှသည်။
အဂ္ဂိရတ်နှင့် စီးပွားရေး နယ်ပယ်များတွင် အင်အား အကြီးဆုံး အဖွဲ့အစည်း နှစ်ခု ဖြစ်သည့် ထာဝရ အစည်းအရုံးနှင့် ရွှေရောင် အသက်နန်းတော်တို့၏ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ထုတ်ကုန်များမှာ စျေးကွက် အတွင်းလျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ကာ များလှစွာသော အင်အားကြီး အဖွဲ့အစည်းများ၊ ချမ်းသာ ကြွယ်ဝသည့် လူပုဂ္ဂိုလ်များထံမှ စည်းစိမ် ဥစ္စာ ချမ်းသာ ကြွယ်ဝမှုများကို စတင်ကာ စုဆောင်း နေခဲ့ကြတော့သည်။
ဤနှစ်ပိုင်းမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ သမိုင်းကြောင်း တစ်လျှောက် အငြိမ်းချမ်းဆုံး နေ့ရက်များထဲမှ တစ်ခု ဖြစ်ကာ အဖွဲ့အစည်းတိုင်းမှာ ခေတ်သစ် တစ်ခုကို ကြိုဆိုလျှက် ရွေးချယ်ခံ ပြိုင်ပွဲ အတွက် ပြင်ဆင်မှုများကို ပြုလုပ် နေခဲ့ကြသည်။
အာရုဏ်ဦး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်၏ ပုံမှန် စံနှုန်းများကို ကျော်လွန်နေသည့် ကြိုးပမ်း ဆောင်ရွက်ချက်များကြောင့်ပင်... ဤပြိုင်ပွဲမှာ သမိုင်းတစ်လျှောက် အစစ်အမှန် ရွေးချယ်ခံ ဧကရာဇ်ကို မွေးထုတ်ပေးနိုင်မည့် တစ်ခုတည်းသော ပြိုင်ပွဲ အဖြစ် လူအများက ယုံကြည်နေကြသည်။
လူငယ်များ စိတ်လှုပ်ရှား နေကြသကဲ့သို့ လူကြီးများကတော့ သူတို့ ဘဝ တစ်သက်သာ စုဆောင်းထားသမျှ ပိုင်ဆိုင်မှုများ၊ ဘဏ္ဍာများကို ထုတ်သုံးကာ အကောင်းဆုံး ထောက်ပံ့ ပေးနိုင်အောင် ကြိုးပမ်း နေကြသည်။
နှစ်စဉ်နှစ်တိုင်း များလှစွာသော ပါရမီရှင်များ ပေါ်ထွက်လာနေခဲ့ကာ... အထူးသဖြင့် လောကနယ်မြေကို စောစီးစွာ ပိုင်ဆိုင်ခြင်းကြောင့်ပင် လူငယ်များစွာမှာ သူတို့၏ ပါရမီ အဆီအနှစ်များကို ထူးချွန်စွာ အသုံးပြု လာနိုင်ကြသည်။
ပါရမီရှင်များ ပေါ်ထွက်လာနေသည် ဆိုသော်လည်း ကံဆိုးစွာပင် ဂိုဏ်းကဏ္ဍ အဖွဲ့အစည်းများကတော့ ထိခိုက်မှုများနှင့် ကြုံတွေ့ နေရသည်။ ပထမဆုံးသော ထိခိုက်မှုက သူတို့၏ အဆင့်များပင် ဖြစ်သည်။
မဟာစက်ဝန်း ရှန့်ထို ညီလာခံ မစတင်ခင်က အဖွဲ့အစည်း၊ အင်အားစုများကို သေမျိုးနှင့် တန်ခိုးရှင် အဆင့် ဟူ၍ အဆင့် နှစ်ခု ခွဲခြားထားခဲ့သည်။ သေမျိုး အဆင့် ဂိုဏ်းများကိုတော့ ကြေး၊ ငွေနှင့် ရွှေ ဟူ၍ သုံးခု ထပ်မံ၍ ခွဲခြားထားသည်။ တန်ခိုးရှင် အဆင့် အင်အားစုများကိုတော့ နိုဘယ်နှင့် အင်ပါယာ ဟူ၍ နှစ်ခုသာ ခွဲခြားထားသည်။
သေမျိုးအဆင့် သုံးခုမှာ သူတို့ ခေါင်းဆောင်များ၏ ခွန်အား အပေါ် မူတည်၍ ပြောင်းလဲမှုများ ရှိသည်။ တစ်နည်းဆိုရသော်... ၎င်းတို့ကို လူတစ်ဦးတည်း၏ ကျင့်ကြံခြင်း အခြေခံပေါ်တွင် မူတည်၍ ခွဲခြားထားခြင်း ဖြစ်သည်။
ကြေးအဆင့် အင်အားစု တစ်ခုတွင် အချိန်သခင် တစ်ယောက် ရှိကာ ငွေအဆင့်နှင့် ရွှေအဆင့် အင်အားစုများကတော့ ကြယ်တာရာ သခင်နှင့် လျှို့ဝှက် ကြယ်တာရာ အဆင့် အသီးသီးကို ပိုင်ဆိုင်ရန် လိုအပ်သည်။
တန်ခိုးရှင် အင်အားစုများအပေါ် ခွဲခြားမှုများကတော့ မတူ ကွဲပြားသည့် အဓိပ္ပာယ်များ ရှိသည်။ သူတို့ကို သေမျိုး အင်အားစုများလို ကျင့်ကြံခြင်းနှင့် ခွဲခြားခြင်း မဟုတ်ချေ။ လျှို့ဝှက် အာဏာရှင် အဆင့် ပိုင်ဆိုင်ထားသည့် အင်အားစု အားလုံးမှာ နိုဘယ် ဆိုသည့် ဘွဲ့ထူးကို ပိုင်ဆိုင်ခွင့် ရရှိကြသည်။ သို့သော်လည်း... ကြယ်တာရာ နယ်မြေ တစ်ခု၏ ထိပ်ဆုံး အင်အားစု၊ ဥပမာ... အဆုံးမဲ့ ကောင်းကင်တွင် ထျန်းမျိုးနွယ်၊ မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေတွင် အင်ဖာနို နေမီးတောက် ဘုရားကျောင်း ကဲ့သို့ အင်အားစု များသာလျှင် အင်ပါယာ ဆိုသည့် ဘွဲ့ထူးကို ပိုင်ဆိုင်နိုင်ကြသည်။
သို့သော်လည်း... ယခုတွင်တော့ မဟာ စက်ဝန်း ရှန့်ထို ညီလာခံမှာ ရွေးချယ်ခံ စံနှုန်းများကို ပြောင်းလဲ လိုက်လေရာ အဆင့် သတ်မှတ်ချက်များမှာလည်း ပြောင်းလဲ သွားရလေသည်။
***