← Chapters

ရင်နာတယ်

Vol. 98 Ch. 1461

ရင်နာတယ်

Vol. 98 Ch. 1461

“ နင် ပိုပြီး လေးလေးနက်နက် ဖြစ်လို့ မရဘူးလား… ခုက အဲ့ကိစ္စတွေ တွေးနေရမယ့် အချိန်လား ဟမ်…”

မျက်ရည်များအား သုတ်လျက် ဝမ်းနည်းဒေါသသံစွက်သည့် အသံဖြင့် ခြိမ်းခြောက်ပြီးနောက် “ မြန်မြန် ငါ့ခါးကို ဖက်ထား .. ငါနင့်ကို ခဏကျရင် အောက်ခေါ်သွားပေးမယ်…”

“ ငါ မင်းရဲ့ တခြားဘယ်နေရာကိုမှ မထိတွေ့ဖူးဘူးဆိုပေမယ့် မင်းရဲ့ ခါးက တော်တော်လေး ထူးခြားတာပဲ… ဒီရဲ့ ခံစားချက်က ….”

“ ခံစား ခံစား… နင် ကြိုက်သလောက်သာ ခံစားတော့…”

စိတ်အနှောင့်အယှက်ဖြစ်နေရင်းဖြင့် အန်းနင်သည် လင်းရီကို တွဲ၍ ကေဘယ်ကားထဲကနေ ထွက်လာသည်။

အခင်းဖြစ်ပွားပြီးနောက် နာရီဝက်ကြာသော် အပန်းဖြေစခန်း ဧရိယာရှိ အသင်းသည် စည်းမျဉ်းစည်းကမ်းများအတိုင်း တုံ့ပြန်လေသည်။ ခရီးသွား ဧည့်သည်များကို ယာယီ လူစုခွဲထားပြီး ပြဿနာ ပြန့်ကားခြင်းကနေ ကာကွယ်ထား၏။

အခြားတစ်ဖက်တွင် လင်းရီ၏ ဖြစ်ပျက်နေသည့် အခြေအနေကို မြင်တော့ အန်းနင်နှင့် လီစီကျင်းတို့မှာ မျက်ရည်လည်ရွဲနှင့် ဖြစ်နေကြပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေကြလေသည်။

သို့သော် လင်းရီမှာမူ တည်ငြိမ်နေပြီး ထိခိုက်မှုကို အကန့်အသတ်နှင့် ဖြစ်စေရန်အတွက် တစ်ဆင့်ပြီး တစ်ဆင့် ညွှန်ကြားနေခဲ့သည်။

၎င်းနောက် ချက်ချင်း ရဲနှင့် ဆရာဝန်များ ရောက်လာခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာကို အပြည့်အဝ ထိန်းချုပ်လိုက်ကာ ကိစ္စအား လုံးဝ ဖိနှိပ်ထားလိုက်တော့၏။

ထို့နောက် သုံးဦးသားလုံး လူနာတင်ယာဉ်ထဲသို့ ဝင်၍ ပင်းချိန် ဆေးရုံသို့ ဦးတည်လိုက်ကြသည်။

“ တောင့်ထား… အခု မင်းရဲ့ အနာကို သန့်ရှင်းပေးပြီး အကြို ကုသမှုတွေ လုပ်ထားပေးမလို့… ပြီးရင် ဆေးရုံကို တင်ပြလိုက်မယ်…”

“ ကြွက်သားတစ်သျှူးတွေ လောင်ကျွမ်းသွားပြီး အခု ကျုပ်ရဲ့ ညာဘက် ပခုံးကို ဘာမှ ခံစားလို့ မရတော့ဘူး… အရွတ် ထိခိုက်သွားတာမှ ဖြစ်ရမယ်… ခင်များ ဆေးရုံကို အဲ့လို တင်ပြလိုက်..”

လူနာ တင်ယာဉ်ထဲရှိ ဆရာဝန်မှာ ကြက်သေသေသွားခဲ့သည်။

“ မင်းက ဘာဖြစ်လဲ သိတယ်ပေါ့..”

“ ကျုပ် ဟွာရှန်း‌ဆေးရုံက နှလုံးခွဲစိတ်ဌာနမှာ ဒါရိုက်တာ လုပ်ခဲ့ဖူးတယ်..” လင်းရီ ပြောလိုက်ပြီး “ ဒဏ်ရာ ရတဲ့နေရာက နည်းနည်းလေး လက်လှမ်းရခက်တဲ့ နေရာ ရောက်နေလို့သာ မဟုတ်ရင် ကိုယ့်ဘာကိုယ် ကုပြီးနေပြီ…”

“ မင်းက ဟွာရှန်းဆေးရုံမှာ ဒါရိုက်တာ လုပ်ခဲ့ဖူးတယ် …”

ဤတစ်ကြိမ်တွင်တော့ လူနာတင်ယာဉ်ထဲရှိ ဆရာဝန်နှင့် နာ့စ်ပါမကျန် ကြက်သေသေသွားခဲ့တော့သည်။ ဆေးပညာ ကျွမ်းကျင်သူတစ်ယောက်ကို သူတို့ ကုသရလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ဒီတိုင်း ပါမွှားလေးပါ…” လင်းရီ ပြောလိုက်ပြီး “ ကျုပ်ရဲ့ အနာကို အရင် ကူပြီး သန့်ရှင်းပေးဦး… မဟုတ်ရင် ပိုးဝင်သွားလိမ့်မယ်…”

“ အိုကေ အိုကေ.. ငါတို့ အခု ချက်ချင်း လုပ်လိုက်မယ်…”

လင်းရီတွင် အဆင့်အတန်း တစ်ခု ရှိနေသဖြင့် လူနာတင်ယာဉ်ထဲရှိ ဆရာဝန်နှင့် နာ့စ်မှာ အနာကို ကုသကိုင်တွယ်ရာတွင် အထူး ဂရုစိုက်နေလျက် ရှိ၏။ လင်းရီက သူတို့ကို ဝေဖန် အပြစ်တင်မည်အား စိုးရွံ့နေလျက် ရှိတော့သည်။

“ လူကြီးမင်းလင်း… အခုရော ဘယ်လိုနေသေးလဲ…”

ပြောလိုက်သူက လင်းရီနှင့် အတူ လိုက်ပါလာသည့် ရဲအရာရှိပင်။ ရဲထွက်ဆိုချက် ရယူပြီးနောက် လင်းရီနောက် လိုက်ပါလာခဲ့ခြင်းဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သေနတ်ပစ်ခံရသည့် အမှုက ပေါ့သေးသေး မဟုတ်သဖြင့် သူ ပေါ့ပေါ့ ဆဆ မနေဝံ့ချေ။

“ ရဲဘော်… မင်း ဒီအကြောင်း မေးစရာ မလိုဘူး… ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်…”

“ မင်းဘာမင်း ကိုင်တွယ်မယ် ဟုတ်လား…” ရဲအရာရှိ၏ အမူအရာမှာ ပြောင်းလဲသွားခဲ့၏။

“ လူကြီးမင်း ဒီအဖြစ်အပျက်ရဲ့ အကျိုးဆက်တွေကို သိပါသလား.. ဒါ သေနတ် ပစ်ခတ်တဲ့ အမှုနော်… ပြီးတော့ ကျုပ် အခု လူကြီးမင်းရဲ့ အထောက်အထားကို သံသယ ရှိတယ်… ဒါကြောင့်မို့ လူကြီးမင်းကို စုံစမ်း စစ်ဆေးရလိမ့်မယ်…”

“ ဒါပေမယ့် လူကြီးမင်းရဲ့ လက်ရှိအဆင့်အတန်းအရ ဆိုရင် စုံစမ်းစစ်ဆေးမှုကို ခဏ ရပ်ဆိုင်းထားလို့ရတယ်.. ဒါပေမယ့် ဒီတိုင်း ထားလိုက်လို့တော့ မရဘူး..”

“ ငါ့ အထောက်အထားနဲ့ ပတ်သက်ပြီး ဘာ သံသယ ဖြစ်စရာ ရှိလို့…”

“ ဘယ်လို သာမန်၊ လူကောင်း တစ်ယောက်က ရုတ်တရက် အပစ်ခံရမှာမို့လဲ…” ရဲအရာရှိက ပြောလိုက်ပြီး “ လူကြီးမင်း ဘာလုပ်လဲ ကျုပ် စိတ်မဝင်စားဘူး… ဒါပေမယ့် လူကြီးမင်းရဲ့ အထောက်အထားက အရမ်း သံသယ ဖြစ်ဖို့ ကောင်းတယ်… ဒီတော့ စုံစမ်း စစ်ဆေးတာကို လက်ခံမယ်လို့ မျှော်လင့်ပါတယ်… လူကြီးမင်းက ပူးပေါင်း ဆောင်ရွက် မပေးဘူးဆိုရင် လူကြီးမင်းရဲ့ ဒဏ်ရာတွေ သက်သာလာတဲ့အခါ အင်အားသုံးရပါမယ်…”

“ အရာရှိကြီး … ရှင် စိတ်အေးအေးထားပါဦး … သူက စကားပြောလိုက်ရင် အဲ့တိုင်းချည်းပဲမို့ပါရှင်… သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မရှိပါဘူး…” အန်းနင်က ဝင်၍ ရှင်းပြပေးလိုက်သည်။

“ သူက ကုမ္ပဏီတစ်ခုရဲ့ သူဌေးပါ… သူ့နောက်ခံကလည်း ရှင်းရှင်းလင်းလင်းပါပဲ… တရားမဝင်တာတွေ ဘာမှမလုပ်ထားပါဘူးရှင်… အရာရှိကြီး ကျွန်မပြောတာကို ယုံလို့ရပါတယ်… ကျွန်မက သူ့မိတ်ဆွေပါ…”

ရဲအရာရှိက အဘယ်ကြောင့် ယခုလို ကြမ်းကြုတ်မာန်ပါသည့် အပြုအမူမျိုး ပြုမူနေရသလဲဆိုတာကို အန်းနင် ကောင်းကောင်းသိသည်။ လင်းရီက ဒဏ်ရာရရှိထားသော်လည်း ဒဏ်ရာ၏ သဘောသဘာဝက ကွဲပြား၏။ ထို့ကြောင့် ကွဲပြားခြားနားစွာ ကိုင်တွယ်ရခြင်းပင်။

အကယ်၍ ဓားဒဏ်ရာသာ ဖြစ်ခဲ့မည် ဆိုပါက ကိစ္စ သိပ်ရှိမည် မဟုတ်ဘဲ ရဲအရာရှိကလည်း ယခုလို သဘောထားမျိုး ပြုမူနေမည် မဟုတ်ချေ။

သို့သော် လင်းရီက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းပင်။

ယင်းက အမှုကို ပိုပြီး ပြင်းထန်သွားစေသည်။ အကယ်၍ သူကသာ သာမန် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်ခဲ့မည် ဆိုပါက ယခုလို အမှုအခင်းမျိုး၌ ဝင်ပါပက်သက်စရာ အကြောင်း မရှိချေ။

ရဲအရာရှိ တစ်ယောက် အဖို့ လင်းရီကို သံသယရှိသည်က သဘာဝပင်။

“ ကောင်းပြီ… မိန်းကလေး ဒီကိစ္စ ရှင်းပြပေးစရာ မလိုဘူး…” ရဲအရာရှိက ပြောလိုက်ပြီး “ ကျုပ်တို့မှာ ကျုပ်တို့ ကိုင်တွယ်တဲ့ နည်းတွေ ရှိတယ်… ဝင်စွက်ဖက်ဖို့ မကြိုးစားနဲ့…”

“ ဒါပေမယ့်…. “

“ ဘာ ဒါပေမယ့်မှ မရှိဘူး…”

လင်းရီ အန်းနင်ဘက်သို့ လှည့်၍ “ ငါ့ ရှပ်ရဲ့ အတွင်းအိတ်ကပ်ထဲမှာ ပစ္စည်းတစ်ခု ရှိတယ်… အဲ့ပစ္စည်း ငါ့ကို ကူထုတ်ပေးစမ်းပါ…”

ဘာဖြစ်နေမှန်း အန်းနင် နားလည်မနိုင်သော်လည်း လင်းရီ တောင်းဆိုသည့်အတိုင်း လုပ်ပေးလိုက်ဆဲပင်။

သို့သော် အထဲက ပစ္စည်းကို အပြင်သို့ ထုတ်လိုက်တော့ ရှိသမျှ လူတိုင်း ကြက်သေသေသွားခဲ့လေသည်။

“ ဒါ … ဒါ စစ်တပ် အိုင်ဒီမဟုတ်လား…”

အန်းနင်နှင့် လီစီကျင်းတို့နှစ်ဦးလုံး သူမတို့၏ မျက်လုံးလှလှလေးများဖြင့် လင်းရီအား ရှားပါး သက်ရှိသဖွယ် ငေးကြည့်လိုက်မိကြသည်။ ယခုလို ပစ္စည်းမျိုးက လင်းရီ၏ အိတ်ကပ်ထဲတွင် ရှိနေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မထားခဲ့ကြပါချေ။

ရဲအရာရှိနှင့် ကားထဲရှိ ဆရာဝန်လည်း ထိတ်လန့်သွားခဲ့၏။

သူက ဒီတိုင်း ဆရာဝန်တစ်ယောက်ဆိုရင် တော်သေးတယ်။ ဒါပေမယ့် စစ်တပ်အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်နေသေးတာလား။

“ သူ့ကို ပြလိုက်…”

“ အိုး အိုး အိုကေလေ…”

အန်းနင် ငေးငိုင်စွာ ခေါင်းညိမ့်လိုက်ပြီး စစ်တပ် အိုင်ဒီကို ရဲထံ အပ်လိုက်၏။

တစ်ဖက်သူလည်း ဂရုတစိုက်နှင့် အိုင်ဒီကို ဖွင့်ကြည့်လိုက်သည်။ ရဲအရာရှိမှာ ချက်ချင်း တံတွေးမျိုချ၍ အလျင်အမြန် အလေးပြုလိုက်၏။

“ အလေးပြုပါတယ် ဆာ…”

“ ရတယ်… မလိုဘူး..” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စက မင်းထင်ထားတာထက်ကို ရှုပ်ထွေးတယ်.. မင်းလုပ်ဖို့ လိုတာက နောက်ဆက်တွဲ လုပ်ထုံးလုပ်နည်းတွေပဲ… လက်သည်ကိုတော့ ငါ့ဘာငါပဲ ကိုင်တွယ်လိုက်မယ်…”

“ ဟုတ်ကဲ့ ဆာ…”

ရဲအရာရှိ၏ လင်းရီအပေါ် သဘောထားမှာ ၁၈၀ ဒီဂရီလောက်ကို ပြောင်းလဲသွားခဲ့သည်။

အန်းနင်နှင့် လီစီကျင်းတို့ နှစ်ယောက်လုံး လင်းရီကို ကြည့်လိုက်ပြီး သူက ရူးလောက်အောင် ဆန်းကြယ်လွန်းသည်ဟု ခံစားနေရ၏။

“ စိုက်ကြည့်မနေနဲ့.. ဒီတိုင်း စစ်တပ် အိုင်ဒီလေးပဲလေ… ဘာမှ ထွေထူးမဟုတ်ဘူး…”

“ ငါ သိချင်တာ နင့်မှာ ဖုံးကွယ်ထားတဲ့ အထောက်အထားတွေ နောက်ထပ် ဘယ်လောက်များ ရှိသေးလဲလို့…”

“ အာ… “ လင်းရီ ရပ်တန့်သွားခဲ့ပြီး “ အဲ့တာ အပြင်ကို… တခြား မရှိလောက်တော့ဘူး ထင်တယ်…”

သူလည်း သူ့ကိုယ်သူ မသေချာပေ။

ကလင် ကလင် ကလင် …

အန်းနင် စကားပြောတော့မည့် အချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်လာခဲ့၏။ ယင်းက လျန်ရူရွှယ်ထံကပင်။

“ ဒဏ်ရာ ဘယ်လိုရှိလဲ… ဆရာဝန်ကရော ဘာပြောလဲ… အခြေအနေကရော စိုးရိမ်ရတယ်တဲ့လား…”

“ ဟင်…”

လျန်ရူရွှယ်၏ အားအင်ပါသည့် အသံကို ကြားတော့ လင်းရီ ကြက်သေသေသွားခဲ့သည်။

“ ငါ တစ်ခုခု ဖြစ်တယ်ဆိုတာ မင်း ဘယ်လိုသိလဲ…”

“ ဒါရိုက်တာချိန် ငါ့ဆီ ဖုန်းဆက်လာတာ…”

အန်းနင်ဘက်သို့ လှည့်ကြည့်ရင်း ဘာဖြစ်နေလဲ လင်းရီ နားလည်သွားခဲ့သည်။

ချိန်ရှီက ပင်းချိန်ရှိ သူတို့၏ ခေါင်းဆောင်ပင်။ မတော်တဆ ကိစ္စ ဖြစ်ပျက်ပြီးနောက် အန်းနင်သည် ကျိန်းသေပေါက် ချိန်ရှီထံ ဆက်သွယ်၍ ဖြစ်ပျက်ခဲ့သည်များအား တင်ပြခဲ့မည်မှာ အမှန်ပင်။

ချိန်ရှီကလည်း သဘာဝအလျောက် သူ၏ အထက်လူကြီးထံ ဆက်သွယ်မည် ဖြစ်ပြီး သူ့ အထက်လူကြီးကလည်း လျန်ရူရွှယ်ထံ သတင်းကို လက်ဆင့်ကမ်း သယ်သွားပေးလိမ့်မည်။

“ အဆင်ပြေပါတယ်… ငါ မသေပါဘူး..”

လင်းရီ ပြောလိုက်ပြီး “ အင်တာနက် စောင့်ကြည့်လေ့လာရေး ဗျူရိုကို ဆက်သွယ်ပြီး ဒီနေ့ ဖြစ်ရပ်နဲ့ ပတ်သက်တဲ့ သတင်းတွေ ထွက်မလာအောင် ဖုံးဖိဖို့ ပြောပေးဦး… “

အင်တာနက် စောင့်ကြည့်လေ့လာရေး ဗျူရို…..

လင်းရီ ပြောလိုက်သည့် အကြောင်းအရာတို့က လူနာတင်ယာဉ်ထဲရှိ လူတိုင်းအား ကြက်သီးဖြန်းသွားစေသည်အထိပင်။

သူ သက်သာလာတာနဲ့ အင်တာနက် စောင့်ကြည့်လေ့လာရေး ဗျူရိုကို လှုပ်ရှားဖို့ စီစဉ်လိုက်တယ်ပေါ့။

သူ့ ခြေတံလက်တံတွေက ဘယ်အထိတောင် ရှိနေတာပါလိမ့်။

ရှေးခေတ်တုန်းက ဝန်ကြီးချုပ်အဆင့် လိုမျိုးလား။

“ ငါ စီစဉ်ပြီးသွားပြီ..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ မကြာခင် လေဆိပ်ကို ရောက်မယ်… ကျုံးဝေ့တပ်ဖွဲ့ကလည်း အဲ့ဒီကို ရောက်လာလိမ့်မယ်… ငါ ပင်းချိန်ကို မှောင်ရင် ရောက်လောက်ပြီ…”

“ မဟုတ်ဘူး… မင်း မလာခဲ့နဲ့…”

လင်းရီ ချက်ချင်း လက်ငင်း ငြင်းဆိုလိုက်ပြီး “ ဒီကိစ္စက ပြီးသေးတာ မဟုတ်ဘူး… ငါ့ဘာငါ ကိုင်တွယ်လိုက်မယ်…”

“ ဒီလိုမျိုး ကိစ္စကြီး ဖြစ်ပျက်သွားခဲ့တာတောင် ငါ မလာဘဲ ဘယ်နေနိုင်မှာလဲ…”

“ မင်း အခု လာရင် ရန်သူကို တပ်လှန့်လိုက်သလို ဖြစ်သွားလိမ့်မယ်…” လင်းရီ ပြုံးလျက် သူမအား ဖြောင်းဖြလိုက်သည်။

“ လိမ္မာစမ်းပါ… ငါ နောက်ရက်နည်းနည်းကျရင် ပြန်လာမှာကို စောင့်နေ…”

“ ရန်သူကို တပ်လှန့်သလို ဖြစ်မှာလား…” လျန်ရူရွှယ် သံသယ ဖြစ်စွာ မေးရင်း “ လက်သည် ဘယ်သူလဲ နင်သိလို့လား..”

“ ငါ အကြမ်းဖျင်းတော့ ခန့်မှန်းထားပြီးပြီ… ဒါကြောင့်မို့ မလာသေးနဲ့ဦးလို့… မဟုတ်ရင် ငါ့ အစီအစဉ်တွေ ပျက်စီးသွားလိမ့်မယ်… “

“ ငါ နင့်ကို အချိန်သုံးရက်ပေးမယ်… နင် အဲ့ဒီထိ မကိုင်တွယ်ပြီးသေးရင် ငါ လူကိုယ်တိုင် ရောက်လာရမှာပဲ…”

All Chapters