ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရှက်ရစရာ
Vol. 98 Ch. 1465
“ ဝေ့… နင် ငါပြောနေတာရော နားထောင်နေရဲ့လား… “
“ အေး.. ငါ ခုလေးတင် တစ်ခုခုကို စဉ်းစားမိသွားလို့… မင်း ဘာပြောသွားတာလဲ ပြန်ပြောပေးပါလား…”
“ ငါပြောတာ အခြေအနေက ရှင်းလင်းနေပြီ.. နင့် အစီအစဉ်က ဘယ်လိုမျိုးလဲလို့…”
“ ဝမ်မြန်က အခု ရုရှားသွားခဲ့ပြီဆိုတော့ အချိန်တစ်ခုလောက်အထိတော့ ပြန်မလာနိုင်သေးဘူး ဟုတ်တယ်ဟုတ်…”
“ အဲ့တာတော့ ငါလည်း သိပ်မသေချာဘူး.. ဒါပေမယ့် သာမန် အတိုင်းဆိုရင် အဲ့လို ကြီးကြီးမားမား အပေးအယူ ကိစ္စက အနည်းဆုံး ဆယ်ရက်ကနေ လဝက်လောက်အထိ ဆွေးနွေးရမှာ…”
“ ကောင်းပြီ… ကျန်တာ စိတ်မပူနဲ့တော့ .. ငါဘာငါပဲ ကိုင်တွယ်လိုက်တော့မယ်…”
“ သူတို့ကို သင်ခန်းစာ ပေးလိုက်…”
ယမန်နေ့ညက လျန်ရူရွှယ် သူမ မိသားစုထံ ဤအကြောင်း ပြောစဉ်အခါက ရှန်းရှုရီ၏ အတွေးထဲသို့ ပထမဆုံး ဝင်ရောက်လာသည်မှာ လင်းရီသည် မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်း ပြန်ယူလိမ့်မည်ဟူ၍ပင်။ တရားခံ အစစ်အမှန်ကို ရှာတွေ့သည်နှင့် လွယ်လွယ်ကူကူ အလွှတ်ပေးမည် မဟုတ်ချေ။ ထို့ကြောင့် သူမ လျန်ရူရွှယ်ကို အကြံဉာဏ်များစွာ ပြောပြခဲ့သည်။
သို့သော် သမီးအလှလေးမှာတော့ ထိုအကြောင်း တစ်ခုမျှ ပြန်မပြောဘဲ သူမ လိုချင်သည်က လင်းရီ လက်စားပြန်ချေဖို့ အတွက်ပင်။
ယင်းက ဘာကြောင့်လဲဆိုတော့ သူမရင်ထဲ ဒေါသတို့ ပြည့်နှက်နေပြီး ညက တစ်ညလုံးလည်း ကောင်းကောင်းပင် မမှေးစက်နိုင်ခဲ့ချေ။
အကယ်၍များ လင်းရီသာ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ဘူးဆိုပါက လင်းရီ၏ ခန္ဓာကိုယ်သည် အေးစက်နေလောက်ပြီဖြစ်၏။
“ မပူနဲ့.. ငါ လုပ်နေတာကို ငါသိတယ်…”
“ စကားမစပ် ငါ နင့်ကို တစ်ခု ပြောဖို့ မေ့သွားလို့..” လျန်ရူရွှယ် ပြောလိုက်ပြီး “ ကျုံးဝေ့တပ်ဖွဲ့ကလည်း ပင်းချိန်ကို တိတ်တိတ်လေး ရောက်နေပြီ… သူတို့ နင့်ဆီ မကြာခင် ဆက်သွယ်လာခဲ့လိမ့်မယ်…”
“ ငါ နားလည်ပြီ…”
“ ငါ အရင် အလုပ်လုပ်လိုက်ဦးမယ်… နင် ပြီးရင် ငါ့ကို အကြောင်းကြားလိုက်…”
“ ငါသိတယ်လို့ဆိုနေ … ပြောနေရတာ ဘယ်နှစ်ခါ ရှိနေပြီတုန်း..”
ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။
ကျုံးဝေ့ တပ်ဖွဲ့ ပင်းချိန်မြို့သို့ ရောက်လာမည်ကို လင်းရီ မစိုးရိမ်ပေ။
ဤသည်က လျို့ဝှက် စစ်ဆင်ရေး တစ်ခု ဖြစ်ပြီး မည်သူကမျှ သတိပြုလိမ့်မည် မဟုတ်ချေ။
ဤနေရာသို့ ရောက်လာမည့် လူက ချိုုးယွီလော့နှင့် နင်ချဲ့တို့ ဖြစ်လိမ့်မည်ဟု လင်းရီ အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်၏။ သို့သော် သူတို့ ဘယ်လိုပုံစံမျိုးဖြင့် ပေါ်လာမလဲ ဆိုတာကိုတော့ သူလည်း မစဉ်းစားတတ်ပေ။
လျန်ရူရွှယ်နှင့် ဖုန်းပြောပြီး မကြာမီ အန်းနင် မနက်စာဝယ်ပြီး ပြန်လာခဲ့၏။
“ ငါက ဒီတိုင်း ပခုံးလေးပဲ အပစ်ခံလိုက်ရတာပါ… ခွဲစိတ်ထားရတာလည်း မဟုတ်… မင်း ငါ့ကို အသားလေး ဘာလေး ဝယ်ပေးလို့ မရဘူးလား…”
“ အနာက အနာပဲ… သက်သာလာတော့မှ နင်စားချင်သာစား… “ အန်းနင် ပြောလိုက်ပြီး “ ငါ ခုလေးတင် ပြန်လာတုန်းက ဆရာဝန်ဆီ ဝင်မေးခဲ့သေးတယ်… သူပြောတာ နင့်အခြေအနေက မကောင်းသေးဘူးတဲ့… မတော်ရင် နင် လက်မောင်း ဖြတ်ပစ်ရဖို့ များတယ်… စားချင်တာတွေ လျှောက်စားလို့ မဖြစ်သေးဘူး…”
သောက်ကျိုးနည်းကြီး…
နှစ်ယောက်သား နံနက်စာ အတူစားသောက်လိုက်ကြသည်။ လင်းရီအဆင်ပြေနေသည်ကို မြင်တော့ အန်းနင်သည် နှလုံးခွဲစိတ် ဌာနသို့ သွား၍ သူမ အဖေထံ သွားလည်ရန် ဟန်ပြင်လိုက်၏။
အန်းနင် ထွက်ခွာသွားပြီးနောက် မကြာမီ လူနာအခန်းတံခါး နောက်တစ်ကြိမ် ပွင့်ဟလာသည်။ လင်းရီ ထင်လိုက်သည်က အန်းနင် တစ်စုံတစ်ရာ မေ့ကျန်ခဲ့၍ ပြန်လာယူသည် ဟူ၍ပင်။ သို့သော် ထင်မှတ်မထားစွာဖြင့် နာ့စ်နှစ်ဦး ဖြစ်လို့နေသည်။
စစချင်းတုန်းကတော့ သူလည်း များများစားစား မစဉ်းစားချေ။ ထို့နောက် သူ သတိပြုမိလိုက်သည်က နာ့စ်တစ်ဦး၏ ရင်ဘက် ဆိုဒ်က တော်တော်လေး မခေလှကြောင်းကို သတိထားမိလိုက်သည်။ ကိုယ်လုံးကိုယ်ပေါက်ကလည်း အန်းနင်ထက်ကို သာသည်။
အနီးကပ် တစ်ချက် သေချာ ကြည့်ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို လင်းရီ သတိပြုမိလိုက်သည်။
သူမက မာ့စ် တပ်ထားသော်လည်း ဆိုဒ်ကြီးကြီးနှင့် နာ့စ်ကို ကြည့်ရသည်မှာ လင်းရီစိတ်ထဲ အင်မတန် ရင်းနှီးသလို ရှိသည်ဟု ခံစားနေရ၏။
“ မင်းတို့နှစ်ယောက်ရဲ့ ပေါ်လာတဲ့ ပုံစံက ငါ့ကို တကယ်ကြီး ကြက်သေသေသွားစေခဲ့တာပဲ…”
ထိုနှစ်ယောက်ကတော့ ချိုးယွီလော့နှင့် နင်ချဲ့တို့က လွဲပြီး အခြားသူ မဟုတ်ချေ။
ချိုးယွီလော့ကတော့ နဂိုမူအတိုင်း များများစားစားပြောင်းလဲသွားခြင်း မရှိချေ။
သို့သော် နင်ချဲ့ကြည့်ရသည်မှာတော့ နည်းနည်းလေး ဝိတ်တက်လာသည့်ဟန်ပင်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း ပို၍ စွံ့ကားလာခဲ့ပြီး ဆွဲဆောင်မှု ပိုရှိလာခဲ့၏။
“ မဆိုးဘူး… မတွေ့တာ ကြာတာတောင်မှ နင် တို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တာနဲ့ မှတ်မိသွားတယ်ပေါ့…”
နင်ချဲ့ မာ့စ်ချွတ်၍ ပြုံးလိုက်ပြီး လင်းရီရှေ့တွင် စိတ်နှိုးကြွစေမည့် ကိုယ်ဟန်တစ်ခုဖြင့် pose ပေးလိုက်၏။
“ ယူနီဖောင်းက ဘယ်လိုနေလဲ… ဆွဲဆောင်မှု မရှိဘူးလား…”
“ ဒီ နာ့စ် ယူနီဖောင်းက ဘာတွေများ ဆွဲဆောင်မှု ရှိနေလို့ … ဟွာရှက နာ့စ်တိုင်းနီးပါး ဒီလို ယူနီဖောင်းတွေ ဝတ်နေတာကိုပဲ… စကတ်ပိုတိုလိုက် .. ပြီးရင် အောက်က အနက်ရောင် စတော်ကင် တစ်စုံလောက် ခံဝတ်လိုက်ရင် မင်းနဲ့ လုံးဝ ပါဖက် ဖြစ်သွားပြီ…”
“ နင် ပြန်သက်သာလာရင် နင့် ဆန္ဒတွေ ဖြည့်ဆည်းပေးမယ်လေ.. ဘယ်လိုလဲ…”
“ နင်တို့ နှစ်ယောက် ဆင်ခြင်ကြစမ်း..” ချိုးယွီလော့ မျက်လုံးလှန်လိုက်ပြီး “ နင်တို့ နှစ်ယောက်ကတော့ တွေ့လိုက်တာနဲ့ ဘာလို့ ချစ်သူတွေလို ကျီစယ်နေကြတာလဲ … ငါ နင်တို့ကို နှောင့်ယှက်မိသွားလား…”
“ ဟုတ်တယ်.. နင်က ဒီမှာ လူပိုဆိုတာ နင့်ကိုယ်နင် မသိဘူးလား..” နင်ချဲ့ ပြောလိုက်ပြီး “ နင်သာ ရှိမနေဘူးဆိုရင် ငါတို့နှစ်ယောက် တစ်စခန်း သွားပြီးလောက်ပြီ…”
“ နင် အရှက်လေး နည်းနည်း ရှိပါဦးလား.. သူကဖြင့် ဒီအခြေအနေ ရောက်နေတာကို နင် ဘာများ လုပ်နိုင်မှာမို့လို့..”
“ သူက bottom နေလေ… ငါက top ပေါ့… “ နင်ချဲ့ ပြောလိုက်ပြီး “ နင်လည်း အရင်က ရည်စားထားခဲ့ဖူးတာကို ဒါလေးတောင် မသိဘူးလို့တော့ မပြောနဲ့…”
“ နင်က တကယ့်ကို ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရှက်ရစရာပဲ…”
“ တော် တော် တော်ကြတော့… ဒီလို အသေးအမွှား ကိစ္စလေးနဲ့ ရန်ဖြစ်စရာ မလိုဘူး… ငါ့ အောက်ပိုင်းက ဒဏ်ရာရထားတာ မဟုတ်တော့ မင်းတို့နှစ်ယောက်လုံး အတူတက်လာခဲ့လို့ရတယ်…”
“ ငါတော့ နင်ချဲ့တင်ပဲ မဟုတ်ဘူး… နင်လည်း ကျုံးဝေ့တပ်ဖွဲ့ရဲ့ အရှက်ရစရာပဲလို့ ထင်တယ်…”
သုံးယောက်သား လိုရင်းကို မသွားမီ ခေတ္တမျှ စကား ပြောလိုက်ကြသည်။
“ ဘယ်သူလုပ်လဲ နင် သိပြီလား…” နင်ချဲ့ စားပွဲပေါ်ရှိ လိမ္မော်သီးအား ကောက်ယူစားရင်း မေးလိုက်သည်။ ထို့နောက် တစ်စိတ်ကို လင်းရီထံ ကမ်းပေးလိုက်၏။
“ ငါ သံသယ ဖြစ်မိတဲ့သူတော့ ရှိတယ်… ဒါပေမယ့် သက်သေမရှိဘဲ လုပ်လို့မှမရတာ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် သူတို့တွေက ငါ့ကို သေစေချင်ကြတယ်ဆိုတာတော့ သေချာတယ်… မနေ့က မအောင်မြင်လိုက်ဘူးဆိုတော့ ငါ့အထင် သူတို့ တစ်ခေါက် ထပ်ပြီး ကြိုးစားကြဦးမယ်လို့ ထင်တယ်…”
“ နင် ပြောချင်တာ သူတို့ ဆေးရုံလာကို လာကြမယ်ပေါ့…”
“ အနည်းနဲ့ အများပေါ့… ဒါကြောင့်မို့ မင်းတို့ကို ဒီမလာခဲ့နဲ့လို့ ပြောတာ… ငါ သူတို့ကို သတိပေးလိုက်သလိုမျိုး ဖြစ်သွားမှာစိုးလို့…”
“ သူတို့က သေနတ်သုံးခဲ့ကြတယ်ဆိုတော့ နင့်ကို သေစေချင်နေတာ အရှင်းကြီးပဲ … ဒီတော့ နင် ပြောတာ ယုတ္တိရှိတယ်လို့ ငါတော့ထင်တယ်…”
“ ဒါကြောင့်မို့ ငါ နည်းနည်းကြာကြာ ထပ်စောင့်ချင်တာ…” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက်လည်း ကိုယ့်ကိုယ်ကို ကောင်းကောင်းဖုံးကွယ်ထားသင့်တယ်… ဘယ်သူ ဘယ်ဝါဆိုတာ မပေါ်သွားစေနဲ့..”
“ စိတ်ချလိုက်စမ်းပါ… တို့တွေက အဲ့အပိုင်းမှာ ပရော်ဖက်ရှင်နယ်တွေလေ…” နင်ချဲ့ ပြောလိုက်ပြီး “ ငါတို့ နှစ်ယောက်လုံး အဝတ်အစားတွေ လဲထားတာကို နင် မမြင်ဘူးလား… ပြီးတော့ ဆေးရုံက ဝန်ထမ်းတွေကိုလည်း အသိပေးထားပြီးပြီ..”
“ ဟုတ်ရော ဟုတ်လို့လား… မင်းတို့ရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ … ဒီဝတ်စုံကြီးနဲ့ဆိုရင် နာ့စ်တွေကြားထဲမှာ ထင်းထင်းကြီး ဖြစ်နေမှာကို ငါတော့ မြင်ယောင်နေပါသေးတယ်…”
“ ငါတို့ကို အထင်မသေးစမ်းပါနဲ့… ဒီက ဆရာမက ဆေးပညာအကြောင်းလည်း နည်းနည်းပါးပါး တီးခေါက်မိထားသေးတယ်… ပြဿနာ ရှိမှာ မဟုတ်ဘူး…” နင်ချဲ့ ပြောလိုက်ပြီး “ ပြီးတော့ ငါတို့ ခေါင်းဆောင် နာ့စ်ကို အကြောင်းကြားထားပြီးပြီ.. ငါတို့က အခု နင့်ကို အချိန်ပြည့် ပြုစုပေးမယ့် နာ့စ်တွေ ဖြစ်သွားပြီ… တခြားသူတွေကို ပြုစုပေးစရာ မလိုဘူး… အဲ့လိုဆို ဘာ မသင်္ကာစရာမှလည်း ဖြစ်စရာ အကြောင်း မရှိတော့ဘူး…”
“ ကောင်းပြီလေ… ဒီအခန်းက အသံလုံပါတယ်… "
နင်ချဲ့ လက်ကို ဝှေ့ရမ်းလိုက်ပြီး “ ဒီည လုပ်ကြတာပေါ့…”
“ အိုကေ လုပ်ကြစို့…”
နှစ်ယောက်သား မပြန်ခင် လူနာခန်းထဲ၌ ခေတ္တ နေသွားကြသည်။
လင်းရီ၏ ဒဏ်ရာက အသေးမွှားကိစ္စ မဟုတ်ချေ။ ထို့ပြင် သူတို့ စီစဉ်ရမည့် အခြားသော ကိစ္စများလည်း ရှိလေသည်။
တစ်နေ့တာလုံးကို လူနာခန်းထဲတွင်ပဲ အချိန်ကုန်ဆုံးနေပြီး တစ်ခါတစ်ရံ အချိန်ဖြုန်းရန်အတွက် ကျီချင်းရန်နှင့် စာပို့ စကားပြောနေလိုက်၏။
တစ်နေ့တာက လျင်မြန်စွာ ကုန်ဆုံးလာပြီး သန်းခေါင် အချိန်ခါနီး ညဆယ့်တစ်နာရီခွဲခန့်တွင် အနက်ရောင် ဗော့ဆွာဂန် တစ်စီးက ဆေးရုံ၏ ကားပါကင်နေရာသို့ မောင်းနှင်လာခဲ့သည်။
ကားထဲတွင် အနက်ရောင် လယ်သာ ဂျက်ကတ်ကို ဝတ်ဆင်ထားသည့် ပိန်ပိန်ပါးပါး လူတစ်ယောက် ရှိနေပြီး သူ၏ ဆံပင်တို့က ဖွာလန်ကျဲနေကာ လမ်းအထက် မြင်တွေ့ရတတ်သည့် အိမ်ခြေရာမဲ့ပုံစံ ဖြစ်နေသည်။
ကားပါကင် ထိုးပြီးသည့်နောက် အဆိုပါလူက ကားထဲကနေ ချက်ချင်း မထွက်ဘဲ ထိုအစား စီးကရက်တစ်လိပ်ကို ပါးစပ်ထဲ ထည့်၍ ဖုန်းခေါ်ဆိုမှု ပြုလိုက်သည်။
“ အမှတ် ၅ ပြင်ပ လူနာဌာန ၊ အခန်း ၁၄၀၈ “ ဖုန်းထဲကနေ ကျန်းခွန်ဖန့်၏ အသံ ထွက်ပေါ်လာခဲ့သည်။
“ ဒီမစ်ရှင်က သိပ်အရေးကြီးတယ်… တိကျသေချာပါစေ… ဘာ အမှားမှ မကျူးလွန်နဲ့…”
“ စိတ်ချစမ်းပါ အစ်ကိုကျန်းရာ… ငါ ဘာလုပ်ရမလဲ သိပါတယ်… မင်း ငှားထားတဲ့ လူတွေက အခန်း ၁၄၀၇ ထဲမှာ ရှိနေတယ်ဟုတ်…”
“ သူတို့ မင်းကို အဲ့ဒီမှာ စောင့်နေတယ်…” ကျန်းခွန်ဖန့် ပြောလိုက်ပြီး “ မင်း အဆင်သင့် ဖြစ်ရင် ငါ့ကို အသိပေး… ဆယ့်လေးလွှာက စောင့်ကြည့်ရေး ကင်မရာတွေကို ငါ ဖြတ်တောက်ခိုင်းထားမယ်…”
“ နားလည်ပြီ…”