နာမည်ကြီး ထမင်းငတ်
Vol. 98 Ch. 1466
နှစ်ယောက်သား စကားကြာကြာ မပြောခဲ့ပေ။ ဖုန်းချပြီးသည့်နောက် ပိန်ပါးပါးလူက စီးကရက်ကို ကောက်ပစ်၍ အမှတ် ၆ ပြင်ပလူနာဌာနသို့ သစ်သီးခြင်းသယ်ဆောင်၍ ထွက်လာသည်။
သူ ဆေးရုံထဲသို့ ဝင်သည့် အခိုက်အတန့်တွင်ပဲ ထိုလူ၏ အမူအရာမှာ ရုတ်ချည်း တောက်ပလာပြီး လူနာထံ အလည်လာသည့် လူနာမိသားစုဝင် တစ်ယောက်၏ မျက်နှာထားမျိုး ပြောင်းလဲသွားခဲ့တော့သည်။
ဆေးရုံအတွင်းရှိ သူလိုငါလို လူတစ်ဦး ဖြစ်သဖြင့် မည်သူကမျှ သူ့အား အထူးတလှယ်လုပ်၍ အာရုံစိုက်မနေကြချေ။
ဆယ့်လေး လွှာသို့ ရောက်သည်နှင့် ပိန်ပါးပါးလူက ဘယ်ညာ တစ်ချက် ကြည့်လိုက်၏။
သန်းခေါင်ယံ အချိန်နီးကပ်ပြီ ဖြစ်သဖြင့် ကော်ရစ်ဒါကလည်း လူခြေတိတ်လို့ နေသည်။ ဂျူတီကျနေသည့် နာ့စ်တို့ကလွဲပြီး အခြား လူနာများအား တွေ့ရသည်က ခပ်ရှားရှားပင်။
ဘေးဘီဝဲယာရှိ အခြေအနေကို အတည်ပြုပြီးနောက် ပိန်းပါးပါးလူမှာ သူ့ ကင်မရာထဲရှိ တည်နေရာကို နောက်တစ်ခေါက် ထပ်ကြည့်လိုက်၏။
လက်ရှိ အခြေအနေက သူ၏ နောက်ခြေလှမ်းအတွက် အတော်လေး အရေးပါသည်။ ထို့နောက် ပိန်ပါးပါးလူက အခန်း ၁၄၀၇ ထဲ ခပ်တည်တည်ဝင်သွားခဲ့ပြီး သူ၏ နဂို မျက်နှာအမူအရာအတိုင်း ပြန်ဖြစ်သွားခဲ့၏။ ကျောက်ခဲကဲ့သို့ တည်ငြိမ် အေးစက်သည့် မျက်နှာထားမျိုးဖြင့် တစ်မိသားစုလုံး ယုတ်မာခံလိုက်ရသည့်ရုပ် ပေါက်နေတော့သည်။
အဆိုပါ လူနာခန်းထဲတွင် လူနှစ်ယောက်သာလျှင် ရှိသည်။ သူနှင့်ဆိုပါက သုံးယောက်ဖြစ်၏။ တစ်ယောက်က ဆေးရုံကုတင်ပေါ် လဲလျောင်းနေပြီး ကျန်တစ်ယောက်က ကုတင်ဘေးတွင် ထိုင်ကာ လူနာကို ကြည့်ရှုနေသည်။
လင်းရီ အကြောင်း ရှာတွေ့သွားပြီးနောက် စွန်းမန်ကျားက ဤလူနှစ်ယောက်ကို ဆေးရုံထဲသို့ ဝင်ရန် စီစဉ်ပေးထားခဲ့ခြင်းပင်။
လူနာသဖွယ် လဲလျောင်းနေသည်သူက စွန်းမန်ကျား၏ လက်အောက်ငယ်သား ဖြစ်ပြီး တိုက်ဆိုင်ချင်းသား ကောင်းစွာဖြင့် သူ့တွင် ပြင်ပ ထိခိုက်ဒဏ်ရာများ ရှိနေသည်။ ယခင်က ပထမ ဆေးရုံတွင် ဆေးကုသနေသော်လည်းပဲ ယခုနေရာသို့ ပြောင်းရွေ့ချင်း ခံလိုက်ရ၏။ ယခုလို လင်းရီနှင့် အခန်းချင်း နီးနီးကပ်ကပ် ရဖို့ အတွက်ကတော့ ငွေကြေး နည်းနည်းပါးပါး သုံးလိုက်ရသည်။
“ အစ်ကိုကောင်း… မင်း ရောက်လာပြီပဲ..”
ပိန်ပါးပါးလူ ဝင်လာသည်ကို မြင်တော့ ကုတင်ဘေးတွင် ထိုင်နေသည့် လူက မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်သည်။
ကောင်းယောင်တုံ ခေါင်းညိမ့်ပြီး သစ်သီးခြင်းကို စားပွဲပေါ် တင်လိုက်၏။
“ တစ်ဖက်က အခြေအနေ ဘယ်လိုရှိလဲ “
“ တော်တော်လေး ပြင်းထန်တယ်လို့ ပြောရမယ်… လက်မောင်း ဖြတ်တောက်ရမယ်လို့တောင် ပြောသံကြားတယ်…” အမျိုးသား နာ့စ်က ပြောလိုက်ပြီး “ ပြီးတော့ သူ့အတွက် အချိန်ပြည့် ကြည့်ပေးမယ့် နာ့စ်နှစ်ယောက်တောင်မှ ဆေးရုံက စီစဉ်ထားပေးသေးတယ်… အခြေအနေက တော်တော်လေး ပြင်းထန်လို့ပဲ ဖြစ်မယ်…”
“ သူ့ လက်မောင်းဖြတ်ရမယ် ဟုတ်လား… အဲ့လိုဆို မနေ့က စစ်ဆင်ရေးက တော်တော်လေး အောင်မြင်ခဲ့တဲ့ပုံပဲ…”
“ ဒါပေမယ့် အစ်ကိုကြီး စွန်းက သူ့ကို သေစေချင်တာ.. သူက မသေမှတော့ ငါတို့လည်း သေအောင် လုပ်ပေးရုံ ရှိတော့တာပေါ့…”
“ ကျန်တာ ငါ ဂရုစိုက်လိုက်မယ်…”
.......
အခန်း ၁၄၀၈ ထဲတွင် လင်းရီနှင့် အန်းနင်တို့မှာ နိုးနိုးကြားကြား ရှိနေဆဲ ဖြစ်ပြီး သူတို့ ဖုန်းဖြင့် ကိုးရီးယား ဒရာမာများ ကြည့်နေကြသည်။
“ နောက်ဆုံးတော့ ဇာတ်သိမ်းပိုင်းရောက်ပြီ… ပင်ပန်းလိုက်တာ..”
အန်းနင် ကိုယ်ညောင်းဆန့်လိုက်ရင်း ဂီတာပုံစံ ကိုယ်လုံးကိုယ်ပေါက်အား မရည်ရွယ်ဘဲ ပြမိသလို ဖြစ်သွားခဲ့၏။
ဖူး…
လင်းရီ ချယ်ရီစေ့ကို ပေါ်နေသည့် အန်းနင်၏ ဝမ်းဗိုက်ထံ မှုတ်ထုတ်လိုက်၏။
“ လုပ်မနေနဲ့… မင်း အသားတွေ ပေါ်နေတယ်..”
“ အမ်း…”
ရှက်ရွံ့စွာဖြင့် အန်းနင် သူမ၏ အင်္ကျီစကို အောက်သို့ အလျင်အမြန် ဆွဲချလိုက်သည်။
“ ခုတလော နင်နဲ့ နေပြီး စားလိုက် သောက်လိုက်နဲ့ ဂျင်လည်း မသွားဖြစ်တော့ ဝိတ်တက်လာတာ ပုံမှန်ပဲလေ.. ဒါပေမယ့် … ဒီလောက်လေးကတော့ လက်ခံလို့ ရပါသေးတယ်…”
“ မင်းက ဒီကိစ္စတွေနဲ့ ပတ်သက်လာရင် တော်တော်လေး သက်တောင့်သက်သာ ရှိသားပဲ…”
“ တော်ပြီလေ… ငါ့ကို ဝမ်းဗိုက် ကြွက်သားရအောင် လုပ်ခိုင်းတာက ငါ့အသက်ကို စွန့်စားခိုင်းနေတာနဲ့ အတူတူပဲ…” အန်းနင် ပြောလိုက်ပြီး “ ပြီးတော့ ငါ့ရဲ့ ဝလုံးလုံး ကိုယ်လုံးကိုယ်ပေါက်ကလည်း တော်တော်လေး ကောင်းပါတယ်…”
လင်းရီ ပြုံးလိုက်သည်။ အန်းနင်၏ ကိုယ်လုံးကိုယ်ပေါက်က အမှန်ပင် မဆိုးလှချေ။ ပိန်သင့်သည့် နေရာ၌ ပိန်၍ အသားပေါသင့်သည့် နေရာ၌ အသားပေါသည်။ ဝမ်ရင်းနှင့် အတူတူနီးပါးလောက်ရှိပြီး သူမ လောက်တော့ မဝလုံးသေးချေ။
“ ဆေးသွင်းပြီးပြီဆိုတော့ နာ့စ်တွေကို အပ်ဖြုတ်ပေးဖို့ ပြောလိုက်တော့မယ်… ပြီးရင် နင် အနားယူလို့ရပြီ..”
လင်းရီ၏ ဒဏ်ရာတို့က မပြင်းထန်သော်လည်းပဲ နေ့တိုင်းနေ့ အရောင်လျော့ဆေးကို သွင်းပေးရဆဲပင်။
မကြာမီ အန်းနင် နာ့စ်ကို လှမ်းခေါ်လိုက်၏။ သို့သော် ရောက်လာခဲ့သူက အန်းနင်ပင်။
အပ်ဖြုတ်သည့် လုပ်ငန်းစဉ်က မိနစ်ပိုင်း အတွင်းပြီးသွားခဲ့ပြီး လူနာခန်းထဲက မထွက်ခွာမီ လင်းရီ ကို အကြည့်တစ်ချက်ပင် ပေးလိုက်သေးသည်။
“ ငါ တွေ့ပြီ…”
သူမ ထွက်ခွာသွားပြီးနောက် အန်းနင် ပြောလိုက်၏။
“ ဘာကိုတုန်း…”
“ အဲ့ဒီ ပရော်ဖက်ရှင်နယ် နာ့စ်နှစ်ယောက်က တစ်ခုခုတော့ မဟုတ်သေးဘူးလို့ ငါ ဘာလို့ ခံစားနေရတာပါလိမ့်…”
“ ဟင်… ဘာဖြစ်လို့တုန်း…”
လင်းရီ မနေနိုင်ပဲ လေးလေးနက်နက် အာရုံစိုက်မိလိုက်သည်။ အန်းနင်ကဲ့သို့ သာမန်လူတစ်ယောက်ပင် ချိုးယွီလော့နှင့် နင်ချဲ့တို့က တစ်ခုခု ပုံမှန်မဟုတ်သည်ကို ပြောနိုင်နေသည်ဆိုမှတော့ သူမတို့ နှစ်ယောက်ကို လေ့ကျင့်ရေး ဆင်းဖို့ ပြန်လွှတ်လိုက်သင့်၏။
“ သူတို့ထဲက တစ်ယောက်က တော်တော်လေး ပရော်ဖက်ရှင်နယ် ဆန်တယ်…” အန်းနင် ပြောလိုက်ပြီး “ ဒါပေမယ့် ခုလေးတင် လာသွားတဲ့ တစ်ယောက်ကျတော့ နင့်ကို ကလူကျီစယ်နေတယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်…”
“ အမ်… ဟုတ်လို့လား…”
“ နင် အမျိုးသမီး တစ်ယောက်ရဲ့ အလိုလို သိစိတ်ကို ယုံကြည်သင့်တယ်…”
အန်းနင် ပြောလိုက်ပြီး “ နင် ထိန်းထားရတာ တအား ကြာလွန်းလို့ ဒီလာတဲ့ နာ့စ်တစ်ယောက်နဲ့ ချိတ်မိသွားတာများလား…”
သူလည်း မိန်းကလေးပဲလေ။ ဒါပေမယ့် သူမ ဒီလောက်ထိ တိုက်ရိုက်ပြောစရာ လိုလို့လား။
“ မင်းဘာတွေ လျှောက်ပြောနေတာ… ငါက အဲ့လို လူစားမျိုးလား…”
“ ဆိုပါတော့… နင် ငါ့ကို ညတိုင်းည မောင်းထုတ်နေတာ နင် သူနဲ့ ပျော်ပါးချင်လို့ ဟုတ်တယ်မလား.. ကျစ်ကျစ် … ငါသိသားပဲ…” အန်းနင် ဘဝင်ခိုက်စွာ ပြောလိုက်သည်။
“ တော်စမ်းပါ… မြန်မြန်နားတော့... ငါလိုအပ်နေရင် မင်းနဲ့ လှုပ်ရှားလိုက်မယ်.. နာ့စ်တစ်ယောက်နဲ့ ချိတ်စရာ မလိုပါဘူး… ဟုတ်တယ်မလား ဟင်းဟင်း…”
“ သေလိုက်လေ… ငါနဲ့ လှုပ်ရှားမယ်ဆိုတာက ဘာစကားတုန်း… ငါက ဘာဖြစ်နေလို့လဲ..”
“ အဲ့နာ့စ်က D cup … မင်းက C cup လေ…”
“ ထွက်သွားစမ်း နင်က နှာဘူးကောင်ပဲ…”
အန်းနင် သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး “ ငါ အိပ်တော့မယ်… နင်နဲ့ စကားပြောမိရင် စိတ်ကို ရှုပ်တယ် တကယ်တည်း…”
စကားပြောပြီးနောက် အန်းနင် အခန်း ထောင်သို့ သွား၍ ပွယောင်းယောင်း ၊ ချည်ထည်စစ်စစ် ညအိပ်ဝတ်စုံကို လင်းရီရှေ့ ဖုံးကွယ်ခြင်း မပြုဘဲ လဲဝတ်လိုက်သည်။
လင်းရီ ခေါင်းခါရမ်းလိုက်သည်။ အရွယ်အစားနှင့် စတိုင်က အဆင်ပြေသော်လည်း ကြယ်သီးလေးခုနှင့် ဒီဇိုင်းကတော့ အမှန်ပင် လူမဆန်လှချေ။
နေ့ခင်းဘက် အချိန်တုန်းက ပင်ပန်းထားမှုကြောင့်တော့လား မသိ။ သူမ လဲလျောင်းပြီးနောက် မကြာမီတွင်ပဲ တည်ငြိမ်သည့် ဝင်သက် ထွက်သက် ဖြစ်ပေါ်လာခဲ့ကာ ဟောက်သံ သဲ့သဲ့ပင် ကြားနေရသည်။
လင်းရီ ဖုန်းထုတ်၍ နင်ချဲ့ထံ မက်ဆေ့ချ်ပို့လိုက်၏။
“ အခြေအနေ ဘယ်လိုရှိလဲ… သံသယ ဖြစ်စရာ လူတွေ တွေ့မိလား..”
“ မတွေ့မိဘူး… နင်တို့ နှစ်ယောက် စလို့ရတယ်… ဒါပေမယ့် သိပ် အကြမ်းကြီးတော့ မလုပ်နဲ့ပေါ့… အခန်းက သိပ်ပြီးမှ အသံလုံတာ မဟုတ်ဘူး… ၁၂၀ ဒက်ဆီဘယ်ကို မကျော်စေနဲ့…”
ချီးကိုလား …
လင်းရီ စိတ်ထဲ၌ ကျိန်ဆဲလိုက်၏။
အန်းနင်မှာ သူက နင်ချဲ့နှင့် အိပ်နေသည်ဟု အထင်မှားနေပြီး နင်ချဲ့ကလည်း သူသည် အန်းနင်နှင့် အိပ်စက်နေသည်ဟု အထင်မှားနေသည်။
သို့သော် အမှန်တကယ်၌ ကာယကံရှင် လင်းရီမှာ နာမည်ကြီး ထမင်းငတ်ဖြစ်နေပြီး မည်သူနှင့်မျှ မအိပ်စက်ရချေ။
သူ တွေးမိလေလေ ၊ စိတ်ထဲ အလိုမကျစိတ်တို့ ဖြစ်လာခဲ့လေ ဖြစ်၏။
နင်ချဲ့ကို စာပြန်မနေတော့ဘဲ ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်သည်။
သူတို့ နှစ်ယောက်က အပြင်ဘက်တွင် စောင့်ကြည့်ရေး ကင်မရာများအား ကြည့်ရှုနေပြီး မည်သည်ကိုမျှ စိုးရိမ်ပူပန်စရာ မလိုပါဘဲနှင့် စိတ်ချလက်ချ မှေးစက်နိုင်သည်။
ဒူ ဒူ ဒူ …
မျက်စိမှိတ်ပြီး၍ ဆယ်မိနစ်ကြာတော့ လင်းရီ၏ ဖုန်း တုန်ခါလာခဲ့သည်။
“ ကော်ရစ်ဒါမှာ သံသယ ဖြစ်ဖို့ ကောင်းတဲ့ လူတစ်ယောက် တွေ့ထားတယ်… မအိပ်သေးနဲ့ဦး..”
နင်ချဲ့၏ စာကို မြင်တော့ လင်းရီ အိပ်ချင်စိတ်တို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ရှသွားခဲ့ရသည်။
“ ဘယ်သူလဲ သိပြီလား…”
“ မသေချာသေးဘူး..” နင်ချဲ့ ပြောလိုက်ပြီး “ ဓာတ်လှေကားထဲက ထွက်လာပြီးတော့ ကော်ရစ်ဒါမှာ တစ်မိနစ်လောက် ရပ်နေတာ… သူ့လက်ထဲမှာ သစ်သီးခြင်း တစ်ခု ကိုင်ထားသလိုပဲ… အဲ့တာပြီးတော့ နင်နဲ့ ဓားလွယ်ခုတ်အခန်း ၁၄၀၇ ထဲ ဝင်သွားခဲ့တာပဲ…”
“ သောက်ကျိုးနည်းကြီး… မနက် တစ်နာရီ ရှိနေပြီကို လူနာတွေ့ဖို့ သစ်သီးခြင်းကိုင်ပြီး ရောက်လာတယ်ပေါ့…”
“ အဲ့တာကပဲ သံသယ ဖြစ်ဖို့ ကောင်းနေတာလေ…” နင်ချဲ့ ပြောလိုက်ပြီး “ ပုံမှန် လူနာလာကြည့်ပြီဆို နေ့လည် ၊ ဒါမှမဟုတ်ရင် ညနေခင်းလောက် လာကြတာ.. ဘယ်သူမှ ညသန်းခေါင်ကြီး မလာဘူး… ဒါပေါ့ သူ ညလယ်စာ ဝယ်ပြီး တစ်ခုခု လာပေးတာလည်း ဖြစ်နိုင်တာပဲလေ…”
လင်းရီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ တစ်ဖက်သူ၏ အပြုအမူကို ရှင်းပြ၍ ရသော်လည်းပဲ သံသယ ဖြစ်ဖို့တော့ ကောင်းနေဆဲပင်။
“ သူ့ကို စောင့်ကြည့်ထား.. တစ်ခုခု ဖြစ်တာနဲ့ ငါ့ကို အသိပေး..”
“ ရက်စ် ဆာ…”
(အလေးပြုနေတဲ့ ရုပ်ပုံပြောင်)
လင်းရီ စာမပြန်တော့ပဲ ဖုန်းကို အပေါ်အောက် ပွတ်ဆွဲနေရင်းဖြင့် အိတ်ချင်စိတ်တို့ ပျောက်ဆုံးနေခဲ့သည်။
ယင်းက တိုက်ဆိုင်သည်ဆိုလျှင်တော့ အကောင်းဆုံးပင်။ ထိုအခါ စိုးရိမ်စရာလည်း မလိုချေ။
အကယ်၍ တစ်ဖက်သူက အမှန်ပင် သံသယ တရားခံ ဖြစ်နေမည်ဆိုပါက အနှီ စွန်းမန်လုံသည် တစ်ခုခုတော့ တစ်ခုခုပင်။
သူက အတည်ကြီး သူနှင့် ဘေးချင်းကပ် အခန်းနားလေးတွင် မည်သူ့ကိုမျှ သတိမထားမိစေဘဲနှင့် သူ့လူများကို ခေါ်သွင်းထားနိုင်ခဲ့၏။ ယင်းတစ်ချက်တော့ အထင်ကြီးစရာ ကောင်းသည်။
မသိစိတ်အလျောက် ဘေးကုတင်တွင် အိပ်နေသည့် အန်းနင်ထံ လင်းရီ အကြည့်ရောက်သွားခဲ့၏။
သူတစ်ဦးတည်းဆိုပါက အဆင်ပြေသည်။ သို့သော် သူမကိုပါ စောင့်ကြည့်ပေးရမည် ဖြစ်ပြီး ထိခိုက်စေ၍ မဖြစ်ချည်။
ဒူ ဒူ ဒူ …
အန်းနင်ကို မည်သို့ လုပ်ရပါလိမ့်ဟု အတွေးနက်နေစဉ်မှာပဲ သူ၏ဖုန်းက နောက်တစ်ကြိမ် တုန်ခါလာခဲ့၏။
“ ပျော်နေတာတွေ တော်တော့ … မြန်မြန် နင့် ဘောင်းဘီကို ဆွဲတင်လိုက်တော့… စောင့်ကြည့်ရေး ကင်မရာတွေ အကြောင်းတစ်ချို့ကြောင့် ဖြတ်တောက်ခံလိုက်ရပြီ… တစ်ခုခု ဖြစ်တော့မယ်…”