← Chapters

စိတ်ဝိဉာဏ် ညှင်းပန်းမှု

Vol. 98 Ch. 1467

စိတ်ဝိဉာဏ် ညှင်းပန်းမှု

Vol. 98 Ch. 1467

လင်းရီ၏ နှလုံးသား တင်းကြပ်သွားခဲ့သည်။ တစ်ဖက်သူက သံသယ တရားခံ ဆိုသည်မှာ သေချာနေလေပြီ။

မဟုတ်ပါက စောင့်ကြည့်ရေး ကင်မရာများမှာ ယခုလို အချိန်မျိုး၌ အကြောင်းတစ်ခုခုကြောင့် ဖြတ်တောက်ခံလိုက်ရမည် မဟုတ်ချေ။

အလိုအလျောက် လင်းရီသည် အန်းနင်၏ စောင်ထဲ တိုးဝင်လိုက်၏။

ယခုလေးတင် အိပ်မောကျနေခဲ့သည့် အန်းနင်မှာ တစ်စုံတစ်ယောက်က စောင်ကိုလှပ်၍ အထဲတိုးဝင်လာသည်ကို ခံစားမိတော့ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့၏။

နှစ်ဦးလုံးက အင်္ကျီ အဝတ်အစားတို့ ဝတ်ဆင်ထားသော်လည်း ယခုလို ပြုမူသည်ကတော့ မသင့်လျော်ချေ။

“ လင်း လင်းရီ .. နင် ဒါ ဘာလုပ်တာလဲ…”

သူမက လင်းရီနှင့် နီးနီးကပ်ကပ် နေလေ့ ရှိသော်လည်းပဲ ယခုလို ကိစ္စမျိုး ဖြစ်ပျက်လာလိမ့်မည်လို့ အန်းနင် စိတ်ကူး မယဉ်ခဲ့မိချေ။

သူမ အနည်းငယ် ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့သည် ဆိုသော်လည်းပဲ ကြောက်ရွံ့သည်တော့ မဟုတ်ချေ။

သူမ၏ စိတ်အတွေးထဲ ပုံရိပ်တစ်ချို့ပင် လျှပ်တစ်ပြက် ထွက်ပေါ်လာခဲ့သေး၏။

တကယ်လို့ လင်းရီ ငါ့ကို အဲ့လို လုပ်ချင်နေတယ်ဆိုရင် ငါ ခုခံသင့်လား။ ဒါမှမဟုတ် ဒီတိုင်း အံကြိတ်ပြီးပဲ လက်ခံလိုက်သင့်လား။

အမှောင်ထဲတွင် မိန်းမပျိုလေးတစ်ယောက် ရှက်သွေးဖြန်းသွားခဲ့၏။

“ စကားမပြောနဲ့…”

လင်းရီ သူမ၏ ပါးစပ်ကို လက်ဖြင့် အုပ်ထားလိုက်ပြီး “ ခဏနေကျရင် ဘာပဲဖြစ်လာ ဖြစ်လာ စောင်အောက်ထဲမှာပဲနေ… လုံးဝ တုတ်တုတ်မလှုပ်နဲ့…”

အန်းနင်၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့သည်။ လင်းရီ၏ လေသံ အမူအရာမှတဆင့် အကဲဖြတ်ကြည့်ရသလောက် မကောင်းတာ တစ်ခုခု ဖြစ်တော့မည်ကို ကြိုသိနေဟန်ပင်။

သူမ စကားမပြောနိုင်သော်လည်း စွဲမက်ဖွယ် ကိုယ်လုံးလေးက အလိုအလျောက် မရုန်းဘဲ မနေနိုင်ချေ။

“ ငါ မင်းကို မလှုပ်နဲ့လို့ ပြောပြီးပြီလေ… မင်း ဒါလေးတောင် မလုပ်ပေးနိုင်ဘူးလား..”

အန်းနင် လင်းရီ၏ အခြားလက်တစ်ဖက်ကို မရမက ရုန်းဖယ်ပြီး သူမ၏ လှုပ်ရှားမှုလည်း ရပ်တန့်သွားခဲ့သည်။

“ အိုး…”

လင်းရီ အနည်းငယ် အရှက်ရသွားခဲ့သည်။

“ ဆောရီး.. ငါ နေရာမှားထိမိသွားခဲ့တယ်… ဒါကြောင့်မို့ ဘာလို့ နူးညံ့သလို ဖြစ်နေပါလိမ့်ဆိုပြီး ဖြစ်နေတာ…”

အန်းနင် ထို မုန်းချင်စရာ အကောင်အား မျက်လုံးလှန်၍သာ ကြည့်လိုက်ပြီး ဘာမျှ မပြောချေ။ သို့သော်လည်း ငေးငိုင်နေလျက်သာ ရှိရင်း ဘာတွေ ဖြစ်နေမှန်း နားမလည်နိုင်ချေ။

“ ဘာမှ မကြောက်နဲ့… အခု မင်းရဲ့ မျက်လုံးကို မှိတ်ပြီး နံရံဘက် မျက်နှာမူထားလိုက်… နောက်ကို လှည့်မကြည့်နဲ့…”

အန်းနင်၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့သော်လည်း ခေါင်းညိမ့်လိုက်ဆဲပင်။ သူမ၏ မျက်လုံးတို့အား တင်းကြပ်စွာ မှိတ်ထားပြီး လင်းရီဘက် ကျောပေးထားလိုက်၏။

လင်းရီလည်း ကုတင်ပေါ် သပ်သပ်ရပ်ရပ် လဲလျောင်းနေလိုက်သည်။

ချလပ် …

ထိုအချိန်တွင် လူနာ အခန်းတံခါး ပွင့်ဟလာခဲ့ပြီး တိတ်ဆိတ်သည့် သန်းခေါင်အချိန်အခါ၌ ယခုလို ရုတ်တရက် တံခါးပွင့်လာသည့် အသံက ကြောက်မက်ဖွယ်ကောင်းလှပြီး နားစည်အတွင်း ကျယ်လောင်စွာ မြည်ဟည်းသွားသကဲ့သို့ပင်။

အန်းနင်၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ယင်သွားခဲ့၏။

သူမ၏ အလိုလိုသိစိတ်က မကောင်းတာ တစ်ခုခု ဖြစ်နေပြီဟု အဆက်မပြတ် မြည်သံပေးနေသည်။ မဟုတ်ပါက လင်းရီသည် ယခုကဲ့သို့ ပြုမူနေလိမ့်မည် မဟုတ်ချေ။

လက်ထဲတွင် ထက်ရှသည့် ဓားမြောင်တစ်လက်နှင့်အတူ ကောင်းယောင်တုံသည် လင်းရီထံသို့ ကြောင်ခြေလှမ်းဖြင့် တစ်လှမ်းချင်း ချဉ်းကပ်လာခဲ့၏။ သူ၏ မျက်ဝန်းထဲတွင် ရက်စက်သည့် အကြည့်တစ်စုံက အမှောင်ထဲတွင် တောက်ပနေသယောင် ထင်ရသည်။

အနည်းငယ် မြင်သာသည့် လရောင်ကြောင့် လင်းရီသည် အန်းနင်၏ ကုတင်ပေါ် လဲလျောင်းနေသည်အား ကောင်းယောင်တုံ မြင်တွေ့သွားခဲ့သည်။

သို့သော် သူ၏ အမူအရာမှာတော့ တစ်စက်ချည်းမျှ ပြောင်းလဲ မသွားခဲ့ပေ။

လင်းရီအား ပြုစုစောင့်ရှောက်ပေးနေသည့် အမျိုးသမီး တစ်ယောက် ရှိကြောင်းကို သူ့ အပေါင်းအပါထံမှ သိရှိထားပြီးဖြစ်သည်။

ညဉ့်အခါက အတော်လေးလည်း နက်နေပြီဖြစ်သဖြင့် မိန်းမနှင့် ယောက်ျား တစ်ကုတင်တည်းတွင် ပျော်ပါးမွေ့လျော်သည်က ထူးဆန်းသည်လို့ မဆိုသာချေ။

ကောင်းယောင်တုံ၏ လှုပ်ရှားမှုတို့က အတော်လေး ပေါ့ပါးပြီး အသံတစ်သံမျှ ထွက်ပေါ်လာခြင်း မရှိဘဲ မကြာမီ လင်းရီ၏ ကုတင်နားသို့ ရောက်ရှိလာခဲ့၏။

တိုက်ပွဲပမ်း၍ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် လင်းရီကို မြင်တော့ ကောင်းယောင်တုံ၏ နှုတ်ခမ်းထောင်စွန်းတို့ အပေါ်တက်သွားခဲ့ပြီး သူ၏ ထက်ရှသည့် ဓားမြောင်ကို အပေါ်သို့ မြှောက်လိုက်သည်။

သို့သော် အောက်သို့ ထိုးစိုက်ချတော့မည့် အချိန်မှာပဲ လင်းရီ၏ မျက်လုံးတို့က ရုတ်ချည်းပွင့်လာပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို တင်းကြပ်သွားစေသည်။

“ မင်းရဲ့ နည်းစနစ်တွေက တော်တော်လေး ကျွမ်းကျင်သားပဲ .. ကြည့်ရတာ အရင်က ဒါမျိုးတွေ တော်တော်လေး လုပ်ခဲ့ဖူးတယ်နဲ့တူတယ်…”

လင်းရီ၏ အကြောက်အလန့် ကင်းသည့် မျက်နှာထားက ကောင်းယောင်တုံ၏ ရင်ကို လေးလံသွားစေသည်။

“ မင်း …”

“ ငါ မင်း ရောက်လာမှာကို စောင့်နေတာ..”

ချက်ချင်းဆိုသလို ကောင်းယောင်တုံ၏ အမူအရာသည် ခက်ထန်ကြမ်းကြုတ်လာခဲ့ပြီး “ ငါတို့ရဲ့ အစီအစဉ်ကို မင်းမြင်နိုင်တော့ရော ဘာဖြစ်လဲ… မင်း ဒီနေ့ သေကို သေရမှာ…”

ကောင်းယောင်တုံ အပိုစကား မပြောတော့ဘဲ အခြား လက်တစ်ဖက်က နောက်ထပ် ဓားမြောင်တစ်ချောင်း ထုတ်၍ လင်းရီအား ထိုးစိုက်ရန် ဟန်ပြင်သည်။

“ ရပ်စမ်း…”

ချိုးယွီလော့၏ အသံက ထွက်ပေါ်လာပြီး ကောင်းယောင်တုံ၏ လှုပ်ရှားမှုတို့က ရုတ်ချည်း တောင့်တင်းသွားခဲ့၏။ သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ နာ့စ် ယူနီဖောင်းနှင့် အမျိုးသမီး တစ်ဦးက သူ့အား သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို မြင်တွေ့လိုက်ရလေသည်။

“ မင်း လုပ်ဝံ့လား..”

“ မေ့လိုက်တော့…”

လင်းရီ မတ်တပ်ရပ်၍ ကောင်းယောင်တုံ၏ ဓားမြောင်များကို ဆတ်ခနဲ လုယူလိုက်ပြီး “ ငါသာ သတ်ဖို့ အဲ့သလောက်လွယ်နေရင် ဒီနေ့ထိ အသက်ရှင်နေမှာတောင် မဟုတ်ဘူး..”

“ ပြော… စွန်းမန်လုံ မင်းကို ဒီလာဖို့ ခိုင်းလိုက်တာလား…”

လင်းရီ တည်ငြိမ်စွာ မေးလိုက်သည်။

“ ငါ ဒီအလုပ် စလုပ်ကတည်းက ဒီလိုမျိုး အဖြစ်အပျက်ကို ကြိုမျှော်လင့်ပြီးသား… မင်းငါ့ကို အခု ပို့စရာရှိတာ ပို့လိုက်တော့…” ကောင်းယောင်တုံ အေးစက်စက် ပြောလိုက်သည်။

“ ဘယ်ပို့ရမှာ…”

“ ရဲစခန်း…”

“ ငါမင်းကို ကျွမ်းကျင်တယ်ဆိုပြီး ခုလေးတင် ချီးမွမ်းခဲ့တာ ဒီလို စကားမျိုး ပြောလာလိမ့်မယ်လို့ ထင်ကို ထင်မထားခဲ့တာ… မင်းက တော်တော်လေး အတွေ့အကြုံ မရှိတဲ့လူပဲ…” လင်ရီ ပြောလိုက်ပြီး “ ငါသာ သာမန် စီးပွားရေး သမား တစ်ယောက်ဆိုရင် သေနတ်သမားတွေ ဘယ်လိုလုပ် ရှိနိုင်မှာလဲ…”

“ အဲ့တာက….”

လင်းရီ၏ စကားလုံးကြောင့် ကောင်းယောင်တုံသည် ပြဿနာ၏ ပြင်းထန်လေးနက်မှုကို သတိပြုမိသွားခဲ့သည်။

“ မင်းငါ့ကို တရားမဝင် ထိန်းသိမ်းထားချင်တယ်လို့တော့ မပြောနဲ့…”

“ ငါက နိုင်ငံကြီးသား တစ်ယောက်ပါ… တရားဥပဒေကို ဆန့်ကျင်တာတွေ ဘယ်လိုလုပ်နိုင်မှာလဲ…” လင်းရီ ချိုးယွီလော့အား အကြည့်တစ်ချက် ပေးလိုက်၏။

“ သူ့ကို မင်းရဲ့ အိုင်ဒီပြလိုက်…”

ချိုးယွီလော့ သူမ၏ အိုင်ဒီကို ထုတ်လိုက်တော့ ကောင်းယောင်တုံ မြင်တွေ့သွားခဲ့ပြီး သူ၏ မျက်နှာသည်လည်း ညိုးနွမ်းသွားခဲ့တော့သည်။

“ ဒီတော့ မင်းတို့က …. စစ်တပ်ဘက်ကပေါ့…”

“ ငါ့ ဒီ အိုင်ဒီကို ဘယ်ကနေ သွားယူလာခဲ့တယ်လို့ မင်းထင်နေလို့…”

လင်းရီ ခြေချိတ်ထိုင်လိုက်ပြီး လက်ထဲရှိသည့် ဓားမြောင်ကို လှည့်ကစားနေသည်။

“ မင်း ပူးပေါင်းပေးတာ အကောင်းဆုံးပဲ… အဲ့တာက နှစ်ဦး နှစ်ဖက်လုံးအတွက်လည်း ကောင်းတယ်..”

“ ငါ အခုလေးတင် ပြောပြီးပြီပဲ… ငါတို့ ဒီလောကထဲ စဝင်ကတည်းက ဒီလို နေ့မျိုး ရောက်လာမှာကို မျှော်လင့်ထားပြီးပြီ… မင်း ခြိမ်းခြောက်လည်း မကြောက်ဘူး.. ငါ ရှေ့နေ ခေါ်မယ်…”

“ ရှေ့နေလား… မင်း တယ် စိတ်ကူးယဉ်ဆန်ပါလားကွ ဟမ်… မင်းရဲ့ ရှေ့ အရင် နင်ဂျာ နှစ်ဖော်လည်း ဒီလိုစကားမျိုး ပြောခဲ့တာပဲ… ဟိုက မင်းထက်တောင် ကြမ်းသေး… အဆုံးကျတော့လည်း ငါ မေးသမျှ ဖြေသွားခဲ့ရတာချည်းပဲ…”

လင်းရီ စိတ်မရှည်စွာဖြင့် နားကလော်လိုက်ရင်း ချိုးယွီလော့ကို ကြည့်လိုက်သည်။

“ ကျန်းသရုံကို ခေါ်ပြီး ဆေး ဌာနကို အခန်းထဲ မူးယစ်ဆေးနည်းနည်း ပို့ပေးဖို့ ပြောလိုက်… ငါ အရင်ဆုံး သူ့ကို ဆေးတစ်ချက် ထိုးပေးထားမယ်..”

အမှန်တော့ ဆေးရုံတွင် အသုံးပြုသည့် ဆေးအများစုကို ထိန်းချုပ်ကန့်သတ်ထားသည့် ပစ္စည်းဟု သတ်မှတ်၍ ရနိုင်သည်။ သို့သော် ထိခိုက်မှု မရှိဘဲ ဝေဒနာ သက်သာစေသည့် ဆေးတစ်ခု အဖြစ် ကိုင်တွယ် အသုံးပြုနေလျက် ရှိ၏။

“ ရတာပေါ့…”

“ မင်း … မင်း ဘာတွေလုပ်ဖို့ ကြံနေတာလဲ…”

“ ဒီတိုင်းပဲ… မင်းကို ဆေးပေးချင်ရုံပါ..” လင်းရီ တည်ငြိမ်စွာ ပြောလိုက်ပြီး “ မင်း ဘယ်လောက် တောင့်ခံနိုင်မလဲ ကြည့်တာပေါ့… တကယ်လို့ မင်းမှာ ဇနီးနဲ့ ကလေးတွေ ရှိရင် မင်း ကြုံတွေ့ခဲ့ရသလိုမျိုး သူတို့ကို လုပ်မယ်… ဘာပဲဆိုဆို မင်းတို့က မိသားစုတွေပဲမလား… စံရင်လည်း အတူတူ ၊ ခံရင်လည်း အတူတူပေါ့.. “

“ မင်း … မင်း …”

ကောင်းယောင်တုံ၏ အမူအရာသည် ရုတ်ချည်းဆိုသလို သွေးဆာ ကြမ်းကြုတ်လာခဲ့သည်။

“ မင်းတို့က စစ်တပ်က မဖြစ်နိုင်ဘူး… စစ်တပ်က လူတွေက ဒီလို အလုပ်တွေ ဘယ်တော့မှ မလုပ်ဘူး…”

“ မှန်တယ်… ငါတို့က မဟုတ်ဘူး.. တခြား ဌာန တစ်ခုက… ဒီတော့ မရောထွေးလိုက်နဲ့…” လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ ငါက စကားတည်တဲ့ လူစားမျိုးဆိုတာလည်း မင်း မှတ်ထားလိုက်ဦး… ငါ မင်းဆီက အဖြေတစ်ခု ရဖို့ အကြာကြီး စောင့်ပေးမယ် ထင်မနေနဲ့…”

“ အခန်း ၁၄၀၇ က မင်းရဲ့ အပေါင်းအပါလည်း ငါတို့လူတွေ နှိမ်နင်းတာ ခံရပြီးလောက်ပြီ… သူတို့ မင်းထက်အရင် ဝန်ခံလိုက်ရင် အသုံးမဝင်တော့တဲ့ လူတစ်ယောက် ဖြစ်ရတာရဲ့ အကျိုးဆက်တွေကို မင်းသိပါတယ်…”

“ ဒါက…”

ကောင်းယောင်တုံ၏ နဖူးပြင် တစ်ခုလုံး ချွေးအေးတို့ စီးကျနေလျက် ရှိသည်။ သူ အလွန်အမင်း ကြောက်လန့်တုန်လှုပ်နေသည်။

ထိုသို့သော ဆေးဝါးများနှင့် သူ တစ်ကြိမ်တစ်ခါမျှ ထိတွေ့ အသုံးပြုခဲ့ခြင်း မရှိသော်လည်း အကျိုးဆက်များကို သူ ကောင်းကောင်းကြီး သိသည်။ အဖွဲ့အစည်းအတွင်း၌ အစ်ကိုကြီး စွန်းကပင် ထိုသို့သော ဆေးဝါးများ အသုံးပြုသည်ကို ပြင်းပြင်းထန်ထန် တင်းကြပ်ထား၏။

တစ်စုံတစ်ယောက်က ထိတွေ့မိပြီဆိုတာနှင့် သူတို့၏ ဘဝတစ်ခုလည်း စုံးစုံးနစ်မြုပ်ချေပြီ။

သေသွားသည်က ပိုကောင်း၏။

Tick-tock ….

Tick-tock ….

Tick-tock ….

နာရီ လက်တံက တရွေ့ရွေ့နှင့် ရွေ့လျားနေပြီး ကောင်းယောင်တုံ၏ နောက်ကျော တစ်ပြင်လုံးလည်း ချွေးစေးတို့ဖြင့် ရွှဲနစ်နေလျက် ရှိသည်။ ရေချိုးထားသည်ဟုတောင် ထင်ရ၏။

အခြားတစ်ဖက်တွင်တော့ လင်းရီမှာမူ စကားတစ်လုံးမျှ မပြောဘဲ သူ့ဖုန်းသူသာ ကြည့်နေသည်။

ချိုးယွီလော့မှာ လင်းရီကို ကြိတ်ပြီး လေးစားနေမိတော့၏။

ယခုလို စစ်ဆေးမေးမြန်းခြင်းက အညှာအတာ ကင်းမဲ့စွာဖြင့် စိတ်ကို ညှင်းပန်းခြင်းပင်။

စကားပြောရန် မလိုချေ။ အချိန်တစ်ခုတည်းက အလိုအလျောက် သူတို့ကို လဲပြိုသွားစေရန် လုံလောက်သည်။

အချိန်တို့ တဖြည်းဖြည်း ကြာညောင်းလာလေ ၊ သူတို့ စိတ်ထဲ ခံစားရသည့် ဖိအားတို့က ကြီးသထက် ကြီးမားလာပြီး နောက်ဆုံး၌ လက်မှိုင်ချလိုက်ကြရမည်။

“ ငါ ပြောမယ်.. ငါ ပြောမယ်… ငါမင်းကို အားလုံး ပြောပြမယ်…”

ချိုးယွီလော့ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

အရမ်း ထိရောက်တာပဲ။

“ ဆောရီး… မင်း သိပ်နောက်ကျသွားပြိ..”

လင်းရီ သူ၏ ဖုန်းကို ကောင်းယောင်တုံရှေ့ မြင်သာအောင် ပြလိုက်ရင်း “ ရှေ့တစ်မိနစ်တုန်းကပဲ မင်းရဲ့ အပေါင်းအပါက အကုန်လုံး ပြောပြပြီးသွားပြီ… ဒီတော့ မင်းကို မလိုအပ်တော့ဘူး..”

All Chapters