← Chapters

ချန်စန်းရှင်းဟိုင်စကြာဝဠာ၏လှုပ်ရှားမှု

Vol. 95 Ch. 1328

ချန်စန်းရှင်းဟိုင်စကြာဝဠာ၏လှုပ်ရှားမှု

Vol. 95 Ch. 1328

အခန်း (၁၃၂၈) ချန်စန်းရှင်းဟိုင်စကြာဝဠာ၏လှုပ်ရှားမှု

ရှေးဟောင်းပေတံက သာမန်အသွင်ရှိပြီး ချန်ချန်းဟွာ တိုက်ပွဲတွင် အသုံးပြုခဲ့သည့်အချိန်ကလောက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မကောင်းလှပေ။

သို့သော် ထိုပစ္စည်းက တကယ့် ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်၏။

မည်သည့်သိုင်းသူတော်စင်မဆို ဤရတနာပစ္စည်းကိုတွေ့လျှင် စိတ်ဝင်စားကြမည်သာ ဖြစ်သည်။

ပြီးတော့ ချန်ခွန်းဟွာက ဤရတနာပစ္စည်း၏ စွမ်းအားကြီးမားမှုကို ကြားဖူးသည်ဖြစ်ရာ အမြဲတမ်း တွေ့မြင်ရရန် မျှော်လင့်နေခဲ့သူ ဖြစ်သည်။

သူက ချန်ချန်းဟွာကို ကြည့်ရင်း...

“အစ်ကိုကြီး... မင်းက အစစ်အမှန်နတ်ဘုရားအဆင့်ကို အခုမှတက်ပြိးတာ ၊ ထျန်းရှင်းပေတဲ့က အစ်ကိုကြီးအတွက် အခုချိန်မှာ အရမ်းအဆင်ပြေ....”

သူ့စကားမဆုံးခင်မှာပင် ချန်ချန်းဟွာက ပျင်းရိဟန်ဖြင့် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ပြီး...

“ကိစ္စမရှိဘူး...”

သူက ဆက်ပြောလိုက်သည်။

“မင်း ယူထားလိုက် ၊ မင်း အခုသုံးလို့မရသေးရင်တောင် ဖြည်းဖြည်းချင်း လေ့ကျင့်ပေးလိုက်”

သူစကားပြောနေစဉ်မှာပင် ရှေးဟောင်း ကြေးနီပေတံက ချန်ခွန်းဟွာလက်ထဲသို့ ကျရောက်သွားသည်။

ချန်ခွန်းဟွာ တိတ်ဆိတ်နေပြီး သူ့လက်ထဲမှအလေးချိန်ကို အာရုံခံလိုက်မိသည်။ ထို့နောက် မျက်လုံးများကိုမှေးမှိတ်ပြီး မငြိမ်မသက်ဖြစ်နေသည့် စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်သည်။

အချိန်အတန်ကြာပြီးမှ သူက မျက်လုံးများ ပြန်ဖွင့်လိုက်သည်။

သူ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပြီဖြစ်သော်လည်း ပိုပြီးစိတ်ရှုပ်ထွေးနေဟန် ရှိ၏။

အရာအားလုံး ပုံမှန်အတိုင်းဖြစ်သွားပြီးနောက် ချန်ခွန်းဟွာက လက်တန်းပါသည့်ထိုင်ခုံထက်တွင် ပျင်းရိစွာထိုင်နေသော လူငယ်ကို လှမ်းကြည့်လိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”

သူတို့က ညီအစ်ကိုရင်းများဖြစ်ကြသော်လည်း ဤရတနာပစ္စည်းက အလွန်အဖိုးတန်လေသည်။

ချန်ချန်းဟွာက ထျန်းရှင်းပေတံအား သူ့ကို ယာယီငှားယမ်းခြင်းမဟုတ်ဘဲ ထာဝရ ပိုင်ဆိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

ချန်ချန်းဟွာက ထျန်းရှင်းပေတံထံတွင် သူချန်ထားခဲ့သောအမှတ်သားကို ပြန်လည်သန့်စင်ပြီး ပယ်ဖျက်လိုက်သဖြင့် ထိုအမှတ်အသားက လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

“အစ်ကိုကြီး ဒီလောကကြီးမှာ ဘာတွေဖြစ်နေတာလဲ ၊ ဟိုးအရင်ကတည်းက အထက်ဘုံကမ္ဘာကထွက်ခွာသွားတဲ့ မီးလျှံထက်ယံအရှင်သခင်က ရုတ်တရက်ပြန်ရောက်လာတယ် ၊ သူက မူလကောင်းကင်ကပ်ဘေးကိုဖြေတ်ကျော်ပြီး ကောင်းကင်နတ်ဘုရားတစ်ပါးအဖြစ် အဆင့်တက်သွားတယ် ၊ ပြီးတော့ ဒဏ္ဍာရီထဲက မြောက်ပိုင်ကြယ်စင်ဧကရာဇ်လည်း ပြန်ပေါ်လာတယ်”

တင်းမာနေသည့်စိတ်ခံစားချက်များ ပြေလျော့သွားသည်နှင့် ချန်ခွန်းဟွာက မဆိုင်းမတွပင် မေးခွန်းများ မေးမြန်းလိုက်သည်။

ချန်ချန်းဟွာ၏မျက်နှာထက်တွင် ပျင်းရိငြီးငွေ့ဟန်ရှိနေဆဲဖြစ်သော်လည်း သူ့မျက်ဝန်းများက ရုတ်တရက် တောက်ပသွားသည်။

“မင်းက သိချင်လို့လား”

“အဲ...”

ချန်ခွန်းဟွာက စပ်စုချင်သော်လည်း အစ်ကိုဖြစ်သူ၏ မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

“မသိချင်ပါဘူး”

ချန်ချန်းဟွာက အရေးမစိုက်ဟန် ပျင်းရိပျင်းတွဲ ပြုံးလိုက်ပြီး ဘာမှ ထပ်မံစကားဆိုခြင်း မရှိတော့ပေ။

ချန်ခွန်းဟွာက...

“အစ်ကိုကြီး... အဲဒီကိစ္စတွေထဲမှာဝင်မပါဖို့ အစ်ကိုကြီး ဆုံးဖြတ်ခဲ့တာ မှန်ကန်တယ်လို့ ပြောနိုင်တယ်”

ချန်ချန်းဟွာက အေးဆေးစွာဖြင့်...

“ငါက ဘာမှဝင်ပါစရာမလိုဘူးလေ”

သူက ဆက်ပြောသည်။

“အစပိုင်းတုန်းက သူတို့က ငါ့ကို စိတ်ပျက်အောင်လုပ်ကြတယ်လေ ၊ အဲဒါကြောင့် ရလဒ်က ရှင်းနေပြီလို့ ထင်ခဲ့မိတယ် ၊ ဒါကြောင့် ငါ လုံးဝ စိတ်မဝင်စားတော့ဘူး”

“ဒါပေမဲ့ နောက်ဆုံးတော့ သူပြန်ရောက်လာတာက ငါ့ကို ထင်မှတ်မထားတဲ့ အံ့အားသင့်မှုတွေ ပေးလိုက်တယ်”

ချန်ချန်းဟွာ စကားပြောနေရင်း သူ၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာသည်။

“ဝင်မပါဘဲ ပွဲထိုင်ကြည့်နေရင်းတောင် ငါအရမ်း စိတ်ကျေနပ်သွားတယ် ၊ ဘာဖြစ်သွားတယ်ဆိုတာ ငါကိုယ်တိုင်တောင် မတုံ့ပြန်လိုက်နိုင်ဘူး”

“ဒီပွဲက အရမ်းစိတ်လှုပ်ရှာစရာကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းတယ်”

ထို့နောက် သူက ရူးသွပ်သူတစ်ယောက်ပမာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ချန်ခွန်းဟွာ သူ့ကို ခေါင်းမော့ကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချရင်း မချိပြုံးတစ်ချက် ပြုံးလိုက်မိသည်။

“အစ်ကိုကြီး... ကျွန်တော် ဘာမှပြောလေ့မရှိပါဘူး ၊ ဒါပေမဲ့ တစ်ခုတော့ ပြောပါရစေ”

သူက ဆက်ပြောလိုက်သည်။

“အစ်ကိုကြီး စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတွေကို ရှာဖွေနေတယ်ဆိုရင်တောင်... ဘယ်သူ့ဘက်ကိုမှလိုက်ပြီး ဝင်မပါပါနဲ့ ၊ နောက်ပိုင်းမှာ အစ်ကိုကြီးရဲ့လုပ်ရပ်တွေကို သေချာစဉ်းစားသုံးသပ်စေချင်ပါတယ်”

ချန်ချန်းဟွာ၏ရယ်သံ ရုတ်တရက် ရပ်တန့်သွားသည်။

သူက မျက်ခုံးတစ်ချက်ပင့်ပြီး ချန်ခွန်းဟွာကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ချန်ခွန်းဟွာက အားတင်းပြီး ဆက်ပြောလိုက်သည်။

“အစ်မကိုကြီး... ဘာတွေဖြစ်နေတယ်ဆိုတာ ကျွန်တော် သေချာမသိပေမယ့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်လိုမျိုး ကြီးကျယ်တဲ့ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာတယ်ဆိုတော့ ဒီကိစ္စက အရမ်းကို ကြီးမားတဲ့ကိစ္စ ဖြစ်ရမယ်”

“အစ်ကိုကြီးက သေခြင်းရှင်ခြင်းကြာားက မသေချာမရေရာမှုတွေနဲ့ စိတ်လှုပ်ရှာစရာကောင်းတဲ့ကိစ္စတွေကြားမှာ နေရတာကို နှစ်သက်တယ်ဆိုတာ ကျွန်တော် သိပါတယ် ၊ ဒါပေမဲ့ အစ်ကိုကြီး သေဆုံးသွားမယ်ဆိုရင် ဘာကိစ္စမှ အဓိပ္ပါယ်မရှိတော့ဘဲ ပျင်းစရာကောင်းသွားမှာပဲ မဟုတ်လား”

“ဟားဟား...”

ချန်ချန်းဟွာက နောက်တစ်ကြိမ် ထပ်မံ ရယ်မောလိုက်သည်။

“ဟုတ်တယ်... ငါက အဖြေသိပြီးသားကိစ္စတွေကို စိတ်မဝင်စားတတ်ဘူး ၊ ငါက ဒီကိစ္စတွေထဲ မင်းကိုပါ ဆွဲထည့်မှာ စိုးရိမ်နေတာ မဟုတ်လား ၊ ဒါပေမဲ့ မင်း ဒီကိစ္စတွေထဲရောက်သွားရင်ဘဝရဲ့ပျော်ရွှင်စရာအတွေ့အကြုံတွေ ရရှိမယ်ဆိုတာ ငါယုံကြည်တယ်”

ချန်ခွန်းဟွာ မည်သည့်စကားမှမဆိုဘဲ မချိပြုံးသာ ပြုံးလိုက်နိုင်သည်။

ချန်ချန်းဟွာမျက်နှာထက်မှ ပျင်းရိပျင်းတွဲအမူအရာပျောက်ကွယ်သွားပြီး သူက မကျေမနပ်ဟန်ဖြင့်...

“ကံမကောင်းတာက အခြေအနေတွေက ခဏတော့ အေးချမ်းငြိမ်သက်နေဦးမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“ငါ ဒီလောက် စိတ်လှုပ်ရှားကျေနပ်စရာ အဖြစ်အပျက်တွေကို အများကြီးတွေ့ကြုံခံစားခဲ့တာ ၊ အေးချမ်းငြိမ်သက်နေတဲ့နေ့ရပ်တွေကို ဘယ်လိုလုပ် ဖြတ်သန်းရမလဲ”

ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းလျှက် သီးခြားနယ်မြေမှ ထွက်ခွာသွားလေတော့သည်။

***

ချန်စန်းရှင်းဟိုင်စကြာဝဠာ ဆိုသည်က နတ်မိစ္ဆာမျိုးနွယ်များ ပုန်းအောင်နေထိုင်သည့် စကြာဝဠာတစ်ခု ဖြစ်သည်။

လက်ရှိမှာတော့ ကျယ်ပြန့်လှသည့် ကြယ်စင်အစုအတေးထဲတွင် မိစ္ဆာလေပြင်းများ မရပ်မနား လှည့်ပတ်နေကြသည်။ ၎င်းမိစ္ဆာလေပြင်းများက ပုံမှန်ထက် မငြိမ်မသက် ဖြစ်နေကြသည်။

ထို့နောက် ဗလာနယ်ထဲတွင် ကြီးမားသည့်ကမ္ဘာတစ်ခု ပေါ်လာသည်။

နေရောင်ခြည်အလင်းတန်းများက မျောလွင့်နေသည့်တိမ်တိုက်များနှင့် ယှက်နွယ်နေပြီး ထိုကမ္ဘာက နတ်ဘုံနတ်နန်းတစ်ခုပမာ ဖြစ်၏။

နတ်မိစ္ဆာလေပြင်းများက ထိုနတ်ဘုံနတ်နန်းအတွင် ဝင်ရောက်သွားသည်နှင့် အေးခြမ်းငြိမ်သက်သွားပြီး သူတို့၏ သွေးဆာခြင်းနှင့် ဆိုးယုတ်ခြင်းများ အနည်းငယ် ပြေလျော့သွားသလို ခံစားရသည်။

ထိုနတ်ဘုံနတ်နန်းနှင့်ဆင်တူသော ကမ္ဘာတွင် နတ်တောင်တစ်တောင်ရှိပြီး ထိုနတ်တောင်ထက်တွင် ကျောက်ဂူအိမ်တော်တစ်ခု ရှိနေသည်။

ကျောက်ဂူအိမ်တော်ထဲတွင် ထိုင်နေကြသော လူရိပ်များစွာကို တွေ့မြင်ရလေသည်။

“မျက်လုံးတစ်ရာတာအိုဆရာ မရောက်သေးဘူးလား”

ဘေးတစောင်းအနေအထား လဲလျောင်းနေသူတစ်ယောက်က မေးမြန်းလိုက်သည်။

ထို့နောက် သူက သူ့အရှေ့ စားပွဲထက်မှ သွေးသံရဲရဲအသားတုံးတစ်တုံးကိုယူပြီး ပါးစပ်ထဲပစ်ထည့်လိုက်သည်။

သူ အသားတုံးကိုဝါးနေစဉ် ကြိုးကြိုးကြွပ်ကြွပ်အသံများထွက်ပေါ်လာပြီး ထိုအသားတုံးထဲတွင် သွေးစွမ်းအားနှင့် ဝိညာဉ်စွမ်းအားများ ပင်လယ်တစ်စင်းပမာ များပြားစွာ ပါဝင်သည်ကို တွေ့ရသည်။

ထိုသူနှင့်မျက်နှာချင်းဆိုင်တွင် တာအိုဆရာတစ်ယောက်ရုပ်သွင်ရှိသော သက်လတ်ပိုင်းလူရွယ်တစ်ယောက် ထိုင်နေသည်။

သူ့မျက်နှာက ကရုဏာတရားရှိသူတစ်ယောက်ပမာဖြစ်ပြီး သူ့ထံမှ မိစ္ဆာချီစွမ်းအားအငွေ့အသက်များထွက်ပေါ်နေခြင်း လုံးဝမရှိပေ။

သူက ယခုရှိနေသော ကျောက်ဂူအိမ်တော်၏ အိမ်တော်သခင် ဖြစ်သည်။

သူက ရိုးရှင်းစွာဖြင့်...

“မျက်လုံးတစ်ရာတာအိုဆရာက သူ့ရဲ့ဆေးပြင်းဖိုနဲ့ နတ်ဆေးလုံးဖော်စပ်ဖို့ အလုပ်များနေတယ် ၊ သူ အောင်မြင်ဖို့ နည်းနည်းပဲလိုတော့တယ်”

ဘေးနားမှ မဟာနတ်မိစ္ဆာကြီးတစ်ယောက်က ပြုံးလိုက်ရင်း...

“သူက အဆိပ်ပဲဖော်တတ်တာ ၊ ဘယ်လိုလုပ် နတ်ဆေးလုံးဖော်စပ်နိုင်မှာလဲ”

ထိုစကားကြားတော့ ကျောက်ဂူအိမ်တော်သခင်က စကားမဆိုဘဲ ပြုံးလိုက်သည်။

လဲလျောင်းနေသည့်နတ်မိစ္ဆာက အသားတုံးဝါးရင်း စဉ်းစားလိုက်သည်။

“နတ်ဆေးလုံးဆိုမှ သတိရတယ် ၊ ကောင်းကင်ဘုံနန်းတော်က အဂ္ဂိရတ်ခန်းမက မဟာကပ်ဘေးကြီးအတွင်းမှာ ပျက်ဆိးမသွားဘဲ အခုချိန်ထိ ကျန်ရှိနေသေးတယ်လို့ သတင်းကြားတယ် ၊ တကယ်တော့ မကြာခင်က အဲဒီခန်းမ ပြန်ထွက်ပေါ်လာတယ်ဆိုပဲ”

ကျောက်ဂူအိမ်တော်သခင်က...

“အဲဒီအဂ္ဂိရတ်ခန်းမက အခု ယွိချင်အဆက်အနွယ်တပည့်တစ်ယောက်လက်ထဲ ရောက်နေတယ် ၊ ဒါပေမဲ့ ပြင်ပဗလာနယ်ထဲမှာဖုံးကွယ်ထားတဲ့အတွက် ရှာဖွေဖို့ အရမ်းခက်ခဲတယ်”

ထိုစကားကြားတော့ နေရာတွင်ရှိနေသည့် နတ်မိစ္ဆာများအားလုံး သက်ပြင်းကိုယ်စီချလိုက်ကြသည်။

“နှမျောစရာပဲ... နှမျောစရာပဲ”

မဟာနတ်မိစ္ဆာကြီးတစ်ယောက်က မေးခွန်းထုတ်လိုက်သည်။

“အဲဒီခန်းမကို ရှာဖွေဖို့ နည်းလမ်းမရှိဘူးလား”

ကျောက်ဂူအိမ်တော်သခင်က...

“အဲဒီခန်းမ ကိုယ်တိုင်ထွက်ပေါ်မလာသရွေ့ ရှာဖို့ခက်တယ်”

သူက ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါတို့မှာ အဲဒီကိစ္စကို အာရုံစိုက်ဖို့ အချိန်မရှိဘူး ၊ ယွိချင်အဆက်အနွယ်က ထူးချွန်တဲ့လူငယ်တစ်ယောက် ထွက်ပေါ်လာတယ် ၊ အခြေအနေနဲ့ ပြောင်းလဲမှုတွေက ငါတို့မျှော်လင့်ထားတာထက် ပိုကြီးမားတယ် ၊ ဒီတော့ ငါတို့ဘက်ကလည်း အင်အားကြီးအောင်ပြင်ဆင်ရမယ် ၊ အရင်က ငါတို့ခွဲဝေချထားတဲ့ လူအင်အားက မလုံလောက်တော့ဘူး”

မဟာနတ်မိစ္ဆာတစ်ယောက်က ချီးကျူးစကားပြောလိုက်သည်။

“မီးလျှံနဂါးကမ္ဘာက သွေးနှောတစ်ယောက်က နှစ်ပေါင်းထောင်ပိုင်းလောက်လေးနဲ့ ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်လှမ်းသွားနိုင်မယ်လို့ ဘယ်သူထင်မှာလဲ ၊ ပြီးတော့ သူက အရမ်းထူးချွန်တဲ့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း ပိုင်ဆိုင်ထားသေးတယ်”

သူ့နံဘေးမှလူက ခေါင်းခါယမ်းရင်း...

“လူတိုင်းမှာ သူ့ကံကြမ္မာနဲ့သူရှိတယ် ၊ သူ ဒီနေရာမှာပဲနေမယ်ဆိုရင် ဒီလိုအောင်မြင်မှုမျိုး ရနိုင်မှာမဟုတ်ဘူး”

“အမှန်ပဲ... ငါတို့လည်း လုပ်သင့်တာ လုပ်ကြရအောင်”

ကျောက်ဂူအိမ်တော်သခင်က ဆိုလိုက်သည်။

“အခု အစားအသောက်တွေစားပြီးတာနဲ့ ခရီးထွက်ရမယ် ၊ အရှင့်သားညွှန်ကြားထားတဲ့အတိုင်း လုပ်ဆောင်ရမယ်”

လဲလျောင်းနေသည့် မဟာနတ်မိစ္ဆာကြီးက နှာတစ်ချက်မှုတ်ရင်း...

“ဒီလောက်အချိန်တွေကြာအောင် စိတ်ထဲမှာ အောင့်အည်းသည်းခံထားရတာတွေကို နောက်ဆုံးတော့ ဖွင့်ထုတ်နိုင်တော့မယ် ၊ စိတ်မကောင်းစရာက သုခဘုံက ဘုန်းကြီးသူခိုးတွေကို မဖြိုခွင်းနိုင်သေတာ စိတ်မကောင်းစရာပဲ”

ကျောက်ဂူအိမ်တော်သခင်က အေးဆေးစွာ ပြုံးလိုက်ရင်း...

“တကယ်လို့ မင်းတို့အားလံဒး အမတခုံရုံးကမိစ္ဆာကျင့်ကြံသူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ပြဿနာမရှိဘူး ၊ ဒါပေမဲ့ အနောက်ဒေသ သူတော်စင်ဘုံကလူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်တော့ သတိတစ်ချက်လွတ်တာနဲ့ မင်းတို့ကို သူတို့ရဲ့စီးတော်လုပ်ဖို့ ဖမ်းသွားကြလိမ့်မယ်”

“ဟေ့ ဟေ့ ပါးစပ်ပိတ်လိုက်စမ်း”

လဲလျောင်းနေသည့် မဟာနတ်မိစ္ဆာကြီးက ရုတ်တရက်ထထိုင်လိုက်ပြီး ကျောက်ဂူအိမ်တော်သခင်ကို ဒေါသတကြီး စူးစိုက်ကြည့်လိုက်သည်။

ကျောက်ဂူအိမ်တော်သခင်က သူ့ကိုမကြည့်တော့ဘဲ အရှေ့တွင်ရှိသည့် တခြား မဟာနတ်မိစ္ဆာတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“အချိန်အကြာကြီး ပုန်းအောင်းနေပြီးတဲ့နောက် ငါတို့တွေ ဒီလောကမှာ ပြန်ထွက်ပေါ်လာနိုင်ဖို့ အခွင့်အရေးရပြီ ၊ နတ်မိစ္ဆာအပေါင်းတို့... ဒါက အစပဲရှိသေးတယ် ၊ မင်းတို့တွေ အောင်ပွဲခံနိုင်ပါစေလို့ ဆုမွန်တောင်းပါတယ်”

ထို့နောက် သူက သူ့အရှေ့မှ သေရည်အိုးကိုမြှောက်ပြီး အထဲမှ သေရည်များကို ကုန်စင်အောင် သောက်လိုက်သည်။

အခြားနတ်မိစ္ဆာများကလည်း သူတို့၏ သေရည်အိုးများကို ကိုင်မြှောက်လိုက်ကြသည်။

ကျောက်ဂူအိမ်တော်သခင်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် မဟာနတ်မိစ္ဆာကြီးက နှာတစ်ချက်မှုတ်လိုက်ပြီး သေရည်များကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ထို့နောက် သေရည်အိုးကို ကြမ်းပြင်ပေါ်ထက်သို့ပစ်ချပေါက်ခွဲပစ်လိုက်ပြီး ကြမ်းတမ်းရက်စက်စွာ စကားဆိုလိုက်၏။

“သွားကြမယ်... စိတ်ကြိုက်သတ်ဖြတ်ကြမယ်ဟေ့...”

All Chapters