← Chapters

အခန်း (၃၄၉)

Vol. 24 Ch. 349

အခန်း (၃၄၉)

Vol. 24 Ch. 349

"အခု ခင်ဗျားရဲ့အလှည့်ပဲ … "

မိုးကြိုးစပါးအုံးမြွေများက လေထဲတွင် လှည့်ပတ်လှုပ်ရှားနေသေးသည်။ သူတို့၏ လှုပ်ရှားမှုကြောင့် ဟွမ်တိုင်နှင့် ဖန်းယုတို့၏မျက်လုံးထဲတွင် အလွန်တောက်ပသော ခရမ်းရောင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာနေ၏။

အလွန်လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်က လေထဲတွင် ရပ်နေပြီး လက်ထဲတွင်တော့ ဓားတစ်ချောင်းကို ကိုင်၍ ရန်သူကို ချိန်ရွယ်ထားသည်။

"ရဲမက်နတ်ဆိုးက သေသွားခဲ့ပြီလား ။ ရဲမက်နတ်ဆိုးက တကယ်ပဲ သေသွားခဲ့ပြီလား။ ကမ္ဘာကြီးကို ဖျက်ဆီးခဲ့တဲ့ရဲမက်နတ်ဆိုးက ဒီလိုမျိုးပဲ သေသွားခဲ့တာလား…"

သူတို့က အလွန်ထိတ်လန့်အံ့ဩနေကြသည့်အတွက် တည်ငြိမ်နိုင်ခြင်း မရှိသည်မှာ အကျိုးအကြောင်း ဆီလျော်လှသည်။ ရဲမက်နတ်ဆိုးက ကောင်းကင်ဖျက် မကောင်းဆိုးဝါး နန်းတော်ထဲတွင် နာမည်အကျော်ကြားဆုံး ဖြစ်ခဲ့ဖူးသည်။ သူက အလွန်ရက်စက်ကြမ်းကြုတ်ပြီး မကောင်းဆိုးဝါးဆန်၏။

ခန္ဓာကိုယ်ထဲသို့ မကောင်းဆိုးဝါးချီစွမ်းအင်များ ပေါင်းစပ်လာပြီးနောက် အစစ်အမှန် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာခဲ့သည်။ သူ့အစွမ်းကလည်း သိသိသာသာ တိုးတက်လာခဲ့၏။ သူ့လက်ချက်နှင့် အမှန်တရားဘက်တော်သား ပညာရှင်ပေါင်းများစွာက အသတ်ခံလိုက်ရပြီး အပိုင်းပိုင်း အစစ ဖြစ်ခဲ့ကြရသည်။

ယခင်တုန်းကတော့ ကမ္ဘာမြေကယ်တင်ခြင်း သူတော်စင် (၃)ယောက်ထဲမှ တစ်ယောက်က သူ့ကို သတ်ရန် အခွင့်အရေးများစွာ ရခဲ့သည်။ သို့သော် သူကတော့ ပွတ်ကာသီကာ လွတ်မြောက်သွားပြီး သူ့မိတ်ဆွေများက ကယ်တင်သွားကြ၏။ ထို့ကြောင့် သူ၏မကောင်းသော သတင်းများက သိုင်းလောကတွင် ပျံ့နှံ့နေခဲ့သည်။

ယနေ့တော့ ရဲမက်နတ်ဆိုးက နှစ်စက္ကန့်ခန့် အတောအတွင်း ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားခဲ့၏။ သူ၏သေဆုံးမှုက သူတို့ရှေ့တွင် ဖြစ်နေသော်လည်း အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေသည်။

"ဘုန်း … "

ရဲမက်နတ်ဆိုး၏ ခန္ဓာကိုယ်နှစ်ခြမ်းက မြေပေါ်သို့ လဲကျသွားခဲ့သည်။ ထိုအသံက မိန်းကလေးနှစ်ယောက်နှင့် အနီးအနားတွင် ရှိနေသော သိုင်းလောကသားများ အားလုံးကို တုန်လှုပ်သွားစေနိုင်၏။

မိုးကြိုးအလင်းရောင်များ တောက်ပနေသော မုန့်ချီ၏ ဓားရှည်ကို မြင်သည့်အချိန်တွင် နောက်မှပြေးလိုက်လာသော မီးတောက်နတ်ဆိုး၏ မျက်လုံးထဲ၌ မီးတောက်များ တောက်ပလာသည်။

ပုံမှန်အားဖြင့် ရဲမက်နတ်ဆိုးက သူ ထိန်းချုပ်ထားသော နတ်ဆိုးသားကောင်များ၏ အကာအကွယ် ရှိသည်။ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကပင် သူ့ကို သတ်ရန် အချိန်ပေးရမည်ဖြစ်၏။

သို့သော် သူက တစ်ဖက်ရန်သူကို တိုက်ခိုက်ရန်အတွက် နတ်ဆိုးသားကောင်များကို စေလွှတ်ခဲ့ပုံပေါ်သည်။ အကယ်၍ မီးတောက်နတ်ဆိုးကသာ ဓားပညာ၏ သက်ရောက်မှုကို မခံရဘဲ သူ၏ဒေါသများကို ထိန်းချုပ်နိုင်မည်ဆိုလျှင် ရန်သူက မီးတောက်နတ်ဆိုးကို တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။

ပုံမှန်အခြေအနေမျိုးတွင်တော့ မီးတောက်နတ်ဆိုး၏ ရန်သူကသာ သူ့ကို ဝိုင်းဝန်းတိုက်ခိုက်နိုင်သည့် အကြောင်း ရဲမက်နတ်ဆိုးက ကြိုတွေးထားမိမည်ဆိုလျှင် သူ့အစွမ်းများ ပြန်မရမချင်း ထိုသို့ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သို့သော် ဘဝတွင် စိတ်တိုင်းကျနိုင်သော အ‌ခြေအနေ အနည်းငယ်သာရှိသည်။ အထူးသဖြင့် ပြိုင်ဘက်ဆီ၌ ဆန္ဒများ ပြည့်နှက်နေသည့် အချိန်မျိုး ဖြစ်၏။

မီးတောက်နတ်ဆိုး၏ရင်ထဲတွင် ဒေါသနှင့် အမုန်းတရားမီးတောက်များက နောက်တစ်ကြိမ် လောင်ကျွမ်းလာခဲ့ပြီး မကောင်းဆိုးဝါး ချီစွမ်းအင်များကို မြှင့်တင်ပေးခဲ့သည်။

"ငါ မင်းကို သတ်မယ် … ငါ မင်းကို မီးရှို့ပစ်မယ် … "

မကောင်းဆိုးဝါးနတ်ဆိုး၏ လက်သည်းသဖွယ် ညာလက်က မုန့်ချီကို တိုက်ခိုက်လိုက်သည်။ မီးတောက်များကလည်း သူ့လက်ဝါး အလယ်တည့်တည့်တွင် စုစည်းလာနေ၏။

သူ့အစွမ်းက အလွန်ထက်မြက်လွန်းလှသည့်အတွက် မုန့်ချီက ရှေ့ကို ဆက်တိုးသွားလိုက်ရသည်။

သူက ဘယ်လက်နှင့် အဝေးတွင် ရှိနေသော ချီကျန်းရန်ကို တိုက်ခိုက်လိုက်သည်။ မီးတောက်များက ဓားရှည်တစ်ခု ပုံသဏ္ဌာန် ဖြစ်ပေါ်လာခဲ့၏။ ထိုအရာက ပျံ့နှံ့လာသော ရေခဲချီစွမ်းအင်များကို ချက်ချင်း ထက်ပိုင်းဖြတ်ပစ်လိုက်ပြီး ရေခဲများကို အငွေ့ပျံသွားစေခဲ့သည်။ ရုတ်တရက်ဆိုသလို နယ်မြေတစ်ခုလုံး အဖြူရောင်မြူခိုးများ လွှမ်းခြုံသွားခဲ့၏။

သူက တစ်ယောက်တည်း တိုက်ခိုက်ပြီး မုန့်ချီနှင့် ချီကျန်းရန်တို့ နှစ်ယောက်စလုံးကို သတ်ပစ်ရန် ယုံကြည်ချက် ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် မုန့်ချီက သူ၏ စိတ်ဝိညာဉ်စွမ်းအားအများစုကို ဆုံးရှုံးထားရပြီး ချီကျန်းရန်က အတော်လေးပို၍ အားနည်းနေသည်။

မီးတောက်နတ်ဆိုးက ဘယ်လက်ကို အကူအညီအဖြစ် အသုံးချပြီး ချီကျန်းရန်ကို ဖိနှိပ်ထားသည့်အချိန်တွင် စွမ်းအားအများစု စုစည်းနေသော ညာလက်က သူ၏ နှလုံးသားမီးတောက်များကို သုံးလိုက်သည်။ သူက အကောင်းဆုံးကြိုးစားပြီး အစွမ်းထက်ဆုံး သိုင်းကွက်ကို သုံးလိုက်၏။

သူ၏ညာလက်ထဲတွင် ရွှေရောင်မီးတောက်များ လောင်ကျွမ်းနေသည်။ လက်ဖဝါးအလယ်တွင်လည်း အဆုံးမဲ့ ဝဲကတော့ကြီးတစ်ခုကဲ့သို့ ဖြစ်လာပြီး ပတ်ပတ်လည်တွင် ရှိနေသော လေစီးကြောင်းများအားလုံးကို စုပ်ယူလိုက်သည်။ ထို့ကြောင့် သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးက ပျက်စီးသွားသလို ခံစားလိုက်ရ၏။ စကြဝဠာကြီးတစ်ခုလုံးက သူ့လက်ဝါးထဲတွင် ရှိနေသလို ထင်မှတ်ရသည်။ တိုက်ခိုက်မှုကို ရှောင်တိမ်း၍ မရနိုင်ပေ။

ထို့ကြောင့် မုန့်ချီ လုပ်နိုင်သည့် အရာမရှိဘဲ ခုခံလိုက်ရ၏။ ကြောက်စရာအကောင်းဆုံး အရာကတော့ မုန့်ချီ၏နှလုံးသားထဲတွင် လောင်ကျွမ်းနေသလို ခံစားနေရခြင်း ဖြစ်သည်။ ရုတ်တရက်ဆိုသလို သူက မည်သည့်အရာကိုမျှ မမြင်ရတော့ဘဲ သူ့မျက်စိရှေ့တွင် ရွှေရောင်အလင်းတန်းများသာ ပေါ်လာခဲ့၏။

သူက စိတ်လွတ်သွားပြီး ငရဲမီးတောက်များ ကြားထဲသို့ ကျရောက်သွားသလို ဖြစ်လာသည်။ သူက လောင်ကျွမ်းနေသော မီးတောက်များကြောင့် နာကျင်သွားရပြီး လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ ထိုအရာက သူ့အတွက် အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ ဖြစ်လာခဲ့၏။

"ဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုပဲ…"

ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ အစစ်အမှန် စွမ်းအားလည်း ဖြစ်သည်။ ထိုအရာက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သည့်အပြင် ပင်မဝိညာဉ်ကိုလည်း ထိခိုက်စေနိုင်သည်။

မကောင်းဆိုးဝါးဝိညာဉ်ကျင့်ကြံမှုများက မျက်ခုံးကြား ပင်မတံခါးကို ဖွင့်ရမည့်အစား မကောင်းဆိုးဝါး နတ်ဘုရားမျက်လုံးကို ဖွင့်လိုက်ရုံနှင့် ထူးဆန်းသော စွမ်းအားမျိုးစုံ ရလာနိုင်သည်။ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖြတ်ကျော်နိုင်သော ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်ကတော့ ပို၍ပင် ထူးခြားနေသေး၏။

မုန့်ချီ၏ မူလရန်သူများထဲတွင် မြွေဘုရင်က မတည်ငြိမ်သော အုတ်မြစ် ရှိနေသည့်အတွက် ဟာကွက်တစ်ခု ရှိနေသည်။ အကယ်၍ သူသာ ထူးဆန်းသော အကျိုးသက်ရောက်မှုတစ်ခု လုပ်ဆောင်လိုက်မည်ဆိုလျှင် သူ့အတွက် ကံကောင်းသွားနိုင်၏။

အစိမ်းရောင်ကျင့်ကြံသူ၏ အဆင့်ကလည်း လျော့ကျနေသည်။ မြွေဘုရင်နှင့် အစိမ်းရောင်ကျင့်ကြံသူတို့ နှစ်ယောက်စလုံးက ထိုကဲ့သို့ တိုက်ခိုက်မှုမျိုးကို မတိုက်ခိုက်နိုင်ခဲ့ပေ။ ဒိုအာချာတစ်ယောက်တည်းကသာ ထိုသို့လုပ်ဆောင်နိုင်ခဲ့၏။

သို့သော် သူ၏ တိုက်ခိုက်မှုကို ကျောင်းထိုင်ကိုယ်တော် ရှင်းကျိ၏ ဗုဒ္ဓရတနာက တားဆီးခဲ့သည်။ ထိုသို့ဆိုရာတွင် ဒိုအာချာက အစွမ်းထက်သော စိတ်ဝိညာဉ်စွမ်းအားများကို သုံးပြီး ကျန်းကျိဝေ၏ အာရုံများကို နှောင့်ယှက်ရန် ပုံရိပ်ယောင်များ ဖန်တီးနိုင်ခဲ့သေးသည်။

ထိုကဲ့သို့ လှုပ်ရှားမှုမျိုးနှင့် တိုက်ခိုက်လိုက်သည့်အချိန်တွင် ကောင်းကင်နှင့်မြေကြီး ဆက်သွယ်မှုအဆင့် ရှိနေသော ပညာရှင်များကသာ လွတ်မြောက်နိုင်စွမ်း ရှိသည်။ ကူရှောင်စန်းကလည်း သူတို့ထဲမှ တစ်ယောက်အပါအဝင်ဖြစ်၏။

ကူရှောင်စန်းဆီတွင် ဓမ္မကာရအဆင့် သိုင်းကွက်များ ရှိနေပြီး ကြောက်စရာကောင်းသော အစွမ်းမျိုးရှိသည်။ သူမက လူငယ်မှတ်တမ်းတွင် အဆင့် (၅)ဖြစ်ပြီး တံခါး (၈)ပေါက်အဆင့် ဖြစ်သည်။ ထိုသို့ဆိုရာတွင် သူမက စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီး ဒိုအာချာနှင့် ကျောင်းထိုင်ကိုယ်တော် ရှင်းကျိတို့၏တိုက်ပွဲ မပြီးမခြင်း လှုပ်ရှားခဲ့ခြင်း မရှိပေ။

ကူရှောင်စန်းဆီတွင် မျက်ခုံးကြားပင်မတံခါးကို အာရုံစိုက်ရသည့်လျှို့ဝှက်နည်းလမ်း သို့မဟုတ် အဂတိသခင်မ၏ စိတ်ဝိညာဉ်ခုခံသည့်နည်းလမ်းများ မရှိကြောင်း သူက နားလည်နေခဲ့သည်။ ထိုအချိန်တွင် သူမက အတော်လေး မသက်မသာ ခံစားခဲ့ရ၏။

သူမက ကိုယ့်ကိုယ်ကိုယ် မိန်းကလေးကျိအဖြစ် ဟန်ဆောင်ပြီး စွမ်းအားများအားလုံး ကုန်ဆုံးနေသည့်ပမာ ဟန်ဆောင်ခဲ့သည်။ သူမ၏စွမ်းအားများကို ပြန်ရလာခဲ့သည့် အချိန်တွင်လည်း အချိန်တိုလေးအတွင်း သူမ၏အစွမ်းက အမြင့်ဆုံးကို ပြန်မရောက်နိုင်သေးပေ။

မဟုတ်လျှင် ကူရှောင်စန်း၏အစွမ်းအရ ဒိုအာချာနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဆိုလျှင်ပင် ဒိုအာချာကို တိုက်ခိုက်ပြီး အေးအေးဆေး‌ဆေး ထွက်ပြေးရန် မခက်ချေ။ သို့သော် မျက်ခုံးကြားပင်မတံခါးအတွက် မုန့်ချီက ကျန်းကျိဝေထက် ပို၍လေ့ကျင့်ထားခဲ့သည်။ ထို့ကြောင့် သူက ကျန်းကျိဝေထက်ပင် ပို၍ အစွမ်းထက်နေသေး၏။ သူက ကူရှောင်စန်း ၊ ဝမ်စစ်ယွမ်နှင့် တခြားသူများထက်ပင် ပို၍ အစွမ်းထက်နိုင်သေးသည်။

မုန့်ချီ၏ ပြောင်းလဲမှုကျင့်စဉ် ၊ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့က တဖြည်းဖြည်းပို၍ အစွမ်းထက်လာနိုင်၏။ သို့သော်ထိုသိုင်းကွက်များကပင် ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်တစ်ယောက်၏ စိတ်ဝိညာဉ်တိုက်ခိုက်မှုထက် ပို၍အစွမ်းထက်နိုင်ခြင်း မရှိပေ။ သို့သော် ထိုအရာများ ရှိနေသည့်အတွက် မုန့်ချီက သူ့အသက်သူ ကယ်တင်နိုင်စွမ်း ရှိနေသည်။

မီးတောက်များက မုန့်ချီ၏ ပင်မဝိညာဉ်ကို လောင်ကျွမ်းနေသည့်အတွက် နာကျင်မှုကို ခံစားနေရ၏။ ထိုအချိန်တွင် မုန့်ချီက လှုပ်ရှားခြင်းကောင်းကင် ကမ္ဘာမြေပြင်ဖျက်ဆီးကျင့်စဉ်ကို သုံးလိုက်သည်။ ရုတ်တရက်ဆိုသလို မုန့်ချီ၏ ပုံသဏ္ဌာန်က ပြောင်းလဲသွား၏။

သူက လေးနက်ပြီး ဆန်းကြယ်လာသည်။ သူ့ဆီတွင် ကရုဏာမရှိတော့သလို ကရုဏာမဲ့ခြင်းလည်း မရှိပေ။ သူ့ပုံစံက ကမ္ဘာမြေကြီးကို ငုံ့ကြည့်နေသလို ထင်မှတ်ရ၏။ မီးတောက်များက မည်သို့ဆက်လက်လောင်ကျွမ်းနိုင်ဦးမည်နည်း။

မုန့်ချီ၏ခေါင်းထဲတွင် နာကျင်သွားပြီး နှာခေါင်းမှသွေးများ စီးကျလာသည်။ မျက်စိရှေ့တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း ပျောက်ကွယ်သွား၏။ လက်သည်းက နောက်တစ်ကြိမ် ပြန်ပေါ်လာသည်။ မီးတောက်များက လက်သည်းကို လွှမ်းခြုံနေပြီး ဆွဲငင်အားများက အလွန်ကြောက်စရာကောင်း၏။ ထိုအရာက သူ့အနားကို ရောက်လာခဲ့သည်။

မုန့်ချီက ကျန်းကျိဝေ၏ အငွေ့အသက်ကို ရုတ်တရက် ခံစားမိလိုက်သည့်အချိန်တွင် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုများကိုသုံးပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။ သူမက လက်ထဲတွင် ဓားရှည်ကို ကိုင်ပြီး သူနှင့် (၃) မီတာခန့် အကွာတွင် ရှိနေ၏။

မီးတောက်နတ်ဆိုးကလည်း မုန့်ချီ၏ အကူအညီအဖြစ် သူမ ရောက်လာခြင်းကို သတိထားမိသည်။ သူမ၏ဓားချီစွမ်းအင်များက အလွန်အမင်းကို ကြောက်စရာကောင်း၏။ သူ့ရှေ့တွင် ရှိနေသော လူငယ်လေးကတော့ နာကျင်နေရာမှ လျင်မြန်စွာ နိုးထလာပုံရသည်။

မုန့်ချီ၏ အစွမ်းက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နေ၏။ သူက အရှိန်အဝါများကို ပြန်လည်ရရှိနေပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ဖယ်ရှားနိုင်ခဲ့သည်။ ထို့ကြောင့် သူက နောက်ဆုတ်ချင်နေခဲ့၏။

"ဘယ်နေရာကနေများ ဒီလောက်များတဲ့ အစွမ်းထက်ပညာရှင်တွေ ရောက်လာရတာလဲ။ သူတို့က တံခါး (၉)ပေါက်အဆင့် ပညာရှင်တွေတောင် မဟုတ်သေးဘူး။ ဒါပေမဲ့ တကယ်ကို အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးတွေပဲ။ စိတ်ဝိညာဉ်တိုက်ခိုက်မှုက အကျိုးသက်ရောက်မှုမရှိတာလည်း ကောင်းတယ်။ ဒီသိုင်းကွက်ကသာ ရန်သူကို ရှောင်တိမ်းအောင် တွန်းအားပေးနိုင်မယ်ဆိုရင် ငါက အခွင့်အရေးကို အရယူပြီး မီးတောက်ထွက်ပြေးခြင်းအစွမ်းရဲ့အကူအညီနဲ့ ထွက်ပြေးလို့ရတယ်…"

မုန့်ချီက တွေဝေနေခဲ့ခြင်း မရှိပေ။ ရွှေရောင်အလင်းတန်းများက တောက်ပနေ၏။ သူက ရှေ့သို့ ခုန်လိုက်ပြီး ခန္ဓာကိုယ်ကို တစ်ဖက်သို့ အနည်းငယ် လှည့်လိုက်သည်။ ထို့နောက် သူ့ဓားကို မြှောက်လိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်၏။ သူက ကျန်းကျိဝေကို သူ့ကိုယ်သူနီးပါး ယုံကြည်နေခဲ့သည်။

အနီရောင်အလင်းတန်းတစ်ခု တောက်ပသွားခဲ့၏။ ထိုအလင်းတန်းက ညနေဆည်းဆာ အလင်းတန်းတစ်ခုသဖွယ် လှပလွန်းလှသည်။ လေဟာနယ်ကို ဖြတ်သန်းလာသည့်အသံနှင့် လေတိုက်ခတ်သည့်အသံ နှစ်ခုစလုံးကလည်း ပျောက်ကွယ်နေ၏။ ထိုအသံက အလွန်သန့်စင်သော ဓားသိုင်းကွက်တစ်ခု ဖြစ်ပုံရသည်။

တစ်ချိန်တည်းတွင် ကျန်းကျိဝေက သူမ၏ဓားရှည်နှင့် တိုက်ခိုက်လိုက်၏။ ထိုဓားက အလွန်တောက်ပလွန်းလှသည့်အတွက် ပင်လယ်ကြီးကိုပင် နှစ်ပိုင်းပြတ်သွားစေနိုင်သည်။

သူမက ဓားကို ထုတ်လိုက်သည့်အချိန်တွင် မီးတောက်နတ်ဆိုးနှင့် (၂) မီတာခန့် အကွာတွင် ရှိနေသေးသည်။ ဓားရှည်နှင့် လုံးဝတိုက်ခိုက်လိုက်သည့်အချိန်တွင် သူတို့၏အကွာအဝေးကတော့ (၁)မီတာ၏ (၃)ပုံ တစ်ပုံပင် မရှိတော့ချေ။ ထိုဓားအလင်းတန်းဆီမှ တောင်တန်းများ ၊ ပင်လယ်များကို ဖျက်ဆီးပစ်နိုင်သည့် အရှိန်အဝါများ ထွက်ပေါ်လာသည်။

မီးတောက်နတ်ဆိုးက သေချာပေါက် တန်ပြန်တိုက်ခိုက်ရဲခြင်း မရှိချေ။ သူက မုန့်ချီကို လက်သည်းနှင့် တိုက်ခိုက်လိုက်မည်ဆိုလျှင် ကျန်းကျိဝေနှင့် မုန့်ချီတို့၏ ကြားထဲတွင် ညှပ်ပြီး တိုက်ခိုက်ခံရနိုင်သည်။ သူတို့၏ ဝေ့ကျင်းအဆင့် သိုင်းကွက်များက သူ တိုက်ခိုက်လိုက်သော တိုက်ခိုက်မှုတစ်ခုနှင့် ညီမျှသော်လည်း သူ၏ အားနည်းချက်များက ပေါ်နေခဲ့၏။ အကယ်၍ သူသာ တိုက်ခိုက်ခံရမည်ဆိုလျှင် သေချာပေါက် သေဆုံးသွားနိုင်သည်။

သူ့ဆီတွင် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ရွှေခေါင်းလောင်းအကာအကွယ် ကျင့်စဉ်ကဲ့သို့ စွမ်းရည်မျိုး မရှိချေ။ အကယ်၍ သူကသာ ထိုလှုပ်ရှားမှုကို တတ်မြောက်ထားမည်ဆိုလျှင်တော့ သူနှင့် အဆင့်တူ ရန်သူများနှင့် တိုက်ခိုက်သည့်အချိန်တွင် ရန်သူတစ်ယောက်ကို လျစ်လျူရှုထား၍ ရနိုင်သည်။

"ဘုန်း … "

မီးတောက်နတ်ဆိုး၏ ခန္ဓာကိုယ်ထဲမှနေ၍ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သူ၏ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်ထဲမှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြီး သူ့ပုံစံက လောင်ကျွမ်းနေသော မီးတုတ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။ သူ၏ လက်နှင့်ခြေထောက်ကလည်း မီးတောက်များအဖြစ် ပြောင်းလဲနေသည်။

သူ၏ခြေထောက်တွင် ရှိနေသော မီးတောက်များက အလွန်လျင်မြန်စွာ စတင်လည်ပတ်လာပြီး မီးတောက်များက စက်ဝိုင်းများအဖြစ် ပျံ့နှံ့လာသည်။

မုန့်ချီ၏ ကောင်းကင်နတ်သမီးဓားချက်က မီးတောက်ကို ထိုးဖောက်သွားသော်လည်း အပူလှိုင်းကိုသာ ခံစားမိပြီး အတားအဆီးများကို တိုက်ခိုက်မိခဲ့သည်။ သူ့ဓားက ထိုအရာများကို ဆက်တိုက် တိုက်ခိုက်မိခဲ့၏။

ပူလောင်သော မီးတောက်များ၏ လွှမ်းခြုံမှုကြောင့် မုန့်ချီ၏ဓားရှည်က စွမ်းအားများ လျင်မြန်စွာ ဆုံးရှုံးလိုက်ရသည်။ တခြားသော သန့်စင်လက်နက်များသာဆိုလျှင် သေချာပေါက် လောင်ကျွမ်းသွားနိုင်၏။

"ဘုန်း … "

မုန့်ချီက နောက်သို့ လွင့်သွားခဲ့သည်။ သူ့ရင်ဘတ်တွင်လည်း မည်းတူးနေခဲ့၏။ မီးတောက်များကတော့ ဆက်လက်လောင်ကျွမ်းနေသေးသည်။ သူ၏တံခါးပေါက် (၇)ပေါက်မှနေ၍ သွေးများ စီးကျလာနေခဲ့၏။ ထိုသွေးများက သူ၏ဒဏ်ရာနှင့် စိတ်ဝိညာဉ်စွမ်းအား ကုန်ခမ်းမှုကြောင့် ကျဆင်းလာခြင်းဖြစ်သည်။

သူက ဝေ့ကျင်းအဆင့် သိုင်းကွက် (၃)ကွက်နှင့် လှုပ်ရှားခြင်းကောင်းကင် မြေပြင်ဖျက်ဆီးကျင့်စဉ်တို့ကို ဆက်တိုက် သုံးလိုက်သည့်အတွက် သူ၏ ပင်မဝိညာဉ်က အားနည်းပြီး ခေါင်းကိုက်နေခဲ့သည်။

ပင်လယ်ကြီးကို ထက်ပိုင်းဖြတ်ပစ်နိုင်သော ဓားက မီးပင်လယ်ကြီးကို နှစ်ခြမ်း ဖြစ်သွားစေနိုင်သည်။ မီးတောက်စက်ကွင်းများကလည်း ပျက်စီးသွားပြီး မီးတောက်နတ်ဆိုးဆီသို့ တည့်တည့်ရောက်သွားခဲ့၏။

မီးတောက်နတ်ဆိုးက တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။ သူက ထိုအရာကို မျှော်လင့်နေသလို ထင်မှတ်ရ၏။ သူ၏တွက်ချက်မှုအရ ကျန်းကျိဝေ၏ တိုက်ခိုက်မှုက မုန့်ချီထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်သည်။ ထို့ကြောင့် သူက သူမ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် စွမ်းအားအများစုကို ချန်ထားသေးသည်။

သူက ပြန်လည်တိုက်ခိုက်လိုက်ပြီး သူ့လက်သည်းက နေဖောက်သက်တန့်ဓားကို ဖမ်းမိတော့မည့်အချိန်တွင် ဓားအလင်းတန်းများက ရေထဲတွင် ကူးခပ်နေသော ငါးများကဲ့သို့ ရုတ်တရက် ပြန့်ကျဲသွားခဲ့သည်။ ထိုအရာများက သူ၏ လက်နှစ်ဖက် အလယ်မှ ဖြစ်ကျော်လာခဲ့၏။

ကျန်းကျိဝေက နှစ်ကြိမ် ဆက်တိုက် တိုက်ခိုက်ခဲ့သည်။

"ဒါက လှည့်စားတာပဲ။ သူက အစွမ်းထက်ဆုံး တိုက်ခိုက်မှူကို သုံးပြီး လှည့်စားထားတယ်.."

ကျန်းကျိဝေက ထိုမျှအစွမ်းထက်လိမ့်မည်ဟု မီးတောက်နတ်ဆိုးက မထင်ထားခဲ့ပေ။ သို့သော် သူကတော့ သူမ၏ချီစွမ်းအင်စီးဆင်းမှုနှင့် ကြွက်သားလှုပ်ရှားမှုများကို စစ်ဆေးကြည့်နိုင်ခြင်း မရှိသည့်အတွက် မည်သည့်လှုပ်ရှားမှုက အတုလား အစစ်လား မပြောနိုင်ပေ။

သူ၏မျက်လုံးအမြင်နှင့် တိုက်ပွဲအတွေ့အကြုံများကိုသာ အလေးထားပြီး တိုက်ခိုက်ရခြင်းဖြစ်သည်။ သူက သူမ၏လှည့်စားမှုကို ခံရမည်ဟု မည်သူကရော ကြိုသိနိုင်မည်နည်း။

"အား … "

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

ကျန်းကျိဝေ၏ တိုက်ခိုက်မှုနှစ်ခုက သာမန်သိုင်းကွက်များသာ ဖြစ်သော်လည်း မီးတောက်နတ်ဆိုး၏ အားနည်းချက်များကို တိုက်ခိုက်မိခဲ့သည်။ ကျန်းကျိဝေ၏ ကိုယ်ပိုင်ချီစွမ်းအင်များနှင့် ထက်မြက်သော အဖိုးတန်လက်နက်ကြောင့် သူတို့က မကောင်းဆိုးဝါး ချီစွမ်းအင်များကို ထိုးဖောက်ပြီး သူ့ကို ထိခိုက်စေခဲ့၏။

ထို့နောက် ကျန်းကျိဝေက သူ့ခေါင်းပေါ်မှ ကျော်သွားပြီး သူ့နောက်ကျောတွင် ဆင်းသက်လိုက်သည် ။ မီးတောက်နတ်ဆိုး၏ မျက်လုံးထဲမှနေ၍ သွေးများ စီးကျလာနေ၏။ သွေးများက နီရဲနေပြီး နာနာကျင်ကျင် အော်ဟစ်နေခဲ့သည်။

အကယ်၍ သူကသာ မုန့်ချီကြောင့် အာရုံပျံ့သွားခြင်းမရှိလျှင် အလှည့်စားခံရမည်ဆိုလျှင်ပင် အဓိကနေရာများကို ကာကွယ်နိုင်ဦးမည်ဖြစ်သည်။ အများဆုံး ဒဏ်ရာရရုံသာရှိပြီး ဆိုးဆိုးရွားရွား ထိခိုက်လိမ့်မည် မဟုတ်ချေ။

သူ့ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့၏။ မီးတောက်များကလည်း လွင့်စင်ပြီး ပတ်ပတ်လည်သို့ ပြုတ်ကျသွားသည့်အတွက် အပျက်အစီးပုံကြီးက လင်းထိန်လာခဲ့သည်။ သူ၏အစစ်အမှန် ခန္ဓာကိုယ်ကိုတော့ မတွေ့နိုင်တော့ပေ။

မီးတောက်နတ်ဆိုးက အလွန်ကြောက်လန့်နေခဲ့၏။ သူက လက်တုံ့ပြန်ရန် မေ့လျော့နေပြီး သူ၏ဝေ့ကျင်းတစ်ဝက်အဆင့် စွမ်းရည်ကို အသုံးချပြီး ထွက်ပြေးစိတ်သာ ရှိတော့သည်။ မီးတောက်များကို အသုံးချပြီး သူက လေထဲသို့ ခုန်လိုက်၏။

သူက ထွက်ပြေးရန်အတွက် ကြိုးစားလိုက်သည့်အချိန်တွင် နှင်းပွင့်လေးများ ကျဆင်းလာသည်။ မြေပေါ်တွင် ရေခဲများ လွှမ်းခြုံနေခဲ့၏။ မီးတောက်များက တဖြည်းဖြည်း သေဆုံးသွားပြီး သူ၏ခန္ဓာကိုယ်က အေးခဲသွားခဲ့သည်။

ချီကျန်းရန်က ဖရိုဖရဲကျင့်စဉ်ကို လေ့ကျင့်ထားပြီး ချီစုဆောင်းရေးအဆင့်ကတည်းက ထူးဆန်းသော စွမ်းရည်မျိုးစုံကို စုပ်ယူထားခဲ့သည်။ နေဝင်ဆည်းဆာဓားသိုင်းတွင် မီးတောက်စွမ်းရည်များ ရှိနေပြီး စိမ်းပြာနှင်းမုန်တိုင်း ဓားသိုင်းကွက်တွင် အေးစက်သည့် အငွေ့အသက်များ ရှိနေသည်။

သူ ထွက်ပြေးတော့မည်ကို သတိထားမိသည့်အတွက် ချီကျန်းရန်က ရွှေနဂါးဓားနှင့် ချက်ချင်း တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ ရုတ်တရက်ဆိုသလို မိုင်တစ်ထောင် အေးခဲခြင်းအစွမ်းကို သုံးလိုက်၏။ မီးတောက်များက ရေခဲအလွှာကြီးကို အရည်ပျော်ကျသွားစေသည်။

မီးတောက်နတ်ဆိုးက အစွမ်းထက်သော်လည်း သူသာ အလျင်အမြန် ထွက်ပြေးချင်သည်ဆိုလျှင် ဆိုးဆိုးရွားရွား ထိခိုက်ခြင်း မရှိသရွေ့ သူ့အပေါ် အနည်းငယ်လေးသာ သက်ရောက်နိုင်၏။

သို့သော် ကျန်းကျိဝေက သူ့နောက်တွင် ရပ်နေသေးသည်။ ထိုအချိန်တွင် ရာမဖိတ်ခေါ်ခြင်းဟုခေါ်သော ဓားသိုင်းပညာက ထွက်ပေါ်လာခဲ့၏။ ဓားအလင်းရောင်များ တောက်ပလာပြီး ပတ်ဝန်းကျင်က အနည်းငယ် ပြောင်းလဲသွားသည်။

ဟွမ်တိုင် ၊ ဖန်းယုနှင့် တခြားလူများကတော့ ကမ္ဘာမြေကြီး တုန်လှုပ်သွားကြောင်း ခံစားလိုက်မိသည်။

မီးတောက်နတ်ဆိုးက မီးတောက်များထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ အနီရောင် အလင်းတန်းလေးတစ်ခုသာ သူတို့၏ ရှေ့မြေပြင်ပေါ်တွင် ဆက်လက် လောင်ကျွမ်းနေခဲ့သည်။

ထို့နောက် မီးတောက်များက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး လူရိပ်တစ်ခု ပေါ်လာခဲ့၏။ သူက မြေပြင်ပေါ်တွင် လဲကျနေပြီး မျက်နှာပေါ်တွင် ခံစားချက် မရှိတော့ချေ။ သူ၏နောက်စေ့မှနေ၍ သွေးနှင့်ဦးနှောက်များ ဖြည်းညင်းစွာ စီးထွက်လာနေခဲ့၏။

"သေဆုံးသူ - မီးတောက်နတ်ဆိုး

အဆင့်အတန်း - ကောင်းကင်ဖျက် မကောင်းဆိုးဝါး (၇)ယောက်ထဲမှ တစ်ယောက်။ အဆင့် (၂)။

သေဆုံးရသည့်အကြောင်းအရင်း - နောက်စေ့တွင် ဓားနှင့် ထိုးဖောက်ခံရမှု

သတ်ဖြတ်သူ - ကျန်းကျိဝေ .."

ကျန်းကျိဝေက ချောင်းဆိုးပြီး သွေးအန်လိုက်ရသည်။ သူမ၏သွေးများက လျင်မြန်စွာ လောင်ကျွမ်းပြီး ပျောက်ကွယ်သွားရ၏။ မီးတောက်နတ်ဆိုးက ထိုတိုက်ခိုက်မှုကို ခုခံရန် အကောင်းဆုံး ကြိုးစားခဲ့သည်။ ထို့ကြောင့် မီးတောက်များက သူမ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်လာပြီး သူမကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ခြင်းဖြစ်သည်။

သို့သော် သူမ၏ စွမ်းအားများက ဆိုးဆိုးရွားရွား ထိခိုက်သွားခြင်းတော့ မရှိချေ။ မည်သို့ဖြစ်စေကာမူ မီးတောက်နတ်ဆိုးက မိုင်တစ်ထောင်အေးခဲမှုအစွမ်းကြောင့် ခဏကြာ အေးခဲသွားခဲ့သေး၏။

ဖန်းယု ၊ ဟွမ်တိုင်နှင့် တခြားတပည့်များက ရှာဖွေမှုကိုပင် လုံးဝ မေ့လျော့နေပြီး ရန်သူများ တိုက်ခိုက်နိုင်‌ချေရှိသေးသည်ကိုလည်း မေ့လျော့သွားခဲ့သည်။ ကမ္ဘာတစ်ခုလုံး တုန်လှုပ်စေနိုင်သော မီးတောက်နတ်ဆိုးက သူတို့၏ ရှေ့တွင် သေဆုံးသွားခဲ့၏။

"သူက တကယ့်ကို ပြိုင်ဘက်ကင်းပညာရှင်ပဲ။ သခင်လေးကျိုး မိတ်ဆက်ပေးတာ မှန်တယ်။ သူတို့အားလုံးက တကယ့်ပြိုင်ဘက်ကင်းပညာရှင်တွေပဲ…."

…………..

အပျက်အစီးများထဲတွင် …

မိုးကြိုးဓားနတ်ဘုရားမ၏ တပည့်များထဲမှ တစ်ယောက်က အုတ်ချပ်တစ်ခုကို အားစိုက်၍ လှန်လိုက်၏။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးများက ဝင်းလတ်တောက်ပသွားခဲ့သည်။

ရှေးဟောင်းစကားလုံးများ ရေးထိုးထားသော ရှေးဟောင်းသုံးချောင်းထောက်တစ်ခုက ထိုနေရာတွင် တိတ်တဆိတ် ရှိနေ၏။ သူက အသက်ရှုရန်ပင် မေ့လျော့သွားခဲ့သည်။

"ငါ တွေ့ပြီ… "

သူက ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"ကျေးဇူးတင်ပါတယ်။ မင်းက ငါ့ကို အချိန်ကုန် သက်သာအောင် ကူညီပေးလိုက်တာပဲ.”

ရုတ်တရက်ဆိုသလို သူက အလွန်ချိုသာသော အသံတစ်ခုကို ကြားလိုက်ရသည်။

သူက ထိတ်လန့်တကြား မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် ရပ်နေသော မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရ၏။ သူမက ရွှေချည်ထိုးထားသော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏မျက်နှာတွင် မျက်နှာဖုံးတစ်ခု တပ်ထားပြီး အလွန်အဆင့်အတန်း မြင့်ပုံရသည်။ သူကတော့ သူမကို တည့်တည့်ပင် စိုက်ကြည့်ရဲခြင်းမရှိပေ။

Translated by Hein Htet.

All Chapters