လေနှင့်မိုး ပျော်စရာအတိ ပဟေဠိ
Vol. 36 Ch. 526
“ခေါင်းဆောင်ကျား.. ကျုပ်ပြောမယ်.. ကျုပ်အကြံတွေ ခင်ဗျားကို ပြောလို့ရတယ်.. ဒီအစီအစဉ်အတွက် အဆင့်သတ်မှတ်ချက် မြင့်လာမယ်လို့ ကတိပေးနိုင်တယ်.. ဒါပေမယ့် အဲ့အစီအစဉ်ကို ဂြိုလ်တုကနေ ထုတ်လွှင့်ပေးရမယ်.. CCTV1 နဲ့ CCTV2 မှာ လွှင့်လို့ရတယ်.. CCTV3 မှာတော့ မရဘူး..
ဂန္တဝင်မျိုးစုံ အစီအစဉ်ကို တစ်နိုင်ငံလုံးသို့ ထုတ်လွီင့်ခြင်း မပြုခြင်းမှာ မလဟသ ဖြစ်နေပေသည်။
“အဲ့ အစီအစဉ်အကြောင်း အရင်ပြော.. ငါဆုံးဖြတ်မယ်..”
ခေါင်းဆောင်ကျား ညစ်ကျယ်ကျယ် ပြောလာတော့သည်။
“နေပါအုံးလေ.. အခြေအနေတွေ ကျုပ်ခင်ဗျားကို မပြောသေးဘူး.. ဂြိုလ်တုက ထုတ်လွှင့်တာက လွဲလို့ သူ့မှာ တော်တော် အရေးကြီးတာ ရှိသေးတယ်.. အစီအစဉ်ရဲ့ အမည် ကျုပ်ကိုစပွန်ဆာ ပေးရမယ်… ဒီအစီအစဉ်မှာ ထုတ်ကုန် နေရာအစီအစဉ်ချတာ လုပ်မှရမယ်.. ပြီးတော့ အစီအစဉ် အစနဲ့ အဆုံးမှာ ကျုပ်က ဒီအစီအစဉ်ကို စပွန်ဆာ ပေးသူဆိုတာ ဖော်ပြထားရမယ်.. ဒီအစီအစဉ်အတွက် (၁၀၀)ရာခိုင်နှုန်းဘာငွေမှတောင် ပေးမှာမဟုတ်ဘူး..”ေ “ဘာ.. မင်းက ဘာမှ ပေးစရာမရှိဘူးလား… ဒါတောင် မင်းမှာ တောင်းဆိုစရာတွေ ရှိသေးတယ်ပေါ့လေ..”
“အဲ့အစီအစဉ်အတွက် အဆင့်သတ်မှတ်ချက် ကျော်သွားရင် ဘာဖြစ်မလဲ..”
“ဘယ်အစီအစဉ်ကို ကျော်မှာလဲ.. မင်း လာစားနေတာလား..”
ခေါင်းဆောင်ကျား မျက်လုံးပြူးသွားသည်။ CCTV ၏ ထိပ်တန်းမျိုးစုံ အစီအစဉ်ကို ကြည့်ရှုသူ အများအပြား ရှိခဲ့သည်။
CCTV တွင် အဆင့်သတ်မှတ်ချက်ကောင်းသော အစီအစဉ် အနည်းငယ်သာ ရှိသေးသည်။ သတင်းနှင့် မိုးလေဝသ အစီရင်ခံချက်မှလွဲ၍ အခြားအဆင့် သတ်မှတ်ချက်များတွင်သာ အနိုင်ရပေလိမ့်မည်။
ဖုန်းယွီ အဘယ့်ကြောင့် ဤမျှ ယုံကြည်မှု ရှိနေသနည်း။
အဘယ့်ကြောင့်ဆိုသော် တရုတ်နိုင်ငံကို မုန်တိုင်းဒဏ်ခံရသော ဂန္တဝင်မျိုးစုံ အစီအစဉ် တစ်ခု ရှိသောကြောင့် ဖြစ်သည်။ ဤသည်ကို ကမ္ဘာ့တစ်ဝှမ်းရှိ အမျိုးအမျိုးမှ ကူးယူနေကြပေပြီ။
“ခေါင်းဆောင်ကျား.. ကျုပ်နောက်နေတာ မဟုတ်ဘူးနော်.. နှစ်ကူး စားပွဲအတွက် ကျုပ်အကြံတွေအားလုံး ထိရောက်ပြီး ကောင်းတယ်လို့ မထင်ဘူးလား.. ပြီးတော့ ကျုပ်ကုမ္ပဏီ ကြော်ငြာတွေ တခြားကုမ္ပဏီတွေထက် မသာဘူးလား.. ဒီတော့ မျိုးစုံ အစီအစဉ်ထက် ပိုနာမည်ကြီးလာမယ်လို့ ကျုပ်ယုံတယ်.. ဘာမှားနေလို့လဲ.. ကျုပ်ကုမ္ပဏီနာမည်ကို အစီအစဉ် ခေါင်းစဉ်မှာ ထည့်ခွင့်မပေးချင်လို့ လာပြောနေတာလား..”
“ငါပြောတာ မဟုတ်ဘူး.. ဒါပေမယ့် မင်းပိုက်ဆံမကုန်ဘဲ မင်းကုမ္ပဏီနာမည်ကို ခေါင်းစဉ်မှာ ထည့်ထားရင် မလွန်လွန်းဘူးလား..”
ဖုန်းယွီ ထိုကိစ္စ လာ၍ ကြမ်းပိုးထိုးနေပေသည်။ CCTV သည် ကျန့်တ စီးပွားရေးလုပ်ငန်း အမည်ကို အမျိုးမျိုးသော အစီအစဉ်၏ ခေါင်းစဉ်တွင် ထည့်သွင်းခွင့်ပြုခဲ့သဖြင့် ဖုန်းယွီ မကျေနပ်နေခြင်းပင်။
“မှန်တယ်.. ပိုက်ဆံ ကုန်မှာမဟုတ်ဘူးလို့ မပြောပါဘူး.. မျိုးစုံ အစီအစဉ်မှာ ဆုတွေအားလုံးကို ပံ့ပိုးပေးနိုင်ပါတယ်..”
“ဆုတွေ.. ဘာကိုပြောတာလဲ..”
ခေါင်းဆောင်ကျား လည်ပင်းဆန့်လာသည်။ ထိုအစီအစဉ်သည် ဆုတွေ ပေးမည်လော။
“ခေါင်းဆောင်ကျား.. အခု အထက်အရာရှိတွေကို ပြောစရာ ရှိလာပြီ.. ပညာရေးက နိုင်ငံတော်ကို အားကောင်း စေမှာလား..”
ဖုန်းယွီ အပြုံးနှင့် မေးလိုက်သည်။
“ဟုတ်တယ်လေ.. ဆက်နွယ်နေတာပဲ.. ငါစဉ်းစားထားတဲ့ မျိုးစုံ အစီအစဉ်မှာ ဖျော်ဖြေရေး၊ ဉာဏ်ပညာ၊ ဟာသ၊ အထွေထွေ ဗဟုသုတ၊ စိတ်လှုပ်ရှားစရာနဲ့ တခြားကိစ္စတွေ ပေါင်းစပ်သွားလိမ့်မယ်.. အဲ့ဒါ ပညာရေးဆိုင်ရာ အမျိုးမျိုး အစီအစဉ် အမျိုးအစား အသစ်တစ်ခု ဖြစ်လာမှာပေါ့..”
ခေါင်းဆောင်ကျား မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ စကားများကို သူမယုံကြည်ချေ။ ဖုန်းယွီ ကြွားဝါနေပုံရသည်။ အစီအစဉ်တစ်ခုတါင် အစိတ်အပိုင်းများစွာ ထည့်သွင်းထားသဖြင့် ဤအစီအစဉ်သည် မည်သို့ ကောင်းနိုင်မည်နည်း။ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ပင်မ အုတ်မြစ် တစ်ခုသာရှိပြီး အများဆုံး (၁)မျိုး သို့တည်းမဟုတ် (၂)မျိုးသာ ရှိသင့်သည်။ အစီအစဉ် အစိတ်အပိုင်း များလွန်းပါက စိတ်ဝင်စားကြတော့မည် မဟုတ်ချေ။
“ခင်ဗျား ကျုပ်ကို မယုံဘူးလား..”
ခေါင်းဆောင်ကျား ခေါင်းခါရင်းဖြင့်..
“ငါ မယုံဘူး..”
“ကျုပ်တို့ ဘာလောင်းကြေးထပ်မလဲ.. ကျုပ်နည်းလမ်းအတိုင်း ဒီအစီအစဉ် ပထမ (၄)ပိုင်း အရင်လွှင့်လိုက်.. တရုတ်နိုင်ငံရဲ့ ထိပ်တန်းမျိုးစုံ အစီအစဉ် ဖြစ်လာလိမ့်မယ်.. ကျုပ်အောင်မြင်ရင် ဒီအစီအစဉ်ရဲ့ အမြဲတမ်း နာမည်ပေးခွင့်.. ထုတ်ကုန် ကြော်ငြာ နေရာချခွင့်.. အစီအစဉ် အစနဲ့ အဆုံးမှာ စပွန်ဆာကြော်ငြာ ဒါတွေ ရရမယ်.. ကျုပ်ရှုံးသွားရင် ကျန့်တ စီးပွားရေးလုပ်ငန်းရဲ့ စပွန်ဆာထက် (၂)ဆပေးမယ်.. ဒီမျိုးစုံ အစီအစဉ်ကို ဘယ်လိုမြင်လဲ..”
နောက်မနေသင့်တော့ချေ။ အကယ်၍ ဤမျိုးစုံအစီအစဉ်ကို မှန်ကန်စွာ ထုတ်လွှင့်လိုက်မည် ဆိုပါက အောင်မြင်မှု ရရှိမည်မှာ သေချာပေသည်။ ဖုန်းယွီ၏ ယခင်ဘဝတွင် ဤအစီအစဉ်သည် အစပိုင်းတွင် နှေးကွေးခဲ့သည်။ သို့ရာတွင် ထိုအချိန်၌ နာမည်ကြီး အစီအစဉ် များစွာ ရှိနေပေသည်။ ယခုမူ ဂြိုလ်တုလိုင်း အနည်းငယ်သာရှိ၍ ဖျော်ဖြေရေး အစီအစဉ် များစွာ မရှိခဲ့ပေ။ ဤအစီအစဉ် မအောင်မြင်မှသာ ထူးဆန်းနေပေလိမ့်မည်။
ဖုန်းယွီ၏ ယုံကြည်မှုသည် ခေါင်းဆောင်ကျားကို ကြောက်လန့်စေခဲ့တော့သည်။ ခေါင်းဆောင်ကျားသည် ဖုန်းယွီ အောင်မြင်မည်ဟု ထင်မထားသော်လည်း ဖုန်းယွီ၏ အလောင်းအစားကို အမှန်တကယ် အနိုင်ရရှိပါက ဤအစီအစဉ်မှ ကြော်ငြာငွေ ရရှိမည်ကို စိုးရိမ်နေသေးသည်။ CCTV ကြောင့် ဆုံးရှုံးမှု ကြီးကြီးမားမား တွေ့ကြုံရ ပေလိမ့်မည်။ မိမိက တာဝန်ယူရပေလိမ့်မည်။
ဤ(၂)နှစ်အတွင်း ဒု-ခေါင်းဆောင်ကျားကို ဝေဖန်ထောက်ပြနေကြသည်။ ခေါင်းဆောင်သည် ဤ(၂)နှစ်အတွင်း အငြိမ်းစားယူမည်ဖြစ်ပြီး ရာထူးတိုးရန် အခွင့်အရေးဖြစ်သည်။ ကံကောင်းပါက ရေဒီယိုနှင့် ရုပ်မြင်သံကြား ဝန်ကြီးဌာနတွင် ဒုဝန်ကြီးအဖြစ် ရာထူးတိုးခံရနိုင်သည်။
ဖုန်းယွီ၏ မျိုးစုံအစီအစဉ်သည် လူသိများ၍ ပရိသတ်အားပေးမှု မြင့်မားပါက ဒု-ခေါင်းဆောင်ကျားသည် ရုပ်မြင်သံကြားဌာန ခေါင်းဆောင် ရာထူး ရရယူရန် အခွင့်အရေး မြင့်မားလာပေလိမ့်မည်။ ဒု-ခေါင်းဆောင်ကျား အတွက် အလွန်ခက်ခဲသော ဆုံးဖြတ်ချက် တစ်ခု ဖြစ်နေပေသည်။
ခေတ္တစဉ်းစားပြီးနောက် ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို ကြည့်၍..
“မင်း အစီအစဉ် အကြံဉာဏ်နဲ့ ဒီအစီအစဉ်ရဲ့ နာမည်ပေးပိုင်ခွင့် ငါခွင့်ပြုပေးနိုင်တယ်.. ဒါပေမယ့် အစီအစဉ် အစနဲ့ အဆုံးမှာ မင်းထုတ်ကုန်ကြော်ငြာနေရာ ပေးတာအတွက်တော့ ကြော်ငြာခ ပေးရမှာပဲ.. ဈေးနှုန်းကိစ္စ နောက်မှ ပြောလို့ရတယ်.. ဒါဆို မင်းရဲ့ မျိုးစုံ အစီအစဉ် အကြောင်း ပြောလို့ရပြီလား..”
ခေါင်းဆောင်ကျား မိမိအမည်ပေးပိုင်ခွင့် သဘောတူခဲ့သည်လော။ ဤသည်မှာ အရမ်းကောင်းပေသည်။ ကုန်ပစ္စည်း နေရာချထားမှုအတွက် ဈေးနှုန်းမှာ ဈေးကြီးမည် မဟုတ်ချေ။ ဤသည်ကပင် ကောင်းနေချေပြီ။
“ဒီအစီအစဉ်က ဉာဏ်စမ်း ကစားပွဲပဲ.. ပါဝင်သူအဖြစ် စာရင်းသွင်းဖို့ ကြည့်ရှုသူတွေက စာပို့တာ၊ ဖုန်းခေါ်တာ လုပ်နိုင်တယ်.. ပဏာမအဆင့် ရွေးချယ်မှု လုပ်ငန်းစဉ်တစ်ခုရှိမယ်.. မေးခွန်းတွေကို ဖြေဖို့ ပါဝင်သူ တစ်ယောက်ကို ရွေးရမယ်.. အဲ့မေးခွန်းတွေမှာ နက္ခတ္တဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စာပေ၊ သိပ္ပံ၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ မျိုးစုံ ပါလိမ့်မယ်.. ပြိုင်ပွဲဝင်က မှန်အောင်ဖြေနိုင်တဲ့ မေးခွန်းတိုင်းအတွက် အမှတ်တွေရလိမ့်မယ်.. သူရှေ့ဆက်တာနဲ့အမျှ မေးခွန်းတစ်ခုစီတိုင်းအတွက် အမှတ်တွေ ပိုများလာမှာပေါ့.. ပြိုင်ပွဲဝင်က ကိုယ့်အိပ်မက် အကောင်အထည် ဖော်နိုင်ဖို့အတွက် အဲ့အမှတ်တွေကို ငွေသားနဲ့ လဲလှယ်နိုင်တယ်.. အဆင့်ဆင့် ရှိမှာ ဖြစ်တဲ့အပြင် တစ်ချို့ စစ်ဆေးတဲ့ အဆင့်တွေမှာ ပြိုင်ပွဲဝင်က နောက်တဆင့်ကို ဆက်တက်ဖို့ ဒါမှမဟုတ် ဆုငွေယူဖို့ ရွေးချယ်ခွင့်ရှိတယ်.. တကယ်လို့ ပြိုင်ပွဲဝင်က မေးခွန်းကို မှားဖြေမိမယ်ဆိုရင် အမှတ်တွေအားလုံး သုည ပြန်ရောက်သွားမယ်.. ပြိုင်ပွဲဝင်က နှစ်သိမ့်ဆု တစ်ခုပဲ ရလိမ့်မယ်..”
ဖုန်းယွီ ဤကစားပွဲ၏ သဘောတရားများကို ဒု-ခေါင်းဆောင်ကျား ကို အသေးစိတ် ရှင်းပြခဲ့သည်။ ဒု-ခေါင်းဆောင်ကျား အာရုံစိုက်နားထောင်ရင်း မျက်မှောင်ကြုတ်နေလေသည်။ ဤသည်မှာ ထက်မြက်သော အကြံဉာဏ် တစ်ခုဖြစ်သည်။ သို့ရာတွင် ဤသည်က ရုပ်မြင်သံကြား ကြည့်ရှုသူများကို ဆွဲဆောင်နိုင်မည်လော။ ပါဝင်သူများသည် ဆုရမည့်သူများ ဖြစ်သဖြင့် စိတ်ဝင်စားဖွယ် တွေ့ရပေလိမ့်မည်။ သို့ရာတွင် ရုပ်မြင်သံကြား ကြည့်ရှုသူများအနေဖြင့် စိတ်ဝင်စားစရာ တွေ့ရလိမ့်မည်လော။
ဒု-ခေါင်းဆောင်ကျား ဖုန်းယွီကို စိုးရိမ်စရာများ ပြောပြ၍ ဖုန်းယွီမှ အလွယ်တကူ ဖြေရှင်းနိုင်မည်ဟု ပြောခဲ့ပေသည်။ အစီအစဉ် တင်ဆက်သူမှ ကြည့်ရှုသူများအနေဖြင့် မေးခွန်းများ ဖြေဆိုရင် ဖိတ်ခေါ်၍ ကံစိမ်းမဲ ဖောက်ပေးနိုင်ပေသည်။ ရုပ်မြင်သံကြား ကြည့်ရှုသူများသည် လေနှင့်မိုး ဗွီစီဒီစက်များ စသည်ကဲ့သို့ အံ့ဩစရာ ဆုအချို့ ရရှိပေလိမ့်မည်။
“အဲ့လိုဆိုရင်တော့ ဒီအစီအစဉ်ကို ထုတ်လွှင့်ဖို့ တကယ်ကို စဉ်းစားလို့ရတယ်.. ဒီ အစီအစဉ်ရဲ့ နာမည်ကရော..”
ဖုန်းယွီ ပြုံးရင်းဖြင့်..
“ဒီအစဉ်အစဉ်ရဲ့ နာမည်က…”
-------*****--------
ဘာသာပြန်သူ . (NTP)