← Chapters

ပုံကြမ်းရေးဆွဲခြင်း

Vol. 36 Ch. 528

ပုံကြမ်းရေးဆွဲခြင်း

Vol. 36 Ch. 528

“ရှောင်ယွီ ဘာလို့ပြန်လာတာလဲ.. အခု ဟောင်ကောင်မှာ ကျောင်းတက်နေသင့်တာ မဟုတ်ဘူးလား..”

လီရှစ်ချမ်း ဖုန်းယွီကိုမြင်၍ ထိတ်လန့်သွားမိသည်။

“ရှူး.. ယောက္ဖ.. ငါ့အစ်မနဲ့ အဖေ၊ အမေတို့ကို သွားမပြောနဲ့.. ငါခိုးပြန်လာတာ.. အရေးကြီးကိစ္စ တစ်ခု ရှိလို့..”

လီရှစ်ချမ်း ခေါင်းရမ်းလိုက်သည်။ သူ့ယောက္ဖတွင် ကိစ္စများစွာ ရှိပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီအား ပြုစုရန် အချိန်မရှိချေ။ လေနှင့်မိုး ပို့ဆောင်ရေးလုပ်ငန်းမှာ သူ့ခြေသူလက်ဖြစ်ပေသည်။ လတိုင်းနီးပါး လုပ်စရာအသစ်များ ရှိနေပေသည်။ သူသည် ကုမ္ပဏီ၏ ကိစ္စရပ်တိုင်းကို ပင်ကိုယ်စရိုက်အရ ဂရုစိုက်လေ့ရှိသည်။

“ယောက္ဖ မင်းကုမ္ပဏီမှာ ထူးချွန်တဲ့ ဝန်ထမ်းရှိသေးလား..”

ဖုန်းယွီ ရုတ်တရက် မေးလိုက်သည်။

ထိုင်ဟွာကုန်သွယ်ရေးတွင် ဝန်ထမ်းအနည်းငယ်သာရှိပြီး ဖုန်းယွီသည် ဝူကျစ်ကန်းအတွက် ကားတစ်စီး ပေးခဲ့သည်။ လေနှင့်မိုး ပို့ဆောင်ရေးလုပ်ငန်းတွင် ဝန်ထမ်းများလာသည်။ လီရှစ်ချမ်း သူ့လက်ထောက်များအား ကားတစ်စီး ပေးထားသော်လည်း ဝန်ထမ်းအင်အား များလွန်းသဖြင့် သူတွင် လက်ထောက် (၃)ယောက် ရှိပေသည်။ ထို(၃)ယောက်စလုံး ကားတစ်စီးကို မျှသုံးနေရပေသည်။

သို့ရာတွင် မည်သည့်အတွက် ဖုန်းယွီမေးသနည်း။ တစ်ခုခု ကောင်းရန်အတွက်လော။

“ယောက္ဖ.. စီမံခန့်ခွဲရေးဝန်ထမ်း မလိုချင်ဘူး.. သာမန် အလုပ်သမားပဲ ရှာတာ.. မင်းမှာ ထူးထူးခြားခြား စွမ်းဆောင်ရည်ရှိတဲ့ အလုပ်သမားရှိလား.. စံပြအဖြစ် သုံးနိုင်လောက်တဲ့သူပေါ့..”

“ငါ့မှာ ယဉ်မောင်း ကောင်းကောင်း (၂)ယောက်ရှိတယ်.. တစ်ခုခု ကောင်းဖို့ ရှိလို့လား..”

“မဟုတ်ပါဘူး.. CCTV မှာ ပဒေသာရှိုးပွဲတစ်ခု ပေါ်လာမှာမို့ တစ်ယောက်လောက် လွှတ်မလို့ စဉ်းစားနေတာ.. ပါမယ့်သူတွေ သေချာပေါက် ဆုတစ်ခုခုရမယ်လို့ ကတိပေးတယ်.. ပါတဲ့သူ ကံကောင်းရင် ယွမ် (၁၀၀၀၀)ကနေ (၂၀၀၀၀)လောက်ထိ တန်ဖိုးရှိတဲ့ ဆုတွေရမှာ..”

“ဟမ်.. CCTV က ပဒေသာရှိုးပွဲလား.. လူဘယ်နှစ်ယောက် လိုလဲ.. မင်း အခု CCTV နဲ့ အရမ်း ရင်းနှီးနေပြီလား.. နေပါအုံး.. မင်း ငွေတွေ ကုန်ပြန်ပြီလား..”

လီရှစ်ချမ်း စဉ်းစားနေပေသည်။ ဖုန်းယွီသည် ပံ့ပိုးကူညီမှုများ ပြုလုပ်၍ ငွေကုန်သွားလောက်သည်။ယ်၍ ပဒေသာရှိုးပွဲ၌ ပါဝင်ရန် လူများ စေလွှတ်ရန် အခွင့်အရေး မည်သို့ ရမည်နည်း။

“ဟုတ်တယ်.. အဲ့ ပဒေသာရှိုးအသစ်မှာ လေနှင့်မိုး ဆိုတဲ့ နာမည်နဲ့ ပါလာလိမ့်မယ်..”

“CCTV အစီအစဉ်မှာ ပါနေတာလား.. ငါရော ပါလို့ရမလား..”

လီရှစ်ချမ်း ဖုန်းယွီကို စိတ်အားထက်သန်စွာ ကြည့်နေပေသည်။

“ယောက္ဖ မင်းပါချင်ရင် ကောင်းပါတယ်.. ဒါပေမယ့် မင်းကို ကလိန်ကျဖို့တော့ သူတို့ကို ခွင့်မပြုနိုင်ဘူး.. ဒီအစီအစဉ်ရဲ့ ထူးခြားချက်က အများ ပါဝင်နိုင်ဖို့လေ.. ဆုတွေရရင် သိသာလွန်းမှာပေါ့.. ဒါပေမယ့် ငါက ယဉ်မောင်း တစ်ယောက်ရွေးပြီး သူ့ကို တစ်ဖက်လှည့်နဲ့ ဆုကြီးရအောင် ကူညီပေးရင်း ကုမ္ပဏီကို မြှင့်တင်ဖို့ အခွင့်အရေး အသုံးချနိုင်ဖို့လေ..”

လီရှစ်ချမ်း အနည်းငယ် စိတ်ပျက်သွားသည်။ ယဉ်မောင်းအား ကလိန်ကျခွင့် ပေးသော်လည်း သူ့ကို မပေးခဲ့ချေ။ ဤရှိုးပွဲတွင် ပါတင်ပါက သူ့ကိုယ်ပိုင် ယဉ်မောင်းကို ရှုံးပေလိမ့်မည်။ သူလဲ မတတ်နိုင်တော့ချေ။

“ဒီ ပဒေသာရှိုးပွဲအတွက် မင်းဘယ်လောက် သုံးလိုက်လဲ..”

လီရှစ်ချမ်း စီးကရက်တစ်လိပ် မီးညှိရင်း မေးလိုက်သည်။

“မသုံးသေးဘူး.. ရှို့းပွဲအတွက် (၁)သိန်းသုံးပြီး အစီအစဉ်တိုင်းမှာ ယွမ်(၅)သောင်းလောက် သုံးရမယ်.. တစ်လကို ယွမ်(၂)သိန်းလောက် ကုန်မှာပေါ့.. တစ်နှစ်အတွက်ဆို (၂၄၀၀၀၀၀)လောက် ကုန်မှာ.. အဲ့အတွက် ယွမ်(၅)သန်းလောက် အရန်ထား ထားတယ်.. ဒါပေမယ့် လုံလောက်မယ်ထင်တယ်..”

“ယွမ်(၅)သန်းဆို တကယ့်နေရာကောင်းမှာ ကြော်ငြာ အကွက်တစ်ခု ဝယ်ဖို့ လောက်တယ်လေ”

လီရှစ်ချမ်းအနေဖြင့် ဖုန်းယွီ ငွေဖြုန်းနေသည်ဟု ခံစားနေရပေသည်။

“မနှစ်ကဆို ယွမ်(၅)သန်းနဲ့ လုံလောက်တယ်.. ဒါပေမယ့် အခုနှစ်ကျ (၁၀)သန်းကျော် ကုန်လိမ့်မယ်.. ပြီးတော့ ကြော်ငြာတစ်ကွက်က (၁၅)စက္ကန့်စာပဲ ရှိတာ။ အဲ့ဒါ အပတ်စဉ် အစီအစဉ်တစ်ခု ဆိုပေမယ့် ဆက်တိုက် လည်ပတ်ပြီး အစီအစဉ်တစ်ကြိမ်ကို (၁)နာရီဆိုတော့ တန်ပါတယ်.. ပဒေသာရှိုးတစ်ခုက ကြော်ငြာကွက် တစ်ခုထက် ပိုထိရောက်တယ်..”

ဤသည်ကို ဖုန်းယွီ၏ အရင်ဘဝက သက်သေပြနေပေသည်။ ကျန်းတ စီးပွားရေးလုပ်ငန်းစုကို ကြည့်ရပေမည်။ ကျန်းတ စီးပွားရေးလုပ်ငန်းစုမှ စပွန်ဆာပေးထားပြီး ထိပ်တန်းနှင့် ယှဉ်ပါက ပိုထိရောက်ပေသည်။ ထို့အပြင် ထိပ်တန်းအစီအစဉ်များ၏ ပံ့ပိုးကူညီမှုများတွင် အသုံးပြုသည့် ပမာဏသည် အချိန်ကောင်း ကြော်ငြာများ တန်ဘိုးနှင့် တူညီပေသည်။

ပျော်စရာအတိ ပဟေဠိ သည် လေနှင့်မိုး အမှတ်တံဆိပ်ကို မြှင့်တင်နိုင်ရုံသာမက အိုက်ဝါ အမှတ်တံဆိပ်ကိုလည်း ကူညီပေးနိုင်ပေသည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခဲ့ခြင်း ဖြစ်သည်။ ဖုန်းယွီဤသည်ကို ထိုက်တန်သည်ဟု ခံစားရသည်။ ထို့အပြင် ဤအစီအစဉ်ကို ထုတ်လွှင့်ပြီးနောက် လေနှင့်မိုး၊ အိုက်ဝါ တို့သည် CCTV တွင် ၎င်းတို့၏ အစီအစဉ်များကို လျော့ချနိုင်ပေလိမ့်မည်။

ယခုနှစ် အချိန်ကောင်း ကြော်ငြာများသည် ယွမ်(၁၀)သန်းကျော် ကုန်ကျကြောင်း လီရှစ်ချမ်း ကြားသည့်အခါ အံ့အားသင့်သွားသည်။ ဈေးကြီးလွန်းလှသည်။ ထုတ်ကုန်များ၏ ကုန်ကျစရိတ် သိသိသာသာ တိုးစေလိမ့်မည်။ ထိုလူများအားလုံး ရူးသွားကြပြီလော။

“ယောက္ဖ.. မင်း တစ်ယောက်ယောက် ရွေးပြီးရင် ငါ့ကိုပြော. သူ့နာမည် CCTV မှာတင်ပေးမယ်.. တခြားကုမ္ပဏီ တွေနဲ့ စကားပြောပြီး ပြိုင်ပွဲဝင်နှစ်ယောက်လောက် စီစဉ်ခိုင်းလိုက်အုံးမယ်.. ငါဒီည ပေကျင်းပြန်မှာ.. အစ်မကို မပြောနဲ့နော်..”

……

ဖုန်းယွီ သူ၏ ထိုင်ဟွာကုန်သွယ်ရေး ရုံးခန်းတွင် ခနနေခဲ့ပြီး ဝူကျစ်ကန်း ပြန်ရောက်လာသည်။ မော်စကိုမြို့သို့ ကုန်ပစ္စည်း တင်ပို့ရန် ကြီးကြပ်မျု ပျက်ကွက်ခဲ့ပေသည်။ ထိုင်ဟွာကုန်သွယ်ရေးတွင် ဝန်ထမ်းများစွာ ရှိသေည်လည်း ဝူကျစ်ကန်းသည် အလုံးစုံ တာဝန်ခံကဲ့သို့ အလုပ်များစွာ ရှိနေသေးသည်။

သို့ရာတွင် ဝူကျစ်ကန်းတွင် မည်သည့် တိုင်ကြားချက်မှ မရှိချေ။ ဖုန်းယွီသည် သူ့အား လစာကောင်းကောင်း၊ အပိုဆုများ၊ ကားများပင် ပေးခဲ့သေးသည်။ ထိုကဲ့သို့သော အထောက်အပံ့များကြောင့် ဝူကျစ်ကန်း အလုပ်တွင် အချောင်ခိုရန် အလွန်ရှက်ရွံ့နေတော့သည်။

ဝူကျစ်ကန်း ယခုနှစ်ကုန်တွင် အပိုဆုကြေးများ အံ့ဩစရာကောင်းမည်ဟု ကြားထားပေသည်။ သို့ရာတွင် သူဘာဖြစ်မည်ကို မသိသေးချေ။ သူဌေး ရုတ်တရက် ပြန်လာကြောင်း ကြားသည့်အတွက် အနည်းငယ် လန့်သွားသည်။

လုပ်ငန်းနှင့်ပတ်သက်၍ အမှားအယွင်းမရှိဘဲ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သည့် လများ၌ တိုးလာခဲ့သည်။ ရောင်းအားနှင့် အမြတ်စွန်း တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။ တစ်စုံတစ်ခု ဖြစ်၍လော။

“မန်နေဂျာ ဖုန်း..”

“အာ.. ကျစ်ကန်း.. လာထိုင်.. လုပ်ငန်း အခြေအနေရော ဘယ့်နှယ့်လဲ..”

“မဆိုးဘူး.. ဒီ(၃)လပတ်ရဲ့ အမြတ်ငွေ ပြီးခဲ့တဲ့ (၃)လပတ်ထက် (၁၀)ရာခိုင်နှုန်း ပိုများလောက်တယ်.. ပေးသွင်းသူ နည်းနည်းတောင် ငါ့ဆီလာလို့ သူတို့ထဲက တစ်ချို့နဲ့တော့ စာချုပ် ချုပ်ခဲ့တယ်..”

“ဟမ်.. မင်းတို့တွေအားလုံး ကြိုးစားခဲ့ကြတာပဲ.. အလျင်လိုနေလို့ အစီရင်ခံစာတွေ မကြည့်တော့ဘူး.. အားလုံး ဒီကို ရောက်ပြီဆိုတော့ တစ်ခုကြေငြာပေးမယ်.. CCTV က ရှိုးပွဲ အမျိုးမျိုး ထုတ်လွှင့်တော့မှာဖြစ်တဲ့အပြင် ပြိုင်ပွဲဝင်တွေ လိုနေတယ်.. ဘယ်သူတွေ ပါချင်လဲ..”

ဖုန်းယွီ လက်ဖက်ရည်ခွက် ကောက်ကိုင်ကာ ငုံလိုက်သည်။ ဘယ်သူမှ စကားမပြောသည်ကို သတိထားမိသော်လည်း ၎င်းတို့အားလုံး၏ မျက်လုံးများမှ သွားလိုကြောင်း သိသာပေသည်။

ဝူကျစ်ကန်း ခေတ္တ တုံ့ဆိုင်းသွားကာ..

“ငါမသွားဘူး.. သူတို့ကို အခွင့်အရေး ပေးလိုက်မယ်..”

ဖုန်းယွီ ခေါင်းညိတ်လိုက်သည်။ ဝူကျစ်ကန်း သည် ထိုင်ဟွာ ကုန်သွယ်ရေးတွင် သူ့အာဏာ အခွင့်အရေးများကို နှစ်ပေါင်းများစွာကြာအောင် ထူထောင်ခဲ့သည်။ မှန်ပေ၏။ သူ၏ ကြိုးစားခဲ့မှုကြောင့်ပင် ဖုန်းယွီ သူ့ကို ကုမ္ပဏီ လည်ပတ်ရန် စိတ်ချပေသည်။

“အားလုံး ပါနိုင်ဖို့တော့ ခက်လိမ့်မယ်.. မဲနှိုက်ကြတာပေါ့.. ကံထူးရှင်မဲ ဘယ်သူရမလဲ.. ပြိုင်ပွဲမှာ ပါဝင်သူတွေကို ကြီးကျယ်ခမ်းနားတဲ့ ဆုတွေ ဆွတ်ခူးနိုင်အောင် ကတိမပေးနိုင်ဘူး.. အားလုံးအပေါ်မှာပဲ မူတည်လိမ့်မယ်.. ဒါပေမယ့် တခြားသူတွေ ပါရတာ မြင်ရင် မင်းတို့တွေ မနာလို မဖြစ်သင့်ဘူး..”

ဤသည်မှာ မှန်ကန်ဆုံး နည်းလမ်း ဖြစ်ပေသည်။

“အားလုံး ကြားတယ်မို့လား.. ပေကျင်း CCTV မှာ ရောက်ရင် ငါတို့ကုမ္ပဏီကို အရှက်မကွဲစေနဲ့… လာလာ.. ဒီမှာ မဲတံ အသစ်လေးတွေ ရှိတယ်.. အဲ့အထဲက တစ်ခုမှာ အမှတ်အသား လုပ်ထားတယ်.. ကံထူးရှင် ရွေးပြီး ကျန်တဲ့ သူတွေကို ဒီည လက်ဆောင် ပေးမယ်..”

ဝူကျစ်ကန်း မဲတစ်ချောင်း ဆွဲလိုက်သည်။

“အာ.. ငါလား.. အမှတ်အသားနဲ့ ခဲတံ ငါရနေပြီ.. ငါ ရုပ်မြင်သံကြားမှာ ပါရတော့မယ်.. ရုပ်မြင်သံကြားမှာ ပါရတော့မယ်..”

ငွေစာရင်းဌာနမှ အမျိုးသမိးငယ်လေး တစ်ဦးသည် ကံစမ်းမဲ အမှတ်အသား တုတ်ချောင်း ကောက်ကိုင်ကာ ပျော်ရွှင်စွာ ခုန်ပေါက် နေပေသည်။

ဖုန်းယွီ ပြောစရာ စကားမဲ့သွားသည်။ သူသည် ရုပ်မြင်သံကြားတွင် ပါဝင်ရမည့်အရေး အလွန် စိတ်လှုပ်ရှားနေသည်လော။ ဆုတွေရနိုင်လို့ စိတ်လှုပ်ရှားနေသည်လော။

ကျန်ဝန်ထမ်းများ စိတ်ပျက်သွားကြသည်။ ထိုအမျိုးသမီးသည် ကုမ္ပဏီကို မကြာသေးမှီကပင် ဝင်ရောက်လာခဲ့ပြီး သူသည် ကံအကောင်းဆုံး ဖြစ်နေပေသည်။ သူသည် တရုတ်နိုင်ငံတဝှမ်းရှိ ပရိတ်သတ်များရှေ့တွင် ရုပ်မြင်သံကြား၌ ပေါ်လာမည် ဖြစ်ပေသည်။

“မင်းတို့အားလုံးကိုတော့ ညစာမဖိတ်နိုင်တော့ဘူး.. စက်ယန္တယား ကုမ္ပဏီကို သွားရအုံးမှာဆိုတော့ ဒီည ထွက်ရတော့မယ်.. အလုပ်ကို ကြိုးစားကြ.. ဒီနှစ် အပိုဆုကြေးကတော့ မင်းတို့တွေ အကုန်လုံး စိတ်မပျက် စေရဘူးလို့ ငါကတိပေးတယ်..”

ထိုနည်းလမ်းအတိုင်ပင် မဲနှိုက်၍ ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီနှင့် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းတို့မှ ပြိုင်ပွဲဝင်များ အသီးသီး ရွေးလိုက်သည်။ ရွေးချယ်ခံရသူများသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေကြသည်။ CCTV ပဒေသာရှိုးပွဲတွင် ပါဝင်ခွင့်ရရန် စိတ်လှုပ်ရှားနေခဲ့ကြသည်။ ဤသည်မှာ CCTV မှ တိုက်ရိုက်ကြည့်ရှုသူ ဖြစ်ရခြင်းထက် ပိုကောင်းပေသည်။

ညဘက်တွင် ဖုန်းယွီ ရထားစီး၍ ပေကျင်းသို့ ပြန်ခဲ့သည်။ မကြာမှီ နိုင်ငံတော် အမျိုးသားရုံးပိတ်ရက် ဖြစ်ဖြစ်သဖြင့် လီနကို ဟောင်ကောင်သို့ ပြန်ခေါ်သွားချင်နေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters