ဖောက်သည်ကို အနိုင်ကျင့်ခြင်း
Vol. 36 Ch. 529
“ဘာလို့ ပြန်လာတာလဲ…”
လီန ရွှင်မြူးစွာဖြင့် ဖုန်းယွီးကို ကြည့်နေသည်။ ဘေးပတ်ဝန်းကျင်၌ အတန်းအဖော်များ မရှိပါက ဖုန်းယွီ၏ ရင်ခွင်အတွင်း ပြေးဝင်မိပေလိမ့်မည်။
“နင့်ကို လာခေါ်တာလေ.. အမျိုးသား အားလပ်ရက်မှာ နင် ဟောင်ကောင်ကို လာမယ်လို့ သဘောတူ ထားတယ်လေ.. တစ်ယောက်တည်း လေယဉ်နဲ့ ခရီးသွားရမှာ ပျင်းစရာကြီး..”
ဖုန်းယွီ လီနိုဗိုအတွက် ပြန်လာခဲ့ခြင်းဖြစ်သော်လည်း လီန ရှေ့တွင်မူ လီနအတွက်ကြောင့်သာ ဖြစ်ရပေတော့မည်။
လီန ပြုံးလိုက်သည်။ သူသည် အလွန်ရိုးသားပြီး အပြစ်ကင်းစင်သော မိန်းကလေးဖြစ်သည်။ ဖုန်းယွီ သူ့ကို လိမ်မည်ဟု ဘယ်တော့မှ တွေးမည်မဟုတ်ချေ။ ဖုန်းယွီကို ကြည့်ကာ..
“ပင်ပန်းနေပြီလား.. တကယ်တမ်းကျ ဟောင်ကောင်ကို တစ်ယောက်တည်း လာလို့လဲ ရတာပဲကို..”
“အဲ့ဒါ မတူဘူး.. ဒါ ငါ့ရိုးသားမှု ပြတာလေ.. မနက်ဖြန် နေ့လည် လေယဉ်လက်မှတ် ဝယ်ပြီးပြီ.. ငါတို့တွေ ကွမ်ကျိုးကို ပျံသွားရင် မနက်ဖြန် ညရောက်မယ်.. အဲ့ကနေ ဟောင်ကောင်ကို သင်္ဘောနဲ့ သွားမယ်.. သင်္ဘောနဲ့ ခရီးသွားဖူးလား..”
လီန ခေါင်းခါလိုက်သည်။ အလွန်စိတ်လှုပ်ရှားနေပုံပင်။
“ဟင့်အင်း.. နင့်နဲ့အတူ လှေပဲ စီးဖူးသေးတာလေ..”
“ဒီတစ်ခါ သင်္ဘောကြီးနဲ့ သွားတာပေါ့.. ဟောင်ကောင်ရောက်ရင် ရွက်လှေစီးလို့ ရသေးတယ်.. လာ ညစာ သွားစားရအောင်..”
ဖုန်းယွီ လီန ရှေ့တွင် ကျောက်ရုပ်ကဲ့သို့ ရပ်မနေချင်ချေ။ ဤသည်က ယောက်ျား သဘာဝပင်။ အမျိုးသမီးများရှေ့၌ မိမိအားသာချက်များ ပြသချင်နေသည်။
“ငါ အထုပ်အပိုး မပြင်ရသေးဘူး..”
“မလိုပါဘူး… ဟောင်ကောင်မှာ အားလုံး ဝယ်လို့ရတယ်.. အဝတ်အစားတွေဆို ပိုတောင်လှသေး..”
ဖုန်းယွီ လီနအတွက် ခရီးသွား စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ဆရာလူ ထံ အကူအညီ တောင်းသဖြင့် တစ်ရက်အတွင်း ပြေလည်ပေသည်။
ညစာ စားပြီးနောက် နှစ်ယောက်စလုံး အိမ်သို့သာ တည့်တည့် ပြန်ခဲ့ကြသည်။ မတွေ့ရသည်မှာ ကြာပြီ မဟုတ်ပေလော။ ထိုည၌ လီန ရူးသွပ်သွားပြီဟုပင် ဖုန်းယွီ ထင်လိုက်မိသည်။
အခန်းစီးကြားမှ နံနက်ခင်းနေရောင်ခြည်များ ဖုန်းယွီမျက်နှာပေါ်သို့ ဖျာကျလာသည်။ ဖုန်းယွီ တစ်ဖက်လှည့်လိုက် သောအခါ သူ့အနား၌ လီနမရှိကြောင်း သတိထားမိလိုက်သည်။ ဖြည်းညှင်းစွာ မျက်လုံး ဖွင့်ကြည့်လိုက်သည့်အခါ မီးဖိုချောင်အတွင်း လူတစ်ယောက် ချက်ပြုတ်နေကြောင်း ကြားသိလိုက်ရသည်။
“နန .. နင်ဘာလို့ အစောကြီးထနေတာလဲ.. အခုမှ (၇)နာရီပဲ ရှိသေးတယ်..”
ဖုန်းယွီ သူ့ခန္ဓာကိုယ်ပေါ်၌ ဘောင်းဘီတိုလေးတစ်ထည်ဖြင့်ပင် လီနနောက်မှ သိုင်းဖက်လိုက်သည်။
“ဘာမှ ဝတ်မထား သေးဘူးလား..”
လီန ကြိမ်းမောင်းလိုက်သည်။ နံနက်(၇)နာရီသည် စောနေသည်လော။ (၈)နာရီဆိုလျှင် အတန်းစသဖြင့် စောစော ထလေ့ရှိသည်။
“ငါတို့က အိမ်ထဲမှာပဲလေ.. ဘာပြဿနာရှိလို့လဲ..”
“အအေးမိလိမ့်မယ်..”
“နောက်မနေနဲ့တော့.. ငါဘယ်လောက် ကျန်းမာလဲ နင်မသိဘူးလား.. အအေးပတ်မှာတဲ့လား.. သွေးပူ လေ့ကျင့်ခန်း လုပ်လိုက်ရအောင်လေ..”
ဖုန်းယွီ ကြောင်ပါးပြုံး ပြုံး၍ လီနကို သူ့ဘက်ဆွဲလှည့်လိုက်သည်။
“ဟိုး..ဆရာ.. ကြက်၌ မီးလောင်နေပြီ..”
လီန ဖုန်းယွီလက်ကို ဖယ်လိုက်သည်။
ဖုန်းယွီ၏ လက်ကိုင်ဖုန်းမှ အသံထွက်မလာပါက လီနကို တစ်ခုခု လုပ်ချင်နေသေးသည်။ နံနက်အစောကြီး မည်သူ ဖုန်းဆက်လေသနည်း။
“ဟယ်လို.. ဘယ်သူလဲမသိဘူး..”
“မန်နေဂျာဖုန်း.. ငါပါ.. ငါ့မှာ အရေးကြီးတဲ့ သတင်း(၂)ခုရှိတယ်..”
ဖုန်းအတွင်းမှ ဒု-ခေါင်းဆောင်ကျား အသံကြားလိုက်သည်။
“သတင်းဆိုးလို့တော့ မပြောနဲ့နော်.. ပဒေသာရှိုုးမှာ ပြဿနာ ရှိလို့လား.. ထုတ်လွှင့်ဖို့ ခေါင်းဆောင် သဘောမတူဘူးလား..”
ဖုန်းယွီ မျက်ခုံးများ လှုပ်လာသလို ခံစားလိုက်ရသည်။
ဖုန်းယွီ စိတ်အပူဆုံးမှာ ဤပဒေသာရှိုးပွဲတွင် ပြဿနာတစ် ဖြစ်လာမည်ကိုပင်။ သူ့အနေဖြင့် ဤပဒေသာရှိုးပွဲအတွက် ပါဝင်သူများပင် ရွေးထားပြီးသား ဖြစ်နေပေပြီ။ ဖျက်သိမ်းလိုက်ရပါက ထိုပါဝင်သူများကို ရင်ဆိုင်ရမည်မှာ ရှက်စရာပင်။
“အဟွတ်.. ရုပ်မြင်သံကြား ဌာနက ဒီပဒေသာရှိုးကို ဆွေးနွေးပြီးပြီ ထုတ်လွှင့်လို့ရတယ်.. ငါတို့က ထုတ်လွှင့်ရေးအဖွဲ့ စဖွဲ့ပြီး အစီအစဉ်မှူး လဲအဆင်ပြေသွားပြီ.. နယ်ဖျင် ဒီအစီအစဉ်မှာ အစီအစဉ်မှူးအဖြစ် တာဝန်ယူလိမ့်မယ်..”
ပဒေသာရှိုးမှာ ပြဿနာ မရှိဘူးလော။ သို့ဆိုလျှင် ဒု-ခေါင်းဆောင်ကျား မည်သည့်အတွက် တုန့်ဆိုင်းသွားသနည်း။
“ခေါင်းဆောင်ကျား.. ကျုပ်တို့တွေ သိတာဖြင့် ကြာနေပြီ.. ဝေ့နေစရာ မလိုပါဘူး.. ဘာဖြစ်နေလဲ ပြောစမ်းပါ..”
“အဓိက ပြဿနာက အစီအစဉ်ကို CCTV2 မှာ ထုတ်လွှင့်ခွင့် မရဘူး.. ခေါင်းဆောင်က ဒီအစီအစဉ်ကို CCTV3 မှာပဲ လွှင့်စေချင်နေတယ်..”
“ဟမ်.. CCTV3 ကို ပြောင်းရမှာလား..”
“အေး.. CCTV2 ရဲ့ အကြီးအကဲက ခေါင်းဆောင်လေ.. ငါ့အစီအစဉ်ကိုတော့ နှောက်ယှက်မယ့် ပုံမရှိဘူး.. ခေါင်းဆောင်က ပဒေသာရှိုးမှာ ဘာအထူးအဆန်းမှ မပါတဲ့အပြင် အဆင့်သတ်မှတ်ချက် မကောင်းလောက်ဘူးတဲ့.. ဂြိုလ်တုလိုင်းပေါ်မှာ မပြသင့်ဘူးတဲ့..”
“ခေါင်းဆောင်ကျား.. ခင်ဗျားက ထိပ်တန်း ခေါင်းဆောင် ဖြစ်ပြီး အစီအစဉ်ကို CCTV2 မှာ ထုတ်လွှင့်ဖို့လေးတောင် အစီအစဉ် မချနိုင်ဘူးလား.. CCTV2 မှာ အစီအစဉ် အဟောင်းတွေ ပြန်ပြန်ပြီး ထုတ်လွှင့်နေတာမှ အများကြီးပဲ.. အဲ့အထဲက တစ်ခုခုနေရာ ဘာလို့ အစားမထိုးနိုင်ရမှာလဲ. “
ဖုန်းယွီအနေဖင့် ဤသည်ကို အလွန်ရယ်စရာ ကောင်းကြောင်း ခံစားနေမိသည်။
ဒု-ခေါင်းဆောင်ကျားသည် ခေါင်းဆောင်မဟုတ်သော်လည်း ခေါင်းဆောင်အား စည်းရုံးထားနိုင် သင့်သည်။ ဤသို့သော ပြဿနာသေးသေးလေးပင် မည်သို့မှ မဖြေရှင်နိုင်သည်လော။
“ဂြိုတုလိုင်းမှာ နေရာလွတ်တစ်ခု တစ်ခုရှိတာတော့ သဘောတူထားတယ်.. ဒါပေမယ့် အချိန်မကောင်းဘူး ဖြစ်နေတယ်.. ဗုဒ္ဓဟူးနေ့ည (၁၀:၃၀)နောက်ပိုင်း ဖြစ်နေတယ်.. အဲ့အချိန်ကြီးကတော့ ငါတို့ အစီအစဉ်ကို ဖျက်စီးစေလိမ့်မယ်..”
ဒု-ခေါင်းဆောင်ကျား ဤသည်ကို မကျေမနပ် ဖြစ်နေခြင်းပင်။ သူသည် ပျော်စရာအတိ ပဟေဠိ ပဒေသာရှိုး အစီအစဉ် ထုတ်လွှင့်သူဖြစ်သည်။ CCTV2 ဂြိုတုလိုင်းနှင့် CCTV3 ဒေသဆိုင်ရာလိုင်းအကြား အလွန်ကွာခြားချက် ကြီးမားလွန်းပေသည်။
ဒု-ခေါင်းဆောင်ကျားသည် ခေါင်းဆောင်ရာထူးသို့ မတိုးခဲ့လျှင်ပင် CCTV2 ၏ အကြီးအကဲ တစ်ယောက်ပင် ဖြစ်သည်။ မကြာမှီကပင် ရာထူးတိုး ခံခဲ့ရပြီး ယခု CCTV2 တွင်မည်သူမှ သူ့စကား နားမထောင်ကြချေ။
အကြောင်းပြချက်ကိုမူ သူ့ကို မည်သူမှ မပြောခဲ့ကြချေ။ ယခုထုတ်လွှင့်နေသည့် အစီအစဉ်များသည် အဆင့်သတ်မှတ်ချက် ကောင်းမွန်ပြီး ပျော်စရာအတိ ပဟေဠိ ဖြင့် အစားထိုး၍ မရချေ။ ထို့အပြင် ပျော်စရာအတိ ပဟေဠိအတွက် ကြော်ငြာခမှာလည်း အလွန်နည်းပေသည်။ ဤအစီအစဉ်တွင် ပါဝင်လာသူမှာ ဖုန်းယွီဖြစ်ကြောင်း CCTV မသိသေးချေ။
ဖုန်းယွီ ခံစားချက် မကောင်းတော့ချေ။ ယခုမူ အင်တာနက် ရုပ်မြင်သံကြား မရှိသေးချေ။ ဗုဒ္ဓဟူးနေ့ည (၁၀:၃၀)နာရီ နောက်ပိုင်း။ ဤအစီအစဉ်ကို ဤအချိန်၌ အဆင့်သတ်မှတ်ချက် မည်သို့ ရနိုင်ပေမည်နည်း။ ပဒေသာရှိုးပွဲပင် ပျက်သွားနိုင်ပေသည်။
“ဒါဆို CCTV1 ကရော.. အချိန်ကောင်း မရှိဘူးလား..”
“CCTV1 မှာက မဖြစ်နိုင်ဘူး.. အဲ့လိုင်းက အစီအစဉ်တွေအကုန်လုံး အသစ်တွေဆိုတော့ အစားထိုးလို့ မရဘူး.. ပြီးတော့ ခေါင်းဆောင်ကိုယ်တိုင် ကြီးကြပ်နေတာ.. ခေါင်းဆောင်နဲ့ ထိပ်တိုက် သွားတိုးလို့ မဖြစ်ဘူး..”
ဒု-ခေါင်းဆောင်ကျား သေချာပြောလာသည်။ ခေါင်းဆောင်သည် အငြိမ်းစားမရသေးဘဲ CCTV1 အစီအစဉ်များကို ဝင်ရောက်စွက်ဖက်မည် ဆိုပါက သူ့ရာထူးကို လက်လွှဲယူရန် စိတ်အားသန်နေသည်ဟု အခြားသူများ ယူဆကြ ပေလိမ့်မည်။ ရာထူးတိုးမည့် အလားအလာကို ထိခိုက်စေလိမ့်မည်ဖြစ်သည်။
“ဒါဆို ကြော်ငြာခ တိုးပေးမယ်.. ကိစ္စကြီးကြီးမှ မဟုတ်တာ.. CCTV2 ရဲ့အကြီးအကဲ ဘာလိုချင်နေလဲ.. ကြော်ငြာခ ဘယ်လောက် ပေးရမလဲ..”
ကြော်ငြာခ မလောက်ငှ၍ ဖြစ်နိုင်ချေသည်။
“အဲ့ဒါ ကြော်ငြာခနဲ့ မပတ်သက်ဘူး.. နှစ်ကူးပြီးတာနဲ့ ထုတ်လွှင့်ဖို့ စီစဉ်ထားတာ.. အဓိကကတော့ သူတို့တွေ ငါတို့အစီအစဉ်အကြောင်း သေချာမစဉ်းစားဘဲ ဂြိုလ်တုလိုင်းပေါ်မှာ ထုတ်လွှင့်ဖို့ မသင့်ဘူးလို့ ထင်နေကြတယ်..”
“ခေါင်းဆောင်ကျား.. အဲ့လိုသာဆို တခြားဂြုလ်တုလိုင်းတွေဆီ ကျုပ်သွားမယ်.. လူတုံ၊ ကျန်ကျန်း ရုပ်မြင်သံကြား တွေ စတော့မယ်လို့ ကြားတယ်.. ဒီပဒေသာရှိုးကို ထုတ်လွှင့်ရရင် ပျော်ကြမယ်ထင်တယ်.. ကျုပ်ကတော့ ရှင်းရှင်းပဲ လုပ်တတ်တယ်.. ဂြိုလ်တုလိုင်းမဟုတ်ရင် ဒီအစီအစဉ် ပျက်စီးသွားလိမ့်မယ်..”
“ဖုန်းယွီ အဲ့ဒါ အဆင်မပြေဘူး.. ဒီအစီအစဉ်အတွက် စတောင် ပြင်ဆင်နေကြပြီ.. တခြားဂြိုလ်တုလိုင်တွေမှာ ဒီလို အစီအစဉ်တွေ ထုတ်လွှင့်နိုင်အုံးမယ်လို့ ထင်နေသေးလား..”
သေစမ်း။ အဲ့လူတွေ ရူးကုန်ပေပြီ။ ဤသူများသည် မိမိ၏ ပဒေသာရှိုးပွဲ သဘောတရားများ ရပြီးမှ ဂြိုလ်တုလိုင်းတွင် မထုတ်လွှင့်နိုင်ကြောင်း ပြောနေကြပေပြီ။
“ဒု-ခေါင်းဆောင်ကျား.. ခင်ဗျား ကျုပ်အပေါ် မတရားဘူး..”
ဖုန်းယွီ ဒု-ခေါင်းဆောင်ကျား ဟူသည့် အသုံးအနှုန်းပင် သုံးလိုက်သည်။ အလွန် စိတ်ဆိုးနေချေပြီ။ အကယ်၍ ဤအစီအစဉ်သည် ဂြိုလ်တုလိုင်းတစ်နေရာ မရခဲ့ပါက ကြော်ငြာအကျိုးသက်ရောက်မှု ကောင်းမည် မဟုတ်ချေ။ သူရွေးထားသူများအား မည်သို့ ပြောရမည်နည်း။
“တကယ်တော့ CCTV3 လဲ မဆိုးပါဘူးလေ.. နောက်(၂)နှစ်နေရင် ဂြိုလ်တုလိုင်းအဖြစ် ပြောင်းမှာကွ.. ဒီလိုဆိုရင် ရောကွာ.. လာမယ့် လေလံပွဲတွေကျရင် နောက်ထပ် နေရာကောင်းကောင်း ကြော်ငြာကွက် (၂)ခု မင်းရအောင် ကူညီမယ်ကွာ..”
ဒု-ခေါင်းဆောင် အရှက်ကွဲချေပြီ။
“ခေါင်းဆောင်ကျား.. ဒီရှိုးပွဲ CCTV2 မှာမှ အချိန်ကောင်း မရရင် လာမယ့်နှစ် ကြော်ငြာကွက်တွေ ကျုပ်မဝယ်တော့ဘူးလို့ သူတို့ကို ပြောလိုက်ဗျာ..”
စီးပွားရေးလုပ်ငန်းစုကြီးတစ်ခုက သူ့ဖောက်သည်ကို အနိုင်ကျင့်နေသည်လော။ ယခု ဤဖောက်သည်မှ ထိုစီးပွားရေး လုပ်ငန်းစုကြီးကို ခြိမ်းခြောက်ရပေတော့မည်။
-------*****--------
ဘာသာပြန်သူ . (NTP)