← Chapters

ပင်လယ်ပြင် ခရီးထွက်ခြင်း

Vol. 36 Ch. 530

ပင်လယ်ပြင် ခရီးထွက်ခြင်း

Vol. 36 Ch. 530

ဒု-ခေါင်းဆောင်ကျား ဖုန်းယွီစကားကြောင့် တုန်လှုပ်သွားတော့သည်။ ဖုန်းယွီကို စည်းရုံးရန် ကြိုးစားသော်လည်း ဥပေက္ခာပြုခံလိုက်ရသည်။ ထို့အစား ဖုန်းယွီသည် လာမည့် နွေဦးပွဲတော် နှစ်ကူးညနှင့် နှစ်ကူးညစာစားပွဲကို ကူညီ ပံ့ပိုးတော့မည် မဟုတ်ကြောင်း ပြောခဲ့သေးသည်။ သူသည် ဂြိုလ်တုလိုင်း ဖြစ်ချင်သည့်အတွက် ဂုဏ်ပြုသည့် အနေဖြင့် လူတုံ၊ ကျန်ကျန်း ရုပ်မြင်သံကြားဌာနများသို့ သွားပေလိမ့်မည်။ ဖုန်းယွီ သူ့ကို ထောက်ခံလိမ့်အထင်ဖြင့် ရှိုးပွဲအောင်မြင်ရေးအတွက် သူတို့စွမ်းအားကုန် သုံး၍ရမည် ထင်နေပေသည်။

ဖုန်းယွီ ဒု-ခေါင်းဆောင်ကျားကို ခြိမ်းခြောက်ခဲ့သည်။ ဒု-ခေါင်းဆောင်ကျား ထိုင်မနေနိုင်တော့ချေ။ ထိုကိစ္စ ခေါင်းဆောင်ထံ ချက်ချင်း သတင်းပို့လိုက်တော့သည်။ သို့ရာတွင် ဖုန်းယွီသည် CCTV တွင် အပတ်စဉ် သီးသန့်အချိန် တစ်ခု လိုချင်သည်ဟု မပြောခဲ့ချေ။ ထို့အစား ဖုန်းယွီ လိုချင်သည်မှာ စနေနေ့ အချိန်ကောင်းတစ်ခုဟုသာ ပြောလိုက်သည်။

ခေါင်းဆောင် ဒေါသအကြီးအကျယ် ထွက်သွားတော့သည်။ သို့ရာတွင် ပြန်တွေးကြည့်သည့်အခါ ဖုန်းယွီ၏ တောင်းဆိုချက်ကို လိုက်လျောယုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။ နှစ်ကူးညစာစားပွဲသည် ပြီးခဲ့သည့်နှစ်က အလွန်အောင်မြင်ခဲ့ပြီး ယခုနှစ်တွင် ထိုအထူးအစီအစဉ်ကို ရပ်လိုက်ပါက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် CCTV ကို ဝိုင်း၍ အပြစ်တင်ကြပေတော့မည်။ ခေါင်းဆောင်သည် အဓိက တရားခံဖြစ်လာမည်မှာ မလွဲဧကန်ပင်။

ထိုသို့ ဖြစ်လာပါက ခေါင်းဆောင်အနေဖြင့် နောက်(၂)နှစ် စောင့်၍ အငြိမ်းစာယူစရာ မလိုတော့ချေ။ ယခုနှစ်တွင်ပင် ရာထူးဖြုတ်ခံရနိုင်ပေသည်။ ထို့အပြင် CCTV ၏ ကြော်ငြာကွက်များကို မကြာမှီ လေလံပွဲ စတင်တော့ပေမည်။ ဖုန်းယွီသာ လေလံပွဲမှ နှုတ်ထွက်သွားပါက ၎င်းတို၏ ကြော်ငြာအကွက်များ ရောင်းချမှု သိသိသာသာ ထိခိုက်ပေတော့မည်။ ပဒေသာရှိုးပွဲကြောင့် ဖုန်းယွီ၏ ခြိမ်းခြောက်မှုကိုလည်း ခေါင်းဆောင် ပဟေဠိ ဖြစ်နေခဲ့သည်။

ခေါင်းဆောင်က ဒု-ခေါင်းဆောင်ကျား လက်ချက်ဟု သံသယရှိနေပေသည်။ ဖုန်းယွီ၏ ဖုန်းနံပတ်တောင်း၍ ကိုယ်တိုင် ဖုန်းဆက်တော့သည်။ ဖုန်းယွီမှ ဤစကားများ အတိုင်းသာ ထပ်ပြောခဲ့သည်။ သူ့ဖက်ကိုယ့်ဖက် မမှိပါက သီးသန့်လမ်းဖောက်ပေတော့မည်။

CCTV သည် နောက်ဆုံး၌ ဖုန်းယွီ၏ တောင်းဆိုချက်ကို သဘောတူခဲ့ပြီး ကုန်ပစ္စည်းနေရာချထားခ ဈေးနှုန်းကို တိုးမြှင့်မည် မဟုတ်ချေ။ ဖုန်းယွီလည်း ထိုရလဒ်ကို သဘောတူခဲ့ပြီး ကြော်ငြာအွက်များအတွက် ဆက်လက် လေလံတင်ရန်နှင့် သူတို့၏ ကြော်ငြာဈေးနှုန်းများ CCTV မှ တိုးမြှင့်နိုင်ရန် ကူညီမည်ဟု သဘောတူခဲ့သည်။ နှစ်ကူးပွဲတော်၊ နှစ်ကူးညစာစားပွဲ တို့ကိုလည်း ဆက်လက် ပံ့ပိုးပေးမည်ဖြစ်သည်။

တစ်ခါတစ်ရံ အခက်အခဲဟူသည်ကလည်း မရှိမဖြစ် လိုအပ်ပေသည်။

…*****…

ဖုန်းယွီနှင့် လီနတို့ ကွမ်ကျိုးသို့ရောက်ရှိပြီး သင်္ဘောဖြင့် ဟောင်ကောင်သို့ ဆက်သွားကြတော့သည်။

ဟောင်ကောင်သို့ ရောက်သည့်အချိန် မှောင်နေပေပြီ။ ဟောင်ကောင်အား အာရှအရှေ့ပိုင်းပုလဲဟုလည်း တင်စားကြလေသည်။ အဆောက်အဦးများမှ တောက်ပသော မီးရောင်များသည် ကောင်းကင်ယံထိ ထိန်လင်းနေပေသည်။ အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်။

“ဝိုး.. ဟောင်ကောင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ.. အဲ့အဆောက်အဦးကို ကြည့်စမ်း အရှည်ကြီးပဲ… ဟိုမှာရော..”

လမ်းတစ်လျှောက်လုံး လီနသည် တောသူမလေး တစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။ သူမြင်သမျှ နှစ်သက် ပျော်ရွှင်နေမိတော့သည်။

ဟောင်ကောင်သည် ပေကျင်းထက် စီးပွားရေး ပိုမိုတိုးတက်ခဲ့သည်။ မိုးမျှော်တိုက်တွေ များစွာရှိ၍ လမ်းညီညာ လွန်းလှသည်။ လျှပ်စစ်မီး ပြတ်တောက်မှုလည်း မရှိခဲ့ချေ။ ဟောင်ကောင်၏ ညရှုခင်းမှာ နေ့လည်ထက် ပိုလှပပေသည်။ သို့ရာတွင် ဖုန်းယွီသည် နှစ်ပေါင်း(၂၀)ကြာ တရုတ်နိုင်ငံ၏ မြို့ကြီးများကို တွေ့မြင်ခဲ့ရသူ ဖြစ်၍ နှိုင်းယှဉ်ကြည့်ပါက ဘာမှ မဟုတ်တော့ချေ။

ယဉ်မောင်း အဘိုးကြီးချန် ကားရှေ့ခန်းတွင် ထိုင်နေပေသည်။ အရင်က ဖုန်းယွီ၏ အပြစ်တင်ခံရပြီးနောက် နောက်ကြည့်မှန် မကြည့်ဝံ့တော့ချေ။ ဖုန်းယွီနှင့် လီနကို အိမ်သို့ ပို့ခဲ့သည်။ ဖုန်းယွီက နံနက်(၉)နာရီ လာခေါ်ရန် မှာပြီးနောက် အဘိုးကြီးချန်း ထွက်သွားတော့သည်။

“ဒါ ကျောင်းအဆောင်တော့ မဟုတ်ဘူးလား..”

လီန စိတ်ဝင်တစား မေးလာသည်။ ဤသည်မှာ ဟောင်ကောင်တက္ကသိုလ်ဖြစ်လျှင်ပင် တည်းခိုခန်းများထက် သာနေပေသည်။

“ဒီတိုက်ခန်း ငါဝယ်လိုက်တာလေ.. နင်က ဟောင်ကောင်ကို ပထမဆုံး လာလတ်ပတ်တာလေ.. ငါနင့်ကို ဟိုတယ်မှာ တည်းခွင့် မပေးနိုင်ပါဘူး.. ပြီးတော့ ဒီတိုက်ခန်းအတွက် ငါ့ငွေတွေ အလဟသ အဆုံးရှုံးခံစရာလား.. (၂)နှစ်လောက် နေလို့ ပြန်ရောင်းရင် ငွေနည်းနည်း ပြန်ရနိုင်သေးတယ်လေ.. တနေကုန် ခရီးသွားရလို့ ပင်ပန်းနေပြီ မို့လား.. လာ အတူတူ ရေသွားချိုးရအောင်..”

“ဘယ်သူက နင်နဲ့ အတူရေချိုးချင်လို့လဲ..”

လီန ရှက်သွားသည်။ ဖုန်းယွီသည် သူလာရန်အတွက်နှင့် တိုက်ခန်းတစ်ခု ဝယ်ထားသဖြင့် စိတ်လှုပ်ရှားနေပေသည်။

“ငါ နင်နဲ့ ရေချိုးချင်တာလေ.. အဲ့ရေချိုးကန် တော်တော် ကောင်းတယ်.. လာစမ်းပါ..”

ဖုန်းယွီ လီနကို ပွေ့ချီ၍ ရေချိုးခန်းထဲသို့ အပြုံးအပြည့် မျက်နှာဖြင့်သာ။

----****-----

နောက်တစ်နေ့ နံနက် အဘိုးကြီးချန်း သူတို့ကို လာကြိုပေသည်။ ဖုန်းယွီ လီနကို ဟောင်ကောင်၏ ရိုးရာနံနက်စာ မြည်းစမ်းရန် ခေါ်သွားတော့သည်။ ဒင်းမ်ဆမ်း၊ မုန့်၊ ပုဇွန်ထုပ်၊ ယာဂု စသည်တို့ပင်။ အစားအသောက်များ သည်လည်း အရသာရှိသဖြင့် နှစ်ယောက်စလုံး အမုန်းဆွဲကြတော့သည်။ ပြီးခဲ့သည့် ညက စွမ်းအင် အလွန်အကျွံ သုံးခဲ့၍လည်း ဖြစ်နိုင်ချေသည်။

ယနေ့ ဖုန်းယွီ လီနကို ကုန်တိုက်များတွင် ဈေးဝယ်ထွက်ခိုင်းတော့သည်။ ဆိုင်များတွင် လီန ကြိုက်သည့် အဝတ်အစားများ အားလုံး ဝယ်ပေးခဲ့သည်။ အရောင်းဝန်ထမ်းများ အားလုံး အံ့ဩသွားတော့သည်။ ယခုအချိန်၌ ပြည်မကြီးသည် ဤမျှ ချမ်းသာနေပြီလော။ ဖုန်းယွီသည် ဟောင်ကောင် သူဌေးကြီးများထက်ပင် လက်ဖွာလှချေသည်။

အရောင်းကောင်မလေးများသည် ဖုန်းယွီအနား ကပ်ရန် ကြိုးစားခဲ့သော်လည်း ဥပေက္ခာပြုခံရတော့သည်။ သူတို့အားလုံး တရုတ်နိုင်ငံမှ ထိုမိန်းကလေးကို မကျေမနပ် ဖြစ်နေကြပေသည်။ ထို ချမ်းသာသူများ မည်သို့ ဆုံတွေ့ခဲ့ကြပေ သနည်း။

ဖုန်းယွီမှာ ငယ်ရွယ်၍ ချမ်းသာလှသည်။ ရုပ်ရည် ချောမောသည်ဟုလည်း သတ်မှတ်နိုင်ပေသည်။ ဖုန်းယွီ ထိုမိန်းကလေးများအကြား မင်းသားလေး ဖြစ်နေတော့သည်။ သို့ရာတွင် ဖုန်းယွီ မည်သည့်စကားမှ မဆိုချေ။ လီန ထိုကောင်မလေးများ ပရောပရီလုပ်ရန် ကြိုးစားနေသည်ကို မြင်သည့်အခါ စိတ်မဝင်စားချေ။

လီန ထိုအရောင်း ကောင်မလေးများကို အမှန်ပင် စိတ်မဝင်စားသည်လော။ သူ အဝတ်လဲခန်းအတွင်း ရှိစဉ် ဖုန်းယွီကို ကြိမ်ဖန်များစွာ သတိထားကြည့်နေခဲ့သည်။ ဖုန်းယွီသည် ထိုအရောင်းမိန်းကလေးများအား စိတ်မဝင်စား သည်ကိုသတိပြုမိပြီးနောက် စိတ်အေးသွားသည်။

ဖုန်းယွီ ကောင်ဟောင်တွင် အချိန်အတော်ကြာ နေခဲ့ပြီး လီနသည် ဖုန်းယွီ ပြောင်းလဲသွားမည်ကို စိုးရိမ်မိခဲ့သည်။ ဟောင်ကောင်သည် အရှုတ်အထွေးများဖြင့် ပြည့်နှက်နေကြောင်း သူကြားဖူးထားပေသည်။ သို့ရာတွင် ဖုန်းယွီ၏ လုပ်ရပ်များကြောင့် အရင်အတိုင်းဟု သိသွားတော့သည်။ ဖုန်းယွီအား သံသယရှိရန်ပင် ကြောက်လာမိပေသည်။

ညဘက်တွင် ဖူကွမ်းကျန့် ပေါ်လာပြီး ဖုန်းယွီနှင့် လီနကို ညစာစားရန် ဟိုတယ်သို့ ဖိတ်ကြားခဲ့သည်။ ထိုနေရာတွင် တရုတ်ဟင်းလျာများ ထပ်စားခဲ့ကြသည်။ ဖုန်းယွီ လီနကို အနောက်တိုင်း အစားအစာများ မြည်းစမ်းရန် ခေါ်လာခဲ့သည်။ သို့ရာတွင် လီနမကြိုက်သလို၊ ဒုက္ခပေးလွန်းသည့် စားပွဲထိုးမလေးများကိုလည်း မကြိုက်ချေ။ ဖူကွမ်းကျန့် ဖုန်းယွီထံ လီနကြိုက်တတ်သည်များကို မဖိတ်ခင်ကတည်းက မေးမြန်းထားခြင်း ဖြစ်သည်။

“အစ်ကိုဖုန်း.. ရွက်လှေ အသင့်ဖြစ်နေပြီ.. မနက်ဖြန် ရာသီဥတု ကောင်းမှာ.. လှိုင်းတွေလဲ ကောင်းလိမ့်မယ်.. မင်းနဲ့ အမျိုးသမီးလီကို ပင်လယ်ထဲ လိုက်ပို့ပေးလို့ရတယ်..”

ဖုန်းယွီ ဖူကွမ်းကျန့်ထံမှ ရွက်လှေငှားထားသည်။ လီန၏ ပထမဆုံး ဟောင်ကောင် ခရီးစဉ်လည်း ဖြစ်ပေသည်။ သူ့ကို ပင်လယ်ထဲ ဘယ်လို ထုတ်နိုင်မည်နည်း။

“ကျေးဇူးပဲ..”

ဖုန်းယွီ လီကွမ်းကျန်းကို အသိအမှတ်ပြုလိုက်သည်။

ဖူကွမ်းကျန့် သူ့ခွက် အောက်ချထားသည်။ ဒုက္ခအတော် ရောက်ရပေသည်။ ဖုန်းယွီ အဘယ့်ကြောင့် ဝိုင်နီ မကြိုက်သနည်း။ အဘယ့်ကြောင့် ဘီယာ ကြိုက်ပေသနည်း။ ဘီယာ အလွန်အကျွံ သောက်မိပါက ရင်ပူစေလိမ့်မည်။ အစာ စားချိန် ဗိုက်ပြည့်နေပါက ရိုင်းစိုင်းခြင်း တစ်မျိုးပင်။

ဝိုင်နီမှာ ချဉ်၍ အက်စစ်ဓာတ်ပါပြီး ဖုန်းယွီ ထိုအရသာ မကြိုက်ချေ။ ဝိုင်နီကြိုက်သူများသည် အဆင့်အတန်း မြင့်ဟန် ဆောင်သူများ ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်ထားပေသည်။

ပမ့်မြို့သည် တရုတ်နိုင်ငံတွင် ဘီယာသောက်သုံးမှု အများဆုံး မြို့ဖြစ်သည်။ ပမ့်မြို့တွင် နေထိုင်သူများသည် ငယ်စဉ်ကတည်းက ဘီယာ သောက်ခဲ့ကြသည်။

“အစ်ကိုဖုန်း… မနက်ဖြန် ခရီးထွက်ဖို့ ငါအားလုံး ပြင်ဆင်ပြီးပြီ.. ဘာမှ ယူလာစရာ မလိုဘူး.. ကပ္ပတိန်က အတွေ့အကြုံရှိတော့ စိတ်ပူစရာ မလိုဘူး.. အမျိုးသမီးလီ ဘာလိုသေးလဲ.. ကြိုပြင်ဆင်ထားဖို့ ကပ္ပတိန်ကို ပြောထားမယ်လေ…”

ဖူကွမ်းကျန့်၏ ပြင်ဆင်မှုများတွင် စေ့စပ်သေချာပေသည်။

“အဆင်ပြေပါတယ်.. ကျေးဇူးတင်ပါတယ်.. အစ်ကိုဖူ..”

……

ရွက်လှေမြင်သည့်အခါ ဖုန်းယွီနှင့် လီန စိတ်လှုပ်ရှားနေတော့သည်။ သူဌေးကြီး တော်တော်များများ ရွက်လှေဝယ်သည်မှာ အံ့ဩစရာမရှိတော့ချေ။ ဟွမ့်.. နောင်တွင် ရွက်လှေဝယ်ရန် ကွမ်းကျန့်၏ အဆက်အသွယ်များ ယူရပေလိမ့်မည်။

“နန .. ဒီကိုလာ.. ရွက်လှေကို ခနလေးနဲ့ ထိန်းတတ်အောင် ကြိုးစားရမယ်လို့ ကပ္ပတိန် ပြောတယ်..”

ဖုန်းယွီ ရွက်လှေကို ပဲ့ကိုင်နေပေသည်။ ကားမောင်းသည်ထက် ပိုကောင်းကြောင်း ခံစားနေရသည်။

“ငါရော ပဲ့ကိုင်ကြည့်လို့ ရမလား.. မြန်မြန် ပေးစမ်းပါ..”

လီန ရွက်လှေကို ပဲ့ကိုင်နိုင်မည် မထင်ခဲ့ချေ။ အရုပ်အသစ်ရသည့် ကလေးတစ်ယောက်အလား ပြုမူနေပေတော့သည်။

ကပ္ပတိန် လီန အနားရပ်နေပြီး တစ်ချိန်တည်းမှာပင် ဒက်ရှ်ဘုတ်ပေါ်ရှိ မီတာခွက်များအားလုံးကို ကြည့်နေသည်။ လုံခြုံရေးသည် ထိပ်တန်းဦးစားပေး မဟုတ်ပေလော။

အာ.. ရှေ့တည့်တည့်၌ ရွက်လှေတစ်စီး အရှိလျှော့ရန် အချက်ပြနေပေသည်။ ဤသည်မှာ လီမိသားစု ရွက်လှေပင်။

“မစ္စတာဖုန်း.. ရှေ့က ရွက်လှေက လီမိသားစုပိုင်လေ.. သူတို့တွေ ငါတို့နားကပ်ချင်လို့ အချက်ပြနေတာ.. မင်း ဘယ်လိုလုပ်မလဲ..”

“လီ မိသားစုလား.. ဘယ်လီမိသားစုလဲ..”

“မဟာလူသားလီ မိသားစု..”

မဟာလူသား လီ၏ မိသားစုလော။ ထိုရွက်လှေပေါ်တွင် မည်သူ ပါပေသနည်း။ မဟာလူသား လီ သို့တည်းမဟုတ် သူ့သားလော။ ဖုန်းယွီသည် လီမိသားစုနှင့် တစ်လျောက်လုံး သိချင်နေခဲ့သည်။ နောက်ဆုံး၌ သူ့အတွက် အခွင့်အရေး ရောက်လာခဲ့ပေသည်။

#ဘာသာပြန်သူမှတ်ချက်။

လီခယ်ရှင်း (မဟာလူသားလီ) အကြောင်း သိလိုပါက အောက်ပါ လင့်တွင် လေ့လာနိုင်ပါသည်။

https://en.wikipedia.org/wiki/Li_Ka-shing

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters