← Chapters

မဟာလူသားငယ်

Vol. 36 Ch. 531

မဟာလူသားငယ်

Vol. 36 Ch. 531

လှေ(၂)စင် အရှိန်လျော့၍ ဘေးချင်းကပ် ရွက်လွှင့်နေပေသည်။ ဖုန်းယွီသည် အခန်းအတွင်းမှ အထွက်ခင် လူတစ်ယောက် အော်သံ ကြားလိုက်ရသည်။

“အဲ့ဒါ အစ်ကိုကြီး ကွမ်းကျန့်လား..”

ဖုန်းယွီ အခန်းအတွင်းမှ ထွက်လာပြီး အခြားရွက်လှေပေါ်တွင် နေရောင်ကာ ဝတ်စုံဝတ်ထားသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူသည်လည်း ဖုန်းယွီကို မြင်သည့်အခါ အံ့ဩသွားသည်။ ဤသည်မှာ ကွမ်းကျန့် ရွက်လှေ မဟုတ်ပေသလော။

“မင်းက လီမိသားစုရဲ့ ဒုတိယ သခင်လေးလား.. ငါက ကွမ်းကျန့်ရဲ့ သူငယ်ချင်းပါ.. ပင်လယ်ထဲ ထွက်ဖို့ ရွက်လှေငှားလာတာပါ..”

ဖုန်းယွီ လှမ်းအော်လိုက်သည်။ မဟာလူသား၏ ဒုတိယသား လီသည် အလွန်ငယ်ရွယ်နေပုံပင်။

လီကျယ်ခိုင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူသည် အဘယ့်ကြောင့် တရုတ်လေယူလေသိမ်းဖြင့် ပြောနေသနည်း။ ထိုလူသည် ဖူမိသားစု၏ လျှို့ဝှက်ဆန်းကြယ်သော တရုတ်လုပ်ဖော်ကိုင်ဖက် မန်နေဂျာဖုန်း ဖြစ်နိုင်သည်လော။ မန်နေဂျာဖုန်းသည် အလွန်ငယ်သည်ဟု ကောလဟလများ သူကြားထားပေသည်။ ရှေ့မှလူ၏ အသက်ငယ်သေးသည်။ သူသည် လျှို့ဝှက်ဆန်းကြယ် မန်နေဂျာဖုန်း ဖြစ်နိုင်ပေသည်။

“မင်း.. တရုတ်ပြည်ကြီးက မစ္စတာဖုန်းလား..”

“ဘာကြီး.. မစ္စတာလီ ကျုပ်ကို သိတယ်လား..”

ဖုန်းယွီ ကျေနပ်သွားသည်။ လီကျယ်ခိုင် သူ့အကြောင်း ကြားထားပါက စုံစမ်းနေပေလိမ့်မည်။ ဖုန်းယွီ သူ့ကို သိရန် လိုလွယ် ပေလိမ့်မည်။

“ဒါပေါ့.. မင်းအကြောင်း ငါကြားဖူးထားတယ်.. ရှေ့က ကျွန်းလေးကို သွားကြမယ်လေ.. ငါနဲ့ မိတ်ဖွဲ့ချင်ရဲ့လား..”

“ဂုဏ်ယူ ဝမ်းမြောက်ဝမ်းသာပါပဲ.. ကျွန်းငယ်လေးမှာ ဆုံးကြတာပေါ့..”

အခန်းအတွင်း ပြန်ရောက်သည့်အခါ ဖုန်းယွီသည် လီကျယ်ခိုင်၏ ရွက်လှေအနီး ကျောက်ချရပ်နားထားရန် ကပ္ပတိန်ကို ပြောလိုက်သည်။

“အဲ့ ဒုတိယသခင်လေးက ဘယ်သူလဲ..”

“သူလား.. ဟောင်ကောင်ရဲ့ အကြီးဆုံး သူဌေးကြီး မဟာလူသားလီရဲ့ ဒုတိယသားပေါ့.. ဖူကွမ်းကျန့်ရဲ့ သူငယ်ချင်း ဖြစ်တဲ့အပြင် အခုကွမ်းကျန့် ရွက်လှေပေါ်မှာ ရှိနေတယ်လို့ ထင်နေတာ.. ဒါကြောင့် ငါ့ကိုနှုတ်ဆက်တာ ရပ်လိုက်တာ.. သူလဲ အဲ့ကျွန်းလေးကို သွားမှာလေ.. အဲ့ကျွန်းမှာ ငါတို့ သူငယ်ချင်း (၂)ယောက် ရှိလိမ့်မယ်..”

လီနမှာမူ မဟာလူသားလီဆိုသူကိုလည်း မသိချေ။ ဖုန်းယွီသည် သူတွေ့ဖူးသမျှ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။ သူလိုချင်သမျှ ဝယ်နိုင်ပေသည်။ ဖုန်းယွီထံမှ မဟာလူသားလီသည် ဟောင်ကောင်ရှိ သူဌေးကြီး တစ်ဦးဟုပြောပါက ထိုလူသည် အလွန်ချမ်းသာသူ ဖြစ်ပေလိမ့်မည်။

နာရီဝက်အကြာ၌ ရွက်လှေသည် ကျွန်းငယ်လေးအနီး ကျောက်ချထားလိုက်သည်။ ရွက်လှေအနောက်ဘက်တွင် လှေငယ်တစ်စင်းရှိပြီး အမှုထမ်းတစ်ဦးမှ ဖုန်းယွီနှင့် လီနကို သင်္ဘောဆီသို့ ကူးတို့ဖြင့် ပို့ပေးလိုက်သည်။

လီကျယ်ခိုင် ကျွန်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဖုန်းယွီကို ကမ်းခြေတွင် ရပ်စောင့်နေပေသည်။ ဆွဲဆောင်မှု အပြည့်နှင့် မိန်းမချောလေးတစ်ယောက် သူ့ဘေးတွင် ရပ်နေပေသည်။ ဤသည်မှ အမျိုးသမီးလျန့် မဟုတ်ချေ။ ဖုန်းယွီ ယခင်ဘဝမှ အမျိုးသမီး လျန့်သည် ယခုအချိန်၌ သူငယ်တန်း ကျောင်းသူ သာဖြစ်နေပေလိမ့်ဦးမည်။

“မစ္စတာဖုန်း.. မင်းနဲ့ တွေ့ရတာ ဝမ်းသာပါတယ်.. ဒါ ငါ့သူငယ်ချင်း ရှန်းဟွေဟွေ တဲ့..”

လီကျယ်ခိုင် လက်ဆွဲနှုတ်ဆက် လိုက်သည်။

“သခင်လေးလီ.. ကျုပ်လဲ ဝမ်းသာပါတယ်ဗျာ… ဒါကျုပ်ကောင်မလေး လီနတဲ့.. ပေကျင်းက အခုမှ ရောက်တာ..”

လီကျယ်ခိုင် သူ့အဖော်ကို မိတ်ဆက်ပေးသကဲ့သို့ ဖုန်းယွီလည်း သိုသို့ ပြုလုပ်ရပေလိမ့်မည်။ သို့ရာတွင် ရှန်းဟွေဟွေ မှာ သူငယ်ချင်းအဆင့်သာ မဟုတ်သင့်ပေ။

သခင်လေးလီသည် ဖုန်းယွီနှင့် ယှဉ်ပါက ဘဝကို မည်ကဲ့သို့ ပျော်ရွှင်စွာ ဖြတ်သန်းရမည်မှန်း အမှန်တကယ် သိနေပေသည်။ သူသည် ကမ်းခြေ၌ ကုလားထိုင်များနှင့် ထီးများပါသော ဤသဲကန္တာရကျွန်းသို့ ရောက်လာခဲ့ပေသည်။ စားပွဲများ၊ တဲများနှင့် အကင်မီးဖိုများပါ တစ်ပါတည်း ယူလာသဖြင့် နေ့လည်စာ ချက်ရန်အထိ ပြင်ဆင်ထားပုံရပေသည်။

အားလုံး ထိုင်ပြီးသောအခါ ရှန်းဟွေဟွေ ရှန်ပိန်ပုလင်းဖွင့်ကာ တစ်ခွက်စီ လောင်းထည့်လိုက်သည်။ လီန စိတ်မသက်မသာ ဖြစ်နေသည်ကို မြင်သည့်အခါ ဖုန်းယွီရယ်လိုက်မိသည်။ သူသည် လီနအနားကပ်၍ တိုးတိုးလေးဖြင့်..

“သည်းခံနေဖို့ မလိုပါဘူး… ငါ သူ့ထက် ချမ်းသာတယ်…”

ဤသည်မှာ အမှန်တရားဖြစ်သည်။ လီကျယ်ခိုင်၏ ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ သန်းဆယ်ဂဏန်းခန့်သာ ရှိသေးသည်။ ဖုန်းယွီနှင့် ယှဉ်၍ မရနိုင်ချေ။ ဖုန်းယွီသည် ဖူရုံချီနှင့် ထမင်းစားလေ့ရှိပြီး လီကျယ်ခိုင်နှင့် ရင်းနှီးသည်ဟု မခံစားမိချေ။

ဖုန်းယွီစကား ကြားသည့်အခါ လိန ရယ်ချင်ပက်ကျိဖြစ်၍ ဖုန်းယွီကို လက်သီးနှင့် ထိုးလိုက်တော့သည်။ ထိုအခါမှသာ နေသာထိုင်သာရှိ လေတော့သည်။

“ငါ မစ္စတာဖုန်းနဲ့ မစ္စလီကို မနာလိုတော့ဘူး..”

လီကျယ်ခိုင် ရယ်လိုက်တော့သည်။

“ဟုတ်တယ်ဗျို့.. အတူကြီးလာတာဆိုတော့ ငယ်ချစ်လို့ကို ပြောလို့ရပါတယ်..”

ဖုန်းယွီ နောက်ပြောင်လိုက်သည်။ လီကျယ်ခိုင်သည် အမျိုးသမီးများအကြား နာမည်ကောင်း မရှိချေ။ တစ်ကမ္ဘာလုံးတွင် သူ့ကောင်မလေးများ ရှိပေသည်။ ကြောင်ပါး သရုပ်ဆောင်ခန်းများထက်ပင် သူ့၌ မိန်းကလေးမျိုးစုံနှင့် ဇာတ်လမ်း ပိုများပေသည်။

လီကျယ်ခိုင် ဤကဏ္ဍ၌ သူ့အကြီးဆုံးအစ်ကိုနှင့် အလွန်ကွာခြားပေသည်။ ဤသည်ကပင် မဟာလူသားလီ သူ့အစ်ကိုကို သဘောကျနေရခြင်းပင်။ မဟာလူသားလီသည် လီကျယ်ခိုင်အစား သူ၏ အကြီးဆုံးသားကို အခွင့်အလမ်းများအားလုံး လွှဲပြောင်းပေးရန် ပြင်ဆင်ခဲ့သည်။ ဤသည်မှာ သိသာပေသည်။ လီကျယ်ခိုင်၏ ပုံရိပ် သိပ်မကောင်းချေ။ လီကျယ်ခိုင်သည် မဟာလူသားလီကို ဆန့်ကျင်တတ်ကြောင်း ကောလဟလများ ထွက်နေပြီး သူ့အစ်ကိုနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်း မရှိချေ။

ဖုန်းယွီသည် လီကျယ်ခိုင်မှာ ဖူကွမ်းကျန့်နှင့် သူငယ်ချင်းဖြစ်နိုင်ကြောင်း သံသယရှိသဖြင့် ဖူကွမ်းကျန့်အား သူ့ဖခင်မှ မကြိုက်သောကြောင့် ဖြစ်သည်။ နှစ်ယောက်စလုံးသည် အသက်အကြီးဆုံး မဟုတ်သလို အိမ်ထောင်ပြုရန် အစီအစဉ် မရှိကြသေးချေ။ အရေးအကြီးဆုံးမှာ သူတို့နှစ်ယောက်စလုံး မိန်းမလျာများ ဖြစ်နေတော့သည်။

ဖုန်းယွီသည် လူကွမ်းကျန့်နှင့် သိကျွမ်းခဲ့သည်မှာ နှစ်ကြာရှည်ခဲ့ပေပြီ။ ထိုကာလအတွင်း ဖူကွမ်းကျန့်သည် ရည်းစား ထည်လဲထားခဲ့သည်။ နှစ်ယောက်စလုံး အတူတူသာပင်။

“ဟား.. ဟား..ဟား..ဟား.. ဟား.. ငါက နိုင်ငံရပ်ခြားမျာ ပညာသင်နေရတာဆိုတော့ မင်းလောက် ကံမကောင်းပါဘူးကွာ.. မင်းနဲ့ ဖူကွမ်းကျန့် စီပွားရေးလုပ်ငန်း တော်တော်များများမှာ တွဲဖော်တွဲဖက်တွေဆိုတာ ငါကြားထားတယ်..”

လီကျယ်ခိုင် ပြန်ပြောလိုက်သည်။ မစ္စတာဖုန်းသည် တရုတ်ပြည်မှ သူဌေးကြီး ဟုတ်မဟုတ် မသေချာသေးချေ။

“ငါက ကုမ္ပဏီကို စီမံခန့်ခွဲရတာ မကြိုက်ဘူး.. အစ်ကိုဖူက စီမံခန့်ခွဲမှု ကောင်းတယ်.. ဒါကြောင့် ရင်းနှီးမြုပ်နှံမှု လုပ်တိုင်း ညီအစ်ကိုဖူကို မေးကြည့်တယ်.. ဒီနှစ်တွေအတွင်း ငါတို့ အတူတူငွေရှာခဲ့ကြတာပါ..”

ဖုန်းယွီ သူ့ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး လီနပေးထားသည့် စပျစ်သီး လတ်လတ်ဆတ်ဆတ်ကို စားလိုက်သည်။

လီကျယ်ခိုင်အနေဖြင့် ထိုသူသည် လျှို့ဝှက်ဆန်းကျယ်သည့် မန်နေဂျာ ဖုန်းမှန်း သေချာသွားသည်။ ထိုလူတွင် အဆက်အသွယ်များစွာရှိပြီး ရင်းနှီးမြုပ်နှံမှုတွင် မည်သည့်အခါတွင်မှ အရှုံးမရှိဟူသည့် ကောလဟလများ ရှိခဲ့ပေသည်။ ဖူကွမ်းကျန့်၏ ချမ်းသာကြွယ်ဝမှုသည် နှစ်အနည်းငယ်အတွင်း အဆများစွာတိုးလာခဲ့သည်။ သူ၏ ချမ်းသာကြွယ်ဝမှုသည် ယခု၌ သူ့ထက် သာလွန်နေပေပြီ။

ဖူမိသားစု အကြီးအကဲ ဖူရုံချီသည် လန်ဒန်တွင် ရွှေနှင့် အခြားရောင်းဝယ် ဖောက်ကားမှုများကို သူ့နောက်မှ လိုက်ပါခဲ့သဖြင့် အမြတ်အစွန်း များစွာရခဲ့သည်ဟုလည်း ကောလဟလများ ထွက်ပေါ်နေသည်။

ထိုကောလဟလများကြောင့် ဖြစ်ရပေမည်။ လီကျယ်ခိုင်သည် မည်သို့ပင်ဖြစ်စေ ဖုန်းယွီကို မိတ်ဖွဲ့လိုသည်။

လီကျယ်ခိုင်၏ ဖခင်သည် သူ့ကို တရုတ်ပြည်မကြီးတွင် ရင်းနှီးမြုပ်နှံရန် ပြောခဲ့ပေသည်။ တရုတ်နိုင်ငံရှိ စက်မှုလုပ်ငန်း အများအပြားသည် စတင်သည့် အဆင့်တွင် ရှိနေဆဲဖြစ်ပြီး အခွင့်အလမ်း များစွာ ရှိနေပေသည်။ အိမ်ခြံမြေများကဲ့သို့ စွန်းစားရမှု နည်းသည့် ရင်းနှီးမြုပ်နှံမှုဆိုလျှင်ပင် အမြတ်အစွန်ကား ရှိနေအုံးမည် ဖြစ်ပေသည်။ ငွေရေးကြေးရေးဆိုင်ရာ ကဏ္ဍများတွင် ရင်းနှီးမြုပ်နှံပါက အမြတ်အစွန်း ပိုများမည် ဖြစ်သည်။

လီကျယ်ခိုင်သာ တစ်ရုတ်သူဌေးကြီး တစ်ယောက်၏ အကူအညီကို ရနိုင်ပါက သူ့အန္တရာယ် သိသိသာသာ လျော့ကျသွားမည် ဖြစ်ပေသည်။

“မစ္စတာဖုန်း… မင်း ဟောင်ကောင်မှာ အပန်းဖြေခရီး ထွက်လာတာလား..”

လီကျယ်ခိုင် ဖုန်းယွီအား တစ်ချက် ကြည့်လိုက်သည်။ ဤမန်နေဂျာဖုန်းသည် ဟောင်ကောင်တွင် ရင်းနှီးမြုပ်နှံမှု အနည်းငယ်လုပ်ရန် ရောက်နေသည်လော။

“ကျောင်း ကိစ္စပါ..”

လီကျယ်ခိုင်အနေဖြင့် ဖြစ်နိုင်ချေများစွာ စဉ်းစားထားသော်လည်း တွေးသမျှ မှားခဲ့ပေသည်။ ဖုန်းယွီ၏ အဖြေက ကျောင်း ဟူ၍ ဖြစ်တော့သည်။

လီကျယ်ခိုင်သည် တက္ကသိုလ်မှ ထွက်ခဲ့ခြင်းဖြစ်သည်။ လုပ်ငန်းခွင်တွင် တူညီသော အရာများ သင်ယူနိုင်မည်ဟု ခံစားနေရပေသည်။ တက္ကသိုလ် အောင်လက်မှတ်သည် သူ့အတွက် မည်သည့်အဓိပ္ပါယ်မှ မရှိချေ။ သူတက္ကသိုလ် တက်ရခြင်းမှာ အခြေခံ ဗဟုသုတ ရရန်နှင့် မိတ်ဆွေများလိုခြင်းသာ ဖြစ်သည်။ သူ့အတွက် မိတ်ဆွေဖွဲ့ခြင်းသည် အခြေခံပညာများ သင်ယူခြင်းထက် ပိုအရေးကြီးပေသည်။

မန်နေဂျာဖုန်း၏ ချမ်းသာကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ သန်းဆယ်ချီရှိပြီး အဘယ့်ကြောင့် ကျောင်းဆက် တက်ချင်သည်ဟူသော အသံများ ထွက်နေသေးသည်။ သူ့ပညာရေး ဆက်တက်ချင်နေလျှင်ပင် အမေရိကန် သို့တည်းမဟုတ် ဥရောပမှ နာမည်ကြီး တက္ကသိုလ်များသို့ သွားတက်သင့်ပေသည်။ ဟောင်ကောင် တက္ကသိုလ်ကား ကမ္ဘာပေါ်ရှိ ထိပ်တန်း တက္ကသိုလ်များအတွင်းမှ တစ်ခုဟုပင် သတ်မှတ်မထားသည့်အပြင်၊ အာရှအတွင်း၌ပင် ထို့ထက်သာသည့် တက္ကသိုလ်များစွာ ရှိနေပေသည်။

လီကျယ်ခိုင် ဘာပြောရမှန်းမသိဘဲ ဖုန်းယွီနှင့်အတူ အကင် ကင်နေလေတော့သည်။

“မင်း လောလောဆယ် ဘာတွေ လုပ်နေလဲ.. ရုပ်မြင်သံကြား လုပ်ငန်းလား..”

ဖုန်းယွီ၏ လုပ်ငန်းများတွင် ပူးပေါင်းရန် အောင်မြင်မှုမရှိပါက လီကျယ်ခိုင်သည် ဟောင်ကောင်ရှိ ဂြိုလ်တု ရုပ်မြင်သံကြားဌာနဖြစ်သည့် စတားရုပ်မြင်သံကြားတွင် ရင်းနှီးမြုပ်နှံသင့်ပေသည်။ ဤရုပ်မြင်သံကြားဌာနသည် နောက်နှစ်အနည်းငယ်အတွင်း ဖုန်းနစ် တရုတ်လိုင်း ဖြစ်လာပေလိမ့်မည်ဖြစ်သည်။ လီကျယ်ခိုင်သည် ထိုရုပ်မြင်သံကြား ဌာနတွင် Media Mogul Rupert Murdoch အား ယခုနှစ် သို့တည်းမဟုတ် လာမည့်နှစ်တွင် ရောင်းချမည် ထင်ရပေသည်။ ထိုသဘောတူညီချက်မှ အမြတ်များစွာ ရပေလိမ့်မည်။

“မစ္စတာဖုန်း ငါ့ဂြိုလ်တု ရုပ်မြင်သံကြားဌာနကို ကြားဖူးလား.. ဒါပေမယ့် ငါက ဩစတြေးလျက Rupert Murdoch နဲ့ စာချုပ်ချုပ်ထားပြီး ပြီးခဲ့တဲ့ ရက်ကပဲ သူနဲ့ စာချုပ်ချုပ်တယ်လေ.. အဲ့ ဂြိုလ်တု ရုပ်မြင်သံကြားဌာနက ငါမိသားစုနဲ့ မဆိုင်တော့ဘူးလေ..”

လီကျယ်ခိုင် ဖုန်းယွီသည် ရုပ်မြင်သံကြားလိုင်း တစ်ခု ပိုင်ဆိုင်ကြောင်းသိရသည့်အတွက် အံ့အားသင့်သွားသည်။ ဖုန်းယွီသည်လည်း သူ့ကို စိတ်ဝင်စားနေပုံ ရပေသည်။

ရုပ်မြင်သံကြားဌာနကို ရောင်းသည်လော။ ဆိုလိုသည်မှာ မဟာလူသားလီသည် ငြိမ်းချမ်းရေးရာစုနှစ် အုပ်စုကို တည်ထောင်တော့မည်လော။ ဖုန်းယွီသည် ဤ ငြိမ်းချမ်းရေးရာစုနှစ် အုပ်စုတွင် အစုရှယ်ယာ ဝယ်နိုင်မည်လာဟု အံ့အား သင့်နေမိသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters