← Chapters

မင်းလိမ်လို့မရဘူး

Vol. 36 Ch. 535

မင်းလိမ်လို့မရဘူး

Vol. 36 Ch. 535

(၃)ရက်အကြာတွင် ဖုန်းယွီသည် လီနကို လေဆိပ်သို့ လိုက်ပို့လိုက်သည်။ ဤတစ်ကြိမ်တွင် လီန ဖုန်းယွီကို သူနှင့်အတူ မပြန်စေလိုချေ။ သို့ရာတွင် ဖုန်းယွီသည် လီနကို လေဆိပ်၌ လာကြိုရန် ဝမ်သောင်ကျွင်းကို ဖုန်းဆက် ထားလိုက်သည်။ သူသည် ဝမ်သောင်ကျွင်း၏ ကားကို ပေကျင်းတွင် ငှားခဲ့ခြင်းပင်။ ထို့ကြောင့် လီနအတွက် အကူအညီတောင်းရန် ပြဿနာမရှိချေ။

အဓိကမှာ လီန၏ အပြန်လမ်း ခရီးဆောင်အိတ် ကြောင့်ပင် ဖြစ်သည်။ ဖုန်းယွီ သူ့အတွက် ပစ္စည်း များပြားစွာ ဝယ်ပေးခဲ့ပေသည်။ အဝတ်အစား၊ ဖိနပ်၊ စသည်ဖြင့် ဟောင်ကောင်ရှိ အထူးထုတ် ပစ္စည်းများ ပါဝင်သေးသည်။ ပေကျင်းတွင် လီနကို ကူညီသူမရှိပါက အားလုံးကို အိမ်ပြန်သယ်နိုင်မည် မဟုတ်ချေ။ ထို့အပြင် ဖုန်းယွီသည် ဝမ်သောင်ကျွင်းအတွက် အထူးလက်ဆောင် ဝယ်ပေးလိုက်သေးသည်။ ဟောင်ကောင်၏ နာမည်ကြီး လောင်ဖို ကိတ် တစ်ဗူး ဖြစ်သည်။

လီန ထွက်သွားပြီးနောက် ဖုန်းယွီ ကျောင်းသို့ ပြန်လာခဲ့သည်။ ဟောင်ကောင် တက္ကသိုလ်သည် အောက်တိုဘာလ (၁)ရက်နေံတွင် အားလပ်ရက် မဟုတ်ချေ။ ဟောင်ကောင်သည် အင်္ဂလိပ် လက်အောက်ခံ မဟုတ်ပေလော။

ဟောင်ကောင်တက္ကသိုလ်တွင် တက်ရောက်သူ မှတ်တမ်း မရှိချေ။ ဖုန်းယွီသည် အတန်းအနည်းငယ် လွတ်သွားသော်လည်း ကထိကများ သတိမထားမိကြချေ။ ထိုသို့ကျောင်းသားတစ်ယောက် ရှိနေသည်ကို မေ့ထားကြခြင်းလည်း ဖြစ်နိုင်ပေသည်။

ဖုန်ယွီသည် ထိုသို့သော လွတ်လပ်မှု၌ ပျော်နေခဲ့ပေသည်။ သူကြိုက်ရာ သင်ခန်းစာများ ရွေးချယ်နိုင်ပေသည်။ လုပ်စရာမရှိပါက သင်ခန်းစာများ ဆက်တက်နေပေလိမ့်မည်။ အိမ်၌ တစ်ယောက်တည်း ပျင်းစရာပင်။ ရုပ်မြင်သံကြား အစီအစဉ် အများစုသည် ကန်တုံ ဘာသာစကားဖြင့်သာ ဖြစ်နေသည်။ အနည်းဆုံး အင်္ဂလိပ် အစီအစဉ်များ ရှိသင့်ပေသည်။

အင်္ဂလိပ် အစီအစဉ်မရှိလျှင်ပင် ဂျပန်ရုပ်ရှင် အနည်းငယ် ထုတ်လွှင့်ပေးနိုင်ပေသည်။

“အစ်ကိုဖုန်း.. မင်းဘာလို့ ဒီရောက်နေတာလဲ..”

ဖူကွမ်းဝေ့ အမူအရာမှာ ဖုန်းယွီကိုတွေ့သည့်အခါ ရွှေထုပ်ကြီး ကောက်ရသကဲ့သို့ ဖြစ်သွားသည်။

မိမိ အဘယ့်ကြောင့် မလာနိုင်ရမည်နည်း။ တက္ကသိုလ်တွင် အတူတူ ကျောင်းမတက်ဖူးသော်လည်း မိမိအမည် ရေးထားသည် မဟုတ်ပေလော။

“အိမ်မှာ နေရတာ ပျင်းလို့..”

“ပျင်းနေပြီလား.. ငါနဲ့ ကလပ် လိုက်မလား.. ခပ်ကဲကဲ ကောင်မလေးတွေ ရှိတဲ့ ကလပ်တစ်ခု ငါသိတယ်..”

ဖူကွမ်းဝေ့ အပျော်ဇယားများ ပြောနေချိန် မျက်လုံးအတွင်း၌ ဝင်းဝင်းတောက်နေပေသည်။

ဖုန်းယွီ ဖူကွမ်းဝေ့ကို မကြည်ကြည့်သာ ကြည့်လိုက်သည်။ ဆတ်စလူးများလော။ လူချမ်းသာ ဒုတိယ မျိုးဆက်သည် အဘယ့်ကြောင့် အရှုံးသမား ဖြစ်နေပါသနည်း။

အခြား ချမ်းသာသော ဒုတိယ မျိုးဆက်များ အားလုံးသည် မော်ဒယ်များ သို့တည်းမဟုတ် မိန်းမချောလေး များကိုသာ ရှာဖွေကြပေသည်။ ကလပ်ရှိ မိတ်ကပ်အပုံလိုက်နှင့် မိန်းကလေးများ မိတ်ကပ် မပါရှိသည့်အချိန် လှနေအုံးမည်လော။

“သွားချင်ရင် တစ်ယောက်တည်းသွား.. ငါ့လာ ဆွဲမထည့်နဲ့.. အဲ့ဒါတွေ စိတ်မဝင်စားဘူး..”

ဖုန်းယွီ ခေါင်းခါရင်း စာအုပ်တစ်အုပ် ထုတ်လိုက်သည်။

“အစ်ကိုဖုန်း.. ငါ့ညီမ..”

“မင်း ညီမအကြောင်း မပြောနဲ့.. ငါသူနဲ့ မရင်းနှီးဘူး.. ပြီးတော့ ငါတို့နှစ်ယောက်ကို အောင်သွယ်ချင်တာတွေ ရပ်လိုက်တော့.. မင်းညီမ ဘယ်လိုနေတယ်ဆိုတာ သိလောက်မှာပါ..”

ဖူကွမ်းဝေ့ကို ပြောပြီးသည်နှင့် ဖုန်းယွီမျက်နှာ မည်းမှောင်သွားတော့သည်။

ဖုန်းယွီသည် ဖူမုံ့ယင်နှင့် ကင်းရှင်းပေသည်။ ဖူရုံပင်း ဤကိစ္စနှင့်ပတ်သက်၍ ဖုန်းယွီ၏ သဘောထား မသိသည်လည်း ဖြစ်နိုင်ပေသည်။

“ဟင့်အင်း.. ငါမင်းတို့နှစ်ယောက်ကို အောင်သွယ်နေတာ မဟုတ်ဘူး… စပ်စုကြည့်ယုံ သက်သက်ပဲ.. ငါ့ညီမ ပြန်လာတော့ မင်းကောင်းကြောင်းတွေပဲ ပြောနေတာကွ..”

ဖူကွမ်းဝေ့ စိတ်ရှုတ်ထွေးစွာ ကြည့်နေသည်။ ထိုနှစ်ယောက် မည်သည့်အတွက် တုန့်ပြန်ပုံ မတူကြသနည်း။

“သူ ငါ့ကောင်းကြောင်းတွေပဲ ပြောတယ်လား.. ကိစ္စမရှိပါဘူး.. အနားမှာ ဘယ်သူမှ မရှိလို့ အမှန်အတိုင်း ပြောလိုက်မယ်.. မင်းအဖေက သူ့ကို ယောက်ျားတွေနဲ့ ထပ်ပြီး မိတ်ဆက်မပေးအောင် ငါ့ကို ဒိုင်းကာသုံးထားတာ.. ငါ့မှာ ရည်းစားရှိတယ်.. ငါတို့တွေ ပြီးခဲ့တဲ့ ရက်ကပဲ ဖူကွမ်းကျန့်နဲ့ ထမင်းစားလိုက်သေးတယ်.. မင်းတို့အားလုံး ငါ့ကို မေ့ထားသင့်တယ်.. ငါ့အကြောင်း အကောင်းတွေ ပြောနေတာ မင်းအဖေကို ဂျင်းထည့်နေတာပဲ..”

ထိုမိန်းမ မိုက်မဲလွန်းပေသည်။ ဖူမိသာစု ကြောင့်သာ မဟုတ်ပါက ဖုန်းယွီ အနားပင် ကပ်လိမ့်မည် မဟုတ်ချေ။

ဖူကွမ်းဝေ့ ရှက်ရွံ့စွာဖြင့်..

“အာ.. အိမ်ပြန်ရောက်ရင် ကောင်းကောင်း ဆူလိုက်အုံးမယ်.. အစ်ကိုဖူ စိတ်မဆိုးပါနဲ့.. ငါ ဒီည တစ်ဝိုင်း ဒကာခံမယ်ကွာ..”

“မလိုပါဘူး.. သောက်ချင်ရင် တစ်ယောက်တည်း သွားသောက်စမ်းပါ.. ဒီည ရုပ်ရှင်သွားကြည့်မလို့..”

မိတ်ဆွေများနှင့် သောက်ရသည်မှာ ပျော်စရာတစ်ခု ဖြစ်ပေသည်။ သို့ရာတွင် ဖူကွမ်းဝေ့နှင့် သောက်ရသည်မှာ ခေါင်းစဉ်တပ်ခံရခြင်း ဖြစ်နေပေသည်။

ဖုန်းယွီ ထိုကဲ့သို့ အဖြစ်ခံချင်မည်လော။

“ဒီည ရုပ်ရှင်ကြည့်မလို့လား.. ညဉ့်နက်ပွဲ ကြည့်မှာလား..”

ညဉ့်နက်ပွဲစဉ်လော။ ဤလူမိုက် ဘာများတွေးနေပေသနည်း။ လူချမ်းသာ ဒုတိယ မျိုးဆက်အဖြစ် မည်သို့ ကြီးပြင်း လာခဲ့သနည်း။

“ပေါက်ကရ အတွေးတွေ.. ငါ သရဲကား သွားကြည့်မလို့..”

“ငါသိပါတယ်.. သရဲကားကို.. အစ်ကိုဖုန်း. ရုပ်ရှင်ဇာတ်ကားကောင်း အကြံပေးရမလား.. မြင်ကွင်းကြီးကြီးနဲ့ ပြတ်သားတယ်ဆိုတာ အာမခံတယ်ကွာ..”

“ထွက်သွားလိုက်တော့..”

ဖူမိသားစုတွေမှာ ဒီလောက် ကွာခြားချက် ဘယ်လိုများ ရှိပါလိမ့်။ သူတို့ ရင့်ကျက်မှုတွေက ဘယ်မှာပါလိမ့်။ သူတို့မိသားစုက မတူကြဘူးလား။ ဖူကွမ်းကျန့်သည်ပင် စစ်မှန်သော သဘာဝကို ဖုံးကွယ်ထားသည်လော။

ဟူး… ဖြစ်နိုင်ချေ များလောက်ပေသည်။

……

“မုံ့ယင်.. ဒီအချိန်ကြီး ဘယ်သွားမလို့လဲ..”

ဖူရုံပမ့် ထိုးထွက်ရန် ကြံနေသည့် သမီးဖြစ်သူကို တားလိုက်သည်။

“အဖေ.. သူငယ်ချင်းနဲ့ ရုပ်ရှင်သွားကြည့်မလို့..”

“ရုပ်ရှင်လား.. ဘာဇာတ်ကားလဲ..”

“သရဲကားပါ.. လင်ကျန်းယင် အဲ့ဇာတ်ကားမှာ သရုပ်ဆောင်ထားတယ်လေ.. အဲ့ဇာတ်ကားနဲ့ ပတ်သက်ပြီး မှတ်ချက် တွေ တော်တော်ကောင်းတယ်.. မနက်ဖြန်ဆို နောက်ဆုံးပဲ.. ဒီနေ့ မကြည့်လို့ မဖြစ်ဘူး..”

ဖူမုံ့ယင် သူ့အဖေကို တောင်းပန်ကြည့် ကြည့်နေပေသည်။

ဖူကွမ်းဝေ့ သူ့အဖေနှင့် စစ်တုရင် ကစားနေရာမှ ခေါင်းမော့လာပြီး..

“ညီမလေး.. နင် ဘာပြောလိုက်တယ်.. သရဲကား ကြည့်မှာ ဟုတ်လား..”

“ဟုတ်တယ်လေ.. ဘာဖြစ်လို့လဲ..”

ဖူမုံ့ယင် ပြန်မေးလိုက်သည်။ သို့ရာတွင် စိတ်အတွင်း၌မူ သူ့အစ်ကို ဆိုက္ကားမတွဲလာစေရန် ဆုတောင်းနေ မိတော့သည်။

ဖူကွမ်းဝေ့ မျက်နှာတွင် အယုတ္တမာပြုံး တစ်ခုပေါ်လာပြီး..

“နင့်သူငယ်ချင်းနဲ့ သွားမှာလား.. မိန်းကလေးလား.. ယောက်ျားလေးလား..”

“ယောက်ျားလေးပါ.. ဘာလို့ ဒီလောက် လျှောက်မေးနေရတာလဲ..”

“ကောင်လေးလား.. ကောင်းတယ်.. အမြန်သွား.. နင့်သူငယ်ချင်း စောင့်မနေရစေနဲ့.. ဒီည နောက်ကျမှ ပြန်လာလဲရတယ်.. ကိုယ့်ဟာကိုယ် ပျော်အောင်သာနေလိုက်..”

ဖူရုံပမ့် ပြောလဲပြော သဘောလဲ ကျနေပေသည်။

အသက် (၁၈)အရွယ် မိန်းကလေး တစ်ဘောက်၏ ဖခင်သည် သမီးဖြစ်သူအား ညဉ့်နက်သန်းခေါင်း အပြင်မထွက်ရန် တားသင့်သည်မဟုတ်ပေလော။ သို့တည်းမဟုတ် အခြားယောက်ျားလေး တစ်ယောက်နှင့် အပြင်ထွက်သည့်အခါ စိုးရိမ်နေရမည် မဟုတ်ပေလော။

သို့ရာတွင် ဖူမုန့်ယင်ကား မတူချေ။ သူ့သမီး ရုပ်ရှင်ကြည့်ရန် ကောင်လေးတစ်ယောက်နှင့် အပြင်ထွက်မည် ကြားသည့်ကိုပင် ဖူရုံပမ့် အပြုံးများဖြင့် ပြည့်နေပေသည်။ သူ့သမီးကို ကိုယ်တိုင်ပင် လိုက်ပို့ချင်စိတ် ဖြစ်နေပေတော့သည်။

နောက်ဆုံး သူ့သမိးသည် ကောင်လေးတစ်ယောက်နှင့် အပြင်ထွက်ချင်စိတ် ပေါ်လာပြီ မဟုတ်ပေလော။ ဤသည်က တိုးတက်မျုတစ်ခုပင်။ သူ့သမီး ကောင်လေးများနှင့် မကြာခန အပြင်ထွက်ပါက ရောဂါသက်သာ လာမည်ဟု ဆရာဝန်ပြောထားသည် မဟုတ်ပေလော။

ဖူရုံပမ့် သူ့သမီး ရည်းစားရခြင်းထက် ရည်းစားထည်လဲတွဲရန် ပို၍ပင် ဆန္ဒရှိနေပေသည်.

ဖူမုံ့ယင် အိမ်ထဲမှ ပြေးထွက်လာပြီးနောက် တံခါးကို စောင့်ပိတ်လိုက်သည်။ ဖူကွမ်းဝေ့ သူရှုံးနေချိန်ဖြစ်သဖြင့် စစ်တုရင် အရုပ်များ ရှုတ်သွားစေရန် လုပ်လိုက်တော့သည်။

“လူမိုက်.. ဒါ ဘာလုပ်တာလဲ..”

ဖူရုံပမ့် ငေါက်ငမ်းလိုက်သည်။

“အဖေ.. ညီမလေးနဲ့ ရုပ်ရှင်သွားကြည့်မှာ ဘယ်သူလဲဆိုတာ ငါသိတယ်..”

“ဘယ်သူတုန်

“”အဖေ.. သား ဒီလအတွက် ထောက်ပံ့ကြေး မလောက်ဘူး..”

“အပေါ်ထပ်ကို ငါနဲ့လိုက်ခဲ့.. ဒီလအတါက် ဟောင်ကောင်ဒေါ်လာ (၅၀၀၀၀)ပိုပေးမယ်..”

“ကျေးဇူးတင်ပါတယ် အဖေ.. ညီမလေး ဖုန်းယွီနဲ့ ရုပ်ရှင်သွားကြည့်တာ.. ဒီနေ့ စောစော ကျောင်းမှာ ဖုန်းယွီနဲ့တွေ့တော့ ဒီည ရုပ်ရှင်သွားကြည့်မယ်တဲ့.. ပြီးတော့ သရဲကားလို့ ပြောသေးတယ်.. ညီမလေးလဲ ညဘက် ရောက်မှ သရဲကား သွားကြည့်တယ်.. တိုက်ဆိုင်မှုလို့ ထင်လား..”

နေ့လည်ဘက်က ဖူကွမ်းဝေ့ ဖုန်းယွီထံ စကားအစ်ကြည့်ခဲ့သည်။ ဖုန်းယွီနှင့် သူ့ညီမအကြား မဖြစ်နိုင်ဟု ထင်ထားခဲ့သည်။ သို့ရာတွင် ယခုမူ သူတို့နှစ်ယောက်စလုံး ရုပ်ရှင်ရုံ၌ ချိန်းတွေ့ကြောင်ူး သိလိုက်ရသည်။ လွန်ခဲ့သည့် ရက်ပိုင်းတွင် သူ့ညီမ မပျော်သည်မှာ အံ့ဩစရာ မဟုတ်ချေ။ ဖုန်းယွီ၏ ချစ်သူသည် ဟောင်ကောင်သို့ ရောက်ရှိလာသည် မဟုတ်ပေလော။

ဖုန်းယွီ သူ့ကောင်မလေး ဟောင်ကောင်မှ ထွက်သွားသည်နှင့် သူ့ညီမကို ခေါ်ထုတ်တော့သည်။ သူတို့ နှစ်ယောက် စလုံး အပြစ်ကင်းသည်လော။ ဖုန်းယွီ နေ့လည်ပိုင်းတွင် မိမိကို တပတ်ရိုက်ခဲ့သည်လော။ မိမိလို လူမျိုးအား ဂျင်းထည့်၍ ရနိုင်မည် ထင်နေသည်လော။

မိမိသည် စူပါစုံထောက် ပေတကား။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters