မိတ်ဆွေဖွဲ့ခြင်း
Vol. 36 Ch. 537
“သခင်လေးလီက.. ကျုပ်နဲ့ ဂေါက်(ဂေါ့ဖ်)ရိုက်ချင်လို့လား.. ငါမသွားဘူး..”
“ဘာလို့လဲ.. မင်း သူနဲ့ စကားပြောရတာ အဆင်ပြေတယ် မဟုတ်ဘူလား..”
ဖူကွမ်းကျန့် စိတ်ဝင်စားစွာမေးလိုက်သည်။
“ငါ ဂေါက်မရိုက်တတ်ဘူးလေ..”
ဖုန်းယွီ ဘဝတစ်လျှောက်လုံး ဂေါက်မရိုက်ဖူးသေးချေ။ လက်ရှိတွင် တရုတ်၌ ကွမ်တုံပြည်နယ်တွင်သာ ဂေါက်ကွင်း တစ်ခုရှိပြီး ဟောင်ကောင် စီးပွားရေးသမားများကို ဧည့်ခံခြင်းလည်း ဖြစ်ပေသည်။ ဖုန်းယွီ ဂေါက်ကွင်း မြေပေါ်သို့ ခြေပင်မချဘူးသေးချေ။ ဂေါက်ရိုက်ခြင်းမှာ မစွန်သော အားကစား နည်းတစ်မျိုးသာ ဖြစ်ပေသည်။ ရေကူးခြင်း သည်သာ အချိန်မရွေး ကောင်းမွန်သည့် ရွေးချယ်မှု ဖြစ်ပေသည်။
“ဟားဟားဟားဟား.. တရုတ်မှာ ဘယ်သူမှ ဂေါက်မရိုက်ဘူးဆိုတာ မေ့သွားတာကွ.. ဘိုးလင်း.. ဘိလိယက်.. စနူကာ တွေရော ဘယ်နှယ့်လဲ..”
“အဲ့ဒါတွေ မကျွမ်းကျင်ပေမယ့် ကစားနည်းတော့ သိတယ်..”
“ဒါဆို ဘိုးလင်း သွားကစားမယ်ကွာ.. ငါတို့(၃)ယောက် အတူတူ ကစားလို့ရတယ်လေ.. ကြိုတင်ဘိုကင်လုပ်ပြီး ငါအကြောင်းကြားလိုက်မယ်..”
သခင်ငယ်လီအနေဖြင့် တရုတ်နိုင်ငံသို့ စွန့်စားရန် ရည်ရွယ်မထားချေ။ အဘယ့်ကြောင့်မူ ဖူကွမ်းကျန့်သည့် လီကျယ်ခိုင်ထက် ဖုန်းယွီနှင့် ပိုမို ရင်းနှိးပြီး သူနှင့် ဖူမိသားစုအကြား ဆက်ဆံရေး ပျက်ပြားမည်ကို စိတ်ပူစရာ မလိုတော့ချေ။ လီမိသားစုသည် တရုတ်နိုင်ငံသို့ စတင် စွန့်စားလာသော်လည်း ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ သေးငယ်ပေသည်။
ဖူကွမ်းကျန့်ကလည်း သူတို့နှစ်ယောက် ပိုမိုရင်းနှီးစေရန် ကူညီလိုစိတ်ရှိနေပေသည်။
……
‘အကုန်မှန်’
ဖုန်းယွီ မျက်လုံး ပြူးသွားသည်။ ဤသည်မှာ သူ၏ ပထမဆုံး ဘောလုံးဖြစ်ပြီး အကုန်မှန် သည်လော။ သူ့အရင်ဘဝတွင် ဘိုးလင်းကို အကြိမ်နည်းနည် ကစားဖူးသော်လည်း ယခုမူ ကံကောင်းလွန်းနေပေသည်။
လီကျယ်ခိုင် လက်ခုပ်တီး၍ လျှောက်သွားပြီး..
“အစ်ကိုဖုန်း.. ကျွမ်းကျင် ဘိုးလိန်းကစားသမားလား.. မင်းသာ ဒီလောက် တော်နေမယ်မှန်းသိရင် စနူကာ ကစားဖို့ပဲ ပြောမိမှာပါကွာ.. ငါတို့နှစ်ယောက်တော့ တော်တော်လေး ရုပ်ပျက်ဆင်းပျက် ရှုံးတော့မယ် ထင်ပါတယ်..”
ယခု တွေ့ဆုံးမှုတွင် သူတို့(၂)ယောက် ပိုမိုရင်းနှီးလာပြီး အချင်းချင်း ပြောဆို ဆက်ဆံမှုများလည်း ပြောင်းလဲလာသည်။ တစ်ခုတည်းသော အချက်မှာ လီကျယ်ခိုင်၏ စကားသံများ ဖြစ်သည်။ လီကျယ်ခိုင်၏ မန်ဒရင်း အသံထွက်သည် ဖူကွမ်းကန့်လောက် မကောင်းဘဲ တရုတ်တွင် အချိန်အတော်ကြာ နေခဲ့သေးသူ ဖြစ်ပေသည်။
“အဟား.. ဒါ ကံကောင်းသွာတာပါလေ.. မင်း ဘိုးလင်း တော်တော် ကောင်းတယ်လို့ အစ်ကိုဖူ ပြောဖူးတယ်ကွ..”
ဖုန်းယွီ ကံကောင်းခြင်းလော၊ သို့တည်းမဟုတ် လီကျယ်ခိုင်နှင့် ဖူကွမ်းကျန့် ကောင်းကောင်း မပစ်နိုင်၍လော မသိချေ။ ဖုန်းယွီသည် ပထမပွဲ၌ ရမှတ်မြင့်မြင့်ဖြင့် အနိုင်ရခဲ့သည်။
၎င်းတို့(၃)ယောက် ခနတာ ကစား၍ သောက်ဝိုင်း ဆင်ကြတော့သည်။
“ကွမ်းကျန့်.. အစ်ကိုဖုန်း.. ငါတို့တွေ အရင် တွေ့ခဲ့တုန်းက မင်းတို့ (၂)ယောက်စလုံး ငါ့ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံ ချင်ကြတယ်နော်.. နှစ်ယောက်စလုံး အတည်ကြီးလား..”
ဖူကွမ်းကျန့် အသံတိတ်နေပြီး ဖုန်းယွီကို ကြည့်နေပေသည်။ သူသည် ဖုန်းယွီနောက်သာ လိမ့်ပေလိမ့်မည်။ ဖုန်းယွီ မရင်းနှီးပါက လီကျယ်ခိုင်၏ ကုမ္ပဏီတွင် အနည်းငယ်သာ ရင်းနှီးမြုပ်နှံမည် ဖြစ်သည်။
“ဟမ်.. အစ်ကိုခိုင် ငါ့ကို ရင်းနှီးမြုပ်နှံဖို့ သဘောတူတာလား.. ဒါဆို ဘယ်လောက် ရင်းနှီးမြုပ်နှံလို့ရမလဲ.. ရှယ်ယာ ဘယ်လောက် ရမလဲ..”
ဖုန်းယွီ မျက်လုံးများ တောက်ပလာသည်။
“ရှယ်ယာ (၅)ရာခိုင်နှုန်းအတွက် အမေရိကန်ဒေါ်လာ (၁၀)သန်း”
လီကျယ်ခိုင် လက်ညှိုးထောင်ပြလိုက်သည်။
ဖုန်းယွီ မည်သည့်စကားမှ မပြောခင် ကွမ်းကျန့်က..
“အဲ့ဒါ မဟုတ်သေးပါဘူး.. မင်းကုမ္ပဏီ အရင်းအနှီးက အဲ့လောက် တန့်ဘိုး အမြင့်ကြီး မဟုတ်တာ သိမိရမိသေးတယ်.. ဒေါ်လာ သန်း(၁၀၀)လောက် မတန်ဘူးဆိုတာ မှတ်မိသေးတယ်မို့လား..”
သူငယ်ချင်း ဖြစ်သော်လည်း ဇတ်တူသား မစားသင့်ချေ။ ဖူကွမ်းကျန့်သည် ဖုန်းယွီ မဟုတ်ချေ။ သဘောတူချက် တစ်ခု အမြန်လုပ်နိုင်ပါက ဖုန်းယွီသည် သူရရှိထားသော ရှယ်ယာများကို လက်လျူရှူထားနိုင်ပေသည်။ ဖူကွမ်းကျန့် အနေဖြင့် တန်ဘိုးအမှန်ရသည်အထိ တိုက်ပွဲဝင်ရပေလိမ့်မည်။
ဖူကွမ်းကျန့်စကားကြားသည့်အခါ ဖုန်းယွီ မျက်မှောင်ကြုတ်သွားမိသည်။ ဤသဘောတူညီချက်အရ သူရမယ့် ရှယ်ယာမှာ နည်းလွန်းသည့်အပြင် ရှယ်ယာ နည်းသည့်အတွက် အာမခံကြေး ပေးရပေလိမ့်အုံးမည် ဖြစ်သည်။ ရင်းနှီးမြုပ်နှံရန် ပြန်စဉ်းစားသင့်ကြောင်း တွေးမိလိုက်သည်။
လီကျယ်ခိုင်သည် ဖူကွမ်းကျန်း၏ ကျောကို ပွတ်ရင်း..
“ကွမ်းကျန့်.. ငါတို့ တစ်ယောက်နဲ့ တစ်ယောက် သိလာတာ ကြာပြီလေ.. ငါကရော သူငယ်ချင်းတွေအပေါ် ဂုတ်သွေးစုတ်တတ်သူနဲ့ တူနေလို့လား.. အဲ့ကုမ္ပဏ် အခု အမေရိကန်ဒေါ်လာ သန်း(၁၀၀)တန်ပြီး နည်းပညာတွေရဲ့ တန်ဘိုးမပါဘူး.. အဖေက ကုမ္ပဏီမှာ ဒေါလာသန်း(၈၀) ရင်းနှီးမြုပ်နှံဖို့ သဘောတူထားတယ်.. အဲ့ဒါကြောင့် ရှယ်ယာ (၅)ရာခိုင်နှုန်းအတွက် နှစ်ယောက်စလုံးကို အမေရိကန်ဒေါလာ(၁၀)သန်းလို့ ပြောလိုက်တာ.. ငါ့သူငယ်ချင်း တွေအပေါ်တော့ ဘယ်တော့မှ အခွင့်အရေး မယူပါဘူးကွာ..”
ဖူကွမ်းကျန့်သည် လီကျယ်ခိုင်ကို အံ့ဩစွာ ကြည့်လိုက်မိသည်။ မဟာလူသားလီက သူ့ကုမ္ပဏီတွင် အမေရိကန်ဒေါ်လာ သန်း(၈၀)ရင်းနှီးမြုပ်နှံချင်နေသည့်တိုင် သူတို့နှစ်ယောက်စလုံးထံမှာ အဘယ့်ကြောင့် ရင်းနှီးမြုပ်နှံမှု တောင်းဆိုနေသေးသနည်း။ အမေရိကန်ဒေါ်လာ သန်း(၈၀)ပေးပြီးသဖြင့် နောက်ထပ် သန်း(၂၀) ထပ်ပေးမည် မဟုတ်တော့ချေ။ လီကျယ်ခိုင်အနေဖြင့် သူ့အစ်ကိုကိုလည်း ရှာနိုင်ပေသည်။ လိုအပ်သည့် သန်း(၂၀)ကို ကူညီနိုင်ပေလိမ့်မည်။
ဖုန်းယွီမှာမူ ဂရုမစိုက်တော့ဘဲ ရယ်မောလိုက်တော့သည်..
“ဒါဆိုလဲ.. မနက်ဖြန် မင်းဆီ ဒေါ်လာ(၁၀)သန့်လွှဲဖို့ ငါ့ဝန်ထမ်းလွှတ်ပြီး စာချုပ် ချုပ်ခိုင်းလိုက်မယ်..”
မဟာလူသားလီသည် လီကျယ်ခိုင်၏ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံချင်နေသည်။ ဆိုလိုသည်မှာ ဤကုမ္ပဏီသည် ကျရှုံးရန် မဖြစ်နိုင်ချေ။ မဟာလူသားလီသည် သူ၏ ရင်းနှီးမြုပ်နှံမှုများကို မည်သည့်အတွက်နှင့်မှ အရှုံးမခံခဲ့ချေ။ အင်္ဂလန် ဘုရင်မကြီးကပင် သူ့ကို မြို့စားဘွဲ့ ချီးမြှင့်ချင်သည်ဟူသော ကောလဟလများ ထွက်ပေါ်နေပြီး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေသည်။ သူသည် ဗြိတိသျှနိုင်ငံသား ဖြစ်ရန် ဆန္ဒမရှိခဲ့ချေ။
ဤသည်မှာ မဟာလူသားလီသည် အင်္ဂလန်တွင်ပင် ဩဇာကြီးသော သူဌေးတစ်ဦးဖြစ်ကြောင်း သက်သေပြနေပေသည်။ ဖုန်းယွီ ယခင်ဘဝက မဟာလူသားလီသည် ဟောင်ကောင်တွင် အချမ်းသာဆုံး သူဌေးကြီး ဖြစ်ပြီး အာရှတွင် အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် အချိန်အတော်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။ သူသည် ကမ္ဘာပေါ်ရှိ အချမ်းသာဆုံး ထိပ်တန်းဆယ်ဦးထဲမှ တစ်ဦးလည်း ဖြစ်ပေသည်။
မဟာလူသားလီအနေဖြင့် သူ့စကားတစ်ခွန်းကြောင့် လီကျယ်ခိုင်၏ ကုမ္ပဏီရှယ်ယာများ တန်ဘိုး တက်လာပေလိမ့်မည်။
ဖူကွမ်းကျန့် ဖုန်းယွီသဘောတူလိုက်သည်ကို တွေ့သည့်အခါ လီကျယ်ခိုင်ကို ချက်ချင်း ပြောလိုက်တော့သည်။
“ငါ မနက်ဖြန် မင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်မယ်.. ငွေတွေ မနက်ဖြန် ပို့လိုက်မယ်..”
လီကျယ်ခိုင် ရယ်မောရင်းဖြင့်..
“မင်းတို့နှစ်ယောက်စလုံး ငါ့ကုမ္ပဏီက ဘာတွေသိထားလဲ.. ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ မကြည့်တော့ဘူးလား..”
ဖုန်းယွီ ခေါင်းခါရင်း..
“ငါတို့ အဲ့လောက် ဒုက္ခပေးစရာ မလိုပါဘူး.. အစ်ကိုဖူကို မေးကြည့်လေ.. ငါနဲ့ အကြိမ်ကြိမ် ပူးပေါင်းခဲ့ပေမယ့် အသေးစိတ် အချက်အလက်ဆိုလို့ နည်းနည်းလောက်ပဲ ဖြေရှင်းကြတာ..”
ဖူကွမ်းကျန့်မှလည်း..
“မှန်တယ်.. ရင်းနှီးမြုပ်နှံဖို့အတွက် မင်းငါ့ကို မခေါ်မှာပဲ စိုးရိမ်နေတာ.. ဒါပေမယ့် အမှန်အတိုင်း ပြောရရင် မင်းနဲ့အတူ ရင်းနှီးမြုပ်နှံခဲ့သမျှ တခါမှ မရှုံးဘူးသေးလူးလေ.. တစ်ကြိမ်နှစ်ကြိမ် ရှုံးလဲ စိတ်ဆိုးစရာ မှ မဟုတ်တာ.. ဒီနေ့ ငါရောက်လာတာ မင်းနဲ့ လက်တွဲဖို့ပဲလေ..”
ဖုန်းယွီက..
“မင်း ကောင်တွေကို အဲ့ကုမ္ပဏီကို စီမံခန့်ခွဲဖို့ မလုပ်ရင် ငါသိပ်လွတ်လပ်မျာ မဟုတ်ဘူး.. တကယ်ဆို မင်းက အဲ့ကုမ္ပဏီကို အစိုးရိမ်ဆိုးလူပဲလေ..”
ဤသည်မှာ အမှန်တရားပင်ဖြစ်သည်။ ဖူကွမ်းကျန့် မရှိလျှင် ဖုန်းယွီ၏ လုပ်ငန်းများသည် လက်ရှိ အခြေအနေထိ ကြီးထွားလာမည် မဟုတ်ချေ။ နိုင်ငံရပ်ခြား အရောင်း ဖြန့်ဖြူးရေး လမ်းကြောင်းများသည် ဖုန်းယွီအတွက် ခေါင်းခဲစရာ ဖြစ်ပေလိမ့်မည်။ ဖုန်းယွီသည် ထိုနယ်ပယ်များ ဖွံ့ဖြိုးတိုးတက်ရန် နှစ်ပေါင်းများစွာ ကြာပေလိမ့်မည်။ ထို့အပြင် ထိုစက်ရုံအသစ်များအတွက် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ညှိုနှိုင်းမှုများ ပြုလုပ်ရသေးသည်။ ဖူကွမ်းကျန့် မရှိပါက ဖုန်းယွီ သူ့ကိုယ်သူသာ အားကိုးရပေလိမ့်မည်။
ဖုန်းယွီသည် ဖူကွမ်းကျန့်ကို ရှယ်ယာများ ပိုင်ဆိုင်ခွင့် ပေးခဲ့သော်လည်း ဖုန်းယွီသည် အရာအားလုံးအတွက် စိတ်ပူနေရန် မလိုချေ။ သူ့ဘဝကို ပျော်ရွှင်စွာဖြင့်ပင် လုပ်ချင်ရာ လုပ်နိုင်ပေသည်။
“မင်းတို့တွေ တစ်ယောက်နဲ့တစ်ယောက် ချီးမွမ်းခန်းဖွင့်နေတာတွေ တော်လိုက်တော့.. အနားယူပြီးသွားပြီလား.. ငါအခု ကောင်းကောင်း မလုပ်နိင်လိုက်ဘူး.. ဒီတော့ (၂)ပွဲလောက် ကစားကြအုံးမလား..”
သူတို့ နှစ်ယောက်စလုံးသည် လီကျယ်ခိုင်၏ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံရန် သဘောတူခဲ့ပြီး သူ့ဖခင်ကလည်း သေချာပေါက် ရင်းနှီးမြုပ်နှံပေလိမ့်မည်။ လီကျယ်ခိုင် ကျော်ဖြတ်နိုင်ခဲ့ပေပြီ။
“ပြဿနာမရျိဘူး.. ငါလဲ အကောင်းဆုံး မလုပ်ခဲ့ရသေးဘူး..”
ဖူကွမ်းကျန့်လည်း ချက်ချင်း သဘောတူလိုက်သည်။
ဘိုးလင်း ကစားပြီးနောက် ညစာစားပြီးမှ သူတို့(၃)ဦး လမ်းခွဲလိုက်ကြသည်။ ဖုန်းယွီ အိမ်ပြန်ရောက်သည့်အခါ ဖူကွမ်းကျန့် ဖုန်းဆက်လာလေသည်။
“အစ်ကိုဖုန်း.. မင်း လီကျယ်ခိုင်ရဲ့ ငြိမ်းချမ်းသော ရာစုနှစ်အဖွဲ့ကို ဘာလို့ စိတ်ဝင်စားတာလဲ..”
“အရေးမကြီးတော့ဘူးလေ.. ငါတို့တွေ ရင်းနှီးမြုပ်နှံဖို့ သဘောတူပြီး ပြီကို..”
“မင်း ရင်းနှီးမြုပ်နှံထားတာတွေ ရှုံးသွားမှာ မကြောက်ဘူးလား..”
“ငါ့အရင်းအနှီး ဆုံးရှုံးမှာလား.. ရှုံးပေါ့.. ပြဿနာ မရှိဘူးလေ.. အရေးအကြီးဆုံးက အခုငါ သခင်လေးလီနဲ့ မိတ်ဆွေ ဖြစ်သွားပြီကို..”
ဖူကွမ်းကျန့် ပြောစရာ စကားမဲ့သွားတော့သည်။ သူသည် သခင်လေးလီနှင့် မိတ်ဆွေဖွဲ့ရန်အတွက် အမေရိကန်ဒေါ်လာ (၁၀)သန်း သုံးလိုက်သည်လော။ ထိုကုမ္ပဏီ၏ အလားအလာကြောင့် မဟုတ်ချေလော။
သေပါတော့ဗျာ။ မိမိ သည် လီကျယ်ခိုင်နှင့် ရင်းနှီးမြုပ်နှံ လိုက်မိပေပြီ။ ရင်းနှီးမြုပ်နှံမှု မပြုလုပ်ခဲ့လျှင်ပင် ခင်မင်ရင်းနှီးမှု ထိခိုက်စေမည် မဟုတ်ချေ။ မဟာလူသားလီပင် ရင်းနှီးမြုပ်နှံခဲ့သေးသည်။ ထိုသို့ မဟုတ်ပါက မိမိ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရသည့် ‘မျိုးဆက်သစ်၏ ရင်းနှီးမြုပ်နှံမှု နတ်ဘုရား’ဆိုသည့် ဂုဏ်သိက္ခာ ပျောက်ကွယ်သွားပေလိမ့်မည်။ နောင်အနာဂတ်တွင် အခြားမည်သူကို ဂုဏ်ယူရတော့မည်နည်း။
-------*****--------
ဘာသာပြန်သူ . (NTP)